အခန်း ၁၅၈၈
Vol. 107 Ch. 1588
အပိုင်း (၁၅၈၈)
ဘုန်း ဘုန်း
နဂါးဖြူနန်းတော်၏ အတွင်းဖက်မှာတော့ များပြားလှသည့် စွမ်းအင်လှိုင်းများသည် ဖြစ်ပေါ်နေ၏။ အဆောက်အဦးများသည် အစီအရင်များဖြင့် ကာကွယ်ထားသည် ဆိုလျှင်တောင်မှ တုန်ခါလျက်ရှိနေ၏။
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ အထက်ပိုင်းအကြီးအကဲများသည် ၎င်းတို့၏သွေးမျိုးဆက်ကို အသက်သွင်းပြီးနောက် မူလအသွင်ကို ပြောင်းလဲထားသော နဂါးကလန်မှ အထက်ပိုင်း အကြီးအကဲများ နှင့် တိုက်ခိုက်လျက် ရှိနေကြ၏။ ဤတိုက်ပွဲသည် အလွန်ပင် ကြမ်းတမ်းလွန်းလှသည်။
အင်မော်တယ်အဆင့်ဂိုဏ်းများသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သိန်းခန့်က နတ်ဆိုးနယ်မြေကို ဝင်ရောက် တိုက်ခိုက်ခဲ့သည် နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်၏။ ဟုတ်ပေသည်။ နဂါးမြို့ထဲတွင် တည်ရှိနေသောကြောင့် ဤတိုက်ပွဲအဝေုန်း …
ဝေါင်း ဝေါင်း
ကောင်းကင်အထက်မှာတော့ နဂါး၏ အော်ရာများသည် ဖြစ်တည်လျက် ရှိနေပြီး နဂါးစွမ်းအင်များဖြင့် ဖြစ်တည်လာခဲ့သော အမြောက်ဆံကဲ့သို့ အလုံးများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေ၏။
၎င်း၏ အစစ်အမှန်ပုံစံကို ပြောင်းလဲထားခဲ့သော ချင်းမိန်နဂါးဘုရင်သည် ပို၍ ဒေါသထွက်လာခဲ့၏။ သို့ပေမဲ့ သူသည် ကုန်းစွန်းရော့လီကို ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ချေ။ ဤအမျိုးသမီးသည် နတ်ဘုရားအဆင့်ကို ခြေလှမ်းတစ်ဝက် ရောက်ရှိထားသူဖြစ်ကြောင်း ပိုမိုသေချာသွားခဲ့သည်။
ကောင်းကင်ထက်တွင်တော့ ကလန်နှစ်ခုမှ အကြီးအကဲများသည် သေမတတ် တိုက်ခိုက်နေ၏။
အောက်ဖက်တွင်လည်း သွေးညီနံ့များ ထွက်နေ၏။ ကျွင်းချောင်ရှောင်းသည် သူ၏ သေမင်းတံစဉ်ကြီးကို ကိုင်ကာဖြင့် သားရဲများကို ခုတ်ပိုင်းလျက် ရှိနေသည်။
ခြေပြတ်လက်ပြတ်များ၊ နဂါးကြေးခွံများနှင့် နဂါးနှုတ်ခမ်းမွေးများသည် မြေပြင်တစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိနေ၏။ မြင်ကွင်းတစ်ခုလုံးသည် သားသတ်ရုံထဲသို့ ရောက်ရှိသွားသလိုပင်။
အားအင်အဆင့်အရဆိုလျှင် သူသည် နဂါးဘုရင်နှင့် နဂါးကလန်မှ အထက်ပိုင်းအကြီးအကဲများကို ဘာတစ်ခုမှ မလုပ်နိုင်ချေ။ သို့ပေမဲ့ သူ့တွင် စည်းဓားမော့ကဲ့သို့ ဝှက်ဖဲတည်ရှိနေသောကြောင့် နန်းတော်တွင်ရှိနေသော နဂါးမျိုးနွယ်များကို ရင်ဆိုင်ရန်အတွက်တော့ ပြဿနာမဟုတ်ချေ။
ဤကြမ်းတမ်းလှသော တိုက်ပွဲထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ဆက်တိုက်ဆိုသလို သတ်ဖြတ်နေ၏။ ဤတစ်ကြိမ်မှာတော့ နဂါးလေး၏ အသက်သည် ဘာမှန်း မသေချာလှချေ။ ထို့ကြောင့် သူသည် ရူးသွပ်သွားသော လူတစ်ယောက်ကဲ့သို့ပင် တိုက်ခိုက်လျက် ရှိနေ၏။
"လက်ခံသူကို သတိပေးဖို့ လိုအပ်နေသေးတယ်"
စနစ်က ပြောလိုက်၏။ "အနည်းဆုံး နဂါးမြို့ရဲ့ အပြင်ဖက်မှာ နဂါးကျင့်ကြံသူ တစ်သိန်းကျော်လောက် ရှိနေသေးတယ်။ ဒီတော့ အားလုံးကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။"
"ငါဂရုမစိုက်ဘူး"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် နီရဲနေသည်။ "ဘယ်သူလာလာ ငါကတော့ သတ်မှာပဲ"
စနစ်သည် ဆွံ့အသွားခဲ့၏။ သူ ဆိုလိုသည်မှာ စည်းဓားမော့ကြီးသည် အချိန်အတိုင်းတာတစ်ခု တည်ရှိနေသည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။ ထိုအရာမကုန်ခင် အားလုံးကို ရင်ဆိုင်နိုင်မှ ဖြစ်ပေလိမ့်မည်။
ဝန်ကြီးသုံးပါးနှင့် မှုးမတ်ကိုးပါးအပြင် ကျောက်ရုပ်ထုမျိုးနွယ်မှ လက်ရွေးစင် တစ်ရာကျော်တို့သည် အလွန်အားကောင်းလှသော်လည်း ရန်သူ၏ ဌာနေအတွင်းတွင် ရောက်ရှိနေခြင်းဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော တိုက်ပွဲကို ဆက်လက်ကာ တိုက်ခိုက်ပါက မောပန်း၍ သေဆုံးသွားပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည်လည်း ထိုအကြောင်းကို ကောင်းကောင်းသိ၏။ ထို့ကြောင့် စိတ်ထဲတွင် မသက်မသာ ခံစားနေရ၏။
ဤကဲ့သို့ ဖြစ်မည်မှန်းသိပါက ပြိုင်စံရှားဂိုဏ်းနှင့် နတ်ဆိုးစစ်သည် တစ်သန်းကျော်ကို တစ်ခါတည်း ခေါ်ဆောင်လာပေလိမ့်မည်။
ဟူး ဟူး
ထိုအချိန်မှာတော့ နဂါးကလန်မှ ကျင့်ကြံသူများသည် ပိုမိုကာ ရောက်ရှိလာခဲ့ကြ၏။ ကျွင်းချောင်ရှောင်း အနေဖြင့် တွေးနေရန် အချိန်မရှိတော့ချေ။ သူ၏လက်ထဲတွင် ရှိနေသော သေမင်းတံစဉ်ကြီးကို ဝေ့ရမ်းကာဖြင့် တည်နေရာစွမ်းအင်ကို ထုတ်ဖော်ကာ ဝင်ရောက်လာသော နဂါးသားရဲများကို ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်တော့၏။
နဂါးများသည် အားကောင်းလှသောကြောင့် ကုန်းရှန့်သည် အချိန်တိုအတွင်း အနိုင်ယူနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။သို့ပေမဲ့ ၎င်းတို့သည် မကြောက်လန့်တတ်သည့် စိတ်ထားကို ပိုင်ဆိုင်သောကြောင့် မီးထဲသို့ တိုးဝင်လာကြသည်။
၎င်းတို့အားလုံးသည် နဂါးအင်ပါယာ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေသောကြောင့် စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့၏။ ထိုအရာမှာ ကျောက်ရုပ်ထုမျိုးနွယ်မှ ကျင့်ကြံသူများကို သတ်ဖြတ်ရန်ပင်။
"သေစမ်း သေစမ်း"
တံစဉ်ကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သွေးများဖုံးလွှမ်းနေ၏။ တစ်ဖက်သားရဲများသည် ထိန်းချုပ်ခံထားရသည်ဖြစ်စေ၊ မခံထားရသည်ဖြစ်စေ ကျွင်းချောင်ရှောင်းသည် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူ့ဆီသို့ ဝင်ရောက်တိုက်ခိုက်သူများကို သတ်ဖြတ်ပစ်လိမ့်မည်။
ဤကဲ့သို့သော အရေးကြောင်းကိစ္စများတွင် သနားကြင်နာခြင်း၊ စာနာထောက်ထားခြင်းတို့ကို လုံးဝဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ နဂါးမျိုးနွယ်မှ ကျင့်ကြံသူများသည် တစ်ကောင်ပြီးတစ်ကောင် ရောက်ရှိလာသည်ကို မြင်ရသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆက်တိုက်သတ်ဖြတ်ရင်း မူးနောက်နောက်ပင် ခံစားလာမိ၏။
ဤအရာသည် နဂါးမြို့ပင်ဖြစ်၏။ နဂါးဘုရင်၏ အာဏာသက်ရောက်သော စွမ်းအင်များသည် ဆက်လက်ကာ ဖြစ်တည်နေပါက စိတ်နှင့်ကိုယ် လွတ်လျက်ရှိသော နဂါးများသည် ထပ်မံကာ ရောက်ရှိပါပေဦးမည်။ ထိုသို့ဆိုလျှင် လက်ပန်းကျသည်အထိ တိုက်ခိုက်ရပေလိမ့်မည်။
ချင်းမင်နဂါးဘုရင်သည် အားကောင်းလှသော စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာ ပြောလိုက်၏။ “မင်းတို့သေရမယ်။”
လက်ရှိအချိန်မှာတော့ သူသည် ကျောက်ရုပ်ထုမျိုးနွယ်ကို တစ်ခါတည်း မသတ်ဖြတ်နိုင်ခဲ့ချေ။ သို့ပေမဲ့ သူသည် ကျွင်းချောင်ရှောင်းကိုတော့ လွတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင် နဂါးအာဏာစက်ကို အသုံးပြုကာ သူ၏နဂါးအဖွဲ့သားများကို တိုက်ခိုက်ခိုင်းနေခြင်းပင် ဖြစ်သည်။
"ခင်ဗျားရဲ့ ကလန်သားလေးတွေအသက်ကို ဂရုမစိုက်တော့ဘူးလား။ ခင်ဗျားဆီမှာ နဂါးအင်ပါယာချီ ရှိနေရင်တောင်မှ နဂါးအင်ပါယာဖြစ်ဖို့အတွက် မထိုက်တန်ဘူး"
"ငါ့ဘာသာ နဂါးအင်ပါယာနဲ့ ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ မင်းလိုအပြင်လူတစ်ယောက်က လာပြီးစွက်ဖက်လို့ရတဲ့ အရာမဟုတ်ဘူး"
ချင်းမင်နဂါးဘုရင်သည် သူ၏ပါးစပ်ကြီးကို ဟကာဖြင့် နဂါးစွမ်းအင်လုံးများဖြင့် ပစ်လွှတ်လိုက်ပြန်၏။ တစ်ချို့တစ်ဝက်မှာတော့ ကုန်းစွန်းရော့လီကို ပစ်မှတ်ထားပြီး တစ်ချို့မှာတော့ ကျွင်းချောင်ရှောင်းကို ပစ်မှတ်ထား၏။
သူသည် ဤနဂါးပုလ္လင်ကို ဆက်ခံရန်အတွက် နှစ်ပေါင်းသောင်းချီ ကြံရွယ်ခဲ့၏။ ယနေ့တွင်တော့ တက်လှမ်းနိုင်တော့မည် ဖြစ်၏။ သို့ပေမဲ့ သူ့အား နောက်ယှက်မည့်သူများ ပေါ်ပေါက်လာ၏။ ထိုသူများသည် ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။
အာဏာ …… ထိုအာဏာဆိုသော ထိုင်ခုံကို ရရှိရန်အတွက် ချင်းမင်နဂါးဘုရင်သည် ကျိန်းသေပါက် ရူးသွပ်သွားသူ တစ်ယောက်ကဲ့သို့ ဖြစ်လို့နေခဲ့၏။
ဘုန်း ဘုန်း …။
ကုန်းစွန်းရော့လီသည် သူမ ဆီရောက်ရှိလာသည့် စွမ်းအင်လုံးများကို တားဆီးပြီး အေးစက်စက် ပြောလိုက်သည်။ "နဂါးအင်ပါယာရဲ့ ခန္ဓာကိုယ်ကို ခိုးယူထားတယ်ဆိုတာ အကျုံးမဝင်ဘူးလေ။ ဒီတော့ နဂါးပုလ္လင်ပေါ်မှာထိုင်လည်း အလကားပဲ"
သူမသည် အဓိကအချက်တစ်ချက်ကို မသိရှိချေ။သို့ပေမဲ့ တစ်ခု၊ နှစ်ခုလောက် သိပြီးသည့် နောက်မှာတော့ နားလည်နိုင်ခဲ့ပြီ ဖြစ်၏။ နဂါးကလန်၏ ပြုမူဆက်ဆံပုံနှင့် အထက်ပိုင်းအကြီးအကဲ၏ အေးစက်စက်ပုံစံကို ကြည့်ရှုရလျှင် ဤချင်းမင်နဂါးဘုရင်သည် နဂါးအင်ပါယာ၏ ခန္ဓာကိုယ်ကို ခိုးယူခဲ့ရုံသာမက နဂါးကလန်၏ အထက်ပိုင်းအကြီးအကဲများကိုပါ ထိန်းချုပ်ထားခဲ့ကြောင်း သိလိုက်ရ၏။
ကုန်းစွန်းရော့လီ၏ ခန့်မှန်းချက်သည် အဘယ့်ကြောင့် မှန်ကန်သည်ကို ဆုံးဖြတ်ရလျှင် ဤလူသည် နဂါးအင်ပါယာအဖြစ် ဆက်ခံသည့်နေရာတွင် အဘယ့်ကြောင့် ကျန်သည့်နဂါးမင်းကြီးသုံးပါးက မရောက်လာသနည်း။
ဖြစ်နိုင်သည်မှာ နှစ်ခုသာရှိ၏။
၎င်းတို့သည် ချင်းမင်နဂါးဘုရင်၏ ထိန်းချုပ်ခြင်းကို ခံထားရသည်လား ဒါမှမဟုတ် သတ်ဖြတ်ခံလိုက်ရသည်လား။
ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာကိုတွေးမိ၏။ ၎င်း၏ သေဖော်ရှင်ဖက် နဂါးမင်းကြီးသုံးပါး၏ အသက်ကိုပင် ဂရုမစိုက်တတ်သည့်သူဖြစ်သောကြောင့် နဂါးလေးအား အဘယ့်ကြောင့် ဂရုစိုက်မည်နည်း။
သူ၏ပဋိညာဉ်သားရဲသည် ကံမကောင်းသည့် အခြေအနေသို့ ရောက်ရှိသွားကြောင်းကို သူကနားလည်နေ၏။ နဂါးကလန်တစ်ခုလုံးသည် မြေထဲသို့ မြုပ်နှံ့ခံရမည် ဖြစ်၏။
တောဝက်ရိုင်းလေးသည် သူ၏ပထမဆုံး ပဋိညာဉ်သားရဲ ဖြစ်၏။ သို့ပေမဲ့ သူ၏နှလုံးသားထဲတွင် ရှိနေသော ခံစားချက်အရဆိုလျှင် နဂါးလေးသည် ပိုမို၍ ချစ်ခင်ရသည့် အခြေအနေမျိုးတွင် တည်ရှိနေ၏။ ထို့အပြင် စကားလုံးများဖြင့် ပထမဆုံးစတင်ကာ ပြောဆိုဆက်ဆံဖူးသည့် ပဋိညာဉ်သားရဲ ဖြစ်နေသည် မဟုတ်ပါလား။ သခင်နှင့် ကျေးကျွန်ဆိုသော်လည်း ညီအစ်ကိုရင်းများကဲ့သို့ပင်။
"သေစမ်း"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် သတ်ဖြတ်လိုခြင်းဆန္ဒကြောင့် နီရဲလျက် ရှိနေ၏။ သူသည် သေမင်းတံစဉ်ကြီးကို ဝေ့ရမ်းလိုက်၏။ ဓားမော့ အော်ရာများသည် ရူးရူးမူးမူး ဖြစ်တည်ပြီးသည့်နောက် နဂါးကလန်မှ သိုင်းကျင့်ကြံသူများ၏။ အသက်ကို ဇဝိန်ချွေလျက် ရှိနေ၏။ ဆိုးရွားသည်မှာ အချိန်တွေ ကုန်လာသည်နှင့်အမျှ နဂါးကလန်မှလူများသည် တစ်ဦးပြီးတစ်ဦး ထပ်တိုးလာ၏။
(ဓားမော့သည် ငှက်ကြီးတောင်လို ဓားမျိုးဖြစ်ပြီး တံစဉ်သည်လည်း ထိုကဲ့သို့ပင် တူညီသည်။ ထို့ကြောင့် တံစဉ်ဝေ့ယမ်းချိန်တွင် ဓားမော့အော်ရာများ ဖြစ်တည်နေခြင်းပင်)
စနစ်က ပြောလိုက်၏။ "စည်းဓားမော့ကြီးရဲ့ အကျိုးသက်ရောက်မှုက မိနစ်နှစ်ဆယ်ပဲ ကျန်တော့တယ်။ အားလုံးကို မသတ်နိုင်ရင် ဒီကနေ မြန်မြန်ထွက်သွားမှ ဖြစ်မယ်။ "
"ငါသွားရမယ် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် ဒေါသတစ်ကြီး အော်ဟစ်လိုက်သည်။ "ငါသွားရင် နဂါးလေးအတွက် ဘယ်သူက လက်စားချေမှာလဲ"
"……." စနစ်သည် ဆွံ့အသွားမိ၏။
"မင်းအနေနဲ့ မင်းရဲ့ခန္ဓာကိုယ်ကို ကျောက်ရုပ်ထုအသွင် ပြောင်းလဲနိုင်တယ်ဆိုတာ ငါသိတယ်။ ပြီးတော့ မင်းရဲ့ အားအင်အဆင့်က ခန့်မှန်းလို့မရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားနိုင်တာလဲ ငါသိတယ်။ ဒီတော့ ငါမတိုက်ခိုက်နိုင်ဘူးဆိုရင် ထွက်လာပြီးတော့ နဂါးမျိုးနွယ်တစ်ခုလုံးကို ဖျက်စီးပေးလေ။ အရမ်းနာကျင်ရတဲ့ ပေးဆပ်မှုဆိုရင်တောင် ငါဂရုမစိုက်ဘူး" ကျွင်းချောင်ရှောင်းသည် စိတ်ဆုံးဖြတ်ပြီးစွာဖြင့် ပြောလိုက်သည်။
"..."
စနစ်သည် ပြောလိုက်၏။ "ပဋိညာဉ်သားရဲတစ်ကောင်အတွက် ဒါက ထိုက်တန်ရဲ့လား"
အတိတ်ကိုပြန်စဉ်းစားကြည့်ရလျှင် ကျွင်းချောင်ရှောင်းသည် များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာဖြင့် အကောင်ပေါက်အောင် ကြိုးစားခဲ့ရ၏။ ပြီးနောက် သူ၏မျက်လုံးဖြင့် အကောင်ပေါက်လာသည်ကို ကြည့်ရှုခဲ့ရ၏။ ပထမဆုံး သက်ဝင်လှုပ်ရှားသည့် ပုံစံကိုလည်း မြင်ခဲ့ရ၏။ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာ၏။ "ဒါက ထိုက်တန်ပါတယ်"
"လူသားတွေရဲ့ ခံစားချက်ကို နားလည်နိုင်ဖို့ ငါ့အတွက် အရမ်းခက်ခဲတာပဲ။ ဒါပေမဲ့ …"
စနစ်က ခဏရပ်တန့်လိုက်၏။ ပြီးနောက် ဆက်ပြောလိုက်သည်။ "မင်း ဒီလောက်ဖြစ်နေပြီဆိုမှာတော့ ငါကကူညီ …."
ဒွီ
ရုတ်တရက် ကောင်းကင်ယံတွင် တည်နေရာလှိုင်းများ ဖြစ်တည်လာ၏။
ဆွစ်
ထိုအချိန်တွင် တူညီသည့် ဝတ်စုံကို ဝတ်ဆင်ထားသည် သိုင်းကျင့်ကြံသူ တစ်ရာကျော်တို့သည် လေထုထဲတွင် ပေါ်ပေါက်လာ၏။ ၎င်းတို့၏ နောက်တွင်တော့ အမဲရောင်တောင်ပနေသည့် စက်ရုပ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ ထိုစက်ရုပ်များ၏ နောက်တွင်တော့ ကောင်းမွန်လှသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားသည့် လူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာတော့၏။ ထိုအရာများကို လွှမ်းခြုံထားသူမှာတော့ ကြီးမားလှသည့် ခွန်သားရဲကြီးပင် ဖြစ်နေသည်။
ဟမ်
ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့် ကလန်နှစ်ခုမှ စစ်သည်တော်များသည် ဆွံ့အသွားခဲ့ကြ၏။ ရုတ်တရက် မဖိတ်ခေါ်ထားသော ဧည့်သည်များ ရောက်ရှိလာခဲ့၏။
အားလုံးသောသူများသည် နဝေတိမ်တောင်နှင့် ဖြစ်မိနေ၏။ အားလုံးကို နဂါးကလန်ထဲသို့ ခေါ်ဆောင်လာသော ခရမ်းရောင်ဘုရင်သည် အောက်တွင်ရှိနေသည့် နဂါးကလန်မှ စစ်သည်များကို မြင်လိုက်ရသည့် အချိန်မှာတော့ ချက်ချင်းပဲ ဆွံ့အသွားခဲ့၏။ သူ၏နှုတ်ခမ်းထောင့်သည် တုန်ယင်လျက် ရှိနေသည်။ "ဒီမှာရှိနေတဲ့ တည်နေရာလှုပ်ရှားမှုက အရမ်းကို ကြီးသွားတာပဲ။ ဒါကြောင့် အကုန်သိကုန်တာနဲ့ တူတယ်"
"ဂိုဏ်းချုပ်" ရောင်မုန့်ယဉ်က ထအော်လိုက်၏။
"ချီးတဲ့မှ … ဘယ်ကဂိုဏ်းချုပ်တုန်း"
ဟောခန်းသခင်ကျိက အော်ဟစ်လိုက်သည်။ "မြန်မြန်ပြေးကြရအောင်"
သူထွက်ပြေးရန် ပြင်ဆင်နေသည့် အချိန်မှာပဲ အောက်ဖက်မှ ရင်းနှီးသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ "ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
ဟမ်
ခရမ်းရောင်ဘုရင်သည် ကြောင်အသွား၏။ အောက်သို့ ငုံ့ကြည့်လိုက်သည့် အချိန်မှာတော့ များပြားလှသော နဂါးကလန်မှ သူများဝိုင်းနေသည့် ဂိုဏ်းချုပ်ကို မြင်လိုက်ရ၏။ သူသည် ချက်ချင်းပဲ တည်နေရာတွင် ကြက်သေသေ သွားမိသည်။
"ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ ဂိုဏ်းချုပ်"
လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသူများသည်လည်း ချက်ချင်းပဲ သတိပြုမိလိုက်ကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာ၏။
"ဂိုဏ်းချုပ်"
အပျော်ဆုံးသူမှာ အမဲရောင်နတ်ဆိုးပင် ဖြစ်၏။ သူသည် အလောတကြီးဖြင့် ပြောလိုက်၏။
"နဂါးကလန်ရဲ့ ချင်းမင်နတ်ဆိုးဘုရင်က နဂါးလေးရဲ့ နဂါးအင်ပါယာခန္ဓာကိုယ်ကို ခိုးယူထားတယ်။ ပြီးတော့ သံနဲ့ရိုက်ပြီး တိုင်ပေါ်မှာ ချိတ်ထားတယ်တဲ့။ အဲတာကြောင့် ကျုပ်တို့ လာခဲ့တာပဲ"
အရာအားလုံးသည် ချက်ချင်းပဲ တိတ်ဆိတ်သွားခဲ့၏။ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် ပျက်စီးနေသော သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်သို့ ခုန်ဆင်းလိုက်၏။ သူသည် ခေါင်းကို ငုံ့ထားသည်။
"င့ါသား" ကုန်းစွန်းရော့လီသည် ကြောင်အသွား၏။
ဆွစ်
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့လိုက်၏။ တစ်ဖြည်းဖြည်းနှင့် ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးစက်သည် အသက်ဝင်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မဲနက်သွားခဲ့၏။ တောက်ပလှသည့် မီးတောက်များသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ သူ၏မျက်နှာသည် တင်းမာခက်ထန်လျက် ရှိနေ၏။ နဖူးမှ သွေးကြောများပင် ထောင်ထနေ၏။ သူသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "နဂါးမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးလိုက်တော့