လူပြောင်းသွားတာလား
Vol. 125 Ch. 1745
ရှီမာယူယူသည် ထိုလူများကို ကြည့်လိုက်သည်။ သူတို့သည် လူဒါဇင်မျှရှိကာ သူတို့၏အဝတ်ကို ကြည့်ခြင်းအားဖြင့် အားလုံးမှာ လူချမ်းသာသခင်လေး များဖြစ်ကြသည်ကို သိနိုင်သည်။ သို့သော် သူတို့သည် ကိုယ်ရံတော်များ အစေခံ များကို မခေါ်ခဲ့ကြပေ။ ထိုလူနှစ်ယောက်သည် အနည်းငယ်အထင်သေးစွာ ပြောဆိုနေသော်လည်း မဆိုးလှကာ သူမကို အလွန်တရာခွဲခြားဆက်ဆံခြင်း မပြုပေ။
“ကုန်းဇီယွမ် မင်း သူမကိုခေါ်ချင်လို့လား” ဖက်တီး ချောင်ချန်းအန်းသည် ကုန်းဇီယွမ်နားသို့ကပ်လာရင်း မေးလိုက်သည်။
“ဟုတ်တယ်” ကုန်းဇီယွမ် ခေါင်းညိတ်လိုက်သည်။
“ငါတို့ ပြိုင်ပွဲကျရော”
“နဂိုအစီအစဉ်အတိုင်းပဲသွားမယ်လေ” ကုန်းဇီယွမ်သည် မစဉ်းစားဘဲ ပြောလိုက်သည်။
“သူမကို မင်းနဲ့ခေါ်မလို့လား” ချောင်ချန်းအန်းသည် ကုန်းဇီယွမ်အား တအံ့တဩကြည့်လေသည်။ “မင်းတို့တွေ ဆက်ဆံရေးကောင်းကြတာ ငါသိပါ တယ် ဒါပေမဲ့ ဒါကပြိုင်ပွဲလေ ရှုံးတာကို အကြောင်းပြချက်ရှာမနေနဲ့”
“ကျွတ် ဘယ်သူနိုင်မလဲ ဘယ်သူရှုံးမလဲ မသိသေးပါဘူးကွာ” ကုန်းဇီယွမ်သည် လက်မခံနိုင်သလိုပြောသည် “မင်းရှုံးမှသာ ထိုင်မငြင်းနဲ့”
“မင်းကတော်တော် ကြွားတာပဲ ဒီအမှိုက်နဲ့ဆိုရင် မင်းကနိုင်မှာမို့လို့လား”
“အဲအချိန်ကျရင် သိလိမ့်မယ်” ကုန်းဇီယွမ် ပြန်ချေပလိုက်သည်။
ရှီမာယူယူနှင့်ဆိုလျှင်တောင် သူ့အတွက် အနိုင်ရရန်မှာ လွယ်ကူလှသည်။
မုမျိုးနွယ်၏သခင်လေး မုခိုင်အန်း ရောက်လာကာ ကုန်းဇီယွမ်၏ ပခုံးကို ပုတ်လိုက်သည် “ငါ လုံးဝကိုမသိလို့ပါ ကုန်းဇီယွမ် မင်းက ကုန်းဇီမျိုးနွယ်မှာ ပါရမီရှင်လို့ သတ်မှတ်ခံရတယ် ဒီလိုမျိုးမြို့တော်ဝန်အိမ်တော်က အမှိုက်နဲ့ ဘာလို့ တွဲသွားတွဲလာလုပ်နေရတာလဲ”
“ငါလုပ်ချင်လို့လေ မင်းက ဘာလုပ်ချင်နေတာလဲ” ကုန်းဇီယွမ်သည် သူ့ လက်ကိုပုတ်ချပြီး ရှေ့သို့ခြေလှမ်းကျဲများဖြင့် လျှောက်သွားလေသည်။
“ဟင် ဒီကောင်ဘာတွေဖြစ်နေတာလဲ” မုခိုင်အန်းသည် ကုန်းဇီယွမ်အား တအံ့တဩ ညွှန်ပြလေသည်။ “ငါ အရင်က ပြောတုန်းက ဒီလောက်ကြီး မတုံ့ပြန်ပါဘူး ဒီတစ်ခါ ငါ့ကိုဒေါသထွက်လိုက်တာလား”
“ဒီတစ်ခေါ် ယွမ်က ရှီအာကို ကြည့်တဲ့အကြည့် မတူတော့တာ သတိထား မိလား” ရှောင်မျိုးနွယ်၏ အကြီးဆုံးသခင်မလေး ရှောင်ရော့ပိုင်ပြောလိုက် သည်။ သူမ၏မျက်လုံးများသည် လှောင်ပြောင်နေပုံပေါက်သည်။
“မင်း ပြောချင်တာက…” မုခိုင်အန်းနှင့် ချောင်ချန်းအန်းတို့သည် မျက်လုံး များပြူးကျယ်သွားသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူတို့က အမြဲတမ်း ဒီလိုပဲ မဟုတ်ဘူးလား ဒီကောင်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီအမှိုက်ကို ကြိုက် မှာလဲ မဖြစ်နိုင်လိုက်တာ”
“ရှီအာက အရင်ကနဲ့မတူတော့တာ သတိထားမိလား” ရှောင်ရော့ပိုင် မေး လိုက်သည်။
“မတူတော့သလိုပဲ” မုရုန်အန်းသည် မေးစေ့ကိုပွတ်လိုက်သည် “အတိတ် မေ့နေလို့များလား”
“အတိတ်မေ့တာက လူတစ်ယောက်ရဲ့ အကျင့်ပြောင်းသွားစေလို့လား” ချောင်ချန်းအန်းသည် မယုံပေ “မင်းဆိုရင် ပြောင်းမယ်လို့ ထင်လား”
“ငါလား ငါသာအတိတ်မေ့မယ်ဆိုရင် အကျင့်ကတော့ သေချာပေါက် ပြောင်းမှာမဟုတ်ဘူး” မုခိုင်အန်းသည် အေးစက်စွာ နှာရှုတ်လေသည်။
“ဒါပေမဲ့ သူမက မတူဘူး သူမက အဲဒီအမှိုက်နဲ့ တစ်ထေရာတည်းတူနေ ပေမဲ့ ခံစားမှုကတော့မတူဘူး” ရှောင်ရော့ပိုင်သည် ပဟေဠိဆန်စွာ ပြောလိုက် သည် “အတိတ်မေ့သွားတာက သူမကို ပြဇာတ်ဆန်ဆန်ပြောင်းလဲသွားစေတာ လား”
“ဒီမှာ… ဘဘ်လိုပဲဖြစ်ဖြစ် ငါတို့က အချိန်တွေအတူ ကုန်ဆုံးရမှာပဲ၊ သူမ အကျင့်ပြောင်းမယ်လို့ ငါတော့မထင်ဘူး သူမရဲ့ပင်ကိုယ်စရိုက်ကတော့ အရင် အတိုင်းပဲနေမှာ” ချောင်ချန်းအန်း ပြောလိုက်သည်။
“မျိုးရိုးချောင် ခွေးတစ်ကောင်ကို ဆင်စွယ်ထွက်အောင် ဘယ်လိုလုပ်တာ လဲသိလား” ရှီမာယူယူသည် နောက်ပြန်လှည့်မကြည့်ဘဲ မေးလိုက်သည်။
“ငါက ဘယ်လိုလုပ်သိမှာလဲ” ရှီမာယူယူ သူတို့ စကားများကို ကြားသွား လိမ့်မည်ဟု ချောင်ချန်းအန်း ထင်မထားသဖြင့် အလိုလိုပြန်ဖြေမိလေသည်။ နောက်မှပင် သူပြန်တုံ့ပြန်ကာ အော်လိုက်သည် “မင်းက ငါ့ကိုခွေးလို့ခေါ်လိုက် တာလား”
“ခေါ်လိုက်လို့လား မင်းဘာသာမင်း နာမည်တပ်တာပဲ” ရှီမာယူယူ လှည့် သွားသည် “လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ အတင်းပြောတာ ကောင်းတဲ့ အကျင့်တော့မဟုတ်ဘူး”
“ငါ ဘယ်တုန်းက နောက်ကွယ်မှာပြောလို့လဲ ရှေ့တင် ပေါ်တင်ပြောနေ တာပဲ” ချောင်ချန်းအန်းသည် ပြန်ချေပလေသည်။
သူတို့သည် အရင်ကလည်း ပြောဖူးသည်။ သို့သော် မုရုန်ရှီတွင် ဝိညာဉ် စွမ်းအားမရှိသဖြင့် သူမ မကြားနိုင်ပေ။ အခု သူမ ကြားလိမ့်မည်ဟု သူ ထင်မထားပေ။
အတိတ်မေ့တာက အကြားအာရုံကိုပါ ကောင်းစေတာလား။
ရှီမာယူယူသည် အမည်းလေးကို လှုပ်ရှားမှုကိုငြိမ်သက်ရန် ပုတ်လိုက် သည်။ ထို့နောက် သူ့ကိုလှည့်ကြည့်လိုက်သည် “ကုန်းဇီယွမ်ဘေးမှာ ငါရှိနေရင် မင်းကိုမနိုင်ဘူးဆိုတာ မင်းသေချာလား”
“သေချာတာပေါ့ ငါက သူအရှုံးကိုဝန်ခံပြီး ငါ့ကိုအစ်ကိုကြီးလို့ခေါ်စေချင် တာလ”
“သူနိုင်သွားရင် ဘယ်လိုလုပ်မလဲ”
“ဒါဆိုရင် သူက အလိုလိုအစ်ကိုကြီးဖြစ်သွားမှာပေါ့”
“ဒါဆိုရင် ညီလေးလုပ်ဖို့သာ ပြင်ထားလိုက်တော့” ရှီမာယူယူ ပြုံးလိုက် သည် “မင်းရှုံးတာနဲ့ ယုံသွားလိမ့်မယ်”
“ကျွတ် အခုက စကားကြီးစကားကျယ်ပြောဖို့ အချိန်မဟုတ်သေးဘူး ဂူလန်တောင်ကိုရောက်မှ ဒီပြိုင်ပွဲမှာ ဘာသာလွန်ချက်မှမရှိဘူးဆိုတာ သိလိမ့် မယ်” ချောင်ချန်းအန်းသည် ပြုံးပြီး ပြောလိုက်သည်။
“ဟုတ်လား ဒါဆိုလည်း စောင့်ကြည့်တာပေါ့” ရှီမာယူယူသည် အလွန် ယုံကြည်ချက်ရှိနေသည်။ သူမသည် ဤကဲ့သို့ပင် တခြားသူများ၏ ချီးကျူးမှုကို ခံရလုနီးပါးပင်။ သို့သော် နောက်တစ်ခါဆိုလျှင် အားလုံးကျရှုံးရသည်သာ…
“ကုန်းဇီယွမ် ပြိုင်ပွဲက ဘာအကြောင်းအရာလဲ”
“….”
သူမက ပြိုင်ပွဲအကြောင်းအရာကိုတောင် မသိဘူးလား။
သူမက ဘာမှမသိဘဲနဲ့ ဒီလောက် ကြီးကျယ်နေတာလား။ ဒါကတော့ အရင်ကနဲ့ အတူတူပဲ။
သူမသည် သူမဖြစ်နေဆဲသည်ကို သူတို့ ယုံသွားရုံတင်မကပေ။ သူမ မှတ်ဉာဏ်များပျောက်သွားသည်ဆိုလျှင်တောင် သူမ၏ အကျင့်သည် လုံးဝ မပြောင်းပေ။
ကုန်းဇီယွမ်သည်လည်း ဆွံ့အသွားသည်။ သူမသည် အမှန်တကယ်ပင် ရှီအာနှင့်တူသည်။ ဒါပေမဲ့ အရင်က ရှီအာပြောတော့ကျ နောက်သလိုဖြစ်နေပြီး သူမကျတော့ လေးနက်တယ်လို့ ဘာလို့သူ ခံစားနေရတာလဲ။
“ရှီအာ ပြိုင်ပွဲအကြောင်းကို ဂရုစိုက်ဖို့မလိုပါဘူး ပြီးရင် ငါ့နောက်လိုက်ရုံ ပဲ ငါ မင်းကိုကာကွယ်ပေးမယ်” သူ ပြောလိုက်သည် “ငါ မင်းကိုခေါ်ထုတ်လာ တာ သေချာပေါက် ဘေးကင်းကင်းနဲ့ပြန်ပို့ရမှာပေါ့”
“ပြောရင်းနဲ့ မုရုန်ရှီ မင်းအရင်တစ်ခေါက်က ဘာဖြစ်ခဲ့တာလဲ ဘာလို့ တောင်ကမ်းပါးကနေ ပြုတ်ကျအောင် အလိုက်ခံရတာလဲ” ရှောင်ရော့ပိုင် မေး လိုက်သည်။
“ငါက ဘယ်လိုလုပ်သိမှာလဲ ငါတို့မိသားစုကို အားကျတဲ့လူတွေ အမြဲရှိတယ်လို့ အဖေပြောတယ်၊ သူတို့က အဖေ့ကိုမနိုင်တာနဲ့ ငါ့ကို လာမဲတာ ငါက အရင်ကအဖြစ်တွေကို မမှတ်မိတာတော့ နှမြောဖို့ကောင်းတယ် မဟုတ်ရင် လူသတ်သမားကိုရှာနိုင်မှာပဲ” ရှီမာယူယူသည် ပူပန်စွာပြောလိုက် သည် “ဒီအတိတ်မေ့တာကြီးက တကယ်စိတ်တိုစရာကောင်းလိုက်တာ”
“ဒီအတွက်တော့ စိတ်မပူပါနဲ့ ဦးလေးဟွေ့က တကယ်အားကောင်းတာပဲ ဘယ်သူလုပ်လဲဆိုတာ သိရမှာပါ” ရှောင်ရော့ပိုင် နှစ်သိမ့်လေသည်။
“အင်း ငါလည်း အဲလိုထင်တယ် ငါ့အဖေက ဘယ်သူမို့လို့လဲ သူ့ကို ဘယ်သူနိုင်မှာလဲ” ရှီမာယူယူ ရယ်လိုက်သည် “တစ်နေ့တော့ အဖေက အဲလူတွေကိုရှာပြီး ကျွန်အတွက် လက်စားချေပေးမှာပါ”
ကုန်းဇီယွမ်သည် အနောက်မှ နှုတ်ခမ်းတွန့်မိသည်။ ဒီတစ်ယောက်က ရှီအာနဲ့ ဘယ်လိုမှမပတ်သက်ဘူးလို့ မပြောခဲ့ဘူးလား။ လေသံက ဘာလို့ ဒီလောက်တူနေတာလဲ။
ရှီမာယူယူသည် သူဆွံ့အနေပုံကို ကြည့်ပြီးပြုံးလိုက်သည်။ မုရုန်ရှီရဲ့ လေသံကို လိုက်တုရုံတင်ပဲမဟုတ်ဘူးလား။ သူမက မုရုန်ရှီကိုမမြင်ဖူးပေမဲ့ မြို့ဝန်အိမ်တော်မှာ လူတွေအများကြီးပဲလေ။ ထင်စန်းနဲ့ထင်ရွှေရှိနေတာပဲ။ သူမ ဘယ်လိုလဲဆိုတာ မသိဘဲနေမလား။
“ဒါနဲ့ ခုနောက်ပိုင်း ဂူလန်တောင်က လူစည်လာတယ်ဆို ဘာလဲ မင်းတို့ ပြိုင်ပွဲနဲ့ ဆက်စပ်လို့လား” သူမ မေးလိုက်သည်။
“မင်း မသိဘူးလား”
“အဖေက အရင်တစ်ခေါက် ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး လန့်သွားလို့ ငါ့ကို အပြင်ထွက်ခွင့်မပေးဘူး အပြင်သတင်းတွေကိုလည်း နားမထောင်ခိုင်းဘူး အဲဒါ ကြောင့် ဘာမှမသိဘူး” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။
“မင်း တကယ်ပဲအိမ်မှာနေရတာပဲ” အားလုံးသည် သူမကို တအံ့တဩ ကြည့်ကြလေသည်။
“အံ့ဩမနေနဲ့ ဘာတွေဖြစ်လဲ ပြောကြဦး” ရှီမာယူယူ တိုက်တွန်းလိုက် သည်။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး ဂူလန်တောင်က မရဏာ သားရဲတွေ က သန်မာလာကြတယ် ရတနာပေါ်တယ်ဆိုတဲ့ သတင်းလည်းရှိတယ် အဲသတင်းရတာနဲ့ ဂိုဏ်းအများစုလည်း အပြေးလာကြတာပဲ” မုခိုင်အန်း ရှင်းပြလေသည်။
“ရတနာပေါ်တယ်ဟုတ်လား အဖေက ဘာလို့ဘာမှမတုံ့ပြန်တာလဲ မင်း သတင်းက အတုတော့မဟုတ်ပါဘူးနော်” ရှီမာယူယူသည် ခေါင်းပွတ်ပြီး မျက်မှောင်ကြုတ်လိုက်သည် “မင်းသတင်းက စိတ်ချရရဲ့လား”
***