အခန်း ၁၅၈၉
Vol. 107 Ch. 1589
အပိုင်း (၁၅၈၉)
ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများ နဂါးမြို့ဆီသို့အလျင်စလိုနှင့် ပြေးလာရသည့်အကြောင်းအရင်း မှာ နဂါးကလန်မှခေါ်ဆောင်သွားခဲ့သော နဂါးလေးသည်နဂါးအင်ပါယာခန္ဓာကိုယ်ကို ထုတ်ယူခံထားရသည်သာမက နဂါးတိုင်တွင်သံနှင့်ရိုက်နှက်ခြင်းခံထားရသည်ဆိုသောကြောင့်ပင်။
ဂိုဏ်းချုပ်၏ပဋိညာဉ်သားရဲသည် ကြီးမားသည့် အန္တရာယ်ထဲသို့သက်ရောက်လျက်ရှိ၏။ ဂိုဏ်း၏ အဖွဲ့ဝင်များအနေနှင့် ကယ်ဆယ်ရန်တာဝန်ကျရောက်လာခဲ့၏။တိတိကျကျပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၏ အမူအကျင့်ကို သူတို့က သိရှိလို့နေခဲ့၏။
ထိုအချင်းအရာကို သိရှိသည်ဆိုသည်နှင့်ဂိုဏ်းချုပ်သည်နဂါးမြို့ဆီသို့ကျိန်းသေပေါက်အပြေးအလွှားသွားမှာ သေချာ၏။ ဤကဲ့သို့သော သူမျိုးသည်သာလျှင်ဤကဲ့သို့သော သူမျိုးကို ဦးစီးထိန်းချုပ်နိုင်ခြင်းပင်ဖြစ်သည်။ဂိုဏ်းချုပ်သည်ဂိုဏ်းထဲတွင်မရှိချေ။ထို့ကြောင့်ဆက်သွယ်၍လည်း မရနိုင်ပေ။ အချိန်အနည်းငယ်ညှိနှိုင်းဆွေးနွေးပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများသည်ချက်ချင်းပဲ ရွှေ့လျားပြုမူဆောင်ရွက်ကြတော့၏။ ဖြစ်စဉ်သည်အနည်းငယ်ရှုပ်ထွေးလှသည်ဆိုသော်လည်း ၎င်းတို့သည် ၎င်းတို့၏ရည်ရွယ်ချက်ကို ပြောင်းလဲလိမ့်မည်မဟုတ်ချေ။
သို့ပေမဲ့နဂါးမြို့ဆီသို့ရောက်ရှိလာသည့်အချိန်မှာတော့ ၎င်းတို့သည်အမှန်ပင်နောင်တရမိ၏။ လူပေါင်းနှစ်သိန်းကို ခေါ်ဆောင်လာခဲ့သည်ဆိုခြင်းမှာ အနည်းငယ်လွဲမှားလို့နေခဲ့၏။လက်ရှိအခြေအနေတွင်သန်းချီသော စစ်သည်ကြီးကို ခေါ်ဆောင်လာမှသာလျှင်အနိုင်ရရှိနိုင်စွမ်းရှိပေမည်။
ကျွင်းချောင်ရှောင်းဆီကို ပြန်လည်ကြည့်ရှုမည်ဆိုလျှင်နဂါးလေးသည် အန္တရာယ်အတွင်းသို့ကျရောက်လျက်ရှိနေ သည်ကို သူအစောကြီးကတည်းက ခန့်မှန်းပြီးသားဖြစ်၏။အမဲရောင်နတ်ဆိုးပြောသည်ကို နားထောင်လိုက်သည့်အချိန်မှာတော့သူ၏ ခံစားချက်များကို မည်သို့မျှမထိန်းချုပ်နိုင်ခဲ့တော့ချေ။
သူ၏ပဋိညာဉ်သားရဲသည်နဂါးအင်ပါယာခန္ဓာကိုယ်ပျောက်ကွယ်သွားခဲ့သည်ဆိုလျှင်တောင်မှ သူ၏ ပဋိညာဉ်သားရဲ လုံခြုံနေသေးလျှင်ကိစ္စမရှိချေ။သို့ပေမဲ့နဂါးလေးသည်နဂါးတိုင်တွင်သံနှင့်ချိတ်ကာ ရိုက်ဆွဲခြင်း ကို ခံထားရသည်။နာကျင်လှပေ၏။ ဤအရာမှာ အသဲခိုက်အောင်နာကျင်မှာ သေချာ၏။
“နဂါးမျိုးနွယ်ကို ဖျက်ဆီးပစ်ရမယ်။ ကျိန်းသေပေါက်နဂါးမျိုးနွယ်ကို ဖျက်ဆီးပစ်ရမယ်။”
ကျွင်းချောင်ရှောင်း၏ စိတ်ထဲတွင်ထိုအတွေးတစ်ခုတည်းသာလျှင်ရှိ၏။ မီးတောက်များ၏ ဖုံးလွှမ်းမှုအောက်တွင်သူသည်နတ်ဆိုးတစ်ပါးကဲ့သို့ပင်ပြောင်းလဲသွားခဲ့၏။
“ကြောက်စရာပဲ”
ကုန်းစွန်းရော့လီက တွေးတောလိုက်၏။လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည်တိုးတက်မလာခဲ့ချေ။သို့ပေမဲ့သူ၏ ဒေါသတရားနှင့် သတ်ဖြတ်လိုခြင်းဆန္ဒများသည်ခန့်မှန်း၍ မရနိုင်အောင်အားကောင်းလာခဲ့သည်။
သူမကဲ့သို့နတ်ဘုရားအဆင့်ဆီသို့ခြေလှမ်းဝက်လှမ်းပြီးသော ကျွမ်းကျင်သူတစ်ယောက်ပင်လျှင်အံ့အားသင့်လျက်ရှိမိနေ၏။
ဟုတ်ပေ၏။ ထိုအချိန်မှာတော့နဂါးမြို့ထဲသို့ဝင်ရောက်လာခဲ့သည့် ပြိုင်စံရှားဂိုဏ်း၏တပည့်များ အားလုံးသည်သံပြိုင်ပဲ အော်ဟစ်လိုက်ကြ၏။ ပြီးနောက် ၎င်းတို့သည် ကျွဲရိုင်းစစ်သည်ပေါင်း ၃၀၀၀ ကျော်ကို ထိန်းချုပ်ပြီးသည့်နောက်ရှေ့ဆီသို့လှမ်းတက်လိုက်သည်။
“သတ်ကြ။”
ရောင်မုန့်ယဉ်က အော်ဟစ်လိုက်သည်။
ဆွစ်ဆွစ်
သူရဲစစ်သူကြီး ၈ ဦးနှင့် နတ်ဆိုးစစ်သည်နှစ်သိန်းကျော်တို့သည်လည်း စတင်ကာ လှုပ်ရှားလိုက်၏။
အစတုန်းက တိုက်ပွဲသည်ကျောက်ရုပ်ထုမျိုးနွယ်နှင့် နဂါးမျိုးနွယ်တွေအကြား တိုက်ပွဲတစ်ခုဖြစ်၏။သို့ပေမဲ့နောက်ထပ်တစ်ဖွဲ့သည်တိုက်ပွဲထဲသို့ဝင်ရောက်လာခဲ့၏။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းကို ကိုယ်စားပြုလေသည်။
“ဒါဘာလဲ။”
ကုန်းစွန်းရော့လီသည်စက်ရုပ်ကဲ့သို့သော အရာမျိုးကို ပထမဦးဆုံး မြင်ဖူးခြင်းဖြစ်၏။ ထို့ကြောင့်အံ့အားသင့်မိနေ၏။ သို့ပေမဲ့သေသေချာချာကြည့်ရှုလိုက်သည့်အချိန်မှာတော့သူမသည်စစ်သည်ပေါင်းနှစ်သိန်းကျော်ကို တွေ့ရှိလိုက်ရ၏။ ခံစားချက်များကို မည်သို့မျှမထိန်းချုပ်နိုင်ဘဲ ထကာ အော်လိုက်မိ၏။ “ဒါ နတ်ဆိုးလူမျိုးတွေပါလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။”
ချင်းမင်နဂါးဘုရင်သည်တုန်လှုပ်လျက်ရှိနေ၏။ အဘယ့်ကြောင့်လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတုန်းက သတ်ဖြတ် ခြင်းကိုခံခဲ့ရသည့်နတ်ဆိုးမျိုးနွယ်များသည်ပေါ်ပေါက်လာရသနည်း။ ထို့အပြင်များပြားလို့လည်း နေသေးသည်။
“နေအုံး”
ချင်းမင်နဂါးဘုရင်နှင့်ကုန်းစွန်းရော့လီတို့သည်တစ်ချိန်တည်းမှာပဲ တစ်စုံတစ်ခုကို သတိပြုလိုက်မိ၏။ ထို့ကြောင့်သံပြိုင်ဆိုသလိုပဲ ထကာ အော်ဟစ်လိုက်၏။ “အားလုံးက အမြုတေပြောင်းလဲခြင်းအဆင့်တွေပါလား။”
အမြုတေပြောင်းလဲခြင်းအဆင့်တစ်စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ဆိုလျှင်ကိစ္စမရှိချေ။သို့ပေမဲ့အမြုတေ ပြောင်းလဲခြင်းအဆင့်တစ် စစ်သည်ပေါင်း ၂ သိန်းကျော်ဆိုသည်မှာ အံ့အားသင့်စရာကောင်းသော အရေအတွက်ပင်ဖြစ်သည်။
ဘုန်း ဘုန်း …..။
ကျုံးရီ၏ အမိန့်ပေးမှုအောက်မှာတော့ ကျွဲရိုင်းစက်ရုပ်ပေါင်း ၃၀၀၀ ကျော်တို့သည်နတ်ဆိုးစစ်သည်နဂါးမျိုးနွယ် သိုင်းကျင့်ကြံသူများဆီသို့လှမ်းတက်လိုက်ကြ၏။ ခန္ဓာကိုယ်တွင်ရှိနေသော အစီအရင်နှင့်စွမ်းအင်လှိုင်းများသည်ပေါက်ကွဲထွက်သွားပြီး အလင်းလုံးကဲ့သို့ပင်တိုက်ခိုက်မှုများကို ပြုလုပ်၏။ စစ်သည်များသည်တစ်ခဏတာ သတ်ဖြတ်မှုကို ပြုလုပ်နိုင်ရန်အတွက် ရက်ပေါင်း ၁၀၀၀ ကျော်လေ့ကျင့်ခဲ့ရ၏။ တိတ်တဆိတ်နှင့်ကြိုးစားမှုအောက်မှာတော့ထိုက်ရွှမ်အဘိုးအို၏ စက်ရုပ်များ သည်တောက်ပသည့်အခြေအနေတစ်ခုဆီသို့ရောက်ရှိလာ၏။
ဝုန်း ဝုန်း ….။
ချက်ချင်းပဲ နဂါးကလန်မှသိုင်းကျင့်ကြံသူများသည်စွမ်းအင်လှိုင်းများနှင့် တိုက်ခိုက်ခြင်းကို ခံနေရ၏။ ၎င်းတို့သည်နာကျင်စွာ အော်ဟစ်လျက်ရှိနေ၏။ တည်နေရာချိုးဖြတ်ခြင်းအဆင့်ကို ပိုင်ဆိုင်သော နဂါးစစ်သည်များသည်တစ်စစီ ဖြစ်ကုန်ကြ၏။
“သတ်ကြ”
“သတ်ကြ”
နဂါးမျိုးနွယ်များသည်ကြောက်ရွံ့မနေကြချေ။စက်ရုပ်များဆီသို့ချက်ချင်းလှမ်းတက်လိုက်ကြသည်။
ရွှီး ရွှီး
ထိုအချိန်မှာတော့အလင်းတန်းများသည်ထပ်မံကာ ပျံသန်းလာခဲ့၏။ထိုအလင်းတန်းများတွင်လျှပ်စီးများလည်း ပါဝင်နေ၏။
ဇွီ ဇွီ
နဂါးသားရဲတစ်ဒါဇင်ကျော်တို့သည်သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ လေထုထဲတွင်သွေးများနှင့် ပျံ့နှံ့နေသည်။လီချင်းယန်သည်သူ၏ မိုးကြိုးဓားကြီးကို ကိုင်ဆောင်ကာဖြင့်လေထဲတွင်လွင့်မျောလျက်ရှိ၏။ သူ၏ မျက်လုံးများ သည်အေးစက်သည့်အလင်းတန်းများနှင့် ပြည့်နှက်နေသည်။
ဘုန်း ဘုန်း ….။
ရုတ်တရက်တောက်ပသည့်အလင်းတန်းများသည်သူ၏ အနောက်ဘက်ဆီမှ ဖြစ်တည်လာ၏။
“အားကောင်းလွန်းတယ်။”
စက်ရုပ်အဖြစ်အသွင်ပြောင်းထားခဲ့ပြီဖြစ်သော ရှောင်ကျီသည်သူ၏ သံမဏိဓားကြီးကို မြှောက်ကိုင်ကာဖြင့် ပြုံးလိုက်သည်။
အခြားတစ်ဖက်မှာတော့စစ်နတ်ဘုရားတစ်ပါးအဖြစ်အသွင်ပြောင်းခဲ့ပြီဖြစ်သော ရီရှင်းချန်သည်သူ၏ လက်ထဲ တွင်ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့်လေထုထဲသို့ခုန်တက်ကာ နဂါးမျိုးနွယ်သိုင်းကျင့်ကြံသူများကို တိုက်ခိုက်၏။
နှစ်တစ်သောင်း ရေခဲစည်း …။
လုချင်းချင်းသည်နတ်မိမယ်တစ်ပါးကဲ့သို့ပင်ကောင်းကင်ပေါ်မှဆင်းသက်လာခဲ့၏။သူမသည်လက်များကို ယှက်ကာ ဖြင့် ရေခဲလွှာများကို ထုတ်ဖော်ကာ နဂါးမျိုးနွယ်သိုင်းကျင့်ကြံသူများကို အေးခဲအောင် ပြုလုပ်လိုက်၏။များပြားလွန်း လှသော နဂါးများသည်ချက်ချင်းပဲ ရေခဲရုပ်ထုများအဖြစ်သို့ပြောင်းလဲကုန်သည်။
ဆွစ်
ဆွစ်
ယုစီနန်သည်ရှေ့ဆီသို့လှမ်းတက်လာပြီးနောက်တည်နေရာပတ်ဝန်းကျင်တစ်ခုလုံးကို ချုပ်နှောင်ပြီး တစ်ခါတည်း သတ်ဖြတ်ခြင်းကို ပြုမူတော့၏။ ပြိုင်စံရှားဂိုဏ်းမှ တပည့်များနှင့် အထက်ပိုင်းအကြီးအကဲများအားလုံးတို့သည် ၎င်းတို့ ၏ကိုယ်စီအားသန်ရာ သိုင်းနည်းစနစ်များကို ထုတ်ဖော်ကာဖြင့်တိုက်ခိုက်လျက်ရှိနေသည်။
သူတို့သည်အစစ်အမှန်ရှာဖွေခြင်းအဆင့်သိုင်းကျင့်ကြံသူများကို ရင်ဆိုင်ရန်ခက်ခဲလှသည်ဆိုသော်လည်း အမြုတေ ပြောင်းလဲခြင်းအဆင့်သိုင်းကျင့်ကြံသူများကို ရင်ဆိုင်ရန်ဆိုသည်မှာတော့ ပြဿနာတစ်ခုမဟုတ်ချေ။
နတ်ဆိုးစစ်သည်နှစ်သိန်းကျော်မှာတော့အထူးအထွေပြောနေစရာမလိုအပ်ချေ။ရောင်မုန့်ယဉ်၏အမိန့်ကို လိုက်နာ ကာဖြင့် ၎င်းတို့သည်အပြင်ဘက်မှအထဲဆီသို့ဝင်ရောက်လာသည့်နဂါးမျိုးနွယ်သိုင်းကျင့်ကြံသူများ၏ လမ်းကို ပိတ်ထား၏။ ကျွင်းချောင်ရှောင်းနှင့် ကျောက်ရုပ်ထုမျိုးနွယ်မှအထက်ပိုင်းအကြီးအကဲများသည်အရေအတွက်အရ အသာမရခဲ့ချေ။ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်မည်ဆိုပါက မော၍ပင်သေဆုံးသွားနိုင်ခဲ့၏။သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှအဖွဲ့ဝင်များ ရောက်ရှိလာသည့်အချိန်မှာတော့အခြေအနေသည်ဟန်ချက်ညီသွားခဲ့၏။
ဘုန်း ဘုန်း
ကောင်းကင်ယံအထက်မှာတော့ကုန်းစွန်းရော့လီသည် ပြင်းပြင်းထန်ထန်နှင့်တိုက်ခိုက်နေ၏။ သူမ၏ သံမဏိ လက်သီးချက်များသည် ပြင်းထန်လွန်းလှပြီး ချင်းမင်နဂါးဘုရင်အား အနောက်ဘက်သို့လွင့်စင်သွားစေသည်။
“အဖေ”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “သူ့ကို တစ်ခါတည်းအပြတ်ရှင်းတော့။”
သူ့အနေနှင့် ရူးသွပ်သွားသကဲ့သို့ပုံစံမျိုးဖြစ်တည်နေသည်ဆိုသော်လည်း နဂါးမြို့ကို ဖျက်ဆီးချင်သည်မှာတော့အမှန်ပင်ဖြစ်သည်။သို့ပေမဲ့ထိုကဲ့သို့သော အရာမျိုးကို မပြုလုပ်ခင်နဂါးလေးမည်သည့်နေရာတွင်ရှိနေသည်ဆိုသည်ကို အမြန်ဆန်ဆုံး သိရှိရန်လိုအပ်၏။
“ဒီကောင်ကို ငါ့ တာဝန်ထားလိုက်တော့။”
ကုန်းစွန်းရော့လီက ပြောလိုက်သည်။ “မြန်မြန်သွားရှာလိုက်လေ။”
ဤစကားလုံးသည်သူ့အား တွေဝေနေမှုမှ နိုးထစေခဲ့တော့၏။လက်ရှိအခြေအနေတွင် ပြိုင်စံရှားဂိုဏ်းနှင့် ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ထိန်းချုပ်မှုအောက်တွင်ခဏတာ ရောက်ရှိနေ၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင်သူသည်နဂါးလေးကိုသာ ရှာဖွေရမည့်အစား အဘယ့်ကြောင့်တွေဝေငေးမှိုင်စွာဖြင့်ရပ်တန့်နေရသနည်း။ သို့ပေမဲ့မည်သည့်နေရာကို သွား၍ ရှာဖွေရမည်နည်းဆိုသည်ကို သူ မသိရှိနိုင်ပေ။
နဂါးနယ်မြေကြီးသည်ကျောက်ရုပ်ထုမျိုးနွယ်၏ နယ်မြေထက်ဘယ်လိုမှမသေးငယ်လှချေ။နဂါးစွမ်းအင်များက လည်း တည်ရှိနေသည်ဖြစ်သောကြောင့်နဂါးလေးကို အချိန်အတိုင်းအတာအတိုအတွင်း သူသည်အာရုံခံ၍ မရနိုင်ချေ။
“သခင်”
သူမ၏အစစ်အမှန်ပုံစံကို အသွင်ပြောင်းခဲ့ပြီဖြစ်သော ရှောင်မိုရှန်းသည်တောင်ပံများကို ဖြန့်ကာကာဖြင့်ပျံသန်းလာ၏။ “နဂါးလေးရဲ့အော်ရာတွေကို ရနေတယ်။”
“သွားကြရအောင်။”
ကျွင်းချောင်ရှောင်းသည်နတ်ဆိုးလင်းယုန်ငှက်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ခုန်တက်လိုက်၏။ ပြီးနောက်အလင်းတန်း တစ်ခုအဖြစ်သို့ပြောင်းလဲကာ တားမြစ်နန်းတော်ဆီမှပျံသန်းထွက်ခွာသွား၏။ ချက်ချင်းပဲ အဆုံးမဲ့သော တောင်များ ကို ဖြတ်သန်းကာ အရှေ့ဘက်ဆီသို့ဦးတည်လေသည်။
“ချီးတဲ့…. ချီးတဲ့မှ”
ချင်းမင်နဂါးဘုရင်သည်သူ့အား ရပ်တန့်လိုက်ချင်၏။သို့ပေမဲ့ဘာတစ်ခုမှမလုပ်ရသေးခင်မှာပဲ ကုန်းစွန်းရော့လီ၏ သံမဏိလက်သီးချက်များနှင့် ထိုးနှက်ခြင်းကို ခံခဲ့ရ၏။
“လူကောင်းလေးတစ်ယောက်လို ငြိမ်ငြိမ်သက်သက် အရိုက်ခံစမ်း။”
……..
“သေစမ်း။ သေစမ်း။”
အင်ပါယာနန်းတော်၏အပြင်ဘက်တွင်တော့ထိုးခုတ်သတ်ဖြတ်သည့်အသံများသည်ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိနေသေး၏။ ကျွဲရိုင်းစစ်သည်ပေါင်း ၃၀၀၀ ကျော်တို့သည်ကြောက်မက်ဖွယ်ရာကောင်းလှသည့်သတ်ဖြတ်ခြင်း နတ်ဘုရားများကဲ့သို့ပင် ကြီးမားလွန်းလှသော နဂါးသားရဲကြီးများကို ဝင်ကာတိုက်ခိုက်နေ၏။ အထူးကျောက်ရိုင်းတုံး များနှင့် အစီအရင်များ၏ ထောက်ပံ့မှုကြောင့်စက်ရုပ်များ၏ အကာအကွယ်သည်အားကောင်းလွန်းလှ၏။ရံဖန်ရံခါဆိုသလို ၎င်းတို့သည်အထဲဆီသို့ပျံသန်း၍ပင်တိုက်ခိုက်လျက်ရှိနေသေးသည်။
ဟုတ်ပေ၏။ နဂါးမျိုးနွယ်များသည်အားမနည်းလှချေ။အချိန်အတိုင်းအတာအတောအတွင်း အောက်ဆီသို့ရောက်ရှိခဲ့သည်ဆိုသော်လည်း ၎င်းတို့၏နည်းဗျူဟာများကို ချက်ချင်းပဲ ပြောင်းလဲကာဖြင့် ချွန်ထက်လှသည့်လက်သည်းများကို အသုံးပြု၍ထိုးခုတ်သတ်ဖြတ်ခြင်းကို ပြုလုပ်နေ၏။
ဇွီ ဇွီ
များပြားလွန်းလှသော ကျွဲရိုင်းစစ်သည်တော်များသည် ဒါဇင်နှင့်ချီသည့်နဂါးသားရဲများ၏ ဝိုင်းပတ်ခြင်းကို ခံထားရ၏။ အဆုံးသတ်မှာတော့ထိုကဲ့သို့သော ဝိုင်းပတ်ထားမှုမှမည်သို့မှမချိုးဖောက်နိုင်ခဲ့ကြချေ။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံး သည်မဲနက်နေသည့်ကုတ်ရာခြစ်ရာများနှင့် ပြည့်နှက်လာခဲ့ကြ၏။ထိုကဲ့သို့သော အခြေအနေမျိုးကို ရောက်သည့်အချိန်တွင်ချက်ချင်းပဲ ဖောက်ခွဲသည့်ပစ္စည်းအဖြစ်အသုံးပြုခဲ့တော့၏။
ဘုန်း ဘုန်း
သေးငယ်လှသော မှိုပွင့်ပုံသဏ္ဍာန်တိမ်များဖြစ်တည်လာ၏။ အနီးအနားတွင်ရှိနေသော နဂါးမျိုးနွယ်မှသိုင်းကျင့်ကြံသူ များသည်အချိန်မီမရှောင်နိုင်ခဲ့ကြချေ။အကုန်လုံး တစ်စစီဖြစ်ကုန်ကြသည်။
ပြိုင်စံရှားဂိုဏ်းဘက်မှာတော့ များပြားလှသည့်ဝံပုလွေသားရဲစီးဟောခန်းဆီမှတပည့်များသည်အနောက်ဘက် ဆီသို့လှမ်းဆုတ်လိုက်ကြ၏။ ၎င်းတို့၏မျက်နှာများသည်တင်းမာခက်ထန်နေ၏။
မှန်ပေသည်။ ကျွဲရိုင်းစက်ရုပ်ထဲတွင်တပည့်များမရှိကြချေ။ ၎င်းတို့သည်အဝေးဆီမှလှမ်းကာ ထိန်းချုပ်နေကြခြင်းဖြစ်သည်။
ကုန်းရှန့်သည်ဤကဲ့သို့တိုက်ခိုက်နိုင်ရန်အတွက်များပြားလှသည့်အရင်းအမြစ်နှင့်လူအင်အားများကို ရင်းနှီးမြှုပ်နှံခဲ့ရ၏။ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင်ထုတ်ဖော်အသုံးမပြုပါက မည်သည့်နေရာတွင်သွား၍ အသုံးပြုရမည်နည်း။
……….
ဝှစ်
နဂါးနယ်မြေ၏ အရှေ့ဘက်မှာတော့ရှောင်မိုရှန်းသည်အလျင်အမြန်ဆုံးနှုန်းဖြင့်ပျံသန်းလျက်ရှိ၏။ သူမမျက်လုံး ထဲတွင်မျက်ရည်များဝိုင်းနေ၏။ ထူးခြားသည့်ငှက်တစ်မျိုးဖြစ်သောကြောင့်သူမ၏ အာရုံခံမှုသည်အလွန်ပဲ အားကောင်းလွန်းလှချေ၏။သူမသည်နဂါးလေး၏ တည်နေရာကို အာရုံခံ၍ ရရှိနိုင်သည်သာမက နဂါးလေးဆီမှအော်ရာများသည်အလွန်အမင်းအားနည်းလျက်ရှိသည်ကိုလည်း ခံစားနေမိ၏။ လေတစ်ချက်ဝှေ့လိုက်ရုံနှင့် ငြိမ်းသက်သွားတော့မည့်ဖယောင်းတိုင်လေးတစ်ခုကဲ့သို့ပင် ဖြစ်လို့နေသည်။
ဟူး ဟူး
“နင်သေလို့မရဘူး။”
……….
ကျွင်းချောင်ရှောင်း၏ စိတ်သည်ပိုမိုကာ လေးနက်လာခဲ့၏။သေမင်းတံစဉ်ကြီးကို ကိုင်ဆောင်ထားသော သူ၏ လက်သည်တုန်ယင်လျက်ရှိနေသည်။
မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်မှာတော့ရှောင်မိုရှန်းသည်ရှည်လျား လွန်းလှသော တောင်တန်းကြီးဆီကို ပျံသန်းပြီး တောင်များ၊ တောများနှင့် ပြည့်နှက်လျက်ရှိနေသည့်နေရာ၏ အလယ်တည်နေရာထဲသို့ရောက်ရှိလာ၏။ ထိုနေရာသည်အသက်ဝင်လျက်ရှိနေသည့်နဂါးသားရဲကြီးတစ်ကောင်ဝပ်လျက်ရှိနေသည့်တည်နေရာနှင့်ပင်ဆင်တူ၏။ များပြားလွန်းလှသော သေဆုံးခြင်းအော်ရာများသည်ထွက်ပေါ်လျက်ရှိနေပြီး ဤအရာသည်နဂါးသင်္ချိုင်းတစ်ခုပင်။
ဝှမ်း
ရုတ်တရက် ကျွင်းချောင်ရှောင်းသည်မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်မိ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်အေးခဲသွားမိ၏။ သူ၏ မြင်ကွင်းအရဆိုလျှင်ရှည်လျားလှသော တောင်တန်းကြီးတွင်နဂါးသားရဲများ ရစ်ပတ်လျက်ရှိ နေသည့်ဟန်မျိုး ထွင်းထုထားသည့်ကျောက်တိုင်ကြီးများ တည်ရှိ၏။ ထိုကျောက်တိုင်ကြီးအပေါ်တွင်တော့နဂါးလေးသည် ချွန်ထက်လှသည့်သံကြီးဖြင့်တွဲကာ ရိုက်နှက်ခြင်းကို ခံထားရ၏။ သူ၏ အရေခွံ့များသည်မရှိတော့ချေ။ခေါင်းပေါ်ရှိ ဦးချိုကလည်း မရှိတော့ပေ။ ဗိုက်တွင် ကြီးမားလှသည့်ဒဏ်ရာကြီးတစ်ခုရှိနေပြီး ဗိုက်ခွဲခံထားရသည့်ငါးတစ်ကောင်ကဲ့သို့ပင် ဖြစ်လို့နေ၏။ ထိုဒဏ်ရာဆီမှသွေးများသည်တတောက်တောက်နှင့်ကျဆင်းနေ၏။
“သ … သ ….. သခင်”
နဂါးလေးသည်ခက်ခက်ခဲခဲဖြင့်မျက်လုံးများကို ကြိုးစားကာ ဖွင့်လိုက်၏။သို့ပေမဲ့သူ၏ သခင်ကို တမ်းတလိုက်သည့်အချိန်မှာပဲ သူ၏ သိစိတ်သည်ချက်ချင်းပဲ ပျောက်ကွယ်သွား၏။ မည်သည့်အသက်ဓာတ်မှမကျန်တော့ချေ။
အား ……။
တောင်တန်းတစ်လျှောက်လုံးမှာတော့ဝမ်းနည်းပက်လက်ဖြင့်အကူအညီမဲ့စွာ အော်ဟစ်လိုက်သည့်အသံကြီးသည်ပဲ့တင်ထပ်လျက်ရှိနေတော့သည်။