← Chapters

အခန်း ၁၅၇၈

Vol. 106 Ch. 1578

အခန်း ၁၅၇၈

Vol. 106 Ch. 1578

အပိုင်း (၁၅၇၈)

မျိုးနွယ်စု၏ အဓိကဟောခန်း ….

တစ်ရာနီးပါးခန့်ရှိသော ကျောက်ရုပ်ထုကလန်မှ အဖွဲ့ဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။ ရှေ့ဆုံးတွင်ရှိနေသော လူသုံးဦးသည် အိုမင်းလျက်ရှိနေပြီး ၎င်းတို့၏ အော်ရာများမှာလည်း အလွန်အားကောင်းလှ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် အလွန်အားကောင်းလှသည့်လူများဖြစ်ကြောင်း သိသာစေ၏။ ၎င်းတို့သည် မင်းဆရာများလည်း ဖြစ်တော့၏။ ၎င်းတို့၏ ရာထူးသည် ကျောက်ရုပ်ထုကလန်ထဲတွင် ကလန်ခေါင်းဆောင်ပြီးနောက် ဒုတိယဖြစ်သည်။

အကယ်၍ အာဏာသိမ်းသည့်အကြောင်းပေါ်ပါက ဤလူများသည် သံသယအရှိဆုံးဖြစ်၏။ ဤအရာသည် ဖြစ်နိုင်သည်ကို ပြောဆိုခြင်းဖြစ်၏။ ကျောက်ရုပ်ထုမျိုးနွယ်သည် ရှေးကတည်းက တည်ရှိခဲ့သော အရာဖြစ်ပြီး အာဏာသိမ်းသည့်ကိစ္စမျိုး ဘယ်တောာ့မှ ရှိလိမ့်မည်မဟုတ်ချေ။

၎င်းတို့၏နောက်တွင် ရပ်လျက်ရှိနေသည့် လူများမှာတော့ မူးမတ်ကိုးပါးပင် ဖြစ်တော့၏။ ၎င်းတို့သည်လည်း အိုမင်းနေသည့် ပုံပေါ်သော်လည်း အော်ရာများမှာတော့ အားကောင်းလျက်ရှိနေ၏။ ၎င်းတို့သည် မြို့ထဲတွင်ရှိနေသော စစ်ရေးစစ်ရာနှင့် စီမံအုပ်ချုပ်မှုကို ပြုလုပ်သောသူများ ဖြစ်ကြ၏။

"နှုတ်ဆက်ပါတယ် ကလန်ခေါင်းဆောင်" အားလုံးသောသူများသည် ဒူးထောက်ကာ ဂါရဝပြုလိုက်ကြသည်။

"ထပါ"

ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ မျက်နှာသည် ထူးမခြားသလို ဖြစ်နေ၏။ သူမသည် ကလန်ခေါင်းဆောင် ဟူသော အရှိန်အဝါမျိုးကို ဆက်တိုက်ထုတ်ဖော်နေ၏။ ကျွင်းချောင်ရှောင်းသည် သူမ၏ဘေးတွင် ထိုင်လျက်ရှိနေ၏။ သူသည် ရှေ့တွင်ရှိနေသော ဝန်ကြီးသုံးပါးကိုကြည့်ကာ အံ့အားသင့်မိနေ၏။ "သူတို့ရဲ့အော်ရာတွေက ဆရာနဲ့တောင် နှိုင်းယှဉ်လို့ရတာပဲ"

သူသည်သာ ကလန်ခေါင်းဆောင်ဖြစ်သွားပြီး အထက်နယ်မြေသို့ ဤလူများကို ခေါ်သွားနိုင်သည်ဆိုပါက လုပ်ချင်ရာလုပ်နိုင်မည် မဟုတ်ပါလား။

"အင်း …."

စနစ်က ပြောလိုက်၏။ “နန်းပုလ္လင်ကိုတောင် မဆက်ခံရသေးဘူး။ အခုကတည်းက မောက်မာနေပြီ။”

မင်းဆရာသည် ကျွင်းချောင်ရှောင်းကို ကြည့်ရှုကာဖြင့် လေးလေးစားစား မေးမြန်းလိုက်၏။ "ဒီဆရာလေးက ဘယ်သူလဲ"

"ငါ့ရဲ့သားပဲ"

ကျောက်ရုပ်ထုမျိုးနွယ် ကလန်ခေါင်းဆောင်က ပြောလိုက်သည်။ "မိုပိုင်"

သူမ၏သားမွေးဖွားစဉ်က သူမသည် နာမည်ပေးခဲ့၏။ ကုန်းစွန်းမိုပိုင်ဖြစ်၏။

"ဟင်းး"

ကျွင်းချောင်ရှောင်းသည် သက်ပြင်းကြိတ်ကာ ချလိုက်မိ၏။ ဤနာမည်သည် နားထောင်လို့တော့ ကောင်းလှ၏။ အမှန်ပင်။ ကျွင်းချောင်ရှောင်းဟူသည် နာမည်ထက် ကုန်းစွန်းမိုပိုင်က ပိုကောင်းလှ၏။

"ငါတို့က ကုန်းရှန့်ကိုပဲ ကြိုက်တယ်" စနစ်နှင့် စာဖတ်သူများက သံပြိုင်ဆိုသလို အော်ဟစ်လိုက်ကြသည်။

ဝန်ကြီးသုံးပါးနှင့် မှုးမတ်ကိုးပါး၏နောက်တွင် ရှိနေသော မူးကြီးမတ်ရာ၊ စစ်သည်များသည် နာမည်ကို ဂရုမစိုက်ကြချေ။ ထိုရှေ့တွင်ရှိနေသော ငါ့သားဟူသည် စကားကိုသာ ဂရုစိုက်ကြ၏။ သူတို့၏ အမူအရာသည် ပြောင်းလဲသွားကြ၏။ သူတို့သည် သံပြိုင်ဆိုသလို အော်ဟစ်လိုက်ကြ၏။ "သခင်လေးလား"

ဆွစ်

ကျွင်းချောင်ရှောင်း မျက်နှာကို ခပ်မော့မော့ ထားလိုက်၏။ မှန်ပေ၏။ သူသည် ချောမောပြီး ကြည့်ကောင်းလှသော ကလန်ခေါင်းဆောင်ငယ်လေးပင် ဖြစ်တော့၏။ အဘယ့်ကြောင့် အားလုံးသောသူများသည် ဒူးမထောက်ရသေးသနည်း။

ကောင်းကင်ဘုံ ….. ကျွင်းချောင်ရှောင်းသည် အမှန်ပင် မောက်မာနေပြီဖြစ်၏။

"ဒီမှာရှိနေတဲ့ လူတွေအားလုံး …."

ကျောက်ရုပ်ထုမျိုးနွယ် ကလန်ခေါင်းဆောင်သည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်သည်။ "ဘာလို့ ဂါဝရမပြုကြသေးတာလဲ"

ဘုတ် ဘုတ်

ချက်ချင်းပဲ အားလုံးသောသူများသည် ဒူးထောက်ထိုင်ချလိုက်၏။ သူတို့သည် ၎င်းတို့ကလန်၏ အမြင့်မြတ်ဆုံးသော ဂါဝရကို ထုတ်ဖော်လျက် ရှိနေ၏။

ဝန်ကြီးသုံးပါးနှင့် မှုးမတ်ကိုးပါးတို့သည် ကျွင်းချောင်ရှောင်းထက် ပိုမိုကာ အားကောင်းလွန်းလှ၏။ ထိုကဲ့သို့သောသူများ သူ့ရှေ့တွင် ဒူးထောက်နေသည့်အခါမှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပင် တကိုယ်လုံး မြောက်တက်လျက် ရှိနေသည်။

အဟမ်း … အဟမ်း …

ကုန်းရှန့်သည် ချောင်းဟန့်ကာဖြင့် ပြောလိုက်၏။ "ထကြပါ"

သူသည် အမှန်ပင် ဟိတ်ကြီးဟန်ကြီးဖြင့် ပြုလုပ်လျက်ရှိနေသည်။

"သုံးရက်အတွင်း"

ကျောက်ရုပ်ထုမျိုးနွယ် ကလန်ခေါင်းဆောင်က ပြောလိုက်၏။ "ကျွန်မသားက ဒီခေါင်းဆောင်နေရာကို ဆက်ခံလိမ့်မယ်။ ဘယ်သူငြင်းချင်လဲ"

"..."

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်လျက် ရှိနေ၏။ သူ၏ အမေပီသစွာပဲ တင်းမာ ခက်ထန်လွန်းလှသည်။

"ဒါက …." ဝန်ကြီးသုံးပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြပြီး ဇဝေဇဝါနှင့် ဖြစ်လို့နေခဲ့၏။

"ဘာလဲ"

ကျောက်ရုပ်ထုမျိုးနွယ် ကလန်ခေါင်းဆောင်က ပြောလိုက်သည်။ "ငြင်းချင်လို့လား"

မှုးမတ်အကြီးအကဲများသည် အလောတကြီးဖြင့် ပြောလိုက်၏။ "ခေါင်းဆောင် ….. သခင်လေးက မွေးဖွားလာပြီးတဲ့နောက်မှာ ကလန်ခေါင်းဆောင်ဖြစ်လာမယ်လို့ အသိအမှတ်ပြုပြီးသားပါ။ ဒီတော့ သူ့အနေနဲ့ ခေါင်းဆောင်ဖြစ်လာမယ်ဆိုတာ မမှားဘူးလေ။ ဒါပေမဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက်က …."

ကျောက်ရုပ်ထု ကလန်ခေါင်းဆောင်သည် မထူးခြားသလို ပြောလိုက်သည်။ "ငါ့သားက ကလန်ခေါင်းဆောင်ရာထူးကို ဆက်ခံမယ်လို့ ပြောပြီးပြီ။ ဒီတော့ တခြားလိုအပ်ချက်တွေ ရှိနေသေးလို့လား"

"ဘယ်လောက်ကြမ်းလိုက်သလဲ"

ကျွင်းချောင်ရှောင်းသည် အံ့ဩလို့နေခဲ့၏။ သို့ပေမဲ့ ကလန်ခေါင်းဆောင်ရာထူးကို သူ့အား အမြန်ပေးအပ်ချင်သည် ကို သိရှိရသည့်အခါမှာတော့ တစ်စုံတစ်ခုကို ခံစားနေမိ၏။ ဤနေရာတွင် ဇာတ်လမ်းတစ်ခုခုများ တည်ရှိနေသည်လား။ ဖုံးကွယ်ထားသည့် အရာတစ်ခုခုများ တည်ရှိလို့နေသည်လား။

"ကျုပ်သဘောတူပါတယ်"

ထိုအချိန်မှာတော့ အဝင်ဝနှင့် အနီးဆုံးတွင် ရှိနေသော ကုန်းစွန်းဟုန့်သည် သူ၏ သဘောထားများကို စတင်ကာ ပြောဆိုတော့၏။ သူသည် တစ်ချိန်လုံး အထက်နယ်မြေတွင် လှည့်လည်သွားလာနေသောကြောင့် ကျောက်ရုပ်ထုမျိုးနွယ်တွင် မည်သည့်အခွင့်အာဏာကိုမှ မပိုင်ဆိုင်ချေ။ သို့ပေမဲ့ အလယ်အလတ်အဆင့် အစစ်အမှန်ရှာဖွေခြင်း ကျင့်ကြံသူဖြစ်သောကြောင့် သူ့အနေဖြင့် ဤတည်နေရာသို့ ဝင်ရောက်ကာ နားထောင်ခွင့်တော့ ပိုင်ဆိုင်သည်။

"ကျုပ်လည်း သဘောတူတယ်"

ရှေ့မှဦးဆောင်သူတစ်ယောက် ရှိလာတော့ကြောင့် ကျန်နေသည့်သူများသည်လည်း သူတို့၏သဘောထားကို ထုတ်ဖော်တော့၏။

"သခင်လေး"

ကုန်းစွန်းဟုန့်သည် အသံပို့လွှတ်လိုက်သည်။ "ဘယ်လိုလဲ …. ပူးပေါင်းဆောင်ရွက်မှုက ကောင်းတယ်မလား"

"ခင်ဗျားကို လက်မထောင်ပေးလိုက်ပြီ"

ကုန်းရှန့်အနေဖြင့် တစ်စုံတစ်ခု မှားယွင်းသွားမှာကို စိုးရိမ်နေသည်ဆိုသော်လည်း မျိုးနွယ်စုသည် သူ့အား ကလန်ခေါင်းဆောင်အဖြစ် ရွေးချယ်ချိန်မှာတော့ သူသည်ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် မျိုးနွယ်စုကြီးတစ်ခုလုံးကိုသာ ထိန်းချုပ်နိုင်ပါက မကျေနပ်သည့် လူများကိုပါ သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။

ခနလောက်ကြာပြီးနောက် များပြားလှသော မှုးမတ်များသည် သူ့အား ခေါင်းဆောင်အဖြစ် လက်ခံမည်ဟူသော သဘောထားကို ပြသတော့၏။ သို့ပေမဲ့ ဝန်ကြီးသုံးပါးနှင့် မှုးမတ်ကိုးပါးတို့မှာတော့ တွေဝေစွာ ရှိနေတုန်းပင်။ သူတို့သည် ကုန်းရှန့်အား မနှစ်သက်သောကြောင့် မဟုတ်ပေ။ ဘိုးဘေးများချန်ထားခဲ့သော စည်းမျဉ်းကို စမ်းသပ်ပြီးမှသာလျှင် ခေါင်းဆောင်ကို ခန့်အပ်နိုင်ပေလိမ့်မည်။

"ခေါင်းဆောင်"

မင်းဆရာက ပြောလိုက်၏။ "ရှုပ်ထွေးလှတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှောင်လွှဲလို့ရပေမဲ့ စစ်သည်တော်တွေရဲ့ စိန်ခေါ်မှုကိုတော့ ရှောင်လွှဲလို့မဖြစ်ဘူး"

တစ်ချိန်လုံး ငြိမ်သက်နေသော မင်းဆရာတစ်ယောက်က ပြောလိုက်သည်။ "တကယ်လို့ သခင်လေးအနေနဲ့ စစ်သည်တော်ဆယ်ယောက်ကိုမှ အနိုင်မယူနိုင်ဘူးဆိုရင် တစ်ခြားသူတွေရဲ့ အသိအမှတ်ပြုမှုကို ဘယ်လိုလုပ်ရမှာလဲ"

ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ ခေါင်းဆောင်တိုင်းသည် စစ်သည်တော်များကို စိန်ခေါ်တိုက်ခိုက်ရ၏။ ၎င်းတို့အားလုံးကို ရင်ဆိုင်တိုင်ခိုက်နိုင်မှသာလျှင် မျိုးနွယ်စု၏ တရားဝင်ခေါင်းဆောင်ဖြစ်ပေမည်။ အကယ်၍ ကျဆုံးသွားလျှင်ကော …

ထိုသို့ဆိုလျှင် အနိုင်ရသည်အထိ ကျင့်ကြံရန် လိုအပ်နေ၏။ ဤအရာသည် စည်းမျဉ်းစည်းကမ်းဟု ပြောဆိုရမည်ထက် ဓလေ့ထုံးစံဟုပင် ပြောဆိုရမည်ဖြစ်၏။

"ဒီလိုဆိုရင်"

ကျောက်ရုပ်ထုမျိုးနွယ်ခေါင်းဆောင်၏ မျက်နှာသည် အေးစက်သွားခဲ့သည်။ "ရှင်တို့က ငြင်းချင်တာလား"

ဘုတ်

ဝန်ကြီးသုံးပါးတို့သည် မြေပေါ်သို့ ဒူးထောက်ထိုင်ချလိုက်၏။ ပြီးနောက် အလောတကြီးဖြင့် ပြောလိုက်၏။ "ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ဆောင်ဖို့ ပြောတာပါ။ မနာခံတာ မဟုတ်ပါဘူး"

ဟမ့် ….။

ကျောက်ရုပ်ထုမျိုးနွယ်ခေါင်းဆောင်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ဘိုးဘေးတွေထားခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ကျွန်မကို ဖိနှိပ်ခဲ့ပြီးပြီမဟုတ်လား။ အခု ဒီမှာရှိတဲ့ လူတွေအကုန်လုံးကို ရာထူးဆွဲချပြီးတော့ မြေကမ္ဘာစိတ်ဝိညာဉ်တောင်ကြားကို မစေလွှတ်ဘူးလို့ ထင်နေတာလား"

"အဖေ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "မျိုးနွယ်စုတွေမှာ စည်းမျဉ်းတွေရှိတယ်ဆိုတော့ စည်းမျဉ်းအတိုင်းပဲ လုပ်ကြတာပေါ့"

ကျောက်ရုပ်ထုမျိုးနွယ်ခေါင်းဆောင်သည် သူ့အား ခေါင်းဆောင်ရာထူးကို ပေးအပ်နေ၏။ ထိုအရာကို ဝန်ကြီးသုံးပါးနှင့် မှုးမတ်ကိုးပါးက သဘောမတူဘဲ အတင်းရယူထားလျှင်လည်း အခွင့်အာဏာရှိပေလိမ့်မည် မဟုတ်ချေ။

တိုကိခိုက်ရပေလိမ့်မည်။ သူသည် မည်သူ့ကို ကြောက်ရွံ့ရမည်နည်း။

"ငါ့သား"

ကျောက်ရုပ်ထုမျိုးနွယ်ခေါင်းဆောင်သည် အသံပို့လွှတ်လိုက်၏။ "တိုက်ခိုက်ချင်တာ သေချာလို့လား"

ရွှီ

ကျွင်းချောင်ရှောင်းသည် ထရပ်လိုက်ပြီး သူ၏ တောက်ပလျက်ရှိနေသော ဦးခေါင်းကြီးကို ပွတ်ကာဖြင့် ပြောလိုက်သည်။ "ကျောက်ရုပ်ထုကလန်ရဲ့ ခေါင်းတောင်ငယ်အနေနဲ့ ကလန်ကလူတွေရဲ့ အသိအမှတ်ပြု မှုကိုမယူနိုင်ရင် ဒီပုလ္လင်ပေါ်ထိုင်နေလို့ရော ဘာထူးမှာလဲ"

"အမှန်ပဲ"

ကျောက်ရုပ်ထုမျိုးနွယ်၏ ခေါင်းဆောင်က ပြောလိုက်၏။ "ဒါဆိုလည်း ဘိုးဘေးတွေစည်းမျဉ်းအတိုင်းပဲ လုပ်ကြတာပေါ့"

ဟောခန်း၏ အပြင်ဖက် ….။

ကျောက်ရုပ်ထုကလန်၏ အဖွဲ့သားများသည် အလုပ်များလျက် ရှိနေ၏။ သူတို့သည် တိုက်ပွဲစင်မြင့်ကို ပြင်ဆင်နေတုန်းမှာပဲ များပြားလှသော မြို့အသီးသီးတွင် တစ်နာရီအတွင်း အင်ပါယာသတိပေးချက်ကို ကပ်လျက်ရှိနေကြသည်။

စစ်သည်တော်ဟု သတ်မှတ်ခံထားရသော ကလန်သားများအနေဖြင့် အပြန်ရောက်လာရန် ဖြစ်တော့၏။ နှစ်ရက်အတွင်း သူတော်စင်တိုက်ပွဲကို ကျင်းပမည် ဖြစ်၏။

သူတော်စင်တိုက်ပွဲဟု ခေါ်ဆိုခြင်းသည် ခေါင်းဆောင်ငယ်နှင့် စစ်သည်တော်များအကြား တိုက်ပွဲတစ်ခုပင် ဖြစ်၏။ ဤအရာသည် နန်းပုလ္လင်ကို ဆက်ခံရန်အတွက် ရည်ရွယ်ချက်တစ်ခု ဖြစ်ပြီး ကလန်ခေါင်းဆောင်၏ အရည်အချင်းကို စမ်းသပ်သောအရာဖြစ်သည်။

"သခင်လေး ပြန်လာပြီလား။”

“ကုန်းစွန်းဟုန့် ရှာတွေ့ခဲ့တယ်လို့ ကြားတယ်။ ကောင်းကင်ဘုံ ဒါက သတင်းကြီးပဲ"

နှစ်ရက်ကြာပြီးနောက် အလွန်ခမ်းနားလှသည့် ဟောခန်းအပြင်ဘက်တွင်တော့ စင်မြင့်ကြီးတစ်ခုတွင် ကျောက်ရုပ်ထုမျိုးမျိုးနွယ်မှ ကလန်သား တစ်သောင်းကျော်တို့သည် စုဝေးလျက် ရှိနေကြ၏။ ၎င်းတို့သည် မြို့အသီးသီးမှ ရောက်ရှိလာကြပြီး ရင်ဘတ်တွင် စစ်သည်တော်ဟူသော စာတမ်းကို ချိတ်ဆွဲထားကြ၏။ ၎င်းတို့သည် ကျောက်ရုပ်ထုကလန်၏ ပါရမီရှင်များပင် ဖြစ်၏။

"ငါ့သား"

ကျောက်ရုပ်ထုမျိုးနွယ်၏ ကလန်ခေါင်းဆောင်သည် ကျွင်းချောင်ရှောင်းကို ဟောခန်းမှခေါ်ဆောင်ကာဖြင့် အသံပို့လွှတ်လိုက်သည်။ "အစောကတည်းက မင်းနဲ့တိုက်ခိုက်ဖို့ လူဆယ်ယောက်ကို ရွေးပြီးပြီ။ သူတို့ကိုလည်း သေသေချာချာ ညွှန်ပြပေးထားတယ်"

ပြီးသည့်နောက် အဓိပ္ပာယ်ပါသော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။

"..."

ကုန်းရှန့်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက် ရှိနေ၏။ သူ၏ အဖေသည် မည်ကဲ့သို့ လှည့်စားရမည်ကို သူ့ကဲ့သို့ကောင်းကောင်းသိလို့နေသည်။

ဟူး ….။

ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်ရှုပြီးနောက် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။ ပြီးသည့်နောက် ကလန်သားများ၏ရှေ့တွင် သူသည် ကျယ်လောင်စွာပြောလိုက်၏။

"သခင်လေးအဖြစ် အသိအမှတ်ပြုခံရဖို့အတွက် ကျုပ်ကဒီနေ့မှာစစ်သည်တော်ဆယ်ယောက်နဲ့ မတိုက်ခိုက်ဘူး။”

ခနလောက်ရပ်ပြီးနောက် သူသည် ဟိတ်ကြီးဟန်ကြီးဖြင့် ပြောလိုက်သည်။ "အားလုံးနဲ့ တိုက်ခိုက်မယ်"

အဝေးတစ်နေရာရှိ လှေကားလက်ရမ်းတွင် ရပ်လျက်ရှိနေသော နှင်းဆီဧကရီသည် ကုန်းရှန့်၏ တောက်ပြောင်နေသော ဦးခေါင်းကို ကြည့်ကာဖြင့် ပြုံးလိုက်၏။ "ဒါမှ ငါ့ယောက်ျား"

All Chapters