← Chapters

အခန်း ၁၅၈၃

Vol. 107 Ch. 1583

အခန်း ၁၅၈၃

Vol. 107 Ch. 1583

အပိုင်း (၁၅၈၃)

အဖြူအမဲညီနောင်၊ အဘိုးကြီးတင်းနှင့် အခြားသူများအားလုံးသည် တောထဲတွင် မတ်မတ်ရပ်လျက် ရှိနေကြ၏။ ၎င်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလျက် ရှိနေကြ၏။

"အကြီးအကဲယု …..ဒါကဘယ်နေရာလဲ"

ကျန့်ရာသည်မည်သို့မှ မနေနိုင်ဘဲ ထုတ်မေးလိုက်မိသည်။

"ကျုပ်ဘယ်လိုလုပ် သိမှာလဲ" ယုစီနန်က ပြန်ဖြေလိုက်၏။

“………” အားလုံးသည် ဆွံ့အသွား၏။ အကြီးအကဲယုသည် ဤတည်နေရာသို့ ဦးဆောင်ကာ ခေါ်လာခြင်းဖြစ်၏။သို့ပေမဲ့ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မသိရှိချေ။ သောက်ကျိုးနည်း လှချေသည်တကား။

"စိတ်မပူနဲ့"

ယုစီနန်သည် နှင်းတောထဲတွင် ခြေချိတ်ထိုင်လိုက်၏။ ပြီးနောက် မှတ်မိရန် စဉ်းစားလျက် ရှိနေတော့သည်။ "နဂါးကွင်းပြင်ထဲရောက်အောင် ဘယ်လိုသွားရမလဲဆိုတာ ကျုပ်စဉ်းစားလိုက်အုံးမယ်"

“…….” အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။

"ကျုပ်မှတ်မိပြီ"

ယုစီနန်သည် သူ၏နှဖူးကို ပိတ်ရိုက်ကာဖြင့် ပြောလိုက်သည်

"နဂါးတည်နေရာက အရှေ့ပင်လယ်ဖက်မှာပဲ"

"ဘယ်နေရာ"

"အရှေ့ပင်လယ်"

"အရှေ့ပင်လယ်ရဲ့ ဘယ်နေရာမှာလဲ"

"ဘယ်လိုလုပ်သိမှာလဲ"

"အစ်ကိုကြီး …. အခုရောက်နေတာ အနောက်ပင်လယ်ကို မိုင်တစ်ထောင်လောက် ကျော်နေပြီ။"

"ဒါဆို လမ်းမှားလာခဲ့ပြီပေါ့"

"…….." အားလုံးသော သူတို့သည် မြေပေါ်သို့ လဲကျသွား၏။

အရှေပင်လယ်သို့ ခရီးထွက်လာရာ အနောက်ပင်လယ်သို့ ရောက်ရှိခဲ့၏။ သို့ပေမဲ့ လမ်းမှားလာခဲ့မှန်း ယခုမှ သိရှိခဲ့သည်။ မည်မျှဆိုးရွားလိုက်သည့် အရှေ့နောက်တောင်မြောက် ခွဲခြားနည်းလဲ။

အားလုံးသောသူများသည် စောတကတက်ရန်ပင် အချိန်မရှိတော့ချေ။ တည်နေရာကို သိရရှိပြီးနောက် လျင်လျင်မြန်မြန်ပင် ထွက်ခွာလိုက်ကြ၏။ ယုစီနန်သည် အရှေ့မှဦးဆောင်ကာ သွားနေသည် ဖြစ်သောကြောင့် နဂါးနယ်မြေကို မည်သည့်အချိန်တွင်ရောက်မည်ကို သေသေချာချာတော့ မသိရှိချေ။

အချိန်နှင့် တည်နေရာလှိုဏ်ခေါင်း ……။

ရှေးရွက်သင်္ဘောကြီးတစ်စင်းသည် အမြန်ဆုံးနှုန်းဖြင့် ရွေ့လျားလျက် ရှိနေ၏။

"အဖေ"

ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘော၏ ပဲ့ဦးတွင် မတ်တပ်ရပ်လျက်ရှိနေပြီး ပုံရိပ်ယောင်ကဲ့သို့ ဖြစ်နေသည့် နေရာကြီးကိုကြည့်ကာ အံ့အားသင့်နေမိသည်။ "ဒါကို ဘယ်လိုဖွင့်ရမှာလဲ"

"ကျောက်ရုပ်ထုမျိုးနွယ်ကလန်နဲ့ နဂါးကလန်က နီးစပ်တယ်လေ။ ဒီတော့ နယ်မြေဘိုးဘေးတွေက အချိန်အတော်အကြာ ညှိ့နှိုင်းပြီးတော့ နယ်မြေနှစ်ခုကို ချိတ်ဆက်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဖွင့်လှစ်ခဲ့တယ်" ကုန်းစွန်းရော့လီ က ရှင်းပြလိုက်၏။

နယ်မြေလောကဆိုသည်မှာ သေးငယ်လှသည့် နေရာတစ်ခုပင် ဖြစ်၏။ အထက်နယ်မြေ၏ စနစ်ပေါ်တွင် မှီခိုထားခဲ့၏။ ထို့ကြောင့် တည်နေရာလိုဏ်ခေါင်းဖွင့်ရန်မှာ ဖြစ်နိုင်ပေသည်။

"သိပါပြီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

"ဟုတ်ပြီ"

ကုန်းစွန်းရော့လီက ပြောလိုက်သည်။ "အခြားအရေးကြီးတဲ့ လုပ်ဆောင်နိုင်မှုလည်း ရှိသေးတယ်။ "

"ဘယ်လိုလုပ်ဆောင်နိုင်မှုလဲ"

"ငါ့သား …. လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုန်းက တည်ရှိခဲ့တဲ့ နတ်ဆိုးနယ်မြေအကြောင်းကိုသိလား။ "

"နတ်ဆိုးမျိုးနွယ်ရဲ့ ဘိုးဘေးက အရမ်းကို ရည်မှန်းချက်ကြီးမားတဲ့လူ။ သူက အချိန်မရွေး နတ်ဘုရားနယ်မြေကို ဝင်သွားနိုင်တဲ့စွမ်းရည်ပိုင်ဆိုင်တယ်။ သူက အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းနဲ့ ပတ်သတ်ပြီးတော့ ဘယ်လိုမှ သည်းမခံနိုင်ခဲ့ဘူး။ ဒီတော့ သူကတိုက်ခိုက်ခဲ့တယ်လေ။ အဆုံးသတ်မှာတော့ သူက ကျဆုံးသွားခဲ့ပြီး သူ့ရဲ့ဘိုးဘေးတည်နေရာကြီးတစ်ခုလုံးကလည်း စည်းခတ်ခံလိုက်ရတယ်"

"အင်း …. အင်း" ကျွင်းချောင်ရှောင်းက တုန့်ပြန်လိုက်မိ၏။

အထက်နယ်မြေသို့ ရောက်ရှိလာချိန်တွင် သူကြားခဲ့ရသည့် အရာများမှာ နယ်ဆိုးနယ်မြေဆိုသည်မှာ သက်ရှိသတ္တဝါများအားလုံးကို အန္တရာယ်ပေးနိုင်သည့် အရာဟုသာ ကြားသိခဲ့ရ၏။ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းနှင့် အခြားသောကလန်အသီးသီးတို့သည် အထက်နယ်မြေကြီးတစ်ခုလုံး လုံလုံခြုံခြုံ နေထိုင်နိုင်ရန် အလို့ငှာ နတ်ဆိုးနယ်မြေကြီးတစ်ခုလုံးကို နှိမ်နှင်းခဲ့ခြင်း ဖြစ်သည်။

"ငါတို့ကလန်က ဒီလိုနတ်ဆိုးနယ်မြေကိစ္စမှာ ဝင်ပြီးမပတ်သက်ခဲ့ဘူးဆိုပေမဲ့ အင်မော်တယ်ဂိုဏ်းတွေအနေနဲ့ ငါတို့ကို ပစ်မှတ်ထားလာမှာကို စိတ်ပူမိတယ်လေ။ ဒါကြောင့် အချိန်နဲ့တည်နေရာ လျို့ဝှက်လိုဏ်ခေါင်းကို ဖွင့်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အမြန်ဆုံးကူညီနိုင်အောင် ဆုံးဖြတ်ခဲ့တာပဲ"

"အင်း …. အမြင်စူးရှပါပေတယ်"

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ဒါဆိုရင် မျိုးနွယ်နှစ်ခုကြားမရှိတဲ့ ဆက်ဆံရေးကရော "

"အဆင်ပြေပါတယ်"

ဤစကားစုကို ကြည့်ရှုသည်နှင့် နှစ်ဖက်ကြားရှိ ဆက်ဆံရေးသည် အနည်းငယ်သာ အားကောင်းလှသည် ဖြစ်ကြောင်း သူ ခန့်မှန်းလိုက်မိ၏။ လောကကြီးတွင် အချိန်အတော်အကြာပေါင်းစည်းပြီး အချိန်အတော်အကြာ ကွဲကွာကာ တစ်ချိန်တွင် ပြန်လည်ပေါင်းဆုံရပေမည်။ ထာဝရရင်းနှီးခင်မင်သော ခံစားချက်ဆိုသည်မှာ မရှိနိုင်ချေ။

"အဖေ"

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "ဒီတစ်ကြိမ် နဂါးနယ်မြေထဲကို ဝင်ရောက်တဲ့ အချိန်ရောက်ရင် ကျုပ်တို့မျိုးနွယ်နှစ်ခုကြား ဆက်ဆံရေးက ဖျက်စီးလို့မရတဲ့ အရာဖြစ်သွားလိမ့်မယ်"

"ဘာကိုဆိုလိုတာလဲ"

ကုန်းစွန်းရော့လီက မေးလိုက်သည်။ "အချိန်ရောက်လာရင် သိလိမ့်မယ်လေ။ အဖေအရမ်းအံ့ဩသွားမယ်"

ကျွင်းချောင်ရှောင်းအနေဖြင့် နဂါးအင်ပါယာအဖြစ် အမွေဆက်ခံမည့်သူသည် သူ၏ ပဋိညာဉ်သားရဲဖြစ်ကြောင်း မလေစ်လပ်နေတာကြာပြီ။ နဂါးမင်းကြီးလေးပါးကလည်း တစ်ချိန်လုံး ဒီနေရာကိုရဖို့ တိုက်ခိုက်နေကြတာ။ ဘယ်လိုလုပ်ပြီးတော့ ပုလ္လင်ကို ဆက်ခံမဲ့သူက ရုတ်တရက် ပေါ်ပေါက်လာတာလဲ"

ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့ မတွေးချေ။ သူ၏ပဋိညာဉ်သားရဲသည် လက်ငါးချောင်း ပဋိညာဉ်သားရဲကြီးပင် ဖြစ်၏။ နဂါးကလန်မှ နဂါးအင်ပါယာအဖြစ် သတ်မှတ်ထားသော သူလည်း ဖြစ်၏။ နဂါးလေးမလာခင်က နဂါးမင်းကြီးလေးပါးသည် အချင်းချင်း တိုက်ခိုက်နိုင်ကြသည် ဆိုသော်လည်း ရောက်ရှိလာခဲ့ပြီးသည့်နောက်မှာတော့ နဂါးလေး၏ အမိန့်ကိုသာ နာခံရမည် မဟုတ်ပါလား။

ဝှစ်

ရှေးရွက်သင်္ဘောကြီးသည် အရှိန်မြင့်တင်သွား၏။ နာရီဝက်ခန့် ကြာပြီးနောက် သူတို့သည် တည်နေရာတစ်ခုသို့ ရောက်ရှိသွား၏။ ဤအရာသည် လိုဏ်းခေါင်း၏ အဆုံးသတ်တည်နေရာပင် ဖြစ်၏။ ထိုတည်နေရာတွင် ရှုပ်ထွေးလှသည့် အစီအရင်များလည်း တည်ရှိနေ၏။

တစ်ဖက်လိုဏ်ခေါင်းထဲသို့ ချိုးဖျက်ဝင်ရောက်ပြီးသည့်နောက်မှာတော့ အစီအရင်၏ အလင်းတန်းများသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။

ထိုတည်နေရာတွင်တော့ ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး လက်နက်များကို ကိုင်ဆောင်ထားသည့် သိုင်းကျင့်ကြံသူများ တည်ရှိလို့နေ၏။ ခေါင်းဆောင်က အော်ဟစ်လိုက်၏။ "မင်းတို့ဘယ်သူတွေလဲ"

လှိုဏ်ခေါင်းထဲမှ ဖြတ်သန်းလာသောကြောင့် ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှဖြစ်ကြောင်း သိရှိရပေလိမ့်မည်။ သို့ပေမဲ့ လှိုဏ်းခေါင်းကို စောင့်ရှောက်သည့် ခေါင်းဆောင်သည် လုပ်ရိုးလုပ်စဉ်အတိုင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ရွက်သေ"ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်"

မင်းဆရာက ပြောလိုက်၏။ "နဂါးအင်ပါယာနန်းတက်တဲ့ပွဲကို လာပြီးတော့ ဂုဏ်ပြုစကားပြောတာ"

ဝှစ်

ပြောပြသည့်နောက် အလင်းတန်းတစ်ခုသည် ပျံသန်းသွား၏။ နဂါးအင်ပါယာ၏ စစ်သုကြီးသည် ကျောက်ရုပ်ထုမျိုးနွယ်၏ ကတ်ပြားကို အသာဖမ်းယူလိုက်၏။ တရားဝင် အသိအမှတ်ပြုပြီးနောက် သူသည် လက်ကို ယမ်းခါကာဖြင့် စစ်သည်များကို အနောက်ဖက်သို့ ဆုတ်ခွာစေ၏။ ပြီးနောက် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "လုပ်ရိုးလုပ်စဉ်အတိုင်း မေးမြန်းရတာပါ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ"

သူ၏နှလုံးသားထဲမှာတော့ တွေးလို့နေခဲ့၏။ "ငါတို့ အင်ပါယာရဲ့ နန်းတက်ပွဲက ေကျောက်ရုပ်ထုမျိုးနွယ် ကလန်က ဒီလောက်လူအများကြီးခေါ်လာပြီးတော့ ဂုဏ်ပြုစကားပြောစရာ မလိုဘူး မလား"

နဂါးလောကကြီး၏ ပတ်ဝန်းကျင်သည် မဆိုးလှချေ။ သို့ပေမဲ့ ကျောက်ရုပ်ထုမျိုးနွယ်နှင့် နှိုင်းယှဉ်လျှင်တော့ လိုအပ်ချက်များရှိနေသေး၏။ သို့ပေမဲ့ လေထုထဲတွင် ရှိနေသောချီများသည် ပြောမရသော ခံစားချက်များကို ပေးစွမ်းနေသည်။

ကျွင်းချောင်ရှောင်းသည် ရှေးရွက်သင်္ဘောကြီးကို သိမ်းစည်းပြီးနောက် အဓိကမြို့ဆီသို့ လမ်းပြများ၏ အကူအညီဖြင့် လိုက်ပါသွားခဲ့၏။ လမ်းတစ်လျှောက်တွင်တော့ သူသည် များပြားလှသည့် နဂါးမျိုးနွယ် သိုင်းကျင့်ကြံသူများကို မြင်ခဲ့ရ၏။ ၎င်းတို့၏ အော်ရာများသည် သာမန်မဟုတ်ချေ။ လူသားမျိုးနွယ်နှင့် မတူညီသည့် မျိုးနွယ်စုသုံးစုထဲမှ လူများဖြစ်သည်မို့ ထူးခြားလှသည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ပြီး အားလည်းကောင်းကြ၏။

"ငါ့သား"

ကုန်းစွန်းရော့လီသည် အသံပို့လွှတ်လိုက်သည်။ "နဂါးမျိုးနွယ်ရဲ့ အလုံးစုံ အားအင်အဆင့်က ကျောက်ရုပ်ထုမျိုးနွယ်နဲ့ နှိုင်းယှဉ်လို့ရတယ်။ ကလန်ခေါင်းဆောင်အနေနဲ့ မျိုးနွယ်စုနှစ်စုကြားမှာရှိတဲ့ ချစ်ခင်ရင်းနှီးမှုကို သတိထားကိုင်တွယ်ရမယ်။ မဟုတ်ရင် ပဋိပက္ခတွေ ဖြစ်သွားနိုင်တယ်မလား "

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျွန်တော်တို့အားလုံးက မိသားစုတွေပါပဲ"

"မိသားစုတွေ ဟုတ်လား" ကုန်းစွန်းရော့လီသည် ဇဝေဇဝါနှင့် ဖြစ်သွားတော့သည်။

နဂါးမျိုးနွယ်၏ အဓိကမြို့အား နဂါးမြို့ဟုခေါ်၏။ အချိန်နှင့် တည်နေရာလျို့ဝှက်လှိုဏ်ခေါင်းနှင့် အလွန်နီးသော တည်နေရာတွင် ရှိသောကြောင့် ၎င်းတို့အနေဖြင့် အချိန်တိုအတွင်းတွင် ရောက်ရှိသွား၏။ မြို့၏ အကျယ်အဝန်းသည် နတ်ဆိုးမျိုးနွယ်၏ အဓိကမြို့ထက်ပိုမိုကာ ကျယ်ဝန်း ခမ်းနားလွန်းလှ၏။ ဤမျိုးနွယ်သည် အမှန်ပင် အခြေခံကောင်းမွန်လှ၏။

"အားလုံးပဲ ကြွကြပါ"

ကျွင်းချောင်ရှောင်းသည် မြို့ထဲသို့ဝင်ရောက်ပြီးသည့်နောက် မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့၏။ ထိုအရာမှာ တစ်သက်တာတွင် မျိုးနွယ်စုသုံးစု၏ အဓိကမြို့များအတွင်းသို့ ဝင်ရောက်ဖူးခြင်းပင် ဖြစ်၏။ ထိုအရာကို အထက်နယ်မြေတွင် မည်သူက ပြုလုပ်နိုင်မည်နည်း။

နဂါးအင်ပါယာဆက်ခံခြင်း အခမ်းအနားသည် ရက်အနည်းငယ်အကြာတွင် ကျင်းပမည်ဖြစ်၏။ ထို့ကြောင့် မြို့အသီးသီးတွင် အလံတိုင်များ၊ မီးအိမ်များနှင့် အလှစင်ထားခဲ့ကြသည်။

"မျိုးနွယ်စုခေါင်းဆောင် ကုန်းစွန်း"

ရှေ့မှဦးဆောင်လာသည့် အဘိုးအိုသည် လက်သီးကိ ဆုပ်ကာဖြင် ပြောလိုက်၏။ "ဒါ ခင်ဗျားတို့ ေနေရာပါပဲ"

"ကောင်းပါပြီ"

ကျွင်းချောင်ရှောင်းသည် ပြန်လည်ကာ ဂါဝရပြုလိုက်၏။ "ပြီးရင် ကျုပ်တို့မျိုးနွယ်ရဲ့ အကြီးအကဲက လာဧည့်ခံပါလိမ့်မယ်။ ကျုပ်အခု သွားလိုက်ပါအုံးမယ်။ "

"ဂရုစိုက်ပါ"

ဤအရာသည် နဂါးလေး၏ တည်နေရာနယ်မြေပင် ဖြစ်၏။ ထို့ကြောင့် ကုန်းရှန့်သည် အမှန်ပင် ယဉ်ကျေးလို့ နေခဲ့သည်။

မျိုးနွယ်စုခေါင်းဆောင်သည် တွေးလိုက်မိ၏။ "အသစ်ဖြစ်လာတဲ့ ကျောက်ရုပ်ထုမျိုးနွယ်ရဲ့ ခေါင်းဆောင်က ဒီလိုပြောရဆိုရလွယ်တဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်လို့တောင် မထင်မိဘူး"

နဂါးမျိုးနွယ်များ ဖန်တီးထားသည့် ခြံဝန်းသည် အလွန်ကြီးမားလှ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် ကလန်သားအများအပြားကို ခေါ်ဆောင်လာခဲ့သော်လည်း ကျပ်မနေချေ။

နေ့လယ်သို့ ရောက်သည့်အချိန်မှာတော့ နဂါးမျိုးနွယ်သည် အကြီးအကဲတစ်ယောက် ကိုလွှတ်ကာ လည်ပတ်စေ၏။ ကျွင်းချောင်ရှောင်းသည် ဧည့်သည်ကို လက်ခံတွေ့ဆုံပြီး စကားပြောနေမိသည်။

"ထူးဆန်းလိုက်တာ"

အကြီးအကဲထွက်ခွာသွားပြီးနောက် ကုန်းစွန်းရော့လီသည် အနောက်ဖက်ဆီသို့ လျှောက်ဝင်လာကာဖြင့် ဇဝေဇဝါ မေးလိုက်၏။ "ဘာလို့ အကြီးဆုံး တာဝန်ရှိသူက ရောက်မလာတာလဲ"

ပြောရမည်ဆိုလျှင် နဂါးမျိုးနွယ်များသည် ဝန်ကြီးသုံးပါးနှင့် တူညီသော အဆင့်ရှိ အကြီးအကဲ လွှတ်ကာဖြင့် သူတို့ကို ဧည့်ခံရပေလိမ့်မည်။ သို့ပေမဲ့ အဘယ်ကြောင့် သာမာန် အကြီးအကဲတစ်ယောက်ကိုသာ စေလွှတ်ရသနည်း။ ကြည့်ရသည်မှာ သူတို့ကို အထင်သေးနေသည်လား။

"အခမ်းအနားက စတော့မယ်လေ။ သူအလုပ်များနေလို့ နေပါလိမ့်မယ်။ "

ကျွင်းချောင်ရှောင်းသည် မျက်လုံးကိုမှိတ်ကာဖြင့် နဂါးလေး၏ တည်နေရာကို ရှာဖွေလိုက်၏။ သို့ပေမဲ့နဂါးချီများ ဖုံးလွှမ်းထားသောကြောင့် တည်နေရာ အတိအကျကို မဆုံးဖြတ်နိုင်ချေ။ ထို့ကြောင့် ခေါင်းကိုရမ်းကာ ပြောလိုက်၏။

"ဒီကိုရောက်လာမှတော့ ဘာကြောက်စရာလိုအုံးမှာလဲ။ မကြာခင် တွေ့ရမှာပဲလေ"

All Chapters