အခန်း ၁၅၇၄
Vol. 106 Ch. 1574
အပိုင်း (၁၅၇၄)
ဆွစ် …။
အလင်းတန်းတစ်ခုသည်ကုန်းစွန်းဟုန့်၏ ခန္ဓာကိုယ်ဆီမှထွက်ခွာလာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ လက်ချောင်းများဆီသို့ရောက်ရှိလာ၏။ သူ၏ မျက်နှာပေါ်တွင်အပြုံးတစ်ခု ဖြစ်တည်လာခဲ့တော့၏။ ဤနတ်ဆိုး သတ်ဖြတ်သူသည်သရဲဘောကြောင်လွန်းလှသည်ဆိုသော်လည်း ဝိညာဉ်အရင်းအမြစ်ကို ထိန်းချုပ်ပြီးပြီဆိုမှတော့သူ၏စိတ်နှင့် ထိန်းချုပ်၍ရနိုင်သော ကျေးကျွန်တစ်ယောက်ကို ရရှိခဲ့ခြင်းပင်။
“အား ….”
ယုစီနန်သည်ခေါင်းကို ခါယမ်းကာဖြင့်သက်ပြင်းချလိုက်မိ၏။ မည်မျှသရဲဘောကြောင်လိုက်သနည်း။ နတ်ဆိုး သတ်ဖြတ်သူတို့၏ဂုဏ်ပုဒ်နှင့်ပင်မထိုက်တန်လှချေ။
“သူ့ကို ကြိုးဖြေပေးလိုက်။”
ခလွပ်ခလွပ်ခလွပ်
ချိန်းကြိုးသည်ပြေသွားခဲ့၏။ကုန်းစွန်းဟုန့်သည်အားပျော့စွာဖြင့်မြေပေါ်သို့လဲကျလာခဲ့၏။ ပြီးနောက်သူသည်ခက်ခက်ခဲခဲဖြင့်မြေပေါ်သို့ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီး ရင်ဘတ်ပေါ်သို့လက်တင်ကာဖြင့်လေးလေး စားစားနှင့်ပြောလိုက်၏။ “နှုတ် … နှုတ်ဆက်ပါတယ်။သခင်လေး”
“သခင်လေး ဟုတ်လား။”
ကျွင်းချောင်ရှောင်းသည်စိတ်ဝင်တစားဖြင့်ပြောလိုက်မိသည်။ “ဒါက နာမည်ကောင်းတစ်ခုပဲ။”
သူ့အား ဂိုဏ်းချုပ်၊ဆရာ၊ သခင်လေး စသည်ဖြင့်မည်သို့ပင်ခေါ်ခေါ်ကုန်းရှန့်သည်ဂရုစိုက်လိမ့်မည်မဟုတ်ချေ။အဘယ့်ကြောင့်ဆိုသော်ကုန်းစွန်းဟုန့်သည်သူ၏ ကျေးကျွန်အဖြစ်မှပြောင်းလဲမသွားနိုင်သောကြောင့်ပင်။ထို့အပြင်သခင်လေးဟု ခေါ်ဆိုခြင်းသည်သူ့အား ငယ်ရွယ်သည်ဟု ပုံစံပေါက်၏။
“ထတော့။”
“ကောင်းပါပြီ။”
ကုန်းစွန်းဟုန့်သည်မတ်တပ်ထရပ်လိုက်၏။သို့ပေမဲ့သူရဲစစ်သူကြီးများ၏ ဆိုးဆိုးရွားရွားရိုက်နှက်ခြင်းကို ခံထားရသောကြောင့်ချက်ချင်းပင်မြေပေါ်သို့လဲကျကာ သတိလစ်မေ့မျောသွားခဲ့သည်။
“ရှောင်မို”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သူ့ကို အကျဉ်းထောင်ထဲက ခေါ်ပြီးတော့အခန်းတစ်ခန်းစီစဉ်ပေးလိုက်။”
“ကောင်းပါပြီ။”
စုရှောင်မိုသည်ကုန်းစွန်းဟုန့်အား ထမ်းကာဖြင့်စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ “ဒီလို အားကောင်းလွန်းလှတဲ့အစစ်အမှန်ရှာဖွေခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတိလစ်အောင် ရိုက်ခဲ့ရ တယ်။ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲ။”
ဟား ဟား ဟား ဟား
ကုန်းစွန်းဟုန့်သည်တပည့်များ နေထိုင်ရာ တောင်ထွတ်ပေါ်သို့ရောက်ရှိလာခဲ့၏။သူ့အနေနှင့် ကိုယ်ပိုင်ခြံဝန်းမရှိဘူး ဆိုသော်လည်း ရရှိခဲ့သည့်အခန်းမှာတော့မဆိုးလှချေ။ထို့အပြင်ဤကဲ့သို့သော အခန်းမျိုးကို ဖန်တီးတည်ဆောက်ထားသူသည်လီချင်းယန်ဖြစ်နေသည်မဟုတ်ပါလား။
ရက်အနည်းငယ်အနားယူပြီးသည့်နောက်ဒဏ်ရာများသည် ပြန်လည်ကာ ကောင်းမွန်လာခဲ့၏။
ဘုတ်
တစ်ရက်မှာတော့ကုန်းစွန်းဟုန့်သည်အဓိကဟောခန်းဆီသို့ရောက်ရှိလာပြီး ဒူးတစ်ဖက်ထောက်ကာဖြင့်လေးလေး စားစားပြောလိုက်၏။ “သခင်လေး။ ကျေးဇူးပြုပြီး ကျုပ်ရဲ့ဂါရဝပြုမှုကို လက်ခံပါ။”
“………”
တိုက်ဆိုင်စွာဖြင့်ယုစီနန်သည်လည်း ဤတည်နေရာတွင်ရောက်ရှိနေ၏။ သူသည်ဂိုဏ်းချုပ်နှင့်အတူ တစ်ချို့သော အရေးကြီးကိစ္စရပ်များကို ဆွေးနွေးနေခဲ့ခြင်းပင်ဖြစ်၏။ကုန်းစွန်းဟုန့်ရောက်ရှိလာခဲ့ပြီး ဂိုဏ်းချုပ်အား လေးလေးစားစားနှင့် ဦးညွှတ်ဂါရဝပြုနေသည်ကို မြင်ရသည့်အချိန်မှာတော့သူသည်အမှန်ပဲ ဆွံ့အနေမိသည်။ ဝိညာဉ်အရင်းအမြစ်ကို ထိန်းချုပ်ခံထားရသည်ဆိုလျှင်တောင်မှဤမျှလေးလေးစားစားဖြင့်အချိန်တိုင်း ဦးညွှတ်နေစရာ မလိုအပ်ချေ။
“အဘိုးကြီးဟုန့်”
ကျွင်းချောင်ရှောင်းသည်မျက်မှောင်ကုတ်ကာဖြင့်ပြောလိုက်၏။ “ခင်ဗျားနဲ့ ကျုပ်က သခင်နဲ့ကျေးကျွန်ဆိုပေမဲ့တွေ့တဲ့အချိန်တိုင်း ဒီလိုမျိုး ဦးညွှတ်နေဖို့တော့မလိုဘူး။”
“မဟုတ်ဘူး”
ကုန်းစွန်းဟုန့်၏ အကြည့်များသည်တည်ကြည်ခိုင်မာလျက်ရှိနေ၏။ သူက ပြောလိုက်သည်။ “ဂိုဏ်းချုပ်က ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့သခင်လေးလေ။ ကလန်သားတစ်ယောက်အနေနဲ့ ကျုပ်က တွေ့တိုင်း ဦးညွှတ်ရမှာ သဘာဝပဲ။ ဒါက ကျုပ်တို့ဘိုးဘေးတွေချမှတ်ခဲ့တဲ့စည်းမျဉ်းပါပဲ။”
“စည်းမျဉ်းဆိုတာ လူတွေက လုပ်တာလေ။ ဘာကြောင့်ဒီဟာနဲ့ပတ်သက်ပြီးတော့ ……”
ကျွင်းချောင်ရှောင်း၏ အမူအရာသည်အေးခဲသွား၏။ ပြီးနောက်သူက ပြောလိုက်သည်။ “ဘာ … ခင်ဗျား ခုနတုန်းက ဘာပြောလိုက်လဲ။ ကျောက်ရုပ်ထု မျိုးနွယ်ကလန်ဟုတ်လား။”
ကုန်းစွန်းဟုတ်က ပြောလိုက်၏။ “သခင်လေးပါ။”
ခလွမ် ..။
လက်ဖက်ရည်ခွက်သည်မြေပေါ်သို့ ပြုတ်ကျသွားသည်။
ယုစီနန်သည်လည်း ဆွံ့အလျက်ရှိနေ၏။ စောနတုန်းက သူသည်ပြိုင်စံရှားဂိုဏ်းချုပ် နှင့်ကျောက်ရုပ်ထု မျိုးနွယ်ကလန်၏သခင်လေးဆိုသည့်အကြောင်းအရာများကို သူသည်မည်သို့မှတည့်တည့်မတ်မတ်မစဉ်းစားနိုင်ခဲ့ချေ။
“ချီးတဲ့မှ”
စနစ်သည်ထကာ တွေးလိုက်မိ၏။ “လက်ခံသူ ခန့်မှန်းတာ မှန်နေပြီလား။ ဘယ်သူမှမသိတဲ့တော်ဝင်နောက်ခံ နဲ့လူများလား။”
…………
တစ်နာရီလောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည်ထိုင်ခုံပေါ်တွင်ငူငူငေါင်ငေါင်ဖြင့်ထိုင်လျက်ရှိ၏။ သူသည်လက်ကို အသာမြှောက်ကာဖြင့်မျက်နှာကို အကြိမ်အနည်းငယ်လောက်ပုတ်လိုက်၏။ “ငါ အိပ်မက်မက်နေတာလား။”
“ပြင်းပြင်းရိုက်ကြည့်စမ်းကွာ” စနစ်သည်အမြင်ကပ်ကပ်ဖြင့်မြှောက်ပေးလိုက်သည်။
စားပွဲ ၏ထိပ်တွင်ထိုင်လျက်ရှိနေသည့်ယုစီနန်သည်တည်ကြည်စွာဖြင့်ပြောလိုက်မိ၏။ “ဒါဆိုရင်ဂိုဏ်းချုပ်က ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့သခင်လေးလည်းဖြစ်နေတာလား။ ဒါအံ့အားသင့်စရာကောင်းလွန်းတယ်။”
ဟားဟား ဟားဟား
ကုန်းရှန့်သည် ရူးကြောင်ကြောင်နှင့်ထကာ ရယ်မောလိုက်၏။အရိုးသားဆုံး ပြောရမည်ဆိုလျှင်ကုန်းစွန်းဟုန့်ဆီမှဤစကားကို ကြားရပြီးသည့်နောက်သူကိုယ်တိုင်သည်လည်း အလွန်အမင်း အံ့ဩသွားခဲ့သည်။
“အဘိုးကြီးဟုန့်”
ကျွင်းချောင်ရှောင်းသည်လေးနက်တည်ကြည်စွာဖြင့်ပြောလိုက်မိ၏။ “ခင်ဗျားက သေချာလို့လား။”
အတိတ်တုန်းကသာဆိုလျှင်သူသည်မိုးကောင်းကင်အင်ပါယာ၏ သားတစ်ယောက်အဖြစ်အိပ်မက်မက်ခဲ့ဖူး၏။ ယခု အခွင့်အရေးသည်ရောက်ရှိလာခဲ့၏။သို့ပေမဲ့အခွင့်အရေးရောက်ရှိလာသည့်အချိန်မှာတော့သူသည်သံသယ စဝင်လာခဲ့သည်။
ကုန်းစွန်းဟုန့်က ပြောလိုက်၏။ “ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့စည်းက သခင်လေးရဲ့လက်မှာ ရှိနေတယ်လေ။ ဒါအကောင်းဆုံးသက်သေပဲ။ သခင်လေးက မိသားစုခေါင်းဆောင်ရဲ့သားတစ်ယောက်ပဲ။ ဘယ်သူ့မှဒီအရာကို အတု ပြုလုပ်လို့မရသလို အစားထိုးလို့လည်းမရဘူး။”
ကျွင်းချောင်ရှောင်းသည်အလောတကြီးနှင့် သူ၏ ညာဘက်အင်္ကျီလက်ကို အသာဆွဲမကာ ကြည့်ရှုလိုက်၏။ဤနေရာတွင်ထူးခြားလှသည့်စည်းတစ်ခုသည်တည်ရှိနေ၏။ နတ်ဆိုးရေစက်နယ်မြေတွင်သွေးမျိုးဆက်နိုးထလာခဲ့ပြီးသည့်နောက်ဤအရာ ပေါ်ပေါက်လာခဲ့၏။ထိုအချိန်က ကုန်းရှန့်သွေးမျိုးဆက်နိုးထလာခဲ့သည့်သင်္ကေတတစ်ခုခုဟုသာ တွေးတောခဲ့၏။အများကြီးမစဉ်းစားခဲ့ချေ။သို့ပေမဲ့ ကြည့်ရသည်မှာ သခင်လေး၏ ဂုဏ်ပုဒ်ကို ကိုယ်စားပြုသည့်အရာ ဖြစ်လို့နေခဲ့သည်။
“မဟုတ်သေးဘူး။”
ကျွင်းချောင်ရှောင်းသည်သူ၏ မျက်နှာကို ပိတ်ရိုက်ကာဖြင့်ပြောလိုက်၏။ “ဒါက နည်းနည်းရှုပ်ထွေးသွားပြီ။”
သူသည်မနက်အစောကြီးကတည်းက နိုးနေခြင်းဖြစ်ပြီး ဘာတစ်ခုမှလည်း မစားရသေးချေ။ ရုတ်တရက်တစ်စုံတစ်ယောက်သည်သူ့အား ကျောက်ရုပ်ထု မျိုးနွယ်ကလန်ဆီမှသခင်လေးဟု ပြောဆိုနေ၏။ ထိုအရာကို သူမည်သို့မှအသားမကျသလို ခံစားနေရသည်။
“သခင်လေး”
ကုန်းစွန်းဟုန့်က ပြောလိုက်၏။ “သခင်လေးက ကျောက်ရုပ်ထုမျိုးနွယ်ကလန်ကနေပြီးတော့မွေးကာစကတည်းက ထွက်ခွာသွားခဲ့တာလေ။ ဒီတော့ ဘယ်သူဖြစ်တယ်ဆိုတာ မသိတာ သဘာဝပါပဲ။”
ဟားဟား ဟား ဟားဟား
ဟားဟား ဟား ဟားဟား
အကြိမ်အနည်းငယ်လောက်တွေးတောစဉ်းစားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်ထိုင်ခုံ၏ အရှေ့တွင်ဆောင့်ကြောင့်ထိုင်ကာဖြင့်ဦးခေါင်းကို ငုံ့ပြီး ရယ်မောလျက်ရှိနေ၏။ သူ ကျွင်းချောင်ရှောင်းသည်အမှန်တကယ်ပဲ သာမန်ထက်ပိုသည့်ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူ ဖြစ်လို့နေခဲ့သည်။
“ဒီကောင်တော့ ရူးပြီပဲ။” စနစ်သည်ဆွံ့အလျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည်စိတ်လွတ်ချင်လည်း စိတ်လွတ်ချင်စရာပင်ဖြစ်၏။အဘယ့်ကြောင့်ဆိုသော်ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆိုသည်မှာ နဂါးကလန်၊နတ်ဆိုးကလန်နှင့်အတူ ကြီးမားလှသည့် ကလန်ကြီး သုံး ခုထဲမှတစ်ခုလည်းဖြစ်၏။အထက်နယ်မြေတွင် မြင့်မားလွန်းလှသည့်ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူ လည်း ဖြစ်လို့နေခဲ့၏။ ထိုကလန်၏သခင်လေးဆိုသည့်ဂုဏ်ပုဒ်သည်ကျိန်းသေပေါက် ကြီးမားလှသည့် ဖြစ်တည်မှုပင် ဖြစ်လိမ့်မည်။
“နတ်ဆိုးဘိုးဘေးကြီးလား ။ ငါ ဘာကို ကြောက်ရမှာလဲ။ အင်မော်တယ်ဂိုဏ်းတွေလား။ ငါ ဘာကို ကြောက်ရမှာလဲ။”
ဟားဟား ဟားဟားဟား
ကုန်းရှန့်၏ရယ်သံသည်ပြောင်းလဲသွားခဲ့ပြန်၏။သူ၏ ရယ်သံသည်မိစ္ဆာတစ်ကောင်၏ရယ်သံကဲ့သို့ပင် ဖြစ်ပွားလာခဲ့၏။
ယုစီနန် နှင့်ကုန်းစွန်းဟုန့်တို့သည်မည်သို့မှမနေနိုင်ဘဲ ကြက်သီးများပင် ထလာမိသည်။
“သွားကြရအောင်။”
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏“အိမ်ပြန်ကြမယ်။”
သူ မည်သူ ဖြစ်သည်ကို သိရှိပြီးသည့်နောက်ကျိန်းသေပေါက်ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏နယ်မြေဆီသို့သွားရပေလိမ့်မည်။ ပြီးနောက်မျိုးနွယ်စုများ၏ ကိုးကွယ်မှုကို ကျိန်းသေပေါက်လက်ခံပြီး ကလန်ခေါင်းဆောင်ဆိုသည့်ရာထူးကို အမွေဆက်ခံရပေလိမ့်မည်။
“သွားလို့မရဘူး။”
ကုန်းစွန်းဟုန့်သည်နာနာကျင်ကျင်နှင့်ပြောလိုက်၏။
ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နှလုံးခုန်သံများသည် မြန်ဆန်လာခဲ့၏။သူက တွေးလိုက်မိ၏။ “ပုံမှန်အရဆိုရင်ဂုဏ်သိက္ခာကြီးမားလှတဲ့တစ်စုံတစ်ယောက်က ပြင်ပလောကထဲကို ရောက်နေတယ်ဆိုတော့အထဲမှာ တစ်စုံတစ်ခု ဖြစ်ခဲ့တာပဲ နေမယ်။ဒီတော့ကျောက်ရုပ်ထုမျိုးနွယ်ကလန်ထဲမှာ ပြဿနာတစ်ခုခု ရှိနေနိုင်တယ်။ရည်မှန်းချက်ကြီးမားတဲ့လူတစ်ယောက်ယောက်က ကျောက်ကျောက်ရုပ်ထုမျိုးနွယ်ကလန်တစ်ခုလုံးကို စိုးမိုးထားရတာလည်း ဖြစ်နိုင်တယ်။ ဒါဆိုရင်အထဲကို သွားလိုက်တာနဲ့ငါလည်း အန္တရာယ်ရှိနိုင်တယ်။”
စနစ်သည်ဝင်ရောက်ကာ ပြောဆိုချင်သော်လည်း ဤအရာမှာ ဖြစ်နိုင်ဖွယ်ရာတစ်ခုဖြစ်ကြောင်းတော့ ဝန်ခံလိုက်မိ၏။ မဟုတ်ပါက မျိုးနွယ်ကလန်တစ်ခုလုံး၏ သခင်လေးသည်ဘာအကြောင်းမှမရှိဘဲ အပြင်ဘက်သို့ရောက်ရှိနေစရာ အကြောင်းမရှိပေ။
“ဒီလိုဆိုရင်”
ကျွင်းချောင်ရှောင်းသည်သတိအပြည့်ဖြင့်ပြောလိုက်၏။ “ဆိုလိုတာ နောက်ထပ်ကြီးမားတဲ့ ပြဿနာကြီးတစ်ခု ရှိနေအုံးမှာလား။”
“အင်း လက်ခံသူ အနေနဲ့ဒီပြဿနာကြီးကို သွားပြီးတော့ဖြေရှင်းပေးနိုင်တဲ့အခြေအနေတစ်ခု ရောက်ရှိလာတာကို စောင့်မျှော်နေတာလည်း ဖြစ်နိုင်တယ်။” စနစ်က ပြောလိုက်သည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည်စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်မိ၏။ “ဒါဆိုရင်သခင်လေးမဖြစ်တာက ပိုကောင်းမယ်နဲ့တူတယ်။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်အတွင်း၌ တစ်စုံတစ်ခု အမှန်တကယ်ဖြစ်ပွားခဲ့သည်ဆိုလျှင်သူ့အနေနှင့် မျိုးနွယ်စုများ၏ တာဝန်ကို ကျိန်းသေပေါက်ထမ်းဆောင်ရပေတော့မည်။ထိုသို့ဆိုလျှင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြုလုပ်ရန် နှောင့်နှေးနေပေလိမ့်မည်။
“သခင်လေး”
ကုန်းစွန်းဟုန့်က ပြောလိုက်၏။ “ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ ဝင်ပေါက်က ခြောက်လကို တစ်ကြိမ်ပဲ ဖွင့်တယ်။ တကယ်လို့အိမ်ပြန်ချင်တယ်ဆိုရင်လအနည်းငယ်လောက်စောင့်ရအုံးမယ်။”
“အိမ်မှာ အကုန်အဆင်ပြေရဲ့လား။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ဘာဖြစ်ရမှာလဲ။” ကုန်းစွန်းဟုန့်သည်ဇဝေဇဝါနှင့် ဖြစ်သွားမိ၏။
“ဟမ်”
ကျွင်းချောင်ရှောင်းသည်အဓိပ္ပာယ်ပါပါဖြင့်မေးလိုက်သည်။ “ဒီလိုလေ … တစ်စုံတစ်ခု ပြဿနာရှိနေတာလိုမျိုး။”
“သခင်လေး ကျေးဇူးပြုပြီး စိတ်ချပါ။မျိုးနွယ်ထဲမှာ အရာအားလုံးက အဆင်ပြေတယ်လေ။”
ကုန်းစွန်းဟုန့်က ပြောလိုက်၏။ “အားလုံးက သခင်လေးပြန်လာမှာကို စောင့်နေတာ။ အထူးသဖြင့်သခင်ကြီးပေါ့။သူက သူ့ရဲ့ရာထူးကို လွှဲအပ်ပေးဖို့သခင်လေးကို စောင့်မျှော်နေတာလေ။”
“ဒီလိုလား။”
ကျွင်းချောင်ရှောင်းသည်ချက်ချင်းပဲ စိတ်သက်သာရာ ရသွားမိ၏။ သေချာပေ၏။ သူတွက်ချက်ထားသည့်အတိုင်း မဟုတ်တော့ပေ။
……..
ကျောက်ခန်းမဆောင်ထဲတွင်မတ်တပ်ရပ်လျက်ရှိနေသည့် နှင်းဆီဧကရီသည်ဘေးဘယ်ညာကို ကြည့်ရှုနေ၏။ သူမသည်အံ့အားတသင့်ဖြင့်ပြောလိုက်၏။ “ရှင်က တကယ်ပဲ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့သခင်လေးလား။”
ကျွင်းချောင်ရှောင်းသည်သူ၏ အင်္ကျီကော်လံကို အသာဆွဲမကာဖြင့်ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “သိပ်မှန်တာပေါ့။ဒါကြောင့်လည်း ပါရမီရှင်တစ်ယောက်ဖြစ်နေတာမဟုတ်လား။”
နှင်းဆီဧကရီက ပြောလိုက်၏။ “မယုံကြည်နိုင်စရာပဲ။”
“ဟမ့်”
ကျွင်းချောင်ရှောင်းသည်ထူးမခြားနားသလို ပြောလိုက်သည်။ “ခင်ဗျားတောင်မှဝိညာဉ်မျိုးနွယ်တွေရဲ့ဧကရီမတစ်ပါး ဖြစ်နိုင်သေးတာ။ ကျုပ်က ဘာလို့ကျောက်ရုပ်ထုမျိုးနွယ် ကလန်ရဲ့သခင်လေး မဖြစ်ရမှာလဲ။”
“ဟုတ်တယ်။ဟုတ်တယ်။”
နှင်းဆီဧကရီသည်သူနှင့်ဖက်၍မငြင်းတော့ချေ။သူမသည် ပြုံးကာ ပြောလိုက်၏။ “ရှင်က ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့သခင်လေးဆိုတော့ ကျွန်မက သခင်လေးရဲ့မိန်းမပေါ့။”
ကျွင်းချောင်ရှောင်းသည်ချက်ချင်းပဲ မျက်လုံးများ ချာချာလည်သွားမိ၏။
……
ညရောက်ခဲ့၏။အရာအားလုံးသည်တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် ခြံဝန်းထဲတွင်တစ်ယောက်တည်း ထိုင်လျက်ရှိနေပြီး တစ်စုံတစ်ခုကို တွေးတောနေ၏။ မနက်က သူသည်ပျော်ရွှင်စွာဖြင့်ရယ်မော လျက်ရှိနေသည်ဆိုသော်လည်း စိတ်တည်ငြိမ်သွားသည့်အချိန်မှာတော့သူသည်ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့မျိုးဆက်သစ်တစ်ယောက်မဟုတ်မှန်းကို ကောင်းကောင်းနားလည်နေမိ၏။ သခင်လေးကို မဆိုနှင့်။ သူသည် ရိုးရိုး ကလန်သားတစ်ယောက်ပင်မဟုတ်ချေ။သူသည်အင်္ကျီလက်ကို ဆွဲမကာဖြင့်အမှတ်အသားကို သေသေချာချာ ကြည့်ရှု လိုက်သည်။
“ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့သွေးမျိုးဆက် နိုးထခဲ့တယ်ဆိုတာက ကျောက်ရုပ်ထုနဲ့သက်ဆိုင်နေခဲ့တယ်လေ။ ဒီတော့ဒီအမှတ်အသားကလည်း ကျောက်ရုပ်ထုကြီးနဲ့ဆိုင်နေလိမ့်မယ်။ဟူး”
ကျွင်းချောင်ရှောင်းသည်အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် သူ၏ တောက်ပြောင်လျက်ရှိနေသည့်ဦးခေါင်း ပြင်ကြီးကို ပွတ်သပ်ကာဖြင့်ပြောလိုက်မိ၏။ “ဘာတွေဖြစ်နေတာလဲဆိုတာ ငါမသိဘူးဆိုပေမဲ့ဒီအမှတ်အသားကို ရရှိခဲ့ပြီဆိုမှတော့ငါက ..”
သူ၏ အမူအရာများသည် လေးနက်လာခဲ့သည်။ “ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့သခင်လေးပဲ။”