← Chapters

အခန်း ၁၅၈၁

Vol. 106 Ch. 1581

အခန်း ၁၅၈၁

Vol. 106 Ch. 1581

အပိုင်း (၁၅၈၁)

ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်သည်သူ၏ရာထူးကို လွှဲပြောင်းပေးအပ်သည့်အကြောင်းအရင်းမှာ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆီမှထွက်ခွာ၍ အကြင်နာကင်းမဲ့သည့်လူကို သွားရောက်ကာ ရှာဖွေချင်၍ ဖြစ်၏။အကျိုးသင့်အကြောင်းသင့်ကို ရှင်းပြပြီးသည့်နောက်ကုန်းရှန့်သည်သတင်းအချက်အလက်အများအပြားကို ရရှိ ခဲ့၏။သူ၏အိပ်ခန်းဆီသို့ ပြန်လာပြီးသည့်နောက်မှာတော့ ပြင်းပြင်းထန်ထန်စဉ်းစားတွေးတောလျက်တော့ရှိနေ သေး၏။

ဟုတ်ပေသည်။သူစိုးရိမ်ပူပန်ရဆုံး ကိစ္စက တည်ရှိလို့နေ၏။ သူ၏ အမေဟုခေါ်သော အဖေသည်မည်သည့်နေရာက လာရောက်ခဲ့သနည်း။ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည်ဘာဗဟုသုတမှမရှိသော လူတစ်ယောက်မဟုတ်တော့ချေ။ဒရုန်းများဆီမှရရှိထားသော ကြယ်တာရာမြေပုံ၏ အကူအညီဖြင့်သူသည်အထက်နယ်မြေတစ်ခုလုံး၏ အကြောင်းကို သေသေချာချာ နားလည်နေပြီဖြစ်သည်။

ပြီးနောက်သေတ္တာ …..သူသည်ထိုအရာကို ငုံံ့ကြည့်ပြီးသည့်နောက် ပြိုလဲလုမတတ်ပင် ဖြစ်နေ၏။ “ဒါကို ငါ ခေါင်းနဲ့ရိုက်ခွဲရမလား”

ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်၏ပြောဆိုချက်အရဆိုလျှင်ဤအရာကို ဖွင့်ရန်ဆိုသည်မှာ တစ်ဝက်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ရန်လိုအပ်၏။အခု သခင်လေး၏ သွေးမျိုးဆက်သည်အသုံးမဝင်သေးချေ။မည်သို့လုပ်ရမည်နည်း။

အား အား

ကျွင်းချောင်ရှောင်းသည်သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့်ပြောလိုက်၏။ “ဒါက ခက်ခဲလွန်းတယ်”

သေတ္တာ၏ ဖန်တီးပြုလုပ်ထားသော လက်ရာသည်သေသပ်လွန်းလှ၏။ထို့အပြင်ထူးခြားလွန်းလှသော အော်ရာ များကလည်း ထွက်ပေါ်လျက်ရှိနေသည်။ဆိုလိုသည်မှာ သာမန်ထက်ပိုမိုကာ အားကောင်းလှသည့် လျှို့ဝှက်သိုင်းကျမ်းတစ်ခု တည်ရှိနေပေလိမ့်မည်။သူ့အနေနှင့် ထိုအရာကို ကြည့်ရှု၍သာ ရနိုင်၏။ထုတ်ယူ၍လည်း မရနိုင်ခဲ့ချေ။အမှန်ပင်စိတ်ပျက်စရာ ကောင်းလွန်းလှ၏။

“ဒါကို ခွဲလိုက်ကွာ” စနစ်က အကြံပြုလိုက်သည်။

“အင်း… ဒါပဲလုပ်နိုင်တော့မှာပဲ” ကျွင်းချောင်ရှောင်းသည်မျက်မှောင်ကုတ်လိုက်သည်။အိပ်ခန်း၏ အပြင်ဘက်တွင်သီးခြားဖြစ်တည်ခြင်းအစီအရင်တစ်ခုကို ဖန်တီးလိုက်သည်။ ပြီးနောက်ကောင်းကင်ဓား၊ ကောင်းကင်စတေးခြင်းလှံ၊ အခြားသော အစွမ်းထက်လှသည့်လက်နက်များကို ထုတ်ယူလိုက်၏။ ပြီးနောက်ခွဲစိတ်ခန်းထဲသို့ဝင်တော့မည့်ဆရာဝန်ကြီး တစ်ယောက်ကဲ့သို့ပင်မျက်နှာဖုံးနှင့် လက်အိတ်များကို ဝတ်ဆင်လိုက်သေး၏။

ဘုန်း ဘုန်း

ဘန်း ဘန်း ဘန်း

နာရီအနည်းငယ်လောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရွံ့ရုပ်တစ်ခုကဲ့သို့ပင်မြေပေါ်တွင်လဲလျောင်းလျက်ရှိ၏။ များပြားလှသော လက်နက်များသည်သူ၏အနီးတဝိုက်တွင်ပျံ့ကျဲလျက်ရှိနေ၏။ စားပွဲ ပေါ်တွင်ရှိနေသော သေတ္တာများတော့ဟိတ်ဟန်တစ်ချက်ကလေးမှမပျက်ချေ။မူလအတိုင်း တည်ရှိနေသေးသည်။

စနစ်က ပြောလိုက်၏။ “ဒီပစ္စည်းက တော်တော်မာတာပဲ”

“ဒင်…ဆုလာဘ်ပြည့်စုံ”

“ဒင်…လက်ခံသူသည်စစ်သည်များအားလုံးကို အနိုင်ရရှိခဲ့၏။ထို့ကြောင့်လိုအပ်ချက်နှင့်ကိုက်ညီခဲ့သည်။အထူး တာဝန်ခြောက်သည် ပြည့်စုံခဲ့သည်။ ပြည့်စုံမှုနှုန်းသည်တစ်ရာရာခိုင်နှုန်းဖြစ်ပြီး ဆုလာဘ်သည်ဂိုဏ်းစုဆောင်းမှတ်ဆယ်သိန်းဖြစ်၏”

“ဒင်…ဂိုဏ်းစုဆောင်းမှတ် - ၇၇,၀၃,၂၀၀”

“ဒင်…လက်ခံသူသည်အထက်နယ်မြေ၏ အထူးတာဝန် (၆)ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက်ဂုဏ်ယူပါသည်။ဆုလာဘ် -စည်းဖွင့်ခြင်းနံပါတ် (၄)အဆောင်၁ ခု”

ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတတ် ဖြစ်နေတုန်းမှာပဲ အထူးတာဝန်သည် ပြည့်စုံသွားခဲ့ပြီး သတိပေးသံ များသည်သူ၏နားထဲတွင်ပေါ်ပေါက်လာခဲ့သည်။

“မဖြစ်နိုင်ဘူး။ ဘာလို့စည်းဖွင့်ခြင်းအဆောင်တစ်ခုပဲ ရှိရတာလဲ”

အထူးတာဝန်ငါး ပြည့်စုံမှုနှုန်းသည်ခြောက်ရာ ရာခိုင်နှုန်းရှိ၏။ ထို့ကြောင့်မှတ်တမ်းသစ်တစ်ခု တင်နိုင်ခဲ့တော့သည်။အထူးတာဝန် (၆)၏ တာဝန်ပြည့်စုံမှုနှုန်း တစ်ရာ ရာခိုင်နှုန်းသာ ရှိသောကြောင့်အဆောင်တစ်ခုတည်းသာ ရရှိခဲ့၏။

“ဒင်….လက်ခံသူသည်အစစ်အမှန်ရှာဖွေခြင်းအဆင့်သို့ချိုးဖြတ်ရောက်ရှိခဲ့၏”

အဓိက အကြောင်းအရာ လာပြီဖြစ်သည်။ စိတ်ဓာတ်ကျလျက်ရှိသော ကျွင်းချောင်ရှောင်း၏ နှလုံးသားတစ်ခုလုံး သည်ပျော်ရွှင်မှုများဖြင့်လှိုင်းထ သွားခဲ့၏။အဆင့်ကြီးတစ်ဆင့်ကို ချိုးဖြတ်နိုင်ပြီဆိုမှတော့ဂိုဏ်းစုဆောင်းမှတ် မည်မျှနည်းနည်း သူဂရုစိုက်လိမ့်မည်မဟုတ်ချေ။

ဟူး …..။

ရုတ်တရက်ဆန်းကြယ်လှသော အော်ရာများသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်မှထွက်ပေါ်လျက်ရှိပြီး အခန်း တစ်ခုလုံးကို ပြည့်နှက်သွားခဲ့၏။ထိုအရာများသည်အလွန်များပြားလွန်းလှသောကြောင့်သီးခြားဖြစ်တည်ခြင်း အစီအရင်များသည်မထိန်းချုပ်နိုင်တော့ချေ။စတင်ကာ ကွဲအက်လာခဲ့၏။မကြာခင်မှာပဲ အစီအရင်သည်ပေါက်ကွဲ ထွက်သွား၏။

ဘုန်း

ဟူး ဟူး …….။

အဆင့်တက်သည့်အော်ရာများသည်အခန်းထဲမှထွက်ပေါ်လျက်ရှိနေပြီး တည်နေရာအနှံ့ဆီသို့ပျံနှံ့သွားသည်။

ဟမ်

ကလန်၏ဟောခန်းထဲတွင်ရှိနေသော မှုးမတ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးတို့သည် မနေ့က တိုက်ခိုက်ခဲ့သည့်ပွဲအကြောင်း ဆွေးနွေးလျက်ရှိနေ၏။ ထိုအချိန်မှာပဲ အလွန်အားကောင်းပြီး ဆန်းကြယ်လှသော အော်ရာများ သည်သခင်လေး၏ အိပ်ဆောင်ဆီမှထွက်ပေါ်နေသည်ကို သူတို့အာရုံခံမိကြ၏။ မျက်လုံးထဲတွင်တော့အံ့အားသင့်မှုများနှင့် ပြည့်နှက်ကုန်၏။

“သခင်လေး”

မင်းဆရာသည်ထကာ အော်ဟစ်လိုက်သည်။ “အဆင့်ချိုးဖြတ်နေတာလား”

မျိုးနွယ်စုခေါင်းဆောင်သည်ထိုအော်ရာများကို အာရုံခံမိ၏။ ထို့ကြောင့်သူမသား၏ အိပ်ခန်းထဲသို့စိတ်အာရုံ ဖြန့်ကျက်ကာ ကြည့်ရှုလိုက်၏။အလွန်ကြည့်ကောင်းလွန်းသော အပြုံးတစ်ခုသည်သူ၏နှုတ်ခမ်းထက်တွင် ဖြစ်တည်လာခဲ့၏။သူမ၏ အတွေးများသည်အတိတ်ကာလတစ်ခုဆီသို့ချက်ချင်းပဲ ရောက်ရှိသွား၏။

“ရော့လီ… ဒီကောင်လေးက အခုမှမွေးကာစပဲ ရှိသေးတယ်ဆိုပေမဲ့ ခန္ဓာကိုယ်အရိုးအဆစ်တွေအကုန်လုံးက တကယ့်ကို အားကောင်းလွန်းတယ်လေ။ သာမန်ထက်ပိုထက်ပါရမီရှင်ပဲ ဖြစ်ရမယ်။ အနာဂတ်မှာ ကြီးမားတဲ့ အရာတွေကို ကျိန်းသေပေါက် ပြုလုပ်နိုင်လိမ့်မယ်”

“ရော့လီ… မင်းပြန်သွားပြီဆိုရင်မင်းရဲ့သားကို သေသေချာချာ ဂရုစိုက်ဖို့လိုအပ်လိမ့်မယ်။သူက တကယ့်ကို ခန့်မှန်းလို့မရနိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်တယ်”

“ရော့လီ… ငါသွားပြီ”

များပြားလွန်းလှသော နာကျင်ရသည့်မှတ်ဉာဏ်များသည်ပြန်လည် ဖြစ်တည်လာခဲ့၏။ ကုန်းစွန်းရော့လီသည်အံကို ကြိတ်ကာဖြင့် ပြောလိုက်သည်။

“ရှင်ပြောတာမှန်တယ်။ရှင့်ရဲ့သားက အရမ်းကို ပါရမီရှိပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ရောက်ရှိနေပြီ။ ဒါပေမဲ့ရှင်က ကတိမတည်ဘဲ ပြန်မလာခဲ့ဘူး။ ရှင်ဘယ်မှာပဲ ဖြစ်ဖြစ် ကျွန်မ ရှင့်ကို ရအောင်ရှာမယ်။ဘာလို့ ကျွန်မတို့ကို စွန့်ပစ်သွားခဲ့တယ်ဆိုတာ မေးမယ်”

…….

အဆင့်တက်သည့်အရှိန်အဟုန်များသည်တစ်နာရီခန့်အထိ ဖြစ်တည်နေခဲ့၏။ ပြီးနောက် တဖြည်းဖြည်းချင်းဖြင့်ပျောက်ကွယ်သွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည်အခန်းထဲမှလျှောက်ထွက်လာပြီးသည့်နောက်ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ အားလုံးကို သေသေချာချာဖြင့်အာရုံခံလိုက်၏။ ပြီးနောက်တီးတိုးပြောဆို လိုက်၏။ “ဒါက အစစ်အမှန်ရှာဖွေခြင်းအဆင့်လား”

အစစ်အမှန်ရှာဖွေခြင်းအဆင့် -သိုင်းပညာ၏ အစစ်အမှန်ကို ရှာဖွေသည့်အဆင့်ပင်ဖြစ်သည်။လက်ရှိ အချိန်မှာတော့သိုင်းပညာရှင်များ၏ အတားအဆီးအကန့်အသတ်ကြီးသည်သူ၏ခန္ဓာကိုယ်မှပေါက်ထွက်သွားခဲ့ပြီးသည့်နောက်အတားအဆီးမဲ့သော အတွေးအခေါ်နှင့်အသိပညာများကို ရရှိလာခဲ့သည်။

ဟူး ….။

ကျွင်းချောင်ရှောင်းသည်မျက်လုံးကို မှိတ်လိုက်၏။ ပြီးနောက်အသက်ကို ရှူသွင်းရှူထုတ် ပြုလုပ်လိုက်၏။ကိုယ်၊စိတ်၊ဝိညာဉ်နှင့်အရာအားလုံးသည်ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများနှင့် တသားတည်း ဖြစ်တည်နေပုံပေါ်၏။ အကယ်၍လက်ရှိအခြေအနေတွင်သူတော်စင်တိုက်ပွဲတစ်ခုအား ထပ်မံတိုက်ခိုက်ရမည် ဆိုပါက ကျွင်းချောင်ရှောင်းသည်စွန်းဝူခုန်း ဝတ်စုံကို ထပ်မံ အသုံးပြုစရာပင်မလိုအပ်တော့ချေ။လက်တစ်ချက်ကို ဝှေ့ယမ်း လိုက်ရုံနှင့် မနေ့ကကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်နိုင်စွမ်း ရှိနေ၏။

စနစ်သည်ဤနေရာတွင်ဝင်ရောက်ကာဖြင့်ရင်နာအောင်မပြုလုပ်တော့ချေ။အဘယ်ကြောင့်ဆိုသော်လက်ခံသူ သည်ဟန်ထုတ်ကြွားဝါနေခြင်းမဟုတ်ဘဲ တကယ့်အဆင့်ကို ပိုင်ဆိုင်နေသောကြောင့် ဖြစ်၏။အဆင့်ချိုးဖြတ်မရောက်ရှိခင်က ကျွင်းချောင်ရှောင်း၏ အော်ရာများသည်အစစ်အမှန်ရှာဖွေခြင်းအဆင့်နှင့်နီးစပ်နေခဲ့၏။လက်ရှိ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ဝင်ရောက်ပြီးသည့်နောက်မှာတော့သူ၏ တိုက်ခိုက်မှုစွမ်းအင်သည်ကျိန်းသေပေါက်တိုးတက်သွားခဲ့သည်။

ဘေးအခန်းထဲတွင်ရှိနေသော နှင်းဆီဧကရီသည် ပြုံးကာ ပြောလိုက်၏။ “ငါယောက်ျားက ပိုပြီးတော့တောင်ချောလာတာပဲ”

မှန်ပေ၏။ အဆင့်ချိုးဖြတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ဦးခေါင်းများသည်ပိုမိုကာ တောက်ပြောင်လာခဲ့တော့သည်။

………..

နောက်တစ်ရက်

ကျောက်ရုပ်ထုမျိုးနွယ်ကလန်အတွင်းတွင်ရှိနေသော အဓိက မြို့အသီးသီးတို့သည် နှစ်သစ်အတွက်ဂုဏ်ပြုပွဲ ပြုလုပ်ရသကဲ့သို့ပင် မီးအိမ်များ၊ အလံများ စိုက်ထူလျက်ရှိနေ၏။ ယနေ့သည်ကလန်ခေါင်းဆောင်ဆက်ခံသည့်အခမ်းအနားဖြစ်ပြီး ကျိန်းသေပေါက် ကြီးကျယ်ခမ်းနားရပေလိမ့်မည်။

အဓိကမြို့၏ကလန်ဟောခန်းအနောက်တွင်တော့အလွန်အဆင့်မြင့်လှသော ယစ်ပုလ္လင်တစ်ခု တည်ရှိနေသည်။ထိုအရာသည်အဓိကပွဲကြီးပွဲလမ်းများတွင်အသုံးပြုသည့်ယစ်ပုလ္လင်စင်မြင့်ကြီးလည်းဖြစ်၏။

လက်ရှိအချိန်မှာတော့ဝန်ကြီးသုံးပါးနှင့် မူးမတ်ဗိုလ်ပါ၊များပြား လွန်းလှသော အမှုထမ်းများသည်စီစီရီရီနှင့် ရပ်လျက်ရှိနေကြပြီး ၎င်းတို့၏မျက်နှာများသည်လည်း လေးနက်လျက်ရှိသည်။

ကုန်းစွန်းရော့လီသည်ခမ်းနားကြီးကျယ်လှသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဦးခေါင်းပေါ်တွင်တော့ ကြည့်ကောင်းလွန်းလှသော သရဖူတစ်ခုက တည်ရှိလို့နေ၏။ စင်မြင့်၏အလယ်တွင်ရှိနေသော ပုလ္လင်ပေါ်သို့ ထိုင်ချလိုက်ပြီးသည့်နောက်မည်သူမှလိုက်လံလက်လှမ်း၍ မရနိုင်သည့်အဆင့်အတန်းအော်ရာကို ထုတ်ဖော်နေ၏။ လေထုတစ်ခုလုံးသည်လည်း လေးနက်တည်ကြည်လို့နေခဲ့၏။

“စကြရအောင်”

“ကောင်းပါပြီ”

ဆက်ခံခြင်းအခမ်းအနားကို တာဝန်ယူထားရသည့်လူသည်အလံတစ်ခုကို ထုတ်ယူပြီးသည့်နောက်ကျယ်လောင်စွာ ပြောလိုက်၏။ “ခေါင်းဆောင်ဆက်ခံခြင်းအခမ်းအနား စတင်ပါပြီ။ သခင်လေး... ကျေးဇူးပြုပြီး စင်မြင့်ပေါ်ကို တက်ခဲ့ပါ”

အူး အူး.....

စစ်ဟွန်းသံများသည်ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ အပြာရောင်ကျောက်လမ်းမကြီးတွင်လျှောက်လှမ်းပြီး သည့်နောက် ကျွင်းချောင်ရှောင်းသည်စင်မြင့်ပေါ်သို့လှမ်းတက်လိုက်သည်။

သူသည်အားလုံးသော သူများကို လက်ဝှေ့ယမ်းပြကာဖြင့်ပြုံးလျက်ရှိနေ၏။ ထိုအပြုံးသည်ကြောင်တောင်တောင်နိုင်လွန်းလှ၏။ ကြည့်နေရင်းနှင့် ထ၍ရိုက်ချင်စိတ်ပေါက်လာသည့်အပြုံးမျိုးပင် ဖြစ်သည်။အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်းသည်ယစ်ပုလ္လင်၏အလယ်၌မတ်မတ်ရပ်လိုက်ပြီး ကလန်ခေါင်းဆောင်အား ဦးညွတ်၍ ဂါရဝပြုလိုက်၏။

“ငါ့သား”

ကုန်းစွန်းရော့လီသည်မတ်တပ်ထရပ်လိုက်ပြီးသည့်နောက်တလက်လက်တောက်ပနေသည့်သရဖူကြီးကို ချွတ်ယူလိုက်၏။ ပြီးနောက်သူ၏ဦးခေါင်းပြောင်ကြီးပေါ်သို့တင်ကာ ညွှန်ကြားလိုက်သည်။ “ဒီနေ့ကစပြီး ကျောက်ရုပ်တုမျိုးနွယ်ကလန်ကြီးတစ်ခုလုံးက မင်းရဲ့လက်ထဲကို ရောက်သွားပြီ။ မင်းရဲ့အဖေကို စိတ်မပျက်စေနဲ့”

“သေဆုံးတဲ့အချိန်အထိ အကောင်းဆုံး ပြုလုပ်ပါမယ်”

ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ကို မတ်မတ်ထား လိုက်၏။သူ၏နှလုံးသားထဲမှာတော့ကွဲကြေလျက်ရှိနေတော့သည်။ဒီသရဖူက လေးလိုက်တာကွာ။ လည်ပင်းတောင်ကျိုးတော့မယ်။

စနစ်က ပြောလိုက်၏။ “သရဖူကို ဝတ်ချင်တယ်ဆိုရင်သရဖူရဲ့အလေးချိန်ကိုတော့ခံနိုင်ရမှာပေါ့။ ဒါက လောကရဲ့သဘာဝပဲ”

ဆွစ် …။

ကုန်းစွန်းရော့လီသည်ဘေးတစ်ဖက်ဆီသို့အသာရွေ့ကာဖြင့်ပုလ္လင်ပေါ်မှဆင်းသက်လိုက်တော့သည်။သူမသည်အလွန်တရာ ကြင်နာစွာဖြင့် သူ့သားကို ထိုင်ရန်ညွှန်ပြလိုက်သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ လိုက်နာလိုက်၏။

သူ ပုလ္လင်ပေါ်သို့ထိုင်ပြီးပြီးချင်း မှာပဲ တည်ရှိနေသော အရာထမ်းများအားလုံးသည်ဒူးတစ်ဖက်ထောက်ကာဖြင့်အလေးအမြတ်ဂါရဝပြုလိုက်ကြသည်။ “နှုတ်ဆက်ပါတယ်ခေါင်းဆောင်”

ဘုတ်ဘုတ် ……။

ချက်ချင်းပဲ အဓိကမြို့နှင့်တခြားသောမြို့အသီးသီးတွင်ရှိနေသည့် မြို့သူ၊ မြို့သားများ အားလုံးသည်ဒူးထောက်ကာ ထိုင်ချလိုက်၏။

“အားလုံးပဲ ထကြ”

ကျွင်းချောင်ရှောင်းသည်သူ၏လက်နှစ်ဖက်ကို ဖြန့်ကားကာဖြင့်အင်ပါယာတစ်ယောက်၏ဟန်ပန်မျိုးကို ထုတ်ဖော်နေသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်သူသည်အားလုံးသောသူတို့၏ရှေ့ပုလ္လင်တွင်ထိုင်ပြီး ဤကဲ့သို့သော ဟန်ပန်မျိုးကို ပြုလုပ်ခဲ့ဖူး၏။ ထို့ကြောင့်သူသည်အသားကျလျက်ရှိနေသည်။

.............

နန်းဆက်ခံခြင်းအခမ်းအနား ပြီးဆုံးပြီးသည့်နောက်စားပွဲကို ကျင်းပခဲ့ကြသည်။သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည်ဝန်ကြီးသုံးပါး၊ မူးမတ်ကိုးပါးတို့နှင့်အတူ စားသောက်နေတုန်းမှာပဲ တစ်စုံတစ်ယောက်က သတင်းပို့လာတော့၏။ “ဂိုဏ်းချုပ်...နဂါးမျိုးနွယ်က ဖိတ်စာပို့လိုက်တယ်”

“အမ်”

ကျွင်းချောင်ရှောင်းသည်ဝိုင်ခွက်ကို အသာချကာဖြင့်စာကိုဖွင့်ကာ ဖတ်ရှုလိုက်၏။သူ၏ မျက်နှာပေါ်တွင်တော့အပြုံးတစ်ခုက ဖြစ်တည်လာခဲ့သည်။ ပါဝင်သည့်အကြောင်းအရာမှာ နဂါးမျိုးနွယ်သည်နန်းဆက်ခံခြင်း အခမ်းအနားကို လဝက်အတွင်း ပြုလုပ်မည်ဖြစ်၏။ ထို့ကြောင့်ကျောက်ရုပ်ထုမျိုးနွယ်ကလန်အနေဖြင့်တက်ရောက်ပါရန်လေးလေးစားစား ဖိတ်ခေါ်နေခြင်းပင် ဖြစ်တော့သည်။

“ဟမ့်”

ကုန်းစွန်းရော့လီသည်အေးစက်စက်ပြောလိုက်၏။ “ငါတို့က သူတို့ကို ဖိတ်စာမပို့မိဘူး။ သူတို့က ငါတို့ကို ဖိတ်စာတောင်ပို့နေပါလား”

“အဖေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဖိတ်စာပို့လာပြီဆိုမှတော့လောကဝတ်အရ မသွားလို့မဖြစ်ဘူးလေ”

ကျွင်းချောင်ရှောင်း၏ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင်အကယ်၍သွားပါဆိုလျှင်တောင်သွားလိမ့်မည်မဟုတ်ချေ။သို့ပေမဲ့လက်ရှိအခြေအနေမှာတော့ ဖြစ်ပေါ်လာနိုင်သည့်နဂါးအင်ပါယာအသစ်သည်သူ၏ပဋိညာဉ်သားရဲ နဂါးလေးဖြစ်မည်ဟု သူက တွက်ချက်ထား၏။

“ငါက ကျောက်ရုပ်ထုမျိုးနွယ်ရဲ့ခေါင်းဆောင်၊ ငါ့ပဋိညာဉ်သားရဲက နဂါးအင်ပါယာဖြစ်မယ်။လာခဲ့စမ်း၊ လာခဲ့စမ်း။ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့နာဖို့သာ ပြင်ထားကြတော့”

All Chapters