အခန်း ၁၅၉၀
Vol. 107 Ch. 1590
အပိုင်း (၁၅၉၀)
ဝူး ဝူး ….။
ရှောင်မိုရှန်းသည်လူသားတစ်ယောက်၏အသွင်အပြင်အဖြစ်သို့ ပြန်လည်ပြောင်းလဲပြီး ငိုယိုလျက်ရှိ၏။ နဂါးလေး ထွက်ခွာသွားခဲ့ပြီးသည့်နောက်သူမသည်စိတ်ဝိညာဉ်ကြောင်ကို ရံဖန်ရံခါဆိုသလို အနိုင်ကျင့်ခဲ့သည်ဆိုသော်လည်း အမှန်ပင်နဂါးလေးကို လွမ်းဆွတ်မိ၏။
မည်သူက ထင်မှတ်မည်နည်း။ ပြန်လည်ကာ တွေ့ဆုံသည့်အချိန်တွင်သေခြင်း၊ ရှင်ခြင်း ခွဲခွာရလိမ့်မည်ဟု။
ကျွင်းချောင်ရှောင်းသည်ကျောက်တိုင်၏ရှေ့တွင်မတ်မတ်ရပ်လျက်ရှိပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထား၏။ လက်ရှိအခြေအနေမှာတော့သူ၏ ခန္ဓာကိုယ်တွင်စုဝေးလျက်ရှိနေသည့်ဒေါသတရားများသည်မည်သို့မှမထိန်းချုပ်နိုင်တော့ချေ။နဂါးလေး၏ အလောင်းသည်မြေပေါ်သို့ ပြုတ်ကျလျက်ရှိနေသည်။မျက်နှာသွင်ပြင်တစ်ခုလုံး သည်နာကျင်နေသည့်ဟန်ပန်မျိုး ဖြစ်တည်နေသည်ဆိုသော်လည်း နှုတ်ခမ်းထောင့်တွင်အပြုံးတစ်ခု ဖြစ်တည်နေ၏။ မသေဆုံးခင်၌သူ၏ သခင်ကို ထပ်မံကာ တွေ့ဆုံခဲ့ရသောကြောင့်ပျော်ရွှင်နေသည့်ဟန်ပန်မျိုးပင်။
“စနစ်”
ကျွင်းချောင်ရှောင်းသည်စိတ်ထဲမှာ အော်ဟစ်လိုက်၏။ “ရှိသမျှအမှတ်တွေအားလုံးကို အပြောင်ရှင်းပြီး အသုံးပြုလို့ရလား။”
“အားနာပါတယ်။”
စနစ်သည်အကူအညီမဲ့စွာဖြင့်ပြောလိုက်သည်။ “နဂါးလေးရဲ့အသက်ဓာတ်တွေအကုန်လုံးက ပျောက်ကွယ်သွားပြီ။ ဒီတော့မင်းအနေနဲ့ဘေးအန္တရာယ်ဖြေရှင်းတဲ့လုပ်ဆောင်နိုင်မှုကို အသက်သွင်းခဲ့မယ်ဆိုရင်တောင်မှသူ့ကို ပြန်ပြီး အသက်ရှင်အောင်လုပ်နိုင်ဖို့ခက်ခဲလိမ့်မယ်။ ပြီးတော့သူ့ရဲ့ နှလုံးသားက ဆွဲထုတ်ခြင်းကို ခံခဲ့ရတာ။”
“အား ….”
ကျွင်းချောင်ရှောင်းသည်သေမင်းတံစဉ်ကြီးကို ဆွဲမြောက်လိုက်သည့်အချိန်မှာတော့ထက်ရှလှသည့်ဓားမော့အလင်းတန်းသည်ကောင်းကင်ကိုပင်ထိုးခွဲသွား၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်မိစ္ဆာစွမ်းအင်များနှင့် တဝုန်းဝုန်း လှုပ်ခါလျက်ရှိနေပြီး အစစ်အမှန်နတ်ဆိုးကြီးတစ်ပါးကဲ့သို့ပြောင်းလဲသွား၏။
ဤတည်နေရာထဲတွင်ရှိနေသော ကျောက်တိုင်ကြီးများမှာတော့အဆင်ပြေလျက်ရှိနေ၏။ တစ်ချက်ကလေးမှထိခိုက်မှုမဖြစ်ခဲ့ချေ။တစ်ဖက်လူသည်သူ၏ ပဋိညာဉ်သားရဲကို ခေါ်ဆောင်သွားခဲ့ပြီးသည့်နောက်သူ၏ ပဋိညာဉ်သားရဲ၏ နဂါးအင်ပါယာခန္ဓာကိုယ်ကို ဆွဲထုတ်သွားသည်သာမက ကျောက်တိုင်ပေါ်တွင်ပါသံနှင့်ရိုက်ကာ တွဲလောင်းချိတ်ခဲ့သည်။
သူသည်သာ တစ်ဖက်လူကို တူညီသည့်နည်းလမ်းအသုံးပြု၍မသတ်ဖြတ်နိုင်သည်ဆိုပါက နဂါးလေး၏ ဝိညာဉ် နှင့်ကောင်းကင်ယံအထက်တွင်မည်ကဲ့သို့သွားကာ မျက်နှာချင်းဆိုင်ရမည်နည်း။
“ငါ နဂါးနယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။နဂါးတွေအကုန်လုံးကို သတ်မယ်။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်နီရဲလျက်ရှိနေ၏။ သူသည်မည်သည့်ဆင်ခြင်တုံ့တရားမှမရှိတော့ချေ။နဂါးလေး၏ သေဆုံးမှုသည်နဂါးများနှင့် မပတ်သက်ချေ။သို့ပေမဲ့ ၎င်းတို့၏ကိုယ်ပိုင်နဂါးအင်ပါယာကိုတောင်ကာကွယ်နိုင်စွမ်းမရှိသည့်သောက်သုံးမကျသော နဂါးများအား သူသည်ကျိန်းသေပေါက်သတ်ဖြတ်ပစ်ရမည်။
“သွားပြီပဲ။”
စနစ်က ပြောလိုက်၏။ “ဒီကောင်ရူးသွားပြီ။”
နဂါးလေးတစ်ယောက်ကျောက်တိုင်ပေါ်တွင်သံနှင့်ရိုက်ကာ ချိတ်ဆွဲခံရသည်ကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ နှလုံးသားသည် ပြိုလဲပြီးဖြစ်၏။ယခု နဂါးလေးသည်သူ၏ ရှေ့၌သေဆုံးသွားခဲ့၏။ထို့ကြောင့်အစစ်အမှန် ပြိုလဲသွားခဲ့၏။မည်သို့မှမထိန်းချုပ်နိုင်ခဲ့တော့ချေ။
ထိုကဲ့သို့သော အခြေအနေတွင်လက်ခံသူသည်မည်မျှ ရူးသွပ်လှသည့်ကိစ္စရပ်များကိုလုပ်လုပ်စနစ်သည်အံ့အားသင့် နိုင်တော့မည်မဟုတ်ချေ။
“နဂါးလေး …. ငါ မင်းကို အိမ်ကို ပြန်ခေါ်သွားမယ်။”
ကျွင်းချောင်ရှောင်း၏ လေသံသည်အမှန်ပင်တည်ငြိမ်လျက်ရှိ၏။ ဟောင်လွန်းသော ခွေးသည်မကိုက်ချေ။ထို့အတူ ကိုက်လွန်းသော ခွေးသည်မဟောင်ချေ။လက်ရှိအခြေအနေမှာတော့သူသည်ကြောက်စရာကောင်းသော အခြေအနေ တစ်ခုဆီသို့ရောက်ရှိနေ၏။
ရွှီး …..။
အလောင်းအား သိုလှောင်လက်စွပ်ထဲသို့ထည့်သွင်းလိုက်၏။နဂါးလေးသည် ပြိုင်စံရှားဂိုဏ်းတွင်မွေးဖွားလာသူ တစ်ယောက်ဖြစ်၏။ထို့ကြောင့်သေဆုံးရမည်ဆိုလျှင်လည်း ပြိုင်စံရှားဂိုဏ်းတွင်သာ သေရမည်။နဂါးသင်္ချိုင်းထဲတွင်နဂါးလေးကို ထားခဲ့လိမ့်မည်မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည်သေမင်းတံစဉ်ကြီးကို ဆွဲကိုင်ကာဖြင့်ပျက်စီးလျက်ရှိနေသည့်တောင်ကြားထဲမှလမ်းလျှောက်ကာ တစ်လှမ်းချင်း ထွက်လာခဲ့၏။သူ၏ ခန္ဓာကိုယ်တွင်မိစ္ဆာစိတ်ဝိညာဉ်များက လွှမ်းခြုံလျက်ရှိ၏။ တဖြည်းဖြည်း ပိုမိုကာ အားကောင်းလာ၏။ သူ၏ မျက်နှာကိုပင်ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းမရှိတော့ချေ။
စနစ်က ပြောလိုက်၏။ “စည်းဓားမော့ကြီးရဲ့အသက်ဝင်မှုကုန်ဆုံးမှုအချိန်က မိနစ်အနည်းငယ်ပဲ ကျန်တော့တယ်။”
ကျွင်းချောင်ရှောင်းသည်သူ၏ သိုလှောင်လက်စွပ်ထဲသို့ဝင်လိုက်၏။ ပြီးသည့်နောက်နောက်ဆုံးကျန်ရှိသော စည်းဖွင့် ခြင်းအဆောင်ကို ထုတ်ယူလိုက်သည်။ “အချိန်မလုံလောက်ဘူးလား။ အချိန်ကို ထပ်ဆွဲရမည်။”
စနစ်သည်အလောတကြီးဖြင့်အကြံပြုလိုက်၏။ “ဒီနည်းလမ်းက အလုပ်မဖြစ်နိုင်ဘူး။ တကယ်လို့အလုပ်ဖြစ်တယ်ဆိုရင်တောင်မှစည်းဓားမော့ကြီးကို ၂ ကြိမ်မြောက် ဆက်တိုက်ကြီး ဖွင့်ခဲ့တဲ့အတွက်ကြောင့်မို့ကြောက်ဖို့ကောင်းတဲ့ဘေးထွက်ဆိုးကျိုးကို ခံစားရလိမ့်မယ်။”
“ငါ ဂရုမစိုက်ဘူး။”
ကျွင်းချောင်ရှောင်းသည်တင်းမာခက်ထန်သည့်အမူအရာဖြင့်ထအော်လိုက်သည်။ “ငါ နဂါးကလန်တစ်ခုလုံးကို မြေမြှုပ်ပစ်လိုက်ချင်တယ်။”
“ရူးသွပ်နေပြီပဲ။”
သို့ပေမဲ့သူ့အနေနှင့် စည်းဖွင့်ခြင်းအဆောင်ကို ဖွင့်ရန် ပြင်ဆင်လိုက်သည့်အချိန်မှာပဲ သိုလှောင်လက်စွပ်ထဲတွင်သိမ်းဆည်းထားခဲ့သော မြေကမ္ဘာနဂါးဦးချိုနှလုံးသားသည် ရုတ်တရက်ထိန်းချုပ်မှုလွတ်ကင်းကာဖြင့်လေထဲသို့ခုန်တက်လာ၏။ ပြီးနောက်နဂါးလေး၏ ခန္ဓာကိုယ်အပေါ်ဘက်တွင်လွင့်မျောနေ၏။
“………” ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိသည်။
ဆွစ်
ရုတ်တရက်ဆိုသလိုပဲ မြေကမ္ဘာနဂါးဦးချိုနှလုံးသားသည်အလင်းတန်းများအဖြစ်သို့အသွင်ပြောင်းပြီး နဂါးလေး၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွား၏။ နဂါးလေးသည်ချက်ချင်းပဲ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားခဲ့၏။ လစ်လပ်လျက်ရှိနေသော နဂါးလေး၏ နှလုံးသားနေရာတွင် နှလုံးသားအသစ်တစ်ခု ဖြစ်တည်လာ၏။
“ဖြစ်နိုင်တာက”
စနစ်က ထအော်လိုက်မိသည်။ “ဒါက နဂါး နှလုံးသားပဲလား။”
ဟူး ဟူး ….။
များပြားလွန်းလှသော အော်ရာများသည်ပေါ်ပေါက်လာခဲ့ပြီးသည့်နောက်နဂါးလေး၏ အလောင်းအား ပိုးမျှင်အဖြူရောင်များနှင့် လွှမ်းခြုံထားသွား၏။ ပြီးနောက်ထိုအရာကြီးသည်လေထုထဲမှာပင်ပျောက်ကွယ်သွားခဲ့၏။
“အပြင်ရောက်သွားတာပဲ။” စနစ်ကပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည်ထိုအရာကို အစောကြီးကတည်းက သိရှိပြီးဖြစ်၏။သူ၏ မျက်နှာပေါ်တွင်အံ့အားသင့်သည့်အမူအရာနှင့်ဝမ်းမြောက်သည့်အမူအရာများ ဖြစ်တည်လာခဲ့၏။ စနစ်မှပေးထားသော သိုလှောင်လက်စွပ်သည်သက်ရှိများကို ထိန်းသိမ်းနိုင်သည့်စွမ်းအင်မရှိချေ။ယခု နဂါးလေးသည်အပြင်ဘက်သို့ရောက်ရှိသွားခဲ့သည်ဆိုခြင်းမှာ သက်ရှိတစ်ယောက်ဖြစ်သွားကြောင်း ဆိုရမည်။
“ဒါတင်မကသေးဘူး”
စနစ်က ပြောလိုက်၏။ “သူက တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးကြီးကို လက်ခံရရှိတော့မယ်နဲ့တူတယ်။”
………
ဘုန်း
နဂါးနန်းတော်ဆီမှာ တစ်စုံတစ်ခုပြိုလဲသွားသည့်အသံထွက်ပေါ်လာ၏။ ချင်းမင်နဂါးဘုရင်သည်လေ့ကျင့်ရေးကွင်းပြင်ထဲတွင်နစ်ဝင်လျက်ရှိနေ၏။ သူ၏ အကြေးခွံ့များသည်ဘေးတစ်ဖက်ဆီတွင်ပျံ့နှံ့ကာ တဖွဲဖွဲ ပြုတ်ကျလျက်ရှိ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည်အလွန်နာကျင်နေသည့်ဟန်ပန်မျိုးပင်။
ကုန်းစွန်းရော့လီသည်လေထုထဲတွင်မတ်မတ်ရပ်ကာဖြင့်အေးစက်စက်ပြောလိုက်၏။ “ငါ့သားကို ဝမ်းနည်းရအောင်လုပ်လို့ရှိရင်ငါကလည်း အားလုံးကို ဝမ်းနည်းရအောင် ပြန်လုပ်မယ်။”
အားကောင်းလှချေသည်။
“ချီးတဲ့မှ ….. ချီးတဲ့မှ”
ချင်းမင်နဂါးဘုရင်၏မျက်လုံးများသည်မျက်စိသူငယ်အိမ်ထဲမှပေါက်ထွက်လုမတတ်ပင် ဖြစ်နေ၏။ သူသည်ထိုကဲ့သို့သောအရာမျိုးဖြစ်လာမည်ကို မည်သို့မှမလိုချင်ချေ။
နဂါးအင်ပါယာ၏ ခန္ဓာကိုယ်နှင့်ပေါင်းစပ်ရသည့်အချိန်သည်တိုတောင်းလွန်းခဲ့၏။အလုံးစုံ လိုက်ဖက်မညီလှသေးချေ။မဟုတ်ပါက ဤအမျိုးသမီးသည်သူ့အား အထက်စီးမှတိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ချေ။
ဘုန်း ဘုန်း
အခြားတစ်ဖက်မှာတော့စက်ရုပ်ပေါင်းထောင်ကျော်နှင့်နတ်ဆိုးစစ်သည်ပေါင်း ၂သိန်းတို့သည် အဆုံးအစမဲ့ရောက်ရှိ လာခဲ့သော နဂါးမျိုးနွယ်သိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်လျက်ရှိနေကြ၏။
ပြိုင်စံရှားဂိုဏ်းသားများသည်နဂါးများအား နန်းတော်ထဲသို့မဝင်နိုင်အောင်တားဆီးထားခဲ့၏။လက်ရှိ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းနှင့် ကျောက်ရုပ်ထုမျိုးနွယ်မှသိုင်းကျင့်ကြံသူများသည်နဂါးမျိုးနွယ်များအား ခဏတာ ဖိနှိပ်ထားခဲ့သည်ဆိုသော်လည်း ဤအတိုင်း ဆက်လက်ကာ သွားမည်ဆိုပါက အလွန်အမင်းခက်ခဲလှပေလိမ့်မည်။
ကုန်းစွန်းရော့လီကလည်း ထိုအချင်းအရာကို ကောင်းကောင်းသိ၏။ ထို့ကြောင့်ချင်းမင်နဂါးဘုရင်အား ဖမ်းဆီးကာဖြင့်နဂါးမျိုးနွယ်များ၏ တည်နေရာဆီမှထွက်ခွာသွားရန်စဉ်းစားထားသည်။
ဆွစ်ဆွစ်
ရုတ်တရက်အလင်းတန်း ၃ ခုသည်စက်ရုပ်များ အကာအကွယ်တားဆီးထားသည့်တည်နေရာတိုင်းကို ကျော်ဖြတ်ကာဖြင့် မြို့ထဲသို့ရောက်ရှိလာခဲ့၏။အလင်းတန်းများပျောက်ကွယ်သွားသည့်အချိန်မှာတော့အားကောင်းလွန်းလှသော လူသုံးယောက်၏ပုံပန်းသွင်ပြင်များသည်ပေါ်ပေါက်လာခဲ့၏။
အမဲရောင်ကြေးခွံ့နဂါးဘုရင်၊အသူရာ နဂါးဖြူဘုရင်၊အနီရောင်နဂါး ဘုရင်။
ကုန်းစွန်းရော့လီသည်မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ရှင်တို့အသက်ရှင်နေသေးတာလား။”
ချင်းမင်နဂါးဘုရင်သည်နဂါးအင်ပါယာ၏ ခန္ဓာကိုယ်ကို ရယူပြီးသည့်နောက် ၎င်းသည်တခြားသော နဂါးမင်းကြီး ၃ ပါးကို အရင်ဆုံး ရှင်းပစ်လိမ့်မည်ဟု သူမက တွက်ချက်ခဲ့၏။သို့ပေမဲ့ယခုကဲ့သို့သော အခြေအနေမျိုးတွင်အပြင်ဘက်သို့ထွက်ခွာလာခဲ့ကြ၏။
“ဟမ့်”
အသူရာ နဂါးဖြူသည် ပြုံးကာ ပြောလိုက်သည်။ “အဘိုးအို ချင်းမင် …ခင်ဗျားကို ကြည့်ရတာ ဒုက္ခရောက်နေတဲ့ပုံပဲ။”
ချင်းမင်နဂါးဘုရင်သည်နာကျင်မှုကို အောက်အီးသည်းခံကာဖြင့်ဒေါသတကြီး အော်ဟစ်လိုက်၏။ “ကျောက်ရုပ်ထုမျိုးနွယ်ကလန်တွေက နဂါးမျိုးနွယ်ကို လာပြီးတိုက်ခိုက်နေတယ်။မင်းတို့က ဘာကို စောင့်နေတာလဲ။”
“ကျုပ်တို့ကို ကူညီစေချင်လို့လား။”
နဂါးနီဘုရင်က ပြောလိုက်သည်။ “ကောင်းပြီ။ ဒီလိုဆိုရင်နဂါးအင်ပါယာခန္ဓာကိုယ်ကို လွှဲပေးလေ။”
“………..”
ကုန်းစွန်းရော့လီသည်နားလည်သွားမိ၏။
ဤသုံးယောက်ရောက်ရှိလာခြင်းသည် ချင်းမင်နဂါးဘုရင်ကို ကူညီရန်လာခဲ့ကြခြင်းမဟုတ်ချေ။အခွင့်အရေးကို လာရောက်ကာ ရယူခြင်းပင်ဖြစ်၏။နဂါးမျိုးနွယ်များသည်အမှန်ပင်ရှုပ်ထွေးလွန်းလှသည်။
“ခင်ဗျားတို့တွေ….”
ချင်းမင်နဂါးဘုရင်သည်ဒေါသထွက်သွား၏။ သို့ပေမဲ့လက်ရှိအခြေအနေကို သေသေချာချာ စဉ်းစားပြီးသည့်နောက်သူသည်ပူးပေါင်းလိုက်ရ၏။
“ကောင်းပြီ။”
နဂါးဘုရင် ၃ယောက်၏မျက်နှာပေါ်တွင်အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ တစ်ဖက်လူသည်ကတိစကားမတည်မည်ကို သူတို့သည်မစိုးရိမ်လှချေ။အဘယ့်ကြောင့်ဆိုသော်တစ်ဖက်လူသည်အစောကြီးကတည်းက ဒဏ်ရာရရှိထား ခဲ့သောကြောင့်ပင်။
“ကလန်ခေါင်းဆောင်ကုန်းစွန်း”
အမဲရောင်ကြေးခွံ့နဂါးသည်အေးစက်စက်ပြောလိုက်၏။ “ကျုပ်တို့မျိုးနွယ်တွေက မျိုးဆက်အလိုက်ချစ်ခင်ရင်းနှီးမှုရှိခဲ့ကြတယ်လေ။ ဒါပေမဲ့ခင်ဗျားက လူတွေကို ခေါ်လာပြီးတော့ဒီမှာ ပြဿနာလာရှာတယ်။ ဒါအပြင် ကျုပ်တို့လူတွေအများကြီးကိုလည်း သတ်ခဲ့သေးတယ်။ ဒါအရမ်းများလွန်း တယ်။”
“များတယ်ဟုတ်လား။”
ကုန်းစွန်းရော့လီက ပြောလိုက်သည်။ “ကျွန်မကတော့မထင်ဘူး။”
ဆွစ်ဆွစ်
အခြားသော နဂါးဘုရင် ၂ယောက်တို့သည်ပျံသန်းလာပြီးနောက်သူမကို တြိဂံပုံစံ ဝန်းရံလိုက်၏။
“အစောနတုန်းက တိုက်ပွဲက အော်ရာတွေကို ကြည့်ရင်ကလန်ခေါင်းဆောင်ကုန်းစွန်းက နတ်ဘုရားနယ်မြေကို ခြေလှမ်းဝက်လောက်လှမ်းပြီးသား ဖြစ်လိမ့်မယ်။ဒီတော့ကျုပ်တို့သုံးယောက်ပေါင်းပြီးတိုက်ခိုက်တာကို အနိုင်ကျင့်တယ်လို့သုံးသပ်လို့မရတော့ဘူးမဟုတ်လား။” အသူရာ နဂါးဖြူက မေးလိုက်သည်။
“………..”
ကုန်းစွန်းရော့လီသည်မျက်မှောင်ကုတ်သွား၏။ သူမသည်နဂါးမင်းကြီး တစ်ယောက်ကို လွယ်လွယ်ကူကူ အနိုင်ယူ နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ၃ယောက်နှင့်ယှဉ်ပြိုင်ရမည်ဆိုလျှင်မလွယ်လှချေ။အနည်းငယ်တော့အလှည့်အပြောင်း များပေလိမ့်မည်။
“ဟုတ်တာပေါ့။”
အမဲရောင်ကြေးခွံ့နဂါးသည်ထောင်ကျော်ရှိနေသည့်စက်ရုပ်များနှင့် နတ်ဆိုးစစ်သည်သိန်းချီတို့အား လှမ်းကြည့်ကာ အေးစက်စက်ပြောလိုက်၏။ “နဂါးမျိုးနွယ်ကို ရန်ပြုတဲ့လူတွေအကုန်လုံးက သေရမယ်။”
ဟူး
နဂါးအော်ရာများသည်ပေါက်ကွဲထွက်လာခဲ့၏။ ပြီးနောက်ဒါဇင်ထောင်ချီရှိနေသော ကျွဲရိုင်းစက်ရုပ်များဆီသို့ လှမ်းသွားတော့သည်။
ဘုန်း ဘုန်း ဘုန်း
အဆုံးမဲ့သော စွမ်းရည်အောက်မှာတော့စက်ရုပ်များအားလုံးသည်ပေါက်ကွဲထွက်သွား၏။ တစ်ချိန်တည်းမှာပဲ နဂါးဘုရင် ၃ယောက်၏နောက်လိုက်များသည်မတူညီသည့်တည်နေရာအသီးသီးမှထွက်ပေါ်လာခဲ့ကြပြီး ပြိုင်စံရှားဂိုဏ်း၏ တပည့်များနှင့် နတ်ဆိုးစစ်သည်တစ်သိန်းကျော်တို့အား ဝိုင်းရံလိုက်ကြ၏။
“ပြဿနာပဲ။”
ကုန်းစွန်းရော့လီ၏ မျက်နှာသည်လေးနက်သွားခဲ့၏။သူမအနေနှင့် နဂါးမင်းကြီး ၃ ယောက်ကို တိုက်ခိုက်အနိုင်ယူရန်ယုံကြည်ချက်မရှိဘူးဆိုသော်လည်း ထွက်ပြေးလွတ်မြောက်ရန်အတွက်ကတော့ခက်ခဲလိမ့်မည်မဟုတ်ချေ။သို့ပေမဲ့သူမ၏ နောက်လိုက်များနှင့် ယခုမှရောက်ရှိလာသည့်စစ်ကူများအား မည်ကဲ့သို့ထားခဲ့ရမည်နည်း။
ဆွစ်
လေလှိုင်းများတိုက်ခတ်လာ၏။ ထိုလေလှိုင်းထဲတွင်တည်နေရာ၏ စွမ်းအင်များ ပါဝင်နေသည်။ကုန်းစွန်းရော့လီ သည်ကြောင်အသွားမိ၏။ အဘယ့်ကြောင့်ဆိုသော်သူမ၏ ရှေ့တွင်လူတစ်ယောက်ရောက်ရှိနေသောကြောင့်ပင်။သူမကို ကျောပေးထားသည့်လူ၏ မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း ထိုသူသည်စနစ်ဟု ရေးထိုးထား သော လည်ပတ်ဝတ်ရုံကို ဆင်မြန်းထား၏။
မည်သူနည်း။ ကျွင်းချောင်ရှောင်းပင်ဖြစ်တော့၏။ ကျွင်းချောင်ရှောင်းသည်လေထုထဲတွင်မတ်မတ်ရပ်လျက်ရှိနေပြီး မျက်လုံးထဲတွင်လည်း မည်သည့်ခံစားချက်မှမရှိချေ။
နဂါးမင်းကြီး သုံးပါးတို့သည်ကြောင်အသွားခဲ့၏။မည်သည့်အော်ရာမှမရှိပေ။ ထို့အတူ မည်သည့်လှုပ်ရှားမှုမှလည်း မရှိချေ။သို့ပေမဲ့တစ်ဖက်လူသည်လေထုထဲတွင် ရုတ်တရက်ပေါ်ပေါက်လာခဲ့၏။
“နဂါးအင်ပါယာ ဒုက္ခရောက်နေတယ်။ ဒါပေမဲ့ခင်ဗျားတို့က ထွက်လာပြီး မကူညီဘူး။”
ကျွင်းချောင်ရှောင်းသည်စက်ရုပ်တစ်ရုပ်ကဲ့သို့ပင်အေးစက်စက်ပြောလိုက်သည်။“အခု နဂါးအင်ပါယာ ခန္ဓာကိုယ်ကို ရယူမယ်ဆိုတော့အလောတကြီးနဲ့ထွက်လာခဲ့ပြန်တယ်။ခင်ဗျားတို့လို အမှိုက်တွေက ဘယ်နေရာမှာ သွားပြီး အသုံးတည့်မှာလဲ။”
“ဟေ့ကောင်”
နဂါးနီက ဒေါသတကြီးပြောလိုက်၏။ “ဘယ်သူ့ကို လာပြီး ဆူငေါက်နေတာလဲ။”
ဘုန်း ဘုန်း
လေ့ကျင့်ရေးကွင်းပြင်၏အစပ်တည်နေရာကြီးသည်ချက်ချင်းပဲ ချိုင့်ဝင်သွားခဲ့၏။စိတ်တိုတတ်သော နဂါးမင်းကြီး မှာတော့ထိုတွင်းကြီးထဲတွင်လဲလျောင်းလျက်ရှိနေ၏။ အမဲရောင်နဂါးနှင့် အသူရာနဂါးဖြူတို့၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့၏။ ၎င်းတို့သည်ခေါင်းကိုအသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ၎င်းတို့၏အဖော်ရပ်နေသည့်နေရာတွင် ကျွင်းချောင်ရှောင်းသည်တည်ရှိနေခဲ့၏။ထို့ကြောင့် ၎င်းတို့၏ နှလုံးသားထဲတွင်အလွန်ကြောက်လန့်စိတ်များ ဖြစ်တည်သွားကြသည်။။
နဂါးနီဘုရင်သည်ချက်ချင်းပဲ သတိလစ်မေ့မျောလျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည်အေးစက်စွာဖြင့်ပြောလိုက်သည်။ “နဂါးဌာနေထဲမှာ ရှိနေတဲ့နဂါးမျိုးနွယ်တွေအကုန်လုံးက အမှိုက်ကောင်တွေချည်းပဲ။”