← Chapters

ဘယ်သူလုပ်လိုက်တာလဲ

Vol. 125 Ch. 1747

ဘယ်သူလုပ်လိုက်တာလဲ

Vol. 125 Ch. 1747

လူသားလောကမှ လူနှင့်ပစ္စည်းများသည် သူမနှင့် အလှမ်းကွာလှသည်ဟု ထင်မိသည်။ သူမသည် သူတို့ကိုလွမ်းဆွတ်သော်လည်း သူတို့ကိုမမြင်ရပေ။

မိခင်ဖြစ်သူကို ကယ်ရန်အားအင်ရှိသည့်အချိန်မှပင် သူမ ပြန်သွားနိုင် တော့မ်။

အနည်းငယ်လှမ်းသောနေရာတွင် ကုန်းဇီယွမ်သည် မရဏာသားရဲတွင် စိုက်နေသော သူ့ဓားကိုပြန်နှုတ်လိုက်သည်။ ထို့နောက် မရဏာသားရဲကို မှော်ဝင်လက်စွပ်ထဲသို့ သိမ်းလိုက်သည်။

“ဟွန့် မင်းက တကယ် ကံကောင်းတာပဲ နောက်ထပ်မရဏာသားရဲ တစ်ကောင်ရလိုက်ပြန်ပြီ” ရှောင်ရှော့ပိုင်သည် ဘေးတွင်ရပ်ပြီး လက်ပိုက်နေ ကာ ကူညီရန်အစီအစဉ်မရှိပေ။

“ငါလည်း အဲလိုထင်တာပဲ ငါတို့က အပြင်ပိုင်းပဲရှိသေးတာ မရဏာသားရဲ တွေ ဒီလောက်အများကြီးတွေ့တာ ကံကောင်းတာပဲ” ကုန်းဇီယွမ်သည် မရဏာသားရဲများကို တန်းဆီဖမ်းနိုင်ရာ ခံစားချက်ကောင်းနေသည်။

“ဒီနေရာကအပြင်ပိုင်းပဲရှိသေးတာကို မရဏာသားရဲတွေလည်း အများ ကြီးပဲ မင်း သတိမလွတ်နဲ့ဦး” ရှောင်ရှော့ပိုင် သတိပေးလိုက်သည်။

“ငါသိပါတယ် ဒါပေမဲ့ မရဏာသားရဲတွေက သူ့ဘာသာသူအသေခံဖို့ ပြေးလာတယ်လို့ ဘာလို့ခံစားနေရတာလဲ” ကုန်းဇီယွမ်သည် ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

“ပြောရင်းနဲ့ အဲလိုဖြစ်နေသလိုပဲ၊ မရဏာသားရဲတွေပြေးလာတုန်းက သူတို့တွေ မူးနေကြသလိုပဲ” ရှောင်ရော့ပိုင် သုံးသပ်လေသည် “မင်း တစ်ခုခု လုပ်လိုက်တာလား”

“မဟုတ်ဘူး ငါက မရဏာသားရဲတွေကို မရပ်မနားသတ်နေတာပဲ တစ်ခုခုလုပ်ဖို့ ဘယ်မှာအချိန်ရှိမှာလဲ” ကုန်းဇီယွမ် ငြင်းဆန်လေသည် “မင်းပဲ တစ်ခုခုလုပ်လိုက်သလားလို့ ငါတောင်မေးချင်နေတာ အဲတော့ မင်းမဟုတ်ဘူး ပေါ့”

“ဒါဆိုရင်….”

သူတို့နှစ်ယောက်၏ အကြည့်များသည် ရှီမာယူယူဆီသို့ တစ်ချိန်တည်း ရောက်သွားကြသည်။ ရှီမာယူယူသည် လက်ထဲမှပန်းနှင့် ကစားနေရာမှ သူတို့ ၏ အကြည့်ကိုခံစားမိလိုက်သည်။ “မိစ္ဆာမြက်ပန်းက အဆင့်နိမ့်မရဏာသားရဲ တွေကို ဆွဲဆောင်နိုင်ပေမဲ့ အဆင့်မြင့်မရဏာသားရဲတွေကိုတော့ သက်ရောက် မှုမရှိဘူး”

“မရဏာသားရဲတွေကို ဖြားယောင်းဖို့ ဒါကိုသုံးလိုက်တာလား” ကုန်းဇီယွမ်သည် တအံ့တဩမေးလေသည်။

“ဘယ်တုန်းက စလုပ်လိုက်တာလဲ” ရှောင်ရော့ပိုင်လည်း အံ့ဩနေသည်။ သူတို့သည် အာရုံမစိုက်မိကြပေ။ သူမသည် သူတို့မျက်စိရှေ့မှာပင် လုပ်လိုက် ခြင်းဖြစ်သည်။

“လမ်းဘေးမှာတွေ့လို့ ကောင်းမယ်ထင်လို့ နည်းနည်းလောက် ခူးလာ လိုက်တာရယ်” ရှီမာယူယူ ပြန်ဖြေလေသည် “ဒါက စည်းမျဉ်းကို ဆန့်ကျင်နေ တာတော့မဟုတ်ဘူးမလား”

“မဟုတ်ဘူး မင်း ဆေးပင်တွေကို သိနေရုံတင်ပါပဲ” ရှောင်ရော့ပိုင် ပြော လိုက်သည်။

“အရင်တစ်ခေါက် ငါ ဒဏ်ရာရတုန်းက အဖေက အပြင်ထွက်ခွင့်မပြုဘူး ငါ ဘာမှလုပ်စရာမရှိတော့ စာအုပ်လေးဖတ်လိုက်လို့ပါ” ရှီမာယူယူ လိမ်ညာ လိုက်သည်။ အရင်က သူမသည် အနာဂတ်တွင် တစ္ဆေလောကသို့ လာရမည်ကို သိထားသောကြောင့် ဤနေရာမှ ကိစ္စတချို့ကိုနားလည်အောင် လုပ်ထား သည်။ နောက်ပိုင်းတွင် သူမသည် စာဖတ်ရန်အချိန်ယူကာ ဆေးပင်များကို မှတ်သားထားခဲ့သည်။ ဤကဲ့သို့ မြန်မြန်ရောက်လာလိမ့်မည်ဟု ထင်မထားပေ။

“မင်းမှာ ဒီလိုအရည်အချင်းရှိမယ်လို့ ထင်မထားဘူး မင်း ဒီပညာကိုသာ နည်းနည်းလောက် အချိန်ပေးခဲ့ရင် ဒီလိုနှစ်ပေါင်းများစွာ အနှိမ်ခံရမှာမဟုတ် ဘူး” ရှောင်ရော့ပိုင် ပြောလိုက်သည်။

ရှီမာယူယူသည် အပြစ်မရှိသလို ပခုံးတွန့်လိုက်သည်။ အဲဒါက သူမနဲ့မှ မဆိုင်တာ။

“ရှီအာ ဒီနည်းလမ်းကို အစောကြီးကတည်းက စဉ်းစားမိတာလား အဲဒါ ကြောင့် ငါတို့နိုင်မယ်ဆိုတာကို မင်း အသေအချာကြီးပြောခဲ့တာလား” ကုန်းဇီယွမ်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။

“မဟုတ်ဘူး မိစ္ဆာမြက်ပန်းကဒီမှာရှိနေမယ်လို့ ငါလည်းထင်မထားဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဒါဆို ဘာလို့ အဲလောက်သေချာနေခဲ့တာလဲ”

“သေချာနေခဲ့လို့လား” ရှီမာယူယူသည် သူတို့ကိုစိုက်ကြည့်လိုက်သည်။ သူမ အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ သူမ အဲလို လုပ်လိုက်လို့လား။

“ဟုတ်တယ်လေ” ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် အသေအချာပင် ခေါင်းညိတ်လေသည်။

“ဟုတ်ပြီ သူတို့က လူအရမ်းမများပေမဲ့ အသုံးဝင်နိုင်သေးတယ် ငါတို့မှာ လူနည်းပေမဲ့ နိုင်နိုင်ပါတယ်လို့ပဲ တွေးခဲ့တာ” ရှီမာယူယူ ပြောလိုက်သည်။

သူမ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိမှုသည် တခြားသူများကိုပါ ဓာတ်ကူးသွားစေလိမ့်မည်ဟု သူမ မသိခဲ့ပေ။

“အင်း ရှီအာ ကူညီလိမ့်မယ်လို့ ငါသိနေတာ” ကုန်းဇီယွမ်သည် ပျော်ရွှင် စွာပြောလေသည်။

ရှောင်ရော့ပိုင်သည် သူ ပြုံးလိုက်သည်ကို ကြည့်နေသည်။ သူမသည် သူ့ကို မျှော်လင့်ချက်မရှိဟု ထင်မိသည်။

“ဒါဆိုလည်း ဆက်သွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒီနေ့ မင်းရလာတာတွေက သူတို့ထက်တော့ မနည်းလောက်ဘူးထင်တာပဲ နည်းနည်းလောက် ထပ်စုလိုက်ရင် ရပြီ”

“ယွမ် ငါတို့ရတနာ သွားယူမှာလား” ရှောင်ရော့ပိုင် မေးလိုက်သည်။

“ရတနာယူမယ်ဟုတ်လား” ကုန်းဇီယွမ် စဉ်းစားကြည့်သည် “ငါတို့မှာ အခွင့်အရေးရှိရင် စမ်းကြည့်တာပေါ့”

“ရတနာရှိတယ်လို့ တကယ်ထင်နေကြတာလား” ရှီမာယူယူ မေးလိုက် သည်။

“မင်းကရော မရှိဘူးလို့ထင်နေတာလား” ရှောင်ရော့ပိုင် ပြန်ချေပလိုက် သည်။

“ဖြစ်နိုင်မယ်လို့တော့ မထင်ဘူး မဟုတ်ရင် မင်းတို့မိသားစုက စိတ်မဝင် စားဘဲနေပါ့မလား” ရှီမာယူယူသည် ထိုဂိုဏ်းများ၏ လိုက်နိုင်စွမ်းကို နားလည် သည်။ အမှန်တကယ်ပင် ရတနာရှိပါက သူတို့လိုက်ယူမည်ဖြစ်သည်။ သူတို့ မပါဝင်ရန်မှာ မဖြစ်နိုင်ပေ။

“ဒါဆိုရင် အဲလူတွေ ဘာလို့လာတယ်လို့ ထင်လဲ ငါတို့တွေ အခုထိ ဘယ်သူနဲ့မှမတွေ့သေးဘူး… ဆိုလိုတာက အဲဒါက အတွင်းပိုင်းမဟုတ်ရင် အတွင်းအနက်ပိုင်းမှာဖြစ်နေတာကို ညွှန်ပြနေတာ သာမာန်ပစ္စည်းဆိုရင် သူတို့ ကိုဆွဲဆောင်နိုင်မှာမဟုတ်ဘူး” ရှောင်ရော့ပိုင်သည် မယုံကြည်ပေ။

“တခြားဟာလည်း ဖြစ်နိုင်တာပဲ ငါတို့ အဲဒါနဲ့တွေ့ရရင် အလိုလိုသိရမှာ ပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မင်းတို့မိသားစုလည်းသိမှာပဲ မဟုတ်ရင် စပ်စုချင်တာနဲ့ ဝင်ပါလို့မရဘူး မင်းတို့ပြန်ပြီး သူတို့ကိုမေးရမယ်”

“ထားလိုက်တော့ အခု ငါတို့ထွက်လာတာနဲ့ အလျော့ပေးလိုက်တာနဲ့ အတူတူပဲ ဒါက ငါနဲ့ချောင်ချန်းအန်းတို့ကြားက အပေးအယူပဲ” ကုန်းဇီယွမ် သည် မစဉ်းစားဘဲ ငြင်းဆန်လိုက်သည်။ ထိုကလေးကို အစ်ကိုကြီးဟုခေါ်ရ မည်ထက် သေလိုက်တာကပိုကောင်းသည်။

“ဒါဆိုလည်း ဆက်သွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ တစ်ခုခုနဲ့တွေ့မယ်လို့ စိတ်ထင်နေတယ်”

“အန္တရာယ်များလား”

“မင်းကို လျှို့ဝှက် ကာကွယ်ပေးနေတဲ့လူတွေ ရှိတယ်မဟုတ်ဘူးလား မင်းက အန္တရာယ်ကိုလည်း မကြောက်ဘူး ပြီးတော့ အဲလူတွေက သာမာန်လူ တွေမဟုတ်ကြဘူး”

“မင်း ဘယ်လိုသိတာလဲ” ရှောင်ရော့ပိုင်သည် သူမကို ဖတ်သလိုနှင့် ကြည့်လိုက်သည်။ သူမ ကြည့်‌လေလေ နားမလည်နိုင်တော့ပေ။

အတိတ်မေ့သွားတာက လူတစ်ယောက်ကို ဒီလောက်တောင် ပြောင်းလဲ သွားစေတာလား။

သူမ ပြောသည်မှာမှန်သည်။ သူတို့ကဲ့သို့ လူမျိုးသည် ကိုယ်ရံတော်မရှိ လျှင်တောင် လျှို့ဝှက်ကာကွယ်ပေးသူများရှိသည်။

“မင်း မေ့နေပြီ ငါလည်းအတူတူပဲလေ” ရှီမာယူယူသည် မျက်ခုံးပင့်ကာ အမည်းလေးပေါ်သို့ တက်သွားလိုက်သည်။ ထို့နောက် သူမ ရှေ့မှသွားလေ သည်။

ရှောင်ရော့ပိုင်သည် ဆွံ့အသွားလေသည်။

ရှီမာယူယူသည် တခြားအပိုင်းကိုပါခန့်မှန်းနိုင်ပြီဟု သူမ ထင်လိုက်သည်။ သို့သော် သူမ အတွေးလွန်သွားသည်နှင့်တူသည်။

“ဒါနဲ့ မင်းတို့လို သခင်လေးနဲ့ သခင်မလေးတို့က ထာဝရတောက်ပခြင်း မြို့လို မြို့ငယ်လေးမှာ ဘယ်လိုဖြစ်ပြီးနေဖြစ်သွးတာလဲ” ရှီမာယူယူ၏ အသံ လွှင့်ပျံလာသည်။ ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် တစ်ယောက်နှင့် တစ် ယောက်ကြည့်မိကြသည်။

သူမ မှန်းမိနေပြီလား။

“မင်း ဘာပြောမလဲ”

“ငါက အတိတ်မေ့နေပေမဲ့ ဉာဏ်တုံးသွားတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့နှစ်ယောက်က ချောင်ချန်းအန်းရဲ့ အကျင့်နဲ့မတူဘူး မင်းတို့က နေရာသေးတစ်ခုက လာတာနဲ့မတူဘူး ခုနက ငါပြောလိုက်တာနဲ့ ထပ်ပေါင်းပြောရရင် ရော့ပိုင်ရဲ့ သတိရှိနေတဲ့အကြည့်ပဲ ငါမှန်းတာမှန်တယ် ဆိုတာ ငါသိတယ်”

ရှောင်ရော့ပိုင် အံ့အားသင့်သွားသည်။ သူမ၏ တုံပြန်မှုသည် မသိမသာ ပင်။

“မင်းက ဘာလို့ဒီကိုလာတာလဲ” ရှီမာယူယူ သာမာန်ကာလျှံကာပင် မေး လိုက်သည် “ဖြေရခက်နေရင်လည်း မဖြေပါနဲ့”

ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ နှစ်ယောက်လုံး အတန်ကြာအောင် နှုတ်ဆိတ်သွားကြသည်။ သို့သော် ရှောင်ရော့ပိုင် အရင်ပြောလာသည် “မင်း ပြောတာမှန်တယ် ငါတို့က ဒီမှာကြီးလာခဲ့တာမဟုတ်ဘူး”

“ဒါဆိုရင် ဘာလို့ ထာဝရတောက်ပခြင်းမြို့ကိုလာတာလဲ ဒီမှာ နှစ်ပေါင်း များစွာတောင် နေလိုက်သေးတယ်” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက် သည်။

“ထာဝရတောက်ပခြင်းမြို့တော်က သေးပေမဲ့ အဆင့်အတန်းကလည်း မနိမ့်ပါဘူး မင်းအဖေရဲ့ သရုပ်မှန်ကို မင်းသိလား”

ရှီမာယူယူ အံ့ဩသွားသည်။ မုရုန်ဟွေ့ဒီမှာစောင့်ကြပ်နေတာ တခြား ရည်ရွယ်ချက်ရှိနေတာလား။

***

All Chapters