အခန်း ၁၅၈၆
Vol. 107 Ch. 1586
အပိုင်း (၁၅၈၆)
နန်းတော်၏တားမြစ်တည်နေရာ လေ့ကျင့်ရေးကွင်း၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်း ဦးဆောင်သော ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှကျွမ်းကျင်သူများသည်စုဝေးနေကြ၏။
၎င်းတို့၏ပတ်ပတ်လည်နေရာအနှံ့တွင်တော့နဂါးမျိုးနွယ်မှသိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့သည်တည်ရှိလို့နေခဲ့သည်။
ဤအရာသည်နဂါးဌာနေကြီးတစ်ခုဖြစ်၏။တစ်ဖက်လူသည် ပြဿနာလာရှာသည်ဆိုမှတော့ကျိန်းသေပေါက် ရိုက်နှက်ရန် ပြင်ဆင်နေကြပြီဖြစ်၏။
ကံကောင်းစွာဖြင့် ကျွင်းချောင်ရှောင်းသည်သူ၏ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ကာ အသုံးပြုထား၏။ ပခုံးထက်တွင်သေမင်းတမန်တံစဉ်ကြီးကို တင်ကာဖြင့် ခန္ဓာကိုယ်၏အနီးတဝိုက်တွင်လည်း တည်နေရာ ဓာတ်သဘာဝများ အလွန်အားကောင်းစွာ ဖြစ်တည်နေခဲ့၏။ အရေအတွက်အရ တစ်ဖက်လူများသည်ပေါများလှသည်ဆိုသော်လည်း သူ့အနေနှင့် အော်ရာအဆင့်တွင်အားမနည်းလှချေ။
ပြောနေစရာမလိုပေ။ ကုန်းစွန်းရော့လီ ကလည်း တည်ရှိနေသေး၏။ နတ်ဘုရားအဆင့်ကို ခြေလှမ်းတစ်ဝက်လှမ်းခဲ့ပြီဖြစ်သော ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်နေသောကြောင့်အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၏အော်ရာများကိုသာ ထုတ်ဖော်ထားသည်ဆိုသော်လည်း အစစ်အမှန်တိုက်ခိုက်နိုင်မှုအားအင်အဆင့်တွင် ၎င်း၏အားအင်သည်ကြောက်မက်ဖွယ်ရာ ကောင်းနေပေလိမ့်မည်။
ချင်းမင်နဂါးဘုရင်က အေးစက်စက်ပြောလိုက်၏။ “ကျုပ်က ပွဲတက်ဖို့အတွက်ဖိတ်ခေါ်ခဲ့တာ၊ ဒါပေမဲ့ ပြဿနာ လာရှာနေတာကိုး။ မင်းတို့က လွန်သွားပြီ”
သူသည်အမှန်ပင်ဒေါသထွက်လျက်ရှိနေ၏။ သူသည်ပုလ္လင်ပေါ်သို့တက်လှမ်းရန် ပြင်ဆင်ခဲ့သည်။သို့ပေမဲ့ဧည့်သည်များသည်ထိုအရာကို ဖျက်ဆီးခဲ့၏။ဤကဲ့သို့သာ ဖြစ်ပွားလာမည်ကို သိရှိမည်ဆိုပါက တစ်ဖက်လူများအား ဖိတ်ကြားခဲ့မည်မဟုတ်ချေ။
လက်ရှိအခြေအနေမှာတော့ချင်းမင်နဂါးဘုရင်သည်အခြေအနေ မည်မျှလေးနက်သည်ဖြစ်ကြောင်းကို မသိရှိဘဲ ဖြစ်ခဲ့၏။ တိတိကျကျပြောရမည်ဆိုလျှင်ကုန်းရှန့်သည်မည်မျှကာကွယ်ပေးတတ်သူတစ်ယောက်ဖြစ်မှန်း မသိရှိခဲ့ခြင်းပင်။
“အချိန်တွေအများကြီး မကျန်တော့ဘူး”
ကျွင်းချောင်ရှောင်းသည်မြေကြီးပေါ်သို့ငုံ့ကြည့်ကာ ပြောလိုက်၏။ “နဂါးလေးကို ထပ်ပြီး မတွေ့ရသေးဘူး”
ပတ်ဝန်းကျင်တွင်ရှိနေသော နဂါးကလန်မှသိုင်းကျင့်ကြံသူများကို ကြည့်ရှုကာဖြင့်သတ်ဖြတ်လိုခြင်းအပြည့်ဖြင့်ပြောလိုက်သည်။ “သူတို့တွေအကုန်သေရလိမ့်မယ်”
လက်ရှိအခြေအနေမှာတော့သူ၏ပဋိညာဉ်သားရဲသည်နဂါးအင်ပါယာ ဖြစ်မလာခြင်းအတွက် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။သူဂရုစိုက်နေသည်မှာ သူ့ပဋိညာဉ်သားရဲ၏ လုံခြုံရေးသာဖြစ်သည်။တစ်စုံတစ်ခုသာ ဖြစ်ပွားလာသည် ဆိုပါက နဂါးဌာနေကြီးတစ်ခုလုံးကို ငရဲပြည်ကဲ့သို့ ဖြစ်သွားအောင်ပြောင်းလဲပစ်မှာ သေချာတော့သည်။ ပြိုင်စံရှား ဂိုဏ်း၏ ဂိုဏ်းချုပ်၊ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်တစ်ယောက်အနေဖြင့်ကုန်းစွန်းကျွင်းနှင်းဆီသည်ပြောသည့်အတိုင်း ပြုလုပ်မှာဖြစ်၏။
ချင်းမင်နဂါးဘုရင်သည်သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။နဂါးချီများသည်လေထုထဲတွင်စုစည်းလာပြီးသည့်နောက်မှာတော့နဂါးကြီးတစ်ကောင်အသွင်အပြင်အဖြစ် ဖြစ်တည်လာခဲ့၏။သူသည် ဒေါသတကြီးဖြင့်ပြောလိုက်သည်။ “ငါမင်းကို အရင်ဆုံးသတ်ပစ်မယ်”
သူ၏ ဌာနေဆီသို့ရောက်ရှိလာပြီး ဤမျှမောက်မာစွာ စကားပြောဆိုနေခြင်းကို မည်သူမှသည်းခံနိုင်လိမ့်မည်မဟုတ်ချေ။ထို့ကြောင့်ကျိန်းသေပေါက်တိုက်ခိုက်ရပေလိမ့်မည်။
ချင်းမင်နဂါးဘုရင်၏အားအင်အဆင့်သည် ကြီးမြတ်သူတုံးကုနှင့် မကွာခြားလှချေ။အချက်အလက်အားဖြင့်ပိုမိုကာ အားကောင်းနေသေး၏။ ၎င်းလှုပ်ရှားလိုက်သည့်အချိန်တိုင်း၌ တည်နေရာတစ်ခုလုံးသည်လှုပ်ခါလာခဲ့ ကြပြီး ပတ်ဝန်းကျင်တည်နေရာကြီးတွင်လည်း လှိုင်းများအဖြစ် ဖြစ်တည်လာခဲ့တော့၏။
ခလွပ်ခလွပ်ခလွပ် …..။
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။ နဂါးအော်သံများသည်အလွန်အားကောင်းလှသည့်ဖိအားများကို ထုတ်ဖော်လျက်ရှိ၏။ ထို့အပြင်ဤချင်းမင်နဂါးဘုရင်သည်နဂါးမျိုးနွယ်၏ အားအကောင်းဆုံးသော တိုက်ခိုက်နိုင်သူများထဲမှတစ်ယောက်ဖြစ်၏။ကုန်းရှန့်အနေဖြင့်သူ၏ဝှက်ဖဲအကုန်လုံးကို ထုတ်ဖော်အသုံးပြုမည်ဆိုလျှင်တောင်မှတစ်ဖက်လူနှင့် ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ချေ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည်မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြင့်မတ်မတ်ရပ်နေတုန်းပင်ရှိသေး၏။ တစ်ချက်ကလေးမှမကြောက်လန့်ချေ။အဘယ်ကြောင့်ဆိုသော်...
ဘုန်း
ကုန်းစွန်းရော့လီသည်ချက်ချင်းပဲ အရှေ့ဆီသို့ရောက်ရှိလာကာ နဂါးအော်ရာများကို ဖြေရှင်းလိုက်တော့၏။ ပြင်းထန်လှသည့်အားအင်အဆင့်နှင့်ပျော့ပျောင်းလှသည့်အားအင်အဆင့်တို့ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်ပတ်ဝန်းကျင်တည်နေရာ တစ်ခုလုံးသည်နားကွဲလောက်စရာ ပေါက်ကွဲမှုကြီးအဖြစ်ဖြစ်တည်သွားခဲ့၏။
ဖောက်ဖောက်ဖောက်ဖောက်
ချင်းမင်နဂါးဘုရင်သည်အနောက်သို့လှမ်းဆုတ်လိုက်ပြီး ၎င်း၏မျက်လုံးထဲတွင်တော့မယုံနိုင်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ဤအမျိုးသမီး၏ အော်ရာသည်သူနှင့် တူညီလုနီးပါးသာရှိ၏။ သို့ပေမဲ့သူမထုတ်ဖော်တိုက်ခိုက်လိုက်သည့်အားအင်အဆင့်သည်အဘယ်ကြောင့်ဤမျှအားကောင်းလှသနည်း။ ဖြစ်နိုင်သည်မှာ... ။
သူ့အနေနှင့် စဉ်းစားရန်အချိန်မရှိချေ။အဘယ်ကြောင့်ဆိုသော်ကုန်းစွန်းရော့လီသည်ရှေ့ဆီသို့ဆန်းကြယ်လှသော နည်းစနစ်ကို အသုံးပြုကာ လှုပ်ရှားလာသောကြောင့်ပင်။
ဆွစ်ဆွစ်ဆွစ်
ကောင်းကင်တစ်ခုလုံးတွင်ပုံရိပ်ယောင်များ ပြည့်နှက်သွားခဲ့ပြီး မည်သည်က အစစ်၊မည်သည်က အတုဆိုသည်ကို ပင်ခွဲခြားရန်ခက်ခဲသွားခဲ့၏။
“ငါ့သား”
ကုန်းစွန်းရော့လီသည်လှမ်းအော်လိုက်သည်။ “ဒါက ကျောက်ရုပ်တုမျိုးနွယ်ရဲ့ ပြိုင်စံရှား သိုင်းနည်းစနစ်တစ်ခုပဲ။ ကောင်းကင်အရိပ်ခြေလှမ်းလို့ခေါ်တယ်။မင်းအဖေ အသုံးပြုတာကို သေသေချာချာ ကြည့်ထား။ အနာဂတ်မှာ မင်းဒါကို နားလည်နိုင်မယ်ဆိုရင်အကူအညီဖြစ်စေလိမ့်မယ်”
“..........”
ချင်းမင်နဂါးဘုရင်သည်ရှောင်ရှားရင်းမှ ပြိုလဲလုမတတ်ဖြစ်နေသည်။ဤအမျိုးသမီးသည်မည်မျှသူ့အား အထင်သေးနည်းဆိုသော်တိုက်ခိုက်နေရင်းမှပင်သူမ၏သားအား သိုင်းပညာကို သင်ကြားပေးလျက်ရှိနေ၏။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်လင်းလက်သွား၏။ လှုပ်ရှားမှုနည်းစနစ်အရဆိုလျှင်သူသည်ထာဝရ သူတော်စင်ခုနှစ်ပါးလှုပ်ရှားမှုကို သင်ယူခဲ့ဖူး၏။ သို့ပေမဲ့ထိုနည်းစနစ်သည်ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏အဓိကလှုပ်ရှားမှုနည်းစနစ်နှင့် နှိုင်းယှဉ်လျှင်တော့အားအင်အဆင့်နည်းပါးလွန်း၏။ အနာဂတ်တွင်မဟုတ်ပေ။ သူသည်ကျိန်းသေပေါက်လက်ရှိသင်ယူရပေလိမ့်မည်။
ခဏလောက်တွန့်ဆုတ်ပြီးသည့်နောက်အထက်နယ်မြေရောက်ပြီး ဖန်တီးထားသော အသိအမြင်အဆောင်အား ချိုးချေလိုက်၏။ သူသည်စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့်သူ့အဖေ၏ လှုပ်ရှားမှုတိုင်းကို အထပ်ထပ်လေ့လာကာ စိတ်ထဲတွင်မှတ်ကျောက်တင်လျက်ရှိ၏။
သူမ၏သားသည်အလုံးစုံအာရုံစိုက်လျက်ရှိသည်ကို မြင်ပြီးသည့်အချိန်မှာတော့ကုန်းစွန်းရော့လီက အမှန်ပင်ကျေနပ်နေမိ၏။ ထို့ကြောင့်တမင်တကာ အရှိန်ကို နှေးကာဖြင့် ကောင်းကင်အရိပ်ခြေလှမ်းကို တဖြည်းဖြည်းချင်း ထုတ်ဖော်ပြသနေသည်။
“အား....”
အကြီးအကျယ်အရှက်ခွဲခံနေရသည်ဟု ခံစားမိနေသည့်ချင်းမင်နဂါးဘုရင်သည်ချက်ချင်းထကာ အော်ဟစ်လိုက်၏။ ကြမ်းတမ်းလွန်းလှသော နဂါးအော်ရာများသည်ထွက်ပေါ်လာခဲ့ပြီး သူ၏လက်ဝါးတွင်စုစည်း လာခဲ့သည်။ ပြီးနောက်ခုခံရာမှတိုက်ခိုက်ရာအခြေအနေသို့ချက်ချင်းပြောင်းလဲပြီး ဤအမျိုးသမီးကို အဆုံးစွန်အထိ တိုက်ခိုက်ရန်ကြိုးစား၏။
ဘုန်း ဘုန်း ဘုန်း
ချက်ချင်းပဲ ကျောက်ရုပ်ထုမျိုးနွယ်၏ စွမ်းအင်များနှင့် နဂါးအော်ရာများသည်ကလန်ဟောခန်း၏ အပြင်ဘက်တွင် ဖြစ်တည်လာခဲ့၏။ဤကဲ့သို့သော အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျွမ်းကျင်သူများ၏ တိုက်ပွဲသည်အမှန်တကယ်ပင် ကြမ်းတမ်းလွန်းလှပြီး ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးပင်လျှင်တုန်ခါစေခဲ့သည်။
ပတ်ဝန်းကျင်တွင်ရှိနေသော နဂါးမြေမှသိုင်းကျင့်ကြံသူများသည်အလကား မနေကြချေ။ချင်းမင်နဂါးဘုရင်နှင့်ကုန်းစွန်းရော့လီတို့စတင်တိုက်ခိုက်ချိန်မှာပဲ ၎င်းတို့သည်လည်း ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာ တစ်ဖက်လူများကို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ကြ၏။ ၎င်းတို့၏မျက်လုံးထဲတွင်ဒေါသတရားနှင့် ပြည့်နှက်နေလျက်ရှိပြီး ကျောက်ရုပ်ထုမျိုးနွယ်ကလန်တစ်ခုလုံးကို သင်ခန်းစာပေးရန် ကြိုးစားလျက်ရှိနေကြ၏။
ဝှစ်ဝှစ်ဝှစ်
နဂါးအော်ရာများသည်တည်နေရာတစ်ခုလုံးတွင်ပေါ်လာပြီး အရှိန်အဟုန်ကောင်းကောင်းနှင့် ဖိအားများ ဖြစ်တည်လာစေခဲ့သည်။
“ကလန်ခေါင်းဆောင်ကို ကာကွယ်ကြ”
ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် ကျွင်းချောင်ရှောင်း၏ အနားတွင်စုဝေးရောက်ရှိလာခဲ့ပြီး သံမဏိနံရံကြီးများကဲ့သို့ပင်ဖန်တီးကာ ကာကွယ်ပေးထားခဲ့၏။တစ်ယောက်ချင်းစီတိုင်း သည်ကျောက်ရုပ်ထု မျိုးနွယ်ကလန်၏ သိုင်းနည်းစနစ်များကို ထုတ်ဖော်ကာဖြင့်တိုက်ခိုက်နေ၏။ တောက်ပသည့်အလင်းတန်းများ သည်စုစည်းဖြစ်တည်လျက်ရှိနေ၏။
နဂါးကလန်သည်အရေအတွက်အရ သာလွန်လှသည်ဆိုသော်လည်း ကျောက်ရုပ်ထုမျိုးနွယ်မှရောက်ရှိလာသူ များသည်အထက်ပိုင်း အကြီးအကဲများဖြစ်သောကြောင့်အလွန်အားကောင်းလွန်းလှ၏။ဆက်လက်တိုက်ခိုက်မည်ဆိုလျှင်တောင်မှအထက်စည်းမှတိုက်ခိုက်နိုင်စွမ်း မရှိကြချေ။
ဒွီ ဒွီ
တစ်ချိန်တည်းမှာပဲ ကြီးမားလွန်းလှသော တိုက်ခိုက်ရေးတည်နေရာကြီး၏ အပြင်ဘက်တွင်အလင်းတန်း အစီအရင်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ရှေးကလန်ဟောခန်းကြီးနှင့် အဆောက်အဦများအားလုံးကို ဖုံးလွှမ်းသွားခဲ့၏။
“သွားကြ။ သွားကြ”
အနီးအနားရှိ အဆောက်အဦနှင့် ဟောခန်းကြီးတစ်ခုလုံးကို အတားအဆီးအစီအရင်များနှင့် ကာကွယ်ပြီးသည့်နောက်နဂါးကလန်မှစွမ်းအားမြင့်ကျင့်ကြံသူများသည်တကယ်ပင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြတော့သည်။
ပြဿနာလာရှာသည်လား။ သေဆုံးသည်အထိ တိုက်ခိုက်ပစ်ရမည်။နဂါးကလန်ဆိုသည်မှာ ၎င်းတို့၏တိုက်ခိုက်လိုခြင်းစိတ်ကြောင့်ကျော်ကြားလှသည့်ကလန်လည်းဖြစ်၏။
ဘုန်း ဘုန်း
သမိုင်းဝင်မှတ်တမ်းများ တည်ရှိနေသည့်သိုင်းကျင့်ကြံရေးကွင်းပြင်ကြီးထဲတွင်ကလန်နှစ်ခုဆီမှများပြားလွန်းလှသော စွမ်းအင်များ ပေါက်ကွဲထွက်လျက်ရှိနေပြီး သနားစရာဖြစ်တည်နေသည်မှာ ဤနေရာတွင်ရှိသော လေဟာနယ်ကြီးပင်ဖြစ်သည်။
အထက်နယ်မြေရှိ များပြားလွန်းလှသော အဖွဲ့အစည်းများအားလုံးသည်ယနေ့ ဖြစ်ပျက်နေသည့်တိုက်ပွဲကြီးကိုသာ မြင်သည်ဆိုပါက ကျိန်းသေပေါက်ပါးစပ်အဟောင်းသား ဖြစ်မိနေကြမှာ သေချာ၏။
ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှအထက်ပိုင်းအကြီးအကဲများနှင့် နဂါးကလန်တို့သည်တကယ်ပဲ တိုက်ခိုက်လျက်ရှိနေကြသည်။
သို့ပေမဲ့ထိုနှစ်ဖွဲ့မည်သို့ပင်တိုက်ခိုက်တိုက်ခိုက် ကျွင်းချောင်ရှောင်းမှာတော့မလှုပ်မရှား ငြိမ်သက်လျက်ပင် ရှိနေ၏။ သူသည်သိုင်းကျင့်ကြံခြင်း ကွင်းပြင်၏အရှေ့တွင်ထိုင်လျက်ရှိပြီး လောကကြီး တစ်ခုလုံးနှင့် မသက်ဆိုင်သကဲ့သို့ပင်။
ကံကောင်းစွာဖြင့်သူ့ကိုကာကွယ်ပေးထားသော လူများရှိနေခြင်းပင်။မဟုတ်ပါက တစ်ခါတည်း သေဆုံးသွားသည်မှာ ကြာပြီဖြစ်လောက်၏။
ဆွစ်ဆွစ်
ကုန်းစွန်းရော့လီသည်ကောင်းကင်အရိပ်ခြေလှမ်းကို အဆုံးစွန်အထိ ထုတ်ဖော်ပြသလျက်ရှိနေ၏။ သူမ၏ မူလ ရည်ရွယ်ချက်သည်သူမသား နားလည်နိုင်စေရန်အတွက် ဖြစ်၏။ထို့ကြောင့်ချင်းမင်နဂါးဘုရင်အား မောပန်းအောင် ပြုလုပ်လျက်ရှိ၏။ တိုက်ပွဲသည် ပြင်းထန်လှသည့်ပုံစံပေါ်သော်လည်း အနိုင်ရရှိသူကို အချိန်တို အတွင်း ဆုံးဖြတ်နိုင်ရန်မှာ ခက်ခဲလွန်းလှသည်။
ကျွင်းချောင်ရှောင်းသည်တည်နေရာမှာတင်ရပ်လျက်ရှိ၏။ သူ၏အသိစိတ်ပင်လယ်ထဲတွင်ဤလှုပ်ရှားမှုနည်းစနစ်များသည်အထပ်ထပ် ဖြစ်တည်လျက်ရှိ၏။
“နားလည်ပြီ။ နားလည်ပြီ” သူ၏ နှုတ်ခမ်းထောင့်များသည်အပြုံးတစ်ခုအဖြစ်သို့ဖြစ်တည်သွားခဲ့သည်။
“သတ်ကြ။သတ်ကြ”
ထိုအချိန်မှာတော့များပြားလွန်းလှသော နဂါးကလန်မှသိုင်းကျင့်ကြံသူများသည်နန်းတော်၏အပြင်ဘက်ဆီမှပိုမိုကာ လိမ့်ဝင်လာခဲ့ကြ၏။ ၎င်းတို့၏မျက်လုံးများသည်အားလုံးသောသူများ၏ စောင့်ကြပ်မှုကို ခံနေရသည့် ကျွင်းချောင်ရှောင်းပေါ်သို့ရောက်ရှိလျက်ရှိနေ၏။
“ခေါင်းဆောင်ကို ကာကွယ်ကြ”မင်းဆရာသည်အော်ဟစ်လိုက်သည်။
သို့ပေမဲ့ထိုအချိန်မှာပဲ နဂါးကလန်၏စွမ်းအားမြင့်ကျင့်ကြံသူများ၏တိုက်ခိုက်မှုကို သူတို့ အဓိက ခံယူနေကြခြင်းဖြစ်သည်။ ထို့ကြောင့်အနည်းငယ်လေးမှအာရုံ လွင့်ပျံ့၍မရနိုင်ခဲ့ချေ။ခေါင်းဆောင်ကို အာရုံစိုက်လိုက်သည့်အချိန်မှာတော့သူတို့သည်တစ်ဖက်မှဖိအားကို ခံယူလိုက်ရ၏။
ဘုန်း …။
ကျွင်းချောင်ရှောင်းသည်သေမင်း၏တံစဉ်ကြီးကို မြေပေါ်သို့အသာချလိုက်၏။ ပြီးနောက်မြေပေါ်သို့အသာ ဆောင့်လိုက်၏။ ပြီးနောက်တီးတိုးရေရွတ်လိုက်သည်။ “ဆယ့်ငါးမိနစ်က ကျော်လွန်သွားပြီ။ အခုထိ နဂါးလေးကို မပေးသေးဘူးလား။ ဒီတော ….့”
ရွှီး
စတုတ္ထမြောက်အဆင့်မြင့်တင်ထားသော စည်းဓားမော့ကြီးသည် ရုတ်တရက်ဝှေ့ယမ်းသွားခဲ့၏။များပြားလွန်းလှသော တည်နေရာစွမ်းအင်များသည်နေရာအနှံ့သို့ပျံ့နှံ့သွားပြီး လေထုထဲတွင် ဖြစ်တည်လျက်ရှိသည့်နဂါးစွမ်းအင်များ အားလုံးသည်ရပ်တန့်သွား၏။
“ဘာ... ထိန်းချုပ်ခံလိုက်ရတာလား။ မဖြစ်နိုင်တာ” အရှေ့ဆီသို့လှမ်းတက်လိုက်ကြသော နဂါးကလန်မှသိုင်းကျင့်ကြံသူများသည်ဆွံ့အသွားခဲ့ကြသည်။
ရွှီး ရွှီး …..။
ဓားအလင်းတန်းများသည်အရိပ်လိုပင် ဖြတ်သန်းသွားခဲ့၏။
ဘုန်း ဘုန်း
ဘုတ်ဘုတ်
ပြီးနောက်နဂါးကလန်မှသိုင်းကျင့်ကြံသူ တစ်ရာကျော်တို့သည်မြေပေါ်သို့လဲကျသွား၏။ ၎င်းတို့၏လည်ပင်းပေါ်တွင်တော့သပ်ရပ်လှသည့်ဓားရာလေး တည်ရှိနေပြီး ၎င်းတို့သည်နာကျင်မှုကို ခံစားလိုက်ရသည်နှင့်တပြိုင်နက်စိတ်၊ဝိညာဉ်နှင့် ခန္ဓာကိုယ်သည်အလုံးစုံ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြသည်။
“ဒါက”
ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည်ကြောင်အသွားခဲ့ကြ၏။အချက်အလက်အားဖြင့်ကလန်ခေါင်းဆောင်သည်များပြားလှသော နဂါးကလန်မှသိုင်းကျင့်ကြံသူများကို သတ်ဖြတ်လျှင်တောင်မှသူတို့သည်အံ့အားသင့်ကြလိမ့်မည်မဟုတ်ချေ။သို့ပေမဲ့ကလန်ခေါင်းဆောင်ယခုထုတ်ဖော်အသုံးပြုလိုက်သော နည်းစနစ်သည်ကောင်းကင်အရိပ်ခြေလှမ်းပင် ဖြစ်နေလေ၏။
ကုန်းစွန်းရော့လီသည်မယုံကြည်နိုင်စွာဖြင့်ပြောလိုက်မိသည်။ “ဒီလိုပဲ သင်ယူတက်မြောက်ခဲ့တာလား”
သူ နားလည်နေလေသည်။အထူးကို ကျွမ်းကျင်စွာ ထုတ်ဖော်အသုံးပြုနိုင်စွမ်းရှိနေသည်။ ဤအရာသည်သူမ ၏ သားသာ ဖြစ်လေတော့၏။