အခန်း ၁၅၇၃
Vol. 106 Ch. 1573
အပိုင်း (၁၅၇၃)
ကျွင်းချောင်ရှောင်းသည်မူလအားဖြင့်ကုန်းစွန်းဟုန့်နှင့် တစ်ယောက်ချင်းတိုက်ခိုက်ရန်စီစဉ်ထားမိ၏။ သို့ပေမဲ့တစ်ဖက်လူသည် ရုတ်တရက်သူ၏ရှေ့ဆီသို့ရောက်ရှိလာပြီး လက်ကောက်ဝတ်ကို ဆွဲယူခဲ့၏။သူ့အနေနှင့် တုန့်ပြန်ရန်အချိန်ပင်မရခဲ့ချေ။
ထို့ကြောင့် ၎င်းတို့နှစ်ယောက်ကြားတွင် ကြီးမားလှသည့်ကွာခြားချက်ကြီးရှိကြောင်းကို နားလည်နိုင်မိ၏။ သူသည် ယုစီနန်အား တိုက်ခိုက်နိုင်စွမ်းရှိခဲ့သည်မှာ စည်းဓားမော့ကြီးရှိသောကြောင့်ပင်။ဤဝှက်ဖဲသာမရှိပါက ကုန်းရှန့်သည်အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ယောက် နှင့်ယှဉ်ပြိုင်ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ချေ။
“ထားလိုက်ပါတော့။”
နည်းလမ်းဟောင်းကြီးအတိုင်း အသုံးပြုရန်သာရှိတော့၏။ထို့ကြောင့်သူသည်သူရဲစစ်သူကြီး ၈ဦးကို ခေါ်ယူခဲ့တော့ ၏။
သူရဲစစ်သူကြီး ၈ဦးတို့သည် လျင်မြန်စွာဖြင့်လှုပ်ရှားခဲ့တော့၏။ ၎င်းတို့သည်ခံစားချက်ကင်းမဲ့နေသည့်လူသတ်သမားများကဲ့သို့ပင်ကုန်းစွန်းဟုန့်အား ဝိုင်းရံပြီးသည့်နောက်လက်သီး၊ခြေထောက်များကို အသုံးပြုကာဖြင့်ထိုးနှက် ရိုက်နှက်ကန်ကြောက်ခြင်းကို ပြုလုပ်ကြ၏။ မကြာခင်မှာပဲ ကုန်းစွန်းဟုန့်သည် ပြာနှမ်းနေအောင် ရိုက်နှက်ခံခဲ့ရ တော့သည်။
“………..”
ယုစီနန်သည်ကြောင်အသွား၏။ သူရဲစစ်သူကြီး ၈ ဦးတို့သည်အားကောင်းလှသည်ဆိုသည်မှာ မငြင်းပယ်နိုင်ချေ။သို့ပေမဲ့တိုက်ခိုက်ခံနေရသည့်အချိန်အတောအတွင်း တစ်ဖက်လူသည်တစ်ချက်ကလေးမှ ပြန်လည် မတိုက်ခိုက်ခဲ့ပေ။ ထိုမျှမကသေးပေ။ မြေပေါ်တွင်လဲလျောင်းလျက်ရှိနေပြီး ဖူးယောင်လျက်ရှိနေသည့်မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုက တည်ရှိလို့နေသေး၏။ ရိုက်နှက်ခံရပြီးသည့်နောက်သက်တောင့်သက်သာ ခံစားရသကဲ့သို့ပင် ဖြစ်လို့နေခဲ့၏။ဤအရာသည်သွေးဆူလွယ်လှသည့်လူတစ်ယောက်၏ပုံပန်းသွင်ပြင်မျိုးနှင့် မကိုက်ညီလှချေ။
“ဟ
ဟ ဟ
ဟား ဟားဟား …”
ကုန်းစွန်းဟုန့်သည်ခက်ခက်ခဲခဲဖြင့်ရယ်မောလျက်ရှိ၏။ သူသည်ပျော်ရွှင်စွာဖြင့်ရယ်မောနေခြင်းပင်ဖြစ်၏။
“ဒီလူရူးသွားပြီလား။ ဒီလောက်အရိုက်ခံလိုက်ရတာတောင်မှရယ်နေသေးတယ်။” တပည့်များသည်တစ်ယောက်နှင့်တစ်ယောက်တီးတိုးပြောဆိုနေကြ၏။ ရိုက်နှက်ခံရပြီးသည့်နောက်ပျော်ရွှင်စွာ ရယ်မောလျက်ရှိနေသေးသည့်ထူးဆန်းလှသည့်လူမျိုးကို ပထမဦးဆုံးအနေဖြင့်သူတို့ မြင်ဖူးခဲ့ခြင်းပင် ဖြစ်သည်။
“ချီးတဲ့မှ”
တစ်ဖက်လူသည်ရယ်မောလျက်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည်အေးစက်စက်ဖြင့်ပြောလိုက်၏။ “ဆက်ပြီးရိုက်ကြ။”
ဘန်း ဘန်း ဘန်း ….။
ဘန်း ဘန်း ဘန်း …။
ကြီးမားလှသည့်ခြေထောက်ကြီးများသည်တစ်ဖက်လူ၏ မျက်နှာပေါ်သို့နင်းချလျက်ရှိသည်။
မကြာခင်မှာပဲ ကုန်းစွန်းဟုန့်သည် ရွှံ့ကဲ့သို့ပင်မြေပေါ်တွင်လဲကျလျက်ရှိနေ၏။ သူသည်သတိလစ်မေ့မျောခါနီးအခြေအနေအထိ ရိုက်နှက်ခံထားရ၏။ သို့ပေမဲ့မျက်နှာပေါ်တွင်တော့အပြုံးတစ်ခုက တည်ရှိလို့နေသေး၏။
“ဒီလူဆီမှာ တုနန်ရဲ့ကြောင်လိုမျိုး ထူးဆန်းတဲ့စိတ်နေစိတ်ထားများ ရှိနေတာလား။”
ကျွင်းချောင်ရှောင်းသည်စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ “သရဲစစ်သူကြီးတို့သူ့ကို ထောင်ထဲထည့်လိုက်တော့။”
တစ်ဖက်လူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ရောက်ရှိလာပြီး ပြဿနာရှာခဲ့ပြီး တုနန်နှင့်ဟယ်ဝူတီတို့ကိုပင်သတိလစ်မေ့မျောအောင် ရိုက်နှက်ခဲ့၏။ထို့ကြောင့်ယုစီနန်၏မိတ်ဆွေဖြစ်ခြင်း၊ မဖြစ်ခြင်းသည်အရေးမပါတော့ချေ။ ချုပ်နှောင်ခံရပေတော့မည်။
“ရှောင်မို …. သူ့ကို ရှာလိုက်တော့။”
“ကောင်းပါပြီ။”
စုရှောင်မိုသည်ချက်ချင်းပြေးလာပြီး တစ်ဖက်လူအား ခေါင်းအစ ခြေအဆုံး ရှာဖွေတော့၏။ ပြီးသည့်နောက်ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ဒီလူ့ဆီမှာ သိုလှောင်လက်စွပ်တစ်ကွင်းတောင်ပါမလာဘူး။”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည်ထဆဲလိုက်မိသည်။ “ဒီလောက်မွဲပြာနေလား၊ တော်တော်မွဲတဲ့လူပဲ။”
ကျွီ
တံခါးပွင့်သွား၏။ ကုန်းစွန်းဟုန့်သည်စိတ်ဝိညာဉ်သားရဲဟောခန်း၏ အကျဉ်းထောင်ထဲသို့ပစ်ထည့်ခြင်းကို ခံလိုက်ရသည်။ပက်ပက်စက်စက်ထိုးနှက်ရိုက်နှက်ခိုင်းပြီးသည့်နောက်ကုန်းရှန့်၏ဒေါသတရားများသည်အနည်းငယ်ပြေလျော့သွားခဲ့၏။မဟုတ်ပါက သူသည်ထျန်းယွမ်အကျဉ်းထောင်ထဲသို့စေလွှတ်မိမှာ သေချာ၏။
နှစ်တစ်သောင်း မွန်းစတားဘုရင်သည်တံခါးကို သော့ခတ်ပြီးသည့်နောက်အေးစက်စက်ဖြင့်ပြောလိုက်သည်။ “ဘယ်လိုဖြစ်ပြီးတော့ ပြိုင်စံရှားဂိုဏ်းဆီလာပြီး ပြဿနာရှာရဲရတာလဲ။ အသက်ရှင်ရတာ ပျင်းနေလို့လား။”
ကျိသည်လေ့ကျင့်ရန်အတွက်ဓားတောင်နှင့်မီးပင်လယ်လေဝဲ ထဲသို့ဝင်ရောက်သွားခဲ့၏။ထို့ကြောင့် ကျွင်းချောင်ရှောင်းသည်သူ့အား စိတ်ဝိညာဉ်သားရဲဟောခန်း၏ အတွင်းရေးကိစ္စရပ်များကို စီမံခန့်ခွဲရန်တာဝန်ပေးထား၏။
ဟုတ်ပေသည်။သူ့အနေနှင့် ယခင်ဟောခန်းသခင်ချန်ထားခဲ့သည့်တာဝန်ဖြစ်သော အိမ်သာဆေးသည့်ကိစ္စရပ်ကို တော့ ပြုလုပ်ရသေး၏။ နှစ်တစ်သောင်းမွန်းစတားဘုရင်သည် ပြိုင်စံရှားဂိုဏ်းဆီသို့ဝင်ရောက်သည်မှာ အချိန်အနည်းငယ်သာ ကြာမြင့်သေးသည်ဆိုသော်လည်း သူသည်အမှန်ပင်လိုက်လျောညီထွေရှိနေပြီး ဂိုဏ်း၏ တာဝန်များကို လိုလိုချင်ချင်ဖြင့် ပြုလုပ်နေ၏။ အဘယ့်ကြောင့်ဆိုသော်အရသာရှိလွန်းလှသော အစားအစာများကြောင့်ပင်။
သားရဲများသည်လုံလောက်သည့်အစားအစာနှင့်နေရာကို မပေးထားပါက ကျေးကျွန်အဖြစ် ပြုလုပ်လိမ့်မည်မဟုတ်ချေ။
“ဂိုဏ်းချုပ်”
အဓိကဟောခန်းထဲမှာတော့ယုစီနန်သည်စိုးရိမ်ပူပန်စွာဖြင့်ပြောလိုက်၏။ “ကုန်းစွန်းဟုန့်က တကယ့်ကို စိတ်တိုတတ်တဲ့လူတစ်ယောက်လေ။ အကျဉ်းထောင်ထဲမှာ သူ့ကို ရေရှည်ထိန်းထား လို့မဖြစ်ဘူး။ သူ့ကို လွှတ်ပေးလိုက်တာမကောင်းဘူးလား။”
“ဟမ့်”
ကုန်းရှန့်၏ဒေါသတရားများသည်အလုံးစုံ မပြေပျောက်သေးချေ။ထို့ကြောင့်အေးစက်စက်ပြောလိုက်မိသည်။ “ကျုပ် လူတွေကို ရိုက်နှက်ပြီးမှတော့ တစ်စုံတစ်ခုမမေးဘဲ ပြန်သွားခိုင်းလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ။”
နတ်ဆိုးသတ်ဖြတ်သူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့်ကုန်းရှန့်သည်ကုန်းစွန်းဟုန့်အား သတ်ဖြတ်ပစ်ရန်တော့ရည်မှန်းချက်မရှိချေ။သို့ပေမဲ့ဆိုးရွားလှသည့်အရာများကို လာရောက်ပြုလုပ်ပြီးဖြစ်သောကြောင့်အပြစ်ပေး ခြင်းကို ခံရပေမည်။
“ကျုပ်သိသလောက်ဆိုရင်”
ယုစီနန်က ပြောလိုက်၏။ “ဒီလူက လောင်းကစားလုပ်ရတာကို နှစ်သက်တယ်။ ပြီးတော့လောင်းကစားလုပ်တိုင်း ရှုံးနိမ့်နေတာပဲ။ ဒါကြောင့်သူ့ဆီမှာ ဘာငွေကြေးမှမရှိဘူး။”
“ဒါဆိုရင်ပိုတောင်ကောင်းသေးတယ်။”
ကျွင်းချောင်ရှောင်းသည်တည်ငြိမ်စွာ ပြောလိုက်သည်။ “ပိုက်ဆံမပေးနိုင်ဘူးဆိုရင်ဂိုဏ်းအတွက်အလုပ်လုပ်ရမှာပေါ့။”
လက်ရှိအခြေအနေမှာတော့ဂိုဏ်းသည်ပိုက်ဆံမလိုအပ်ချေ။ကုန်းစွန်းဟုန့်သည်သာ ပိုက်ဆံကို မပေးပါက သူ့အနေနှင့် ဂိုဏ်း၏ ဝေယျာဝစ္စများကို ခိုင်းစေရန်စဉ်းစားထား၏။
“သူ့ကို ခိုင်းစေဖို့ဆိုတာ ပိုတောင်ခက်အုံးမယ်။” ယုစီနန်သည်သူ၏မိတ်ဆွေဟောင်းကြီးအကြောင်းကို ကောင်းကောင်းသိ၏။ တစ်ဖက်လူသည်ဒေါသကြီးလှသည်သာမက ဂုဏ်သိက္ခာကိုလည်း ဂရုစိုက်တတ်သူတစ်ယောက်ဖြစ်သည်။ဂိုဏ်းထဲတွင်တောက်တိုမယ်ရများ ခိုင်းစေခြင်း ကို ပြုလုပ်ရသည်ထက် သတ်ဖြတ်ခံလိုက်ရခြင်းကိုသာ လိုလားမည်ဖြစ်ကြောင်းကို သူက သိရှိသည်။
“စိတ်မပူနဲ့။”
ကျွင်းချောင်ရှောင်းသည်ထူးဆန်းစွာ ပြုံးလိုက်၏။ ပြီးနောက် ယုံကြည်ချက်ရှိစွာဖြင့်ပြောလိုက်၏။ “ကျုပ် လက်ထဲကို ရောက်လာတဲ့လူတွေက ဘယ်လောက်ခေါင်းမာတာပဲဖြစ်ဖြစ်၊မလွတ်မြောက်နိုင်ဘူး။”
………..
ကျွီ
နောက်တစ်ရက်မှာတော့ထောင်၏တံခါးသည်ပွင့်သွားသည်။ရှောင်ကျီသည်အရင်ဆုံးလျှောက်ဝင်လာခဲ့ပြီးသည့်နောက်ထိုင်ခုံကို အသာချလိုက်သည်။
ကျွင်းချောင်ရှောင်းသည်ထိုထိုင်ခုံပေါ်သို့ထိုင်ချပြီးသည့်နောက်လက်ကို အသာ ယမ်းခါလိုက်၏။စုရှောင်မိုသည်ချက်ချင်းရှေ့ကို သွားပြီးသည့်နောက်သတိလစ်လျက်ရှိနေသည့်ကုန်းစွန်းဟုန့်အား ကိုးများဖြင့်ချည်နှောင်လိုက်၏။
ဝှစ် …။
ရေအေးအေးနှင့် တစ်ဖက်လူ၏ မျက်နှာကို ပက်လိုက်၏။ကုန်းစွန်းဟုန့်သည်နဝေတိမ်တောင်ဖြင့်မျက်လုံး ဖွင့်ကြည့်လာခဲ့၏။သူ၏ မြင်ကွင်းရှေ့တွင် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရသည့်အချိန်မှာတော့မနေ့ကဖြစ်ခဲ့သည့်အကြောင်းအရာများကို ပြန်လည်ကာ သတိရသွားမိ၏။ သူ၏ မျက်နှာပေါ်တွင်စိတ်လှုပ်ရှားနေသည့်အမူအရာများ ပြန်လည်ဖြစ်တည်လာပြန်သည်။
“သ …သ…”
“လိုရင်းကို ပြောမယ်။သူ့ကို ထပ်ရိုက်လိုက်။”
ဘုန်း ဘုန်း
စုရှောင်မိုသည်ကုန်းစွန်းဟုန့်အား အားရပါးရထပ်မံကာ ရိုက်နှက်ပြန်သည်။ ပြီးသည့်နောက်ကုန်းစွန်းဟုန့်သည်သတိလစ်မေ့မျောသွားခဲ့၏။
ဝှစ်
ရေအေးနှင့် ထပ်မံကာ ပက်လိုက်သည်။ဤတစ်ကြိမ်မှာတော့ ကျွင်းချောင်ရှောင်းသည်အခွင့်အရေးကို အရယူကာဖြင့်အရင်ဆုံးပြောလိုက်၏။ “စကားပြောစရာမလိုဘူး။ ကျုပ် ပြောတာကိုပဲ နားထောင်။”
“………..”
ကုန်းစွန်းဟုန့်သည်ပါးစပ်ကို တင်းတင်းစေ့ထား၏။ သူ၏ မျက်လုံးများတွင်တော့စိတ်လှုပ်ရှားမှုများနှင့် တောက်ပလျက်ရှိနေသည်။
စုရှောင်မိုနှင့် ရှောင်ကျီတို့သည်ဆွံ့အလျက်ရှိနေ၏။ ဤလူသည်ထူးဆန်းသည့်ရောဂါများရှိနေသည်လားမသိချေ။ ရိုက်နှက်ခံရပြီးသည့်နောက်စိတ်လှုပ်ရှားလျက်ပင်ရှိနေသေး၏။
“ခင်ဗျားက ကျုပ်ရဲ့ဂိုဏ်းက တပည့် ၂ယောက်နဲ့အကြီးအကဲတစ်ယောက်ကို ဒဏ်ရာရရှိအောင်လုပ်ခဲ့တယ်။ဒီတော့ခင်ဗျား ဆေးဖိုးဝါးခ ပြန်ပေးရမယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မငြင်းဘူးဆိုရင်ခေါင်းညိတ် ၊ ငြင်းချင်တယ်ဆိုရင် ခေါင်းခါလိုက်။”
ကုန်းစွန်းဟုန့်သည်ခေါင်းညိတ်လိုက်၏။
အကျဉ်းထောင်၏အပြင်ဘက်တွင်ရပ်လျက်ရှိနေသည့်ယုစီနန်သည် ရုတ်တရက်မျက်လုံးပြူးသွားမိ၏။ တစ်ဖက်လူသည်ဆေးဖိုးဝါးခပေးရန်တကယ်ပဲ သဘောတူလျက်ရှိနေ၏။ မယုံကြည်နိုင်စရာပင်။
ကုန်းရှန့်သည်လည်း အံ့အားသင့်သွားမိသည်။ ကုန်းစွန်းဟုန့်သည်တကယ်ပင်မာကြောပြီး သတ္တိကောင်းလှသည့်လူတစ်ယောက်ဟု သူက ထင်မှတ်ခဲ့၏။ဤကဲ့သို့ကြောက်လန့်လိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။
“ပိုက်ဆံရှိတယ်ဆိုရင်ခေါင်းညိတ်၊ မရှိဘူးဆိုရင်ခေါင်းခါ။”
ကုန်းစွန်းဟုန့်သည်ခေါင်းခါလိုက်၏။
ကျွင်းချောင်ရှောင်းသည်သူ၏ လက်များကို ယှက်ကာဖြင့်လေးလေးနက်နက်ပြောလိုက်သည်။ “ခင်ဗျားဆီမှာ ဆေးဖိုးလည်း ပေးစရာမရှိဘူးဆိုတော့ဂိုဏ်းထဲမှာ နေပြီးတော့တောက်တိုမယ်ရတွေလုပ်ရလိမ့်မယ်။သဘောတူတယ်ဆိုရင်ခေါင်းညိတ်၊ သဘောမတူဘူးဆိုရင်ခေါင်းခါ။”
“ဒီလူရဲ့အမူအကျင့်အရဆိုရင်သဘောတူတယ်ဆိုရင်ထူးဆန်းနေပြီ။” ယုစီနန်သည်တီးတိုးရေရွတ်မိ၏။
ထိုအချိန်မှာပဲ ကုန်းစွန်းဟုန့်သည်ခက်ခက်ခဲခဲဖြင့်ခေါင်းညိတ်လိုက်၏။ဤအရာသည်သူ့အား အမှန်ပင်ဆွံ့အ သွားစေသည်။
အစ်ကိုကြီး …ခင်ဗျား ဒီလောက်ကြောက်တတ်သလား။
ကျွင်းချောင်ရှောင်း၏ မျက်နှာပြင်မှာလည်း စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားခဲ့၏။မူလအားဖြင့်အားကောင်းလှသော ဤနတ်ဆိုးသတ်ဖြတ်သူအား သူသည်ဂိုဏ်းအတွက်ခေါ်ယူချင်မိ၏။ သို့ပေမဲ့တစ်ဖက်လူသည်နှစ်ခါလောက် ရိုက်နှက ပြီးသည့်နောက်မှာတော့ဇွဲသတ္တိကင်းမဲ့စွာဖြင့်အရာအားလုံးကို အညံ့ခံလျက်ရှိနေသည်။
“ဒီလိုလုပ်ရအောင်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျားရဲ့ဝိညာဉ်အရင်းအမြစ်ကို ကမ်းပေး။”
ကုန်းစွန်းဟုန့်သည်အလွန်ကြောက်လန့်တတ်သူတစ်ယောက်ဖြစ်၏။ထိုအရာသည်ကုန်းရှန့်အား အမှန်ပင်စိတ်ဓာတ်ကျစေခဲ့၏။ထို့ကြောင့်သူသည်ဂိုဏ်းထဲသို့ခေါ်ဆောင်ရန်မစဉ်းစားတော့ချေ။ထိုအစား ထိန်းချုပ်နိုင်ရန်အတွက်ဝိညာဉ်အရင်းအမြစ်ကိုသာ လိုချင်မိ၏။ သူသည်တစ်ဖက်လူအား ကျေးကျွန်အဖြစ်အသုံးပြုချင်မိသည်။
ယုစီနန်သည်မျက်မှောင်ကုတ်မိသွား၏။ ဝိညာဉ်အရင်းအမြစ်ကို ကမ်းပေးလိုက်ခြင်းဆိုသည်မှာ တစ်စုံတစ်ယောက်အား အသက်ကို ဝကွက်အပ်ထားခြင်းနှင့် ဆင်တူလှ၏။ထိုအရာကို သိုင်းကျင့်ကြံသူများသည်မည်သို့မှလက်မခံ ကြချေ။ ထိုကဲ့သို့တောင်းဆိုသည်ကို ကြားရသည်ဆိုပါက ကျိန်းသေပေါက်ဒေါသထွက်ပေလိမ့်မည်။
“ချီးတဲ့မှ ….ဘာလို့ထပ်ပြီး ခေါင်းညိတ်ရပြန်တာလဲ။”
ကုန်းစွန်းဟုန့်ချက်ချင်းခေါင်းညိတ်လိုက်သည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည်လည်း ဆွံ့အလျက်ရှိနေမိ၏။
သိုင်းကျင့်ကြံသူများဆီမှဝိညာဉ်အရင်းအမြစ်ကို တောင်းခံခြင်းအား သူရင်းနှီးပြီးသားဖြစ်၏။သို့ပေမဲ့ထိုကဲ့သို့တောင်းခံသည့်နေရာတွင်တစ်ဖက်လူသည်အလွန်ပြင်းထန်သည့် ခြိမ်းခြောက်မှုများကို ခံရပြီး ခက်ခဲသည့်အခြေအနေမျိုးကို ကြုံဆုံရသောကြောင့် မဖြစ်မနေပေးအပ်ခဲ့ခြင်းများသာ ဖြစ်၏။ ဤကဲ့သို့ပူးပေါင်းဆောင်ရွက်စွာ ဝိညာဉ်အရင်းအမြစ်ကို ပေးအပ်နေသည်ကိုတော့သူပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းသာ ဖြစ်သည်။
ပြောရမည်ဆိုလျှင်ဤလူသည်စုရှောင်မို၏ ရိုက်နှက်ခြင်းကို ခံရပြီးသည့်နောက်မှာတော့အမှန်ပင်လိမ္မာလို့သွားခဲ့တော့၏။
သို့မဟုတ် ကျွင်းချောင်ရှောင်းသည်အလွန်အားကောင်းလွန်းလှသော ဆွဲဆောင်ခြင်း အော်ရာများ တည်ရှိနေသည်လား။ သူ့ကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့်သိုင်းကျင့်ကြံသူများသည်အလိုအလျောက်အညံ့ခံချင် စိတ်ပေါက်သည့် သွင်ပြင်အမူအရာမျိုးကို ပိုင်ဆိုင်သည့်လူတစ်ယောက်ဖြစ်နေလေသည်လား။