← Chapters

အခန်း ၁၅၉၁

Vol. 107 Ch. 1591

အခန်း ၁၅၉၁

Vol. 107 Ch. 1591

အပိုင်း (၁၅၉၁)

အချိန်ကို တွက်ချက်ရမည်ဆိုလျှင်စည်းဓားမော့၏အချိန်ကာလ ကုန်ဆုံးသွားသည်မှာ ကြာမြင့်ပြီဖြစ်၏။ သို့ပေမဲ့အဘယ်ကြောင့် ကျွင်းချောင်ရှောင်းသည်အားမပြတ်ရသနည်း။ မူလအားဖြင့်သူသည်ယခင်ကထက်ပိုမိုကာ အားကောင်းလာခဲ့၏။ထို့အပြင်နဂါးနီမင်းကြီးအား လက်သီးတစ်ချက်ဖြင့်သတိလစ်မေ့မျောအောင်တိုက်ခိုက်နိုင်ခဲ့၏။

အဘယ်ကြောင့်ဆိုသော်သူသည်စနစ်၏ထိန်းချုပ်မှုကို ခံရသောကြောင့်ပင်ဖြစ်၏။လက်ရှိအချိန်မှာတော့သူသည်ဂိမ်းဆာဗာကို ခိုးယူထားလေသည်။

ထူးဆန်းသည်မှာ ကျွင်းချောင်ရှောင်း၏ လည်ပင်းပေါ်တွင်အဘယ်ကြောင့်လက်ရာကြီး ထင်ထင်ရှားရှား ရှိနေရ သနည်း။ မသိလျှင်တစ်စုံတစ်ယောက်သည်သူ့အား အပြင်းအထန်လည်ပင်းညှစ်ထားသကဲ့သို့ပင်။

ဤအရာကို ပြောဆိုရမည်ဆိုလျှင်ဇာတ်လမ်းရှည်ကြီးပင်ဖြစ်၏။အတိုချုပ်ပြောရမည်ဆိုလျှင်နဂါးလေးသည်အသက်ဓာတ်များ ပြန်လည်ကောင်းမွန်ပြီးသည့်နောက်ပိုးအိမ်အကြီးကြီးတစ်ခုထဲသို့ရောက်ရှိခဲ့၏။ထိုအရာသည်သူ့အား စိတ်သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။ သို့ပေမဲ့သူသည်သူ့လည်ပင်းသူ ညစ်ကာဖြင့်အော်ဟစ်လျက်ရှိနေ၏။ “ထွက်လာ။ ထွက်လာပြီးတော့ ငါ့ကို ကူညီ။ ပြီးတော့နဂါးမျိုးနွယ်တစ်ခုလုံးကို သုတ်သင်ပစ်၊ကူညီမလား။ မကူညီဘူးလား ပြော”

စနစ် “…….”

“ထွက်လာမှာလား၊ မထွက်လာဘူးလား”

“ထွက်လာမှာလား၊ မထွက်လာဘူးလား”

ကျွင်းချောင်ရှောင်းသည်သူ့လည်ပင်းကို သူ ပြင်းပြင်းထန်ထန် ညစ်လျက်ရှိ၏။ နောက်ဆုံးတွင်မည်သို့မှမတတ်နိုင်တော့ဘဲ စနစ်က ပူးပေါင်းလိုက်ရသည်။ “ကောင်းပြီ။ ကောင်းပြီ။ ထွက်လာမယ်။ငါထွက်လာမယ်”

လက်ခံသူ၏ ခန္ဓာကိုယ်ထဲတွင်နေထိုင်ရသည်ဖြစ်သောကြောင့်တစ်ဖက်လူသေဆုံးသည်ဆိုပါက သူသည်လည်း သေဆုံးသွားမှာဖြစ်၏။ချက်ချင်းပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှအလွန်အားကောင်းလှသော စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ပြီးနောက်သူ၏နဖူးနှင့် ဝတ်ရုံပေါ်တွင်စနစ်ဆိုသည့်စာလုံး ပေါ်ပေါက်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင်အလွန်အားကောင်းလှသော စွမ်းအင်လှိုင်းများနှင့် ပြည့်နှက်လာခဲ့၏။

“နဂါးလေး… ငါ မင်းအတွက်လက်စားချေမယ်”

ဆွစ်

ပြီးသည့်နောက်သူသည်ချက်ချင်းပဲ ပျောက်ကွယ်သွား၏။ နဂါးလေးကို စောင့်ကြပ်လျက်ရှိနေသည့်ရှောင်မိုရှန်း သည်မျက်လုံးအပြူးသား ဖြစ်သွားခဲ့၏။ “သခင် ရုတ်တရက်ကြီး ပျောက်သွားတာလား”

စနစ်၏ကူညီထောက်ပံ့မှုနှင့်အတူ ကျွင်းချောင်ရှောင်း၏ အမြန်နှုန်းသည်ကြောက်မက်ဖွယ်ရာကောင်းသည့်အခြေအနေသို့ရောက်ရှိသွားခဲ့၏။မျက်စိတမှိတ်အတွင်းမှာပဲ သူသည်အင်ပါယာနန်းတော်၏အထက်ကောင်းကင်ယံတွင်ပေါ်ပေါက်လာသည်။

ကုန်းစွန်းရော့လီသည်တစ်ချက်ကလေးမှသတိမပြုမိခဲ့ချေ။သူမအား ပိုမိုကာ တုန်လှုပ်မိစေသည်မှာ နဂါးနီမင်းကြီး အား လက်သီးတစ်ချက်တည်းဖြင့်ထိုးနှက်ကာ သတိလစ်မေ့မျောအောင် ပြုလုပ်ခဲ့ခြင်းပင်။ ကြောက်မက်ဖွယ်ရာကောင်းလှချေ၏။

ဂလု

တခြားသောနဂါးဘုရင် နှစ်ယောက်တို့သည်တပြိုင်နက်တည်း တံတွေးကို မြိုချလိုက်မိ၏။ ၎င်းတို့၏အားအင်အဆင့်သည်နဂါးနီဘုရင်ထက်မည်သို့မှအားမကောင်းလှချေ။သို့ပေမဲ့တစ်ဖက်လူသည်နဂါးနီမင်းကြီးအား တစ်ချက်တည်းနှင့် သတိလစ်မေ့မျောအောင် ရိုက်နှက်နိုင်သည်ဆိုသောကြောင့်သူတို့ကိုလည်း ချက်ချင်းပင်အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။

ဘန်း

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည်အမဲရောင်အကြေးခွံနှင့် နဂါးမင်းကြီး၏ အရှေ့ဆီသို့ရောက်ရှိလာခဲ့၏။သူသည်တစ်ချက်တည်းဖြင့်အလွန်အားကောင်းလွန်းလှသော စွမ်းအင်များကို စုစည်းကာဖြင့်ထိုးနှက်လိုက်၏။မြင်ကွင်းကို သေသေချာချာ ကြည့်ရှုရမည်ဆိုလျှင်အမဲရောင်အကြေးခွံများနှင့် နဂါးမင်းကြီး၏ မျက်နှာတစ်ခုလုံး သည် ရွှဲ့စောင်းသွားခဲ့ပြီးသည့်နောက်မျက်လုံးများသည် ပြူးထွက်လာခဲ့တော့၏။

ဘုတ်

ပြီးသည့်နောက်မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး လက်များ၊ ခြေထောက်များသည်တဆတ်ဆတ်နှင့်တုန်ယင်နေ၏။ လက်သီးတစ်ချက်တည်းနှင့် သတိလစ်မေ့မျောအောင်တိုက်ခိုက်ခဲ့ပြန်သည်။

အသူရာနဂါးဖြူသည်တုန်လှုပ်လျက်ရှိနေ၏။ သူသည် ကြက်သီးများပင်ထလျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းတစ်ယောက်သူ၏အရှေ့ဆီသို့ရောက်ရှိလာသည်ကို သိရှိပြီးသည့်နောက်သူ၏ခေါင်းကို သူ ဆုပ်ကိုင်ကာဖြင့်ပြောလိုက်မိ၏။ “ကိုယ်ဘာကိုယ်လုပ်လိုက်လို့ရလား”

“မရဘူး”

ဘုန်း

လေ့ကျင့်ရေးကွင်းပြင်၏မြေပြင်တစ်ခုလုံးသည်ချိုင့်ဝင်သွားခဲ့ပြန်၏။လက်ရှိအခြေအနေမှာတော့နဂါးကလန်၏နဂါးမင်းကြီးလေးယောက်တို့သည်သိုင်းလေ့ကျင့်ရေးကွင်းပြင်အနီးအနားတွင်လဲလျောင်းလျက်ရှိနေကြ၏။ ၎င်းတို့သည်မိသားစုများပင်ဖြစ်သည်မဟုတ်လား။

“……”

ကုန်းစွန်းရော့လီ၏ နှုတ်ခမ်းများသည်တုန်ယင်သွား၏။ မည်ကဲ့သို့သော နည်းစနစ်ကို သူ၏သားသည်အသုံးပြုခဲ့သောကြောင့်ချက်ချင်း အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကျင့်ကြံသူသုံးယောက်ကို မေ့မျောအောင်တိုက်ခိုက်နိုင်ခဲ့သနည်း။

ရွှီး

ကျွင်းချောင်ရှောင်းသည်မြေပေါ်သို့ဆင်းသက်လာပြီးသည့်နောက်ချီမင်နဂါးဘုရင်၏မျက်နှာအား လက်ဖြင့်ဆွဲကိုင်လိုက်၏။ ပြီးသည့်နောက်တွင်းကြီးထဲမှဆွဲထုတ်ကာဖြင့်အေးစက်စက်ပြောလိုက်၏။ “အသက်ရှင်နေရတာ နောင်တရတဲ့အထိ ခင်ဗျားကို ကျုပ်လုပ်ပြမယ်”

အကယ်၍နဂါးမင်းကြီးလေးယောက်တို့သေဆုံးသွားခဲ့လျှင် ပြဿနာသည် ပြီးဆုံးသွားမည်လား။ မပြီးဆုံးနိုင်သေးချေ။အဓိက ပြဿနာကြီးက အခုမှစတင်ခြင်းပင်ဖြစ်သည်။

“မင်း… မင်း”

ချင်းမင်နဂါးဘုရင်သည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်မိ၏။ အားကောင်းလှသော ကြောက်လန့်စိတ်သည်သူ၏ သိစိတ်ပင်လယ်ထဲတွင် ဖြစ်တည်လာ၏။ သူ၏ ဒဏ်ရာများသည် ပြင်းထန်လွန်းသည်မဟုတ်ချေ။သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည်သူ၏မျက်နှာကို ဆုပ်ကိုင်လိုက်ချိန်မှာတော့သူသည်မလှုပ်ရှားနိုင်တော့ပေ။ သူ၏ ကျောရိုးမကြီးတစ်ခုလုံးသည်စိမ့်တက်သွားခဲ့တော့၏။

ဘုန်း ဘုန်း

နန်းတော်၏အပြင်ဘက်မှာတော့တိုက်ပွဲသည်ဆက်လက်ကာ ဖြစ်တည်နေသည်။

“အားလုံးပဲ ရပ်ကြ” ရုတ်တရက်နားကွဲလောက်အောင်ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာ၏။

တည်နေရာအနှံ့ဆီမှတဖွဲဖွဲနှင့် ရောက်ရှိလာခဲ့သည့်နဂါးကလန်မှစစ်သည်တော်များသည်အမှတ်မထင်ဖြင့်ကလန်ဟောခန်းရှိရာဆီသို့လှမ်းကာ ကြည့်ရှု လိုက်သည်။

ခေါင်းတုံးနှင့်လူတစ်ယောက်သည်ချီမင်နဂါးဘုရင်၏မျက်နှာကို လက်တစ်ဖက်ဖြင့်ဆွဲကိုင်လျက်ရှိနေသည်။တခြားသော ဘေးတစ်ဖက်တစ်ချက်တွင်နဂါးမင်းကြီးသုံးပါးတို့သည်သတိလစ်မေ့မျောလျက်ရှိနေ၏။

နဂါးမင်းကြီး သုံးယောက်လုံး သတိလစ်မေ့မျောအောင် ရိုက်နှက်ခံရပြီးသည့်နောက် ကြမ်းတမ်းလှသော တိုက်ပွဲကြီးသည်ပြီးဆုံးသွားခဲ့သည်။

သို့ပေမဲ့နဂါးနန်းတော်တစ်ခုလုံးသည်အပျက်အစီးပြည့် ဖြစ်လို့နေခဲ့၏။များပြားလှသော အဆောက်အဦများ အားလုံးသည်အပျက်အစီးပုံအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး ရွှဲ့စောင်းလျက် ရှိသော ကလန်ဟောခန်းကြီးတစ်ခုတည်းသာလျှင်ကျန်ရစ်ခဲ့၏။

“အံ့အားသင့်စရာပဲ” စုရှောင်မို၏ မျက်လုံးများသည်တောက်ပလျက်ရှိနေသည်။နဂါးကလန်သည်အားနည်းလှသည်မဟုတ်ချေ။တိုက်ပွဲကြီးပြီးသည့်နောက်သူသည်နဂါးကလန်အား သနားနေသည်။

ရီရှင်းချန်သည်အမှန်ပင်စိတ်ပျက်နေမိ၏။ သူသည်နည်းနည်းကြာအောင်ထပ်မံကာ တိုက်ခိုက်ချင်နေသေးသည်။သို့ပေမဲ့အဆုံးသတ်မှာတော့ဂိုဏ်းချုပ်သည်နဂါးမင်းကြီးလေးပါးတို့ကို ရင်ဆိုင်တိုက်ခိုက်ပြီးသည့်နောက်နဂါးကလန်မှစစ်သည်တော်တို့အားလုံးသည်ကြောက်ရွံ့သွားခဲ့၏။

တိုက်ပွဲပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းသည် ကြီးမားသည့်ဆုံးရှုံးမှုကို ခံခဲ့ရ၏။ အနည်းဆုံး ကျွဲရိုင်းစက်ရုပ်ပေါင်း သုံးထောင်ထဲမှငါးရာလောက်သည်ဖျက်ဆီးခံလိုက်ရပြီး ထိုအရာသည်ကျန်းတယ်ကျွင်းအား အမှန်ပင်ဝမ်းနည်းစေခဲ့သည်။

နဂါးကလန်သည်မှာတော့ပိုမိုကာ ဆိုးရွားလွန်းလှသည်။ ကျွဲရိုင်းစက်ရုပ်များနှင့် နတ်ဆိုးစစ်သည်များ၏ လက်ချက်ကြောင့်သေဆုံးခဲ့ရသည့်နဂါးစစ်သည်တော်အရေအတွက်ကပင်လျှင်သုံးသောင်းမှငါးသောင်း နီးပါးခန့်ရှိ၏။ လက်ရှိအခြေအနေမှာတော့နန်းတော်တစ်ခုလုံးတွင်တော့အလောင်းများ၊ နဂါးကြွေးခွံများဖြင့် ပြည့်နှက်လျက်ရှိနေ၏။

နဂါးသင်္ချိုင်း …။

နဂါးလေးသည်ပိုးအိမ်ထဲတွင်အားမွေးလျက်ရှိနေတုန်းပင်။အထဲတွင်တော့ထူးခြားလှသော အလင်းများသည်တလက်လက်နှင့်တောက်ပနေ၏။ အခြေအနေတစ်ခုလုံးသည်ဆုံးဖြတ်၍မရနိုင်သေးချေ။ဘာဖြစ်မည်မှန်း သေချာ မသိနိုင်သေးချေ။

အင်း အင်း ….။

ကျွင်းချောင်ရှောင်းသည်သူ၏အင်္ကျီလက်ကို ခေါက်တင်ကာဖြင့်ဆောင့်ကြောင့်ထိုင်ချလိုက်သည်။သူ၏ လက်ထဲ တွင်တော့နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထိုင်ဆောင်ထားသည်။ချီမင်နဂါးဘုရင်၏မျက်နှာတစ်ခုလုံးသည်ရှုံ့မဲ့လျက်ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းအား ကျောက်တိုင်ကြီးပေါ်တွင်သံနှင့်တွဲကာ ရိုက်ထား သောကြောင့် ဖြစ်၏။သူသည်တစ်စက်ကလေးမှမလှုပ်ရှားနိုင်ခဲ့ချေ။သူသည်သာ မကသေးပေ။ တခြားသော ကျောက်တိုင်ကြီးများတွင်လည်း တခြားသောနဂါးဘုရင်များအား သံနှင့်ဆွဲကာ ရိုက်နှက်ထား၏။

“ဂိုဏ်း..ဂိုဏ်းချုပ်ကျွင်း”

သတိပြန်လည်ရရှိလာခဲ့သော အမဲရောင်အကြေးခွံနှင့် နဂါးဘုရင်သည်နာနာကျင်ကျင် ဖြင့်ပြောလိုက်၏။ “ကျုပ်... ကျုပ်တို့ခင်ဗျားရဲ့ပဋိညာဉ်သားရဲကို မထိခိုက်စေခဲ့ပါဘူး။ ကျုပ်တို့က အပြစ်ကင်းစင်ပါတယ်”

ချလွမ်ချလွမ်

ကျွင်းချောင်ရှောင်းသည်သူ၏ဓားအား ထပ်မံကာ သွေးလျက်ရှိနေ၏။ သူသည်ထက်ရှသည့်ဓားသွားအား အသာ ထိကြည့်ကာဖြင့်ပြောလိုက်၏။ “နဂါးလေးကို ခင်ဗျားတို့လေးယောက်ခေါ်သွားတာလေ။ ပုံမှန်အားဖြင့်တာဝန်ယူမှုဆိုတာ အားလုံးဆီမှာ ရှိနေရမယ်”

“ဂိုဏ်းချုပ်ကျွင်း”

နဂါးနီသည်စိတ်ဓာတ်တကျဖြင့်ပြောလိုက်၏။ “ကျုပ်တို့ချင်းမင်ကို မလုပ်ဖို့တားဆီးပါသေးတယ်။ဒါပေမဲ့သူက နားမထောင်ခဲ့ဘူး။ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပြီးတော့နဂါးအင်ပါယာခန္ဓာကိုယ်ကိုတောင်အတင်းထုတ်ယူခဲ့သေးတယ်”

“ဒီငကြောက်တွေ”ချင်းမင်နဂါးဘုရင်၏မျက်လုံးများတွင်ဒေါသတရားများနှင့် ပြည့်နှက်နေခဲ့သည်။

“မင်းက လှမ်းပြီးဆူငေါက်ဖို့အရည်အချင်း ရှိသေးတယ်ပေါ့”

နဂါးဖြူက ဆူငေါက်လိုက်၏။ “တကယ်လို့မင်းကြောင့်သာမဟုတ်ရင်ငါတို့ညီအစ်ကိုတွေရှက်ရွံ့စရာကောင်းလောက်အောင်ဒီလိုမျိုး တိုင်မှာ သံနဲ့ ရိုက်ခံထား ရမှာ မဟုတ်ဘူး”

ဆွစ်

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည်ဓားသွေးခြင်းအမှုကို ပြီးစီးသွားခဲ့၏။ ထို့ကြောင့်သူ၏တောက်ပြောင်လျက်ရှိနေသည့်နဂါးစိမ်းလခြမ်းဓားမော့ကြီးကို မြှောက်ကိုင်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ခင်ဗျားက ခေါင်းမာတဲ့ပုံပဲ။ စိတ်မပူနဲ့။သေခြင်းတရားထက်ပိုမိုဆိုးရွားတဲ့အသက်ရှင်သန်မှုဆိုတာ ဘာလဲ ခင်ဗျား သိစေရမယ်”

ဆွစ်ဆွစ်

ဓားအလင်းတန်းများသည်ပိုင်းဖြတ်သွားခဲ့၏။

အား.... အား

အစိမ်းရောင်နဂါးကြီး၏ အကြေးခွံများသည်တစ်ခုပြီးတစ်ခု ကွာကျလာခဲ့၏။ချင်းမင်နဂါးဘုရင်သည်မည်သို့မှမခံနိုင်တောချေ။သူသည်သွေးပျက်လုမတတ်အော်ဟစ်လျက်ရှိနေ၏။ ဤမြင်ကွင်းသည်အလွန်ရက်စက်လွန်း လှချေ၏။ထို့ကြောင့် မြင်ကွင်းအား သေသေချာချာ မပြောပြတော့ချေ။အားလုံးသောသူများအနေနှင့် ငါးကို အကြေးခွံခွာသည့်အခြေအနေမျိုးကို မျက်လုံးထဲ မြင်အောင်ကြည့်လိုက်လျှင်သိသာလှပေမည်။

နဂါးလေး၏ ခန္ဓာကိုယ်မှအကြေးခွံများသည်သဘာဝအားဖြင့်ကွာကျခဲ့ခြင်းဖြစ်၏။အဘယ်ကြောင့်ဆိုသော်နဂါး အင်ပါယာ၏ ခန္ဓာကိုယ်မရှိတော့သောကြောင့်ပင်။သို့ပေမဲ့ချင်းမင်နဂါးဘုရင်၏အကြေးခွံများမှာတော့ခွာချခြင်း ကို ခံနေရ၏။ တွေးကြည့်လိုက်ရုံနှင့် မည်မျှနာကျင်စရာကောင်းလိုက်မည်ဖြစ်ကြောင်းကို စဉ်းစားကြည့်နိုင်၏။

နဂါးမင်းကြီး သုံးယောက်တို့သည်မျက်လုံးကို တင်းတင်းပိတ်ထားပြီး တစ်ချက်ကလေးမှမကြည့်ရဲခဲ့ချေ။အဘယ်ကြောင့်ဆိုသော် ကြားနေရသည့်အော်သံကြီးကို နားထောင်လိုက်ရုံဖြင့်မည်မျှကြောက်မက်ဖို့ကောင်းသည့်အခြေအနေမျိုး ဖြစ်တည်နေသည်ကို ကောင်းကောင်းခံစားမိနေသောကြောင့်ပင်။

ဘန်း ….။

ခဏကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်နဂါးစိမ်းလခြမ်းဓားမော့ကြီးကို သူ၏ရှေ့တွင်ထောင်လိုက်၏။ကျောက်တိုင်ပေါ်တွင်သံနှင့်ရိုက်ခံထားရသော ချင်းမင်နဂါးဘုရင်သည်တစ်ကိုယ်လုံး ပြောင်ရှင်းနေပြီး ငါးရှဉ့်ကဲ့သို့ပင် ဖြစ်လို့နေ၏။ ခန္ဓာကိုယ်သည် ဖြူလျော်လျော်နှင့်သွယ်လှလွန်း၏။ လက်ရှိအခြေအနေတွင်အရသာမှုန့်များဖြူး၍ ကင်စားလိုက်မည်ဆိုလျှင်အလွန်ပင်အရသာရှိပေလိမ့်မည်။

“မင်း.. မင်း ငါ့ကိုသတ်”

“ခင်ဗျားက သေချင်တာလား”

ကျွင်းချောင်ရှောင်းသည်ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အဲလောက်မလွယ်ပါဘူး” သူသည်ပျံသန်းလိုက်၏။ ပြီးသည့်နောက်ချင်းမင်နဂါးဘုရင်၏နောက်ဘက်ဆီသို့နဂါးစိမ်းလခြမ်းဓားမော့ ကြီးဖြင့်ထိုးသွင်းလိုက်၏။ ပြီးနောက်တဖြည်းဖြည်းချင်း အောက်ဆီသို့ ပြန်လည်ကာ ဆွဲချပြန်သည်။

အား....

နာကျင်စရာကောင်းလှသည့်အော်သံကြီးသည် ဖြစ်ပေါ်လာ၏။ နဂါးအကြောကြီးသည်ဆွဲထုတ်ခြင်းကို ခံလိုက်ရ၏။ ဖြစ်စဉ်တစ်ခုလုံးသည်အလွန်တရာ နှေးကွေးပြီး ဖြည်းညှင်းစွာဖြင့် ဆွဲနှုတ်နေခြင်းဖြစ်၏။ထို့ကြောင့်နဂါးမင်းကြီးသုံးယောက်တို့သည်တစ်ကိုယ်လုံး တဆတ်ဆတ်နှင့်တုန်ယင်နေ၏။

“ခင်ဗျားတို့သုံးယောက်”

နတ်ဆိုးကဲ့သို့ပြောင်းလဲနေပြီဖြစ်သော ကျွင်းချောင်ရှောင်းသည်အေးစက်စက်ဖြင့်ပြောလိုက်သည်။ “ပြီးရင်ခင်ဗျားတို့အလှည့်ပဲ”

“ဂိုဏ်းချုပ်ကျွင်း”

အမဲရောင်အကြေးခွံနှင့် နဂါးမင်းကြီးသည်ကြောက်လန့်ရလွန်းသောကြောင့်မျက်ရည်များပင်ဝိုင်းလျက်ရှိ၏။ “ကျုပ် … ကျုပ် …. ကျုပ်တို့မှားပါပြီ”

“အင်း …. မှားပြီဆိုမှတော့အပြစ်ပေးခံရမှာပေါ့”

ကျွင်းချောင်ရှောင်းသည်တောက်ပလျက်ရှိနေသည့်နဂါးစိမ်း လခြမ်းဓားမော့ကြီးကို မြှောက်ကိုင်လိုက်၏။သို့ပေမဲ့အပြစ်ပေးရန် ပြင်ဆင်လိုက်သည့်အချိန်မှာပဲ ရှောင်မိုရှန်း သည်အလန့်တကြားဖြင့်ထအော်လိုက်၏။ “သခင်.. ကြည့်အုံး”

ကျွင်းချောင်ရှောင်းသည်ခေါင်းလှည့်ကာ ကြည့်ရှုလိုက်၏။တောက်ပလျက်ရှိနေသည့်အလင်းတန်းများနှင့် ဖြစ်တည်လျက်ရှိနေသည့်ပိုးအိမ်ကြီးသည် ရုတ်တရက်စတင်ကာ ကွဲထွက်လာသည်။

ဟူး

အကန့်အသတ်မဲ့သော နဂါးစွမ်းအင်များသည်လေထုထဲတွင် ဖြစ်တည်လာခဲ့ပြီး နဂါးဌာနေတစ်ခုလုံးကို ပျံ့နှံ့သွား၏။ ထိုလှိုင်းများနှင့် ထိတွေ့မိသည့်နဂါးများသည်မည်သို့မှမနေနိုင်တော့ဘဲ ၎င်းတို့၏အစစ်အမှန်အသွင်အပြင်နဂါးများအဖြစ်ပြောင်းလဲသွားခဲ့ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှနဂါးအကြေးခွံတချို့သည်အတင်း ဆွဲနှုတ်ခြင်းကို ခံခဲ့ရ၏။

ဝှစ်ဝှစ်

နဂါးကြေးခွံများသည်စုစည်းလာပြီးသည့်နောက်နဂါးသင်္ချိုင်းဆီသို့ပျံသန်းလာခဲ့သည်။ကလန်၏ဟောခန်း ရှေ့တွင်ရှိနေသော စုရှောင်မိုသည်ထိုထူးဆန်းသည့် မြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့အံ့အားတသင့်ဖြင့်မေးလိုက်မိသည်။ “ဒါ ဘာတွေဖြစ်ကုန်တာပါလိမ့်”

All Chapters