← Chapters

သွားလည်ခြင်း

Vol. 125 Ch. 1744

သွားလည်ခြင်း

Vol. 125 Ch. 1744

“တကယ်တော့ ဘာမှမဟုတ်ပါဘူး မင်း ကျွန်တော်တို့နဲ့ ဂူလန်တောင်ကို လိုက်မလားလို့ မေးချင်လို့” ကုန်းဇီယွမ်သည် ခေါင်းကုတ်လိုက်သည် “အဲဒီမှာ အခုနောက်ပိုင်း လူစည်တယ်လို့ပြောတယ်”

“ဂူလန်တောင်ဟုတ်လား”

“မြို့အပြင်က တောင်တန်းပဲ အရင်တစ်ခေါက်က မင်းကို အဲဒီကနေ ခေါ်လာတာ” ကုန်းဇီယွမ် ပြောလိုက်သည် “ဘယ်လိုလဲ သွားချင်လား”

“ဘယ်သူသွားမှာလဲ”

“အရင်ကအဖွဲ့ပဲလေ” ကုန်းဇီယွမ်ပြောပြီးနောက်မှပင် သူမ မသိသည်ကို ပြန်အမှတ်ရသွားသည် “ဘယ်လိုပဲဖြစ်ဖြစ် သူတို့အဆင့်အတန်းက ကျွန်တော် နဲ့အတူတူလောက်ပဲ မနိမ့်ဘူး ကျွန်တော်တို့ကို ကာကွယ်ဖို့ လူတချို့ပါလိမ့်မယ်”

“ဘယ်တော့သွားမှာလဲ”

“မနက်ဖြန်”

“လူငယ်ဖလှယ်ပွဲက နောက်ရက်ပိုင်းဆိုရင် လုပ်တော့မှာ ရှင်ဝင်မပါဘူး လား”

“အချိန်တန်ရင် ဂူလန်တောင်နဲ့ ပတ်သက်မှုရှိလာမှာပဲ” ကုန်းဇီယွမ် ပြန်ဖြေလိုက်သည် “ကျွန်တော်တို့အချိန်မှီပြန်လာရင်တော့ ဝင်ပြိုင် တာပေါ့ မမှီလည်း ထားလိုက်ပါတော့”

ရှီမာယူယူသည် ချက်ချင်းသဘောမတူဘဲ ခေါင်းလှည့်ကာ ထင်စန်းကို မေးလိုက်သည် “သူက စကားပြောတိုင်း အမြဲတမ်း ဒီလိုပဲလုပ်တာလား”

ထင်စန်းသည် မှင်တက်သွားကာ ပြန်ဖြေလိုက်သည် “ဟုတ်ပါတယ်”

သူ့ စိတ်ထဲတွင်တော့ တီးတိုးလေးပြောနေမိသည်။ သခင်မလေး… သခင်မလေးလည်း အရင်တုန်းက အဲလိုပဲလေ။

ရှီမာယူယူ ခေါင်းညိတ်ပြီး မေးလိုက်သည် “ကျွန်မက သူ့လိုပဲ တစ္ဆေအရူး ဖြစ်ခဲ့တာလား”

“… ဟုတ်ပါတယ်” ထင်စန်းသည် တစ္ဆေအရူးဆိုသည့် အဓိပ္ပာယ်ကို စဉ်းစားနေသေးသည်။ မဟုတ်ဘူး သူတို့အကုန်လုံးက တစ္ဆေတွေပဲလေ။

“ဒီလိုဆိုရင်တော့ သဘောတူပါတယ် မနက်ဖြန် အိမ်တော်မှာ ကျွန်မကို လာရှာပါ” ရှီမာယူယူသည် ကုန်းဇီယွမ်ကို ပြောလိုက်သည် “ကျွန်မ အဖေနဲ့ သွားစကားပြောလိုက်ဦးမယ်”

“…” ကုန်းဇီယွမ်သည် ထွက်သွားသော သူမ၏ ကျောပြင်ကိုကြည့်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။ သူမ သူ့ကိုကြည့်တဲ့အချိန်ဆိုရင် အရွယ်မရောက် သေးတဲ့ ကလေးတစ်ယောက်ကို ကြည့်နေသလိုမျိုး ဘာလို့ခံစားမိတာလဲ။

“မနက်ဖြန် မင်းကိုလာခေါ်မယ်” သူသည် သူမအနောက်မှ အော်လိုက် သည်။

“ဟုတ်ပြီ” ရှီမာယူယူသည် လက်ယမ်းပြလိုက်သော်လည်း နောက်ပြန် လှည့်မကြည့်ပေ။ သူသည် စိတ်ဓာတ်ကျသွားကာ လျှောက်လာခဲ့လိုက်သည်။

သူမ ဂူလန်တောင်သို့ ကုန်းဇီယွမ်နှင့် အတူသွားမည်ဟု မုရုန်ဟွေ့ ကြားသည်နှင့် မျက်မှောင်အသာအယာကြုတ်လိုက်သည် “ဂူလန်တောင်ကို ဘာလို့သွားချင်တာလဲ”

“ကျွန်မရှိခဲ့တဲ့နေရာကို ကြည့်ချင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ တစ်ချိန်လုံးကြီး အိမ်မှာမနေနိုင်ဘူးလေ အဲဒါဆိုရင် အဲလူတွေ လှုပ်ရှားဖို့ အခွင့်အရေးမရှိဘဲနေလိမ့်မယ်”

“လူငယ်ဖလှယ်ပွဲကို မသွားဘူးလား”

“အဖေက လူငယ်ဖလှယ်ပွဲနဲ့ အလုပ်ရှုပ်နေတာမလား အဲလူတွေ လှုပ်ရှား လာရင် သူတို့ကို ခြေရာခံလိုက်ဖို့ စွမ်းအားရှိလား” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ ဂူလန်တောင်ကို ပြန်သွားမယ်လို့ အဲလူတွေထင်မထား လောက်ပါဘူး သူတို့ကျွန်မကိုဘာမှမလုပ်နိုင်ပါဘူး ဒီအတိုင်းသွားလည်ရုံတင်ပဲ ကို”

“ဟုတ်ပြီ မင်းသွားချင်မှတော့ သွားပါ ဒါယူသွား တစ်ခုခုဖြစ်ရင် မင်းကို ချက်ချင်းကယ်နိုင်မယ်” မုရုန်ဟွေ့သည် ကျောက်တုံးအမည်းတစ်ခုထုတ်လိုက် သည်။ ထိုအရာကို ရှီမာယူယူမသိသော်လည်း ပေးသည့်အတိုင်းယူလိုက်သည်။

“ဒါနဲ့ မင်း ကျင့်ကြံနေပြီလို့ ကြားတယ်”

“ဟုတ်တယ်”

“သက်ရောက်မှုရော ဘယ်လိုလဲ မရှင်းတာရှိရင် ငါ့ကိုလာရှာပါ” မုရုန်ဟွေ့ ပြောလိုက်သည်။

ရှီမာယူယူသည် အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည် “ဟုတ်ကဲ့ပါ”

သူ၏ လမ်းပြမှုကိုလိုချင်ကြသည်မှာ လူအများအိပ်မက်မက်သည့် အရာ ပင်ဖြစ်သည်။ သူမ မလိုအပ်သော်လည်း သူ၏ ကမ်းလမ်းချက်ကို ပြန်ဖြေလိုက် သည်။

“မနက်ဖြန်ကို ကုန်းဇီယွမ် လာခေါ်ပါလိမ့်မယ်… သူရောက်တာနဲ့ ကျွန်မ သွားမှာပါ… တစ်ခြားမရှိတော့ရင် ကျွန်မသွားလိုက်ပါဦးမယ်”

“ဟုတ်ပြီ မင်းနောက်ကိုလိုက်ဖို့ လူလွှတ်ပေးမယ်”

“ကျေးဇူးတင်ပါတယ် အဖေ”

သူမ လှည့်ထွက်လာလိုက်သည်။ သူမသည် ဝင်လာသော ဘဏ္ဍာထိန်းနှင့် တွေ့ရာ ဘဏ္ဍာထိန်းသည် သူမကို အရိုအသေပြုလေသည်။

ရှီမာယူယူ သူ့ကိုခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အပြင်တွင် အစောင့်များကို တွေ့သည်နှင့် လျှောက်ထွက်လာခဲ့လိုက်သည်။

သူမသည် အတုအယောင်ဆိုသည်ကို ဘဏ္ဍာထိန်းသိသည်။ သူသည် ဤကဲ့သို့ ထုံးတမ်းအစဉ်အလာများ ပြုမူတုန်းပင်ဖြစ်သည်။ သူတို့ကို မျက်စိ ဒေါက်ထောက်ကြည့်နေတဲ့သူတွေများ ရှိလို့လား။

အဲလူတွေက သူမ ဂူလန်တောင်ကိုသွားမယ်ဆိုတာ သိနေလို့ လား။

မည်သို့ပင်ဖြစ်စေကာမူ အခုချိန်တွင် မုရုန်ဟွေ့သည် သူမကို မည်သည့် မတော်တဆမှုများနှင့် တွေ့ခွင့်ပြုမည်မဟုတ်ပေ။ လုံခြုံရေးသည် ထိုနေရာတွင် သေချာပေါက်ရှိနေမည်ဖြစ်သည်။ ထိုအစောင့်များ အလုပ်မဖြစ်ပါက သူမတွင် မီအာရှိသေးသည်။

ပြန်လာပြီးနောက် သူမသည် တစ်ညလုံး ကျင့်ကြံသည်။ သည်တစ်ကြိမ် တွင် သူမသည် ဝိညာဉ်စွမ်းအားကို ကျင့်ကြံသည်။ သူမသည် မရဏာမိစ္ဆာသခင် အဆင့်သို့ ဝင်နိုင်သည်ဟု ခံစားရသည်။

နောက်နေ့မနက်စောစောတွင် ကုန်းဇီယွမ်သည် သူမဆီသို့ ပြေးလာ၏။ သူမ မနက်စာမစားရသေးသည်ကို မြင်ပြီး သူမအတွက် ပေါက်စီနှစ်လုံးယူလာ ကာ သူမလက်ကိုဆုပ်ကိုင်ပြီး ပြေးလေသည်။

“ဘာလို့ ဒီလောက်လောနေတာလဲ” ရှီမာယူယူသည် လမ်းတစ်ဝက် အရောက်တွင် သူမလက်ကို ပြန်ဆွဲလိုက်သည်။ သူမသည် လက်ကိုပွတ်ကာ သူ့ကိုစိုက်ကြည့်လိုက်သည်။

“ဟိုကောင်တွေက စထွက်မယ့်အချိန်ကို ရှေ့တိုးလိုက်တာ အခုမြို့အဝင် ပေါက်မှာ စောင့်နေကြတယ် သူတို့ထွက်သွားရင် ကျွန်တော်တို့ဘာသာ သွားရ လိမ့်မယ်” ကုန်းဇီယွမ် ရှင်းပြလေသည်။

“ကျွန်မတို့ဘာသာသွားလို့ရတာပဲ ရှင်က လမ်းမရှာနိုင်တာလည်း မဟုတ် ဘူး” ရှီမာယူယူ ပြန်ချေပလိုက်သည် “ကျွန်မကို ဖုံးကွယ်ထားတာရှိလို့လား”

“ကျွန်တော် မင်းကိုဖုံးကွယ်ထားတာမဟုတ်ဘူး အဲဒီချောင်ချန်းအန်းနဲ့ ပြိုင်ဖို့ချိန်းထားတာ ကျွန်တော်တို့ခွဲသွားလိုက်ရင် သူ့အဆင့်ကိုမသိနိုင်တော့ဘူး” ကုန်းဇီယွမ် ပြောလိုက်သည် “ထွက်ပြေးလို့ဆိုပြီး သူ ကျွန်တော့်ကိုလှောင်နေ မှာ အဲကလေးက ပါးစပ်ဆိုးတယ် ကိစ္စတစ်ခုကို အကြာကြီးပြောသွားတော့မှာ သူက စိတ်တိုဖို့ကောင်းတယ် အဲဒါကြောင့် မင်းကိုလာရှာတာ”

ရှီမာယူယူသည် သူ့ကိုမတတ်သာသော အမူအရာဖြင့် ကြည့်လိုက်သည် “သွားမယ်”

“ဝုတ် ဝုတ် ဝုတ်”

အမည်းလေးသည် သူတို့အနောက်မှ လိုက်လာသည်။ ကုန်းဇီယွမ်ကို  မကိုက်မိစေရန် ရှီမာယူယူသည် သူ့ကို လက်နှစ်ဖက်ဖြင့် ဖမ်းလိုက်သည်။

“ဝုတ် ဝုတ် ဝုတ်” အမည်းလေးသည် ကုန်းဇီယွမ်ကို ဟောင်လေသည်။ သူ စားနေစဉ်တွင် ရှီမာယူယူကို ထိုလူခေါ်သွားသည်ကို မကျေနပ်ပေ။

“လိမ္မာတယ် သူက ငါ့ကိုထိခိုက်အောင်မလုပ်ပါဘူး” ရှီမာယူယူသည် သူ့ ခေါင်းကိုပွတ်ပေးပြီး ကုန်းဇီယွမ်ဘက်သို့လှည့်လိုက်သည် “ကျွန်မကို ဒီလိုမျိုး ဆွဲပြီးမပြေးပါနဲ့ အမည်းလေးက အသိဉာဏ်သိပ်ရှိတာမဟုတ်ဘူး ဆိုးတာ ကောင်းတာ မခွဲနိုင်ဘူး သူ ရှင့်ကို ဒဏ်ရာရအောင်လုပ်မိရင် ပြဿနာတက်လိမ့် မယ်”

‘အဲဒီခွေးက သူ့ကို ထိခိုက်စေနိုင်တယ်လို့လား’ ဟု ကုန်းဇီယွမ် ပြောလိုက် ချင်သည်။ သို့သော် ရှီမာယူယူ၏ လေးနက်သောအမူအရာကို မြင်သောအခါ ခေါင်းညိတ်လိုက်သည်။

ရှီမာယူယူသည် အမည်းလေးကိုချကာ သူ့ခေါင်းကိုပုတ်လိုက်သည် “ကြီးလာလိုက်”

အမည်းလေးသည် လွန့်လူးလိုက်ရာ ကျားတစ်ကောင်အရွယ်အစားသို့ ပြောင်းသွားလေသည်။ ရှီမာယူယူ ခုန်တက်လိုက်ပြီး ကုန်းဇီယွမ်ကို ပြောလိုက် သည် “သွားမယ်”

ကုန်းဇီယွမ်သည် သူမရှေ့သို့သွားသည်ကိုကြည့်ပြီး လက်ကိုဆန့်ထုတ် ကာ မျက်လုံးများကို ကာလိုက်သည်။ ထိုလူများ သူမ၏ စာချုပ်သားရဲကို တွေ့ လျှင် မည်သို့တုံ့ပြန်မည်ကို တွေးမရပေ။

ရုတ်တရက်ပင် သူသည် တောင်ဆီသို့ သူမကိုကောင်းကောင်းခေါ်သွားရ မည်ဟု တွေးလိုက်သည်။ အနည်းဆုံးတော့ အရှက်ကွဲမည်မဟုတ်ပေ။

ထင်ထားသည့်အတိုင်းပင် ရှီမာယူယူ မရဏာခွေးပေါ်တွင် ထိုင်နေသည် ကို မြင်သောအခါ မြို့ဂိတ်မှလူများသည် မှင်တက်ကြလေသည်။ သူတို့ အားလုံး ရယ်မောလိုက်ကြသည်။

“ကုန်းဇီယွမ် မင်းက လူခေါ်လာမယ်လို့ပြောတာ ဒီအမှိုက်ကိုခေါ်လာတာ လား”

“မုရုန်ရှီ ကစားဖို့ ဒီတစ္ဆေသားရဲကို ဘယ်တုန်းကရလိုက်တာလဲ ဒါက မင်းရဲ့ စာချုပ်သားရဲလား”

“မင်းတို့အားလုံး အမှိုက်လို့ ထပ်ခေါ်ရင် ဦးလေးဟွေ့ဒေါသထွက်ပြီး မင်းတို့ကို မြို့ကနေနှင်ထုတ်လိမ့်မယ်” ကုန်းဇီယွမ် ခြိမ်းခြောက်လိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မုရုန်ရှီ အငယ်တွေကိစ္စကို မိသားစုက ဝင်မပါ ဘူးလို့ အရင်တစ်ခေါက်ကသဘောတူခဲ့ပြီးပြီ မင်းက ကတိဖျက်ပြီး စကားဖွာ ချင်တာလား”

ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး လက်တစ်ဖက်ဖြင့် မေးစေ့ကို ပင့်ထောက်လိုက်သည် “လူကြီးတွေကို မပြောဘူးလို့ပြောထားမှတော့ မပြော ဘူးပေါ့ ကျွန်မက ဘယ်တုန်းက ကတိဖျက်ဖူးလို့လဲ”

“ဟုတ်တယ် ဒါပေမဲ့ မင်း ဂူလန်တောင်ကို ဒါကြီးစီးသွားမလို့လား”

ရှီမာယူယူသည် အမည်းလေး၏ ခေါင်းကိုပုတ်လိုက်သည် “ဒါက ဘာဖြစ် လို့လဲ ငါ့အမည်းလေးက မိုက်ပါတယ်”

***

All Chapters