အခန်း ၁၅၉၉
Vol. 108 Ch. 1599
အပိုင်း(၁၅၉၉)
ပြန်လည်ရှင်သန်လာပြီးသည့်နောက် လူသူကင်းရှင်းလှသော ကျွန်းလေးသေးသေးလေးတစ်ခုထဲတွင် အချိန်အတော် ကြာ ပုန်းအောင်းလျက်ရှိနေသည့် နတ်ဆိုးဘိုးဘေးကြီးသည် ကျွင်းချောင်ရှောင်းကြောင့် အပြင်ဘက်သို့ ထွက်လာခဲ့ရ ပြီဖြစ်၏။ အဝေးတစ်နေရာတွင်တော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များနှင့် စက်ရုပ်ပေါင်း ၁၀၀၀ ကျော်တို့ တည်ရှိလျက် ရှိ၏။ အနီးအနားတွင်တော့ ကျောက်ရုပ်ထုမျိုးနွယ်ကလန်နှင့် နဂါးမျိုးနွယ်ကလန်ဆီမှ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံ သူများက တည်ရှိနေ၏။ များပြားလှသော လူများသည် သူ့အား ဝိုင်းရံထားခဲ့၏။
သနားဖွယ်ရာနှင့် ဝမ်းနည်း ဖွယ်ရာ ကောင်းလွန်းလှချေသည်။
ဟားဟားဟားဟားဟား
ကျွင်းချောင်ရှောင်းသည် မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ကာကာဖြင့် အားရပါးရ ရယ်မောလျက်ရှိ၏။ သူသည် နတ်ဆိုးဘိုးဘေးကြီးအကြောင်းကို တွေးတောနေခြင်းပင်ဖြစ်၏။ သို့ပေမဲ့ ၎င်းပုန်းအောင်းနေရာတည်နေရာကို အမှတ် မထင်နှင့်လာရောက်ကာ ရှာဖွေတွေ့ရှိခဲ့မိ၏။ ရှာချင်နေသည့်လူသည် အလွန်တရာ လွယ်ကူစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်း ဟု ဆိုရမည်။
………
ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ပါးတို့အပြင် နဂါးမင်းကြီး ၃ ပါးတို့သည် ဆွံ့အလျက်ရှိနေ၏။ ဤကဲ့သို့ ကြားရဆိုးလှ သည့် ရယ်သံမျိုးကို သူတို့တစ်ခါမှ မကြားဖူးဟု ကျိန်ဆိုရဲကြသည်။
“ဟင်း”
နတ်ဆိုးဘိုးဘေးကြီးသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ ပြီးနောက် ပြောလိုက်၏။ “ဒီတော့ ငါ့ကို သိသွားကြပြီပေါ့။”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်နှင့် နဂါးမျိုးနွယ်ကလန်မှ ကျွမ်းကျင်သူများသည် မျက်မှောင်ကုတ်လိုက်ကြ၏။ အသက် ၂၀ နီးပါးခန့်ရှိသော ဤလူငယ်သည် နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၏ အုပ်စိုးသူတစ်ယောက်ဖြစ်နေပြီး လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတုန်းက ဆိုလျှင် အင်ပါယာအဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့်တောင် ယှဉ်ပြိုင်တိုက်ခိုက်ရဲသည့် လူတစ်ယောက်ဖြစ်နေသည်။
“အဲတော့ ဘာဖြစ်လဲ။”
နတ်ဆိုးဘိုးဘေးကြီးသည် ရင်ကော့ကာဖြင့် မေးလိုက်၏။
ဤအခြေအနေသည် သူ့အတွက် ဆိုးရွားလှသည့် အခြေအနေသို့ ရောက်ရှိနေ၏။ သို့ပေမဲ့ ကိစ္စမရှိချေ။ သူသည် မုန်တိုင်းပေါင်းများစွာကို ကျော်ဖြတ်ခဲ့ဖူးသည့် မျိုးဆက်၏ သူရဲကောင်းတစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့် မည်ကဲ့သို့သော ကိစ္စရပ်မျိုးနှင့် မည်သို့သော လူမျိုးကိုမှ ကြောက်ရွံ့နေလိမ့်မည်မဟုတ်ချေ။
ဝှစ် ဝှစ်
ဆန်းကြယ်လွန်းလှသော နတ်ဆိုးအော်ရာများသည် စုဝေးလာခဲ့ပြီး သူ၏ မျက်လုံးသည် အေးစက်သွားခဲ့၏။ “မဆိုးဘူးပဲ။ ဒါပေမဲ့ ငါက နတ်ဆိုးဘိုးဘေးကြီးလေ။ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးရဲ့ အုပ်စိုးသူပဲ။”
စကားလုံးအနည်းငယ်ပြောဆိုပြီးသည့်နောက် သူရဲကောင်းတစ်ယောက်၏ အော်ရာမျိုးသည် ပိုမိုကာ အားကောင်းလာ ခဲ့သည်။
ဟားဟားဟားဟားဟား
ကျွင်းချောင်ရှောင်းသည် ထပ်မံကာ ရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ခင်ဗျားဝန်ခံလိုက်ပြီပေါ့။”
“ကောင်လေး”
နတ်ဆိုးဘိုးဘေးကြီး၏ မျက်လုံးများသည် ပြူးထွက်လုမတတ်ဖြစ်နေသည်။ “မင်းရဲ့ တပည့်က ငါ့ရဲ့ သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကိုလည်း ခိုးယူသွားခဲ့တယ်။ ဒါက သွေးကြွေးပဲ။ မနှေးနဲ့ မမြန်ဆိုသလို…….”
“သူ့ကို ရိုက်ချလိုက်တော့။”
ကျွင်းချောင်ရှောင်းသည် ထိုသူပြောဆိုသည်ကို ဆုံးအောင်နားမထောင်ချင်တော့ချေ။ ထို့ကြောင့် အော်ဟစ်လိုက်၏။
ဆွစ် ဆွစ်
ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ပါးတို့အပြင် နဂါးမင်းကြီး ၃ ပါးတို့သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ တစ်ဖက်လူ သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတုန်းက ကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့် သူတို့အနေနှင့် လေးစားသမှု ထားကာ သတိရှိရှိနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်၏။ ၎င်းတို့သည် အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းများကို အလုံးစုံထုတ်ဖော်ကာ တိုက်ခိုက်နေသည်။
…….
နတ်ဆိုးဘိုးဘေးကြီး၏ အမူအရာသည် ရုတ်တရက် စိတ်ဝင်တစားနှင့်ဖြစ်သွား၏။ သူသည် ယူစီနန်ကဲ့သို့ အလယ် အလတ်အဆင့် အစစ်အမှန်ရှာဖွေခြင်း ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်တွေ့သည်ဆိုပါက အကွက်ပေါင်း ၃၀၀ လောက်ထိ တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိ၏။ သို့ပေမဲ့ သူ၏လက်ရှိအားအင်သည် ထိုကဲ့သို့သာ တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် သေဆုံးသွားမှာဖြစ်၏။
“အမှိုက်ကောင်”
သူသည် မုန်းတီးစွာဖြင့် ပြောလိုက်သည်။ “မင်းစောင့်နေလိုက်။”
ရွှီး …။
သူ၏ လက်ဆယ်ချောင်းသည် လေထဲတွင် လှုပ်ရှားသွားခဲ့၏။ သူ၏ မျက်လုံးများသည်လည်း နီရဲလာခဲ့တော့၏။ သူသည် ရုတ်တရက် ထအော်လိုက်၏။
“နတ်ဆိုးစည်း”
သူ၏ အသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဦးခေါင်းထက်တွင် ဆန်းကျယ်လွန်းလှ သော အော်ရာများ စုစည်းလာခဲ့သောကြောင့် ဖြစ်၏။ ခေါင်းကိုအသာမော့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ရှေးခေတ်၏ အော်ရာများ ထွက်ပေါ်လျက်ရှိနေသည့် ကြီးမားလှသည့် စေတီကြီးတစ်ခုသည် သူ့ဆီသို့ ကျဆင်း လာခဲ့သည်။
“မကောင်းတော့ဘူး”
နတ်ဆိုးဘိုးဘေးကြီး၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းပဲ မကောင်းသည့် စိတ်အာရုံများသည် သူ၏ နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့၏။ သူ ဤအရာကြီးကို ထိမှန်၍ မဖြစ်ချေ။ ထို့ကြောင့် ရှောင်တိမ်းမှ ဖြစ်ပေလိမ့်မည်။
နတ်ဆိုး တည်နေရာရွှေ့ပြောင်းခြင်းနည်းစနစ် ….။
နာမည်ကိုကြည့်ရှုလိုက်သည်နှင့် ထိုအရာသည် တည်နေရာကို ရွှေ့ပြောင်းနိုင်သည့် နည်းစနစ်တစ်ခုမှန်း သိရှိနိုင်စွမ်း ရှိ၏။ နတ်ဆိုးဘိုးဘေးကြီးသည် ထိုမှော်နည်းစနစ်ကို ချက်ချင်းထုတ်ဖော်လိုက်၏။ သို့ပေမဲ့ သူပင် စကားကို ဆုံးအောင် မပြောရသေးချေ။
ဘုန်း ဟူသော ကျယ်လောင်လှသည့်အသံကြီးက ထွက်ပေါ်လာ၏။ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် ကြီးမားလှသည့် တောင်ကြီးတစ်ခုကဲ့သို့ သူ့အပေါ်သို့ ကျဆင်းလာခဲ့၏။ အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများ သည် လှိုင်းထလျက်ရှိနေပြီး ပတ်ဝန်းကျင်တည်နေရာရှိ ပင်လယ်ကြီးတစ်ခုလုံးပင်လျှင် ဆူဝေလာခဲ့၏။ ကျောက်ရုပ်ထု မျိုးနွယ်ကလန်နှင့် နဂါးကလန်မှ စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည် ကြောင်အသွားခဲ့ကြ၏။
“သောက်ကျိုးနည်း …. ဒီအရာကြီးက ဘာလို့ ကြောက်စရာကောင်းတဲ့ အော်ရာတွေ ထွက်နေရတာလဲ။”
……….
ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီအား အကျဉ်းထောင်တစ်ခုအဖြစ် အသုံးပြုခဲ့ပြီး သူများကို ရိုက်နှက်ရန် ရံဖန်ရံခါ ဆိုသလိုမှသာ အသုံးပြုခဲ့၏။ ယနေ့အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေတွင် ရှိသော လူဆိုးကြီးအား လေးစားသမှုရှိသည့်အနေဖြင့် ထိုအရာကြီးကို ထုတ်ဖော်အသုံးပြုလိုက်၏။ ယခု နတ်ဆိုးဘိုးဘေးကြီး က မည်သို့ဖြစ်သွားသနည်း။
အထဲတွင် ချုပ်နှောင်ခြင်းကို ခံခဲ့ရ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို ပြန်လည်သိမ်းဆည်းပြီးသည့်နောက် သူ၏ လက်များကို တဖြန်းဖြန်းနှင့်ရိုက်ခါကာ စိတ်ဝိညာဉ်အာရုံအတွေးများနှင့် အထဲကို ဝင်ရောက်ကာ ကြည့်ရှု လိုက်၏။ တစ်ဖက်လူသည် အသက်ကင်းမဲ့သလိုပင် မြေပေါ်တွင် လဲလျောင်းလျက်ရှိနေသည်ကို မြင်လိုက်ရ၏။ သူသည် အံ့အားတသင့်ဖြင့်ပြောလိုက်သည်။ “ဒီလိုပဲ သေသွားတာလား။”
“သူထွက်ပြေးသွားတာလေ။”
စနစ်က ပြောလိုက်၏။ “ခန္ဓာကိုယ်ပဲ ကျန်တယ်။”
လက်ရှိအခြေအနေမှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် နတ်ဆိုးကလန်၏ လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်သော နတ်ဆိုး တည်နေရာရွှေ့ပြောင်းခြင်းနည်းစနစ်ကို အသုံးပြုခဲ့၏။ ထို့ကြောင့် သူ၏ ဝိညာဉ်နှင့်ခန္ဓာကိုယ်သည် ကင်းကွာသွားခဲ့ ပြီး သူသည် လေဟာနယ်ထဲတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “သူလွတ်သွားပြီပဲ။”
“ဒါက သာမန်ပဲလေ” စနစ်က ပြောလိုက်၏။
“အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် တကယ့်ဂိုဏ်းအသီးသီးက သူ့ကို ဝိုင်းပြီးတော့ တိုက်ခိုက်ခဲ့ကြတာ မဟုတ်ဘူးလား။ ဒီတော့ လက်ခံသူရဲ့ အားအင်အဆင့်အရဆိုရင် ဘယ်လိုလုပ် သူ့ကို ဖမ်းနိုင်မှာလဲ။”
သာမန် အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ကျိန်းသေပေါက် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ နတ်ဆိုးဘိုးဘေးကြီးသည် နတ်ဆိုးဘိုးဘေးကြီးသာလျှင် ဖြစ်၏။ သူ့၌ အလွန်အားကောင်း လှသော ဝှက်ဖဲများ တည်ရှိနေပြီး နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့သည့် ကျင့်ကြံသူကြီးတစ်ယောက် ပီသလှချေသည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့”
သူက ပြုံးလိုက်၏။ “နတ်ဆိုးဘိုးဘေးက ထွက်ပြေးသွားပြီဆိုပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က ကျန်ရှိခဲ့သေးတယ်။”
ဤအရာသည် ရီရှင်းချန်အတွက် အသုံးပြု၍ ရနိုင်စွမ်းရှိသည်။
“ဂိုဏ်းကို ပြန်မယ်။”
“ကောင်းပါပြီ”
ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် အိမ်ဆီသို့ ပြန်လာခဲ့ကြ၏။ ကျောက်ရုပ်ထု မျိုးနွယ်ကလန်နှင့် နဂါးကလန်မှ စွမ်းအားမြင့်ကျင့်ကြံသူတို့သည်လည်း ၎င်းတို့၏ သက်ဆိုင်ရာ ဘိုးဘွားတည်နေရာ များသို့ ပြန်ထွက်သွားခဲ့ကြ၏။ လမ်းတစ်လျှောက်မှာတော့ သူတို့သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတုန်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် များပြားလွန်းလှသော ကလန်အသီးသီးတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ရ သည့် နတ်ဆိုးဘိုးဘေးကြီးသည် အားနည်းနေသလားဆိုသည်ကို သူတို့ဆက်တိုက် တွေးတောလျက်ရှိမိနေ၏။
တစ်ခြားနည်းလမ်းလည်း မရှိချေ။ ၎င်းသည် ပြန်လည်ရှင်သန်လာခါစဖြစ်ပြီး ၎င်း၏ကျင့်ကြံခြင်းအဆင့်သည် ထိပ်ဆုံးအဆင့်ထက် ၁၀ ရာခိုင်နှုန်းလောက် လိုအပ်လျက်ရှိနေသေး၏။ မဟုတ်ပါက အထက်နယ်မြေမှာ ကလန်ကြီး ၂ ခုနှင့်တင်မက ကုန်းစွန်းရော့လီပါ ပူးပေါင်း၍ တိုက်ခိုက်မည်ဆိုလျှင်တောင်မှ ကြောက်ရွံ့လိမ့်မည်မဟုတ်ချေ။ အဆုံးသတ်မှာတော့ နတ်ဆိုးဘိုးဘေးကြီး သည် ဆိုးရွားသည့်အခြေအနေကို ပြန်လည်ရရှိခဲ့သည်။
…….
ကျယ်ပြောလွန်းလှသော စကြဝဠာကောင်းကင်ယံတွင်တော့ ဒါဇင်နှင့်ချီသည့် စတီးတပ်သင်္ဘောကြီးများသည် အမြန်ဆုံးနှုန်းနှင့် ရွှေ့လျား၍ လာခဲ့၏။ သူတို့သည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ရောက်ရှိလာခဲ့သူများဖြစ်ပြီး ဤနေရာသို့ ရောက်ရှိရန် ၂ နှစ် နီးပါး မောင်းနှင်ခဲ့ရ၏။
ဘုန်း ဘုန်း ဘုန်း
ပဲ့ခန်းထဲမှာတော့ ကျယ်လောင်လှသည့် အသံကြီးထွက်ပေါ်လာသည်။ အစီအရင်နှင့် ဆင်တူလှသော အလင်းမျက်နှာပြင်တစ်ခုပေါ်၌ နံပါတ်အရေအတွက်များ တစ်ခုပြီးတစ်ခု ထင်ပေါ်နေ၏။ ပထမတုန်းက ၅၆၀၀ သာ ရှိသည်ဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ ၉၀၀၀ ကျော်တွင် ရောက်ရှိနေ၏။
“စစ်သူကြီး”
အသံတစ်ခုက ထွက်ပေါ်လာ၏။ “နောက်ဆုံးအကန့်အသတ်ကို ရောက်နေပြီ။”
ဘုန်း
အပေါ်ပိုင်းဗလာကျင်းနှင့် ကြွက်သားများအမြောင်းမြောင်းထနေသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော သက်လတ်ပိုင်း အရွယ် လူတစ်ယောက်သည် မရပ်မနား လက်သီးကို ထိုးနှက်လျက်ရှိနေ၏။ သူသည် သူ့အဖော်ဆီမှ ရေချိုးသဘက်ကို လှမ်းယူကာဖြင့် မျက်နှာပေါ်တွင် ရှိသော ချွေးများကို သုတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အထက်နယ်မြေဆိုတာဆီကို ရောက်ဖို့ ဘယ်လောက်လောက်ကြာအုံးမလဲ။”
“စစ်သူကြီး”
နောက်လိုက်က ပြောလိုက်၏။ “တစ်နှစ်လောက်ပါ။”
စစ်သူကြီးသည် အသာထိုင်ချပြီးသည့်နောက် မျက်နှာသုတ်ပုဝါအား သူ၏ ခေါင်းပေါ်သို့ လွှမ်းခြုံလိုက်၏။ သူ၏ မျက်ဝန်းနက်နက်ထဲမှာတော့ တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေ၏။ သူက ပြောလိုက်သည်။ “တတိယဦးစီးမှူးက ဖျက်ဆီးမခံရခင်က တိုက်ခိုက်နိုင်မှုစွမ်းအား တစ်သောင်းအထက်ရှိတဲ့ စွမ်းအားမြင့်ကျင့်ကြံသူ တွေရှိတယ်လို့ သတင်းပေးပို့ခဲ့တယ်။ ဒီတော့ နောက်တစ်နှစ်ကို စောင့်ရဖို့ဆိုတာက နည်းနည်းအလျင်လိုနေပြီ။”
“စစ်သူကြီး”
နောက်လိုက်တစ်ယောက်သည် အားပျော့စွာဖြင့် ပြောလိုက်၏။ “စစ်သူကြီးရဲ့ တိုက်ခိုက်နိုင်မှုစွမ်းအင်က ၉၀၀၀ ပဲရှိတာလေ။ စိုးရိမ်တာက ….”
ဘုန်း
စစ်သူကြီးသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် အတားအဆီးကို လက်သီးနှင့် ထိုးနှက်လိုက်သည်။
ဒွီ ဒွီ …….။
မူလအားဖြင့် ၉၀၀၀ ဆိုသော တန်ဖိုးတွင် တည်ရှိနေပြီဖြစ်သော တိုက်ခိုက်ချက်သည် ၁၀၀၀၀ ဆီသို့ ရောက်ရှိသွား၏။ သူသည် အေးစက်စက်ပြောလိုက်၏။ “မင်းက ဒီစစ်သူကြီးကို မေးခွန်းထုတ်ချင်နေတာလား။”
……….
နောက်လိုက်၏ မျက်နှာသည် ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။
တစ်ဖက်လူသည် တစ်သောင်းကို မကျော်ဖြတ်နိုင်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်၏။ သို့ပေမဲ့ အဘယ့်ကြောင့် ရုတ်တရက် တစ်သောင်းအထိ ရောက်ရှိသွားရသနည်း။
“စစ်သူကြီး”
ထိုအချိန်မှာပဲ ရွက်သင်္ဘောဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ “စုံစမ်းချက်တွေအရဆိုရင် တည်နေရာအတားအဆီးက မတည်မငြိမ်ဖြစ်နေတယ်။ အဲလိုဖြစ်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီးတော့ သွားချင်တဲ့ခရီးကို မြန်မြန်ဆန်ဆန် ဝင်ပြီးသွားကြမလား။”
“ဘယ်လောက်မြန်နိုင်လဲ။”
“၃ လကနေ ၅လလောက် မြန်သွားလိမ့်မယ်။”
“ဒါဆိုရင် အားလုံးကိုပြောလိုက်။ အဲထဲကနေ ဝင်ကြမယ်။”
“ကောင်းပါပြီ”
……
ဝှစ်
ဒါဇင်နှင့်ချီသော စတီးစစ်သင်္ဘောများသည် ရှေ့ဆီသို့ တည်နေရာအက်ကွဲကြောင်းထဲသို့ ဝင်ရောက်ကာဖြင့် သွားလိုက် ကြ၏။
“စစ်သူကြီး …. ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ရှေ့မှာ တွေ့နေတယ်။”
“ဖမ်းထားလိုက်”
“ကောင်းပါပြီ”
အဓိက ရွက်သင်္ဘော၏ အောက်ခြေသည် ပွင့်သွား၏။ ပြီးနောက် ကြီးမားလွန်းလှသော ပြောင်းကဲ့သို့ အရာကြီး ပေါ်ပေါက်လာခဲ့သည်။ ထိုအရာဆီမှ အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ကြီးမားလှသည့် ပိုက်ကွန်လေးတစ်ခု သို့ပြောင်းလဲကာ တည်နေရာအထဲတွင် လွင့်မျောလျက်ရှိနေသည့် ဝိညာဉ်တစ်ခုကို ဖမ်းယူလိုက်သည်။
“စစ်သူကြီး”
“ဒါက နတ်ဆိုးဝိညာဉ်တစ်ပါးပဲ။ သူ့ရဲ့ တိုက်ခိုက်နိုင်မှုစွမ်းရည်က ၆၂၀၀ လောက်ရှိတယ်။”
“အင်း။ နတ်ဆိုးဝိညာဉ်ဟုတ်လား။”
သက်လတ်ပိုင်းလူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီးတော့ ဒီနေရာမှာ လာပြီးတော့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို တွေ့နေရတာလဲ။ ရှေးတုန်းထဲက လွင့်မျောနေတဲ့ ရွှေ့ပြောင်းကျင့်ကြံသူ တစ်ယောက်လား။ သူ့ကို ဝိညာဉ်ထိန်းချုပ်ခြင်းစည်း ထိုးထည့်လိုက်။ ပြီးတော့ အဲ့ဝိညာဉ်ကို ကျေးကျွန်အဆင့် ၁ နံပါတ် ၉၅၂၇ ထဲကို ထည့်သွင်းထားလိုက်။”
“ကောင်းပါပြီ”