← Chapters

အခန်း ၁၅၆၈

Vol. 106 Ch. 1568

အခန်း ၁၅၆၈

Vol. 106 Ch. 1568

အပိုင်း (၁၅၆၈)

ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်သောင်းနှစ်ထောင်နှင့်ဝယ်ယူရသည့်အထူးပစ္စည်းသည်အမှန်ပင်ဈေးကြီးလွန်း လှ၏။ ထို့အပြင်စတိုးထဲတွင်ရှိနေသော ပစ္စည်းပေါင်းများစွာကို ဝယ်ယူမည်ဆိုလျှင်တောင်မှဂိုဏ်းစုဆောင်းမှတ်ငါးသောင်းတစ်သိန်းလောက်ကုန်ကျမည်ဖြစ်၏။

“ဈေးကြီးရတာ အကြောင်းရင်းရှိတယ်လေ။ ဒါကကြီးမားတဲ့အကျိုးကျေးဇူးကို ရရှိစေလို့ပေါ့”

အချိန်အနည်းငယ်လောက်စဉ်းစားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်အံကိုကြိတ်ကာဖြင့်ဝယ်ယူရန်ရွေးချယ်လိုက်သည်။ “ဒင်...လက်ခံသူသည်ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်သောင်းနှစ်ထောင်ကို အသုံးပြု၍အထူးပစ္စည်းအား ဝယ်ယူ ခဲ့၏။ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ပို့ဆောင်ပြီးပါပြီ”

“ဒင်...ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၈၀၀၀”

ဆွစ်

သူသည်စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့်သိုလှောင်လက်စွပ်ထဲသို့ဝင်ရောက်လိုက်၏။ ပြီးနောက်(?) အမှတ်အသားဖြင့် ကြီးမားသည့်သေတ္တာကြီးရှေ့တွင်မတ်မတ်ရပ်လိုက်၏။ သူသည်လေးလေးနက်နက်ဖြင့်ဆုတောင်းလျက်ရှိနေ၏။ “စီနီယာအဖြူ ကောင်းချီးပေးပါ။နတ်ဘုရားလက်နက်ဒါမှမဟုတ်ပစ္စည်းတစ်ခုခု ရတာမျိုး ဖြစ်ပါစေ”

သူသည်အသာလက်ကို ဆန့်တန်းကာဖြင့်ထိကြည့်လိုက်၏။ ရွှေရောင်အလင်းတန်းများသည် တောက်ပလာခဲ့သည်။

“ဒင်...လက်ခံသူသည်နေလက်ဝါးသိုင်းကျမ်းကို လက်ခံရရှိ၏” သူ၏ရှေ့တွင်ရှိနေသော ကြီးမားလှသည့် သေတ္တာ ကြီးသည် ပွင့်သွားပြီးသည့်နောက်အထဲတွင်မည်သည့်အရာမှမရှိချေ။အဝါရောင်ရှေးစာအုပ်လေးတစ်အုပ်သာ ကျွင်းချောင်ရှောင်း၏ လက်ထဲသို့ရောက်ရှိလာခဲ့၏။

“နေလက်ဝါး ဟုတ်လား”

ကြည့်ရှုရသည်မှာ အလွန်အားကောင်းလှသည့်သိုင်းနည်းစနစ် ဖြစ်ပုံပေါ်သည်။သို့ပေမဲ့ ကျွင်းချောင်ရှောင်းအား စိတ်ဓာတ်ကျစေသည်မှာ စနစ်အားဖွင့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ဤသိုင်းနည်းစနစ်သည်ဂိုဏ်း၏ သိုင်းနည်းစနစ်နှင့်လိုက်ဖက်ညီခြင်း မရှိချေ။ဆိုလိုသည်မှာ သူတစ်ယောက်တည်း အသုံးပြုလို့ရသည့်အရာသာဖြစ်ပြီး အထက်ပိုင်းအကြီးအကဲများနှင့် ဂိုဏ်း၏တပည့်များ အသုံးပြုလို့ရသည့်အရာ မဟုတ်ချေ။

“ဘာပဲပြောပြော ဒီလို အထူးပစ္စည်းဆီက ရရှိတဲ့အရာမျိုးဆိုတော့သင်ယူလိုက်ရင်အရမ်းကို အားကောင်းတဲ့အရာတစ်ခု ဖြစ်လာမှာပဲ”

သူသည်စိတ်ဝိညာဉ်အာရုံများကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက်စာကြည့်ခန်းထဲ တွင်ထိုင်ကာဖြင့်သေသေချာချာ လေ့လာလိုက်၏။ “ဒါက ခက်ခဲလိုက်တာ”

တစ်ညလုံးလုံး လေ့လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်စိတ်ဓာတ်ကျလျက်ရှိ၏။ နေလက်ဝါးသိုင်းကျမ်းမှလှုပ်ရှားမှုများနှင့် မန္တန်များကို သူကြည့်ရှုပြီးသည့်နောက်ထူးခြားသည့်အရာများ မရှိချေ။သို့ပေမဲ့တကယ်တမ်း နားလည်သွားမည်ဆိုပါက အလွန်နက်နဲလှသည့်အဓိပ္ပာယ်များ ပါဝင်လျက်ရှိသည်ကို သိရှိနိုင်၏။သို့ပေမဲ့ထိုအရာကို ကျွမ်းကျင်ရန်အလွန်ခက်ခဲလှ၏။အချိန်လည်း ကြာမြှင့်နိုင်၏။ ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်သောင်း ကျော်ကို အသုံးပြုပြီးသည့်နောက် ကျွမ်းကျင်ရန်အလွန်ခက်ခဲလှသည့်သိုင်းပညာရပ်တစ်ခုကို ဝယ်ယူခဲ့ရ၏။ မည်သို့ပင်ကြည့်ကြည့်ထိုအရာသည်ဆုံးရှုံးမှုတစ်ခုပင်ဖြစ်လေသည်။

“အင်း”

ကျွင်းချောင်ရှောင်းသည်ခေါင်းကိုခါယမ်းကာဖြင့်သက်ပြင်းချလိုက်၏။သူ့အနေနှင့် ရွှမ်အဆင့်ဂိုဏ်း တစ်ခု အဖြစ်အဆင့်မြှင့်တင်ပြီးသည့်နောက်ဘုံကိုးပါးနတ်ဘုရားကျောက်တုံးနှင့် မြေကမ္ဘာနဂါးဦးချိုနှလုံးသားတို့ကို ရရှိ ခဲ့၏။တစ်ခုသည်ကျောက်ရိုင်းနှင့်ဆင်တူပြီး တစ်ခြားတစ်ခုမှာတော့ဆေးပင်တစ်ခုနှင့် ဆင်တူလှ၏။မည်သည့်နေရာတွင်အသုံးပြုသည့်အရာဖြစ်မှန်း သူသေသေချာချာ မသိသေးချေ။

စနစ်က ပြောလိုက်၏။ “အနာဂတ်မှာ အသုံးဝင်လာနိုင်တယ်လေ”

“ဒီလိုပဲ မျှော်လင့်ပါတယ်”

ကျွင်းချောင်ရှောင်းသည်ထိုင်ခုံကို အသာမှီကာဖြင့်အကူအညီမဲ့စွာ ပြောလိုက်သည်။ “အဆင့်မြှင့်တင်ပြီးတဲ့နောက်ရရှိတဲ့ဆုလာဘ်က ငါ့ကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေမပေးပေမဲ့ အနည်းဆုံးတော့ဂိုဏ်းအနေနဲ့ ရွှမ်အဆင့်ကို ရောက်ရှိခဲ့ပြီလေ။ အင်မော်တယ်အဆင့်ကို ရောက်ရှိဖို့ဆိုရင်...”

“ခွီ... ဟား ဟား ဟား”

စနစ်သည်မည်သို့မှမနေနိုင်ဘဲ ထကာ ရယ်မောလိုက်တော့၏။ ကြားထဲတွင်အစစ်အမှန် နှင့်တာအိုဆိုသည့်အဆင့်အတန်းများသည်ကျန်ရှိနေသေး၏။ ထို့ကြောင့်အင်မော်တယ်အဆင့်သို့ရောက်ရှိရန်ဆိုသည်မှာ အလွန်တရာ အလှမ်းကွာဝေးနေချေသေးသည်။

“ဒါက ခက်ခဲလိုက်တာ။ အထက်နယ်မြေကို ရောက်ရှိပြီးတဲ့နောက်မှာ ငါက တကယ့်ကို အခက်ခဲဆုံးနဲ့အကြိုးစားရဆုံး လူတစ်ယောက်ဖြစ်နေတာပဲ”

ဤစကားကို နတ်ဆိုးဘိုးဘေးကြီးသာ ကြားရသည်ဆိုပါက ကျိန်းသေပေါက်ထကာ ပါးပိတ်ရိုက်ပေလိမ့်မည်။ “ငါ့ထက်ပဲ မင်းက ခက်ခဲနေအုံးမှာလား”

နှစ်ဝက်လောက်နတ်ဆိုးနယ်မြေထဲတွင်ပိတ်မိပြီးသည့်နောက်သူသည်များပြားလှသည့်တည်နေရာရွေ့ပြောင်းခြင်း အစီအရင်များကို ဖန်တီးကာဖြင့်အသက်သွင်းခဲ့၏။သို့ပေမဲ့အဆုံးသတ်မှာတော့ကျရှုံးခဲ့လေသည်။

“မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ့အနေနဲ့ထပ်ပြီးကြိုးစားရမှာတွေရှိသေးတာပဲ”

နတ်ဆိုးဘိုးဘေးကြီးသည်ဘယ်သော အခါမှစိတ်ဓာတ်ကျလိမ့်မည်မဟုတ်ချေ။ထို့ကြောင့်ပိုမိုနက်နဲသည့်တည်နေရာရွေ့ပြောင်းခြင်း အစီအရင်များကို ဖန်တီးနိုင်ရန် ကြိုးစားလျက်ရှိနေတော့သည်။

..............

လွန်ခဲ့သည့်ခြောက်လအတွင်း အထက်နယ်မြေတစ်ခုလုံးသည်အလွန်ပင် ငြိမ်းချမ်းခဲ့၏။ယေဘူယျအားဖြင့်အသုဘခန်းဆောင်မှလူများအားလုံးသည်ပျောက်ခြင်းမလှပျောက်ကွယ်သွားခဲ့၏။ထို့ကြောင့်နယ်မြေဟောခန်း သည်စိတ်သက်တောင့်သက်သာဖြင့်ခံစားလျက်ရှိနေ၏။ ဤဆန်းကြယ်လွန်းလှသော အဖွဲ့အစည်းသည် ကျွင်းချောင်ရှောင်း၏ ဖျက်ဆီးမှုကြောင့်တော်တော်များများ ပျက်စီးခဲ့ပြီဖြစ်ကြောင်း အထက်နယ်မြေတစ်ခုလုံးက မသိရှိခဲ့ပေ။

ထို့ကြောင့်အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် ၎င်းတို့၏လူများကို စေလွှတ်ကာဖြင့် ရူးကြောင်ကြောင်ဖြင့်ရှာလျက်ရှိနေသေး၏။ တော်တော်များများသည်ဖျက်ဆီးခံလိုက်ရ၏။ ထိုသို့ဆိုလျှင်တခြားသောသူများသည်လွတ်မြောက်ခဲ့လေသည်လား။ အမှန်ပင်ဖြစ်၏။အသုဘခန်းဆောင်မှလွတ်မြောက်အသက်ရှင်ကျန်သည့်လူများလည်း တည်ရှိနေ၏။

ယခင်အချိန်တုန်းက နတ်ဆိုးဘိုးဘေးကြီးသည်ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်းဆီသို့သွားရောက်ရာတွင်အသုဘခန်းဆောင်၏ဌာနချုပ်မှအဖွဲ့ဝင်များကိုသာ ခေါ်ဆောင်သွားခဲ့၏။ထို့ကြောင့်ဂိုဏ်းခွဲအသီးသီးတွင်ရှိနေသော အသုဘခန်းဆောင်မှအဖွဲ့ဝင်များက ကျန်ရှိနေခဲ့သေး၏။ ထိုအထဲတွင်အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတို့၏အမဲလိုက်ခြင်းကို ခံနေရသောကြောင့်ထွက်ပြေးလျက်ရှိနေသည့်အစောင့်အရှောက်ကြီးလည်း ပါဝင်လျက်ရှိသည်။

ဝှစ်ဝှစ် …။

အနောက်ဘက်ပင်လယ်တွင်တော့လေပြင်းများ တိုက်ခတ်လျက်ရှိနေသည်။အစောင့်အရှောက်ကြီးသည်သူ၏ လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားကြီးကိုကိုင်ကာဖြင့် ဝေခွဲမရသည့်အမူအရာဖြင့်ရပ်တန့်လို့နေ၏။ သူ၏ ဘေးတွင်ရှိသော အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည်ဇဝေဇဝါဖြင့်မေးလိုက်၏။ “တစ်လလောက်ရှာနေတာ၊ ဘာလို့အခုအချိန်ထိ အဲကျွန်းကို မတွေ့ရသေးတာလဲ။ နေရာများ မှားလာမိတာလား”

“မဖြစ်နိုင်ဘူး”

အစောင့်အရှောက်ကြီးသည်တိကျခိုင်မာစွာဖြင့်ပြောလိုက်သည်။ “ဒီအထဲမှာ စည်းခတ်ထားတာ သေချာတယ်”

“ဒါဆိုရင်သေသေချာချာ ရှာရအောင်”

“ကောင်းပြီ” နောက်လိုက်များသည်အနီးအနားတွင်ဆက်လက်ကာ ရှာဖွေခဲ့၏။အဆုံးသတ်မှာတော့တစ်လကျော်ဆက်လက်ရှာဖွေပြီးသည့်နောက်သူတို့သည်ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်းကို ရှာမတွေ့ခဲ့ချေ။အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းသည်ထိုကျွန်းကို ရှာဖွေတွေ့ရှိသွားသောကြောင့်ဖျက်ဆီးသွားပြီလား မသိနိုင်ပေ။

“အစောင့်အရှောက်ကြီး”

အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည်စိုးရိမ်ပူပန်စွာဖြင့်ပြောလိုက်၏။ “ဌာနချုပ်က ကျုပ်တို့ကို မဆက်သွယ်တာ အချိန်အတော်ကြာနေပြီလေ။ တစ်ခုခုများ ဖြစ်နေတာလား”

“........”

အစောင့်အရှောက်ကြီးသည်တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည်လည်း ထိုပြဿနာကို အစောကြီးကတည်းက စဉ်းစားနေမိ၏။ သာမန်အခြေအနေဆိုလျှင်ဌာနချုပ်သည် ၎င်းတို့အား အချိန်အတော်ကြာလျှင်တစ်ခါဆိုသလို သတင်းအချက်အလက်များ ပေးပို့၏။

လက်ရှိအခြေအနေမှာတော့တစ်နှစ်နီးပါးခန့် ကြာမြှင့်သွားပြီ ဆိုလျှင်တောင်မှမည်သည့် သတင်းအချက်အလက် မှ မရရှိခဲ့ချေ။ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်းကို ရှာဖွေမတွေ့ရှိသောကြောင့်တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်လည်း ဖြစ်နိုင်သည်။

“ဖြစ်နိုင်တာက”

“ပြော... ပြော”

အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် နှောင့်နှေးလို့နေခဲ့၏။သူသည်စိတ်ထဲမှာ ရှိသော စကားလုံးများကို ပြောဆိုလိုက်၏။ “အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းက ဖုံးကွယ်ထားတဲ့စိတ်ဝိညာဉ်ကျွန်းအပြင်ကျုပ်တို့လူတွေအားလုံးကို ရှာဖွေတွေ့ရှိခဲ့တာများလား”

အစောင့်အရှောက်ကြီးသည်တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ သူသည်အမှန်ပင်အတွေးနက်လျက်ရှိသည်။

“ဖြစ်နိုင်ချေကို ကျုပ်တို့ရှင်းထုတ်ပစ်ရမယ်။နတ်ဆိုးဘိုးဘေးကြီး.... သူ”

“မဖြစ်နိုင်ဘူး”

အစောင့်အရှောက်ကြီးသည်အမဲရောင်ဝတ်စုံနှင့်လူ ပြောချင်သည်ကို ကောင်းကောင်းခန့်မှန်းမိ၏။ ထို့ကြောင့် ဖြတ်ကာပြောလိုက်၏။ “နတ်ဆိုးဘိုးဘေးကြီးက ပြန်လည်ရှင်သန်လာပြီးတဲ့နောက်အားနည်းနေတယ်ဆိုပေမဲ့ အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းအနေနဲ့လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်လို့ရနိုင်တဲ့လူမျိုးတော့မဟုတ်ဘူး”

ဤအရာသည်အလုံးစုံသော ယုံကြည်မှုဖြစ်၏။ဦးနှောက်မဲ့ကိုးကွယ်မှုလည်း ဖြစ်တော့သည်။

“အင်း”

အမဲရောင်ဝတ်စုံနှင့် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါဆိုရင်ဘာကြောင့်ဘာသတင်းမှမရတာလဲ။ တကယ်လို့ဌာနချုပ်ကို အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းက ရှာဖွေတွေ့ရှိသွားပြီဆိုရင်တောင်မှလွတ်မြောက်နိုင်သေးတယ်လေ”

“လက်ရှိ အခြေအနေမှာ ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်”

အစောင့်အရှောက်ကြီးသည်လေးနက်တည်ကြည်သည့်အသံဖြင့်ပြောလိုက်သည်။ “အစောကြီးကတည်းက နတ်ဆိုးဘိုးဘေးက နတ်ဆိုးနယ်မြေထဲကို ဝင်ရောက်သွားတာပဲ ဖြစ်လိမ့်မယ်”

ပြောနေစရာပင်မလိုချေ။အစောင့်အရှောက်ကြီး၏ ခန့်မှန်းမှုသည်မှန်ကန်ပေ၏။ နတ်ဆိုးဘိုးဘေးကြီးသည်နတ်ဆိုးနယ်မြေထဲသို့ရောက်လျက်ရှိ၏။ ဝင်ရောက်ခဲ့သည့်အကြောင်းအရာသည်အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ တိုက်ခိုက်ခံရမှုကြောင့်ဝင်ရောက်သွားခဲ့ခြင်း မဟုတ်ချေ။မိမိဘာသာ ဝင်ရောက်သွားခဲ့ခြင်းဖြစ်၏။

“ဒီလိုဆိုရင်”

အမဲရောင်ဝတ်စုံနှင့် အဘိုးအိုက မေးလိုက်သည် “ဘာလို့ ကျုပ်တို့ကို မခေါ်တာလဲ”

“ဖြစ်နိုင်တာ နှစ်ခုရှိသေးတယ်။ပထမဦးဆုံးအနေနဲ့နတ်ဆိုးဘိုးဘေးကြီးက အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းနဲ့တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ဒဏ်ရာရပြီး နယ်ဆိုးနယ်မြေထဲကို ဝင်ရောက်သွားခဲ့တာပဲ။ အခု သူက ပြန်လည်အားကောင်းစေဖို့ အားမွေးနေတယ်။ ဒီတော့တခြားအရာတွေကို ဂရုစိုက်ဖို့သူ့အတွက်ခက်ခဲနေ လိမ့်မယ်။

ဒုတိယအချက်အနေနဲ့ကတော့အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းက ထူးခြားတဲ့အချက်တွေအသုံးပြုပြီးတော့နတ်ဆိုးနယ်မြေကို စည်းခတ်လိုက်တာပဲ။ ဒါကြောင့်နတ်ဆိုးဘိုးဘေးကြီးအနေနဲ့အထဲကနေ အပြင်ကို ပြန်ထွက်ဖို့ ခက်ခဲနေတာပဲ”

အမဲရောင်ဝတ်စုံနှင့် အဘိုးအိုက ပြောလိုက်၏။ “ခင်ဗျားကော ဘယ်လိုထင်လဲ”

အစောင့်အရှောက်ကြီးသည်ခဏလောက်စဉ်းစားကာ ပြောလိုက်၏။ “နတ်ဆိုးဘိုးဘေးကြီးက အထဲကိုဝင်ဖို့နည်းလမ်းရှိတယ်ဆိုမှတော့ငါတို့ကို ဆင့်ခေါ်နိုင်ဖို့နည်းလမ်းလည်း ရှိလိမ့်မယ်။အခု ဘာသတင်းမှမကြားဘူး ဆိုတော့ဒုတိယအကြောင်းအရာပဲ ဖြစ်နိုင်တယ်။ သူက နတ်ဆိုးနယ်မြေထဲမှာ ပိတ်မိနေပြီးတော့ ပြန်ထွက်လို့မရတာပဲ”

တစ်ဖက်လူ၏ သုံးသပ်ချက်သည်အမှန်ပင် ကျွမ်းကျင်လွန်းလှချေ၏။သို့ပေမဲ့အစစ်အမှန်တရားနှင့်တော့ဝေးကွာလျက်ရှိနေသေးသည်။မှန်ကန်သည်မှာ တစ်ခုတော့ရှိ၏။ နတ်ဆိုးဘိုးဘေးကြီးသည်အမှန်ပင်နတ်ဆိုး နယ်မြေထဲ၌ ပိတ်မိနေခြင်းပင်။

“ကျုပ်တို့ဘာလုပ်ကြမလဲ”

“ဘာလုပ်နိုင်မှာလဲ။ စည်းကို ချိုးဖြတ်ဖို့နည်းလမ်း စဉ်းစားရမှာပေါ့”

“........”

အမဲရောင်ဝတ်စုံနှင့် အဘိုးအို၏ နှုတ်ခမ်းများသည်တဆတ်ဆတ်နှင့်တုန်ယင်နေ၏။ “အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်း ဖန်တီးထားတဲ့စည်းက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သိန်းကတည်းက တစ်ချက်ကလေးမှမပျက်စီးသွားခဲ့ဘူး။ အခု ပိုပြီးအားကောင်းအောင်လုပ်လိုက်သေးတယ်ဆိုမှတော့ ကျုပ်တို့က ဘယ်လိုလုပ်ဖျက်ဆီးရ မှာလဲ”

“ဘာပဲပြောပြော ပြစ်ချက်ဆိုတာ ရှိရမယ်လေ”

အစောင့်အရှောက်ကြီးသည်လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “စည်းထဲမှာ ပြစ်ချက်ဆိုတာ ရှိကိုရှိမယ်”

..............

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည်အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ဝင်ရောက်လိုက်၏။လွန်ခဲ့သည့်လအတွင်း သူသည်ထိုအထဲသို့ရံဖန်ရံခါဆိုသလို ဝင်ရောက်၍နေလက်ဝါးသိုင်းအား ကျင့်ကြံခဲ့၏။နောက်ဆုံးတွင်တော့အနည်းငယ်သော တိုးတက်မှုလေး တည်ရှိလာခဲ့တော့သည်။

“အားဘယ်လောက်ကောင်းလဲ”

ထိုတိုက်ကွက်သည်ဘယ်လောက်အားကောင်းလဲဆိုသည်ကို တကယ်တမ်း တိုက်ခိုက်ကြည့်မှသိပေလိမ့်မည်။ထို့ကြောင့် ကျွင်းချောင်ရှောင်းသည်အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲမှထွက်လျှောက်ပြီးသည့်နောက်စိတ်ဝိညာဉ်သားရဲဟောခန်းဆီသို့သွားကာ ခန်းမသခင်ကျိနှင့် လေ့ကျင့်ရန်စီစဉ်လိုက်မိ၏။

“ဂိုဏ်းချုပ်”

သို့ပေမဲ့စိတ်ဝိညာဉ်သားရဲဟောခန်းဆီသို့ရောက်ရောက်ချင်းမှာပဲ လီလိုရှု၏အသံသည်သူ၏နားထဲသို့ဝင်ရောက်လာခဲ့သည်။ “အကြီးအကဲယု အပြင်မှာ ပြဿနာတက်နေပြီ”

All Chapters