အခန်း ၁၅၈၀
Vol. 106 Ch. 1580
အပိုင်း (၁၅၈၀)
စစ်သည်တော် ၁၀၀၀ကျော်တို့သည်တစ်ချက်ရိုက်လိုက်ရုံနှင့် အဝေးဆီသို့လွှင့်စင်သွားခဲ့၏။ ကျောက်ရုပ်ထု မျိုးနွယ်ကလန်မှအဖွဲ့ဝင်များအားလုံးသည်ဆွံ့အလျက်ရှိနေကြ၏။ ဤကဲ့သို့ ပြီးသွားသည်လား။
ပြီးသွားခဲ့ပြီဖြစ်သည်။ ဒိုင်လူကြီးသည်တိုက်ခိုက်ပွဲစတင်ရန်ကြေညာခဲ့၏။သို့ပေမဲ့တစ်စက္ကန့်အတွင်းမှာပဲ တိုက်ခိုက်မှုမှာ ပြီးဆုံးသွားခဲ့၏။ ဤအရာသည်ကလေးကစားသကဲ့သို့ပင် မြန်ဆန်လို့နေခဲ့၏။
မည်သို့မှမတတ်နိုင်ခဲ့ချေ။ ကျွင်းချောင်ရှောင်းအနေနှင့် စွန်းဝူခုန်းဝတ်စုံကို အသုံးပြုပြီးသည့်နောက်မျောက်ဘုရင်၏အစွမ်းသတ္တိများကို ပိုင်ဆိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်လိမ့်မည်နည်း။
ပြိုင်ဘက်ကင်းရသည်မှာ အထီးကျန်ဆန်လွန်းလှသည်။
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်မျက်မှောင်ကုတ်လျက်ရှိနေ၏။ သူမ၏ သားသည်ဤတိုက်ကွက်ကို ထုတ်ဖော်လိုက်သည့်အချိန်၌မတူညီသည့်လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားခဲ့ကြောင်း သူမက အာရုံခံမိ၏။
သိုင်းပညာလား။ သို့မဟုတ်မှော်ပညာသည်လား။
ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်သည်ဤအရာကို မဖြေရှင်းနိုင်ချေ။သို့ပေမဲ့မျက်နှာပေါ်တွင်တော့အပြုံး တစ်ခုဖြစ်တည်လာခဲ့၏။သူမသား မည်ကဲ့သို့အနိုင်ယူခဲ့သည်ဆိုသည်မှာ ကိစ္စမရှိချေ။တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ စစ်သည်တော်များအားလုံးကို အနိုင်ယူခဲ့ပြီဖြစ်သောကြောင့်မျိုးနွယ်စုခေါင်းဆောင်အဖြစ်ထိုက်တန်သည့်အရည်အချင်းကို ပိုင်ဆိုင်နေလေသည်။မည်သူမှသံသယဝင်လိမ့်မည်မဟုတ်တော့ချေ။
ဝှစ်
ကျွင်းချောင်ရှောင်းသည်အသာလှည့်ပြီးသည့်နောက်ကြောင်အလျက်ရှိနေသည့်ဝန်ကြီး ၃ ပါး နှင့် မှူးမတ် ၉ပါးတို့ကို လှမ်းကြည့်လိုက်၏။ “အဆင်ပြေရဲ့လား ပရိတ်သတ်ကြီး …”
“………..”
မင်းဆရာများနှင့် တစ်ခြားသောလူများ၏ နှုတ်ခမ်းများသည်တုန်ယင်လျက်ရှိနေ၏။ သခင်လေးသည်တစ်ခါတည်း အားလုံးကို အနိုင်ယူလိမ့်မည်ဟု သူတို့က မထင်မှတ်ခဲ့ချေ။သို့ပေမဲ့တိုက်ခိုက်ချက်တစ်ခုတည်းနှင့် အားလုံးသောသူများကို လွှင့်စင်အောင် ပြုလုပ်ခဲ့၏။မယုံကြည်နိုင်ဖွယ်ရာပင်။
လူတစ်ယောက်သည်များပြားလှသော စစ်သည်တော်များနှင့် တိုက်ခိုက်သည်ဆိုခြင်းမှာ မထင်မှတ်ထားသည့်ကိစ္စဖြစ်ပြီး ဖြစ်လည်းမဖြစ်နိုင်သောကိစ္စပင်ဖြစ်၏။ သို့ပေမဲ့တစ်ခါတည်း အနိုင်ယူခဲ့ခြင်း ဆိုသည်မှာ ပိုမိုကာ ဆိုးရွားလွန်း၏။ အနာဂတ်တွင်မည်သူမှသည်ထိုကဲ့သို့သောအရာမျိုးကို ပြုလုပ်နိုင်လိမ့်မည် မထင်ချေ။ထိတ်လန့်အံ့အားသင့်စရာကောင်းလွန်းလှ၏။
ကျွင်းချောင်ရှောင်းအနေနှင့် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆီသို့ရောက်ရှိလာသည့်အချိန်တွင်သိုသိုသိပ်သိပ်နှင့်နေထိုင်ခဲ့သည်ဖြစ်သောကြောင့်အားလုံးသောသူများသည်အထင်မကြီးကြသည်လားတော့မသိချေ။ကျောက်ရုပ်ထု မျိုးနွယ်ကလန်၏ခေါင်းဆောင်သည် ကြည်လင်ရှင်းလင်းသည့်အသံဖြင့်ကြေညာလိုက်သည်။
“တိုက်ပွဲက ပြီးသွားပြီ။ ငါ့ရဲ့သား မိုပိုင်က စစ်သည်တော်တွေအားလုံးကို အနိုင်ယူခဲ့တယ်ဆိုတော့ ၂ရက်အတွင်း မျိုးနွယ်စုကလန်ခေါင်းဆောင်နေရာကို ရယူလိမ့်မယ်။”
ဘုတ်ဘုတ် …..။
ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှထောင်ပေါင်းများစွာသော စစ်သည်တော်နှင့်ဝန်ကြီး ၃ ပါး၊ မှူးမတ် ၉ပါးတို့အားလုံး တို့သည်မြေပေါ်သို့ဒူးတစ်ဖက်ထောက်ချလိုက်၏။ ပြီးနောက်လေးလေးစားစားဖြင့်အော်ဟစ်လိုက်၏။
“သခင်လေးကို ဂါရဝပြုပါတယ်။”
“သခင်လေးကို ဂါရဝပြုပါတယ်။”
အားလုံးသောသူများ၏ ချီးမြှောက်မှုအောက်တွင် ကျွင်းချောင်ရှောင်းသည်ကောင်းကင်စတေးခြင်းလှံကြီးအား ပုခုံးပေါ်ထမ်းတင်ကာဖြင့်အလွန်အားကောင်းလှသော အော်ရာများကို ထုတ်ဖော်လျက်ရှိနေသေးသည်။
……….
တစ်ရက်တည်းမှာပဲ သခင်လေးတစ်ယောက်မျိုးနွယ်စုခေါင်းဆောင်ရာထူးအား ရယူမည်ဆိုသည့်သတင်းသည်တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တော့၏။
အားလုံးသောသူများသည်စတင်ကာ ပြင်ဆင်ကြတော့သည်။ မီးရှူးမီးပန်းများ ၊ ဗြောက်အိုးများကိုလည်း ပြင်ဆင်နေကြ၏။ အားလုံးသောသူများသည်အလုပ်များလျက်ရှိနေတုန်း မှာပဲ ကျွင်းချောင်ရှောင်းမှာတော့သူနေထိုင်ရာအိမ်တော်အတွင်းတွင် နှောင့်နှေးတွန့်ဆုတ်လျက်ရှိနေသည်။
“ထူးဆန်းလိုက်တာ။ အရမ်းထူးဆန်းတယ်။”
နှင်းဆီဧကရီက မေးမြန်းလိုက်၏။ “ဘာတွေထူးဆန်းနေတာလဲ။”
ကျွင်းချောင်ရှောင်းသည်ရပ်တန့်ကာ ပြောလိုက်သည်“ကျုပ် အခုမှကျောက်ရုပ်ထုမျိုးနွယ်ကလန်ထဲကို ရောက်လာတာလေ။ ဒါပေမဲ့မျိုးနွယ်စုခေါင်းဆောင်ရာထူးကို တစ်ခါတည်းရနေပြီ။ ဒါတစ်ခုခု မှားနေတယ်လို့ခံစားမိနေတယ်လေ။”
“အင်း …. ဒါက နည်းနည်းတော့ထူးဆန်းလွန်းတယ်။”
“ဒီနေရာမှာ ဘာမှန်းမသိတဲ့ဖုံးကွယ်ထားတဲ့အရာတွေရှိနေမယ်လို့သံသယဝင်မိတယ်လေ။”
“ဘယ်လိုအရာမျိုးလဲ။”
“………”
ကျွင်းချောင်ရှောင်းသည်ဒေါသတကြီးဖြင့်ပြောလိုက်၏။ “ဘာမှန်းမသိတဲ့အကြောင်းအရာလို့ပြောထားတယ်လေ။ သိမှတော့အကြောင်းအရင်းကို တစ်ခါတည်းပြောနေတော့မှာပေါ့။ခင်ဗျားကို ဘယ်လိုလုပ်ကူပြီး စဉ်းစားခိုင်းနေတော့မလဲ။”
“သခင်လေး”
ကုန်းစွန်းဟုန့်သည်အပြင်ဘက်ဆီမှအော်ဟစ်လိုက်သည်။ “မျိုးနွယ်စုခေါင်းဆောင်က အဓိကဟောခန်းထဲကို လာခဲ့ဖို့ပြောလိုက်တယ်။”
“သိပြီ”
ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီးသည့်နောက်ကလန်၏အဓိက ဟောခန်းဆီသို့တစ်ယောက်တည်းထွက်ခွာသွားခဲ့၏။
သူအထဲသို့ရောက်ရှိသွားသည့်အချိန်မှာတော့မျိုးနွယ်စုခေါင်းဆောင်သည်ထိုင်ခုံပေါ်တွင်တွေတွေဝေဝေ နှင့်ထိုင်လျက်ရှိနေသည်ကို မြင်လိုက်ရ၏။ သူမသည်တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေပုံပေါ်သည်။
“အဟမ့် …အဟမ့်” ကုန်းရှန့်သည်ချောင်းဟန့်လိုက်၏။
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်သတိဝင်သွားခဲ့၏။သူမသည်မိခင်တစ်ယောက်၏ချစ်ခြင်း မေတ္တာများ ပါဝင်လျက်ရှိနေသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ငါ ဘာလို့ကလန်ခေါင်းဆောင်ရာထူးကို အလောတကြီးနဲ့လွှဲပေးနေတာနဲ့ပတ်သက်ပြီး မင်း စိတ်ဝင်စားနေတယ်မဟုတ်လား။ သိချင်နေမှာပေါ့။”
……..
ကျွင်းချောင်ရှောင်းသည်ခဏလောက်တွေးတောသည့်ဟန် ပြုလိုက်၏။ ပြီးနောက်ပြောလိုက်၏။ “နည်းနည်းတော့စိတ်ဝင်စားပါတယ်။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်မတ်တပ်ထရပ်ပြီးသည့်နောက်သူမ၏ သားဆီသို့လျှောက်လာခဲ့၏။ ပြီးနောက်အဓိပ္ပာယ်ပါပါဖြင့်ပြောလိုက်သည်။ “ဘာလို့လဲ ဆိုတော့အဖေမှာ လုပ်စရာတွေအရေးကြီးတဲ့ကိစ္စတွေရှိနေလို့ပဲ။ ဒီတော့မျိုးနွယ်စုကြီးတစ်ခုလုံးကို စီမံခန့်ခွဲဖို့အချိန်မရှိဘူးလေ။ ဒါကြောင့်ဒီကိစ္စတွေအားလုံးကို မင်းဆီလွှဲထားရတော့မယ်။”
“ဘယ်လောက်အရေးကြီးတဲ့ကိစ္စတွေလဲ။”
“မင်းရဲ့အမေကို သွားရှာဖို့ပေါ့။”
ကုန်းရှန့်သည်ကြောင်အသွား၏။ ပြီးနောက်အံ့အားသင့်စရာဖြင့်မေးလိုက်မိ၏။ “အစောကြီးကတည်းက သေသွားပြီမဟုတ်ဘူးလား။”
“လူတစ်ချို့ကသေဆုံးသွားခဲ့ကြတယ်။ဒါပေမဲ့အသက်ရှင်လျက်ရှိနေသေးတယ်။လူတစ်ချို့ကတော့အသက်ရှင်လျက်ရှိနေသေးတယ်။ဒါပေမဲ့အစောကြီးကတည်းက သေနှင့်နေကြပြီ။” ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်က ပြောလိုက်သည်။
ဤစကားစုသည်အတွေးများစွာပါဝင်လျက်ရှိနေသည့်စကားစုလည်းဖြစ်၏။
“ကလေး”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်က ပြောလိုက်သည်။ “မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကျောက်ရုပ်ထုမျိုးနွယ်ကလန်သွေးမျိုးဆက်က မသန့်စင်ဘူးဆိုတာ ငါသိတယ်။”
ချီးတဲ့မှ …..။
ကျွင်းချောင်ရှောင်းသည်တုန်လှုပ်သွားမိ၏။ ပြီးနောက်တွေးလိုက်မိ၏။ သိသွားပြီလား။
“ဘာလို့လဲ သိလား။” ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်က မေးလိုက်သည်။
စနစ်က ပြောလိုက်၏။ “အယောင်ဆောင်ထားလို့လေ။”
“တော်စမ်း”
ကျွင်းချောင်ရှောင်းသည်စိတ်ထဲမှကြိတ်ကာ အော်ဆဲလိုက်၏။ ပြီးနောက်ပြောလိုက်သည်။ “မသိပါဘူး။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့မင်းရဲ့အမေက ကျောက်ရုပ်ထုမျိုးနွယ်ကလန်သားတစ်ယောက်မဟုတ်ဘဲ အထက်နယ်မြေက တစ်စုံတစ်ယောက်မို့လို့လေ။ သူမက တစ်ခြားဂြိုဟ်ကနေပြီး ရောက်ရှိလာခဲ့တာ။”
ကျွင်းချောင်ရှောင်းသည်ချက်ချင်းပဲ အံ့အားသင့်သွားမိ၏။ ဤအလှည့်အပြောင်းသည် ကြီးမားလွန်းလှချေ၏။
“ဟုတ်တယ်။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်က ပြောလိုက်သည်။ “မင်းအနေနဲ့စိတ်ဓာတ်ကျဖို့မလိုဘူး။ သွေးမျိုးဆက်ကို နိုးထနိုင်နေပြီဆိုမှတော့ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်ပဲဖြစ်တယ်။ ဒီတော့ဘယ်သူမှကလန်ခေါင်းဆောင်ဆိုတဲ့ရာထူးကို လုယူနိုင်မှာမဟုတ်ဘူး။”
ကျွင်းချောင်ရှောင်းသည်ထိုအရာနှင့်ပတ်သက်၍ဂရုမစိုက်ချေ။သူပို၍ စိုးရိမ်ပူပန်မိသည်မှာ …..
“အမေက ဘယ်ဂြိုဟ်ကနေလာခဲ့တာလဲ။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်ခေါင်းကို ခါယမ်းကာဖြင့်ပြောလိုက်၏။ “ထွက်ခွာသွားတဲ့အချိန်မှာ သူမပြောခဲ့ဘူး။”
“ထွက်ခွာသွားတယ်ဟုတ်လား။”
ကြည့်ရသည်မှာ အသက်ရှင်သန်နေသေးပုံပေါ်၏။သို့ပေမဲ့ ပြန်မလာဘူးဆိုသောကြောင့်သူ၏ အဖေသည်စိတ်နာသွားခဲ့ပြီး သေဆုံးပြီဟု ကြေညာခဲ့ခြင်းလည်းဖြစ်နိုင်သည်။
“ကလန်ခေါင်းဆောင်ရာထူးကို ပေးအပ်ခဲ့တာက သူ့ကို သွားရှာချင်လို့လား။”
“အမှန်ပဲ။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်၏မျက်လုံးများသည်ဒေါသတရားများနှင့် ထွန်းတောက်လာခဲ့၏။ “ငါ သူ့ကို ရှာရမယ်။ ပြီးတော့ဘာလို့သူ့ရဲ့ယောကျ်ားနဲ့ကလေးကို စွန့်ပစ်သွားခဲ့တယ်ဆိုတာကို မေးရမယ်။”
“………”
ကျွင်းချောင်ရှောင်းသည်စိတ်ဓာတ်ကျသွားမိ၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ထူးဆန်းသည့်ဓလေ့သဘာဝ သည်အမျိုးသမီးမှာ ယောက်ျားဖြစ်၍အမျိုးသားမှာ မိန်းမဖြစ်လို့နေခဲ့၏။ သောက်ကျိုးနည်း …. သူသည်သာဆိုလျှင်လည်း ကျိန်းသေပေါက်ထွက်ပြေးမိမှာသေချာသည်။
“အထက်နယ်မြေက ကြီးမားလွန်းတယ်လေ။ ဘယ်လိုသွားပြီးတော့ရှာရမှာလဲ။”
“ရှာလို့မတွေ့ဘူးဆိုရင်တောင်ရှာရမယ်လေ။ ဘာကြောင့်လဲဆိုတော့တစ်ခြားသူတွေရဲ့လိမ်ညာလှည့်စားခြင်းကို ခံရတော့အမုန်းတီးဆုံးမို့လို့ပဲ။”
သူမ၏ မျက်လုံးများကို ကြည့်ရှုရမည်ဆိုလျှင်အလွန်အားကောင်းလှသည့်ဒေါသတရားများပြည့်နှက်နေသည်ကို ကျွင်းချောင်ရှောင်းက မြင်လိုက်၏။ ထိုထဲတွင်အငြိုးအတေးများလည်း ပါဝင်လျက်ရှိပြီး သူမသည်ယခင်တုန်းက ယောကျ်ားတစ်ယောက်ကို အလွန်အမင်းချစ်ခင်နှစ်သက်ခဲ့၏။သို့ပေမဲ့သူမဆီမှထွက်ခွာသွားခဲ့ပြီး ပြန်မလာသော ကြောင့်မုန်းတီးနေပုံလည်းပေါ်သည်။
“နေအုံး”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပြဿနာတစ်ခုကို နားလည်လိုက်မိ၏။ “အထက်နယ်မြေရဲ့တည်နေရာစနစ်က အရမ်းကို အားကောင်းတယ်လေ။ ဒါကို ချိုးဖြတ်ပြီးတော့တစ်ခြားဂြိုဟ်တွေဆီကို ဘယ်လိုသွားရှာမလဲ။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြောလိုက်သည်။ “ငါက နတ်ဘုရားအဆင့်ကို လှမ်းမျှော်ကြည့်ရှုပြီးပြီလေ။”
ထိုအချင်းအရာကို ကြားတော့ ကျွင်းချောင်ရှောင်း မျက်မှောင်ကြုတ်မိသွား၏။ နတ်ဘုရားအဆင့်ဆိုသည်မှာ အမှန်ပင်အားကောင်းလွန်းလှပြီး ပြုလုပ်ချင်သည့်အရာများကို ပြုလုပ်နိုင်စွမ်းရှိနေ၏။
ကြီးမြတ်သူတုံးကုပင်လျှင်လက်ရှိအဆင့်၌တစ်လို့နေခဲ့၏။တစ်ချက်ကလေးမှနတ်ဘုရားအဆင့်သို့တက်လှမ်း နိုင်ရန် တိုးတက်မှုမရှိခဲ့ချေ။သို့ပေမဲ့သူမ ……
ကျွင်းချောင်ရှောင်းသည်တုန်လှုပ်စွာဖြင့်ပြောလိုက်၏။ “အဖေ အဖေက နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တော့မှာလား။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ခြေလှမ်းဝက်ပဲ ရှိပါသေးတယ်။အစစ်အမှန်ကျော်ဖြတ်နိုင်ဖို့ဆိုတာကတော့စောလွန်းနေသေးတယ်။ဒါပေမဲ့ ….”
သူမသည်ယုံကြည်ချက်ရှိစွာဖြင့်ပြောလိုက်၏။ “ကောင်းကင်နဲ့မြေကြီး အက်ကွဲကြောင်းတွေကို ချိုးဖြတ်ပြီး တခြားဂြိုဟ်တွေဆီ သွားလာနိုင်ဖို့ကတော့ ပြဿနာတစ်ခုမဟုတ်ဘူး။”
ကျွင်းချောင်ရှောင်းသည်အနည်းငယ်စိတ်ခံစားချက်များဖြစ်တည်လာခဲ့၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏အားအင်အဆင့်သည် ကြီးမြတ်သူတုံးကုနှင့်တူညီသည်ဟု သူက အစဉ်အမြဲထင်မှတ်ခဲ့၏။သို့ပေမဲ့ ကြည့်ရှုရသည်မှာ ကလန်ခေါင်းဆောင်သည်ပိုမိုကာ အားကောင်းပုံပေါ်၏။ထို့အပြင်သူ၏ အမေသည်မသေဆုံးသေးချေ။အသက်ရှင်လျက်ရှိနေသေးသည်။
အထက်နယ်မြေမှထွက်ခွာသွားနိုင်သည်ဆိုသောကြောင့်သူ့အမေ၏ အားအင်အဆင့်ကလည်း ကျိန်းသေပေါက်သူ့အဖေထက်သာလွန်ပေတော့မည်။
ကောင်းကင်ကြီးသည်သူ့အား ကြည့်ရှုစောင့်ရှောက်ခဲ့၏။သူ …. ကျွင်းချောင်ရှောင်းသည်အားကောင်း လွန်းလှသော နောက်ခံ ၂ ယောက်ကို ပိုင်ဆိုင်နေလေ၏။
“စကြဝဠာကြီးက အရမ်းကိုကြီးမားတယ်။လူတစ်ယောက်ကို ရှာဖွေဖို့ဆိုတာက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာ တာထက်ပိုပြီးခက်ခဲတယ်။”
ကုန်းရှန့်ကလေးလေးနက်နက်ပြောလိုက်၏။ “ဒါကြောင့်သွားပြီး မရှာခင်မှာ သေသေချာချာ တွေးတောဖို့လိုမယ်ထင်တယ်။”
“ဒီအကြောင်းအရာကို တချိန်လုံး စဉ်းစားနေခဲ့တာလေ။ စဉ်းစားနေခဲ့တာဆိုတာ ဆယ်စုနှစ်တစ်ခုတောင်ကျော်သွားခဲ့ပြီ။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်က ပြောလိုက်သည်။ “မင်းပြန်လာပြီဆိုတာနဲ့ ငါအရာအားလုံးကို မင်းဆီလွှဲအပ်ပြီးတော့အကြင်နာတရားကင်းမဲ့တဲ့လူကို ရှာမယ်လို့ဆုံးဖြတ်ပြီးပြီ။”
မှန်ပေ၏။ ကုန်းရှန့်ရောက်ရှိလာသည်ဆိုသည်နှင့်တပြိုင်နက်ကလန်ခေါင်းဆောင်ရာထူးကို အလျင်အမြန်လွှဲပြောင်း နေခြင်းမှာ ဤရည်ရွယ်ချက်ကြောင့်သာ ဖြစ်လေ၏။
“နားလည်ပါပြီ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အဖေရဲ့နေရာကို ဆက်ခံပြီးတော့မျိုးနွယ်စုကြီးတစ်ခုလုံးကို ပိုမိုအားကောင်းတဲ့အခြေအနေတစ်ခုဖြစ်အောင် ကြိုးစားပါ့မယ်။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်သည်သဘောကျသွားမိ၏။ ခဏလောက်ကြာပြီးသည့်နောက်သူမသည်သပ်ရပ်လှသည့်သေတ္တာလေးတစ်ခုကို သိုလှောင်လက်စွပ်ထဲမှထုတ်ယူကာ ပြောလိုက်သည်။ “ဒါက အကြင်နာတရားကင်းမဲ့တဲ့လူချန်ထားခဲ့တဲ့ လျှို့ဝှက်အရာပဲ။ မင်းက သူ့ရဲ့သွေးမျိုးဆက်တစ်ဝက်ကို ဆက်ခံထားတယ်လူတစ်ယောက်ဖြစ်တယ်ဆိုတော့ဒါကို ကျင့်ကြံနိုင်မှာသေချာတယ်။”
ကျွင်းချောင်ရှောင်းသည်တစ်ခါတည်း မျက်လုံးများ လင်းလက်သွား၏။ သို့ပေမဲ့ထိုအရာကို ကြည့်ရှုပြီး ဖွင့်ရန် ကြိုးစားခဲ့လိုက်၏။တစ်ချက်ကလေးမှတုန့်ပြန်မှုကို မရရှိခဲ့ချေ။ထို့ကြောင့်မေးမြန်းလိုက်၏။ “ဒါကို ဘယ်လိုဖွင့်ရမှာလဲ။”
“အဲဒီ အကြင်နာတရားကင်းမဲ့လှတဲ့လူ ထွက်ခွာသွားတုန်းက ဒီသေတ္တာကို မင်းသာ ဖွင့်နိုင်လိမ့်မယ်လို့ပြောခဲ့တာပဲ။”
“……..”