← Chapters

အခန်း ၁၅၇၆

Vol. 106 Ch. 1576

အခန်း ၁၅၇၆

Vol. 106 Ch. 1576

အပိုင်း (၁၅၇၆)

ကောင်းကင်ပြာပြာကြီးနှင့် တိမ်ဖြူဖြူများ ရှိနေသည့်အပြင်လှပသည့်တောင်တန်းကြီးနှင့် ကြည်လင်ရှင်းလင်းသည့်ရေများသည်စီးဆင်းလျက်ရှိနေ၏။ ဤကဲ့သို့အခြေအနေမျိုးသည် ကျွင်းချောင်ရှောင်းတစ်ယောက်ကျောက်ရုပ်တု မျိုးနွယ်ထဲသို့ဝင်ရောက်ပြီးသည့်နောက် မြင်ရသည့် မြင်ကွင်းပင် ဖြစ်တော့သည်။ဤအရာသည်သူစိတ်ကူး တွေးတောထားသည့်အရာနှင့် ခြားနားလို့နေ၏။

အဘယ်ကြောင့်ဆိုသော်မျိုးနွယ်သည်ကျောက်တုံး၏ ဓာတ်သဘာဝများ တည်ရှိနေသောကြောင့်ဘိုးဘေးတည်နေရာကြီး သည်သီးခြားဆန်လွန်းလှပြီး ကျောက်တုံးများ တည်ရှိနေသော နေရာသာ ဖြစ်သင့်သည်။

ဥပမာအားဖြင့်နတ်ဆိုးနယ်မြေကြီးသည်အချိန်အတော်ကြာ စည်းခတ်ခြင်း ခံထားရသည်ဆိုသော်လည်း အထဲတွင်ရှိနေသော ပတ်ဝန်းကျင်သည်မဲမှောင်လျက်ရှိပြီး နတ်ဆိုးစွမ်းအင်များနှင့် ပြည့်နှက်လျက်ရှိ၏။ အထက်နယ်မြေနှင့် အလုံးစုံ ကွာခြားနေခြင်းပင်။

ဟူး …။

လေပြေညှင်းအား တိုက်ခတ်လျက်ရှိနေပြီး သူ့အား စိတ်လန်းဆန်းမှုကို ပေးစွမ်း၏။

နှင်းဆီဧကရီသည်မျက်လုံးကို မှိတ်ပြီးသည့်နောက်လေထုထဲတွင်ရှိနေသော ပန်းရနံ့များကို ရှူရှိုက်လိုက်သည်။သူမက ပြောလိုက်သည်။ “ဟိုနေရာက အရမ်းလှတာပဲ”

“ဒါက နတ်ဘုံနတ်နန်းလို တစ်ခုလိုပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ဂိုဏ်းချုပ်မသိသေးလို့”

ကုန်းစွန်းဟုန့်ကပြောလိုက်သည်။ “ကျောက်ရုပ်ထု မျိုးနွယ်တစ်ခုလုံးက အရင်တုန်းက အရမ်းကို ဆိုးရွားခဲ့တယ်လေ။ စွန့်ပစ်မြေတွေနဲ့သဲကန္တာရတွေက အရမ်းကို များပြားခဲ့တာပေါ့။ဒါပေမဲ့မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ကြီးကြီးမားမား ကြိုးစားမှုအောက်မှာ ဒီနေ့လိုမျိုး ပန်းချီရေးဆွဲထားတဲ့မြင်ကွင်းမျိုး ဖြစ်လာတာပေါ့”

အမှန်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည်စိတ်သက်သာရာ ရသလို ခံစားလိုက်မိ၏။ စွန့်ပစ်မြေများနှင့် သဲကန္တာရများသည်ယခင်တုန်းက သူတွေးတောထားခဲ့သည့်တည်နေရာပတ်ဝန်းကျင်မျိုး ဖြစ်၏။ သို့ပေမဲ့ရောက်ရှိ လာသည့်အချိန်တွင်ထူးခြားလှသည့်ပတ်ဝန်းကျင်ကြီးတစ်ခုလုံးသည်သူ့အား အံ့အားသင့်မိစေခဲ့၏။

ဤတည်နေရာ သည်အစောကြီးကတည်းက ငှက်များတေးဆိုပြီး ပန်းများဖူးပွင့်သည့်တည်နေရာသာ ဖြစ်သည်ဆိုပါက ကျောက်ရုပ်ထုမျိုးနွယ်ကလန်သည်အစောကြီးကတည်းက ဖြစ်တည်လာမှာမဟုတ်ဟု ကုန်းရှန့်ကယုံကြည်နေမိသည်။

“ဒီလို ဆိုးရွားတဲ့ပတ်ဝန်းကျင်မျိုး မရှိဘဲနဲ့မျိုးနွယ်စုထဲက အဖွဲ့ဝင်တွေက သွေးမျိုးဆက်ကို နိုးထနိုင်ပါ့မလား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။

လူငယ်ကလန်ခေါင်းဆောင်တစ်ယောက်ပီသလှသည်။သူသည်ရောက်ရှိလာသည်နှင့်တပြိုင်နက်ဤတည်နေရာ တွင်ရှိနေသော လူများ၏ အကြောင်းကို စတင်ကာ ဂရုစိုက်လျက်ရှိနေလေသည်။

ကုန်းစွန်းဟုန့်၏မျက်လုံးထဲတွင်တော့လေးစားမှုများနှင့် ပြည့်နှက်လျက်ရှိနေသည်။ သူက ပြောလိုက်၏။ “ပတ်ဝန်းကျင်တိုးတက်လာပြီးတဲ့နောက်မှာ သွေးမျိုးဆက် နိုးထနိုင်မှုက ခက်ခဲလာတယ်။ ဒါပေမဲ့ဘိုးဘေး တွေက ကျောက်နဲ့သဲတွေရှိတဲ့တည်နေရာတစ်ခုကို ချန်ထားခဲ့သေးတယ်။ အရွယ်ရောက်လို့အဲထဲကို ဝင်သွားမယ်ဆိုရင်သွေးမျိုးဆက်က နိုးထနိုင်သေးတယ်လေ”

“ဪ”

ကျွင်းချောင်ရှောင်းသည်အဓိပ္ပာယ်ပါပါဖြင့်မေးမြန်းလိုက်သည်။ “ကျုပ်အနေနဲ့သွေးမျိုးဆက်အသက်ဝင် နိုးထမှုဒါမှမဟုတ်သန့်စင်မှုကို စစ်ဆေးဖို့လိုအပ်နေသေးလား”

ကုန်းစွန်းဟုန့်ကပြောလိုက်၏။ “ဂိုဏ်းချုပ်…သွေးမျိုးဆက်နိုးထတယ်ဆိုတာက သန့်စင်မှုကလည်း အရေးကြီး တယ်လေ။ ဒါမှအောင်မြင်မှုနှုန်းထားများမှာ မဟုတ်လား။ အခု သွေးမျိုးဆက်က နိုးထနိုင်ခဲ့ပြီဆိုမှတော့ သန့်စင်လို့ပေါ့။တခြားဘာမှစဉ်းစားစရာ မလိုဘူးလေ”

“အင်း… အမှန်ပဲ” ကျွင်းချောင်ရှောင်းသည်စိတ်သက်သာရာ ရသလို သက်ပြင်းရှည်ကြီးချလိုက်မိ၏။ စနစ်ပြောဆိုထားသည်နှင့်ပတ်သက်၍သူသည်သဘောမတွေ့လှချေ။ယခုတော့သူ့အနေနှင့် သက်တောင့်သက်သာ ဖြစ်လို့သွားခဲ့သည်။

သွေးမျိုးဆက်နိုးထသည့်အကြောင်းကို ပြောဆိုရမည်ဆိုလျှင်ကုန်းစွန်းဟုန့်၏လေးစားမှုသည်ပိုမိုကာ ကြီးမားလာခဲ့၏။ ရှေးယခင်ကတည်းက ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏မျိုးနွယ်များသည်ကျောက်ရုပ်တု မျိုးနွယ်၏ တည်နေရာထဲတွင်သာ သွေးမျိုးဆက် နိုးထလာနိုင်ခဲ့၏။အပြင်ဘက်လောကကြီးတွင်သွေးမျိုးဆက် နိုးထလာနိုင်သူဟု တစ်ဦးတစ်လေမှမရှိချေ။မွေးဖွားလာစဉ်ကတည်းက မျိုးနွယ်စု၏ ခေါင်းဆောင်တစ်ယောက်အဖြစ်သတ်မှတ်ခံထားရသည့်လူတစ်ယောက်ဖြစ်သည့်အားလျော်စွာ ဂိုဏ်းချုပ်သည်သာမန်လူထက်ထူးခြားလို့နေခဲ့၏။

ဆွစ်ဆွစ်

ထိုအချိန်မှာပဲ များပြားလှသော အလင်းတန်းများသည်အဝေးတစ်နေရာဆီမှပျံသန်းလာခဲ့၏။ ပြီးနောက်ရှေးရွက်သင်္ဘောကြီး၏ရှေ့တွင်မတ်မတ်ရပ်လိုက်ကြသည်။ ၎င်းတို့သည်အသက်နှစ်ဆယ်စွန်းစွန်း ခန့်ရှိသော သိုင်းကျင်ကြံသူလေးယောက်တို့ဖြစ်၏။ ၎င်းတို့သည် ရိုးရှင်းလှသည့်ဝတ်စုံများ ကို ဝတ်ဆင်ထားခဲ့သည်။

မူလအားဖြင့် ရွက်သင်္ဘောကြီးဆီသို့ပျံသန်းရောက်ရှိလာသည့်အချိန်တွင်ရန်လိုသည့်အမူအရာများ တည်ရှိနေကြသည်ဆိုသော်လည်း ကုန်းစွန်းဟုန့် ကို မြင်လိုက်သည့်အချိန်မှာတော့သူတို့သည်ပျော်ရွှင်သွားကြ၏။ “ဦးလေးဟုန့်”

ဟား ဟား ဟား ဟား

ကုန်းစွန်းဟုန့်သည်သဘောတကျဖြင့်ရယ်မောလိုက်၏။ ပြီးနောက်ပြောလိုက်သည်။ “ငါဘိုးဘေးနယ်မြေထဲကို ပြန်မလာတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်။ဒါပေမဲ့မင်းတို့က တကယ့်ကို ကြီးပြင်းလာခဲ့ပြီကိုး”

ကျွင်းချောင်းရှောင်းသည်အံ့အားသင့်မိသွား၏။ ပထမတုန်းက ဤလေးယောက်သည်အိုမင်းလှပြီဟု ထင်မှတ်ခဲ့၏။သို့ပေမဲ့သူသည်ကုန်းစွန်းဟုန့်၏စကားကို ကြားသည့်အချိန်မှာတော့အမှန်ပင်လူငယ်များဖြစ်ကြောင်း သိရှိလိုက်ရ၏။

“အံ့အားသင့်စရာပင်။သာမန်ပျံသန်း ရောက်ရှိလာကြသော လူငယ်လေးများပင်လျှင်အမြူတေ ပြောင်းလဲခြင်း ကျင့်ကြံသူများ ဖြစ်လို့နေကြသည်။

“ဦးလေးဟုန့်”

ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှအဖွဲ့ဝင်တစ်ယောက်သည် ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီကို လှမ်းကြည့်ကာ မေးလိုက်၏။ “သူတို့က ဘယ်သူတွေလဲ”

ရွှီး ……

ကျွင်းချောင်ရှောင်းသည်သူ၏အင်္ကျီကော်လံကို ခပ်မတ်မတ်ထားပြီး ခေါင်းကိုမော့၍ ရင်ကိုကော့ထားသည်။

ကုန်းစွန်းဟုန့်သည်အလောတကြီးဖြင့်မိတ်ဆက်ပေးလိုက်၏။ “ခွေးလေးတွေ...သေချာနားထောင်။ဒါက ငါတို့ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့သခင်လေးပဲလေ”

“ဘာ... သခင်..သခင်လေး ဟုတ်လား” အဖွဲ့ဝင်လေးယောက်တို့သည်မျက်လုံးပြူးသွားမိကြ၏။ အသက်အရွယ် အရဆိုလျှင် ၎င်းတို့သည်သခင်လေးထက်ဆယ်နှစ်ခန့်သာ ပိုမိုကြီးမားလှ၏။သို့ပေမဲ့သူတို့မိဘများ၏ ပြောစကားကို အစဉ်တစိုက်နားထောင်နေရသည်ဖြစ်သောကြောင့်မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် နှစ်ပေါင်း များစွာ လိုက်လံရှာဖွေနေရသည့်သခင်လေးဆိုသူအကြောင်း ကောင်းကောင်းသိရှိနေကြ၏။ မျိုးနွယ်စု တစ်ခုလုံး သည်လည်း သခင်လေးကို ရှာဖွေလျက်ရှိနေ၏။ သို့ပေမဲ့သခင်လေး၏ သတင်းသည်မည်သူမှမကြားရချေ။

“ဦးလေးဟုန့်”

ကလန်သားတစ်ယောက်က သွားဖြီးကာ ပြောလိုက်၏။ “ဒီလို ပေါတောတောပုံစံမျိုးက သခင်လေး ဖြစ်နိုင်ပါ့မလား။ လာပြီးတော့နောက်မနေနဲ့”

“..........”

ဘုန်း

ပြောပြောပြီးချင်းမှာပဲ ထိုသူသည်လွင့်စင်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည်ထိုသူရပ်နေသည့်တည်နေရာသို့ရောက်ရှိလျက်ရှိနေ၏။ သူသည်ညာဘက်ခြေထောက်ကို အသာပြန်ရုတ်လိုက်၏။သူ၏ အမြူတေပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်ကျင့်ကြံမှုသည်အလုံးစုံ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် ထူးခြားလှသည့်အစွမ်းသက်ရောက်မှုများ ဖြစ်ပေါ်လာကာဖြင့် အော်ရာများသည်စိမ့်ထွက်လျက်ရှိနေ၏။ သူသည်ထူးမခြားနား သလို ပြောလိုက်သည်။ “နောက်နေတာ မဟုတ်ဘူး”

“ကြောက်စရာပဲ” ကလန်သားသုံးယောက်တို့သည်ဆွံ့အလျက်ရှိနေတော့၏။တစ်ဖက်လူသည်မည်သည့်အချိန်က ဤတည်နေရာသို့ရောက်ရှိလာရသနည်း။ ထို့အပြင်အစ်ကိုလင်းအား နောက်ဘက်သို့လွင့်စင်အောင်မည်သည့်အချိန်က ကန်လိုက်သနည်း။ သူတို့သေချာလည်း မသိရှိလိုက်ရချေ။

ထူးဆန်းသည့်အမူအရာမျိုးသည်ကုန်းစွန့်ဟုန့်၏မျက်လုံးထဲတွင် ဖြစ်တည်လာခဲ့တော့၏။ ပြိုင်စံရှားဂိုဏ်းဆီသို့ရောက်ရှိလာသည့်အချိန်က သူသည် ပြဿနာတစ်ခုကို သတိပြုလိုက်မိ၏။ ဂိုဏ်းချုပ်၏အော်ရာသည်အမြူတေ ပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်တွင်ရှိသည်ဆိုသော်လည်း တစ်ခါတစ်လေ ထုတ်လွှတ်လိုက်သည့်အော်ရာမျိုးသည်အစစ်အမှန်ရှာဖွေခြင်းအဆင့်တွင်တည်ရှိနေသည်ဖြစ်ကြောင်း သူက ခံစားမိနေခြင်းပင်။

အကြောင်းပြချက်မှာ ရိုးရှင်းလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည်သူ၏ ဒန်ထျန်ထဲတွင်စိတ်ဝိညာဉ်အမြူတေနှစ်ခု တည်ရှိနေသောကြောင့်ပင်။ထို့အပြင်သူ့၌အားကောင်းလွန်းလှသော စိတ်ဝိညာဉ်ခန္ဓာကိုယ် နှစ်ခုကလည်း တည်ရှိနေသေး၏။ ထို့ကြောင့်အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းသူတစ်ယောက် အဖြစ်ရပ်တည်နေလေသည်။

ဟုတ်ပေ၏။ ဤကဲ့သို့ထူးခြားချက်များ တည်ရှိမနေပါက ဤဝတ္ထု၏အဓိကဇာတ်ကောင်နေရာတွင်ကုန်းရှန့်မဟုတ်ဘဲ ကုန်းဝ ဖြစ်သွားပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော်ကုန်းဝ တွင်အလွန်အားကောင်းလွန်းလှသော အဖေနှင့်အမေ တည်ရှိပြီး အံ့အားသင့်စရာ ကောင်းလှသော ယောက္ခထီး၊ ယောက္ခမ တို့ကလည်း တည်ရှိနေသေး၏။ ကုန်းဝသည်သာလျှင်ဘဝ၏ အနိုင်ရရှိသူတစ်ယောက်ဖြစ်နေလေ၏။

............

ဆွစ်

ရှေးရွက်သင်္ဘောကြီးသည်တောင်များ၊ လယ်ကွင်းများကို ဖြတ်သန်းကာ ပျံသန်းလျက်ရှိပြီး တောင်ဘက်စွန်းဆုံး ဆီသို့ဦးတည်နေသည်။

အကန်ခံလိုက်ရသော ကုန်းစွန်းလင်းနှင့် ၎င်း၏အဖော်သုံးယောက်တို့မှာတော့ကုန်းပတ်ပေါ်တွင်မှီလျက်ထိုင်နေကြပြီး ကျွင်းချောင်ရှောင်းကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်လျက်ရှိနေကြ၏။ တစ်ဖက်လူသည်အမှန်ပဲ နှစ်ပေါင်းများစွာ ပျောက်ဆုံးလျက်ရှိနေသည့်မျိုးနွယ်စုခေါင်းဆောင်လေလား။

“သခင်လေး”

ကျောက်ရုပ်ထုမျိုးနွယ်ထဲသို့ရောက်ရှိသည့်အချိန်မှာတော့ကုန်းစွန်းဟုန့်သည်သူ့အား ဂိုဏ်းချုပ်ဟု မခေါ်တော့ချေ။သခင်လေးဟု ပြောင်းလဲကာ ခေါ်ဆိုတော့၏။ “လက်ရှိ အမြန်နှုန်းအရဆိုရင်တစ်နာရီအတွင်း အဓိက မြို့ကြီးဆီကို ရောက်တော့မယ်”

“အင်း”

ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်၏။လမ်းတလျှောက်မှာတော့သူသည်များပြားလွန်းလှသော မြို့အသီးသီးကို ဖြတ်သန်းခဲ့၏။ အလုံးစုံသော အကျယ်အဝန်းအရဆိုလျှင်လောကကြီးတစ်ခုလုံးသည်နတ်ဆိုး နယ်မြေကြီးတစ်ခုလုံးနှင့်ပင် နှိုင်းယှဉ်၍ရနိုင်၏။ လမ်းများ၊ အဆောက်အဦများအားလုံးကို သေသေချာချာ စီစဉ်ဆောက်လုပ်ထားပြီး ပတ်ဝန်းကျင်တည်နေရာကြီး တစ်ခုလုံးသည်သန့်ရှင်းကာ ကြည့်လို့ကောင်းလှ၏။

ကျောက်ရုပ်ထုမျိုးနွယ် - နာမည်ကြားရုံနှင့်ပင်လူများသည်အံ့မခန်းဖြစ်ကြောင်း သိရှိနိုင်၏။သို့ပေမဲ့ ၎င်းတို့နေထိုင်ရာ ရှေးဘိုးဘေး တည်နေရာကြီးမှာတော့ပန်းချီကားတစ်ချပ်ကဲ့သို့လှပလျက်ရှိနေသည်။

ထိုအချင်းအရာသည် ကျွင်းချောင်ရှောင်းအား အမှန်ပင်အံ့အားသင့်စေခဲ့၏။ ကုန်းရှန့်အား အံ့အားသင့်စရာ အကောင်းဆုံးမှာ မြို့ထဲတွင်နေထိုင်ကြသည့်ကျောက်ရုပ်ထုမျိုးနွယ် ကလန်သားများ အားလုံးသည် ငြိမ်ငြိမ်သက်သက်ညီညီညာညာဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြသည့်လူများ ဖြစ်နေကြခြင်းပင်။ လေထုထဲတွင်တော့သာယာအေးချမ်းလှသည့်အရိပ်အာဝါသမျိုး ခံစားနေမိ၏။

“တစ်နေ့ ….”

ကျွင်းချောင်ရှောင်းက သက်ပြင်းချလိုက်မိသည်။ “အလုပ်တွေအားလုံးပြီးသွားပြီး သိုသိုသိပ်သိပ်နဲ့နေထိုင်ရမယ့်အချိန်ရောက်လာပြီဆိုရင်ဒီနေရာမှာ ကောင်းကောင်းမွန်မွန်နဲ့နေထိုင်ချင်လိုက်တာ”

နှင်းဆီဧကရီက ပြောလိုက်၏။ “ကျွန်မလည်း ရှင်နဲ့အတူ လိုက်ခဲ့မယ်”

..........

တစ်နာရီခန့်ကြာမြင့်ပြီးသည့်နောက်ရှေးရွက်သင်္ဘောကြီးသည် ကြီးမားလှသည့်မြို့ကြီး၏ အပြင်ဘက်တွင်ဆင်းသက်လိုက်သည်။

မှန်ပေသည်။ဤအရာသည်ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏အဓိကမြို့ကြီးပင်ဖြစ်၏။ အရွယ်အစားအရ ဆိုလျှင်နတ်ဆိုးနယ်မြေ၏ အဓိကမြို့ကြီးနှင့် နှိုင်းယှဉ်၍ရနိုင်၏။သို့ပေမဲ့ဤတည်နေရာတွင်တော့လူသန်းပေါင်းများစွာ နေထိုင်နေပြီး သက်ဝင်လှုပ်ရှားနေခဲ့၏။

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီနှင့်အတူ လှမ်းလျှောက်လာခဲ့သည်။အဓိကလမ်းမပေါ်သို့လျှောက်လာသည့်အချိန်မှာတော့အသက်ဝင်လွန်းလှသည့် ကြီးမားလှသော ကျောက်ရုပ်ထုကြီးကို မြင်လိုက်ရ သည်။

ထိုအရာသည်ဆံပင်များ ဖိုသီဖတ်သီနှင့် မိန်းမတစ်ယောက်ဖြစ်ပြီး ထိုမိန်းမသည်လသားအရွယ်ကလေးလေးကို လက်ထဲတွင်ကိုင်ကာ မြှောက်ထား၏။

“သခင်လေး”

ကုန်းစွန်းဟုန့်သည် တီးတိုးပြောလိုက်သည်။ “ခေါင်းဆောင်က ပန်းပုဆရာတွေကို ခေါ်ပြီးတော့ ပြုလုပ်ခိုင်းထားတာလေ”

ကျွင်းချောင်ရှောင်းက တိတ်ဆိတ်ငြိမ်သက်သွား၏။ သူနားလည်သည်။ဤအမျိုးသမီးသည်ကျောက်ရုပ်ထု မျိုးနွယ်၏ ဘုရင်မ ပင် ဖြစ်ပေလိမ့်မည်။ကလေးမှာတော့သူပင် ဖြစ်ရမည်။

“ယောက်ျား”

နှင်းဆီဧကရီသည်အသံပို့လွှတ်ကာ ပြောလိုက်၏။ “ရှင်က ကလေးတုန်းက တော်တော်ချစ်ဖို့ကောင်းတာပဲ”

“.........”

ကျွင်းချောင်ရှောင်းသည်မျက်လုံးများ ချာချာလည်သွား၏။ “မိန်းမနှင့်ကလေးကို အားလုံးသတိရ မှတ်မိနေအောင်ကျောက်ရုပ်တုအဖြစ်ပန်းပုထုထားတယ်။ဒီတော့ကျောက်ရုပ်တုမျိုးနွယ်ရဲ့ခေါင်းဆောင်က ချစ်ခြင်းမေတ္တာနဲ့သမာဓိလမ်းစဉ်ကို လိုက်တဲ့အဖေပဲ ဖြစ်ရမယ်”

သူသည်မျက်ရည်ယိုဗုံးကို အဆင်သင့်ပြင်ထားပြီးဖြစ်သည်။

“သခင်လေး”

ကုန်းစွန်းဟုန့်ကပြောလိုက်၏။ “ကလန်ရဲ့ဟောခန်းထဲကို သွားကြရအောင်”

ကလန်၏ ဟောခန်းသည်ကျောက်ရုပ်ထုမျိုးနွယ်၏ မြင့်မြတ်လွန်းလှသော တည်နေရာတစ်ခုဖြစ်၏။ထိုနေရာ သည်နန်းတော်၏တားမြစ်တည်နေရာနှင့် ဆင်တူလှ၏။သို့ပေမဲ့အစောကြီးကတည်းက ကြိုတင်ကာ သတင်း ပေးပို့ထားသည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည်စောင့်ကြပ်ကြည့်ရှုနေသည့်အင်ပါယာအစောင့်များ၏ မျက်လုံးများအောက်မှာပဲ အထဲဆီသို့လျှောက်ဝင်လိုက်ကြသည်။

“သခင်လေး”

အလွန်ခမ်းနားလှသည့်ဟောခန်း၏ ရှေ့တွင်ရပ်တန့်လိုက်ပြီးသည်နောက်ကုန်းစွန်းဟုန့်ကတီးတိုး ပြောလိုက်၏။ “မကြာခင်ခေါင်းဆောင်က ဒီကို ရောက်လာပါလိမ့်မယ်။ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါအုံး”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။ ပြီးသည့်နောက်သူသည်ရှေးဆန်လွန်းလှသော ဟောခန်းကြီးကို ကြည့်ရှုနေမိသည်။

“ခေါင်းဆောင်ရောက်လာပါပြီ” ခဏကြာပြီးသည့်နောက်ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာ၏။

ဝှစ်

ပုံရိပ်တစ်ခုသည်ဘေးတံခါးဆီမှအသာလျှောက်ထွက်လာခဲ့၏။ ပြီးနောက်ပုလ္လင်ရှေ့တွင်မတ်တပ်ရပ်လိုက်၏။အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်မှာတော့ကျက်သရေရှိပြီး လှပလွန်းလှသော အမျိုးသမီး တစ်ယောက်သည်သူ၏ မြင်ကွင်းရှေ့၌ပေါ်ပေါက်လာသည်။

“ချီးတဲ့မှ...” ကျွင်းချောင်ရှောင်းသည်မျက်လုံးများ မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင် ဖြစ်သွား၏။

နှင်းဆီဧကရီသည်လည်း ဆွံ့အသွားခဲ့သည်။

ဤအမျိုးသမီးက မည်သူနည်း။ အဘယ်ကြောင့်ကုန်းရှန့်နှင့်သူ၏ မိန်းမတို့သည်အံ့အားသင့်သွားရသနည်း။

All Chapters