အခန်း ၁၅၇၇
Vol. 106 Ch. 1577
အပိုင်း (၁၅၇၇)
ကျွင်းချောင်ရှောင်း အဘယ်ကြောင့်အံ့အားသင့်သွားရသနည်း။ အဘယ်ကြောင့်ဆိုသော်ဤကျက်သရေရှိပြီး လှပလွန်းသာ အမျိုးသမီးသည်အပြင်ဘက်အဓိက လမ်းမကြီး၌ မြင်ခဲ့ရသော ကျောက်ရုပ်ထုကြီး နှင့် တစ်ပုံစံတည်း ဖြစ်နေသောကြောင့်ပင်။
သူမ၏ သွင်ပြင်အမူအရာတစ်ခုလုံးကို ပုံစံတူ အချိုးအစားယူ၍ ပန်းပုထုလုပ်ထားခြင်းပင်။ မဟုတ်သေးပေ။ ကုန်းစွန်းဟုန့် ပြောခဲ့သည်မှာ မျိုးနွယ်စုကလန်၏မိခင်ဖြစ်သူသည်သေဆုံးသွားခဲ့ပြီဖြစ်၏။သူမသည်အဘယ်ကြောင့်အသက်ရှင်နေရသနည်း။ သူခန့်မှန်းခဲ့သည်မှာ မှားယွင်းခဲ့လေသည်လား။
မဟုတ်သေးပေ။ သူမ၏ နောက်ဘက်တွင်ရှိနေသည့်ပုလ္လင်သည်ကလန်ခေါင်းဆောင်၏ထိုင်ခုံသာ ဖြစ်၏။ သူမသည်အပြင်လူတစ်ယောက်သာ ဖြစ်သည်ဆိုပါက အဘယ့်ကြောင့်ဤတည်နေရာတွင်ထိုင်လို့ရနေသနည်း။
ဆွစ်
ကျက်သရေရှိပြီး လှပလွန်းလှသော အမျိုးသမီးသည်အသာလှုပ်ရှားလိုက်၏။သူမ၏ လှုပ်ရှားမှုပုံစံကို ကြည့်ရှုရ သည်မှာ အလေ့အကျင့် ဖြစ်နေသည့်အတိုင်းပင်။
ကုန်းရှန့်၏စိတ်တစ်ခုလုံးသည်ရှုပ်ထွေးလျက်ရှိနေ၏။
ဘုတ် …။
ကုန်းစွန်းဟုန့်သည်မြေပေါ်တွင်ဒူးတစ်ဖက်ထောက်ချပြီးနောက်ရင်ဘတ်ပေါ်လက်တစ်ဖက်တင်ကာ ဦးညွတ်၍ ဂါဝရပြုလိုက်သည်။ “နှုတ်ဆက်ပါတယ်မိသားစုခေါင်းဆောင်”
ကျွင်းချောင်ရှောင်းသည်မျက်လုံးများ ပြူးကျယ်သွားမိ၏။ သူမသည်မိသားစုခေါင်းဆောင် ဖြစ်နေသည်လား။ ထိုသို့ဆိုလျှင်ကျောက်ရုပ်ထုမျိုးနွယ်၏ မိသားစုခေါင်းဆောင်သည်အမျိုးသမီးတစ်ယောက် ဖြစ်နေသည်လား။ မဟုတ်သေးပေ။ ထိုသို့ဆိုလျှင်မိသားစု၏ သခင်မသည်အဘယ့်ကြောင့်သေဆုံးသွားသည်ဟု ပြောဆိုရသနည်း။ သူ၏ ခေါင်းများသည်တွေးတောရလွန်းသော နာကျင်၍ပင်လာခဲ့သည်။
“ငါ့သား”
ထိုအချိန်မှာပဲ လှပလွန်းသော အမျိုးသမီးသည် ပြုံးကာ ပြောလိုက်၏။ “အိမ်ကို ပြန်လာတဲ့အတွက် ကြိုဆို ပါတယ်”
ကုန်းစွန်းဟုန့်အသံပို့လွှတ်ထားသည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း အကြောင်းကို သူမသည်အစောကြီး ကတည်းက သိရှိပြီးဖြစ်၏။ထို့ကြောင့်အလွန်တရာလည်း စိတ်လှုပ်ရှားလျက်ရှိသည်။
ကုန်းရှန့်၏ နှုတ်ခမ်းများသည်တဆတ်ဆတ်နှင့်တုန်ယင်နေ၏။ “ခင်ဗျားက ကျုပ်ရဲ့အမေလား”
“မဟုတ်ဘူး”
လှပလွန်းသော အမျိုးသမီးက ပြုံးကာ ပြောလိုက်သည်။ “အဖေပါ”
“...........”
ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတတ်ပင် ဖြစ်နေ၏။ ဤအမျိုးသမီးသည်သူ၏အဖေဖြစ်ကြောင်း ပြောဆိုလျက်ရှိနေ၏။ ထိုအရာသည်သူ၏ဦးနှောက်တစ်ခုလုံးကို ပေါက်ကွဲလုမတတ်ပင် ဖြစ်စေတော့၏။
သူ့ကို လာရောက်ကာ စနောက်နေခဲ့သည်လား။ သို့မဟုတ်ကျောက်ရုပ်ထုမျိုးနွယ်ခေါင်းဆောင်နှင့်ကလန်၏မိခင်တို့သည် နှစ်ယောက်လုံး အမျိုးသမီးများ ဖြစ်နေသည်လား။
ဖြစ်နိုင်၏။လူသားများတွင်ပင်လျှင်ဤကဲ့သို့သော အခြေအနေမျိုး တည်ရှိနေ၏။ ထို့ကြောင့်မျိုးနွယ်စုကလန်ထဲ တွင်လည်း ထိုကဲ့သို့သော ကိစ္စရပ်များက ရှိနိုင်သေးသည်။သို့ပေမဲ့အမျိုးသမီးနှစ်ယောက်လက်ထပ်ထားသည် ဆိုလျှင်သူ့ကို မည်ကဲ့သို့သန္ဓေတည်လေသနည်း။
“သခင်လေး”
ကုန်းစွန်းဟုန့်ကပြောလိုက်သည်။ “မျိုးနွယ်စုရဲ့ထုံးစံအစဉ်အလာအရဆိုရင်မိန်းကလေးတွေက ဖခင်ဖြစ်ပြီးတော့ယောက်ျားလေးတွေက မိခင်ဖြစ်တယ်”
“ချီးတဲ့မှ...ဒါဘယ်လို ဓလေ့ထုံးစံလဲ”
ကျွင်းချောင်ရှောင်းသည်သူ၏ခံစားချက်များကို မည်သို့မှမဖိနှိပ်နိုင်တော့ချေ။ထို့ကြောင့်ထအော်လိုက်သည်။ “ခင်ဗျား ဘာလို့စောစောကတည်းက မပြောတာလဲ”
“မမေးလို့ပါ”ကုန်းစွန်းဟုန့်သည်အားပျော့စွာဖြင့်ပြောလိုက်၏။
ကုန်းရှန့်သည်အလုံးစုံ ဆွံ့အလျက်ရှိ၏။ အစကနေ အဆုံးအထိ ကျောက်ရုပ်ထုကလန်၏ခေါင်းဆောင်သည်အမျိုးသားတစ်ယောက်ဖြစ်ပြီး သေဆုံးသွားသည့်မိခင်သည်အမျိုးသမီးဖြစ်မည်ဟု တွေးတောထားခဲ့၏။သို့ပေမဲ့အဆုံးသတ်မှာတော့ပြောင်းပြန်ဖြစ်လို့နေခဲ့၏။သူသည်သူ၏ အမေကို ဆုံးရှုံးခဲ့ခြင်း မဟုတ်ဘဲ သူ၏ အဖေကို ဆုံးရှုံးခဲ့ခြင်းသာဖြစ်သည်။
မဟုတ်သေးပေ။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ထုံးစံအရဆိုလျှင်သူမသည်အဖေဖြစ်ပြီး အမေ မဟုတ်ပြန်ချေ။
“လခွမ်း …... ရှုပ်ယှက်ကို ခတ်နေတာပဲ”
ကျွင်းချောင်းရှောင်းသည်သူ၏ ဦးခေါင်းကို ပိုက်ကာဖြင့်စိတ်ထဲတွင် ကြိတ်ကာ အော်ဟစ်လျက်ရှိနေသည်။ “ကယ်ကြပါအုံးဗျာ”
“သား”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်လက်ကိုဝှေ့ယမ်းကာဖြင့်ပြောလိုက်၏။ “လာ... အနီးကပ် ကြည့်ရအောင်”
“..........”
ကျွင်းချောင်ရှောင်းသည်ဇဝေဇဝါ ဖြစ်မိနေ၏။ ဤအမျိုးသမီးသည်သူ၏အဖေ ဖြစ်သည်ဟု ပြောဆိုသည်ကို ကြားရသည့်အချိန်မှာတော့သူသည်ကြောင်အအနှင့် ဖြစ်လို့နေခဲ့၏။သို့ပေမဲ့သူ၏ ခန္ဓာကိုယ်သည်မည်သို့မှမထိန်းချုပ်နိုင်တော့ဘဲ ရှေ့ဆီသို့လျှောက်သွားမိသည်။
ဖောက်
စင်မြင့်၏ရှေ့ဆီတွင်ရပ်တန့်မိသည့်အချိန်မှာတော့သူ၏လက်ကောက်ဝတ်သည်ဖမ်းဆုပ်ခြင်းကို ခံလိုက်ရ၏။
ဒွီ
ထူးခြားလွန်းလှသော စွမ်းအင်များသည်သူ၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီးသည့်နောက်သူ၏လက်ပေါ်တွင်ရှိနေသော ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏စည်းသည်အသက်ဝင်လာခဲ့သည်။
“ဒါက” ကျွင်းချောင်ရှောင်းက ဆွံ့အ သွားမိ၏။
ထိုအချိန်မှာပဲ ကျောက်ရုပ်ထုမျိုးနွယ်၏ ကလန်ခေါင်းဆောင်သည်သူ့ကို ပွေ့ဖက်ကာ အားရပါးရ အော်ဟစ်ငိုကြွေးတော့သည်။ “ဒါတကယ် ငါ့ရဲ့သားပဲ။ ငါ့ရဲ့သားပဲ”
ကုန်းရှန့်သည်မူလအားဖြင့် ရုန်းကန်ရန် ကြိုးစားခဲ့မိ၏။ ထို့အတူ ယောက်ျားနှင့် မိန်းမဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက်ထိတွေ့၍ရသည့်အရာမျိုး မဟုတ်ချေ။စာဖတ်သူများကလည်း ကြည့်ရှုလို့နေသေး၏။ သူ၏ ဂုဏ်သိက္ခာကို ကျဆင်းမခံနိုင်ချေ။
သို့ပေမဲ့ဤအမျိုးသမီး၏ မျက်ရည်စများသည်သူ၏မျက်နှာပေါ်သို့ကျဆင်း လာသည့်အချိန်မှာတော့အလွန်တရာ နီးကပ်သည့်ခံစားချက်များသည်သူ၏နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့၏။သူ့အား တွေတွေဝေဝေဖြင့်တည်နေရာမှာတင် ငြိမ်ငြိမ်သက်သက်ရပ်တန့်မိနေစေခဲ့တော့၏။
ဤတည်နေရာသို့ရောက်ရှိလာခဲ့စဉ်က ကျွင်းချောင်ရှောင်းသည်အများကြီး တွေးတောခဲ့၏။အထူးသဖြင့်အဖေ နှင့်သား ပေါင်းစည်းသည့် မြင်ကွင်းမျိုးသည်အလွန်တရာ ဝမ်းနည်းစရာ ဖြစ်ပေလိမ့်မည်။ထို့ကြောင့်သူသည်မျက်ရည်ယိုဗုံးကိုပင် ကြိုတင်ကာ ပြင်ဆင်ခဲ့သေး၏။ သို့ပေမဲ့တကယ်တမ်း မိသားစု၏ ချစ်ခြင်းမေတ္တာမျိုးနှင့် ပြန်လည်တွေ့ဆုံသည်အချိန်ကို ရောက်ရှိသည့်အချိန်မှာတော့သူကြိုတင်ပြင်ဆင်ထားမှုအရာအားလုံးသည်အသုံးမဝင်တော့ချေ။သူ၏စိတ်တစ်ခုလုံးသည်ထိုအရာတွင်နစ်မွန်းသွားပြီး ဝမ်းနည်းသည့်စိတ်အဟုန်များ သည် နှလုံးသားထဲတွင်ပင်ဖြစ်တည်လာခဲ့သည်။
ဖောက်ဖောက်
မျက်ရည်များသည် ကြမ်းပြင်ပေါ်သို့ကျဆင်းနေ၏။ မျက်ရည်ယိုဗုံးကို အသုံးမပြုထားသော ကုန်းရှန့်သည်အမှန်ပင်ငိုလို့နေခဲ့တော့၏။တချို့သောသူများသည်သူ့အား ကျိန်းသေပေါက်သရုပ်ဆောင်နေသည်ဟု ထင်မှတ်နေပေလိမ့်မည်။
ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်၏ကျင့်ကြံခြင်းအဆင့်သည် ကြီးမြတ်သူတုံးကုနှင့် ဘာမှမကွာလှချေ။ထို့ကြောင့်သူ့အနေနှင့် ရွှေပေါင်ကြီးကို ဖက်ထားရန်အခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ကုန်းရှန့်အနေဖြင့်ထိုရွှေပေါင်ကြီးကို ဖက်ထားမည်ဟု အားလုံးက တွေးတောကြမှာ သေချာ၏။
ကျွင်းချောင်ရှောင်းသည်သူ၏ဘဝတွင်ရေတွက်လို့မရအောင်များပြားလှသော သရုပ်ဆောင်ခြင်းကို ပြလုပ်ခဲ့ဖူး၏။ သို့ပေမဲ့ဤတစ်ကြိမ်မှာတော့အစစ်အမှန်ခံစားချက်ကို ထုတ်ဖော်ပြသနေခြင်းသာ ဖြစ်တော့သည်။ အမျိုးသမီး၏ ဖက်ခြင်းကို ခံထားရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နွေးထွေးလျက်ရှိနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများသည်အမှန်ပင်ပျစ်လွန်း၏။ ရေနှင့်မတူချေ။
မှန်ပေသည်။သူသည်ဤအမျိုးသမီး၏ သွေး မဟုတ်တာ သေချာ၏။ သို့ပေမဲ့ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏သွေးမျိုးဆက် နိုးထပြီးသည့်နောက်သူ၏သွေးများသည်ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးများပင် ဖြစ်သွား၏။
“အမေ” ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ဤတည်နေရာတွင်သူ့၌ရှက်ရွံ့မှုဟူ၍ မရှိတော့ချေ။သဘာဝအတိုင်း ပြောဆိုနေမိသည်။
“အဖေလို့ခေါ်”
“အဖေ”
“တော်လိုက်တဲ့သား”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်သူ၏ မျက်နှာကို ပွတ်သပ်ကာ ပြောလိုက်သည်။ “မင်းက အရမ်းကို အားနည်းလွန်းတယ်။အပြင်လောကကြီးထဲမှာ ဘယ်လောက်တောင်ဆိုးရွားလှတဲ့နာကျင်မှုတွေခံစားခဲ့ရသေးလဲ။ ခက်ခဲလွန်းခဲ့မှာပေါ့”
“………”
ကုန်းစွန်းဟုန့်၏ နှုတ်ခမ်းများသည်တုန်ယင်လျက်ရှိ၏။ ဂိုဏ်းချုပ်သည်အပြင်ဘက်သို့ထွက်လေ့ထွက်ထ မရှိသလို အထက်နယ်မြေအကြောင်းကိုလည်း မသိချေ။သို့ပေမဲ့ဂိုဏ်းတစ်ခုကို တာဝန်ယူထားသည်သာမက ကြီးမြတ်သူတုံးကု၏ တပည့်အဖြစ်လက်ခံ ခံရသည်ဖြစ်သောကြောင့်ကျိန်းသေပေါက်ပါရမီရှိသော လူငယ်တစ်ယောက်ဖြစ်မှာ သေချာလှ၏။အဘယ်သို့သော ဘေးဒုက္ခကို ခံစားရမည်နည်း။
“အဖေ့ကိုပြော”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်သိမ်မွေ့စွာ ပြောလိုက်၏။ “အရင် နှစ်ပေါင်းများစွာက အနိုင်ကျင့်ခြင်းကို ခံရသေးလား”
“ခံရတာပေါ့”
“ဘယ်သူတွေလဲ” ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်၏မျက်လုံးများထဲတွင်သတ်ဖြတ်လိုခြင်းဆန္ဒ များနှင့် ပြည့်နှက်သွားတော့သည်။
“နယ်မြေဟောခန်း” ကျွင်းချောင်ရှောင်းသည်အံကိုကြိတ်ကာ ပြောလိုက်၏။
ဝှစ်
ချက်ချင်းပဲ စွမ်းအင်လှိုင်းများသည်မျက်လုံးနှင့် မြင်ရသည်အထိ ဖြစ်တည်လာပြီး ဟောခန်းကြီးတစ်ခုလုံးကို ပျံ့နှံ့သွား၏။ ထိုထွက်ပေါ်နေသော စွမ်းအင်များထဲတွင်အလွန်တရာ ကြီးမားလှသော ဒေါသတရားများနှင့် သတ်ဖြတ်လိုခြင်းဆန္ဒများလည်း ပါဝင်နေခဲ့သည်။
ထိုအရာသည်အဓိကမြို့ထဲတွင်ရှိနေကြသော ကလန်သားများ၏ စိတ်ကိုပင်တုန်လှုပ်သွားစေခဲ့၏။မိသားစုခေါင်းဆောင်အား မပျော်ရွှင်ရအောင်မည်သူက ပြုလုပ်နေသနည်း ဆိုသည်ကို ကြိတ်ကာ ခန့်မှန်းနေမိကြ၏။
နယ်မြေဟောခန်း
အသုဘခန်းဆောင်နှင့်ပတ်သက်ကာ ဆွေးနွေးလျက်ရှိနေသည့်အထက်ပိုင်းအကြီးအကဲများသည် ရုတ်တရက် ကြက်သီးများ ထသွားခဲ့ကြသည်။အားလုံးတို့သည်ကြောင်အအ အမူအရာဖြင့်တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
လင်းထျန်အင်မော်တယ်ဂိုဏ်း….။
မြင့်မားလှသည့်တောင်ထွတ်တစ်ခု၏ အပေါ်တွင်ရှိနေသော စင်မြင့်တစ်ခုသို့အလင်းတန်းများသည်စုဝေး ရောက်ရှိလာခဲ့၏။ထိုအလင်းတန်းများသည်ထူးခြားလှသည့်အစီအရင်ကို ဖန်တီးကာ လေ့ကျင့်နေပုံပေါ်သည်။
ဆွစ်
ခဏကြာပြီးသည့်နောက်သူတော်စင်တစ်ယောက်ကဲ့သို့ခန့်ညားလှသော အကြီးအကဲသည်ပျံသန်းရောက်ရှိ လာ၏။ ထိုအကြီးအကဲသည်အလင်းတန်းများ၏ အလယ်တည်နေရာတွင်ခြေချိတ်ကာ ထိုင်လိုက်၏။ ပြီးနောက်ဓားကို အသုံးပြု၍ယစ်ပူဇော်ရန် ပြင်ဆင်နေတော့သည်။သူသည်လက်နှစ်ချောင်းကို ဓားပေါ်တင်ပြီးသည့်နောက်ထူးဆန်းလှသည့် မန္တန်များကို ရွတ်ဆိုလိုက်သည်။။
...............................
“တခြား ဘယ်သူရှိသေးလဲ” ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏အဓိကဟောခန်းထဲမှာတော့လှပလှသည့်အမျိုးသမီးသည်အေးစက်စက်မေးလိုက်၏။
“အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်း” ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
ဝှစ်
ချက်ချင်းပဲ တခြားသောစွမ်းအင်လှိုင်းများသည် ဖြစ်တည်လာခဲ့ပြီး ယခင်ကထက်ပင်ပိုမိုကာ အားကောင်းလာ ခဲ့၏။ထိုစွမ်းအင်လှိုင်းများသည်တည်နေရာကို ဖြတ်သန်းသွားပြီးသည့်နောက်တောင်တစ်ခု၏ ထိပ်တွင်ရှိနေသော အစီအရင်ထဲတွင်ရှိနေသည့်ဓားများကို ချိုးဖြတ်သွားစေသည်။
“အား... မဟုတ်ဘူး”
သူတော်စင်ကဲ့သို့အကြီးအကဲကြီးသည်ထိတ်လန့်တုန်လှုပ်စွာဖြင့်မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။ “ကပ်ဘေးကြီးက လာနေပြီပဲ”
.................
“အင်ပါယာအဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်း”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်၏လှပလှသော မျက်လုံးများ ထဲတွင်အဆုံးမဲ့သော ဒေါသတရား များဖြစ်တည်လျက်ရှိနေ၏။ သူမသည်အံကိုကြိတ်ကာ ကြုံးဝါးလိုက်သည်။ “ငါ့ရဲ့သားကို အနိုင်ကျင့်ရဲတယ်ပေါ့။ကျောက်ရုပ်ထုကလန်ရဲ့ဒေါသတရားကို စောင့်ကြည့်လိုက်ကြတော့”
“...........”
ကျွင်းချောင်ရှောင်း၏ အမူအရာသည်စိတ်ဝင်တစား ဖြစ်လို့လာခဲ့၏။ သူ အမှတ်မထင်ပြောလိုက်သော စကားလုံးများကြောင့်သူမသည်အမှန်ပင်ဒေါသထွက်လျက်ရှိနေ၏။ သူမ၏သားကို နှစ်နှစ်ကာကာနှင့် ချစ်မြတ်နိုးပုံ ပေါ်၏။
“ငါ့ယောက်ျားက တကယ့်ကို သူ့အမေနဲ့တူတာကိုး”
နှင်းဆီဧကရီက တွေးလိုက်မိသည် “ကိုယ့်ရဲ့မိသားစုကို ကာကွယ်တတ်တဲ့အမူအကျင့်ကတစ်ပုံစံတည်းပဲ”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်အမျိုးသမီးတစ်ယောက် ဖြစ်နေသည်ကို သိရသည့်အချိန်မှာ တော့သူမက အံ့အားသင့်လို့နေခဲ့၏။သို့ပေမဲ့မကြာခင်မှာပဲ ထိုအရာကို အသားကျသွားခဲ့တော့၏။ထို့အပြင်မိသားစုကလန်အသီးသီးတွင်မတူညီသည့်ဓလေ့ထုံးစံများ တည်ရှိနေသည်မဟုတ်ပါလား။ ထို့ကြောင့်လူသား မျိုးနွယ်များ၏ စံချိန်စံညွှန်းများနှင့် လိုက်လံတွက်ချက်နေ၍ မဖြစ်ချေ။
ကျွင်းချောင်ရှောင်းသည်တခြားသော မိန်းမတစ်ယောက်၏ရင်ခွင်ထဲသို့ရောက်ရှိလျက်ရှိ၏။ သို့ပေမဲ့သူမသည်မနာလိုမဖြစ်ချေ။ထိုအစား သူမ၏ ယောက်ျားအတွက်ပျော်ရွှင်လို့နေခဲ့၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့် နောက်မှာတော့မိသားစုတစ်စုသည် ပြန်လည်ကာ ပေါင်းစုံနေကြပြီဖြစ်၏။
“ငါ့သား”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည် နှင်းဆီဧကရီကို လှမ်းကြည့်ကာဖြင့်မေးလိုက်သည်။ “ဒါက ဘယ်သူလဲ”
“ခေါင်းဆောင်”
ကုန်းစွန်းဟုန့်ကပြောလိုက်၏။ “အပြင်လောကမှာရှိတဲ့သခင်လေးရဲ့မိန်းမပါ”
ချီးတဲ့မှ….. အဘယ်ကြောင့်ဤမျှအားတက်သရော ဝင်ကာ ပြောဆိုနေရသနည်း။
“ဟမ်”
ကျောက်ရုပ်တုမျိုးနွယ်ကလန်သည်သေသေချာချာ ကြည့်ကာ ပြောလိုက်၏။ “မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကနည်းနည်း နိမ့်ပါးတယ်ဆိုပေမဲ့မင်းရဲ့အလားအလာက မဆိုးဘူးပဲ။ မင်းကို လက်ထပ်လိုက်ရတာက ငါ့သားအတွက်ကံကောင်းတာပဲ”
ကျွင်းချောင်ရှောင်းသည်အံ့အားသင့်သွားမိ၏။ ပထမစကားနှစ်ခုကို နားထောင်ရမည်ဆိုလျှင်သူ့ကို လက်ထပ်ရ သည့်အတွက်သူမသည်ကံကောင်းသည်ဟု ပြောဆိုသင့်သည်မဟုတ်ပါလား။ အဘယ်ကြောင့်သူမအား လက်ထပ်ရသည့်အတွက်သူက ကံကောင်းနေရသနည်း။
“အမိန့်ပေးလိုက်တော့”
ကျောက်ရုပ်တုမျိုးနွယ်ကလန်ခေါင်းဆောင်သည်ပြောဆိုလိုက်၏။ “ဝန်ကြီးသုံးဦးနဲ့မူးမတ်ကိုးပါးတို့ကို ဆင့်ခေါ်လိုက်တော့။သခင်လေးကို လာပြီးတော့တွေ့ဆုံကြဖို့”
“ကောင်းပါပြီ”
“သခင်လေး……ပြန်ရောက်လာပြီဆိုတဲ့အကြောင်းကို ကလန်တစ်ခုလုံးကို အကြောင်းကြားလိုက်တော့”
“ကောင်းပါပြီ”
“သုံးရက်အတွင်း ခေါင်းဆောင်အသစ်အသိအမှတ်ပြုတဲ့အခမ်းအနားကို ကျင်းပမယ်”
“ကောင်းပါပြီ”
“.........”
ကျွင်းချောင်ရှောင်းသည်ဇဝေဇဝါနှင့်ဖြစ်လို့နေလေသည်။ “ဒီကိုရောက်တာတောင်မကြာသေးဘူး။ ကလန်ခေါင်းဆောင်ဖြစ်တော့မှာလား။ ဒါက မမြန်လွန်းဘူးလား”