အခန်း ၁၅၇၅
Vol. 106 Ch. 1575
အပိုင်း (၁၅၇၅)
ကျွင်းချောင်ရှောင်းသည်ကျောက်ရုပ်ထုမျိုးနွယ်၏ သခင်လေးဖြစ်ခဲ့၏။ သို့ပေမဲ့အရာအားလုံးသည်ကျောက်ရုပ်ထု မျိုးနွယ်ဆီမှမူလဖြစ်တည်ခဲ့ခြင်းသာဖြစ်၏။ ထိုအထဲတွင်မည်သည့်ဖုံးကွယ်ထားသော ဇာတ်ကြောင်းများ တည်ရှိနေသနည်းကို သူကောင်းကောင်းမသိနိုင်ချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာ ဂရုမစိုက်ပေ။
အဘယ့်ကြောင့်ဆိုသော်ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆီမှ ၎င်းတို့၏သခင်လေးထွက်ခွာသွားခဲ့သည်မှာ မွေးကင်းစအရွယ်သာဖြစ်၏။ထို့ကြောင့်သူသွားသည်ဆိုပါက တစ်စုံတစ်ခု ပေါ်ပေါက်သွားရန်မဖြစ်နိုင်ချေ။
“ဒါဆိုရင်သွေးမျိုးဆက်ကို စမ်းသပ်ရင်ရော …”
“ငါ အစောကြီးထဲက သွေးမျိုးဆက်နိုးထပြီးသားလေ။ ပြီးတော့စမ်းသပ်ဖို့လိုသေးပါ့မလား။ ဘယ်သူက သိမှာမို့လို့လဲ။”
ကျွင်းချောင်ရှောင်းက ခွန်းတုံ့ပြန်လိုက်သည်။ “ငါ တစ်စုံတစ်ခုဖြစ်မှာကို မင်းစောင့်များကြည့်ချင်နေတာလား။”
“မဟုတ်ဘူး”
စနစ်က ပြောလိုက်၏။ “လက်ခံသူတစ်ယောက်ဟိုရောက်မှ ပြဿနာ တက်မှာကို ငါမမြင်ချင်လို့လေ။”
“တော်စမ်း။”
………
နောက်တစ်ရက်
ကျွင်းချောင်ရှောင်းသည်ကုန်းစွန်းဟုန့်ကို ခေါ်ပြီးသည့်နောက်ကျောက်ရုပ်ထုမျိုးနွယ်ကလန်အကြောင်းကို သေသေချာချာ မေးမြန်းခဲ့၏။
မျိုးနွယ်၏ တည်နေရာကြီးသည်မည်မျှ ကြီးမားသနည်း။ ထိုအထဲတွင်လူမည်မျှရှိသနည်းနှင့် မည်မျှအားကောင်းသနည်းဆိုသည်တို့ပင်။ သူသည်သခင်လေးဖြစ်လာသည်ဆိုမှတော့အခြေအနေ အားလုံးကို နားလည်သဘောပေါက်ရန်လိုအပ်နေသေး၏။ မဟုတ်ပါက အချိန်ရောက်လာသည်ဆိုပါက ရူးကြောင်ကြောင်နှင့် ဘာပြောလို့ပြောရမှန်းမသိ၊ ဘာလုပ်လို့လုပ်ရမှန်းမသိ အခြေအနေမျိုးသို့ရောက်ရှိနေသည်ဆိုလျှင်ရှက်စရာအတိပင်။
“အင်း”
ကုန်းစွန်းဟုန့်သည်အချိန်ခဏလောက်တွေးတောပြီးသည့်နောက်ပြောလိုက်၏။ “သခင်လေး … ကျုပ်တို့ဘိုးဘွားတည်နေရာကြီးက နတ်ဆိုးနယ်မြေကြီးနဲ့ဘာမှမကွာခြားဘူး။ လူဦးရေ အရေအတွက်အရဆိုလျှင်အနည်းဆုံး ဆယ်သန်းလောက်ရှိတယ်။ ကျုပ်တို့ရဲ့အားအင်အဆင့်ကအထက်နယ်မြေမှာ ရှိတဲ့ဘယ်အင်မော်တယ်အဆင့်ဂိုဏ်းကိုမှကြောက်စရာမလိုဘူး။”
“အဲလိုလား။” ကျွင်းချောင်ရှောင်းသည်ပျော်ရွှင်သွားခဲ့သည်။
နတ်ဆိုးနယ်မြေကြီးနှင့် တူညီသည့် အရွယ်အစား တည်ရှိနေသည့်တည်နေရာကြီးတစ်ခုဖြစ်ပြီး အားအင်အဆင့်သည်အင်မော်တယ်အဆင့်ဂိုဏ်းများနှင့်ပင် နှိုင်းယှဉ်နိုင်၏။ ထို့ကြောင့်သူသည်သာ ထိုကလန်ခေါင်းဆောင်ဆိုသည့်အရာကို ဆက်ခံလိုက်သည်ဆိုပါက ချက်ချင်းပဲ တစ်ဖက်လူများနှင့် ခြေရာချင်းတူညီသည့်အခြေအနေဆီသို့ရောက်ရှိ သွားမည်မဟုတ်ပါလား။
ယခင်တုန်းက သူသည်နတ်မြို့၏အစည်းအဝေးဆီသို့တက်ရောက်ခဲ့သည့်အချိန်က အဓိကဂိုဏ်းများအားလုံးသည်သူ့ကို ယဉ်ကျေးစွာ ဆက်ဆံခဲ့သည်ဆိုသော်လည်း သူသည် ကြီးမြတ်သူတုံးကုနှင့် ကုကျောင်းရှစ်တို့၏စတေးခံရမှုကြောင့်သာ အရေးပါခဲ့ခြင်းပင်ဖြစ်၏။ထိုအရာနှစ်ခုသာ မတည်ရှိပါက သူအား ရွှမ်အဆင့်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်အဖြစ်သတ်မှတ်သည်ဆိုလျှင်တောင်မှအဆင့်မြင့်အကြီးအကဲများအားလုံးသည်မျက်စိထဲတွင်ထည့်လိမ့်မည်မဟုတ်ချေ။
ကျောက်ရုပ်ထုကလန်၏ခေါင်းဆောင် …. ဤဂုဏ်ဝိသေသသည်အမှန်ပင်ကောင်းမွန်လွန်းလှ၏။
“ငါ မစောင့်နိုင်တော့ဘူး။” ကျွင်းချောင်ရှောင်းသည်သူ၏ လက်များကို ပွတ်သပ်ကာဖြင့်ပြောလိုက်၏။သူ၏ မျက်လုံးထဲတွင်တော့စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာခဲ့၏။သူမည်မျှအလောကြီးနေသည်ဆိုဆို ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ဝင်ပေါက်သည် ၆လကြာမှသာလျှင်တစ်ခါဖွင့်၏။ထို့ကြောင့်အနည်းဆုံး ထိုနေရာဆီသို့ဝင်ရောက်ရန် ၂လမှ ၃ လခန့်လိုအပ်နေသေး၏။ ထို့ကြောင့်သူသည်စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာဖြင့်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုသာ အာရုံ စိုက်ထားခဲ့တော့သည်။
“အဘိုးကြီးဟုန့် …. ဒါက ဝင်ခွင့်ဖောင်ပဲ။ ဖြည့်လိုက်တော့”
ကျွင်းချောင်ရှောင်းသည်တစ်ဖက်လူမှာ ငကြောက်တစ်ယောက်မဟုတ်မှန်း သိရှိခဲ့ပြီးပြီဖြစ်၏။ကျောက်ရုပ်ထုမျိုးနွယ်ကလန် ၏ သခင်လေးဖြစ်သောကြောင့်သာ ဤမျှသဘောတူလိုက်လျောခဲ့ခြင်းသာ ဖြစ်တော့ ၏။ ထိုသို့ဆိုမှတော့သူ့အနေနှင့် အစေခံတစ်ယောက်အဖြစ်သတ်မှတ်၍မရနိုင်တော့ချေ။သူ၏ဂိုဏ်းအား အားအင်တိုးတက်စေရန်အတွက်ဂိုဏ်းသားတစ်ယောက်အဖြစ်ခေါ်ယူမှ ဖြစ်ပေလိမ့်မည်။
“ကောင်းပါပြီ”
ကုန်းစွန်းဟုန့်သည်ဝင်ခွင့်ဖောင်ကို နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ဖြည့်သွင်းလိုက်တော့၏။ ပြီးသည့်နောက်သူသည် ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက်အဖြစ် ဖြစ်လာခဲ့၏။ ဤအရာသည်များပြားလှသော ကျွမ်းကျင်သူ များကို ဂိုဏ်းသားအဖြစ်ခေါ်ဆောင်ဖူးသည့်နေရာတွင် ကျွင်းချောင်ရှောင်းအနေနှင့် အားအင်စိုက်ထုတ်မှုအနည်းဆုံး အခြေအနေတစ်ခုလည်းဖြစ်တော့၏။ထို့အပြင်တစ်ဖက်လူသည် ပြိုင်စံရှားဂိုဏ်းတွေဘာတွေကို ဂရုစိုက်လှသည်မဟုတ်ချေ။ကျွင်းချောင်ရှောင်း ဖြစ်နေသောကြောင့်သာ ဂိုဏ်းထဲသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်၏။
……
၂ လ မှ ၃ လဆိုသည့်အချိန်ကာလသည် ကြာမြင့်လှသည်တော့မဟုတ်ချေ။သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာ တစ်နှစ်မျှ ကြာမြင့်နေသည်ဟုပင်ခံစားနေမိ၏။ နောက်ဆုံးမှာတော့ရက်အနည်းငယ်သာ လိုအပ်သည့်အချိန်သို့ရောက်သည့်အချိန်တွင်ကုန်းစွန်းဟုန့်သည်ရောက်ရှိလာကာဖြင့်ပြောလိုက်သည်။“သခင်လေး … ဘိုးဘေးတည်နေရာကြီးက ဆယ်ရက်အတွင်း ပွင့်တော့မယ်။ဒီတော့အဲကို ကြိုပြီးသွားဖို့ လိုအပ်နေပြီ။”
“သွားကြရအောင်။”
ကျွင်းချောင်ရှောင်းသည်ချက်ချင်းပဲ အဓိကဟောခန်းထဲမှလျှောက်ထွက်လာ၏။ ပြီးသည့်နောက်သူသည် ရွက်သင်္ဘောကြီးကို ဆင့်ခေါ်လိုက်၏။ လွန်ခဲ့သည့်လဝက်ကတည်းက သူသည်ဂိုဏ်းနှင့်ပတ်သက်သော ကိစ္စရပ်များအားလုံးကို စီမံခန့်ခွဲပြီးသားဖြစ်၏။ထို့ကြောင့်ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏နယ်မြေဆီသို့သွားရန်ဖင်တကြွကြွပင် ဖြစ်လို့နေခဲ့၏။
ရွှီး ရွှီး
သူတို့နှစ်ယောက်သည် ရွက်သင်္ဘောကြီးပေါ်သို့ပျံသန်းကာ တက်ရောက်လိုက်တော့၏။အပြင်ဘက်သို့ထွက်ခွာရန် ပြင်ဆင်လိုက်သည့်အချိန်မှာတော့ နှင်းဆီဧကရီသည် ရွက်သင်္ဘောကြီးပေါ်သို့ခုန်တက်လာသည်။
“ဘာလဲ”
“ကျွန်မ ယောကျ်ားနဲ့အတူ လိုက်ခဲ့မယ်လေ။”
“မလိုက်နဲ့။”
ကျွင်းချောင်ရှောင်းသည်ချက်ချင်းပဲ ငြင်းပယ်လိုက်၏။ “တကယ်လို့ခင်ဗျားလိုက်လာမယ်ဆိုရင်ဂိုဏ်းရဲ့အတွင်းရေးကိစ္စရပ်တွေကို ဘယ်သူက ဂရုစိုက်တော့မှာလဲ။”
“အဘိုးကြီးတင်းနဲ့အခြားသူတွေလုပ်နိုင်တယ်လေ။” နှင်းဆီဧကရီက ပြောလိုက်သည်။
“……” ကျွင်းချောင်ရှောင်းသည်မျက်မှောင်ကုတ်သွားမိ၏။
နှင်းဆီဧကရီသည်အသံပို့လွှတ်လိုက်သည်“တခြားဘာဆိုလိုရင်းမှမရှိပါဘူး။ ရှင့်အနေနှင့် ဘိုးဘေးတည်နေရာကြီးထဲကို ပြန်ပြီးတဲ့အချိန်မှာ မျိုးနွယ်ကလန်က ရှင့်ကို စေ့စပ်ပေးတာတွေ၊ဒါမှမဟုတ်တခြားမိန်းမတစ်ယောက်ယောက်နဲ့ပေးစားတာမျိုးတွေလုပ်လာမှာကို ကျွန်မစိုးရိမ်မိတယ်။”
“……….”
ကျွင်းချောင်ရှောင်းသည်စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်မိ၏။ ဒါက အရမ်းအတွေးလွန်နေပြီမဟုတ်လား။
“ဂိုဏ်းချုပ်”
ကုန်းစွန်းဟုန့်က ပြောလိုက်သည်။ “သခင်မလေးလည်း လိုက်လာလို့ရပါတယ်။”
ဂိုဏ်းထဲ၌ နေထိုင်ခဲ့စဉ်အတောအတွင်း ကျွင်းချောင်ရှောင်းနှင့်နှင်းဆီဧကရီတို့သည်လက်ထပ်ပြီးသားဖြစ်ကြောင်း သူက သိရှိပြီးဖြစ်၏။ထို့ကြောင့်ဓလေ့ထုံးတမ်းအစဉ်အလာအရဆိုလျှင်သူသည်ဂိုဏ်းချုပ်၏ဇနီး တစ်ယောက် သာမက ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏သခင်မလေးလည်း ဖြစ်လေ၏။
“သူတောင်သဘောတူနေပြီ။ ရှင်က ငြင်းအုံးမလို့လား။”
“………..”
ကျွင်းချောင်ရှောင်းသည်မပျော်ရွှင်စွာဖြင့်ပြောလိုက်၏။ “ခြေထောက်တွေက ခင်ဗျားအပိုင်ပဲလေ။ ဒီတော့ကိုယ်သွားချင်တဲ့နေရာကို သွားပေါ့။”
ဝှစ်
ရှေးရွက်သင်္ဘောကြီးသည်ကောင်းကင်ယံတွင်ပျံသန်းသွားခဲ့တော့၏။ ရွက်သင်္ဘောကြီးသည်လူ ၃ ယောက်ကို ခေါ်ဆောင်ကာဖြင့် ပြိုင်စံရှားဂိုဏ်းဆီမှထွက်ခွာသွားခဲ့၏။တပည့်များသည်ဂိုဏ်းချုပ်တစ်ယောက်ရံဖန်ရံခါဆိုသလို အပြင်ဘက်သို့ထွက်နေသည်ကို အသားကျနေပြီဖြစ်သောကြောင့်သိပ်ပြီး ဂရုမစိုက်လှချေ။ကျင့်ကြံခြင်းအရာကိုသာ အာရုံစိုက်ထားကြ၏။ တချို့မှာမူ တာဝန်များကို ပြည့်စုံရန် ပြုလုပ်လျက်ရှိသည်။
…………
ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်ရှေးရွက်သင်္ဘောကြီးသည် ကြီးမားလှသည့်ချောက်ကမ်းပါးကြီးနားတွင်ရပ်တန့်လိုက်၏။
ဘေးနှစ်ဖက်နှစ်ချက်တွင်ကျောက်နံရံကြီးများသည်ဓားနှင့်လှီးဖြတ်သကဲ့သို့ပင်ညီညာ သပ်ရပ်လွန်းလှ၏။အောက်ဖက်တွင်တော့တဝုန်းဝုန်းနှင့် စီးဆင်းလျက်ရှိနေသည့် မြစ်ကြီးတစ်ခုက တည်ရှိလို့နေ၏။ အလွန်ကြည့်လို့ကောင်းလှချေသည်။
“ဂိုဏ်းချုပ်”
ကုန်းစွန်းဟုန့်က ပြောလိုက်၏။ “ဒါက ဘိုးဘေးနယ်မြေထဲကို ဝင်ရတဲ့နေရာပဲ။ ရက်အနည်းငယ်လောက်ကြာရင်သူ့ အလိုလို ပွင့်လာလိမ့်မယ်။”
“အင်း”
ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။
သူ့ကို အပြင်ဘက်က ကြည့်ရှုသည်ဆိုလျှင်တည်ငြိမ်အေးဆေးလှသည့်ပုံပေါက်သော်လည်း တကယ်တမ်းမှာတော့စိတ်ထဲတွင်စိုးရွံ့လို့နေခဲ့၏။အထူးသဖြင့်ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်နှင့်တွေ့ဆုံရမည့်အခြေ အနေကို စဉ်းစားမိသည့်အချိန်တွင်သူ၏ နှလုံးသားထဲတွင်မတူညီသည့်ခံစားချက်များ ဖြစ်တည်လာခဲ့၏။
ယခင်ဘဝတုန်း ကုန်းရှန့်၏ မိဘများသည် စောစောစီးစီးသေဆုံးခဲ့၏။လက်ရှိဘဝတွင်လည်း မိဘဟူ၍ မတွေ့ခဲ့ချေ။ထို့ကြောင့်သူ့အနေနှင့် မိဘမေတ္တာဆိုသည့်အကြောင်းအရာကို မခံစားခဲ့ဖူးပေ။ ကျောက်ရုပ်ထုမျိုးနွယ်ကလန် ၏သခင်လေးဖြစ်နေသည်ဆိုသောကြောင့်သူ့တွင်အဖေနှင့်အမေတည်ရှိနေသည်ဟု ဆိုလိုသည်မဟုတ်ပါလား။
“အဘိုးကြီးဟုန့်”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ် အဖေက စကားပြောရဆိုရ အဆင်ပြေရဲ့လား။”
ကုန်းစွန်းဟုန့်သည်လေးလေးစားစားဖြင့်ပြောလိုက်သည်“ကျုပ်က ဘိုးဘေးနယ်မြေထဲမှာ အချိန်တိုင်းနေထိုင်ခဲ့တဲ့လူတစ်ယောက်မဟုတ်ပါဘူး။ ဒီတော့ခေါင်းဆောင်နဲ့အနည်းငယ်လေးပဲ ထိတွေ့ဖူးတယ်။သူ့အကြောင်းကို သိပ်မသိပါဘူး။”
“ဒါဆိုရင်ကျုပ်ရဲ့အမေကရော”
“မျိုးနွယ်စုရဲ့မိခင်ကတော့အစောကြီးကတည်းက သေဆုံးသွားခဲ့ပါပြီ။”
“သြော်”
ကျွင်းချောင်ရှောင်းသည်ခေါင်းညိတ်လိုက်၏။သူ၏ မျက်လုံးထဲတွင်တော့ဆုံးရှုံးသည့်အရိပ်အယောင်များဖြစ်တည်လာခဲ့၏။လောကကြီးတွင်အကြီးကျယ်အမြင့်မြတ်ဆုံးသောအရာသည်မိခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာပင် ဖြစ်၏။ ထိုကဲ့သို့အရာကို တွေ့ဆုံရန်အခွင့်အရေးမရှိခြင်းမှာ ဆုံးရှုံးနစ်နာမှုပင် ဖြစ်လေ၏။
“ထားလိုက်တော့။ထားလိုက်တော့။အဖေတစ်ယောက်ရှိတာ လုံလောက်နေပါပြီ။”
ကုန်းရှန့်သည်ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်နှင့်တွေ့ဆုံရမည့်အကြောင်းအရာကို စတင်ကာ စိတ်ကူးယဉ်မိ၏။ အလွန်ဝမ်းနည်းစရာကောင်းလှသည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာမှာသေချာ၏။ သူ့အနေနှင့် မျက်ရည်အတုများ ကြိုတင်ကာ ပြင်ဆင်သွားလျှင် ကောင်းမည်လား။
ဒင်
“လက်ခံသူသည်ဂိုဏ်းစုဆောင်းမှတ် ၁၀မှတ်ကို အသုံးပြုပြီးသည့်နောက်အဆင့်မြှင့်တင်ထားသည့်မျက်ရည်ယိုဗုံး ဝယ်ယူခဲ့၏။ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ပို့ဆောင်ပြီးပါပြီ။”
ဝှစ်ဝှစ်
ရက်အနည်းငယ်ကြာပြီးသည့်နောက်ချောက်ကမ်းပါးကြီး၏ အောက်တွင်ရှိနေသော မြစ်ကြီးသည် စတင်ကာ စုဝေး လာခဲ့၏။ထိုမြစ်ကြီးပေါ်တွင်ထူးဆန်းသည့်အရေးအကြောင်းများ ဖြစ်တည်လာပြီး ဘေးနှစ်ဖက်နှစ်ချက်ရှိ ကျောက်နံရံကြီးသည်မှန်ကဲ့သို့ ကြည်လင်ရှင်းလင်းလာ၏။
ဆွစ်ဆွစ်
အလင်းတန်းနှစ်ခုသည်ဘယ်မှညာဆီမှထွက်ပေါ်လာပြီးသည့်နောက်မီးပန်းကဲ့သို့သော အရာများကဲ့သို့ပင် ဖြစ်တည်လာ၏။ ပြီးနောက်ရေပြင်ပေါ်တွင် ကြီးမားလှသည့်လေဝဲကြီးတစ်ခုဖြစ်တည်လာသည်။
“ဂိုဏ်းချုပ်”
ကုန်းစွန်းဟုန့်က ပြောလိုက်၏။ “အခုသွားကြရအောင်။”
ဝှီး
ကျွင်းချောင်ရှောင်းသည်အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးသည့်နောက်သူသည် နှင်းဆီဧကရီ၏ လက်ကို အသာလှမ်းပုတ်လိုက်သည်။
“ဘာလဲ။”
“ခင်ဗျားရူးနေလား။ လက်ပေးလေ။”
ကုန်းရှန့်သည်ပြောပြောပြီးချင်းမှာပဲ ရှေးရွက်သင်္ဘောကြီးကို ထိန်းချုပ်ကာဖြင့်လေဝဲထဲသို့ဆင်းသက်လိုက်၏။
“ကျောက်ရုပ်ထုနယ်မြေ … ကျုပ် …ကျွင်းချောင်ရှောင်း ရောက်လာပြီ။”
ရှေးရွက်သင်္ဘောကြီးသည်လေဝဲထဲသို့ဝင်ရောက်သွားခဲ့သည်။
ဝှစ်ဝှစ်
မြစ်ရေများသည်တဖြည်းဖြည်းနှင့်ပြန်လည်တည်ငြိမ်လာ၏။ ဘေးနှစ်ဖက်တွင်ရှိနေသော ကျောက်နံရံကြီးသည်အလင်းတန်းများကို ထုတ်လွှင့်ရာမှရပ်တန့်သွားခဲ့၏။ ပြီးသည့်နောက် ကြီးမားသည့်လေဝဲကြီးတစ်ခုသည်လည်း မည်သည့်အခါကမှမဖြစ်ခဲ့သလို တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားလေ၏။
………
ကျွင်းချောင်ရှောင်းသည်ကျောက်ရုပ်ထုမျိုးနွယ်နယ်မြေထဲသို့ဝင်လာပြီး မကြာခင်မှာပဲ ဂိုဏ်း၏ ကျောက်လှေကား များ၌ သန့်ရှင်းရေးလုပ်လျက်ရှိနေသော တုနန်သည်လူနှစ်ယောက်လျှောက်တက်လာသည်ကို သတိပြုလိုက်မိ၏။ သူသည်သတိအပြည့်နှင့် ဖြစ်လို့သွားခဲ့၏။ ဖြစ်နိုင်သည်မှာ တစ်စုံတစ်ယောက်သည်ထပ်မံကာ လာရောက် ၍ ပြဿနာရှာလေသည်လား။
ဘုတ်ဘုတ်
ထိုနှစ်ယောက်သည်လမ်းလျှောက်လာပြီးသည့်နောက်အားကုန်သွားဟန်ဖြင့်မြေပေါ်သို့ရွှံ့ရုပ်များကဲ့သို့ ပြုတ်ကျသွားခဲ့ကြ၏။ ၎င်းတို့သည် ရိုးရှင်းသည့်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့်ဆင်းရဲသည့်မိသားစုမှလူငယ်လေး များကဲ့သို့ပင်။သို့ပေမဲ့ ရွှေရောင်ဆံပင်များသည်သာမန်လူများနှင့် ခြားနားလို့နေ၏။
“ကျုပ် …. ကျုပ်တို့ဂိုဏ်းချုပ်ကျွင်းကို အရေးကြီးကိစ္စနဲ့တွေ့စရာရှိတယ်။”
တစ်စုံတစ်ယောက်သည်သတိလစ်မမေ့မျောခင်၌အားပြတ်စွာဖြင့်ပြောလိုက်သည်။
“စီနီယာစွန်း … မြန်မြန် မြန်မြန် သူ့ကို ကယ်အုံး။”
ဆေးဟောခန်းမဆောင်မှာတော့ယုစီနန်သည် ရွှေရောင်ဆံပင်နှင့်လူနှစ်ယောက်အား သေသေချာချာ ကြည့်ရှုလိုက်၏။ ၎င်းတို့ဆီမှ ရွှေရောင်ကတ်ပြားလေးနှစ်ခုကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက်လေးလေးနက်နက်လေသံဖြင့်ပြောလိုက်၏။ “သူတို့က နဂါးမျိုးနွယ်က လူတွေကိုး”