အခန်း ၁၅၉၄
Vol. 107 Ch. 1594
အပိုင်း(၁၅၉၄)
နဂါးကလန်၏ အမှတ်တမဲ့ မတော်တဆကိစ္စရပ်ကြီး ပြီးဆုံးသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆီသို့ ပြန်ရောက်ခဲ့၏။ သို့ပေမဲ့ အဓိက မြို့ဆီသို့ ခြေလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် အားနည်းမှုကို ခံစားလိုက်ရ၏။ စည်းဖွင့်ခြင်းအဆောင်၏ ဘေးထွက်ဆိုးကျိုးသည် ဖိနှိပ်နိုင်ရန် အလွန်ပင် ခက်ခဲလွန်းလှချေ၏။ ထို့ကြောင့် အကျိုးသက်ရောက်မှုဖြစ်တည်လာသည်နှင့် တစ်ပြိုင်နက် သူသည် ချက်ချင်းပင် အားနည်းလာခဲ့၏။ ယခုအချိန်အထိ တောင့်ခံထားနိုင်ခဲ့ခြင်းမှာ စနစ်သည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ကြောင့်ပင် ဖြစ်သည်။
“ငါ့သား”
ကုန်းစွန်းရော့လီသည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။ “ဘာတွေဖြစ်နေတာလဲ။”
“ဘာ …. ဘာမှမဖြစ်ပါဘူး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အားသုံးတာ အရမ်းများသွားလို့ ခဏလောက် အနားယူဖို့ လိုနေတာ။”
ကုန်းစွန်းရော့လီက နားလည်သွားမိ၏။ သူမ၏ သားသည် ထူးခြားလွန်းလှသော မှော်စွမ်းအင်ကို အသုံးပြုကာဖြင့် နဂါးမင်းကြီး ၃ပါးကို ရိုက်နှက်ခဲ့၏။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးကို ခံစားရနေခြင်းသာဖြစ်ပေလိမ့်မည်။ သူမသည် ထိုအချင်းအရာနှင့်ပတ်သက်၍ သိချင်လှသည်ဆိုသော်လည်း ထပ်မံကာ မမေးခဲ့ချေ။ သူမ၏ သားသည် အပြင်ဘက် တွင် ရှင်သန်နေထိုင်ရင်း ထူးခြားလှသည့် အခွင့်အရေးတစ်မျိုးမျိုးကို ရရှိပိုင်ဆိုင်ခဲ့ခြင်းလည်းဖြစ်နိုင်၏။
အခြားတစ်ဖက်က ကြည့်လျှင် အဖေတစ်ယောက်အနေနှင့် သူသည် သူ၏ တာဝန်များကို မပြည့်စုံခဲ့ချေ။ ထို့ကြောင့် ဤကဲ့သို့သော ခံစားမှုမျိုးကို ဖြေသိမ့်နိုင်ရန်အတွက် သူမ၏ ချွေးမကို ခေါ်ယူကာဖြင့် လေ့ကျင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း သာဖြစ်သည်။
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ပျော်ရွှင်သွားမိ၏။ “စည်းဓားမော့ကြီး၏ ဘေးထွက်ဆိုးကျိုးက ဆိုးကျိုးတစ်ခုပဲ ရှိတာကိုး။”
နဂါးလေးအတွက် လက်စားချေနိုင်ရန်အတွက် စနစ်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့၏။ ထို့အတွက် ဆိုးရွားလွန်းလှသော ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်မည်ဟု သူက ကြိုတင်ကာ ပြင်ဆင်ခဲ့ပြီးသား ဖြစ်သည်။ သို့ပေမဲ့ ထိုအရာသည် မဖြစ်ပေါ်ခဲ့သလို သူ၏ အမှတ်သုံးမျိုးလုံးသည်လည်း ကုန်ဆုံးမသွားခဲ့ချေ။ သူသည် အမှန်ပင် ပျော်ရွှင်မိသည်။
“ပျော်မနေနဲ့။”
စနစ်က ပြောလိုက်၏။ “ငါ လက်ခံသူကို ပြောချင်တာ တစ်ခုရှိသေးတယ်။”
“ဘာလဲ။”
“နဂါးနယ်မြေထဲမှာ ငါ့ရဲ့စွမ်းအင်တွေကို ထုတ်ဖော်အသုံးပြုလိုက်တဲ့အချိန်မှာ တည်နေရာတစ်ခုခုကို သွားပြီးတော့ သက်ရောက်နိုင်လိမ့်မယ်။ အဲဒါက ခန့်မှန်းလို့မရနိုင်တဲ့ အကျိုးဆက်တွေဖြစ်လာနိုင်မှာတောင် စိုးရတယ်။”
“ဥပမာတစ်ခုခုပြောပြ”
“ငါလည်းမသိဘူး။”
“……”
ကျွင်းချောင်းရှောင်းသည် ဆွံ့အသွားမိ၏။ “
“ဒါပေမဲ့”
စနစ်က ထပ်ပြောလိုက်၏။ “နဂါးနယ်မြေရဲ့ အတွင်းကို သေသေချာချာ သုံးသပ်ကြည့်တဲ့အချိန်မှာ တည်နေရာစနစ်က ပုံမှန်အတိုင်းပဲ ရှိနေတယ်။ ဘာတစ်ခုမှ ပျက်စီးတာမျိုးမရှိဘူး။ ဒီတော့ အထက်နယ်မြေရဲ့ တစ်နေရာရာကို သွားပြီးတော့ ထိခိုက်တာမျိုး ဖြစ်နေလိမ့်မယ်။”
“ဘာပဲဖြစ်ဖြစ် အဆင်ပြေနေတယ်ဆိုရင် ပြီးတာပဲလေ။” ကျွင်းချောင်းရှောင်းက ပြောလိုက်သည်။
စနစ်က ပြောလိုက်၏။ “မသိနိုင်တဲ့အန္တရာယ်တွေဖြစ်လာမှာကိုတော့ စိုးရိမ်ရတယ်လား။”
အမှန်ပင်ဖြစ်သည်။ ဤအန္တရာယ်သည် အမှန်ပင် ဖြစ်လာခဲ့၏။ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ကို စနစ် ထိန်းချုပ် လိုက်သည်နှင့်တပြိုင်နက် အထက်နယ်မြေ၏ တစ်နေရာတစ်ခုတွင် တည်နေရာအက်ကွဲကြောင်းကြီး တစ်ခုဖြစ်တည်ခဲ့၏။ ထိုတည်နေရာကြီးသည် နတ်ဆိုးနယ်မြေ၍၌ ဖြစ်ပွားခဲ့ခြင်းပင်။
“ဟမ်”
နတ်ဆိုးနယ်မြေထဲတွင် ပိတ်မိလျက်ရှိနေသည့် နတ်ဆိုးအင်ပါယာသည် ရုတ်တရက် ကောင်းကင်ယံထက်တွင် သေးငယ်လှသည့် အက်ကွဲကြောင်းတည်နေရာ တစ်ခုပေါ်လာသည်ကို တွေ့ရှိလိုက်ရ၏။ ထို့ကြောင့် သူသည် ချက်ချင်းပဲ ပျော်ရွှင်သွားမိ၏။ “တစ်ယောက်ယောက်က စည်းကို ဖျက်ဆီးခဲ့တာလား။ အခွင့်အရေးပဲ။”
ဤအရာသည် ကြီးမားလှသည့်အခွင့်အရေးသာ ဖြစ်၏။ နတ်ဆိုးဘိုးဘေးကြီးသည် တစ်ချက်ကလေးမှ နှောင့်နှေး မနေဘဲ အပေါ်ဘက်ဆီသို့ ပျံတက်လိုက်၏။ သူသည် အက်ကွဲကြောင်းထဲမှ ထွက်လာရာ၌ ကလေး တစ်ယောက် မိခင် ၀မ်းဗိုက်ထဲမှ တိုးထွက်လာသကဲ့သို့ပင် ကျဉ်းကျဉ်းကြပ်ကြပ်နှင့် တိုးထွက်လာခဲ့၏။ နောက်ဆုံးမှာတော့ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ ဖုံးကွယ်ထားသည့် စိတ်ဝိညာဉ်ကျွန်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ ကျွင်းချောင်းရှောင်းနှင့်ယုစီနန်တို့သည် အမှတ်တမဲ့နှင့် ဤအင်ပါယာကြီးအား နတ်ဆိုးနယ်မြေထဲတွင် ပိတ်လှောင်ခဲ့မိ သည်။
လက်ရှိအခြေအနေတွင် ကျွင်းချောင်းရှောင်း၏ ခန္ဓာကိုယ်အား စနစ်က အသုံးပြုလိုက်သည့်အချိန်မှာတော့ အမှတ်တမဲ့ဖြင့် ပြန်လည်ကာ ထုတ်ပေးလိုက်သလို ဖြစ်ခဲ့၏။ ထို့ကြောင့် နတ်ဆိုးဘိုးဘေးကြီး၏ အောင်မြင်မှုသည် ကုန်းရှန့်နှင့် သက်ဆိုင်လျက်ရှိနေပြီး နတ်ဆိုးဘိုးဘေးကြီး၏ ကျဆုံးမှုသည်လည်း ကုန်းရှန့်နှင့် သက်ဆိုင်နေ၏။
………
အနောက်ပင်လယ်၏ အတွင်းပိုင်း
နတ်ဆိုးဘိုးဘေးကြီးသည် လေထုထဲတွင် ကြောင်အအနှင့် ရပ်လျက်ရှိ၏။ အချိန်အတော်ကြာပြီးသည့်နောက် သူသည် ရုတ်တရက် ထအော်လိုက်မိ၏။ “ငါရဲ့ ကျွန်းကြီးဘယ်ရောက်သွားတာလဲ။”
မှန်ပေသည်။ သူရှိနေရာ တည်နေရာသည် ဖုံးကွယ်ထားသည့် စိတ်ဝိညာဉ်ကျွင်းတည်ရှိခဲ့ရာနေရာပင်ဖြစ်၏။ သို့ပေမဲ့ ယခု ထိုကျွန်းကြီး တစ်ခုလုံးကို ရှာဖွေမတွေ့ရှိခဲ့သလို အစီအရင်၏ အော်ရာများကိုလည်း ရှာဖွေမတွေ့ရှိခဲ့ချေ။ အရာအားလုံးသည် အငွေ့ပြန်ကာ ပျောက်ကွယ်သွားခဲ့သလိုပင်။
“နားလည်ပြီ။ နားလည်ပြီ။”
သူ့အနေနှင့် နတ်ဆိုးနယ်မြေထဲတွင် ပိတ်လှောင်ခံထားရသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင် အထပ်ထပ်ကြိုးစားခဲ့သည်ဆိုသော်လည်း ကျဆုံးခဲ့ခြင်းမှာလည်း အံ့အားသင့်စရာ မဟုတ်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ချိတ်ဆက်ထားသည့် ကျွန်းကြီးသည် ပျောက်ကွယ်သွားသောကြောင့်ပင်။
ဝေါ့ …။
နတ်ဆိုးဘိုးဘေးကြီးသည် မည်သို့မှ မခံနိုင်တော့ဘဲ သွေးများ အန်ထွက်လာခဲ့တော့၏။ သူသည် အစီအရင်ကို အားကိုးကာဖြင့် နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်ခဲ့၏။ သို့ပေမဲ့ အထဲတွင် မည်သည့်အရာကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ ထို့အပြင် အပြင်ဘက်သို့ ပြန်လည်ထွက်လာသည့်အချိန်မှာတော့ သူ၏ ဌာနချုပ်ဟု သတ်မှတ်ထားသည့် ဖုံးကွယ် ထားသည့် စိတ်ဝိညာဉ်ကျွန်းကြီး တစ်ခုလုံးသည် ပျောက်ကွယ်သွားခဲ့၏။
ဟုတ်ပေသည်။ နတ်ဆိုးဘိုးဘေးကြီးသည် စိတ်ပိုင်းဆိုင်ရာအရ အလွန် အားကောင်းလွန်းလှ၏။ တစ်ခြားသော တစ်စုံတစ်ယောက်သာဆိုပါက ဤတည်နေရာတွင် ဒေါသထွက်လွန်းသောကြောင့် သေဆုံးသည်အထိ ဖြစ်နေမှာ သေချာသည်။
“ဘိုးဘေးကြီး”
ထိုအချိန်မှာပဲ အသုဘခန်းဆောင်မှ လက်ကျန်အဖွဲ့ဝင်များသည် ရောက်ရှိလာခဲ့ကြ၏။ ထိုအထဲတွင် အစောင့်အရှောက်ကြီး လည်း ပါဝင်နေ၏။ ၎င်းတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက်ရှိနေ သည်။ အမှောင်ထဲတွင် မီးပြတိုက်လေးတစ်ခုကို ရှာဖွေတွေ့ရှိသကဲ့သို့ပင်။
“ကျွန်း”
နတ်ဆိုးဘိုးဘေးကြီးက အော်ဟစ်လိုက်၏။ “ငါ့ကျွန်းကို ဘယ်သူခိုးသွားတာလဲ။”
“…….”
အစောင့်အရှောက်ကြီးနှင့် တစ်ခြားသောသူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အဘယ့်ကြောင့်ဆိုသော် သူတို့လည်း မသိရှိသောကြောင့်ပင်။
…….
ကျွင်းချောင်ရှောင်းသည် ကျောက်ရုပ်ထုမျိုးနွယ်ကလန်တွင် ရက်အနည်းငယ်ကြာ နားနေခဲ့၏။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် ပြန်လည်မကောင်းမွန်သေးချေ။ သို့ပေမဲ့ သူသည် လှုပ်ရှား၍တော့ ရနိုင်သေး၏။ ထို့ကြောင့်ပင်လျှင် ဝန်ကြီး ၃ပါးနှင့် မှူးမတ် ၉ပါးတို့ကို ခေါ်ယူကာဖြင့် ကျေးဇူးတင်သည့် ဂုဏ်ပြုစားပွဲတစ်ခုကို ကျင်းပခဲ့၏။
“ဒါက ကျုပ်တို့ လုပ်ကို လုပ်ရမယ့်အရာပါပဲ။” မင်းဆရာတစ်ယောက်က လှမ်းကာ ပြောလိုက်သည်။
နဂါးကလန်ထဲတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သူတို့သည် ဤခေါင်းဆောင်အသစ်အား အမှန်ပင် ချီးကျူးမိ၏။ ထို့အပြင် အဆင့်နိမ့်အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်တွင် ရှိနေသော ကျွမ်းကျင်သူတစ်ယောက်အား စက္ကန့်ပိုင်းအတွင်း သတိလစ် မေ့မျောအောင် ရိုက်နှက်နိုင်သူတစ်ယောက်လည်း ဖြစ်နေသည် မဟုတ်ပါလား။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏ ဝိုင်ခွက်ကို အသာမြှောက်ကာဖြင့် ပြောလိုက်၏။ “ကျုပ်ရဲ့အဖေက အရင်တုန်းက မျိုးနွယ်စုရဲ့ အတွင်းစည်းကိစ္စရပ်တွေကို မစီမံခဲ့ဘူးမဟုတ်လား။ ခင်ဗျားတို့ရဲ့ အကူအညီကြောင့်ပဲ ဒီမျိုးနွယ်စုကြီးတစ်ခုလုံးက သပ်သပ်ရပ်ရပ်နဲ့ ကောင်းကောင်းမွန်မွန် ဖြစ်တည်နေခဲ့တာပဲ။ လာကြ။ ဒီဝိုင်ခွက်နဲ့ ခင်ဗျားတို့အားလုံးကို ဂုဏ်ပြုပါတယ်။”
ဝန်ကြီး ၃ပါးနှင့် မှူးမတ် ၉ပါးတို့သည် အလောတကြီးဖြင့် သူတို့၏ ရှေ့တွင်ရှိနေသော ဝိုင်ခွက်များကို မြှောက်လိုက် ကြ၏။
မင်းဆရာက ပြောလိုက်သည်။ “ဒီလိုအရေးကြီးတဲ့ တာဝန်တွေကို ပေးအပ်ထားတဲ့အထိ ယုံကြည်မှုကို ရနေတာကြောင့်လည်း ကျုပ်တို့က ခေါင်းဆောင်ရဲ့ ကိုယ်စား ပြဿနာတွေကို ဖြေရှင်းပေးနေတာပါပဲ။”
“ဟုတ်တာပေါ့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်အစားလည်း ဆက်ပြီးတော့ မျိုးနွယ်စုကြီးကို စီမံခန့်ခွဲပေးပါအုံး။”
“ဟမ်”
ဝန်ကြီး ၃ပါးနှင့် မှူးမတ် ၉ပါးတို့သည် ကြောင်အသွားခဲ့ကြသည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အရိုးသားဆုံးပြောရမည်ဆိုရင် ကျုပ်က ထူးခြားလှတဲ့ နတ်ဘုရားစွမ်းအင်တစ်မျိုးကို ထုတ်ပြီး အသုံးပြုလိုက်တာကြောင့် အချိန်အတော်ကြာတဲ့အထိ အားနည်းနေအုံးမှာပဲ။ ဖြစ်နိုင်သမျှ ဂိုဏ်းကို ပြန်ပြီးတော့ အားပြန်မွေးမှ ဖြစ်လိမ့်မယ်။ ဒီတော့ ကလန်ရဲ့ အတွင်းရေး ကိစ္စရပ်တွေအကုန်လုံး ကို ယုံကြည်ရတဲ့ ခင်ဗျားတို့ဆီကိုပဲ အပ်ထားရတော့မှာ။”
ပြီးသည့်နောက် သူသည် ဝိုင်ခွက်ကို ထပ်မံကာ ကောက်ယူလိုက်၏။
“ဒါက”
ဝန်ကြီး ၃ပါးနှင့် မှူးမတ် ၉ပါးတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ရှုလိုက်ကြသည်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်သည် သူတို့အား အဘယ့်ကြောင့် ဤစားပွဲဆီသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်းကို နားလည်လိုက်ကြ၏။ သူတို့ကို ကျေးဇူးတင်စကားပြောဆိုရန် မဟုတ်ချေ။ ရှိရှိသမျှသော တာဝန်များအားလုံးကို ခေါင်းပေါ်တင်ချင်သော ကြောင့်ပင် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို ကောက်ကာ မော့သောက်လိုက်သည်။
“……….”
အားလုံးသောသူတို့သည် စိတ်ဓာတ်ကျလျက်ရှိ၏။ ခေါင်းဆောင်သည် ထိုကဲ့သို့ ပြောဆိုနေသည်ဆိုမှတော့ သူတို့ အနေနှင့် ငြင်းပယ်၍ မရနိုင်တော့ချေ။
“ကောင်းပြီ။”
မင်းဆရာတစ်ယောက်က ပြောလိုက်၏။ “ခေါင်းဆောင်အနေနဲ့ ကျုပ်တို့ကို ဒီလိုမျိုး ကြီးကြီးမားမား မျှော်လင့်ထားတယ်ဆိုမှတော့ ကျိန်းသေပေါက် ကလန် အတွက် အကောင်းဆုံး ပြုလုပ်ပေးပါမယ်။”
ယခင်ခေါင်းဆောင်ဟောင်းသည် အတွင်းရေးကိစ္စရပ်များအားလုံးကို အားလုံးသောသူတို့ဆီ လက်လွှဲပြီးသားဖြစ်၏။ ယခု ခေါင်းဆောင်အသစ်သည်လည်း ထိုကဲ့သို့ပင် ပြုလုပ်ချင်နေ၏။ သူတို့အနေနှင့် ကြီးမားလှသော ပြဿနာများကို ဆက်လက်ကာ ပုခုံးထမ်းတင်ထားရန်သာ ရှိတော့သည်။
……
ဟုတ်ပေသည်။ ကုန်းရှန့်အနေနှင့် တကယ်တမ်းရှိရှိသမျှ အရာအားလုံးကို လက်လွတ်စပယ်ဖြင့် ထားခဲ့လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ကုန်းစွန်းရော့လီသည် သူ့အား သေသေချာချာ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူသည် လည်း ကျိန်းသေပေါက် တာဝန်ယူမှ ဖြစ်ပေလိမ့်မည်။
ထို့အပြင် မကြာခင်၌ ကြယ်တာရာစိတ်ဝိညာဉ်ကမ္ဘာမှ လူများသည် ကျူးကျော်လာပေလိမ့်မည်။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် အထက်ပိုင်း အထက်နယ်မြေတစ်ခုလုံးတို့သည် ကာကွယ်နိုင်မလား၊ မကာကွယ်နိုင်မည်လား ကို သူ သေသေချာချာ မသိချေ။ သို့ပေမဲ့ ပြင်ဆင်ထားရန်သာ လိုအပ်နေသေး၏။
“ရပြီ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ဂိုဏ်းပြန်ရောက်ရင် ဟောခန်းသခင်ရွှဲ့ကို ဒီကို ခေါ်ပြီးတော့ ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှာရှိတဲ့ စစ်သည်တွေကို သေသေချာချာလေ့ကျင့်ပေးဖို့ တာဝန်ပေးရမယ်။ ဒါမှ တကယ့်ကို စစ်တပ်ကြီးတစ်ခုလိုမျိုး တိုက်ခိုက်နိုင်စွမ်းရှိမှာ။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်သည် စစ်တပ်တစ်ခုတည်ရှိပြီးသားဖြစ်၏။ သို့ပေမဲ့ ရှုပ်ထွေးလွန်းလှချေ၏။ ကောင်းမွန် လှသည့် အမိန့်နာခံမှုလည်း မရှိကြချေ။ အပြင်ပိုင်းတွင် အားအင်အဆင့်ကောင်းမွန်လှသည်ဆိုသော်လည်း အစွမ်းထက်လှသည့် တိုက်ခိုက်မှုများကို ပြုလုပ်ရန် ခက်ခဲလှချေ၏။ ထို့အပြင် ချပ်ဝတ် ……။
“အားလုံးကို ချပ်ဝတ်တွေပေးဖို့ အချိန်ကြပြီပဲ။”
ကြယ်တာရာစိတ်ဝိညာဉ်ကမ္ဘာသည် အထက်နယ်မြေဆီသို့ လာရောက်ရဲသည်ဆိုမှတော့ ၎င်းတို့အနေနှင့် လူအများကြီးကို စေလွှတ်မှာသေချာ၏။ သူ့အနေနှင့် ကြိုတင်ကာ ကြီးမားသည့်ကိစ္စရပ်များကို ပြင်ဆင်ထားမှ ဖြစ်ပေလိမ့်မည်။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းသည် ထိုအရာကို မခုခံနိုင်သည်ဆိုပါက သူသည် အားလုံးသောသူများကို ဦးဆောင်ကာဖြင့် တိုက်ခိုက်ရန်သာရှိတော့၏။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါရမ်းကာဖြင့် ပြောလိုက်သည်။ “ငါ လောကကြီးကို ထပ်ပြီးတော့ ကယ်တင်ရအုံးမှာလား။”
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သူသည် လောကကြီးအား အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ရ၏။ ယခု အထက် နယ်မြေသို့ ရောက်ရှိသည့်အချိန်တွင် သူ၏ နည်းလမ်းဟောင်းအတိုင်း လောကကြီးကို ကယ်တင်နေရပြန်သည်။
ထွီ
စနစ်သည် မည်သို့မှ မနေနိုင်တော့ဘဲ တံတွေးပင် ထွေးလိုက်မိ၏။
ဟုတ်ပေသည်။ အပြင်ဘက်လောကမှ မျိုးနွယ်စုများ လာရောက်ကျူးကျော်ခြင်းကို ကယ်တင်ခြင်းသည် လောကကြီး ကို ကယ်တင်ခြင်းတစ်ခုသာဖြစ်၏။ သို့ပေမဲ့ လက်ခံသူ၏ အဓိကရည်ရွယ်ချက်သည် သူ့အတွက်သာ ဖြစ်သည်။ ဂိုဏ်းဂုဏ်သိက္ခာအမှတ်များ တိုးပွားလာရန် ဤကဲ့သို့ လောကကြီးကို ကယ်တင်ချင်နေခြင်းဖြစ်ကြောင်း စနစ်က ကောင်းကောင်းနားလည်၏။
“ဘာရည်ရွယ်ချက်ပဲရှိရှိ လောကကြီးကို ကယ်တင်တာက ကယ်တင်တာပဲလေ။ ဘာမှားနေလို့လဲ။” ကျွင်းချောင်ရှောင်းက ခွန်းတုံ့ပြန်လိုက်သည်။
“…….” စနစ်သည် ဆွံ့အသွားခဲ့၏။
အမှန်ပင်ဖြစ်တော့၏။ ဘာအကြောင်းအရာပဲဖြစ်ဖြစ် လက်ခံသူသည် လောကကြီးကို ကယ်တင်ခဲ့၏။ ထိုအရာကို ငြင်းပယ်ရန် ခက်ခဲလှ၏။
…….
ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကုန်းစွန်းဟုန့်အား ခေါ်ဆောင်ကာဖြင့် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆီမှ ဂိုဏ်းဆီသို့ ပြန်လာခဲ့၏။ နှင်းဆီဧကရီသည် လိုက်ပါမလာခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ကုန်းစွန်းရော့လီနှင့်အတူ ထွက်ခွာသွားသည် ဖြစ်သောကြောင့်ပင်။ ထိုကဲ့သို့သော ထွက်ခွာသွားမှုသည် ၂နှစ်တိတိ ကြာမြင့်မှာဖြစ်သည်။