အခန်း ၁၅၇၂
Vol. 106 Ch. 1572
အပိုင်း (၁၅၇၂)
ဝါး …
ဟယ်ဝူတီသည်သန်းဝေလိုက်၏။ ပြီးသည့်နောက်သူသည်မျက်လုံးကို ပွတ်ကာဖြင့်ဂိတ်တံခါးဆီသို့လှမ်းလျှောက်လိုက်တော့၏။ ပြိုင်စံရှားဂိုဏ်းသို့ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့်သူသည်အိပ်ရာနိုးနိုးချင်း ပထမဦးဆုံးလုပ်သည့်အလုပ်သည်အိမ်သာဆီသို့သွားခြင်းမဟုတ်သလို၊ မျက်နှာသွားသစ်ခြင်းလည်း မဟုတ်ချေ။အနီရောင်ဂိတ်တံခါးကြီးကို သွားရောက်ကာ ဖွင့်လှစ်ခြင်းပင်ဖြစ်၏။ သူသည်ပျင်းရိနေသည်ဆိုသော်လည်း အလေ့အကျင့်အဖြစ် ဖြစ်လို့နေခဲ့၏။
ကျွီ ….။
တံခါးကို ဖွင့်လိုက်ပြီးသည့်နောက်သန့်ရှင်းလှသည့်လေများကို ရှူရှိုက်လိုက်သည်။
ဘန်း …။
ဘုတ် ….။
ဟယ်ဝူတီသည်ဂိတ်တံခါးဆီမှလွှင့်စင်သွားပြီးသည့်နောက်လေ့ကျင့်ရေးကွင်းပြင်ပေါ်သို့ ခန္ဓာကိုယ်တစ်ခုလုံး လိမ့်ကာဖြင့်လွှင့်စင်သွားခဲ့တော့၏။လက်ရှိအခြေအနေမှာတော့များပြားလှသည့်တောင်ထွတ်များဆီမှမနက်ခင်း လေ့ကျင့်ခန်းပြုလုပ်ရန်ရောက်ရှိလာခဲ့ကြသော တပည့်များအားလုံးတို့သည်သူတို့၏စီနီယာအစ်ကို ရုတ်တရက် လွှင့်စင်လာ သည်ကို ကြည့်ရှုရင်း အံ့အားသင့်မိနေ၏။
ဘုတ်
သက်လတ်ပိုင်းလူသည်ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပွင့်နေသော တံခါးကြီးဆီမှလှမ်းကာ လျှောက်ဝင်လာခဲ့၏။သူသည်ဆံနွယ်များကို အနောက်ဘက်ဆီသို့သပ်တင်ကာဖြင့်တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းလား။ ဒီလောက်ပဲလုပ်နိုင်တာလား။”
“ဂိုဏ်းချုပ်ကို သတင်းပို့လိုက်တော့။တစ်စုံတစ်ယောက် ပြဿနာလာရှာနေပြီ။”
ဆွစ်
အခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည်မျက်နှာသစ်ပြီးသည့်နောက်မှန်ရှေ့တွင်ထိုင်ကာဖြင့်မျက်နှာ အသားအရေ စိုစွတ်စေသော မျက်နှာကပ်ခွာ ကို အသာကပ်လျက်ရှိ၏။ “လူချောတွေဆိုတာက တကယ့်ကို ကောင်းမွန်တဲ့အသားအရေကို ပိုင်ဆိုင်ဖို့လည်း လိုသေးတာပဲ။”
လီချင်းယန်၏အရေးတကြီးအသံသည်သူ၏နားထဲသို့ဝင်ရောက်လာသည်။ “ဂိုဏ်းချုပ် …တစ်ယောက်ယောက်က ဂိုဏ်းထဲကို အတင်းချိုးဝင်လာခဲ့တယ်။ ဂျူနီယာညီလေးဟယ်နဲ့ ဂျူနီယာ ညီလေးကုန်းဖုကွေ့တို့ကို သတိလစ်မေ့မျောအောင်တိုက်ခိုက်ခဲ့ပြီးပြီ။”
“ဘာ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်မတ်တပ်ထရပ်လိုက်၏။မျက်နှာပေါ်တွင်ရှိနေသော အလှကပ်သည့်မျက်နှာကပ်ခွာအား ချွတ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်ဒေါသတရားများ ပြည့်နှက်နေခဲ့၏။မည်သူသည်အသိအဉာဏ်ကင်းမဲ့စွာဖြင့် ပြိုင်စံရှားဂိုဏ်းထဲသို့ဝင်ရောက်ကာ ပြဿနာရှာရဲရသနည်း။
ဆွစ်
သူသည်သူ၏ အိပ်ခန်းတံခါးကို ကန်ဖွင့်ကာဖြင့်ပျံသန်းထွက်ခွာလိုက်၏။
ဘုတ်
အဓိကတောင်ထွတ်ပေါ်သို့ဆင်းသက်လိုက်သည့်အချိန်မှာတော့အဓိကဟောခန်း၏ ရှေ့တွင်တင်းရှင်းဝမ်တစ်ယောက်လဲကျသွားသည်ကို မြင်လိုက်ရ၏။ တင်းရှင်းဝမ်သည်ရင်ဘတ်ကို အုပ်ကိုင်ကာဖြင့်မနည်းကြိုးစားကာ မတ်တပ်ထရပ်နေ၏။ စူးရှလှသည့်နာကျင်မှုသည်သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြစ်တည်လျက်ရှိသည်။
အား …။
သက်လတ်ပိုင်းလူသည်လေ့ကျင့်ရေးကွင်းပြင်ပေါ်တွင်မတ်တပ်ရပ်လျက်ရှိပြီး ဦးခေါင်းကို ခါယမ်းလိုက်၏။
“ဘယ်သူမှမတိုက်ခိုက်နိုင်ဘူးလား။”
“ချီးတဲ့မှ။”
ကျန့်ရာ၊ အဘိုးကြီးကုန်းနှင့် တစ်ခြားသော အထက်ပိုင်းအကြီးအကဲများသည်ဒေါသတကြီးဖြင့်ရှေ့ဆီသို့လှမ်းတက်ရန် ပြင်လိုက်၏။သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည်ထိုသူတို့အား တားဆီးလိုက်သည်။ “ရပ်ကြတော့။”
သက်လတ်ပိုင်းလူသည်ခေါင်းကိုငုံ့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့အဓိကဟောခန်း၏ အထက် လေထုထဲတွင်မတ်မတ်ရပ်လျက်ရှိနေသည့်လူငယ်ကို မြင်လိုက်ရ၏။ သူသည်ထူးမခြားနားသလို မေးမြန်းလိုက်၏။ “မင်းက ကြီးမြတ်သူတုံးကုရဲ့ တပည့်၊ ပြိုင်စံရှားဂိုဏ်းရဲ့ဂိုဏ်းချုပ်လား။”
“အမှန်ပဲ။”
ကျွင်းချောင်ရှောင်းသည်သူ၏ လက်နှစ်ဖက်ကို အနောက်ဘက်သို့ပစ်ကာဖြင့်ပြောလိုက်၏။ “ခင်ဗျားက ဘယ်သူလဲ။”
ကုန်းရှန့်သည် နှလုံးသားထဲတွင်ဒေါသတရားများနှင့် ပြည့်နှက်လျက်ရှိသည်ဆိုသော်လည်း တစ်ဖက်လူ၏ အော်ရာ များသည်အလွန်အားကောင်းလွန်းလှ၏။ထိုအော်ရာများသည်ယုစီနန်ထက်မည်သို့မှအားမနည်းလှချေ။
“ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။”
သက်လတ်ပိုင်းလူသည်သူ၏ အမဲရောင်ဆံနွယ်များကို အသာသပ်တင်ကာဖြင့်ပြောလိုက်၏။ “ဒီကို လာတာက ပြိုင်စံရှားဂိုဏ်းဆီကို လာပြီးတော့ဖျက်ဆီးတာမဟုတ်ဘူး။ မိတ်ဆွေတစ်ယောက်ကို လာရှာတာပဲ။”
ချီးတဲ့မှ။ အထက်ပိုင်းအကြီးအကဲနှင့် ဂိုဏ်း၏ တပည့်များကို ဒဏ်ရာရရှိအောင်ပြုလုပ်ပြီးသည့်နောက်ဂိုဏ်းအား ပြဿနာ လာရှာခြင်းမဟုတ်ကြောင်း ပြောဆိုခဲ့ပြန်သည်။ဤလူသည်အရှက်မဲ့လှချေသည်။
“မိတ်ဆွေဟုတ်လား။”
ကျွင်းချောင်ရှောင်းသည်သူ၏ ဒေါသတရားများကို ဖိနှိပ်ကာဖြင့်မေးလိုက်၏။ “ဘယ်သူလဲ။”
“ကျုပ်ပဲ။”
ယုစီနန်သည်နဂါးကျောရိုးတောင်ထွတ်ဆီမှပျံသန်းလာပြီးသည့်နောက်သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်သို့ဆင်းသက်လိုက်၏။သူ၏ အကြည့်များသည်စူးရှလျက်ရှိနေသည်။ “ကုန်းစွန်းဟုန့် … ခင်ဗျားလွန်နေပြီ။”
သက်လတ်ပိုင်းလူသည်သွားဖြီးကာ ပြောလိုက်သည်။ “ကောလဟာလတွေက အမှန်ပဲကိုး။ ခင်ဗျားတကယ်ပဲ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်သွားတာလား။”
“အကြီးအကဲယု”
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်ကာ မေးလိုက်၏။ “ဒီလူဘယ်သူလဲ။”
“ကျုပ်နဲ့တူညီတဲ့လူပဲ။”
“ဒါဆိုရင်နတ်ဆိုးသတ်ဖြတ်သူပေါ့။”
“အမှန်ပဲ။”
“ကျုပ်သိပြီ။”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်နားလည်သွားမိသည်။ “သူ အားကောင်းတယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ။”
တခြားနတ်ဆိုးသတ်ဖြတ်သူ ၂ယောက်ကို သူ မသိရှိပေ။ သို့ပေမဲ့ယုစီနန်၏အားအင်အဆင့်ကို သုံးသပ်ရမည်ဆိုလျှင်တစ်ဖက်လူသည်ကွာခြားလှမည်မဟုတ်ချေ။ “ဒီလူက သဲစိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်တဲ့လူလေ။ သူ့ရဲ့အဆင့်က ကျုပ်ထက်ဘယ်လိုမှမနိမ့်ဘူး။” ယုစီနန်သည်လေးနက်တည်ကြည်စွာ ပြောလိုက်၏။
“သဲစိတ်ဝိညာဉ်ဟုတ်လား။”
ကျွင်းချောင်ရှောင်း၏ အမူအရာသည်အနည်းငယ်ပြောင်းလဲသွားခဲ့၏။သူက တွေးလိုက်မိသည်။ “သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်မှာရှိတဲ့သဲတွေက လေထဲကို လွှင့်နေတာ အံ့အားသင့်စရာမဟုတ်တော့ဘူးပဲ။ အရင်တုန်းက ကုန်းဖုကွ့ သေသေချာချာ သန့်ရှင်းမထားဖူးလို့ထင်နေတာ။”
“ပြီးတော့”
ယူစီနန်က ပြောလိုက်သည်။ “သူက ဂိုဏ်းချုပ်နဲ့သွေးမျိုးဆက်လည်းတူညီတယ်။”
ကျွင်းချောင်ရှောင်းသည်အံ့အားသင့်သွားမိ၏။ သူသည် ရုတ်တရက်ထကာ အော်ဟစ်လိုက်မိ၏။ “ကျောက်ရုပ်ထု မျိုးနွယ်ကလန်က လူလား။”
“အမှန်ပါပဲ။”
……
ကျွင်းချောင်ရှောင်း၏ အမူအရာသည်စိတ်ဝင်တစားနှင့် ဖြစ်သွားမိ၏။ ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်း နှင့် တိုက်ခိုက်သည့်အချိန်က ယူစီနန်သည်သူ့အား ထိုကိစ္စကို တစ်ခါပြောခဲ့ဖူး၏။ သို့ပေမဲ့ယခုလို မြန်မြန်ဆန်ဆန်နှင့် တွေ့ရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ထို့အပြင်တစ်ဖက်လူသည်နတ်ဆိုးသတ်ဖြတ်သူတစ်ယောက်ပင် ဖြစ်လို့နေသေးသည်။
မဟုတ်သေးပေ။ သွေးမျိုးဆက်ချင်းတူညီသည်ဆိုလျှင်အဘယ့်ကြောင့်နီးစပ်သည်ဟု သူက မခံစားရသနည်း။
စနစ်သည်ဆွံ့အလျက်ရှိနေ၏။ “မင်းကိုယ်မင်း ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့တကယ့်မျိုးဆက်လို့ထင်နေတာလား။”
“ဟမ်”
သူသည်ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏သွေးမျိုးဆက်ကို ပိုင်ဆိုင်သည်ဆိုသော်လည်း အမှတ်မထင်ဖြင့်ရရှိခဲ့သည့်အရာဖြစ်ပြီး တရားဝင်မဟုတ်သည်ကို ချက်ချင်းသတိရလိုက်မိ၏။
“ဟင်း ….” ကျွင်းချောင်ရှောင်းသည်သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
အဘယ့်ကြောင့် ကြီးမားလှသည့်နောက်ခံကို ပိုင်ဆိုင်ရန်ခက်ခဲလှသနည်း။ ကျွင်းချောင်ရှောင်းအနေနှင့် မိုးကောင်းကင်အင်ပါယာ၏ သားတစ်ယောက်အဖြစ်စိတ်ကူးယဉ်ခဲ့ဖူးသည်။ထိုသို့မဟုတ်လျှင်တောင်မှကျောက်ရုပ်ထုကလန်၏သွေးမျိုးဆက်ကို ပိုင်ဆိုင်သည့်သူတစ်ယောက် ဖြစ်နေသေးသောကြောင့်တော်သေးသည်ဟု ထင်မှတ်ခဲ့၏။
ယခု သူနှင့် သွေးမျိုးဆက်ချင်းတူညီသည့်တစ်စုံတစ်ယောက်ကို တွေ့နေရသည်ဆိုလျှင်တောင်မှမည်သည့်အရာ ကိုမှမခံစားရချေ။ရက်စက်လှသည့်အမှန်တရားကြီးသည်သူ့အား ပါးပိတ်ရိုက်ခဲ့တော့၏။နာကျင်လှချေ၏။သူ့အနေနှင့်အိပ်မက်ဆီမှ နိုးထရန်အချိန်ကျရောက်ပြီဖြစ်၏။ထူးဆန်းစွာဖြင့်ကုန်းရှန့်သည်ဝမ်းနည်းသလို ခံစားနေမိသည်။
“ကောင်လေး”
ကုန်းစွန်းဟုန့်သည်တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းက ယုစီနန်ကိုတောင်ဂိုဏ်းထဲဝင်အောင်ဆွဲဆောင်နိုင်သေးတယ် ဆိုတော့လုပ်ရည်ကိုင်ရည်တော့ရှိပုံပေါ်တယ်။”
“အမှန်ပဲလေ။”
ကျွင်းချောင်ရှောင်းသည်လက်သီးကို ဆုပ်ကာဖြင့်ပြောလိုက်သည်။ “ခင်ဗျားက အကြီးအကဲယုရဲ့မိတ်ဆွေဆိုမှတော့ ပြိုင်စံရှားဂိုဏ်းရဲ့မိတ်ဆွေပဲပေါ့။အဓိကဟောခန်းထဲကို သွားပြီး တော့စကားပြောကြရ အောင်။”
“အားနာပါတယ်။”
ကုန်းစွန်းဟုန့် က ပြောလိုက်၏။ “ဒီကိုလာတာ ပြဿနာလာရှာတာလေ။ မိတ်ဆွေဖွဲ့ဖို့မဟုတ်ဘူး။”
ကျွင်းချောင်ရှောင်းသည်ဆွံ့အသွားမိ၏။ တစ်ဖက်လူသည် ပြဿနာလာရှာတာမဟုတ်ကြောင်း စောနကလေးတင်ပြောဆိုခဲ့သေး၏။ သို့ပေမဲ့ယခု ချက်ချင်းပဲ စိတ်ပြောင်းသွားခဲ့လေသည်။
“ဂိုဏ်းချုပ်”
ယုစီနန်သည်အသံပို့လွှတ်လိုက်၏။ “ဒီလူက ထူးဆန်းတဲ့အမူအကျင့်ရှိတယ်လေ။ အဓိပ္ပာယ်မရှိတဲ့အကြောင်းအရာ တွေကို အမျိုးမျိုး ပြောတတ်တယ်။”
“………”
ကျွင်းချောင်ရှောင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိ၏။ ပြီးနောက်ပြောလိုက်သည်။ “နတ်ဆိုးသတ်ဖြတ်သူတွေအကုန်လုံးက ဒီလိုပဲလား။”
တစ်ယောက်သည်အရပ်လေးမျက်နှာကို ကောင်းကောင်းမသိချေ။တခြားတစ်ယောက်မှာတော့မိမိပြောချင်ရာကို ပြောဆိုတတ်နေ၏။
“ယုစီနန်”
ကုန်းစွန်းဟုန့်သည်တည်ငြိမ်စွာ ပြောလိုက်သည်။ “ခင်ဗျားနဲ့ ကျုပ်က နောက်ဆုံးအကြိမ်တုန်းက ဘယ်သူနိုင်တယ်ဆိုတာ မရှင်းလင်းသေးဘူးလေ။ ဒါကြောင့်ဒီနေ့မှာ တိုက်ခိုက်လိုက်ကြရအောင်။”
“အားနာပါတယ်။”
ယူစီနန်က ပြောလိုက်၏“ကျုပ်စိတ်မဝင်စားဘူး။”
ဘန်း ….။
ကုန်းစွန်းဟုန့်သည် ရှေ့ဆီသို့တစ်ချက်နင်းတက်လိုက်၏။မြေပြင်တစ်ခုလုံးသည်ချိုင့်ဝင်သွားခဲ့သည်။ “ဂိုဏ်းချုပ်ကျွင်း … ခင်ဗျားရော တိုက်ခိုက်ဖို့စိတ်ဝင်စားလား။”
“……….”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထ၍ဆဲလုမတတ်ပင် ဖြစ်သွား၏။ အကြီးအကဲယုနှင့် တိုက်ခိုက်ရန်ရောက်ရှိ လာခဲ့၏။တစ်ဖက်က ငြင်းပယ်လိုက်သည်ဆိုသည်နှင့် ချက်ချင်းပဲ ပစ်မှတ်သည်ပြောင်းလဲသွားခဲ့၏။ စိတ်အပြောင်းအလဲသည်မြန်ဆန်လွန်းလှချေသည်။
ဝှစ်ဝှစ် …။
ထိုအချိန်မှာပဲ ကုန်းစွန်းဟုန့်၏ ခန္ဓာကိုယ်ဆီမှထူးခြားလှသည့်အော်ရာများသည်ထွက်ပေါ်လာ၏။ သူ၏ မျက်နှာပြင်တစ်ဝက်လောက်သည်ကျောက်များအဖြစ်သို့ပြောင်းလဲသွား၏။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည်မျက်လုံးပြူးသွားမိ၏။ ကုန်းစွန်းဟုန့်သည်သူ၏ ကျောက်ရုပ်ထုသွေးမျိုးဆက်ကို အသက်သွင်းခဲ့ပြီဖြစ်ကြောင်းကို သူက နားလည်မိ၏။ သို့ပေမဲ့အဘယ့်ကြောင့်မျက်နှာတစ်ဝက်သည်ပုံမှန်အတိုင်း ဖြစ်နေရ သနည်း။ မည်ကဲ့သို့ ပြုလုပ်လိုက်သနည်း။
“ဂိုဏ်းချုပ်”
ယုစီနန်သည်အသံပို့လွှတ်လိုက်သည်။ “ဒီလူက သူ့ရဲ့သွေးမျိုးဆက် ကို အသက်သွင်းတော့မယ်။ တကယ်လို့ ကျုပ်တို့သူ့ကို မတိုက်ခိုက်ဘူးဆိုရင်သူက အကုန်လုံးကို လိုက်ပြီး ပြဿနာရှာနေတော့မှာပဲ။”
“ဒါဆိုရင်လည်း လုပ်လိုက်ကြတာပေါ့။”
ဝှစ်
သူသည်သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်သို့ဆင်းသက်ပြီးသည့်နောက်လက်ကို မြှောက်လိုက်၏။သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော သွေးများသည်ဆူဝေလာခဲ့၏။ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးများသည်သူ၏ ခန္ဓာကိုယ်တွင် ဖြစ်တည်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ကျောက်အဖြစ်သို့ပြောင်းလဲကုန်သည်။
ကုန်းစွန်းဟုန့်သည်တုန်လှုပ်သွားမိ၏။ “မျိုးနွယ်တူတူပဲလား။”
မဟုတ်သေးပေ။ မျိုးနွယ်ထဲတွင်ရှိနေသော လူပေါင်းများစွာတို့ကို သူသိရှိပြီးဖြစ်၏။အဘယ့်ကြောင့်တစ်ဖက်လူအား သူမမြင်ဖူးရသနည်း။ ဖြစ်နိုင်သည်မှာ ကုန်းစွန်းဟုန့်သည်ရှေ့ဆီသို့ပြေးတက်လာပြီး ကျွင်းချောင်ရှောင်း၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်၏။ ပြီးနောက်အင်္ကျီလက်ကို အသာပင့်တင်ကာ ကြည့်ရှုလိုက်၏။လက်ပေါ်တွင်ကျောက်ရုပ်ထုမျိုးနွယ်၏ အမှတ်အသားကို မြင်ရသည့်အချိန်မှာတော့သူသည်အနောက်ဘက်သို့ခြေလှမ်း အနည်းငယ်ဆုတ်သွားမိ၏။ သူသည်စိတ်လှုပ်ရှားစွာဖြင့်အော်လိုက်မိ၏။
“သ…သ”
“သရဲစစ်သူကြီး ၈ ယောက်တို့”
ကုန်းရှန့်သည် အော်ဟစ်လိုက်သည်။ “သူ့ကို ရိုက်တော့”
ဆွစ်ဆွစ် …။
ချက်ချင်းပဲ သူရဲစစ်သူကြီး ၈ယောက်တို့သည် မတူညီသည့်တည်နေရာအသီးသီးမှပျံသန်းရောက်ရှိလာပြီး ကုန်းစွန်းဟုန့်အား ဝိုင်းရံလိုက်၏။ ပြီးသည့်နောက် နှစ်တစ်သောင်း မွန်းစတားဘုရင်အား ရိုက်နှက်နှိပ်စက်သကဲ့ သို့ပင် ပြင်းပြင်းထန်ထန်နှင့် ရိုက်နှက်ကန်ကြောက်ခြင်းကို ပြုလုပ်တော့၏။
“………..”
ယုစီနန်၏ နှုတ်ခမ်းများသည်တုန်ယင်သွား၏။ ဂိုဏ်းချုပ်သည်သူ၏ သွေးမျိုးဆက်ကို အသက်သွင်းခဲ့၏။ထို့ကြောင့်ကုန်းစွန်းဟုန့်နှင့် အပြင်းအထန်တိုက်ခိုက်တော့မည်ဟု ထင်မှတ်ခဲ့၏။သို့ပေမဲ့တကယ်တမ်းမှာတော့သူရဲစစ်သူကြီး ၈ ဦးကို ခေါ်ဆောင်ကာ တိုက်ခိုက်ခိုင်းနေလေ၏။ သောက်ကျိုးနည်းလှချေသည်တကား။