← Chapters

အခန်း ၁၆၀၀

Vol. 108 Ch. 1600

အခန်း ၁၆၀၀

Vol. 108 Ch. 1600

အပိုင်း (၁၆၀၀)

အထက်နယ်မြေ ….။

ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးပြိုလဲပြီး တောင်တွေပါ တစ်စစီဖြစ်တည်ကာ မြစ်ချောင်းများ ခန်းခြောက်လျက်ရှိ၏။ နတ်ဆိုးဘိုးဘေးကြီးသည် လူပေါင်းများစွာသော အရိုးများနှင့် ဖန်တီးပြုလုပ်ထားသော ပလ္လင်ပေါ်တွင် မတ်မတ်ရပ် လျက်ရှိ၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် အားလုံးသောသူများအား အထင်သေးရှုံ့ချသည့် အော်ရာများ ထွက်ပေါ်နေတော့ ၏။ သူ၏ အောက်တွင်တော့ အင်မော်တယ်အဆင့်ဂိုဏ်းကြီးနှင့် ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်တို့၏ ဦးခေါင်းများသည် အစီအရင်နှင့် တည်ရှိလို့နေခဲ့၏။ သူ၏ ပတ်ပတ်လည်တွင် နတ်ဆိုးစစ်သည်သန်းချီတို့သည် စီစီရီရီဖြင့် ရပ်တန့်လျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိ၏။

ဟားဟား ဟားဟား ဟား

ဟား ဟားဟား ဟားဟား

ကောင်းကင်ယံအထက်တွင်တော့ လက်စားချေရခြင်း၏ ချိုမြိန်သည့် အရသာကိုခံယူရင်း ပျော်ရွှင်သည့် ရယ်မောသံ သည် ထွက်ပေါ်လာခဲ့သည်။

ဝှစ် …..။

ရုတ်တရက် ရေအေးအေးတစ်ခွက်သည် သူ၏ မျက်နှာပေါ်သို့ ကျဆင်းလာ၏။ နတ်ဆိုးဘိုးဘေးကြီးသည် အိပ်မက်မှ လန့်နိုးလာခဲ့တော့၏။ “ချီးတဲ့မှ …. ဒါ အိပ်မက်ကိုး။ အင်း …..”

အိပ်မက်ထဲတွင်ဖြစ်ခဲ့သည့်အရာအားလုံးသည် အစစ်အမှန်ဖြစ်သွားလျှင် မည်မျှ ကောင်းလိုက်မည်နည်း။

“ဘာတွေဖြစ်နေတာလဲ။”

နတ်ဆိုးဘိုးဘေးကြီး၏ စိတ်သည် ပြန်လည်ကာ ကြည်လင်ရှင်းလင်းလာခဲ့၏။ သူသည် အလင်းအတားအဆီးတစ်ခု ထဲတွင် ရောက်ရှိနေသည်ဖြစ်ကြောင်းကို နားလည်လိုက်၏။ သူသည် သူ၏ဦးခေါင်းတစ်ခုလုံးသည် ပေါက်ကွဲလုမတတ် ခံစားနေရသောကြောင့် ခေါင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိ၏။ “နေအုံး။ ဘာလို့ ငါ့ဆီမှာ လက်တွေရှိနေရတာလဲ။”

နတ်ဆိုးဘိုးဘေးကြီး၏ မှတ်ဉာဏ်သည် နတ်ဆိုးတည်နေရာရွှေ့ပြောင်းခြင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်ဖြစ် ကြောင်းကို သိရှိလိုက်ကြ၏။ ဤအရာသည် နတ်ဆိုးမျိုးနွယ်တွင်ရှိသော ဆန်းကြယ်လှသော နည်းစနစ်တစ်ခုများထဲမှ တစ်ခုဖြစ်ပြီး အန္တရာယ်ကျရှိလာသည်ဆိုပါက ဝိညာဉ် သည် ခန္ဓာကိုယ် မှခွာပြီး တည်နေရာ၏ အတွင်းပိုင်းတွင် သွားရောက်ကာ ပုန်းအောင်းနေနိုင်စွမ်းရှိ၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတုန်းကလည်း သူသည် ထိုအရာကို ထုတ်ဖော်အသုံးပြုခဲ့ဖူးသည်။

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ ထိပ်တန်းစွမ်းအားမြင့်ကျင့်ကြံသူများသည် သူ့ကို လိုက်လံဖမ်းဆီးရန် ကြိုးစားခဲ့သည်ဆိုသော်လည်း ဝိညာဉ်အကြွင်းအကျန်သည် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး လက်ရှိအခြေအနေမှာတော့ ပြန်လည်ရှင်သန်နိုင်ခဲ့၏။ အရာအားလုံးသည် အဆင်ပြေချောမွေ့စွာနှင့် ဖြစ်တည်ခဲ့၏။ ဤတစ်ကြိမ်မှာလည်း ထိုကဲ့သို့ပင် ဖြစ်တော့၏။

သို့ပေမဲ့ နတ်ဆိုးဘိုးဘေးကြီးသည် ခေါင်းကို ငုံ့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ သူ၏ ကြီးမားလွန်းလှသော လက်ကြီးများကို ကြည့်ရှုလိုက်၏။ ခက်ခက်ခဲခဲဖြင့် မှန်ကဲ့သို့ ဖြစ်တည်နေသည့် အတားအဆီးအစီအရင်မှတဆင့် သူ့ကိုယ်သူ ပြန်လည်ကြည့်ရှုလိုက်၏။ သူသည် အနောက်ဘက်သို့ ခြေတစ်လှမ်းဆုတ်မိသည်အထိ ထိတ်လန့်တုန်လှုပ် သွား၏။ ရုတ်တရက် ထကာ အော်ဟစ်လိုက်မိသည်။ “ဒီရုပ်ဆိုးတဲ့ မွန်းစတားကောင်ကြီးက ဘယ်သူလဲ။”

လက်ရှိ သူ ရောက်ရှိနေသည့် ခန္ဓာကိုယ်သည် ယခင်က ပြန်လည်တည်ဆောက်ထားသည့် ခန္ဓာကိုယ်ထက် ပိုမိုကာ အားကောင်းလွန်း၏။ သို့ပေမဲ့ သူ၏ မျက်နှာတစ်ခုလုံးသည် တင်းမာခက်ထန်လျက်ရှိပြီး ကြောက်မက် ဖွယ်ရာလည်း ကောင်းလွန်းလှ၏။ မျက်နှာပြင်တစ်ခုလုံးသည် ဘီလူးကြီးကဲ့သို့ပင် ဆင်တူ၏။ အထူးသဖြင့် အသားအရောင်သည် အစိမ်းရောင်ကြီးဖြစ်နေခြင်းပင်။

“ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ။”

နတ်ဆိုးဘိုးဘေးကြီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ ဒေါသတရား များနှင့် ဖြစ်တည်လာခဲ့၏။ သူသည် နတ်ဆိုးမျိုးနွယ်၏ တည်နေရာရွှေ့ပြောင်းခြင်းနည်းစနစ်ကို အသုံးပြုကာဖြင့် ပြည့်စုံလှသည့် ခန္ဓာကိုယ်မှ ထွက်ပြေးခဲ့ရ၏။ ပြန်လည်နိုးထလာသည့်အချိန်မှာတော့ သူ၏ဝိညာဉ်သည် အလွန် ရုပ်ဆိုးလှသည့် မွန်းစတားတစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလျက်ရှိ၏။ ထိုအရာသည် နားလည်ရန် သို့မဟုတ် လက်ခံရန် ခက်ခဲလှချေသည်။

ဒွီ

အသက်ဓာတ် - ပုံမှန်

တိုးတက်လာနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု - ပုံမှန်

တိုက်ခိုက်နိုင်မှုစွမ်းရည် - ၆၂၀၀

ရုတ်တရက် အတားအဆီးအစီအရင်ဆီမှ အသံတစ်ခုထွက်ပေါ်လာ၏။

“ဘယ်သူလဲ။”

နတ်ဆိုးဘိုးဘေးကြီးသည် အလန့်တကြားနှင့်ဖြစ်သွား၏။ သူသည် သတိအပြည့်နှင့် လှမ်းကာမေးလိုက်သည်။ “ဘယ်သူပြောနေတာလဲ။”

ဟူး …။

ထိုအချိန်မှာပဲ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့်အတားအဆီးသည် လေထုထဲမှာပဲ ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် သူ၏ မြင်ကွင်းထဲတွင် ဖျက်ဆီး၍ မရနိုင်အောင် တောင့်တင်းကြီးမားလွန်းလှသော အဆောက်အဦကဲ့သို့ ပုံစံကြီးက ဖြစ်တည်လာ၏။

ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် များပြားလွန်းလှသော ကျင့်ကြံသူများသည် မတ်မတ်ရပ်လျက်ရှိနေကြပြီး ၎င်းတို့ သည် လက်ထဲတွင် သေးငယ်လှသည့် မှတ်စုစာအုပ်လေးများကို ကိုင်ကာဖြင့် အချက်အလက်များကို ရေးမှတ်လျက်ရှိသည်။

“ခင်ဗျားတို့ဘယ်သူတွေလဲ။”

နတ်ဆိုးဘိုးဘေးကြီး၏ မျက်လုံးများသည် အေးစက်သွား၏။ သူ၏မျက်နှာသည် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ဖောက်

စစ်တပ်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူသည် အပြင်ဘက်မှ အထဲဆီသို့ လျှောက်ဝင်လာခဲ့၏။ သူ၏ လည်သာဖိနပ်သံသည် စီးချက်ကျနလွန်းလှ၏။ လှမ်းလျှောက်လိုက်သည့်အချိန်တိုင်း တခွပ်ခွပ်နှင့် နားထောင်လို့ လည်း ကောင်းလွန်းလှ၏။ သူသည် ရှေ့ဆုံး၌ရှိနေသော ထိုင်ခုံတွင် ရုတ်တရက် ထိုင်ချလိုက်ပြီးသည့်နောက် အဖြူရောင်လက်အိတ်ကို စွပ်ကာ ထူးမခြားနားသလို ပြောလိုက်သည်။ “ကြယ်တာရာစိတ်ဝိညာဉ်လောက၊ ပထမစစ်ဦးစီးချုပ်”

“ကြယ်တာရာစိတ်ဝိညာဉ်လောက ဟုတ်လား။”

နတ်ဆိုးဘိုးဘေးကြီး၏ မျက်နှာအသွင်အပြင်သည် ပြောင်းလဲသွားခဲ့တော့၏။ နတ်မြို့တွင် ကျင်းပသည့် အစည်းအဝေး အကြောင်းကို သူ အစောကြီးကတည်းက ကြားဖူးခဲ့ပြီးပြီဖြစ်၏။ သူ၏ နောက်လိုက်များပြောပုံအရဆိုလျှင် ဝင်ရောက် ကာ ကျူးကျော်လာခဲ့ကြသည့် တပ်သင်္ဘောများသည် ကြယ်တာရာစိတ်ဝိညာဉ်လောကမှ ဖြစ်ပုံပေါ်သည်။

ယခု သူသည် နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ လေဟာနယ်ထဲသို့ တိုးဝင်ကာ ရှောင်ပြေးလာခြင်းဖြစ်သည်။ အဘယ့်ကြောင့် ဤလောကမှ လူများနှင့် လာရောက်ကာ တွေ့ဆုံနေရသနည်း။ ဖြစ်နိုင်သည်မှာ သူ ကံဆိုး လွန်းခြင်းသာ ဖြစ်ပေလိမ့်မည်။

“သေသေချာချာ နားထောင်။”

သက်လတ်ပိုင်းလူသည် ခပ်တည်တည်နှင့် ပြောလိုက်၏။

“ကျုပ်က ပထမရေတပ်ဦးစီးချုပ်ပဲ။ ခင်ဗျား ကျုပ်ကို စစ်သူကြီး ဒါမှမဟုတ် သခင်လို့ ခေါ်ရမယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ကစပြီးတော့ ခင်ဗျားက ကျုပ်ရဲ့ ကျေးကျွန်နံပါတ် ၉၅၂၇ ပဲ။”

“ကျေးကျွန်ဟုတ်လား။”

နတ်ဆိုးဘိုးဘေးကြီးသည် မျက်လုံးသည် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့၏။ သူသည် ရုတ်တရက် ရှေ့ကို လှမ်းတက်လိုက်၏။ သူ၏ ကြီးမားလွန်းလှသည့် အစိမ်းရောင်လက်ကြီးသည် အပေါ်သို့ မြှောက်တက်သွားခဲ့ပြီးသည့် နောက် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ငရဲပြည်ကို သွားစမ်း။”

“စစ်သူကြီးကို ကာကွယ်ကြ။”

ရွှီး ရွှီး ရွှီး

ဘေးတစ်ဖက်တွင်ရှိနေသော အစောင့်များသည် သက်လတ်ပိုင်းလူ၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် ပြင်းထန်လွန်းလှသော တိုက်ခိုက်မှု လက်သီးချက်ကို မခံနိုင်ကြချေ။ ထို့ကြောင့် အားလုံး လွှင့်စင်သွားကုန်၏။ နတ်ဆိုး ဘိုးဘေးကြီးသည် ရုတ်တရက် တည်နေရာမှာတွင် မတ်မတ်ရပ်နေ၏။ သူသည် တွေဝေစွာဖြင့် သူ၏ လက်သီးကိုငုံ့ ကာ ကြည့်ရှုလိုက်၏။

“ဒီ အားအင်၊ ဒီ စွမ်းအင်တွေ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ၆၀ ရာခိုင်နှုန်းလောက် ပြန်ရခဲ့တာလား။”

သက်လတ်ပိုင်းလူသည် ထူးမခြားသလို ပြောလိုက်၏။“မင်းရဲ့ဝိညာဉ်က အရမ်းကို အားနည်းတယ်ဆိုပေမဲ့ အလားအလာတော့ မဆိုးဘူးပဲ။ အဆင့် ၁ အလောင်းကျေးကျွန်နဲ့ ပေါင်းစပ်ပြီးတဲ့ အချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ အသားကျနိုင်ခဲ့တယ်။”

“အလောင်းကျေးကျွန် ပေါင်းစပ်တာ ဟုတ်လား။”

နတ်ဆိုးဘိုးဘေးကြီး၏ စိတ်တစ်ခုလုံးသည် ရှုပ်ထွေးလျက်ရှိနေ၏။ သို့ပေမဲ့ သူ၏ ရုတ်တရက် အားအင်အဆင့် ၆၀ ရာခိုင်နှုန်း ပြောင်းလဲလာမှုသည် ဤလူနှင့်ပတ်သက်နေသည်ဖြစ်ကြောင်းကို အကြမ်းမျဉ်းခန့်မှန်းမိလိုက်၏။

“ငါ မင်းကို ပိုပြီး အားကောင်းအောင်လုပ်ပေးမယ်။”

သက်လတ်ပိုင်းလူက ပြောလိုက်၏။ “ဒါက ကျွန်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းကြောင့်ပဲ။ ဟုတ်တယ်မလား။”

၎င်း၏ လေသံသည် အမှန်ပင် တည်ငြိမ်လျက်ရှိနေ၏။ ထို့အပြင် အားလုံးသောသူများထက် ကြီးမြတ်သူတစ်ယောက် ဟုလည်း ခံစားရစေ၏။

……..

နတ်ဆိုးဘိုးဘေးကြီးသည် ဒေါသထွက်လျက်ရှိနေသည်။ နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၏ ဦးဆောင်သူတစ်ယောက်ဖြစ် သောကြောင့် ကျွန်တစ်ယောက်အဖြစ် ဆက်ဆံခံရခြင်းမှာ သူ့အား အရှက်ခွဲခြင်းပင် ဖြစ်၏။

“သေစမ်း”

ဝှစ် ဝှစ်

အားကောင်းလွန်းလှသော နတ်ဆိုးစွမ်းအင်များ ဖြစ်ပေါ်လာခဲ့ပြီး သူ၏ ညာဘက်လက်ထဲတွင် များပြားလွန်းလှသော စွမ်းအင်များ စုဝေးလာခဲ့၏။ ထိုအားအင်သည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်နှင့် နီးကပ်လျက်ရှိနေသော အားအင်မျိုးပင်ဖြစ်၏။ နတ်ဆိုးဘိုးဘေးကြီးသည် လက်ရှိအားအင်အဆင့်အရဆိုလျှင် ကျွင်းချောင်ရှောင်းနှင့် ကလန်နှစ်ခုဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်လျှင် မနိုင်လျှင်တောင်မှ စောနကကဲ့သို့ နည်းစနစ်မျိုးကို အသုံးပြုကာ ထွက်ပြေးစရာ မလိုအပ်တော့ချေ။

ဝှစ်

လေများသည် တိုက်ခတ်လာ၏။ သို့ပေမဲ့ တိုက်ခတ်လာသည့် လေများသည် ရုတ်တရက် ငြိမ်သက်သွား၏။ အားကောင်းလွန်းလှသော လက်သီးချက်သည် သူ၏ ရှေ့နားဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ သက်လက်ပိုင်း လူသည် လက်ကို အသာမြှောက်ကာဖြင့် ဖမ်းယူလိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည်။

“ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ နဝမမြောက် စည်းကမ်း နဝမမြောက် ဥပဒေ ၂၃။ ကျေးကျွန်တွေက သူတို့ရဲ့ သခင်တွေကို ပြန်လည်တိုက်ခိုက်လို့မရဘူး။ မဟုတ်ရင် အသတ်ခံရမယ်။”

“ခင်ဗျား”

နတ်ဆိုးဘိုးဘေးကြီးသည် မျက်လုံးပြူးသွား၏။ ဤလူသည် စောနတုန်းက မည်သည့်အော်ရာကိုမှ ထုတ်ဖော် မပြသ ခဲ့ချေ။ သို့ပေမဲ့ သူ၏ အားကုန်အပြည့်တိုက်ခိုက်မှုကို လွယ်လွယ်ကူကူနှင့် ဖမ်းဆီးခဲ့၏။ ထို့အပြင် ဖမ်းဆီးခံရသည့် အချိန်တွင် အားအင်တစ်ခုလုံး ကင်းမဲ့သွားသလိုပင် ခံစားမိနေသေး၏။

“မင်းက ကြယ်တာရာစိတ်ဝိညာဉ်လောကက သတ္တဝါတစ်ကောင်မဟုတ်ဘူးဆိုတော့”

စစ်သူကြီးသည် သူ၏ လက်ကို လွှတ်ပေးလိုက်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီအချိန်မှာ မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်။”

ဝှစ် ဝှစ် ဝှစ်

နတ်ဆိုးဘိုးဘေးကြီးသည် သူ၏ အားအင်များကို ပြန်လည်ကာ စုစည်းလိုက်၏။ ပြီးနောက် ဘယ်ညာလက်နှစ်ဖက်ဆီ စုဝေးကာဖြင့် မုန်တိုင်းတိုက်သလို လက်သီးချက်များကို ထိုးနှက်တော့သည်။

ဆွစ်

ရုတ်တရက် သက်လတ်ပိုင်းလူသည် သူ၏ အင်္ကျီလက်ကို အသာခါယမ်းလိုက်၏။ သူ့ဆီသို့ ကျဆင်းလာခဲ့သော လက်သီးချက်များသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် တစ်ခြားသော လက်တစ်ဖက်ကို အသုံးပြု ကာဖြင့် တစ်ဖက်လူ၏ လည်ပင်းကို လှမ်းဆွဲလိုက်၏။ သူ၏ အကြည့်များသည် တင်းမာခက်ထန်နေ၏။ “ငါ့ရဲ့ ဒေါသတရားကို လာပြီးမစမ်းသပ်နဲ့။”

သူ၏ အကြည့်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ မည်သူ့ကိုမှ ကြောက်ရွံ့ခဲ့ခြင်းမရှိခဲ့သော နတ်ဆိုးဘိုးဘေးကြီး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့၏။ ဤအရာသည် အဆင့်နှင့် မဆိုင်ချေ။ သူသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်း ထိပ်ဆုံးအဆင့်တွင် ရောက်ရှိနေခဲ့သည့် အချိန်ကဆိုလျှင် တောင်မှ ဤကဲ့သို့သောအကြည့်ကို မြင်ရသည်ဆိုပါက ကျိန်းသေပေါက် ကျောရိုးတစ်ခုလုံး စိမ့်တက်သွားပေလိမ့်မည်။

“တတိယအဆင့်။ ဒါက နတ်ဘုရားတတိယအဆင့်ပဲ ဖြစ်ရမယ်။”

ဘုတ်

သက်လတ်ပိုင်းလူသည် နတ်ဆိုးဘိုးဘေးကြီးအား မြေပေါ်သို့ ပစ်ချလိုက်ပြီးသည့်နောက် သူ၏ တွန့်ကြေသွားခဲ့သည့် စစ်တပ်ဝတ်စုံအား အသာပုတ်ကာဖြင့် ပြောလိုက်၏။ “မင်းရဲ့ အလားအလာက အလုံးစုံ ပြန်ပြီး မပြည့်စုံသေးဘူး။ ဒီတော့ ပြန်ပြီး အားမွေးထားအုံး။”

ပြီးသည့်နောက် အသာလှည့်ကာ ထွက်ခွာသွားခဲ့သည်။

“အင်း။ ဟုတ်ပြီ။”

ရုတ်တရက် တံခါးနားရောက်သည့်အချိန်မှာတော့ ရပ်တန့်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “ကျေးကျွန်တစ်ယောက်အနေနဲ့ ကျေးကျွန်တစ်ယောက်ရဲ့ သိစိတ်မျိုးရှိရမယ်။ နောက်တစ်ကြိမ် ငါ့ကို လာပြီးတော့ တိုက်ခိုက်တယ်ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခုလုံး ဒါမှမဟုတ်ရင် ဝိညာဉ်တစ်ခုလုံးကို ဖျက်ဆီးပစ် မယ်။”

သက်လတ်ပိုင်းလူ၏ ကျောကုန်းသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ နတ်ဆိုးဘိုးဘေးကြီးသည် လက်သီးကို ကျစ်ကျစ်ပါ အောင် ဆုပ်ထားမိသည်။ ဒေါသတရားများ ပြည့်နှက်နေသည့် မျက်လုံးအစုံနှင့် သူက ပြောလိုက်၏။ “သေစမ်း”

နောက် ရက်အနည်းငယ်အတွင်းမှာပဲ သူသည် ဤနေရာနှင့် အသားကျသွားခဲ့ပြီဖြစ်၏။ ပြန်လည်သန်စွမ်း ရေးအခန်းထဲတွင် နေထိုင်ရင်း ရရှိသည့် အကျိုးကျေးဇူးများကို ကောင်းကောင်းခံစားမိနေသည်။ သူသည် မပျော်ရွှင်မှု များကို ဖိနှိပ်ကာဖြင့် စတင်ကာ ကျင့်ကြံလိုက်၏။ “ကျေးကျွန်ဟုတ်လား။ ငါလုံးဝသဘောမတူဘူး။”

သို့ပေမဲ့ သူသည်သာ ကျင့်ကြံခြင်းအဆင့်များကို အလုံးစုံ ပြည့်ဝစွာ ပြန်လည်ရရှိမည်ဆိုလျှင်တောင်မှ အခွင့်အရေးကို အရယူနိုင်ပါမည့်လား။

ဘုန်း

စမ်းသပ်ခန်းထဲမှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် အတားအဆီးတစ်ခုကို လက်သီးနှင့် ထိုးနှက်လိုက်၏။

ဒွီ

တိုက်ခိုက်နိုင်မှုစွမ်းရည် ၆၇၀၀

အပြင်ဘက်တွင် ထိုင်လျက်ရှိနေသည့် သက်လတ်ပိုင်းလူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ရက်အနည်းငယ်အတွင်းမှာ ၅၀၀ တိုးလာတယ်။ မင်းရဲ့ အလားအလာက မဆိုးဘူး။ ခဏကြာရင် သခင်နဲ့အတူ လိုက်ပြီးတော့ အထက်နယ်မြေတစ်ခုလုံးကို သွားသိမ်းပိုက်ကြမယ်။ မင်းအကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသတော့။”

ထင်မှတ်ထားသည့်အတိုင်းပင်။ ဤလူသည် ယခင် ရောက်ရှိလာခဲ့သည့် ရွက်သင်္ဘောမှလူများနှင့် အတူပင် ဖြစ်တော့၏။ အထက်နယ်မြေကို သွားရောက်ကျူးကျော်ရန် ပြင်ဆင်နေခဲ့၏။

“အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်။”

သူ၏ အိပ်ဆောင်ဆီသို့ ပြန်လာပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီးသည် ပြတင်းပေါက်မှတဆင့် ကောင်းကင်ကြီး ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် တင်းမာခက်ထန်လာခဲ့သည်။ “အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်း၊ ပြိုင်စံရှားဂိုဏ်း၊ ဒီအင်ပါယာ ပြန်လာပြီဆိုတာနဲ့ မင်းတို့အားလုံးကို ဖျက်ဆီးပစ်မယ်။”

ဟားဟားဟား ဟားဟား

ဟားဟားဟား ဟားဟား

ဘန်း

ရုတ်တရက် တံခါးသည် ကန်ဖွင့်ခြင်းကို ခံလိုက်ရ၏။ စစ်သည် အနည်းငယ်တို့သည် ရုတ်တရက် ရောက်ရှိလာကာဖြင့် သူ့ကို ဝိုင်းဝန်းထိုးနှက်ကန်ကြောက်တော့၏။ ပြီးနောက် အော်ငေါက်လိုက်ကြ၏။ “အခုထိ အဝတ်တွေလည်း မလျှော်ရသေးဘူး။ ပန်းကန်တွေလည်း မဆေးရသေးဘူး။ ဘယ်လိုဖြစ်ပြီး ဒီမှာ လာရယ် နေတာလဲ။”

“သွားပါမယ်။ ကျုပ်သွားပါမယ်။”

All Chapters