ကြောက်နေရင်အဖေ့သမီးမဟုတ်တော့ဘူး
Vol. 125 Ch. 1746
“အဲသတင်းက ယုံရလားတော့ မသိဘူး ဒါပေမဲ့ လူတွေတော့ အများကြီး ရောက်လာတာပဲ အခုတလော မင်းကအပြင်မထွက်လို့မသိတာ အခုရက်ပိုင်း မြို့ကို လာတဲ့လူတွေအများကြီးပဲ” မုခိုင်အန်း ပြန်ဖြေလေသည် “သူတို့အကုန် လုံးက ရတနာနောက်လိုက်တာပဲ”
“စိတ်မချရသေးသလိုပဲ မြို့ထဲကလူတွေကလည်း ဘာမှမတုံ့ပြန်ကြဘူး အဝေးကလာတဲ့ အဲလူတွေက ဘာလို့အဲလောက်တောင် တက်ကြွနေတာလဲ” ရှီမာယူယူသည် လက်ခုပ်တီးလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ အကုန် ဒီရောက်နေကြမှတော့ စုံစမ်းကြတာပေါ့”
“မုရုန်ရှီ မင်းက အတိတ်မေ့နေပေမဲ့ သတ္တိရှိနေသေးတာပဲ ထပ်ပြီး ကံဆိုး မှာမကြောက်ဘူးလား” ချောင်ချန်းအန်း စနောက်လေသည်။
“ဘာကြောက်စရာရှိလို့လဲ ငါ ကြောက်နေရင် အဖေ့သမီးမဟုတ်တော့ဘူး” ရှီမာယူယူသည် အမည်းလေး ပုတ်လိုက်သည်။ အားလုံးသည် ရှေ့ဆက်သွားကြ လေသည်။
ရှီမာယူယူကို အထင်သေးခဲ့သော ကုန်းဇီယွမ်၊ ချောင်ချန်းအန်း၊ မုခိုင်အန်း နှင့် ရှောင်ရော့ပိုင်တို့ပင် ရှီမာယူယူကို အကောင်းမြင်လာကြသည်။ သူတို့သည် ဘာမှထပ်မလုပ်ရဲတော့ပေ။
သူတို့ မျက်လုံးထဲတွင် ရှီမာယူယူတွင် မြို့ဝန်အဖေရှိသည်။ မဟုတ်လျှင် သူမသည် အမှိုက်ဖြစ်နေဦးမည်။ သို့သော် ကျန်လေးယောက်မှာမတူပေ။ သူတို့သည် အားအကောင်းဆုံးမျိုးနွယ်မှ ပါရမီရှင်သခင်လေးများဖြစ်ကြသည်။ ထိုကဲ့သို့လူများသည် လူအလေးစားခံရဆုံးဖြစ်သည်။ သူတို့သည် ရှီမာယူယူကို လျှောင်ပြောင်ပြီး စော်ကားလျှင်တောင် အရှုံးမရှိပေ။
ထို့အပြင် သူတို့သည် နောက်လိုက်များဖြစ်သဖြင့် သူတို့အပေါ်တွင် မှီခို ရမည်။
သူတို့အဖွဲ့သည် တစ်ရက်မျှခရီးနှင်ပြီးနောက် ဂူလန်တောင်သို့ ရောက် လာသည်။ တောင်မှအန္တရာယ်များကြောင့် တောင်ထဲသို့မဝင်ခင် နေရာလွတ် တစ်ခုရှာကာ ခေတ္တမျှ စခန်းချကြသည်။
ရှီမာယူယူသည် ထိုပစ္စည်းများကို ပြင်ဆင်ပြီးသားဖြစ်သည်။ သူမသည် တဲကိုကျွမ်းကျင်စွာပင် ထုတ်ကာ ဆောက်လေသည်။ အားလုံးသည် တစ္ဆေ တစ်ကောင်ကိုတွေ့ရသလိုဖြစ်နေသည်။
“ရှီအာ တဲဆောက်ဖို့ ဘယ်တုန်းကသင်လိုက်တာလဲ အရင်တုန်းက မင်းရဲ့ ကိုယ်ရံတော်တွေ လုပ်ပေးတာမဟုတ်ဘူးလား” ရှောင်ရော့ပိုင်၏ တဲသည် သူမ တဲ၏ဘေးတွင်ဖြစ်သည်။ သူမ ဆောက်မပြီးခင်တွင် ရှီမာယူယူသည် ဆောက်လုပ်ပြီးစီးလေသည်။
“ငါ ဝက်သားတောင်မစားရသေးဘူး ဝက်တွေပြေးသွားတာမြင်လိုက်ရ တယ်လေ အဲလိုမျိုးအကြိမ်ပေါင်းများစွာ မြင်လိုက်ရတော့ ငါ့ဘာသာသင်လိုက် တာပဲ” ရှီမာယူယူသည် လက်ခါလိုက်ကာ တဲဖွင့်လိုက်သည်။ သူမသည် ဝင်ပြီး နောက် အထဲတွင် စတင်နေရာချတော့သည်။
အတန်ကြာပြီးနောက်တွင် ကုန်းဇီယွမ်တို့ လေးယောက်အဖွဲ့ ပြန်လာရာ သူမတဲအတွင်းမှ ဇိမ်ရှိလှသော အပြင်အဆင်ကိုမြင်ပြီးနောက် ဆွံ့အသွားကြ လေသည်။
“မုရန်ရှီ ဒါကစခန်းချတာနော် အလှဆင်တာတွေ ဘာလို့ ဒီလောက်များ နေတာလဲ သန့်ရှင်းရေးလုပ်ဖို့မခက်ဘူးလား” ချောင်ချန်းအန်း တီးတိုးပြောလေ သည်။
“ငါက ဒုက္ခခံဖို့လာတာမဟုတ်ဘူး သေချာပေါက် ငါ့ကိုယ်ငါ သက်တောင့် သက်သာဖြစ်အောင် လုပ်ရမှာပေါ့” ရှီမာယူယူ ထိုသို့ပြောသည်နှင့် သူမစိတ်ထဲ တွင်လည်း ဆွံ့အမိသည်။ အကြောင်းမှာ ထိုအရာများသည် မုရုန်ရှီ၏ အကျင့် များဖြစ်ကာ အပြင်ထွက်လျှင် မြင်နေကျဖြစ်သည်။ သူမသည် မုရုန်ရှီအနေနှင့် ဟန်ဆောင်နေရသဖြင့် ထိုအရာများကို အာရုံစိုက်ရမည်ဖြစ်သည်။ သူမ ဒီရောက်နေတုန်း ထိခိုက်အောင်လုပ်မယ့်သူရှိမလား ဘယ်သူသိနိုင်မလဲ။
“မင်းနဲ့ ရော့ပိုင်တို့ နှစ်ယောက်လုံးက အကြီးဆုံးသခင်မလေးတွေပဲ သူမ တဲကကျ ဘာလို့လန်းဆန်းတင့်တယ်ပြီး မင်းဟာကကျ ဘာလို့ တရားထိုင် ကျောင်းဆောင်နဲ့တူနေတာလဲ” မုခိုင်အန်း မှတ်ချက်ပေးလေသည်။
“ငါကြိုက်လို့လေ ဘာလုပ်ချင်လို့လဲ ကဲ ကဲ ငါအိပ်တော့မယ် မင်းတို့ အကုန်သွားကြတော့” ရှီမာယူယူသည် ထိုလူများအားလုံးကို နှင်ထုတ်လိုက် သည်။
ကုန်းဇီယွမ်သည် သူမ၏ စိတ်မရှည်သောပုံစံကိုမြင်သောအခါ ရေရွတ် လိုက်သည် “ငါတို့က ဘာအစောင့်မှခေါ်လာတာမဟုတ်ဘူး အဲဒါကြောင့် ညကို အပြင်မထွက်နဲ့ မရဏာသားရဲတွေနဲ့ တွေ့မယ်သတိထား”
“ငါသိပါတယ် သွားကြတော့ သွားတော့” ရှီမာယူယူသည် သူ့ကို တွန်းထုတ်ပြီးနောက် လိုက်ကာပိတ်လိုက်သည်။
“ဟူး…” သူမသည် အသက်ပြင်းပြင်းရှုထုတ်ပြီးနောက် အိပ်ရာကြီးပေါ် တွင် လှဲလျောင်းလိုက်သည်။ သူမသည် လေသံဖြင့် တီးတိုးရေရွတ်လိုက်သည် “ဒီသရုပ်မှန်ကို ဘယ်လောက်ကြာအောင် ယူထားဖို့လိုလဲမသိဘူး ပြီးတော့ မရဏာမိစ္ဆာသခင်အဆင့်ကို စောစောဝင်အောင် မြန်မြန်ကျင့်ကြံနိုင်ရင် ကောင်းမှာပဲ ဝိညာဉ်လေး မြန်မြန်ပြန်ကောင်းတော့ ပြောင်းလဲမှုက မအောင် မြင်ဘူး ငါ့လူတွေ ကြိုးစားရဦးမယ်”
သူမသည် အိပ်ရာပေါ်မှထကာ စတင်ကျင့်ကြံတော့သည်။ သူမသည် နောက်နေ့မနက်ထိ ကျင့်ကြံရာ ကုန်းဇီယွမ်သည် သူမကို ထရန်လာပြောသည်။
“ရှီအာ မင်းရောင်ဝါက မနေ့ကထက် ပိုအားကောင်းတယ်လို့ ငါ ဘာလို့ ထင်နေတာလဲ” ကုန်းဇီယွမ်သည် သူမအား သံသယဖြင့် ပြောလိုက်သည်။
“ဟုတ်လား မင်း အိပ်ချင်မူးတူးဖြစ်နေလို့နေမှာ” ရှီမာယူယူ ပြောပြီးသည် နှင့် ပစ္စည်းများကို သွားသိမ်းလေသည်။ သူမသည် ပစ္စည်းများအားလုံးကို မှော်ဝင်လက်စွပ်ထဲထည့်လိုက်သည်။
ဂူလန်တောင်တွင် ဝိညာဉ်စွမ်းအင်များ ပေါများသည်ကို သူမသိလိုက်ရ သည်။ မနေ့ည သူမ ဝိညာဉ်စွမ်းအားကျင့်ကြ့နေစည်တွင် သက်ရောက်မှုမှာ အမှတ်ရလောက်စရာပင်။ သူမသည် မရဏာမိစ္ဆာသခင် အတားအဆီးကိုထိ လိုက်မိသည်ကို ခံစားလိုက်ရသည်။ သူမ အနည်းငယ်ပို၍ ကျင့်ကြံလိုက်သည် နှင့် အောင်မြင်စွာအဆင့်တက်နိုင်သည်။
သူမ ဂူလန်တောင်ဆီသို့ လျှောက်သွားလေလေ ထိုနေရာသည် ကျင့်ကြံ ရေးအတွက် ကောင်းသောနေရာတစ်ခုဖြစ်သည်ကို သိလိုက်ရသည်။ ဝိညာဉ် စွမ်းအားမှာ ပေါများသည်။ ဘိုးဘေးကြီးသည် သူ၏ နောက်ဆုံးလက်ကျန် စွမ်းအားကိုသုံးပြီး သူမကို တစ္ဆေလောကသို့ပို့ပေးသည်ကို သူမ မှတ်မိသည်။ ဘိုးဘေးကြီးက တမင် ဒီနေရာကိုရွေးလိုက်တာလား။
“ရှီအာ ဘာတွေတွေးနေတာလဲ” ကုန်းဇီယွမ်သည် သူမရှေ့တွင် လက်ကို ယမ်းပြလေသည်။
ရှီမာယူယူသည် သတိပြန်ဝင်လာကာ သူ့ကိုကြည့်လိုက်သည် “ဘာလုပ် နေတာလဲ”
“ငါတို့သွားတော့မယ်လေ” ကုန်းဇီယွမ်သည် နာကျင်စွာဖြင့် ပြောလိုက် သည်။ ဒီကောင်မလေး တောင်ကိုရောက်လာကတည်းက ငေးငိုနေပြီး သူ့ကို လုံးဝကိုဂရုမစိုက်တာပဲ။
“ငါတို့ ဘယ်သွားနေကြတာလဲ” သူမ မေးလိုက်သည်။
“ငါတို့ ပြောတာတွေကို မင်းနားထောင်နေရဲ့လား” ချောင်ချန်းအန်း ပြော လိုက်သည် “ဒီကနေဆို လမ်းနှစ်လမ်းရှိတယ် ငါတို့ လူစုခွဲသွားကြမယ် မှောင်ရင် တောင်ခြေမှာပြန်တွေ့မယ် ပစ္စည်းများများပိုရှာနိုင်တဲ့သူက နိုင်တာပဲ”
“ဒါက မင်းတို့ပြိုင်ပွဲလား” ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။
“ဒါက ပထမနေ့ပဲ နောက်နေ့တွေလာဦးမှာ”
“ငါတို့က ဒါပြိုင်မယ်ပေါ့ နိမ့်လိုက်တာ” ထိုလူများ တခြားအရာ လုပ်လိမ့် မည်ဟု သူမ ထင်ထားခဲ့သည်။
“ဒါကို အထင်မသေးနဲ့နော် ငါတို့ထဲက တစ်ယောက်က သတင်းထွက်နေ တဲ့ရတနာရမယ်ဆိုရင် အဲလူနိုင်တာပဲ” ချောင်ချန်းအန်းသည် အေးစက်စွာ ပြန်ချေပလေသည်။
“တစ်ဖက်ကပြောရင် အဲဒါဘာပဲဖြစ်ဖြစ် ရတနာရတဲ့လူက နိုင်တာပဲ ဟုတ်တယ်မလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်”
“ရတနာမရှိရင် ဘယ်လိုလုပ်မလဲ”
“ဒါဆိုလည်း ပစ္စည်းတန်ဖိုးမြင့်တဲ့သူက နိုင်တာပေါ့”
ရှီမာယူယူသည် ရှင်းလင်းသွားကာ ခေါင်းညိတ်ပြီး ကုန်းဇီယွမ်ကို ပြော လိုက်သည် “သွားကြမယ်”
သူမနှင့် ကုန်းဇီယွမ်တို့သာ လှုပ်ရှားလိုက်ကြပြီး ကျန်ဆယ်ယောက်မှာ မလှုပ်မယှက်ပင်။
“ငါတို့နှစ်ယောက်တည်းလား” သူမ မေးလိုက်သည်။
“အင်း ငါ နိုင်မယ်ဆိုတာကို သူတို့ မယုံကြဘူး” ကုန်းဇီယွမ် ပြောလိုက် သည် “ဒါပေမဲ့ ငါလည်း သူတို့အကူအညီမလိုပါဘူး”
“ငါ့ကြောင့်လား” ရှီမာယူယူသည် ချက်ချင်းပင် ခန့်မှန်းလိုက်သည်။
“အဲလိုလည်းမဟုတ်ပါဘူး အဲလူတွေက သူတို့နောက်လိုက်တွေလေ ငါ့ နောက်လိုက်အဖွဲ့က လိုက်မလာဘူး” ကုန်းဇီယွမ်သည် ဂရုမစိုက်သလို ပြုံး လိုက်သည်။
“စိတ်ပူမနေနဲ့ ငါတို့မရှုံးဘူး” ရှီမာယူယူသည် ကုန်းဇီယွမ်၏ ပခုံးကိုပုတ် ပြီး အခိုင်အမာပင် ပြောလိုက်သည်။
“အင်း” ကုန်းဇီယွမ်သည် ပို၍တောက်ပစွာပြုံးလိုက်သည်။ အကြောင်းမှာ အနိုင်ရမည်ကို တွေးမိခြင်းကြောင့်မဟုတ်ဘဲ ‘ငါတို့’ ဟုအမည်တပ်လိုက်ခြင်း ကြောင့်ဖြစ်သည်။
“ချောင်ချန်းအန်း မင်းမှာ လူဒီလောက်များတာ ငါ သူတို့နဲ့သွားမယ်” ရှောင်ရော့ပိုင်သည် သူတို့ကို နှုတ်ဆက်ကာ ရှီမာယူယူနှင့် ကုန်းဇီယွမ်တို့ နောက်လိုက်လာသည် “ငါ လိုက်ရင် စိတ်မရှိဘူးမလား”
“ရော့ပိုင် မင်း ငါတို့နဲ့သွားချင်လို့လား” ကုန်းဇီယွမ်သည် ရှောင်ရော့ပိုင်ကို တအံ့တဩ ကြည့်လေသည်။
“ငါ ငကြွားတစ်သိုက်နဲ့ အတူမရှိချင်ဘူး” ရှောင်ရော့ပိုင်သည် ဆင်ခြေ တစ်ခုပေးကာ ပခုံးတွန့်လိုက်သည်။
“ရတယ်လေ သွားကြတာပေါ့” ကုန်းဇီယွမ် သဘောတူလိုက်သည်။ ရှီမာယူယူလည်း ငြင်းစရာမရှိပေ။
ရှောင်ရော့ပိုင်ကိုကြည့်ပြီး သူမ၏ ဘေဂုံထန်ကိုပင် အမှတ်ရလိုက်သေး သည်။ သို့သော် သူမ ဘေဂုံထန်ကို တွေ့ခဲ့စဉ်က သူမသည် ပို၍အေးစက်ခဲ့ သည်။
သူမ သူငယ်ချင်းတွေလည်း အခုဘယ်လိုနေလဲမသိဘူး…
***