← Chapters

အခန်း ၁၅၇၀

Vol. 106 Ch. 1570

အခန်း ၁၅၇၀

Vol. 106 Ch. 1570

အပိုင်း (၁၅၇၀)

ကျွင်းချောင်ရှောင်းသည်အော်ဟစ်လိုက်၏။သူ၏အော်ရာနှင့် အသွင်အပြင်ပုံစံသည်ချက်ချင်းပဲ ပေါ်ပေါက်လာ ခဲ့၏။တစ်ချိန်တည်းမှာပဲ တောင်ဘက်စွန်းတွင်နေထိုင်ကြသည့်သိုင်းကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်ခဲ့တော့သည်။

“ဒါ ဂိုဏ်းချုပ်ကျွင်းပဲ။ သူ့ကို ကြည့်ရတာ အသက်နှစ်ဆယ်စွန်းစွန်းပဲ ရှိသေးတယ်နဲ့တူတယ်”

“ထင်ထားတဲ့အတိုင်းပဲကိုး။ သူရဲကောင်းဆိုတာ လူငယ်ဘဝကတည်းက အစွမ်းအစနဲ့ကိုး”

အချက်အလက်အားဖြင့်ကုန်းရှန့်သည်အသက်သုံးဆယ်ထဲသို့ဝင်ရောက်ခဲ့ပြီဖြစ်၏။သို့ပေမဲ့သူသည် နုပျိုလျက်ပင်ရှိသေး၏။ အဘယ်ကြောင့်ဆိုသော်ညစဉ်ညတိုင်း သူသည်စနစ်ဆီမှဝယ်ယူထားသော ဆရာခိုကို လိမ်းသောကြောင့်ပင်။

“အကြီးအကဲယု”

ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ”

သူသည်အနည်းငယ်စိတ်ဓာတ်ကျလျက်ရှိနေသည်။ဂိုဏ်းဆီကို အကူအညီတောင်းခံခဲ့သည်ဖြစ်သောကြောင့်ဤလူသည်အစောကြီးကတည်းက ဒဏ်ရာရရှိခြင်း သို့မဟုတ် အန္တရာယ်အလွန်များလှသော အခြေအနေထိ ရိုက်နှက်ခံရခြင်း စသည့်အခြေအနေများ ဖြစ်နေသည်ဟု သူက ထင်မှတ်ခဲ့၏။သို့ပေမဲ့ရောက်ရှိလာသည့်အချိန်မှာတော့ဘာတစ်ခုမှဆိုးရွားသည့်အရာမျိုး ဖြစ်ပေါ်မနေသည်ကို တွေ့မြင်ခဲ့ရသည်။ဟာသလုပ်နေသည်လား။ ဤတည်နေရာဆီသို့ ရွက်သင်္ဘောကြီး မောင်းနှင်ခဲ့ရသည့်ကုန်ကျစရိတ်သည်နည်းပါးလှသည်ဟု ထင်မှတ်နေလေသည်လား။

“ဂိုဏ်းချုပ်”

ယုစီနန်သည်တောင်ထွတ်ပေါ်သို့လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဒီလူ ကျုပ်ကို ပြဿနာ ရှာနေတယ်”

ကျွင်းချောင်ရှောင်းသည်ထိုတည်နေရာဆီသို့လှမ်းကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ပိန်ပိန်ပါးပါး သွယ်သွယ်လျလျဖြင့် နှစ်တစ်သောင်း မွန်းစတားဘုရင်ကို မြင်ရလိုက်၏။ သူက အံ့အားသင့်စွာဖြင့်မေးလိုက်သည်။ “ဒီလူက ယောက်ျားလား၊ မိန်းမလား”

“သွားပြီ” ခပ်လှမ်းလှမ်းတွင်ရှိနေသည့်သိုင်းကျင့်ကြံသူများ၏ အမူအရာများသည်ပြောင်းလဲသွားခဲ့၏။သူတို့သည်တောင်ဘက်အစွန်းဆုံးအခြမ်းတွင်နေထိုင်ခဲ့ကြသည်မှာ ကြာပြီဖြစ်၏။ ထို့ကြောင့် နှစ်တစ်သောင်း မွန်းစတား ဘုရင်၏အကြီးမားဆုံးသော တားမြစ်မှုအကြောင်းကို သိရှိပြီးဖြစ်၏။ ထိုအရာသည်သူ၏ လိင်အား မေးခွန်း ထုတ်ခြင်းပင်ဖြစ်၏။

ကျွင်းချောင်ရှောင်း၏ မေးခွန်းသည်အမှန်ပင်ထိခိုက်စေခဲ့၏။ နှစ်တစ်သောင်း မွန်းစတားဘုရင်၏မျက်လုံး ထဲတွင်ဒေါသတရားများ ပြည့်နှက်သွားခဲ့၏။သူက ပြောလိုက်သည်။ “အမှိုက်လေး... မင်း ဒီဘုရင်ကို လာပြီးတော့အရှက်ခွဲချင်နေတာလား”

သူသည်သားရဲအထီးဖြစ်၏။သို့ပေမဲ့လူသားအဖြစ်ပြောင်းလဲရသည့်အခြေအနေတွင်မတော်တဆ အခြေအနေ တစ်ခုဖြစ်ပွားခဲ့၏။ထိုအရာသည်မိန်းမဆန်သော အခြေအနေဆီသို့ရောက်ရှိစေခဲ့၏။နောက်ပိုင်းတွင်သူ၏ မျိုးနွယ်တူများသည်သူ့အား ထိုကဲ့သို့စနောက်ခဲ့ရ၏။ အချိန်များ ကုန်လွန်ပြီးပြီဆိုသော်လည်း ထိုအရာသည်သူ့နှလုံးသားထဲတွင်တော့အရိပ်မဲကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။

“အရှက်ခွဲတာ ဟုတ်လား။ အရှက်ခွဲတော့ကော ဘာဖြစ်လဲ” ကျွင်းချောင်ရှောင်း၏ မျက်နှာသည်ထူးမခြားနား သလိုပင်။

နှစ်တစ်သောင်း မွန်းစတားဘုရင်၏တားမြစ်ချက်ကို သူ မသိချေ။သိသည်ဆိုလျှင်တောင်မှသူသည်ဤကဲ့သို့ယောက်ျားလိုလို၊ မိန်းမလိုလို ပုံပန်းသွင်ပြင်မျိုး ရှိသည်ဆိုပါက ကျိန်းသေပေါက်ထုတ်ကာ မေးမြန်းမိမှာ သေချာ၏။

“ကျုပ်ကို လာပြီး အရှက်ခွဲချင်တဲ့လူတွေအကုန်လုံး သေရမယ်” နှစ်တစ်သောင်း မွန်းစတားဘုရင်သည်အေးစက်စက်အော်ဟစ်လိုက်၏။ ပြီးသည့်နောက်တောင်ထွတ်ပေါ်တွင်တော့အမဲရောင်အခိုးအငွေ့လှိုင်းများ ဖြစ်တည်လာခဲ့သည်။ ထိုအခိုးအငွေ့များသည်ရှေးရွက်သင်္ဘောဆီသို့ရောက်ရှိလာသည်။

သတ်ဖြတ်လိုခြင်းဆန္ဒ၊ မွန်းစတားချီ - ထိုအရာများသည်အလွန်ပဲ ကြမ်းတမ်းလွန်းလှ၏။

“ဂိုဏ်းချုပ်ရဲ့ရှေ့မှာ မထီမဲ့မြင်ဘာလို့လုပ်ရဲရတာလဲ”

ရောင်မုန့်ယဉ်သည် ရုတ်တရက်ထကာ အော်ဟစ်လိုက်သည်။ “သူ့ကိုဆွဲချလိုက်”

“ကောင်းပါပြီ” သရဲစစ်သူကြီးရှစ်ဦးတို့သည်ပျံသန်းသွားခဲ့၏။

ကျွင်းချောင်ရှောင်းသည်ခြေထောက်များကို ချိတ်ကာဖြင့်ထိုင်ခုံပေါ်တွင်အသာထိုင်ချလိုက်၏။သူသည်လက်သည်းညှပ်ကိုထုတ်ယူကာဖြင့်လက်သည်းများကို အေးအေးဆေးဆေး ဇိမ်ကျကျဖြင့်ညှပ်လျက် ရှိနေတော့၏။အလွန်အားကောင်းလွန်းလှသော သက်တော်စောင့်များ တည်ရှိနေသောကြောင့်သူသည်စိတ်လက်ပေါ့ပါးမှုကို ခံစားမိနေသည်။

“ကျွတ်”

နှစ်တစ်သောင်း မွန်းစတားဘုရင်သည်ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “လူတွေများလွန်းတော့ကော ဘာလုပ်ရမှာလဲ”

တောင်ဘက်အစွန်ဆုံးပိုင်းရှိ တောင်ကြားကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသည့်အားကောင်းလွန်းလှသော မွန်းစတားသားရဲတစ်ကောင်ဖြစ်သည်မို့သူသည်များပြားလှသော လူများနှင့် တိုက်ခိုက်ခဲ့သည့်အတွေ့အကြုံကို ရရှိခဲ့ပြီးသားဖြစ်သည်။

ဝှစ်ဝှစ်

သရဲစစ်သူကြီးများသည် ရွက်သင်္ဘောကြီးပေါ်မှခုန်ချပြီးသည့်နောက် ၎င်းတို့၏အားကောင်းလွန်းလှသော နတ်ဆိုးချီများကို ထုတ်လွှတ်ကာဖြင့်ချက်ချင်းပဲ မွန်းစတားချီများကို ဖိနှိပ်လိုက်၏။

အနားပတ်ဝန်းကျင်တွင်ရှိနေသည့်သိုင်းကျင့်ကြံသူများသည် ရုတ်တရက်ထကာ အော်ဟစ်လိုက်မိသည်“နတ်ဆိုးကျင့်ကြံသူ”

၎င်းတို့သည်တော်တော်လှမ်းလှမ်း တည်နေရာတွင်တည်ရှိနေ၏။ သို့ပေမဲ့လေထုထဲတွင် ဖြစ်တည်လာခဲ့သည့်နတ်ဆိုးချီများသည် ၎င်းတို့အားပင် သက်ရောက်စေခဲ့၏။သူတို့သည်သာ အဆင့်နိမ့်ကျင့်ကြံသူလေးများသာ ဖြစ်မည်ဆိုပါက တစ်ဖက်သူများ၏ မွန်းစတားချီများ ဖိနှိပ်မှုကြောင့်တစ်ခါတည်း သွေးပွက်ပွက်အန်ကုန်မှာ သေချာ၏။

“နောက်ကိုဆုတ်ကြ”

ဆွစ်ဆွစ် ……။

သိုင်းကျင့်ကြံသူများအားလုံးသည်အမြန်ဆန်ဆုံးဖြင့်နောက်သို့ဆုတ်လိုက်ကြ၏။ မြင်ကွင်းကို လှည့်ကာ ကြည့်ရှု လိုက်မည်ဆိုလျှင်မထီမဲ့မြင်အပြုံးတစ်ခု တည်ရှိနေသည့်မွန်းစတားဘုရင်သည်ချက်ချင်း မျက်နှာတစ်ခုလုံး အေးခဲသွားတော့၏။လူများ များပြားစွာ ထွက်ပေါ်လာမည်ဆိုလျှင်တောင်သူသည်ကြောက်ရွံ့လိမ့်မည်မဟုတ်ချေ။သို့ပေမဲ့ ပြဿနာမှာ ထွက်ပေါ်လာခဲ့သည့်လူများသည်အလွန်အရပ်ရှည်လျားပြီး တောင့်တင်း ခိုင်မာသော လူရှစ်ယောက်တို့ဖြစ်သည်။ ၎င်းတို့ဆီမှထုတ်လွှတ်လိုက်သည့်အော်ရာများသည်သူနှင့်ပင် နှိုင်းယှဉ်၍ရနိုင်သည်။

“ဒါက …”

သူ မည်ကဲ့သို့သွားရောက်ကာ တိုက်ခိုက်ရတော့မည်နည်း။

ဟူး ဟူး

ကြမ်းတမ်းလွန်းလှသော မွန်းစတားအော်ရာများသည်ထွက်ပေါ်လာခဲ့၏။ထိုအရာသည်မြင်းပေါင်း တစ်သောင်းလောက်စီးနင်းရောက်ရှိလာသည့်စစ်တပ်ကြီးကဲ့သို့ပင်။

“မကောင်းတော့ဘူး” နှစ်တစ်သောင်း မွန်းစတားဘုရင်၏အော်ရာသည်ပြောင်းလဲသွားခဲ့သည်။

ဘုန်း

ချက်ချင်းပဲ ထူးခြားလွန်းလှသော စွမ်းအင်၏အကျိုးသက်ရောက်မှုသည်သူ့ဆီသို့ကျဆင်းလာခဲ့၏။လေထုထဲတွင်မီးပန်းများကဲ့သို့ပင်တဖောင်းဖောင်းနှင့် ပေါက်ကွဲနေ၏။

ခပ်ဝေးဝေး တည်နေရာတွင်ပုန်းအောင်းကာ ကြည့်ရှုနေကြသည့်သိုင်းကျင့်ကြံသူများသည်တောင်ကြားကြီး တစ်ခုလုံးတွင်နတ်ဆိုးချီများ ဖုံးလွှမ်းလျက်ရှိသည်ကို မြင်လိုက်ရ၏။ ၎င်းတို့သည် နှစ်တစ်သောင်း မွန်းစတားဘုရင်အတွက်ဝမ်းနည်းမှုပင်ခံစားနေမိကြသည်။

သရဲစစ်သူကြီးများ၏ အားအင်အဆင့်သည်မည်မျှရှိသည်ကို သူတို့သေသေချာချာ မသိချေ။သို့ပေမဲ့ထုတ်လွှတ်လိုက်သည့်နတ်ဆိုးချီများမှာတော့ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။

ဘုန်း ….။

မကြာခင်မှာပဲ နတ်ဆိုးချီများထဲမှ နှစ်တစ်သောင်း မွန်းစတားဘုရင်က ထွက်ခွာလာခဲ့၏။ ၎င်းသည်ထူးဆန်းသည့်ပုံပန်းသွင်ပြင်မျိုးဖြင့်ကောင်းကင်ပေါ်သို့ပျံတက်သွားခဲ့ပြီး မြေပေါ်သို့မျက်နှာဖြင့် ပြုတ်ကျခဲ့သည်။

“ချီးတဲ့မှ”

သူသည်မနည်းကြိုးစားကာ မတ်တပ်ထရပ်ပြီး မျက်နှာကို အုပ်ကာကာ ဒေါသတကြီး ပြောလိုက်၏။ “မင်းတို့ဆီမှာ စွမ်းရည်ရှိတယ်ဆိုရင်တစ်ယောက်ချင်းစီ တိုက်ကြလေ”

ကျွင်းချောင်ရှောင်းသည်လက်သည်းညှပ်နေရင်းမှသဘောမတူစွာ ပြောလိုက်၏။ “အဓိက က တိုက်ခိုက်ဖို့ပဲ မဟုတ်လား။ မလိုတာတွေမပြောနဲ့”

ဘုန်း ….။

ဖုန်များသည်ပျံ့နှံ့သွားခဲ့၏။မြေပြင်တစ်ခုလုံးသည်တုန်ခါသွားခဲ့သည်။သရဲစစ်သူကြီးတစ်ဦးသည် နှစ်တစ်သောင်း မွန်းစတားဘုရင်၏ရှေ့ဆီသို့ဆင်းသက်လာခဲ့ပြီး လက်သီးဖြင့်ထိုးနှက်လိုက်ခြင်းပင်ဖြစ်၏။မြေပြင်တစ်ခုလုံးသည်ချိုင့်ဝင်သွားခဲ့ပြီး နှစ်တစ်သောင်း မွန်းစတားဘုရင်၏ညာဘက်မျက်နှာပေါ်တွင်လက်သီးရာကြီးပင်ပေါ်ပေါက်နေသည်။

“ဟင်း”

ကျွင်းချောင်ရှောင်းသည်ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “တစ်ယောက်ချင်း တိုက်ခိုက်လည်း မနိုင်ပါဘူး”

“အား” မွန်းစတားဘုရင်သည်တွင်းနက်ထဲမှခုန်ထွက်လာခဲ့၏။သူ၏ အမဲရောင်ဆံနွယ်များသည်လေထုထဲတွင်လွင့်လျက်ရှိနေတော့၏။အဆုံးသတ်မှာတော့သူသည်သူ့နားသို့ဆင်းသက်လာခဲ့သော သရဲစစ်သူကြီးများ၏ ရိုက်နှက်မှုကို ထပ်မံကာ ခံရပြန်သည်။

ဘုန်း ဘုန်း ဘုန်း

ဘုတ်

တအောင့်ကြာမြင့်ပြီးသည့်နောက်မှာတော့ နှစ်တစ်သောင်းမွန်းစတားဘုရင်သည်မျက်နှာတစ်ခုလုံး ဖူးယောင်ကိုင်းကာဖြင့်မြေပေါ်သို့လဲကျနေ၏။

ခန္ဓာကိုယ်တစ်ခုလုံးတွင်ကောင်းမွန်သည့်နေရာဟူ၍ မရှိတော့ချေ။ဆိုးရွားစွာ ရိုက်နှက်ခံထားရ၏။ လက်သီးနှစ်လုံးသည်များပြားလှသည့်လက်သီးများနှင့် ယှဉ်ပြိုင်ကာ တိုက်ခိုက်ခြင်းကို မပြုနိုင်ချေ။ထို့အပြင်များပြားလှသည့်လက်သီးဆိုသည်မှာ အလွန်အားကောင်းလှသော နတ်ဆိုးမျိုးနွယ်၏ စစ်သူကြီးရှစ်ဦးပင် ဖြစ်နေလေသည်။

ကျွင်းချောင်ရှောင်းသည်မတ်တပ်ထရပ်ကာဖြင့်နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထုတ်ယူလိုက်၏။သူသည်မွန်းစတားဘုရင်၏လည်ပင်းပေါ်သို့ဓားကြီးအားတင်ကာ ပြောလိုက်၏။ “ကျုပ်က ခင်ဗျားကို အရှက်ခွဲရုံတင်မဟုတ်ဘူး။ တစ်ခါတည်း သတ်ပစ်မယ်။ ငြင်းချင်သေးလား”

“.........”

နှစ်တစ်သောင်း မွန်းစတားဘုရင်သည် ပြန်လည်ပြောဆိုရင်အားအင်ပင်မရှိတော့ချေ။အလွန်အားကောင်းလွန်း လှသော နတ်ဆိုးကျင့်ကြံသူရှစ်ယောက်ကို ခေါ်ထုတ်ကာ တိုက်ခိုက်ခိုင်းခဲ့၏။ဤပြိုင်စံရှားဂိုဏ်းသည်အနည်းငယ်ကြောက်လန့်စရာ မကောင်းပေဘူးလား။

“ဂိုဏ်းချုပ်”

ယုစီနန်က အကြံပြုလိုက်၏။ “ဒီသားရဲက အရမ်းအားကောင်းတယ်။ သူ့ကိုခေါ်ပြီးတော့တံခါး စောင့်ခိုင်းမယ်ဆိုရင်မကောင်းဘူးလား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်လင်းလက်သွားခဲ့သည်။ “ဒါအကြံကောင်းပဲ”

“ချီးတဲ့မှ..ချီးတဲ့မှ”

နှစ်တစ်သောင်း မွန်းစတားဘုရင်သည်အားအင်များကို စုစည်းကာဖြင့်ပြောလိုက်၏။ “ကျုပ်ကို သတ်လို့ရတယ်။ဒါပေမဲ့အရှက်ခွဲလို့တော့မရဘူး။ အဲလိုမျိုး ပြုလုပ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့”

“သူ့ကိုခေါ်ခဲ့ကြ”

“ကောင်းပါပြီ”

နှစ်တစ်သောင်း မွန်းစတားဘုရင်သည်ချက်ချင်းပဲ ကြိုးဖြင့် တုတ်နှောင်ခြင်းကို ခံခဲ့ရ၏။ ပြီးနောက်ရှေးရွက် သင်္ဘောကြီးပေါ်သို့တင်ဆောင်ခေါ်ယူခြင်းကို ခံခဲ့ရ၏။

ရှေးရွက်သင်္ဘောကြီးသည်ချက်ချင်းပဲ ပြန်လည်ထွက်ခွာသွားခဲ့၏။ ကျန်ရှိနေကြသော သိုင်းကျင့်ကြံသူများသည်ကြောင်အသွားခဲ့ကြသည်။တောင်ဘက်အစွန်းပိုင်းရှိ တောင်ကြားကြီးတစ်ခုလုံးကို အုပ်စိုးထားသည့်မွန်းစတားဘုရင်အား ပြိုင်စံရှားဂိုဏ်းသည် ဤကဲသို့ဖမ်းချုပ်သွား ခဲ့လေသည်လား။

..........

ကျွီ

ဒဏ်ရာတွေဗလပွနှင့်ဖြစ်နေသော မွန်းစတားဘုရင်သည်အကျဉ်းထောင်ထဲသို့ပစ်လွှတ်ခြင်းကို ခံခဲ့ရ၏။ ဤအကျဉ်းထောင်ထဲသို့မရောက်ခင်အထိ သူသည်အားအင်များကို ပြန်လည်စုစည်းခဲ့၏။ ထို့ကြောင့်မြေပေါ်တွင်လဲလျောင်းရင်း အော်ဟစ်ရန်တော့တတ်နိုင်ခဲ့သေးသည်။ “ငါဘယ်လိုမှအလျော့ပေးမှာ မဟုတ်ဘူး”

“နားပူလိုက်တာကွာ” ခရမ်းရောင်ဘုရင်သည်တင်းမာခက်ထန်သည့်မျက်နှာသွင်ပြင်ဖြင့်လှမ်းလျှောက်လာခဲ့၏။

ကျွင်းချောင်ရှောင်းသည်ဤလူအား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့မပို့ဆောင်ခဲ့ပေ။ ထိုအစား စိတ်ဝိညာဉ်သားရဲဟောခန်းမ၏ အကျဉ်းထောင်ထဲသို့သာ ပို့ဆောင်ခဲ့၏။ထို့အပြင်မွန်းစတားသားရဲဖြစ်သည်မို့ဟောခန်းသခင်ကျိ ထိန်းကျောင်းနိုင်မည်ဟု သူက ယုံကြည်မိသည်။

ထင်မှတ်ထားသည့်အတိုင်းပင်။ နှစ်တစ်သောင်း မွန်းစတားဘုရင်သည်ချက်ချင်း ရောက်ရှိလာသည့်ခရမ်းရောင်ဘုရင်ကို မြင်ရသည့်အချိန်မှာတော့တရှုံ့ရှုံ့နှင့်အနံ့ခံလိုက်၏။ “ခင်ဗျားက ဘယ်သူလဲ”

“ဒီမေးခွန်းကို ငါက မေးရမှာကွ”ကျိသည်ထိုင်ချလိုက်၏။သူသည်ဟောခန်းသခင်တစ်ယောက်၏အော်ရာများကို ထုတ်ဖော်လျက်ရှိ၏။

“ဟမ့်”

နှစ်တစ်သောင်းမွန်းစတားဘုရင်သည်ဂုဏ်ယူဝံ့ကြွားစွာဖြင့်ပြောလိုက်သည်။ “ကျုပ်က နှစ်တစ်သောင်း တောင်ကြားထဲမှာနေတဲ့ နှစ်တစ်သောင်းမွန်းစတားဘုရင်ပဲ”

“နှစ်တစ်သောင်းတောင်ကြား ဟုတ်လား”

ခရမ်းရောင်ဘုရင်သည်တွေးတွေးဆဆဖြင့်ပြောလိုက်၏။ “အဲနေရာမှာ ငါ့အတွက်အတိတ်က မှတ်ဉာဏ်တွေရှိတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက အဖော်အပေါင်းတွေရဲ့အနိုင်ကျင့်ခြင်းကို ခံရတဲ့ဖားပြုတ်သားရဲတစ်ကောင်ကို ငါတွေ့ခဲ့တယ်။ငါလည်း သနားတာနဲ့သူ့ကို ကယ်တင်ခဲ့ဖူးတယ်လေ။ ပြီးတော့ ငါသူ့ကို ပြန်လည်အားကောင်းလာအောင်လို့ သလင်းအမြူတေ တော်တော်များများ ပေးခဲ့သေးတယ်”

နှစ်တစ်သောင်း မွန်းစတားဘုရင်သည်ထိုအရာကို ကြားသည့်အချိန်မှာတော့မျက်လုံးပြူးသွားမိ၏။ “ဘာ”

သူ၏ မျက်နှာပေါ်တွင်ရှိနေသော ပြောင်းလဲမှုကို မြင်ရသည့်အချိန်မှာတော့ခရမ်းရောင်ဘုရင်က နောက်ပြောင်လိုက်သည်။ “အဲဒီ ကံမကောင်းတဲ့ဖားပြုတ်က မင်းတော့မဟုတ်ဘူးမို့လား”

နှစ်တစ်သောင်း မွန်းစတားဘုရင်သည်တုန်ယင်နေသည့်အသံဖြင့်ပြောလိုက်၏။ “ခင်ဗျား... ခင်ဗျားက အစ်ကိုကြီး ခရမ်းရောင်လား”

“အစ်ကိုကြီး ခရမ်းရောင်ဟုတ်လား”

ခရမ်းရောင်ဘုရင်သည်ဦးခေါင်းကိုကုတ်ကာ သက်ပြင်းချလိုက်၏။ “ဒီနာမည်မှာလည်း အတိတ်က မှတ်ဉာဏ်တွေအများကြီး ပါဝင်နေတာပဲ”

ပြောပြီးသည့်နောက်သူ၏ အမူအရာ သည်အသက်နှစ်ဆယ်အရွယ်မှအသက်ငါးဆယ်အရွယ်ခန့်ရှိသော ရုပ်ရည်သွင်ပြင်သို့ ပြောင်းလဲသွားခဲ့၏။သူ၏ မျက်နှာပေါ်တွင်တော့အိုမင်းသည့်အရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့သည်။ “နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် ငါ …အစ်ကိုကြီးက အစ်ကိုကြီး မဟုတ်တော့ဘူး”

“အစ်ကိုကြီး ခရမ်းရောင်”

နှစ်တစ်သောင်း မွန်းစတားဘုရင်သည်အံ့အားသင့်စွာဖြင့်ပြောလိုက်၏။ “တကယ်ပဲ အစ်ကိုကြီး ခရမ်းရောင်ကိုး”

“ဒါဆို မင်းက ဖားပြုတ်သတ္တဝါပေါ့”

“အမှန်ပါပဲ။ အစ်ကိုကြီး အရင်တုန်းက ကယ်တင်ခဲ့တဲ့ဖားပြုတ်လေးပါ”

ခရမ်းရောင်ဘုရင်သည် ရုတ်တရက်မတ်တပ်ထရပ်ကာဖြင့်ကျောပေးလိုက်၏။သူ၏ စိတ်ထဲမှာတော့အကြီးအကျယ်အော်ဟစ်လျက်ရှိသည်။

ငါ အထက်နယ်မြေက ထွက်ခွာသွားတာ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့ပြီ။ ငါကယ်တင်ခဲ့တဲ့ကောင်လေးကတောင်မှ ငါ့ထက်ပိုပြီး အားကောင်းနေပါလား။ သောက်ကျိုးနည်း။

All Chapters