← Chapters

ပြန်လည်ကျင့်ကြံခြင်း

Vol. 125 Ch. 1743

ပြန်လည်ကျင့်ကြံခြင်း

Vol. 125 Ch. 1743

ရှီမာယူယူသည် စာအုပ်ထဲတွင် ဖော်ပြထားသော အသူရာငရဲကို မြင်သောအခါ မျက်လုံးကို အနည်းငယ်ကျဉ်းမြောင်းလိုက်သည်။

သူမ၏ မိခင်ဖြစ်သူသည် အသူရာငရဲတွင် ဖိနှိပ်ခံထားရသည်။ သူမ ဘယ်တော့မှ သွားကယ်နိုင်မှာလဲ။

ဝိညာဉ်စေတီမှာ ပျက်စီး၍နေလေပြီ။ သူမသည် ရတနာတိုက်ထဲမှ တစ္ဆေ တစ်ရာအလံတော်ကို မထုတ်နိုင်ပေ။ သူမတွင် တစ္ဆေတစ်ရာအလံတော်မရှိ လျှင် ကယ်မရနိုင်ပေ။

အခုချိန် ဒိကျဲ့၏ စီမံမှုများကိုလည်း သူမမသိပေ။

သူမ သူ့ကိုရှာဖို့လိုလား။

သူမသည် တဒင်္ဂပေါ်လာသော အကြံများကို ဘေးချိတ်ထားလိုက်သည်။ ဒိကျဲ့ကိုသွားရှာရမည့် အချိန်မဟုတ်သေးပေ။

အားအင်မရှိလျှင် သူမ လုပ်ချင်သည့်အရာများကို မလုပ်နိုင်ပေ။ ထို့ကြောင့် အခုချိန်အတွက် အရေးအကြီးဆုံး ကိစ္စမှာ ကျင့်ကြံရန်ဖြစ်သည်။ သူမ အားရလာသည်နှင့် မိခင်ဖြစ်သူကို ကယ်ရန် သူ့ကိုသွားရှာရမည်။

သူမသည် ပထမစာအုပ်ကို ဖတ်ပြီးသွားသည်။ ထိုစာအုပ်သည် ဝိညာဉ် ကျင့်စဉ်အတွက် ယေဘုယျသတင်းသာ ပေးနိုင်သည်။ ထို့နောက် သူမ ဒုတိယ မြောက်စာအုပ်ကို ကောက်ယူလိုက်သည်။

ထိုစာအုပ်အစပိုင်းတွင်လည်း ဝိညာဉ်ကျင့်စဉ်နှင့်ပတ်သက်ပြီး မိတ်ဆက် စာရေးထားကာ နောက်ပိုင်းတွင်တော့ ဝိညာဉ်ကျင့်စဉ်နည်းလမ်းများကို ရေးသားထားသည်။

ဝိညာဉ်ကျင့်စဉ်သည် တစ္ဆေကျင့်စဉ်ထက်ပင် ပို၍ရှုပ်ထွေးသည်။ ဝိညာဉ် စွမ်းအင်ကျင့်ကြံရမည့်အပြင် ဝိညာဉ်ခန္ဓာကိုယ်ကိုလည်း ကျင့်ကြံရန်လိုသေး သည်။ ဝိညာဉ်စွမ်းအားမှာ အလွန်အားကောင်းပြီး ဝိညာဉ်ခန္ဓာကိုယ်မှ မလိုက် နိုင်ပါက ပုန်ကန်ပြီး စွမ်းအင်နှင့်ခန္ဓာကိုယ်ပေါက်ကွဲသွားနိုင်သည်။ ဘိုးဘေးကြီး သူမကို အားကောင်းသော ဝိညာဉ်စွမ်းအားကို ပေးကသကဲ့သို့ပင်။ သို့သော် သူမ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ ထိုစွမ်းအားကို တောင့်ခံနိုင်ရန် မလုံလောက်သေး သဖြင့် ချိပ်ပိတ်ထားရခြင်းဖြစ်သည်။

သေချာသည်မှာ တဖြည်းဖြည်းသာ ကျင့်ကြံသွားပါက ခန္ဓာကိုယ် ပေါက်ကွဲမည်မဟုတ်ပေ။ သို့သော် လူတစ်ယောက်၏ ဝိညာဉ်ခန္ဓာကိုယ်နှင့် အားအင်မှာ ကန့်သက်ခံထားရပါက ဝိညာဉ်ခန္ဓာကိုယ်သည် အဆင့်မတက်နိုင် ပေ။

“တကယ်ပဲ ပြဿနာပဲ” သူမသည် စာအုပ်ကိုပြန်ချကာ မျက်ခုံးများကို ပွတ်လိုက်သည် “ဘိုးဘေးကြီးဆီက ဝိညာဉ်စွမ်းအားရှိရင်တောင် ဒီနည်းလမ်း နောက်ကိုလိုက်ရင် ဘယ်တော့မှ အဆင့်တက်မလဲမသိဘူး”

ဤစာအုပ်တွင် ဖော်ပြထားသော ဝိညာဉ်ခန္ဓာကိုယ်ကျင့်စဉ်နည်းလမ်း သည် အဆင့်မနိမ့်ပေ။ သို့သော် ရှီမာယူယူလိုချင်သည့် အဆင့်နှင့် အလှမ်းဝေး လွန်းလှသည်။

ရုတ်တရက် သူမသည် တစ်စုံတစ်ရာကို စဉ်းစားမိပြီး သူမ နဖူးသူမ ရိုက်လိုက်သည် “တုံးလိုက်တာ ဒီကမ္ဘာမှာ အားအကောင်းဆုံး ကျင့်စဉ် နည်းလမ်းကိုသိရဲ့သားနဲ့ ငါ ဘာတွေလျှောက်စဉ်းစားနေတာလဲ”

မိုရှား သူမရဲ့ ဝိညာဉ်ကျင့်ကြံဖို့ ပေးတာက လျှို့ဝှက်ဝိညာဉ်ကျမ်းမလား။ အဲဒါက မိုရှားဆီက သာမာန်နည်းပညာဖြစ်ပါ့မလား။ သူမ ဘာလို့ အဲဒါကို မစဉ်းစားမိတာလဲ။

သူမသည် စာအုပ်ကိုပြန်ချကာ တင်ပျဉ်ခွေထိုင်ပြီး လျှို့ဝှက်ဝိညာဉ်ကျမ်း အရ စတင်ကျင့်ကြံတော့သည်။

ဝိညာဉ်ခန္ဓာကိုယ်ကျင့်စဉ်သည် အဆင့် ငါးဆင့် ခွဲခြားထားသည်။ ထိုအဆင့်များမှာ ဝိညာဉ်ခဲအချိန်၊ ဝိညာဉ်သန့်စင်အချိန်၊ ခန္ဓာကိုယ်ခဲအချိန်နှင့် ခန္ဓာကိုယ်ပုံဖော်သည့် အချိန်များဖြစ်ကြသည်။ ပထမဆုံး လေးဆင့်မှာ အစ အလယ် အဆုံးဆိုသည် အဆင့်များအဖြစ် ခွဲခြားထားသည်။ ခန္ဓာကိုယ်ပုံဖော် သည့် နောက််ဆုံးအဆင့်ပြီးနောက် ‘အစစ်အမှန်’ ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ပြီ ဖြစ်သည်။

သူမသည် အားလုံးကို မကျင့်ကြံပေ။ အရင်ဆုံး သူမသည် ဝိညာဉ်ခဲအချိန် ကိုဝင်ရောက်ကာ ဝိညာဉ်စွမ်းအားကို စတင်ကျင့်ကြံရမည်။

သူမ ဝိညာဉ်စွမ်းအးကို ကျင့်ကြံနိုင်သရွေ့ ဝိညာဉ်စေတီကို ပြန်ဖွင့်နိုင် မည်ဖြစ်သည်။ ဝိညာဉ်လေးလည်း နိုးလာနိုင်ကာ အိပ်ပျော်နိုင်သော သားရဲများ ကို ဝိညာဉ်စွမ်းအင် ပေးနိုင်တော့မည်။

ကံကောင်းစွာပင် သူမသည် ထိုလျှို့ဝှက်ဝိညာဉ်ကျမ်းကို အရင်က ကျင့်ကြံဖူးသည်။ သူမသည် ကျင့်စဉ်နှင့်ရင်းနှီးကာ ရက်အနည်းငယ်အတွင်း၌ ပင် ဝိညာဉ်ခဲအချိန်၏ အလယ်အဆင့်သို့ ရောက်လာသည်။

သူမသည် ဝိညာဉ်ကျင့်ကြံသူများနှင့် တစ်ခါမှ အဆက်အသွယ်မရှိဖူးပေ။ ထို့ကြောင့် သူမ အမြန်နှုန်းမှာ မြန်နေသည်ကို မသိပေ။

သူမ မသိသည်မှာ ပုံမှန်အားဖြင့် ဝိညာဉ်ကျင့်ကြံသူများသည် နှစ်တစ်ဝက် သို့မဟုတ် နှစ်အနည်းငယ်ကြာမှ ဝိညာဉ်ခဲအချိန်အပိုင်းအခြားကို ဝင်နိုင်ခြင်း ဖြစ်သည်။ ကနဦးအဆင့်မှ အလယ်အဆင့်ထိရောက်ရန် နောက်ထပ် နှစ် အနည်းငယ်ထပ်ယူရသည်။ သူမ၏ အဆင့်မှာ ကောင်းကင်ကိုအံတုသည်ဟုပင် ပြော၍ရသည်။

သို့သော် သူမတွင် မှတ်မိနေသည့် အားသာချက်ရှိသည်။ တခြားသူများ မမှတ်မိသည့် ကျင့်ကြံရမည့်နည်းကို သူမ မှတ်မိသည်။ ထို့အပြင် သူမသည် အရင်က ဝိညာဉ်ကို ကျင့်ကြံဖူးသဖြင့် သူမ၏ ဝိညာဉ်သည် တခြားလူများထက် သန်မာပြီးသားဖြစ်သည်။ ထပ်ပေါင်းပြောရလျှင် သူမသည် ထိုလျှို့ဝှက်ဝိညာဉ် ကျမ်းကို အရင်ကပင် ကျင့်ကြံဖူးသည်။ ထိုအကြောင်းအရင်းများအားလုံး ပေါင်း လိုက်သောအခါ သူမ၏ အရှိန်သည် အလွန်ပင်မြန်နေသည်။

သူမသည် ကျင့်ကြံခြင်းကိုရပ်ပြီး ခန္ဓာကိုယ်ကို ခံစားလိုက်သည်။ အရင်ကထက် ခိုင်ခံ့ပြီး ပိုသန်မာလာသည်။ သူမ၏ လုံးထွေးပုတ်သတ်သည့် တိုက်ခိုက်ခြင်းသိုင်းနှင့်တွဲလိုက်သောအခါ အားနည်းသောလူကို တိုက်ခိုက်ရန် မဖြစ်နိုင်စရာမရှိတော့ပေ။

“အာ…”

သူမသည် လေထဲမှ ဝိညာဉ်စွမ်းအား ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်ကို အာရုံခံမိသည်။ သူမ ဝိညာဉ်စွမ်းအားကို မကျင့်ကြံပါဘူး။ ဘာတွေဖြစ်နေတာ လဲ။

သူမသည် ဝိညာဉ်စွမ်းအားများ ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီး အရင်က ဝိညာဉ်ကန်ရှိသည့်နေရာတွင် ရပ်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။

“ဒါက ဝိညာဉ်စွမ်းအားလား” သူမသည် တစ်ခဏမျှ စစ်ဆေးပြီးနောက် ဝိညာဉ်စွမ်းအားသည် နည်းသော်လည်း အလိုလိုပင် သူမခန္ဓာကိုယ်ထဲသို့ ဝင် သွားသည်ကို တွေ့လိုက်ရသည်။ “ငါ့ခန္ဓာကိုယ်က သူ့ဘာသာသူ ကျင့်ကြံနေ တာလား”

သူမ စိတ်ဝိညာဉ်စွမ်းအားကို ကျင့်ကြံစဉ်က ဝိညာဉ်လေးသည် သူမအနား မှ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူခဲ့သည်။ ဒါလည်း သူလုပ်တာပဲလား။

ဘယ်လိုပဲဖြစ်ဖြစ် မရှိတာထက်စာရင်တော့ ကောင်းတာပေါ့လေ။

သူမသည် ဝိညာဉ်ကန်ထဲမှ ဝိညာဉ်စွမ်းအားကို စစ်ဆေးလိုက်သည်။ တစ္ဆေစွမ်းအားကဲ့သို့ မည်းနက်မနေပေ။ ထိုစွမ်းအားသည် နို့နှစ်ရောင်ဖြစ်ပြီး အတော်အသင့်များသည်။ သူမသည် တစ္ဆေသခင်ကနဦးအဆင့်သို့ ရောက်လုနီး ပါးပင်ဖြစ်သွားသည်။

မရဏာမိစ္ဆာသခင်၊ မရဏာဝိညာဉ်သခင်၊ မရဏာသူတော်စင်သခင်၊ မရဏာဘုရင်နှင့် မရဏာစံတင်သခင်သည် ဤနေရာတွင် ကနဦး အလယ် အဆင့်မြင့်ဟူ၍ ပိုင်းခြားထားသော ကျင့်စဉ်အဆင့်များဖြစ်သည်။ လူသား လောကကဲ့သို့ ကျင့်စဉ်အဆင့် မများလှပေ။ သို့သော် အဆင့်တစ်ဆင့်ချင်းမှာ ကွာဟချက်များပြီး အဆင့်တက်ရန် ခက်သည်။

မုရုန်ရှီသည် မရဏာမိစ္ဆာသခင် အနိမ့်ပိုင်းအဆင့်တွင်သာ ရပ်တန့်နေခဲ့ သည်။ သူမတွင် ကျင့်စဉ်မရှိသည်နှင့်အတူတူပင်။

သူမသည် အံ့ဖွယ်အာရုံကိုလွှတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ထပ်မံခံစား ကြည့်ပြန်သည်။ အရင်ကနှင့် ယှဉ်ရန်ဝေးကွာသော်လည်း စွမ်းအားပြန်ရသည် မှာတော့ ခံစား၍ကောင်းသည်။

“သခင်လေးကုန်းဇီ သခင်မလေးက ကျင့်ကြံနေတာပါ သူမကို ဘယ်သူမှ မနှောင့်ယှက်ဖို့ အမိန့်ပေးထားလို့ ဘယ်သူမှဝင်လို့မရပါဘူး ကျွန်တော်တို့ အစေခံတွေကို ညှာတာပါ” ကုန်းဇီယွမ်သည် မောက်မာပြီး အကျိုးအကြောင်း မသင့်ကာ ခြံဝန်းဆီသို့ အတင်းဝင်သွားသည်ကို ထင်ရွှေ မြင်လိုက်သည်။ သူသည် ကြောက်သွားကာ ငိုချင်လာသည်။

“မဟုတ်တာတွေ ပြောနေတယ် ရှီအာက မကျင့်ကြံနိုင်ဘူးလေ မင်းတို့က ငါ့ကိုမဝင်စေချင်တာပဲ” ကုန်းဇီယွမ် အော်လိုက်သည် “အရင်တစ်ခေါက်က အဲဒီ ဆင်ခြေကိုသုံးပြီးပြီ ဒီတစ်ခေါက်လည်း ဒီဆင်ခြေပဲ အသစ်အဆန်းလေးများ မပြောနိုင်ဘူးလား”

“ဒီအစေခံမလုပ်ပါဘူး သခင်လေးကုန်းဇီ ကျွန်တော်တို့ကို ပြဿနာမရှာ ပါနဲ့” ထင်စန်းသည် ကုန်းဇီယွမ်ကို တားလိုက်သည်။ “သခင်လေးကုန်းဇီဝင်ချင် ရင် ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်ကိုနင်းသွားလိုက်ပါ”

အပြင်မှ အခြေအနေကို အာရုံခံမိသဖြင့် သူမ အံ့ဖွယ်အာရုံကို ဆန့်ထုတ် လိုက်သည်။ သူမသည် အိပ်ရာပေါ်မှဆင်းပြီး တံခါးဖွင့်ကာ ထွက်လိုက်သည်။

“ထင်စန်းနဲ့ ထင်ရွှေ မင်းတို့ ပြန်လိုက်ကြတော့” သူမသည် အစေခံနှစ် ယောက်ကို ပြောလိုက်သည်။

ထင်စန်းနှင့် ထင်ရွှေတို့ကြားသောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ဘေးသို့ရှောင်လိုက်ကြသည်။

ကုန်းဇီယွမ်ရောက်လာကာ ရှီမာယူယူကိုကြည့်လိုက်သည် “မင်းရဲ့ တစ္ဆေ စွမ်းအားတိုးလာတာ ငါအာရုံမခံမိပါဘူး၊ အဲဒီအစေခံတွေက မင်းကို မတွေ့စေ ချင်လို့ ဆင်ခြေပေးနေတာပဲ”

“ကုန်းဇီယွမ် ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးဘူးမလား ကျွန်မက မုရုန်ရှီမဟုတ်ဘူးဆိုတာ ရှင်သိပါတယ် ဘာလို့လာနေသေးတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါ…” ကုန်းဇီယွမ်၏ မျက်နှာမှာ နီရဲလာသည်။ သူ သူမကို ဘာပြောသင့် လဲ။ သူ မုရုန်ရှီသေသွားတာကြောင့် အသည်းကွဲပြီး သူမကိုထပ်တွေ့ချင်တယ် လို့ပြောလိုက်ရမလား။ သူမကို ကြည့်ရသည့်ခံစားချက်မှာ မုရုန်ရှီကိုကြည့်ရ သည်နှင့် လုံးဝမတူပေ။

အဲဒီရိုက်ချက်ကပဲ သူ့နှလုံးသားကို ထိသွားတာလား၊ မဟုတ်ရင် သူမ မျက်လုံးထဲက ယုံကြည်မှုရှိတာတွေက သူ့ကို ဆွဲဆောင်စေတာလား။

“ငါ မင်းကို ကူညီဖို့ကြိုးစားနေတာလေ မင်းက ရှီအာလို ဟန်ဆောင်ရ မယ် မင်းရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့ အကူအညီမပါရင် နောက်ဆုံးတော့ ပေါ်သွားမှာပဲ” ကုန်းဇီယွမ်သည် သူမကို ဖျောင်းဖျရန် အကြောင်းအရင်းတစ်ခု ရှာတွေ့သွားသည့်အတိုင်းပင် စကားလုံးများတွင် ယုံကြည်မှုများရှိနေသည်။

“ကျွတ်…” ရှီမာယူယူသည် သူ့ကိုမျက်လုံးလှိမ့်ပြလိုက်သည် “ကျွန်မက အတိတ်မေ့နေတာလေ ဘာမှမဖြစ်လာနိုင်ဘူး ရှင် ကျွန်မကို ကာပေးဖို့မလိုပါ ဘူး”

“ငါက အကောင်းနဲ့ပါ” ကုန်းဇီယွမ်သည် အသနားခံသလို ကြည့်လေ သည်။

ရှီမာယူယူသည် သူ့ကို သည်းမခံနိုင်ကာ စိတ်မရှည်စွာဖြင့် လက်ကို ဝေ့ယမ်းပြလိုက်သည် “ဟုတ်ပြီ ဟုတ်ပြီ ဒီလိုမျိုးလုပ်မနေနဲ့ ပြောပါဦး ဒီနေ့က ဘာကိစ္စရှိလို့လဲ လူငယ်ဖလှယ်ပွဲ ရောက်ဖို့ ရက်နည်းနည်းလိုသေးတယ်လေ”

***

All Chapters