← Chapters

အခန်း ၁၅၉၈

Vol. 108 Ch. 1598

အခန်း ၁၅၉၈

Vol. 108 Ch. 1598

အပိုင်း (၁၅၉၈)

ခရမ်းရောင်ဘုရင်သည် ကျွန်းပေါ်သို့ရောက်ရှိသည့်အချိန်တွင် တပည့်များကို တစ်စုတစ်စည်းတည်း မထားခဲ့ချေ။ တည်နေရာကို ဖြန့်ကျက်ကာဖြင့် အကောင်းမွန်ဆုံးသော တည်နေရာ ရွေ့ပြောင်းခြင်းအစီအရင် ဖန်တီးနိုင်ရန် တည်နေရာကို ရှာဖွေခိုင်းခဲ့၏။ ဥပမာအားဖြင့် ရမ်ရှန်ပင် ဖြစ်၏။

သူနှင့်ဂိုဏ်းတူရောင်းရင်း ဆယ်ယောက်တို့သည် အခြားသော နေရာဆီသို့ ဦးတည်သွားကြ၏။ တည်နေရာတွင် များပြားလှသော ကျွန်းများရှိသည်မို့ တည်နေရာသည် သေးငယ်လွန်းလှပြီး တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်ကို ဖန်တီးရန် နေရာကောင်းများဖြစ်သည်။

"နေအုံး"

လမ်းတစ်ဖြတ်မှာတော့ ရမ်ရှန် က ပြောလိုက်၏။ "အိမ်သာသွားချင်သေးတယ်"

လီချန်ထျန်းက ပြောလိုက်သည်။ "ဒါက ပင်လယ်အတွင်းပိုင်းမှာလေ။ ပြီးတော့ မိန်းကလေးတပည့်တွေလည်း ပါလာတာမဟုတ်ဘူး။ ခင်ဗျား ဖင်ချွတ်ပြီးတော့ တစ်ခါတည်းပါလိုက်ရုံပဲ မဟုတ်ဘူးလား"

"မရဘူး"

ရမ်ရှန်သည် လေးလေးနက်နက် ပြောလိုက်၏။ "ဂိုဏ်းချုပ်က အမြဲတမ်း သင်ပေးထားတယ်။ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေက အပြင်ကိုရောက်ပြီဆိုတာနဲ့ ဂိုဏ်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်တဲ့။”

အမှန်ပင် ဖြစ်သည်။ ကုန်းရှန့်သည် ထိုကဲ့သို့ပြောဆိုခဲ့သည်။

"ကောင်းပြီ"

လီချန်ထျန်းက ပြောလိုက်၏။ "ဒါဆိုလည်း မြန်မြန်သွားလေ။ အချိန်ဖြုန်းမနေနဲ့တော့"

ရမ်ရှန်သည် အနီးနားတွင် ရှိနေသော ကျွန်း၏ ထောင့်တစ်ခုဆီသို့ သွားကာဖြင့် အနားတွင် မည်သူရှိသနည်း ကို သေသေချာချာ ကြည့်ရှုသေး၏။ ပြီးနောက် ဘောင်းဘီကို ချွတ်ကာဖြင့် ထုံးစံအတိုင်း ကျန်းမာရေး ပြဿနာကို ဖြေရှင်းတော့သည်။

ပလုံ ….။

အီးတုံးများ ရေပေါ်သို့ ကျပြီးနောက် အင်္ကျီသို့ပင် လာရောက်ကာ စင်မှန်လေ၏။

ဟား ဟား ဟား

လီချန်ထျန်းနှင့် တစ်ခြားသူများသည် အားရပါးရ ရယ်မောလိုက်ကြ၏။ သို့ပေမဲ့ ၎င်းတို့၏ ရယ်သံသည် ရပ်တန့်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုေသာ် ၎င်းတို့၏ အနောက်ဖက်ရှိ ကျွန်း၏ တည်နေရာတစ်ခုလုံးသည် တွန့်လိမ်လာခဲ့ပြီး အတားအဆီးအစီအရင်တစ်ခုကလည်း ဖြစ်ပေါ်လာသော ကြောင့်ပင်။

ရမ်ရှန်သည် ဘောင်းဘီကို ကောက်ဝတ်ကာဖြင့် ထိုအရာကြီးကို လှည့်ကြည့်လိုက်၏။ ရုတ်တရက် ဓာတ်လိုက်ခံရသကဲ့သို့ပင် အနောက်ဖက်သို့ ကန်ထွက်လာခဲ့၏။ ထို့ကြောင့် ခေါင်းကိုလှည့်ကာဖြင့် ထအော်လိုက်မိ၏။

"ဒီနေရာမှာ အစီအရင်တစ်ခုရှိတယ်။ အထဲမှာ ရတနာတွေ ရှိနိုင်တယ်"

ဆွစ် ဆွစ် …..။

လီချန်ထျန်းနှင့် တခြားသူများသည် ချက်ချင်းပဲ ရောက်ရှိလာခဲ့ကြ၏။ အစီအရင်တစ်ခုဖြစ်ကြောင်း အတည်ပြုပြီးနောက် ၎င်းတို့သည် လက်မထောင်ကာ ပြောလိုက်၏။ "တကယ့်ကို ကံကောင်းခြင်းလူသားဆိုတဲ့အတိုင်း အီးပါရင်းနဲ့တောင် အမွေအနှစ်တည်နေရာတွေကို ရှာတွေ့နိုင်တာပဲ"

သူတို့ရောက်ရှိနေသော ကျွန်းသည် အလွန်ပင် သေးငယ်လွန်းလှ၏။ ကျွန်းပေါင်းများစွာထဲတွင် မြုပ်နေသော ကျွန်းဟုပင် ဆိုနိုင်၏။ ဤတည်နေရာတွင် အစီအရင်များ တည်ရှိနေခြင်းမှာ အံ့အားသင့်ဖွယ်ကောင်းလှသော အရာများရှိနေခြင်းဟုပင် ဆိုလိုသည်။

"မြန်မြန် ဂိုဏ်းချုပ်ကို သတင်းပို့လိုက်တော့ "

ဟူး ဟူး

စတုရန်းတစ်ရာမီတာခန့်ရှိနေသည့် ကျွန်းတစ်ခုအပေါ်တွင် ထောင်ချီသော ကျွဲရိုင်းစက်ရုပ်များ ရောက်ရှိလာခဲ့ကြ၏။ စွမ်းအင်လှိုင်းများသည် တစ်ဝုန်းဝုန်းဖြင့် လှုပ်ခါလျက်ရှိ၏။

ကျွတ် ကျွတ် ကျွတ်

ထိုက်ရွှမ်အဘိုးအိုသည် သေသေချာချာ သုံးသပ်ပြီးနောက် အတည်ပြုလိုက်သည်။ "အစီအရင်ရဲ့ အတွင်းပိုင်းအခြေအနေကိုကြည့်ရတာ အနည်းဆုံး နှစ်တစ်သိန်းလောက် ရှိနေလောက်ပြီ"

"နှစ်တစ်သိန်း ဟုတ်လား"

ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွားမိ၏။ "ဆိုလိုတာက ဒီထဲမှာဘယ်သူမှမမြင်နိုင်တဲ့ ရတနာတွေ အများကြီးတည်ရှိနိုင်တာပေါ့။ ဒါကို ဖျက်ဆီးလို့ရနိုင်လား"

"အစီအရင်က အတော်ကြာမြင့်ပြီ ဆိုတော့ အားအင်အဆင့်ကလည်း တော်တော်ကြီး နိမ့်ကျသွားတယ်လေ။ ဒီတော့ ဖျက်ဆီးဖို့ဆိုတာ ပြဿနာတစ်ခု မဟုတ်ဘူး"

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဆရာကြီးပဲ လုပ်လိုက်ပါတော့"

"…….."

ထိုက်ရွှမ်အဘိုးအိုသည် အသုံးချခံ လူသားဖြစ်နေသည့် သူကိုယ့်သူ ပြန်လည်သုံးသပ်ပြီးနောက် စိတ်ဓာတ်ပင် ကျလာမိ၏။ သို့ပေမဲ့ သူသည် ရှေးအစီအရင်ကြီးကို မြင်ရသည့်အချိန်မှာတော့ စိတ်လှုပ်ရှားလာ၏။ ထို့ကြောင့် သေသေချာချာ လေ့လာကာဖြင့် ဖျက်ဆီးရန် ကြိုးစားတော့သည်။

ကျွင်းချောင်ရှောင်းမှာတော့ ရှေးရွက်သင်္ဘောကြီးကို ဆင့်ခေါ်ကာဖြင့် ပဲ့ဦးပိုင်းတွင် လက်ဖက်ရည်သောက်လျက် ရှိ၏။ ထို့နောက် ပျင်းလာသည့် အချိန်တွင် ငါးမျှားတံကို ထုတ်ယူကာဖြင့် အရှေ့ဖက်ပင်လယ်ထဲတွင် ငါးမျှားလျက်ပင် ရှိနေ၏။

ဒွီ ……။

ခနလောက် ကြာပြီးသည့်နောက် လူသူကင်းရှင်းလှသည့် ကျွန်းပေါ်တွင် ရှိနေသော အစီအရင်ကြီးသည် ပျောက်ကွယ်သွား၏။ ၎င်းသည် လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားပြီးနောက် မူလအသွင်အပြင် ကြီးသည် ပေါ်ပေါက်လာခဲ့သည်။

ဟမ်

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိ၏။ "ဒီလောက်ကြီး ကြီးတာလား"

အစီအရင်မပျက်စီးခင်က ကျွန်းသည် သေးငယ်လှသည့် ခြံဝန်းအရွယ်သာ ရှိ၏။ သို့ပေမဲ့ အစီအရင်ပျက်စီးသွားသည့် အခါမှာတော့ ဧကဒါဇင်ကြီးမားသည့် ကျွန်းအရွယ်သို့ ပြောင်းလဲသွားခဲ့၏။ ထို့ပြင် အထဲတွင် ဝါးတောများ၊ တောင်များနှင့် ရေကန်များပင် ပါရှိသေး၏။ ထိုမျှသာမကသေးချေ။ အဆောက်အဦများလည်း တည်ရှိနေသေး၏။ လူသားများ ဖန်တီးထားသည့် အင်ပါယာဥယျာဉ်တစ်ခု သို့ပင်။

"ဖြစ်နိုင်တာက"

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ တောက်ပလာခဲ့၏။ "ဒါက စီနီယာကြီးတစ်ယောက်ယောက် ထားခဲ့တဲ့ အိမ်တစ်ခု ဖြစ်လိမ့်မယ်။

ဆွစ်

ထိုအချိန်မှာတော့ များပြားလှသည့် နတ်ဆိုးစွမ်းအင်များသည် ထိုအဆောက်အဦးထဲမှ ထွက်ပေါ်လာပြီးသည့်နောက် အော်သံများလည်း ထွက်ပေါ်လာခဲ့၏။ "ဘယ်သူက ငါတံခါးပိတ်ကျင့်ကြံတဲ့နေရာကို ဖျက်ဆီးရဲတာလဲ"

"တစုံတယောက် ထွက်လာပြီ" ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွား၏။

အစီအရင်သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းက ဖန်တီးခဲ့သော အရာဖြစ်သောကြောင့် ဤကျွန်းပေါ်တွင် နေထိုင်သောသူသည် မွန်းစတားအိုကြီးသာ ဖြစ်ပေလိမ့်မည်။

"ဒုက္ခပဲ"

ထိုက်ရွှမ်အဘိုးအိုသည် စိတ်ဓာတ်ကျသွားမိ၏။ "တကယ့်ကို သိုသိုဝှက်ဝှက်နဲ့ နေတဲ့ကျင့်ကြံသူကို သွားပြီးပြဿနာရှာမိပြီပဲ"

ဆွစ်

များပြားလှသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာပြီးနောက် လေထုထဲတွင် တောင့်တင်းသော ခန္ဓာကိုယ်နှင့် လူငယ်လေးတစ်ယောက် ထွက်ပေါ်လာ၏။ ထိုသူသည်ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဒီကို ကျူးကျော်လာတဲ့ သူတွေအကုန်လုံး သေရမယ်"

ဤအသံ၊ ဤအမူအရာ မှန်ပေသည်။ ဤလူသည် နတ်ဆိုးဘိုးဘေးကြီးသာ ဖြစ်သည်။

သူသည် အနောက်ဖက်ပင်လယ်မှ အရှေ့ဖက်ပင်လယ်သို့ရောက်ရှိလာခဲ့၏။ ပြီးနောက် သိုသိုသိပ်သိပ်နှင့် တံခါးပိတ်ကာ ကျင့်ကြံနေခဲ့၏။ ဤကဲ့သို့ နေထိုင်နေလျှင်တောင်မှ သိုင်းကျင့်ကြံသူများသည် လာရောက်ကာ ရှုပ်ထွေးလျက် ရှိနေကြ၏။ ထို့ကြောင့် သူသည် သဘောမတွေ့ ဖြစ်မိနေ၏။

ဟုတ်ပေသည်။ ဤတည်နေရာဆီသို့ ကျူးကျော်လာသူများသည် အနိမ့်ဆုံးအဆင့် အစစ်အမှန် ရှာဖွေခြင်းအဆင့်တွင် ရှိနေသည်ကို တွေ့လိုက်ရ၏။ အကယ်၍ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း ရောက်ရှိလာပါက သူသည် ယင်ကောင်ကဲ့သို့ပင် မြန်မြန်ဆန်ဆန် ထွက်ပြေးမိမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ဤကဲ့သို့သော ငပေါများအား ကောင်းကောင်းမွန်မွန်နှင့် နှိမ်နင်းနိုင်သည်။

"စီနီယာ"

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "စီနီယာကို အပြစ်ပြုမိမယ်လို့ မထင်မိဘူး။ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ"

လွတ်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကျော်ကတည်းက တည်ရှိခဲ့သည့် ဤလူသည် ရီရှင်းချန်ကဲ့သို့ ခန္ဓာကိုယ်နှင့် အသွင်အပြင်ကို ပိုင်ဆိုင်သည်ဆိုသော်လည်း အားအင်အဆင့်သည် ကြီးမြတ်သူတုံးကုနှင့် ကုန်းစွန်းရော့လီတို့နှင့် မခြားနားလှချေ။

သူ၏ဒေါသများကို ဖိနှိပ်ထားခဲ့သော နတ်ဆိုးဘိုးဘေးကြီးသည် စဥ်းစား ဆုံးဖြတ်နိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့် နတ်ဆိုးစွမ်းအင်များကိုထုတ်ဖော်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ သူသည် အရာအားလုံးကို နာကျဉ်းလျက် ရှိ၏။ ရှိရှိသမျှကိုပင် သတ်ဖြတ်ချင်နေမိ၏။

ဆွစ် ဆွစ် …….။

များပြားလှသော နတ်ဆိုးစွမ်းအင်များသည် ပြင်းပြင်းထန်ထန်နှင့် ဖြစ်တည်လာခဲ့သည်။

ဘုန်း ဘုန်း

လေထုထဲတွင်တော့ တောက်ပလှသည့် ပေါက်ကွဲမှု အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ ထိုအရာအားလုံးပေါက်ကွယ်သွားသည့် အချိန်တွင် ယုစီနန်သည် အားလုံး၏ ရှေ့တွင် ရပ်တန့်လျက်ရှိ၏။ သူဖန်တီးထားသော တည်နေရာအတားအဆီးသည် ပျက်စီးယိုယွင်းနေခဲ့၏။ သူသည် လေးလေးနက်နက်ဖြင့် ကြည့်ကာပြောလိုက်၏။ "နတ်ဆိုးစွမ်းအင်တွေက အရမ်းကို အားကောင်းတယ်လေ။ ခင်ဗျားက သာမန်လူတစ်ယောက်တော့ မဖြစ်နိုင်ဘူး"

နတ်ဆိုးဘိုးဘေးကြီး၏ လက်ရှိ အားအင်အဆင့်သည် မမြင့်မားလှချေ။ သို့ပေမဲ့ သူသည် နတ်ဆိုးမျိုးနွယ်၏ အုပ်ချုပ်သူဖြစ်၏။ သူထုတ်ဖော်လိုက်သော နတ်ဆိုးစွမ်းအင်များနှင့် သူထုတ်ဖော်လိုက်သော တိုက်ကွက်များသည် အားကောင်းလွန်းလှချေ၏။ သာမန်နတ်ဆိုးကျင့်ကြံသူများ နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ ရောင်မုန့်ယဉ် တောင်မှ သူ၏ရှေ့တွင် အားနည်းလို့နေသည်။

"စီနီယာ"

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ "ခင်ဗျားရဲ့ နာမည်က ဘယ်သူပါလဲ"

နတ်ဆိုးဘိုးဘေးကြီးသည် အေးစက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ "မင်းတို့က ငါဘယ်သူလဲဆိုတာ သိဖို့ အရည်အသွေး မပြည့်မီဘူး"

သူသည် ဟန်ဆောင်ကောင်းလွန်းနေခြင်း မဟုတ်ချေ။ အစစ်အမှန်မည်သူဖြစ်ကြောင်းကို မထုတ်ဖော်ချင်ရုံသာ ဖြစ်၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆိုပါက သူသည် ကျိန်းသေပေါက် ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိသွားမှာ သေချာ၏။

"ဂိုဏ်းချုပ်"

ယုစီနန်သည် အသံပို့လွှတ်လိုက်၏။ "ဒီလူက တစ်စုံတစ်ခု မှားယွင်းနေတယ်"

"ဖြစ်နိုင်တာ အသုဘခန်းဆောင်က လူတစ်ယောက်ယောက်လား" ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

"ကျုပ် သံသယဝင်မိတယ်"

ယုစီနန်သည် ခနလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်၏။ "ကြည့်ရတာသူက အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းက လိုက်လံရှာဖွေနေတဲ့ နတ်ဆိုးဘိုးဘေးကြီးပဲ ဖြစ်နိုင်တယ်"

သူသည် အသုဘခန်းတောင်မှ လူများနှင့် တစ်ကြိမ်မက နှစ်ကြိမ် ရင်ဆိုင်ခဲ့ဖူး၏။ နတ်ဆိုးစွမ်းအင်များသည် အားကောင်းလှသော်လည်း အကန့်အသတ်ဖြင့် တည်ရှိနေ၏။ သို့ပေမဲ့ ဤလူငယ်ဆီမှ ထွက်ပေါ်နေေသာ နတ်ဆိုးစွမ်းအင်များသည် အကန့်အသတ်မဲ့ များပြားလှပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှချေ၏။ သူဘဝတစ်သက်သာတစ်တွင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။

"နတ်ဆိုးဘိုးဘေးကြီး ဟုတ်လား"

ကျွင်းချောင်ရှောင်း၏ အမူအရာသည် အေးခဲသွား၏။

ဝှစ်

ထိုအချိန်မှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် များပြားလှသော နတ်ဆိုးစွမ်းအင်များကို စုစည်းကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာရှိ၏။ ထိုအရာသည် သူ့အားလာရောက်နှောင့်ယှက်သည့် သိုင်းကျင့်ကြံသူတစ်စုအား အမြန်ဆုံး ရှင်းပစ်ရန်ပင် ဖြစ်၏။ ပြီးသည့်နောက် ကျွန်းတည်နေရာကို ပြောင်းလဲကာဖြင့် တံခါးပိတ်ကျင့်ကြံရန် စဉ်းစားထားခဲ့သည်။

ထိုမှသာလျှင် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ သူ့အား ရှာဖွေ၍ မရနိုင်တော့မှာ ဖြစ်၏။ သို့ပေမဲ့ အထက်နယ်မြေတွင် သူ့အား အကြီးမားဆုံးသော အန္တရာယ်ပေးနိုင်သည့် အရာသည် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမဟုတ်ဘဲ ပြိုင်စံရှားဂိုဏ်းဖြစ်နေသည်ကို သူမသိရှိခြင်းပင်။ အထူးသဖြင့် ကျွင်းချောင်ရှောင်းပင် ဖြစ်၏။

ယုစီနန်၏ သုံးသပ်ချက်ကို ကြားပြီးသည့်နောက် တစ်ဖက်လူသည် နတ်ဆိုးဘိုးဘေးကြီး ဖြစ်မဖြစ်ကို မစဉ်းစားတော့ချေ။ ချက်ချင်းပဲ ထကာအော်ဟစ်လိုက်သည်။ "သူ့ကို ဖမ်းကြတော့"

ဟူး ဟူး ….။

ထောင်နှင့်ချီသော စက်ရုပ်များသည် စတင်ကာ လှုပ်ရှားလာကြတော့၏။ အဖြူအမဲညီနောင်နှင့် အထက်ပိုင်းအကြီးအကဲတို့သည် ၎င်းတို့၏စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် စတင်ကာ လုံးထွေးတော့၏။

ဘုန်း ဘုန်း ဘုန်း

စွမ်းအင်လှိုင်းများသည် မီးပန်းများ ပစ်လွှတ်လိုက်သကဲ့သို့ ပေါက်ကွဲထွက်နေ၏။ ဤကဲ့သို့ လူသူကင်းရှင်းလှသည့် ကျွန်းပေါ်တွင် ဖြစ်ပွားသည့်တိုက်ပွဲသည် ကောင်းကင်ကြီးကိုပင် လှုပ်ခါစေခဲ့၏။

ပြိုင်စံရှားဂိုဏ်းသည် အရေအတွက်အရ အသာစည်းရယူထားသော်လည်း နတ်ဆိုးဘိုးဘေးကြီးသည် အားမနည်းလှချေ။ စက်ရုပ်နှင့် အထက်ပိုင်းအကြီးအကဲများကို ရင်ဆိုင်နေရလျှင်တောင်မှ အောက်စည်းသို့ မရောက်ရှိခဲ့ချေ။ တိုက်ခိုက်လေ ပိုမိုအားကောင်းလာလေပင်။

"ချီးတဲ့မှ”

အချိန်အတော်အကြာသည်အထိ ရန်သူကို အနိုင်မတိုက်နိုင်သေးသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အထူးကျောက်တုံးနှင့် အထူးနဂါးကြေးခွံတစ်ခုကို ထုတ်ယူကာ အော်ဟစ်လိုက်၏။ "ဝန်ကြီးသုံးပါး၊ မှုးမတ်ကိုးပါးနဲ့ နဂါးနယ်မြေက နဂါးမင်းကြီးတို့ မြန်မြန်ထွက်လာကြတော့"

ဒွီ ဒွီ

သူပြောပြီးပြီးခြင်းမှာပဲ အရှေ့ပင်လယ်နှစ်ခုတွင် လှိုင်းများ ဖြစ်တည်လာ၏။ ပြီးနောက် ကျောက်ရုပ်ထုမျိုးနွယ်မှ ဝန်ကြီးသုံးပါးနှင့် မှုးမတ်ကိုးပါးတို့သည် အပြင်ဖက်သို့ ထွက်ပေါ်လာ၏။

ထို့အပြင် နဂါးနယ်မြေမှ နဂါးမင်းကြီး သုံးပါးသည်လည်း အလျင်မြန်ဆုံး ထွက်ပေါ်လာကြ၏။ သူတို့သည် ထွက်ပေါ်လာလာခြင်း တိုက်ပွဲဖြစ်ပွားရာ နေရာဆီသို့ ရောက်ရှိလာကြ၏။ မူလအားဖြင့် စက်ရုပ်ပေါင်းများစွာကို လွင့်စင်သွားအောင် တိုက်နိုင်ခဲ့သော နတ်ဆိုးဘိုးဘေးကြီးသည် ကလန်နှစ်ခုဆီမှ ကျွမ်းကျင်သူများ ရောက်ရှိလာချိန်မှာတော့ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိသည်။ "ဒီကောင်က ကျောက်ရုပ်ထုမျိုးနွယ်နဲ့ နဂါးကလန်ကိုတောင်မှ လှုပ်ရှားနိုင်စေတယ် ဟုတ်လား"

"ဂိုဏ်းချုပ်ကျွင်း"

နဂါးဖြူက ပြောလိုက်၏။ "ကျုပ်တို့ရောက်ပါပြီ"

"ဂိုဏ်းချုပ်ကျွင်း ဟုတ်လား"

နတ်ဆိုးဘိုးဘေးကြီးသည် ဤနာမည်ကို ရင်းနှီးသလို ခံစားနေမိသည်။ "နေအုံး"

ရုတ်တရက် သူသည် သူ့အား ဝန်းရံလျက်ရှိနေသည့် လူများ၏ အကျီပေါ်တွင် ရှိနေသော စာတမ်းကို သေသေချာချာ ဖတ်ရှုလိုက်၏။ ပြိုင်စံရှားဂိုဏ်းနှင့် ဂိုဏ်းချုပ်ကျွင်းဟူသည့် အရာကို ကြားရသည့်အခါမှာတော့ သူသည် ထိုနှစ်ခုကို ဆက်စပ်လိုက်၏။ သူ၏ရှေ့တွင် ရှိနေသော ထိုသူသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ကျွင်းချောင်ရှောင်းပင် ဖြစ်နေသည်လား။

"ဂိုဏ်းချုပ်"

ထိုအချိန်မှာပဲ ရောင်မုန့်ယဉ်အဝေးတစ်နေရာဆီမှ ပျံသန်းလာပြီးနောက် ပြောလိုက်၏။ "ဒီလူရဲ့ အော်ရာတွေက နတ်ဆိုးရေစက်နယ်မြေထဲမှ ရှိနေတဲ့လူရဲ့ အော်ရာနဲ့ အတူတူပဲ။ "

"ချီးတဲ့မှ …. ဒါဆိုရင် နတ်ဆိုးဘိုးဘေးကြီးပဲ"

ရီရှင်းချန်၏ မျက်လုံးများသည် ဝန်းလက်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ၏ ခန္ဓာကိုယ်သည် အလွန်ပင် ပြည့်စုံလွန်းလှ၏။ သူလိုချင်လွန်းလှချေသည်။

"မကောင်းတော့ဘူး"

ဝိုင်းရံခံထားရသော နတ်ဆိုးဘိုးဘေးကြီးသည် မကောင်းသည့်စိတ်အာရုံများကို ခံစားလိုက်မိ၏။ သူ၏ နားထဲတွင် နှဲသံများပင် ထွက်ပေါ်လာခဲ့၏။ အသုဘ တေးချင်းလိုပင်။ "ဘဝသံသရာ ….."

All Chapters