အခန်း ၁၅၉၆
Vol. 107 Ch. 1596
အပိုင်း (၁၅၉၆)
နတ်ဆိုးဘိုးဘေးကြီးသည် အရှေ့ပင်လယ်ဆီသို့ သွားခဲ့၏။ ပြီးသည့်နောက် သေးငယ်လှသည့် ကျွန်းလေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အစီအရင်ကို ဖန်တီးကာ အတွင်း၌ တံခါးပိတ်၍ စတင်ကာ ကျင့်ကြံတော့သည်။ သူ့အနေနှင့် အားကောင်းလှသော နတ်ဆိုးစစ်သူကြီးများမရှိတော့လျှင်တောင်မှ ကိစ္စမရှိချေ။ ဖြစ်နိုင်သမျှ အမြန်ဆုံး သူ၏ အကောင်းမွန်ဆုံးသော အခြေအနေဆီသို့ ပြန်လည်ရောက်ရှိနိုင်သည်ဆိုပါက အထက်နယ်မြေတစ်ခုလုံးကို ပြဿနာရှာပြီး သူလုပ်ချင်ရာကို ပြုလုပ်တော့မည်ဖြစ်၏။
စိတ်ပိုင်းဆိုင်ရာ - ဤအရာသည် အလွန်ပင် အရေးကြီးလွန်းလှသည်။
ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည်လည်း ဤအခြေအနေတွင် လေးလေးနက်နက် စဉ်းစားလျက်ရှိ၏။
ဝိညာဉ်ကြံ့ခိုင်ခြင်းနတ်အတတ် - ဤအရာသည် ရီရှင်းချန်၏ ဝိညာဉ်ကို ဆွဲထုတ်နိုင်စွမ်းရှိနေသည်ဆိုမှတော့ သူသည် သင့်တော်သော ခန္ဓာကိုယ်ကို ရှာဖွေရပေလိမ့်မည်။ ထိုသို့ရှာဖွေရမည်ဆိုလျှင် အရည်အသွေး ကောင်းမွန်လွန်းသော ခန္ဓာကိုယ်ကို ရှာဖွေနိုင်မှသာလျှင် ဖြစ်ပေလိမ့်မည်။
“ဒါက အရမ်းကို ခက်ခဲလွန်းတယ်”
စနစ်က ပြောလိုက်သည်။ “အစစ်အမှန် ရှာဖွေခြင်းအဆင့်မှ မရှိရင် အလကားပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်၏။ “အဲတာဆိုရင် ရှာဖို့မလွယ်ဘူး”
အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆိုသည်မှာ အထက်နယ်မြေတစ်ခုလုံးတွင် စွမ်းအားမြင့် ကျင့်ကြံသူဟု သတ်မှတ် နိုင်စွမ်းရှိ၏။ အလောင်းကို ရှာဖွေတွေ့ရှိဖို့မဆိုနှင့် လူအကောင်လိုက်ကြီးကို ရှာဖွေတွေ့ရှိဖို့ ဆိုသည်မှာ အလွန်ပင် ခက်ခဲလွန်းလှ၏။
“နေအုံး”
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို တွေးတောလိုက်မိသည်။ ထို့ကြောင့် ပျော်ရွှင်စွာ ပြောလိုက်၏။ “နတ်ဆိုးဘိုးဘေးကြီးက ပြန်လည်ရှင်သန်လာတာ မဟုတ်လား။ သူက တကယ့်ကို ကောင်းမွန်တဲ့ ခန္ဓာကိုယ်တစ်ခုကို ပြန်လည်တည်ဆောက်နိုင်သင့်တယ်”
အသုဘခန်းဆောင် ဂိုဏ်းခွဲမှူးဆီမှ သူသိရှိခဲ့ရသမျှဆိုလျှင် နတ်ဆိုးဘိုးဘေးကြီး၏ ခန္ဓာကိုယ်သည် တည်ရှိနေ သေး၏။ ယခု သူပြန်လည်ရှင်သန်လာခဲ့ပြီဆိုမှတော့ ခန္ဓာကိုယ်လည်း တည်ရှိရပေမည်။ ထို့အပြင် နတ်ဆိုး နယ်မြေ တစ်ခုလုံး၏ အုပ်စိုးသူတစ်ယောက်ဖြစ်သည်မို့ ထိုခန္ဓာကိုယ်သည် အလွန်ပဲ မာကျောပြီး ကြံ့ခိုင်မှာ သေချာသည်။
“...........”
စနစ်က ပြောလိုက်၏။ “သူ့အနေနဲ့ ဒီကိုလာပြီး ပြဿနာမရှာရင်တောင် ကံတောင်းနေပြီလေ။ ဘယ်လိုဖြစ်ပြီး မင်းက သူ့ရဲ့ ခန္ဓာကိုယ်ကို လိုချင်နေသေးတာလဲ”
“ဒီနတ်ဆိုးအိုကြီးက ပြန်လည်ရှင်သန်လာတာ မကြာသေးဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အခု ဘာသတင်းမှလည်း မကြားသေးဘူးဆိုတော့ သူက တစ်နေရာရာမှာ ပုန်းအောင်းပြီးတော့ အားမွေးနေတာပဲ ဖြစ်ရမယ်။ တကယ်လို့ သူ့ကိုသာ ဖမ်းမိနိုင်မယ်ဆိုရင် အားညိုအတွက် ရှာဖွေရမယ့် ခန္ဓာကိုယ်ကိစ္စကဖြေရှင်းပြီးသွားပြီ”
ပြောပြီးသည့်နောက် သူသည် မိုးဆွေဟောခန်းဆီသို့ ထွက်ခွာသွားသည်။
လီလိုရှုက ပြောလိုက်၏။ “အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းက စုံစမ်းစစ်ဆေးနေတယ်ဆိုပေမဲ့ နတ်ဆိုး ဘိုးဘေးအကြောင်းကို လုံးဝရှာမတွေ့ကြဘူး”
“ဒီလူတွေက အသုံးဝင်တဲ့လူတွေမှ မဟုတ်တာ” ကျွင်းချောင်ရှောင်းသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းကိုလည်း အပြစ်တင်၍ မရချေ။ ယုစီနန်နှင့် ကျွင်းချောင်ရှောင်းတို့သည် အနောက်ဘက်ပင်လယ်တွင် တိုက်ခိုက်ခဲ့ကြ၏။ ထို့ကြောင့် နတ်ဆိုးဘိုးဘေးကြီး၏ တည်နေရာတစ်ခုလုံးသည် ပျက်စီးပျောက်ကွယ်သွားခဲ့ရ၏။ ထို့ကြောင့်ပင်လျှင် အထက်နယ်မြေတစ်ခုလုံးသည် နတ်ဆိုးဘိုးဘေးကြီး တည်ရှိရာနေရာကို ရှာဖွေ မတွေ့ရှိခြင်းပင် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် အစီအရင်ဟောခန်းဆီကို ထပ်မံကာ သွားခဲ့၏။ သူသည် စက်ရုပ်များအကြောင်းကို မမေးခဲ့ချေ။ သို့ပေမဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဖန်တီးပြုလုပ်ရာ၌ တိုးတက်မှုရှိလား၊ မရှိဘူးလား ဆိုသည်ကို စစ်ဆေးမေးမြန်းခဲ့သည်။
အထက်နယ်မြေတစ်ခုလုံးသည် အလွန်ကြီးမားလှ၏။ ထို့ကြောင့် သတ်မှတ်ထားသည့် တည်နေရာအတိုင်းအတာ အတွင်းတွင် တည်နေရာရွှေ့ပြောင်းခြင်းကို ပြုလုပ်နိုင်မည်ဆိုပါက အချိန်ကုန် အတော်သက်သာပေလိမ့်မည်။
“အမှိုက်”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “မင်းရဲ့ ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ် အစီအရင်စာအုပ်ထဲမှာ မှတ်သားထားတဲ့အရာက အဆင့်နိမ့် ဖြစ်နေတယ်လေ။ ပြီးတော့ ဒါကို ဖန်တီးပြုလုပ်ရတဲ့ နည်းလမ်းက အရမ်းကို ဆန်းကြယ်နေတယ်။ အကြီးအကဲကျန်း၊ ရှန့်ကွမ်းမိန်းကလေးနဲ့ ငါတို့က အထပ်ထပ် စစ်ဆေးပြီးမှသာလျှင် အောင်မြင်ခဲ့တာပဲ”
ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွားမိ၏။
“ဒါပေမဲ့”
ထိုက်ရွှမ်အဘိုးအိုက ထပ်ပြောလိုက်သည်။ “စွမ်းအင် အရင်းအမြစ်တွေ တော်တော်သုံးဖို့တော့ လိုအပ်တယ်”
“ဘယ်လောက်တောင် ကုန်မှာမို့လို့လဲ”
ယခင်အဆင့်နိမ့်နယ်မြေတုန်းက သူသည် အလွန်ကြီးမားလွန်းလှသော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကြီးကို ဖန်တီးခဲ့၏။ ထိုအရာကို အသုံးပြုရန်အတွက် သိုင်းကျင့်ကြံသူများ သည် စိတ်ဝိညာဉ် ကျောက်တုံးများကို အသုံးပြုရန် လိုအပ်ခဲ့၏။ ထို့ကြောင့် အထက်နယ်မြေ၌ တည်နေရာ ရွှေ့ပြောင်းခြင်းကို ပြုလုပ်နိုင်မည်ဆိုပါက စွမ်းအင်အတော်ကုန်ခမ်းမည်ကို သူနားလည်ပြီးသားဖြစ်၏။
“လူတစ်ယောက်ကို ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး”
“တစ်တုံးတည်းလား”
ကျွင်းချောင်ရှောင်းက ကြောင်အသွား၏။ စိတ်ဝိညာဉ်ကျောက်တုံးများ၏ တန်ဖိုးကို တွက်ချက်မည်ဆိုလျှင် ရွှမ်အဆင့်ဆိုသည်မှာ အောက်နယ်မြေ၏ စိတ်ဝိညာဉ်ကျောက်တုံးထက် ပိုမိုကာ အားကောင်း၏။ သို့ပေမဲ့ လက်ရှိ ကျွင်းချောင်ရှောင်း၏ ဂုဏ်သိက္ခာနှင့် ချမ်းသာကြွယ်ဝမှုအရဆိုလျှင် တပည့်များ အားလုံးကို ဤကဲ့သို့သော ပမာဏဖြင့် တည်နေရာ ရွှေ့ပြောင်းမည်ဆိုလျှင် အပျော်သဘောဖြင့် ဟိုဘက်သွားလိုက်၊ ဒီဘက်သွားလိုက် ပင် လုပ်နိုင်စွမ်း ရှိနေသည်။ ထို့အပြင် သူ့၌ရှိသော စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးသွားမည် ဆိုပါက နယ်မြေဟောခန်း သို့မဟုတ် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီသို့ သွားရောက်ကာ တောင်းခံ နိုင်သေး၏။
အဓိက မျိုးနွယ်စုကြီးသုံးစုကို ထိန်းချုပ်နိုင်စွမ်း ရှိနေပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပိုမိုကာ မာနကြီးလာ ခဲ့၏။ အချိန်ရမည်ဆိုလျှင် အကြွေးဟောင်းများကို ပြန်လည်တောင်းဆိုရန် သူသည် ထိုဂိုဏ်းများဆီသို့ သွားရောက် ရန် စဉ်းစားထားသေးသည်။
ဟုတ်ပေသည်။ ကြယ်တာရာ စိတ်ဝိညာဉ်ကမ္ဘာသည် အချိန်မရွေး ကျူးကျော်လာနိုင်၏။ ထို့ကြောင့် အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည် ခုခံရန် အဓိကတာဝန်ကို ယူထားရသည်။ ထို့ကြောင့် သူသည် တစ်ဖက်လူများကို ဆိုးဆိုးရွားရွား သွားမလုပ်သေးခြင်းသာဖြစ်၏။
“ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို အသုံးပြုပြီးတော့ ပြိုင်စံရှားဂိုဏ်းကနေ အရှေ့ပင်လယ်ဆီ ခရီး သွားလာနိုင်တယ်” ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။
“သောက်ကျိုးနည်း”
ကျွင်းချောင်ရှောင်းက အံ့အားသင့်သွားမိ၏။ “အဲလောက် အဝေးကြီး သွားနိုင်တာလား”
အောက်နယ်မြေတုန်းက ကျန်းတယ်ကျွင်းနှင့် ရှန်ကွမ်းရှင်းရောင်တို့ စီစဉ်ထားသည့် အထူးတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကြီးသည် သတ်မှတ်ထားသည့် တည်နေရာတစ်ခုကို သွားလာနိုင်ခဲ့သည်ဆိုသော်လည်း အရှေ့တောင်ရန်ကျူးမှသည့် အလယ်ပိုင်းဗဟိုဒေသဆီသို့ သွားလာနိုင်စွမ်းရှိ၏။ ထိုမှတဆင့်သာလျှင် တခြားသော တည်နေရာများကို ရွှေ့ပြောင်းသွားရခြင်းသာရှိသည်။ ယခု သူ၏ ထိုက်ရွှမ်အဘိုးအို ဖန်တီးတည်ဆောက်ထားသည့် အရာသည် အလွန်ဝေးကွာသည့် တည်နေရာကြီးဆီသို့ ရွှေ့ပြောင်းသွားလာနိုင်စွမ်းရှိသည်။ တကယ်ကို ကျွမ်းကျင် လှသူ ပီသလွန်းလှသည်။
“ဒါပေမဲ့”
ထိုက်ရွှမ်အဘိုးအိုသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “တည်နေရာရွှေ့ပြောင်းခြင်းအတွက် ကုန်ကျစရိတ်က နည်းပါးတယ်ဆိုပေမဲ့ တည်နေရာအစီအရင်ကြီးကို ဖန်တီးဖို့အတွက်ကတော့ အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းလောက် ကုန်လိမ့်မယ်”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးသည် အေးခဲသွားမိ၏။ သူကြားသည်မှာ မမှားချေ။ အစစ် အမှန် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းသာဖြစ်သည်။ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း မဟုတ်ချေ။
...................
ထိုက်ရွှမ်အဘိုးအိုသည် ဆန်းကြယ်ဂိတ်တံခါး သုံးဆယ့်နှစ်ကို သေသေချာချာ လေ့လာပြီးသည့်နောက် သူ၏ အစီအရင်နှင့် ပတ်သက်သည့် နားလည်မှုများနှင့် ပေါင်းစပ်ကာ အလွန်ကြီးမားလွန်းလှသော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကြီးကို ရဲရဲဝံ့ဝံ့နှင့် တိုးတက်အောင် ပြုလုပ်ခဲ့၏။ တည်နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးသည် ကြီးမားလှသောကြောင့် ထိုတည်နေရာ အစီအရင်ကြီးကို ဖန်တီးတည်ဆောက်ရာတွင် ကုန်ကျ စရိတ်ကလည်း ကြီးမားလွန်း၏။
ဘုတ်
ခဏလောက် ဝေခွဲမရ ဖြစ်နေပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ပေါင်ကို ပုတ်ကာပြောလိုက်၏။ “အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုရင်တောင်မှ တည်ဆောက်ရမှာပဲ”
အလွန်နာကျင်စရာ ကောင်းသည့် ကိစ္စရပ်ဖြစ်သည်ဆိုသော်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိသည်ဆိုပါက အလွန် အဆင်ပြေ ချောမွေ့ပေလိမ့်မည်။ သတင်းအချက်အလက်နှင့် ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းများကို ရွှေ့ပြောင်းရာတွင် ဤအရာသည် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လာမှာဖြစ်သည်။
ပြောနေစရာပင် မလိုချေ။ ကြယ်တာရာ စိတ်ဝိညာဉ်ကမ္ဘာသည် ရောက်ရှိလာလုနီးပါးဖြစ်၏။ ဤကဲ့သို့သော အစီအရင်မျိုး ရှိသည်ဆိုပါက ရင်ဆိုင်ရာတွင် ပိုမိုကာ အားကောင်းလာပေလိမ့်မည်။
“တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အထက်နယ်မြေတစ်ခုလုံးမှာ စီရင်မှာလား”
“............”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “လုပ်ချင်တာပေါ့။ ဒါပေမဲ့ အဲလောက်ကြီးထိ မတတ်နိုင်သေးဘူး”
တစ်သိန်း၊ တစ်သန်း၊ ဆယ်သန်း၊ ဘီလီယံတစ်ထောင် ထိုကဲ့သို့ များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို သူသည် မည်သို့မှ မတတ်နိုင်ချေ။
“အရေးကြီးတဲ့နေရာတွေကိုပဲ အရင်ဆုံး ရွှေးပြီးတော့ တည်ဆောက်ထားရမယ်”
ကျွင်းချောင်ရှောင်းသည် မြေပုံကို ထုတ်ယူပြီးသည့်နောက် အရေးကြီးသည့် တည်နေရာကို ရွေးချယ်လိုက်၏။ ကျောက်ရုပ်ထုမျိုးနွယ်နှင့် နဂါးနယ်မြေတို့၏ ဝင်ပေါက်တည်နေရာများလည်း အပါအဝင်ပင် ဖြစ်သည်။ ထိုမှ သာလျှင် သူသည် ချက်ချင်း ထိုနေရာများဆီသို့ သွားရောက်ကာ လည်ပတ်နိုင်မှာဖြစ်၏။
ညွှန်ကြားချက်ကို ရရှိပြီးသည့်နောက် အစီအရင်ဟောခန်းသည် စတင်ကာ ပြုမူတော့သည်။ ပထမဦးဆုံး သူတို့သည် စတင်ကာ သတ်မှတ်ထားသည့် တည်နေရာများကို ရွေးချယ်ကြသည်။ ပြီးနောက် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင် ဆိုသည်မှာ ဖြစ်သလို တည်ဆောက်၍ ရသည့်အရာ မဟုတ်ချေ။ တခြားသူများ တွေ့ရှိ မသွားအောင် ဖုံးကွယ်ထားရန်လည်း လိုအပ်သေး၏။ ဒုတိယအနေနှင့် အစီအရင်သည် ပိုမိုလုံခြုံသည့် တည်နေရာ တစ်ခုတွင် ရှိနေနိုင်ပြီး ပြင်ပလူများ၏ ဖျက်ဆီးမှုကို ကာကွယ်နိုင်ရန် အတားအဆီး အစီအရင်များလည်း ထပ်မံကာ စီရင်ရန်လည်း လိုအပ်နေ၏။ ကျွန်းတစ်ခုကို ရှာဖွေရန်ဆိုသည်မှာ လိုအပ်သည်။ သို့ပေမဲ့ အရှေ့ပင်လယ်ထဲတွင် ရှာဖွေရသည်မှာတော့ အခက်ခဲဆုံးပင်ဖြစ်၏။
“ကျွန်မ ထင်တာက”
ရှန့်ကွမ်းရှင်းရောင်သည် မြေပုံကို သေသေချာချာ ကြည့်ရှုပြီးနောက် ပြောလိုက်၏။ “ဒီလိုမျိုး အရမ်းချောင်ကျတဲ့ ကျွန်းတစ်ခုခုကို ရွေးချယ်ပြီး ရှာဖွေတာ ပိုကောင်းမယ်နဲ့တူတယ်”
“ဒါကအမှန်ပဲ” ကျန်းတယ်ကျွင်းက သဘောတူညီလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အရှေ့ပင်လယ်ထဲကို လူတချို့ စေလွှတ်ပြီးတော့ ရှာဖွေခိုင်းလိမ့်မယ်။ တကယ်လို့ သင့်တော်တဲ့ ကျွန်းတစ်ခုခု ရှိမယ်ဆိုရင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ကြ တာပေါ့”
ဆွစ် ဆွစ်
ထိုနေ့မှာပဲ ခရမ်းရောင်ဘုရင် ဦးဆောင်သော ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် သက်တန့်အတောင်ပံများကို အသုံးပြုကာဖြင့် အရှေ့ပင်လယ်ဆီသို့ ပျံသန်းသွားခဲ့၏။ ထိုသူများထဲတွင် လီထျန်းထျန်း၊ စီမာကျုံးတနှင့် ရမ်ရှန် တို့လည်း ပါဝင်သည်။ ဤကံကောင်းခြင်းဂိုဏ်းသားလေး ရမ်ရှန်ကို ထည့်လွှတ်လိုက်ရခြင်းအားဖြင့် ကုန်းရှန့်သည် မတော်တဆအားဖြင့် ရတနာများ ရှာဖွေတွေ့ရှိနိုင်မည်ဆိုသော မျှော်လင့်ချက်နှင့်ဖြစ်သည်။
..........
“အစောင့်အရှောက်ကြီး”
ပြိုင်စံရှားဂိုဏ်း၏ အပြင်ဘက် အမှောင်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာ၏။ “ပြိုင်စံရှား ဂိုဏ်းက တပည့်တွေ အပြင်ကို ထွက်လာပြီ”
“ဘယ်လောက်တောင်များလဲ”
“ရာကျော်ပေါ့”
“အရမ်းကောင်းတယ်”
အကြီးအကဲကြီးသည် အမှောင်ထဲမှ ထွက်လျှောက်လာပြီးသည့်နောက် အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။ “ဒီနေ့မှာ သူတို့ ပြန်သွားလို့ မရတော့ဘူး”
နတ်ဆိုးဘိုးဘေးကြီးသည် ပြိုင်စံရှားဂိုဏ်းကို ပစ်မှတ်ထားရန် သူ့အားတာဝန်ပေးအပ်ခဲ့သည်။ ထို့ကြောင့် သေသေချာချာ စဉ်းစားပြီးသည့်နောက် ဂိုဏ်း၏အပြင်ဘက်တွင် လာရောက် ပုန်းအောင်းရန် ဆုံးဖြတ်ခဲ့၏။ တပည့်များ အပြင်ဘက်သို့ ထွက်ခွာသည် ဆိုပါက သူသည် ရုတ်တရက် ချောင်းမြောင်းကာ တိုက်ခိုက်ရန် စဉ်းစား ထားခဲ့၏။ ဤနည်းလမ်းသည် ဆိုးရွားလှသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းကို တိုက်ခိုက်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းပင်ဖြစ်သည်။ ထိပ်တိုက်သာ ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက သူ့အနေနှင့် ဂိုဏ်းထဲသို့ မဝင်ရောက်နိုင်သေးခင်မှာပဲ လူမှန်းသူမှန်း မသိအောင် ရိုက်နှက်ခံရမှာ သေချာ၏။
“သွားကြရအောင်”
ဆွစ်
အစောင့်အရှောက်ကြီးသည် သူ၏နောက်လိုက်များကို ဦးဆောင်ကာဖြင့် နောက်မှ လိုက်ပါသွားခဲ့၏။ ပြိုင်စံရှား ဂိုဏ်း၏တပည့်များသည် အရှေ့ပင်လယ်ဆီသို့ ဦးတည်နေသည်ကို သိရှိပြီးသည့်နောက် သူသည် စိတ်ထဲမှ ကြိတ်ကာ ရယ်မောမိ၏။ “အရမ်းကောင်းလိုက်တာ။ ဘာမှ စိုးရိမ်စရာတောင် မရှိတော့ဘူး”
ရက်အနည်းငယ်ကြာပြီးသည့်နောက် ဟောခန်းသခင်ကျိသည် ပြိုင်စံရှားဂိုဏ်းတပည့်များကို ခေါ်ဆောင်ကာ အရှေ့ပင်လယ်၏ သေးငယ်လှသည့် ကျွန်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။ သေသေချာချာ သုံးသပ်ပြီးသည့်နောက် သူသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒီနေရာက မဆိုးဘူး။ စပြီးတော့ စီရင်ကြရအောင်”
“ကောင်းပါပြီ”
အစီအရင်ဟောခန်းမှ အဖွဲ့ဝင်များသည် မြေပေါ်သို့ ဆင်းသက်ပြီးသည့်နောက် လွတ်နေသော တည်နေရာကြီးတစ်ခုကို ဖွင့်လှစ်ကာ သီးခြားဖြစ်တည်ခြင်း အစီအရင်များ ဖန်တီး၏။ ပြီးနောက် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကို စတင်ကာ ဖန်တီးတော့၏။
ဆွစ်
အလင်းတန်းတစ်ချက် ဖြစ်တည်သွားပြီးသည့်နောက် အတားအဆီး အစီအရင်ကြီးသည် ဖြစ်တည်လာခဲ့သည်။
..............
ပြိုင်စံရှားဂိုဏ်း
ကျွန်းဘက်တွင် ရှိနေသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းပြီးသည့်နောက် ရှန်ကွမ်း ရှင်းရောင်က သတင်းပို့လိုက်သည်။ “ဂိုဏ်းချုပ်... တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ဖန်တီးပြီးသွားပြီ”
ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ကို ကောက်ကာ သောက်လိုက်၏။ သူ၏လက်သည် တုန်ယင်လျက် ရှိနေသည်။ အစီအရင်နှစ်ခုကြား ဆက်သွယ်မှု တည်ဆောက်နိုင်ခဲ့ပြီဆိုခြင်းမှာ သူ၏ အစစ်အမှန် စိတ်ဝိညာဉ် ကျောက်တုံးတစ်သန်း ကုန်ဆုံးသွားသည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်၏။
“အင်း”
ကုန်းရှန့်သည် တွေးတောလိုက်မိသည်။ “အဆင်ပြေချောမွေ့ချင်တယ်ဆိုရင်တော့ ငွေကြေးတွေ သုံးရမှာပါပဲ”
ဆွစ်
ထိုအချိန်မှာတော့ တည်နေရာ ရွှေ့ပြောင်းခြင်း ဂိတ်တံခါးဆီမှ လီထျန်းထျန်းက ထွက်ပေါ်လာခဲ့၏။
“ချီးတဲ့မှ... ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးဆိုတာလည်း ပိုက်ဆံပဲလေ။ ဒီကောင်လေး ဘယ်လိုဖြစ်ပြီး အားအားယားယား ဒီဘက်ကို ကူးလာတာလဲ”
“ဂိုဏ်းချုပ်”
လီထျန်းထျန်းသည် အလောတကြီးဖြင့် ပြောလိုက်သည်။ “ဟောခန်းသခင်ကျိနဲ့ အသုဘခန်းဆောင်က ကျွမ်းကျင်သူတွေက တိုက်ခိုက်နေကြတယ်”