← Chapters

အခန်း ၁၅၆၉

Vol. 106 Ch. 1569

အခန်း ၁၅၆၉

Vol. 106 Ch. 1569

အပိုင်း (၁၅၆၉)

ဆွစ်

ရှေးရွက်သင်္ဘောကြီးသည် ပြိုင်စံရှားဂိုဏ်းမှ ထွက်ခွာလာ၏။ နောက်ဆုံးရရှိထားသည့် သတင်း အချက်အလက်အရဆိုလျှင် ယုစီနန်သည် အပြင်ဖက်တွင် ဒုက္ခရောက်နေ၏။ ထို့ကြောင့် ဂိုဏ်း၏ အကူအညီကို လိုအပ်နေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ချက်ချင်းလှုပ်ရှားလိုက်သည် ဆိုသော်လည်း စိတ်ပိုင်းဆိုင်ရာအရတော့ အလွန်ပင် ပြိုလဲလျက် ရှိနေ၏။ သူသည် အလွန် အားကောင်းလှသော နတ်ဆိုးသတ်ဖြတ်သူတစ်ယောက်ကို ခေါ်ယူ၍ ဂိုဏ်းကိုကာကွယ်ပေးရန် မျှော်လင့်ခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ဂိုဏ်းတစ်ခုလုံးသည် တစ်ဖက်လူအား ကာကွယ်ပေးနေရ၏။ ထိုအရာသည် မည်သည့်အရာနည်း။

"အကြီးအကဲယုကိုတောင် ချိန်းခြောက်နိုင်တယ်ဆိုတော့ တကယ့်ကို ပြဿနာကြီးထဲ ကျရောက်နေတာပဲ ဖြစ်ရမယ်။" နှင်းဆီဧကရီသည် လေးလေးနက်နက် ပြောလိုက်၏။

သူမ ပါလာရုံသာမက ရောင်မုန့်ယဉ်နှင့် သရဲစစ်သူကြီး ရှစ်ဦးတို့သည်လည်း ပါဝင်လာခဲ့၏။ လက်ရှိအချိန်မှာတော့ ယုစီနန်ကိုပင် ပြဿနာရှာနိုင်သောကြောင့် အခြေအနေသည် မရိုးရှင်းနိုင်ချေ။ ထို့ကြောင့် ဂိုဏ်း၏ ထိပ်တန်းတိုက်ခိုက်သူများကို ခေါ်ဆောင်လာခြင်းပင် ဖြစ်သည်။

"ဘယ်သူက သတ္တိကောင်းလွန်းလို့ နတ်ဆိုးသတ်ဖြတ်သူကိုတောင် ရန်စရဲရတာလဲ။ နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ယောက်များ ဖြစ်နေမလား"

ယုစီနန်သည် နတ်ဆိုးများကို လှည့်လည်ကာ သတ်ဖြတ်နေသူ တစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့် သူ မကိုင်တွယ်နိုင်သော နတ်ဆိုးကျင့်ကြံသူတစ်ယောက်ယောက်နှင့် ကြုံတွေ့နေသည်မှာ သာမန်ပင် ဖြစ်ပေလိမ့် မည်။

ကျွင်းချောင်ရှောင်းက နှာခေါင်းရှုံ့လိုက်၏။ "ပြိုင်စံရှားဂိုဏ်းကို ပြဿနာလာရှာရဲတဲ့ နတ်ဆိုးကျင့်ကြံသူပဲ ဖြစ်ဖြစ်၊ လူကောင်းပဲဖြစ်ဖြစ် အားလုံးကို အုတ်ကျစ်ခဲနဲ့ ထုမယ်"

သူ၏ ဂိုဏ်းသားများကို ကာကွယ်ခြင်းသည် သူ၏ ဝိသေသပင် ဖြစ်၏။ သူသေဆုံးသွားခဲ့လျှင်တောင်မှ ထိုအရာသည် ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ ဟောခန်းသခင်လီသည် တိကျသည့် တည်နေရာတစ်ခုကို ပြောဆိုခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် ရှေးရွက်သင်္ဘောကြီးသည် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလျက် ရှိနေ၏။ စွမ်းအင်ကုန်ဆုံးမှုကို ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။

သို့ပေမဲ့ စုရှောင်မို၏ ပြောပြချက်ကို ကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ဓာတ်ကျလျက်ရှိနေ၏။ စုရှောင်မိုသည် အကြီးအကဲယုနှင့် လမ်းခွဲခဲ့သည်မှာ အနောက်ဖက်ပိုင်းတွင် ဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ လအနည်းငယ်သာ ကြာသေး၏။ ယုစီနန်သည် တောင်ဖက်အစွန်ဆုံးဆီသို့ ရောက်ရှိခဲ့၏။ မည်ကဲ့သို့များ ရောက်ရှိသွားရသနည်း။

ထူးထူးခြားခြား မေးမြန်းနေစရာမလိုချေ။ လမ်းပျောက်သွားခြင်းသာ ခြင်ဗျားက တော်တော်ဒုက္ခပေးတာပဲ"

ဘုန်း ဘုန်း

တောင်ဖက်အစွန်းရှိ တောင်ကြားထဲတွင်တော့ တိုက်ခိုက်သည့်အသံများ ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်ခတ်များသည် ကွဲကျေနေပြီး တည်နေရာကြီးတစ်ခုလုံးသည် ပြိုလဲနေ၏။ အလွန်ကြမ်းတမ်းလှချေသည်။

တကယ်တမ်းမှာတော့ ထိုကဲ့သို့သော တိုက်ခိုက်မှုသည် အနောက်ဖက်ပင်လယ်တွင် ကျွင်းချောင်ရှောင်းနှင့် ယုစီနန်တို့ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲလောက် မပြင်းထန်လှချေ။ သို့ပေမဲ့ လေထုထဲတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်လျက် ရှိ၏။ အစွမ်းကုန်အထိ အသေခံတိုက်ခိုက်မည်ဖြစ်ကြောင်း ပြသနေ၏။

"ဒါက ကြောက်စရာပဲ"

တောင်ကြား၏အပြင်ဖက် လုံခြုံသည့်နေရာမှာတော့ သိုင်းကျင့်ကြံသူများသည် စုဝေးနေကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေကြ၏။ ဤအခြေအနေသည် မည်မျှကြောက်ဖို့ကောင်းမှန်း မသိရှိကြချေ။ သူတို့သိကြသည်မှာ အဝေးတစ်နေရာဆီမှ အလင်းတန်းနှစ်ခု ရောက်ရှိလာကြပြီး အတွင်းပိုင်း၌ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ဆိုခြင်းပင်။

"ဒီတိုင်းသာ တိုက်ခိုက်နေရင် တောင်ကြားကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ ခပ်ဝေးဝေးတစ်နေရာကို သွားပြီးတော့ ပုန်းကြရအောင်"

ပိုမို၍ ကြောက်ရွံ့လာပြီဖြစ်သော သိုင်းကျင့်ကြံသူများသည် အနောက်ဖက်ဆီသို့ ဆုတ်ခွာလိုက်ကြ၏။ သတ္တိရှိသည့်သိုင်းကျင့်ကြံသူများမှာတော့ ဤတည်နေရာတွင် နေထိုင်ကြ၏။

ဘုန်း ဘုန်း ဘုန်း ….။

တိုက်ပွဲသည် ပိုမိုကာပြင်းထန်လာ၏။ တောင်အချို့သည် ပြိုလဲနေပြီး တည်နေရာကြီးတစ်ခုလုံးသည် ပျက်စီးလျက် ရှိနေသည်။

အခြေအနေကို ပြန်ပြောရမည်ဆိုလျှင် အလင်းတန်းတစ်ခုသည် ရုတ်တရက် ပျံသန်းလာ၏။ ထိုသူသည် ပိန်ပိန်ပါးပါး နှင့် လူတစ်ယောက် ဖြစ်၏။

"ဒါက"

တစ်စုံတစ်ယောက်သည် ထကာအော်ဟစ်လိုက်သည်။ "ဒါက နှစ်တစ်သောင်း မွန်းစတားဘုရင်မဟုတ်လား"

"ဟမ်"

ခပ်ဝေးဝေးတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ထိတ်လန့်သွား၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ရှိနေသော ကြောက်ရွံ့ထိတ်လန့်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ လွန်ခဲ့သည့် နှစ်တစ်သောင်းတုန်းက ဤမွန်းစတားသားရဲသည် တောင်ဖက်အစွန်းပိုင်းတွင် ပေါ်ပေါက်လာ၏။ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းဖြင့် ပိုမိုကာ အားကောင်းလာခဲ့ပြီး ဤနေရာကြီးတစ်ခုလုံးကိုပင် အုပ်စိုးနိုင်သည်အထိ သန်မာလာခဲ့၏။ အပြင်လူများသည် သူ့အား နှစ်တစ်သောင်းမွန်းစတားဘုရင်ဟုပင် ခေါ်ဆိုသည်။ ၎င်းသည် အကန့်အသတ်မဲ့သော အသက်ကို ပိုင်ဆိုင်သည့် မွန်းစတားသားရဲပင် ဖြစ်၏။

"နောက်ကိုဆုတ် …. နောက်ကိုဆုတ်"

သိုင်းကျင့်ကြံသူများသည် ပြိုင်တူဆိုသလို နောက်သို့ ဆုတ်လိုက်ကြ၏။ ၎င်းတို့သည် ထွက်ပြေးရမည့် ခြေထောက်များ ပိုမိုသွက်လက်စေရန်ပင် မျှော်လင့်မိသည်။

အထက်နယ်မြေတွင် ရှိကြသောသူများသည် ဤမွန်းစတားဘုရင်မှာ ရက်စက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းကြောင်း သိကြ၏။ စိတ်ချမ်းသာနေသည့် အချိန်ပင်လျှင် သက်ရှိများကို သတ်ဖြတ်တတ်၏။ ဤကဲ့သို့ ဒေါသထွက်နေသည့် အချိန်ဆိုလျှင် ပိုမိုကာ ဆိုးရွားလှချေ။ ထို့ကြောင့်ပင်လျှင် ၎င်းအားနယ်မြေဟောခန်းမှ သစ္စာဖောက်ဟု ကင်မွန်းတတ်ခဲ့ခြင်းပင်။

ထိုသို့ဆိုလျှင် နှစ်တစ်သောင်းတောင်ထဲတွင်သာ နေထိုင်သင့်သည်မဟုတ်လား။ အဘယ့်ကြောင့် လက်ရှိနေရာတွင် ရောက်ရှိလာရသနည်း။

ဆွစ်

ထိုအချိန်မှာပဲ နောက်ထပ်အလင်းတန်းတစ်ခုသည် တောင်ကြားထဲမှ ထွက်ပေါ်လာ၏။ ခပ်စုတ်စုတ် အမူအရာဖြင့် သက်လတ်ပိုင်းလူသည် ပျံသန်းရောက်ရှိလာခြင်းဖြစ်၏။ ၎င်း၏ပုခုံးတွင် အဖြူရောင် ခြုံလွှာတစ်ခုကို ဝတ်ဆင်ထား၏။ ၎င်း၏ လက်ချောင်းများတွင်တော့ ထူးခြားလှသည့် စွမ်းအင်များ လွှမ်းခြုံနေသည်။

"ယုစီနန်"

လူတော်တော်များများတို့သည် နှစ်တစ်သောင်း မွန်းစတားဘုရင်ကိုသာ မသိလျှင် မသိကြမည်၊ ယုစီနန်ကိုတော့ ကောင်းကောင်းသိကြ၏။ သူတို့သည် နားလည်သွားကြပြီ ဖြစ်၏။ နတ်ဆိုးသတ်ဖြတ်သူသည် ရာဇဝတ်မှုများကို ပြုလုပ်တတ်သည့် သစ္စာဖောက်ကို လာရောက်ကာ ဖမ်းဆီးခြင်းပင်ဖြစ်၏။

တကယ်တော့ မဟုတ်ပေ။ ယုစီနန်အနေဖြင့် အလုပ်လာလုပ်ခြင်း မဟုတ်ပေ။ သူ့အနေဖြင့် လမ်းပျောက်ကာဖြင့် ဤနတ်ဆိုးတစ်သောင်း တောင်ကြားထဲသို့ ဝင်ရောက်လာမိခြင်းဖြစ်သည်။

"ယုစီနန် ဟုတ်လား"

နှစ်တစ်သောင်းမွန်းစတားဘုရင်က ပြောလိုက်သည်။ "ခင်ဗျားက နယ်မြေဟောခန်း ရဲ့ နတ်ဆိုးသတ်ဖြတ်သူ သုံးယောက်ထဲက တစ်ယောက်ပေါ့။ကျုပ်ရဲ့ဌာနေထဲကို ဝင်လာရဲတာ အံ့အားသင့်စရာမရှိတော့ဘူး"

"တစ်ခုထပ်ပြောမယ်"

ယုစီနန်က ပြောလိုက်၏။ "ကျုပ် ဖြတ်သွားရင်းနဲ့ ဝင်လာမိတာ"

"တော်စမ်း"

နှစ်တစ်သောင်း မွန်းစတားဘုရင်က ေ"ဒီမှာ လမ်းတွေအများကြီးရှိတာကို ဘာလို့ ကျုပ်ရဲ့ဌာနေထဲကိုမှ ဝင်လာရဲရတာလဲ"

"……..." သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ရိုးရှင်းသည့် စကားလုံးကို ကြည့်ရှုသည်နှင့် ယုစီနန်သည် ဤတည်နေရာသို့ အမှတ်မထင် ဖြတ်သွားခဲ့မိကြောင်း ယုံကြည်ခဲ့မိ၏။ ဤကဲ့သို့သော ကိစ္စမျိုးသည် ပုံမှန်သာ ဖြစ်၏။ တစ်ဖက်လူသည် အနောက်ဖက်သို့သွားရင်း အရှေ့တောင်ဒေသကို ရောက်ရှိသွားတ်သည်ဆိုသော သတင်းစကားများကိုလည်း သူတို့ကြားခဲ့ဖူးကြ၏။

"ခင်ဗျား ဘာလိုချင်လို့လဲ"

"ကျုပ် ခင်ဗျားကိုရိုက်ချင်တယ်"

"…….."

ယုစီနန်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "ကျုပ် ဂိုဏ်းကိုပြန်ရအုံးမယ်။ ဒီတော့ခင်ဗျား နဲ့အချိန်ဖြုန်းဖို့မရှိဘူး"

"ဒါက ခင်ဗျားရဲ့သဘောမဟုတ်ဘူး"

နှစ်တစ်သောင်း မွန်းစတားဘုရင်သည် ကြမ်းတမ်းလှသော မွန်းစတားအော်ရာများကို လက်တွင် စုစည်းကာဖြင့် ယုစီနန်ကို ရိုက်နှက်လိုက်၏။ အားကောင်းလှသော ဖိအားကြီးသည် ဖြစ်တည်လာခဲ့ပြီး တည်နေရာကြီး တစ်ခုလုံးပင် လှုပ်ခါလာခဲ့၏။ ဤလူသည် အမှန်ပင်အားကောင်းလှချေ၏။ အနည်းဆုံး အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့်တွင် တည်ရှိနိုင်သည်။

ယုစီနန်သည် မျက်မှောင်ကုတ်မိသွား၏။ ချက်ချင်းပဲ အနားတွင်ရှိနေသော မိုးဆွေဟောခန်းကို သတင်းပို့လိုက်၏။

သူ၏ အကြီးအကဲအသစ်သည် အနည်းငယ်လေးတောင် မတိုက်ခိုက်ရသေးခင်မှာပဲ အကူအညီ တောင်းခဲ့ကြောင်းသာ ကျွင်းချောင်ရှောင်း သိရှိသည်ဆိုပါက ကျိန်းသေပေါက် အော်ဟစ်ပေလိမ့်မည်။ "အစ်ကိုကြီး ခင်ဗျားအကူအညီတောင်းတာက အရမ်းကိုစောလွန်းမနေဘူးလား"

ဘုန်း ဘုန်း ဘုန်း ….။

နှစ်တစ်သောင်းမွန်းစတားဘုရင်သည် ရက်စက်လွန်းလှ၏။ ထို့ကြောင့် သူ၏ သတ်ဖြတ်ခြင်းပုံစံကိုထုတ်ကာ တိုက်ခိုက်လျက်ရှိ၏။ ယုစီနန်သည် ရွေးချယ်ခွင့်မရှိတော့ချေ။ ထို့ကြောင့် သူသည် အလျင်အမြန်ဖြင့် ရှောင်ရှားနေရ၏။

ဟမ့်

နှစ်တစ်သောင်း မွန်းစတားဘုရင်က နှာခေါင်းရှုံ့လိုက်သည်။ "နယ်မြေဟောခန်းရဲ့ နတ်ဆိုးသတ်ဖြတ်သူဆိုတာ ဒီလောက်ပဲလား။ ကျုပ်အထင်တော့ ငကြောက်ပဲ"

"ခင်ဗျား မှားနေပြီ"

ယုစီနန်က ပြောလိုက်၏။ "ကျုပ်ကအခု နယ်မြေဟောခန်းကို ကိုယ်စားမပြုတော့ဘူး။ ကျုပ်က ပြိုင်စံရှားဂိုဏ်းကပါ"

"ပြိုင်စံရှားဂိုဏ်း ဟုတ်လား"

နှစ်တစ်သောင်း မွန်းစတားဘုရင်သည် အထင်အမြင်သေးစွာဖြင့် ေြ"ဒါက ဘယ်လိုအမှိုက်ဂိုဏ်းမျိုးလဲ"

"……..."

အပြင်ဖက်တွင်ရှိနေကြေသာ သိုင်းကျင့်ကြံသူများသည် ခေါင်းကိုအသာ ယမ်းခါလိုက်မိကြ၏။ မွန်းစတား သားရဲများသည် မွန်းစတားများသာပင် ဖြစ်၏။ လောကတွင်ရှိနေသော အရေးကြောင်းကိစ္စများကို ဂရုမစိုက်ကြချေ။ ထို့ကြောင့် အထက်နယ်မြေတစ်ခုလုံးတွင် ထွန်းလင်းတောက်ပလျက်ရှိသော ဤအမှိုက်ဂိုဏ်း အား သူမသိရှိခြင်းပင်။

"ကျုပ်က ဂိုဏ်းတစ်ခုကို ဝင်ပြီးပြီလေ။ ခင်ဗျား သိဖို့လိုတာက ဒီနေရာကနေ အမြန်ဆုံးထွက်သွား။ ကျုပ်တို့ဂိုဏ်းချုပ်လာရင် ခင်ဗျားရဲ့အခြေအနေက ပိုးဆိုးပက်စက်တွေ ဖြစ်ကုန်လိမ့်မယ်" ယုစီနန်သည် လေးနက်စွာ ပြောလိုက်၏။

ဟား ဟား ဟား ….။

နှစ်တစ်သောင်း မွန်းစတားဘုရင်သည် ကျယ်လောင်စွာ အော်ရယ်လိုက်၏။ "အင်မော်တယ် အဆင့်ဂိုဏ်း တွေတောင် ကျုပ်ကိုဘာမှ မလုပ်နိုင်တာ။ ဒီလိုအမှိုက်ဂိုဏ်းမျိုးက ကျုပ်ကိုဘာမှမလုပ်နိုင်ဘူး"

ဤမွန်းစတားဘုရင်သည် အမှန်ပင်မောက်မာလွန်းလှ၏။ခရမ်းရောင်ဘုရင်ထက်ပင် မောက်မာလွန်းလှသည်။

ဘုန်း ….။

သူသည် တောင်ထွတ်ပေါ်သို့ ခုန်တက်လိုက်ပြီး လက်များကိုယှက်ကာ ပြောလိုက်၏။ "ခင်ဗျားရဲ့ ကြမ်းပါတယ်ဆိုတဲ့ ဂိုဏ်းချုပ်လာတဲ့အထိ ကျုပ်စောင့်နေမယ်"

ယုစီနန်သည် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိချေ။ ထို့ကြောင့် တစ်ချိန်လုံး ရှောင်ရှားနေခဲ့၏။ နှစ်တစ်သောင်း မွန်းစတားဘုရင်သည် အချိန်တိုအတွင်း သူ့အား ထိခိုက်အောင် လုပ်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူသည် အားအင်များကို ခြွေတာပြီး ဂိုဏ်းချုပ်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေခြင်းပင်။

"သူတို့ထပ်ပြီး မတိုက်ခိုက်ကြတော့ဘူးလား”

“ယုစီနန်က ပြိုင်စံရှားဂိုဏ်းကို ဝင်သွားတယ်ဟုတ်လား။”

“ငါလည်း အဲတာကိုပဲ တစ်ခြားသူတွေဆီက ကြားခဲ့ဖူးတယ်"

တိုက်ပွဲသည် ခဏတာရပ်တန့်သွား၏။ သိုင်းကျင့်ကြံသူများ အားလုံးသည် တီးတိုးပြောဆိုနေကြ၏။

ဆွစ်

တစ်နာရီလောက်ကြာပြီးနောက် ရှေးရွက်သင်္ဘောကြီးသည် တည်နေရာကိုဖြတ်ကာ ရောက်ရှိလာ၏။ ၎င်းရွက်သင်္ဘောကြီး သည် အမြန်ဆုံးနှုန်းဖြင့် တောင်ကြားထဲသို့ ဝင်ရောက်လာ၏။ လေများသည် တဟူးဟူးနှင့် တိုက်ခတ်နေသည်။

"ဘယ်သူလဲ"

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပဲ့ဦးခန်းမှ ထွက်ကာ မတ်တပ်ရပ်လိုက်၏။ သူသည် ဒန်ထျန်ထဲတွင်ရှိနေသော စွမ်းအင်များကို စုစည်းကာ အော်ဟစ်လိုက်၏။ "ပြိုင်စံရှားဂိုဏ်းကလူကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ"

သူ၏အသံသည် ကျယ်လောင်လွန်းသောကြောင့် သိုင်းကျင့်ကြံသူများ၏ နားများပင် အူဝေသွားခဲ့၏။ ဤအရာသည် သူ၏ အသံနှင့်ပတ်သက်သော သန္ဓေပါရမီပင်ဖြစ်သည်။

All Chapters