← Chapters

အခန်း ၁၅၈၇

Vol. 107 Ch. 1587

အခန်း ၁၅၈၇

Vol. 107 Ch. 1587

အပိုင်း (၁၅၈၇)

ကျွင်းချောင်ရှောင်းအနေနှင့် ကောင်းကင်အရိပ်ခြေလှမ်းကို အချိန်တိုအတွင်း ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိနေ သည်သာမက ကျွမ်းကျင်စွာဖြင့်ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိနေ၏။ ဆိုလိုသည်မှာ စနစ်မှဝယ်ယူထားသော သိုင်းကျင့်ကြံခြင်းနည်းစနစ်မဟုတ်ပါက သူ့အနေနှင့် ကျင့်ကြံ၍ ရနိုင်သည့်ကျင့်ကြံခြင်းအဆင့်နှင့် ကိုက်ညီသည်ဆိုပါက မည်သည့်ကျင့်ကြံခြင်းနည်းစနစ်ကိုမဆို လွယ်လွယ်ကူကူဖြင့်သင်ယူနိုင်စွမ်းရှိ၏။ မသင်ယူနိုင်လျှင်အသိအမြင်အဆောင်သည်လုံလောက်သည့်အဆင့်မရှိခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဟုတ်ပေ၏။ ဤတည်နေရာတွင်သူ့အား ပြိုင်ဘက်ကင်းဟု ပြောဆို၍ မရနိုင်ချေ။အဘယ်ကြောင့်ဆိုသော်ကောင်းကင်အရိပ်ခြေလှမ်းအား ကျွမ်းကျင်စေသည့်အဓိကအကြောင်းအရာသည်ကုန်းစွန်းရော့လီတစ်ယောက်သူ့အား ရည်ရွယ်ချက်ရှိရှိဖြင့်သင်ကြားခဲ့ခြင်းကြောင့်သာဖြစ်သည်။အပြင်လူများ ထုတ်ဖော်တိုက်ခိုက်သည့်နည်းစနစ်ကို ကျွင်းချောင်ရှောင်း အနေဖြင့်အသိအမြင်အဆောင်များ အသုံးပြုကာ လေ့လာသင်ယူ၍တော့မရနိုင်ချေ။

“မယုံကြည်နိုင်စရာပဲ”

“ခေါင်းဆောင်က တကယ့်နတ်ဘုရားလိုပဲ”

ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် ကျွင်းချောင်ရှောင်းအား တကယ့်ကို နတ်ဘုရားတစ်ပါးကဲ့သို့ပင်ကိုးကွယ်လုမတတ်ဖြစ်နေကြ၏။ ၎င်းတို့၏ခေါင်းဆောင်သည်ယခင်ခေါင်းဆောင်ပြသခဲ့သည်သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို တစ်ချက်ကြည့်လိုက်သည်ဆိုသည်နှင့်အလုံးစုံ ကျွမ်းကျင်လို့နေခဲ့၏။

သူတို့အား လာရောက်သင်ကြားပေးသည်ဆိုပါက ဤကဲ့သို့အချိန်တိုအတွင်း နားလည်နိုင်ဖို့ဆိုသည်မှာ ဝေလာဝေးပင်ဖြစ်ပေမည်။

ဘာကိုဆိုလိုသနည်း။ ခေါင်းဆောင်၏ပါရမီသည်ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ပြိုင်စံရှား ကျင့်ကြံသူပင် ဖြစ်ရမည်။ထိုကဲ့သို့သောလူ၏ ဦးဆောင်မှုအောက်တွင်သူတို့၏မျိုးနွယ်သည် ကြီးမား လှသည့်အောင်မြင်မှုကို ရရှိနိုင်မှာ သေချာ၏။

ဟူး ဟူး

ချက်ချင်းပဲ ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် ၎င်းတို့၏ကျင့်ကြံခြင်းအဆင့်များကို ပိုမိုကာ ထုတ်ဖော်ပြီး နဂါးမျိုးနွယ်မှ ကျွမ်းကျင်သူများနှင့် စတင်ကာ တိုက်ခိုက်တော့၏။ ၎င်းတို့၏ခေါင်းဆောင်အတွက်၊ ၎င်းတို့၏အနာဂတ်အတွက်ယနေ့နဂါးမြို့ထဲတွင်သေဆုံးရမည်ဆိုလျှင်ကျိန်းသေပေါက်ခေါင်းဆောင်အား ထိခိုက်ခွင့်ပေးလိမ့်မည်မဟုတ်ချေ။

“ငါ့သား”

ကုန်းစွန်းရော့လီသည်ချင်းမင်နဂါးဘုရင်အား အနောက်သို့ဆုတ်ခွာအောင်အတင်းဖိအားပေးကာ ပြောလိုက်၏။ “အဖေက မင်းကို နောက်ထပ်သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေကို ထပ်ပြမယ်”

ကောင်းကင်အရိပ်ခြေလှမ်းကို သင်ယူပြီးသည့်နောက်တခြားသောအရာများကို သင်ယူရာတွင်အခက်အခဲဟူ၍ မရှိတော့ချေ။

“တည်နေရာချိုးဖြတ်ခြင်း ကျောက်တုံးခုတ်ပိုင်းချက်”

“တောင်ခွဲနတ်လက်ဝါး”

“အမှောင်တိမ်သင်္ကေတလေးခု”

ကျောက်ရုပ်ထုမျိုးနွယ်၏ သိုင်းကျင့်ကြံမှုနည်းစနစ်တစ်ခုချင်းစီတိုင်းအား ကုန်းစွန်းရော့လီသည်ထုတ်ဖော်အသုံးပြုလျက်ရှိ၏။ လက်ဝါးများတွင်အလင်းတန်းများ ထွက်ပေါ်လျက်ရှိပြီး တိုက်ခိုက်ရေး ကွင်းပြင်တစ်ခုလုံး တွင် ပြည့်နှက်လျက်ရှိ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့်အော်ရာများသည်အရှိန်အဟုန်ပြင်းပြင်းဖြင့်ထွက်ပေါ်နေခဲ့၏။

ထိပ်တန်းကျွမ်းကျင်သူများ တိုက်ခိုက်သည့်အချိန်၌ အားလုံးသောသူများသည်ခပ်ဝေးဝေးကို ရှောင်ရှားနေရ၏။ တိုက်ခိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည့်အချိန်တွင်လေဟာနယ်ကြီးတစ်ခုလုံးသည်တုန်ခါပြီး ပျက်စီးလျက်ရှိ၏။ ကုန်းစွန်းရော့လီသည် ၎င်း၏ ဝှက်ဖဲ သိုင်းကွက်များကို ထုတ်ဖော်ကာ အသုံးပြုလျက်ရှိ၏။ ထို့ကြောင့်ချင်းမင်နဂါးဘုရင်သည်အလွန်ခက်ခဲသည့်အခြေအနေဆီသို့တဖြည်းဖြည်း ရောက်ရှိလာသည်။

ရွှီး ….။

ကျွင်းချောင်းရှောင်းသည်သူ၏ တံစဉ်ကြီးကို အသာဝှေ့ယမ်းကာဖြင့်တည်နေရာစွမ်းအင်နှင့်နဂါးမျိုးနွယ် သိုင်းကျင့်ကြံသူများကို ချုပ်နှောင်လိုက်၏။ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှသိုင်းနည်းစနစ်များအားလုံးကို အသုံးပြုကာဖြင့်သတ်ဖြတ်နေ၏။

ဟုတ်ပေသည်။တစ်ဖက်လူသည်နဂါးလေးအား ထုတ်ပေးရန် ငြင်းပယ်လျက်ရှိနေတုန်းပင်ဖြစ်၏။ထို့ကြောင့် ကျွင်းချောင်ရှောင်းသည်သနားကြင်နာမှုကို မပြသခဲ့ချေ။သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို အသုံးပြုပြီးသည်နောက်ချက်ချင်းပဲ နဂါးကလန်မှသိုင်းကျင့်ကြံသူများကို တစ်ယောက်ပြီး တစ်ယောက်သတ်ဖြတ်နေ၏။ အချိန်အတိုင်းတိုအတွင်းမှာပဲ လေ့ကျင့်ရေးကွင်းပြင်တွင်အလောင်းပေါင်း တစ်သောင်း လောက်က ထပ်လျက်ရှိသည်။

“အား...” ချင်းမင်နဂါးဘုရင်သည်အရူးတစ်ယောက်ကဲ့သို့အော်ဟစ်လိုက်၏။ဤနဂါးကလန်မှသိုင်းကျင့်ကြံသူ များသည်သူသေချာလေ့ကျင့်သင်ကြားပေးထားသူများဖြစ်၏။လူတစ်ထောင်လောက်သေဆုံးလျှင်မပြောနှင့် လူတစ်ယောက်သေဆုံးခြင်းကပင်လျှင်သူ့ကို နာကျင်စေခဲ့၏။

“ကျွင်းချောင်ရှောင်း” ၎င်း၏ မျက်လုံးများသည်မျက်စိသူငယ်အိမ်ထဲမှပေါက်ထွက်လုမတတ်ပင် ဖြစ်နေ၏။ “ဒီအင်ပါယာက မင်းကို အပိုင်းပိုင်း ဆွဲစုတ်ပစ်မယ်”

ဝေါင်း

နဂါးအော်သံသည်ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို တုန်ခါသွားစေ၏။

ရွှီး

ကုန်းစွန်းရော့လီသည်ဒါဇင်အနည်းငယ်လောက်အနောက်ကို ဆုတ်လိုက်၏။သူမသည်မျက်မှောင်ကုတ်လျက်ရှိသည်။

ကောင်းကင်ယံထက်တွင်တော့ချင်းမင်နဂါးဘုရင်သည်သူ၏အစစ်အမှန်ပုံစံကို ပြောင်းလဲလိုက်တော့သည်။ ကြီးမားလှသည့်အစိမ်းရောင်နဂါးကြီးသည်လေထဲတွင်လွင့်လျက်ရှိနေ၏။ ၎င်း၏ အကြေးခွံများသည်တောက်ပလျက်ရှိနေပြီး လက်ငါးချောင်းနဂါး၏ အသွင်သဏ္ဍာန်သည်အားကောင်းလွန်းလှသော နဂါးအော်ရာ များကို ထုတ်ဖော်လျက် ရှိနေ၏။

“ဒါက နည်းနည်းခက်လာပြီ”

သို့ပေမဲ့ကုန်းစွန်းရော့လီ၏ မျက်နှာပေါ်တွင်အပြုံးကတော့မပျက်ခဲ့ချေ။သူမ သိသလောက်ဆိုလျှင်ချင်းမင်နဂါးဘုရင်၏အစစ်အမှန်ပုံစံသည်အစိမ်းရောင်နဂါးကြီးသာဖြစ်၏။နဂါးအင်ပါယာ ၏ ခန္ဓာကိုယ်ကို အမွေဆက်ခံပြီးသည့်နောက်သူ၏အားအင်အဆင့်သည်ကျိန်းသေပေါက်တိုးတက်သွားပေလိမ့်မည်။

သို့ပေမဲ့ဤအရာမှာ အဓိကမဟုတ်ချေ။အဓိကဆိုသည်မှာ တစ်ဖက်လူသည် ၎င်း၏အစစ်အမှန် ခန္ဓာကိုယ်ကို ပြောင်းလဲပြီး နဂါးအင်ပါယာကဲ့သို့အော်ဟစ်လိုက်၏။ထိုအရာသည်နဂါးမြို့တစ်ခုလုံးကို သက်ရောက်စေခဲ့သည်။ထို့ကြောင့်နဂါးများအားလုံးတို့သည် ၎င်းတို့၏အစစ်အမှန်ပုံရိပ်များကို ပြောင်းလဲကာဖြင့်သွေးကဲ့သို့နီရဲနေသည့်မျက်လုံးအစုံဖြင့်အရှေ့သို့တိုးဝင်တိုက်ခိုက်တော့သည်။လက်ရှိအချိန်တွင်နဂါးမြို့၏ကောင်းကင်ယံတစ်ခုလုံးတွင်နဂါးများနှင့် ပြည့်နှက်သွားခဲ့သည်။

ဝူး ဝူး.....။

ဝေါင်း ဝေါင်း …..။

ဝန်ကြီးသုံးပါး၊ မူးမတ်ကိုးပါးတို့အပြင်ကျောက်ရုပ်ထုမျိုးနွယ်မှအထက်ပိုင်းအကြီးအကဲများသည်လည်း ထိုအချင်းအရာ၏ သက်ရောက်မှုကို ခံနေရ၏။

လေထုထဲတွင် ဖြစ်တည်နေခဲ့သည့်နဂါးကြီးများနှင့်အတူ ယှဉ်ပြိုင်တိုက်ခိုက်လျက်ရှိနေကြ၏။ နဂါးအော်ရာများ သည်အလွန်ကြမ်းတမ်းလွန်းလှ၏။ပြောရမည်ဆိုလျှင်နဂါးကလန်ဆိုသည်မှာလည်း မွန်းစတားသားရဲ အမျိုးအစားတွင်ပါဝင်၏။ထို့ကြောင့် ၎င်းတို့၏အစစ်အမှန်ပုံစံကို ပြောင်းလဲ ပြီးသည့်နောက်တိုက်ခိုက်နိုင်မှုအားအင်အဆင့်သည်ကျိန်းသေပေါက်ပိုမိုကာ တိုးတက်ကုန်သည်။

ရွှီး ရွှီး ….။

ကျွင်းချောင်ရှောင်းသည်သေမင်းတံစဉ်ကြီးကို ဆွဲကိုင်ကာဖြင့် ၎င်း၏ခြေထောက်တွင်မီးများတောက်လောင်လျက်ရှိသည်။သူသည်လေထုထဲသို့လှမ်းတက်ပြီးသည့်နောက် ကြီးမားလှသည့်နဂါးကြီးတစ်ကောင်ကို ရင်ဆိုင်ကာ အေးစက်စက်ပြောလိုက်၏။ “ဒီနေ့ကစပြီး မင်းတို့ရဲ့နဂါးကြောကို ဆွဲထုတ်ပြီး နဂါးနန်းတော်တစ်ခုလုံးကို ဖျက်ဆီးမယ်”

“သေစမ်း”

ထိုအချိန်မှာတော့ချင်းမင်နဂါးဘုရင်သည် ၎င်း၏သွေးကဲ့သို့နီရဲလှသော နဂါးပါးစပ်ကြီးကိုဟကာဖြင့်နဂါးအော်ရာဖြင့်ဖန်တီးထားသော အလုံးကြီးများဖြင့်ပစ်လွှတ်ကာ တိုက်ခိုက်၏။ ၎င်းအော်ရာလုံးကြီးသည်ကုန်းရှန့်၏တောက်ပြောင်လျက်ရှိနေသည့်ဦးခေါင်းဆီသို့တည့်တည့်ရောက်လာသည်။

ကုန်းစွန်းရော့လီသည် ရုတ်တရက်ဝင်ကာတားဆီးလိုက်၏။သူမသည်ဘယ်ဘက်လက်ဖြင့်တားဆီးလိုက်၏။သူမ၏ ညာဘက်လက်တစ်ခုလုံးသည်ကျောက်ရုပ်ကဲ့သို့ ဖြစ်တည်လာ၏။ သူမ၏လက်သီးတွင်စွမ်းအင်များ စုစည်းလျက်ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့်အားအင်အဆင့်ကို ထုတ်ဖော်ကာဖြင့်တစ်ဖက်မှတိုက်ခိုက်လိုက်သည့်အလင်းလုံးများကို ခပ်ကြမ်းကြမ်း ဖယ်ချလိုက်ခြင်းပင်ဖြစ်၏။ “ငါ့သားကို သေစေချင်နေတာလား။ မင်းဆီမှအဲလိုအရည်အချင်း မရှိဘူး။ သေစမ်း”

ကျွင်းချောင်ရှောင်းသည်မျက်လုံးပြူးသွား၏။ ဤအမျိုးသမီး၏ ညာဘက်လက်သည်ကျောက်ရုပ်အဖြစ်သာမက အမဲရောင်အဖြစ်သို့ပင်ပြောင်းလဲလျက်ရှိ၏။ သူမသည်ကျိန်းသေပေါက်ကျောက်ရုပ်ထုမျိုးနွယ်၏ စွမ်းအင်ကို ထုတ်ဖော်ပြသနေခြင်းပင်ဖြစ်သည်။

“ငါ့သား”

ကုန်းစွန်းရော့လီက ရှင်းပြလိုက်သည်။ “ဒါက ကျောက်ရုပ်ထု မျိုးနွယ်ကလန်ရဲ့သွေးမျိုးဆက်ရဲ့တတိယမြောက် ပုံစံပဲ။ လိုအပ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ကျောက်ရုပ်ထုအဖြစ်ပြောင်းလဲလို့ရပြီး စွမ်းအင်တွေကို တည်နေရာတစ်ခုဆီကို ပို့လွှတ်ကာ တိုက်ခိုက်နိုင်စွမ်း ရှိတယ်”

“ဪ... ဒီလိုကိုး”

ကျွင်းချောင်ရှောင်းသည်ကုန်းစွန်းဟုန့်တစ်ယောက်အဘယ်ကြောင့် ခန္ဓာကိုယ်တစ်ဝက်အထိ ကျောက်ရုပ်ထုအဖြစ်ပြောင်းလဲခဲ့သည်ဖြစ်ကြောင်းကို နားလည်သွားမိခဲ့၏။ဤအရာသည်ကျောက်ရုပ်ထု မျိုးနွယ်သွေးမျိုးဆက်၏ဒုတိယမြောက်ပုံစံပင် ဖြစ်ပေလိမ့်မည်။

“ပြီးတော့ငါတို့ကလန်ရဲ့သွေးမျိုးဆက်ဆီမှအကန့်အသတ်ဆိုတာ မရှိဘူး”

ကုန်းစွန်းရော့လီက ပြောလိုက်သည်။ “အဖေတစ်ယောက်အနေနဲ့မင်းက တစ်နေ့မှာ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့စတုတ္ထ၊ ပဉ္စမ၊ဆဋ္ဌမ စတဲ့သွေးမျိုးဆက်ပြောင်းလဲမှုတွေကို ရရှိအောင်ကျင့်ကြံနိုင်လိမ့်မယ်လို့မျှော်လင့်မိတယ်”

သူသည် ကျွင်းချောင်ရှောင်း အား ခေါင်းဆောင်ရာထူး ပေးအပ်လိုက်သည့်အချိန်တွင်အရမ်းကြီး အထင်ကြီးထားခြင်းတော့မရှိပေ။ အကြင်နာ နှလုံးသားကင်းမဲ့လှသော လူတစ်ယောက်အား ရှာဖွေချင်စိတ်သာ ရှိနေခဲ့၏။ အခု ကျောက်ရုပ်ထုမျိုးနွယ် ကလန်၏သိုင်းနည်းစနစ်များကို အချိန်တိုအတွင်း နားလည်တတ်ကျွမ်းနေသည်ကို သိရှိပြီးသည့်အချိန်မှာတော့သူမသားအတွက်သူမသည်မျှော်လင့်ချက်များနှင့် ပြည့်နှက်လာမိ၏။

.......

ကုန်းရှန့်၏ နှုတ်ခမ်းများသည်တုန်ယင်လျက်ရှိနေ၏။ သွေးမျိုးဆက်ဆိုသည်မှာ သူသည်အမှတ်မထင်နှင့်အမွေဆက်ခံရယူခဲ့ခြင်းဖြစ်၏။ ရုတ်တရက်အသက်ဝင်ခဲ့ခြင်းသည်ပင်လျှင်ကံကောင်းခြင်း ဖြစ်ပေတော့သည်။ အနာဂတ်တွင်ဒုတိယပုံစံကို နားလည်နိုင်မလား၊ နားမလည်နိုင်ဘူးလား ဆိုသည်ကတော့ပြောရခက်ခဲလှသည်။

“ငါ ကျိန်းသေပေါက်လုပ်နိုင်ရမယ်”

သူသည်ယုံကြည်ချက်မရှိလှသည်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့အကောင်းဆုံးကြိုးစားမည်ဟု ဆုံးဖြတ်လိုက်မိ၏။

ဟူး ဟူး

ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် ငြိမ်ငြိမ်သက်သက်မနေကြချေ။ ၎င်းတို့၏ကျောက်ရုပ်ထုမျိုးနွယ် ကလန်သွေးမျိုးဆက်ကို အသက်သွင်းလိုက်ကြသည်။သူတို့သည်ခေါင်းဆောင်ဟောင်း၏ အဆင့်ကို ရောက်ရှိထားခြင်း မရှိသော်လည်း ဒုတိယပုံစံကိုတော့အသက်သွင်းနိုင်ခဲ့သေးသည်။ ၎င်းတို့သည်လူသားတစ်ပိုင်း၊ ကျောက်ရုပ်ထု မျိုးနွယ်တစ်ပိုင်း ဖြစ်တည်နေသည်။

ကျွင်းချောင်ရှောင်း၏ သွေးများသည်လည်း ဆူဝေလာခဲ့သည်။သူ၏ အေးစက်သည့်မျက်နှာပြင်တစ်ခုလုံးသည်ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏အမဲရောင်လူသားအဖြစ်သို့တဖြည်းဖြည်း ပြောင်းလဲသွား၏။

ဝှက်ဖဲ - နောက်ထပ်ဝှက်ဖဲတစ်ခုကို ထုတ်ဖော်အသုံးပြုလိုက်သည်။

“လာခဲ့စမ်း”

ကျွင်းချောင်ရှောင်းသည် ၎င်း၏လက်ထဲတွင်ရှိနေသော သေမင်းတံစဉ်ကြီးကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “တိုက်ခိုက်ကြမယ်”

ကောင်းကင်ယံထက်တွင်အဝေးဆီမှနဂါးသားရဲများသည်နဂါးနန်းတော်ရှိရာဆီသို့တဖြည်းဖြည်း လှမ်းလာခဲ့ ကြ၏။အဓိကကလန်ဟောခန်းကြီး၏ အမိုးပေါ်မှာတော့ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်၏အထက်ပိုင်း အကြီးအကဲများသည် ၎င်းတို့၏သွေးမျိုးဆက်များကို အသက်သွင်းကာဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်လျက်ရှိနေကြသည်။

“သတ်ကြ။သတ်ကြ”

နဂါးအင်ပါယာ၏ ခန္ဓာကိုယ်ကို အမွေဆက်ခံပြီးသည့်နောက်နဂါးသားရဲအားလုံးတို့သည်နန်းတော်၏အပြင်ဘက်ဆီမှတဖြည်းဖြည်းနှင့် လှမ်းလာခဲ့ကြ၏။ဤတည်နေရာကြီးတစ်ခုလုံးသည် ရုတ်တရက်နဂါးသားရဲများနှင့် ပြည့်နှက်လာခဲ့၏။

“အားလုံး... သေစမ်း”

ကျွင်းချောင်ရှောင်းသည်သူ၏တံစဉ်ကြီးကို ဝှေ့ယမ်းပြီးသည့်နောက်တံစဉ်ကြီးသည်ကောင်းကင်ယံတွင် ဖြတ်သန်းသွား၏။ တည်နေရာစွမ်းအင်များသည်တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိပြီး ရှေ့ဆီသို့လှမ်းတက်လာခဲ့ကြသော နဂါးမျိုးနွယ် သိုင်းကျင့်ကြံသူများမှာ ထက်ပိုင်းပြတ်ကုန်သည်။

မြေပြင်ပေါ်တွင်သွေးများ၊ နဂါးသားရဲများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ပြန့်ကျဲလျက်ရှိနေ၏။ အုံလိုက်ကျင်းလိုက်သတ်ဖြတ်မှုသည်တရားဝင်စတင်ခဲ့၏။

.............

အရှေ့ပင်လယ်၏အတွင်းဆုံးတည်နေရာမှာတော့ခရမ်းရောင်ဘုရင်သည်အလွန်လေးနက်သည့်အမူအရာဖြင့်မတ်မတ်ရပ်လျက်ရှိ၏။ ပြိုင်စံရှားဂိုဏ်းမှတဆင့်သူသည်အလွန်လျင်မြန်စွာဖြင့်လာခဲ့သည်ဖြစ်သောကြောင့်နဂါး နှစ်ကောင်သည်သူ၏အမြန်နှုန်းကို မည်သို့မှမလိုက်နိုင်ခဲ့ချေ။ထို့ကြောင့်ပါးစပ်မှအမြှုပ်များထွက်ကာ သတိလစ်မေ့မျောနေခဲ့၏။သူတို့အနေနှင့် သူတို့ဘာသာ ဝင်ပေါက်ကို ရှာဖွေမှသာလျှင် ဖြစ်ပေလိမ့်မည်။

“ဟောခန်းသခင်ကျိ”

ကျန့်ရာသည်အားပျော့စွာဖြင့်ပြောလိုက်၏။ “ခင်ဗျားကကော ယုံရရဲ့လား”

ယုစီနန်သည်တစ်လျှောက်လုံး လမ်းမှားလာခဲ့၏။ ပြိုင်စံရှားဂိုဏ်းမှအထက်ပိုင်းအကြီးအကဲများသည်စိတ်စနိုး စနှောက် ဖြစ်နေကြ၏။ ထို့အပြင်ဂိုဏ်းထဲတွင်ပုံမှန်ဟု ပြော၍ရသူမှာ လီချင်းယန်တစ်ယောက်တည်းသာ ရှိနေသည်မဟုတ်ပါလား။

ထို့အပြင်ခရမ်းရောင်ဘုရင်ကို သူတို့လုံးဝမယုံကြည်ချေ။အဘယ်ကြောင့်ဆိုသော်ယခုလည်း ဝင်ပေါက်ကို ရှာဖွေနေခြင်းသာဖြစ်၏။သို့ပေမဲ့အဘယ်ကြောင့်ဟောခန်းသခင်ကျိသည်အင်္ကျိကိုဆွဲချွတ်နေရပြန်သနည်း။

“သေသေချာချာ နားထောင်”

ခရမ်းရောင်ဘုရင်သည်သူ၏အဝတ်အစားများကို သိုလှောင်လက်စွပ်ထဲသို့သိမ်းဆည်းပြီးသည့်နောက်အနီရောင်အတွင်းခံလေးသာ ကျန်ရှိတော့သည်။သူသည်အလွန်လေးနက်သည့်အသွင်အပြင်မျိုးဖြင့်ပြောလိုက်သည်။ “ဒီဟောခန်းသခင်က နဂါးနယ်မြေထဲကိုဝင်ပြီး နဂါးဥကို ခိုးခဲ့တဲ့ကောင်ပါကွ။ဒီအရာနဲ့ပတ်သက်ပြီး ဘယ်သူမှ ကျုပ်ကို မေးခွန်းထုတ်လို့မရဘူး”

ဝှစ်ဝှစ်

ပြောပြီးသည့်နောက်သူသည်ခွန်သားရဲကြီးအဖြစ်သို့ပြောင်းလဲသွား၏။ ရုတ်တရက်လေထုထဲတွင်စွမ်းအင်လှိုင်း များ ဖြစ်တည်လာ၏။

“သောက်ကျိုးနည်း” အားလုံးက ဆွံ့အသွားသည်။

တည်နေရာစွမ်းအင်ကို ပိုင်ဆိုင်သော ပိုးကောင်နှစ်ကောင်တို့သည်သာ ဤနေရာတွင်ရှိသည်ဆိုပါက ခရမ်းရောင်ဘုရင်ကို ကျိန်းသေပေါက်ကိုးကွယ် ကြပေလိမ့်မည်။

ခလွပ်ခလွပ်

တည်နေရာကြီးသည် ရုတ်တရက်အက်ကွဲကာ ကျယ်ပြန့်လာခဲ့၏။သတ်မှတ်ထားသည့်အခြေအနေတစ်ခုဆီသို့ရောက်ရှိသွားသည့်အချိန်တွင်ခရမ်းရောင်ဘုရင်က ထကာ အော်ဟစ်လိုက်၏။ “မြန်မြန်လေဟာနယ်ထဲကို ဝင်လေ”

ဝှစ်ဝှစ်

အားကောင်းလွန်းလှသော ခွန်သားရဲ၏ စွမ်းအင်များသည်တည်နေရာတစ်ခုလုံးကို ပျံ့နှံ့နေ၏။ ထိုစွမ်းအင်များ သည်တင်းရှင်းဝမ်နှင့်တခြားသောသူများကို လွှမ်းခြုံခဲ့သည့်အပြင်စက်ရုပ်ပေါင်းသုံးထောင်ကျော်နှင့်နတ်ဆိုး စစ်သည် နှစ်သိန်းကျော်တို့ကို လွှမ်းခြုံခဲ့၏။အားလုံးသောသူများသည်နဂါးနယ်မြေထဲသို့ဝင်ရန် ပြင်ဆင်လိုက် ကြ၏။

“အားလုံးပဲ နားထောင်။အထဲကို ရောက်ပြီဆိုတာနဲ့နဂါးမြို့ထဲကို တန်းရောက်သွားလိမ့်မယ်။တစ်စုံတစ်ယောက် က ကျုပ်တို့ကို တွေ့ပြီဆိုတာနဲ့သေခြင်းရှင်ခြင်းက ကိုယ့်ရဲ့ကံတရားပေါ်မှာပဲ မူတည်သွားပြီ”

ခရမ်းရောင်ဘုရင်သည်အရာအားလုံးကို ကြိုတင်ကာ တွက်ချက်ပြီးသွားပြီဖြစ်၏။သူ့အနေနှင့် အကောင်းဆုံး အစွမ်းပြရန်လည်း စဉ်းစားထားခဲ့ပြီးသားဖြစ်သည်။မွန်းစတားဘုရင်ကို လာရောက်ကာ အထင်သေးနေ၍ မရချေ။

All Chapters