အခန်း ၁၆၀၁
Vol. 108 Ch. 1601
အပိုင်း (၁၆၀၁)
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် အချိန်အတော်ကြာ လေးလေးနက်နက် တွေးတောပြီးနောက် ပြောလိုက်သည်။ "နတ်ဆိုးဘိုးဘေးကြီးက မသေသေးဘူးပေါ့"
"......."
စနစ်သည် ဆွံ့အသွားမိ၏။ နေ့တစ်ဝက်လောက် ဝမ်းချုပ်ထားသလို မျက်နှာမျိုးဖြင့် စဥ်းစားနေပြီး နောက်ဆုံးထွက်ပေါ်လာသည့် စကားမှာ မသေသေးဘူးပေါ့ ဟူသည့် စကားပင်ဖြစ်နေ၏။
မသေသေးကြောင်း သူ ပြောဆိုခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးနောက် နတ်ဆိုးဘိုးဘေးကြီးအကြောင်းကို တွေးတောနေခဲ့၏။ အလုံးစုံသတ်ဖြတ်ခြင်းကို မခံထားရလျှင် အနာဂတ်တွင် ကြီးမားသည့် ပြဿနာဖြစ်လာမှာ သေချာ၏။ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။
ရောင်မုန့်ယဥ်သည် ၎င်း၏သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်ကို ရယူခဲ့၏။ ထို့ပြင် သရဲစစ်သူကြီးရှစ်ဦးနှင့် နတ်ဆိုးစစ်သည်ပေါင်း သန်းချီကိုလည်း သိမ်းယူထားခဲ့၏။ ထိုတင်သာ မကသေးချေ။ ကျွင်းချောင်ရှောင်းသည် ၎င်း၏ပြန်လည်မွေးဖွားလာသော ခန္ဓာကိုယ်ကို ပါ သိမ်းယူခဲ့၏။ တခြားနည်းဖြင့်ဆိုလျှင် အဖေကိုသတ်ဖြတ်၍ မိန်းမခိုးယူခံရခြင်းထက် အမုန်းတရားပိုကြီးမှာ သေချာသည်။
စနစ်က ပြောလိုက်၏။ "ခက်ခက်ခဲခဲနဲ့ ပြန်ပြီးတော့ ရှင်သန်လာခဲ့တာလေ။ ဝိညာဥ်ပုံစံနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ မှော်စွမ်းအင်ပုံစံ တစ်မျိုးမျိုးကို အသုံးပြုခဲ့တယ်။ ဒီအတွက် ကြီးမားတဲ့ တန်ပြန်မှု ကို ခံရအုံးမှာသေချာတယ်။ လွယ်လွယ်နဲ့ ပေါ်လာမှာ မဟုတ်ဘူး
"ဒါဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူ့ကိုရှာရမယ်"
ကျွင်းချောင်ရှောင်း၏ စိတ်ပိုင်းဆိုင်ရာသည် တည်ငြိမ်လျက်ရှိ၏။ သူသည် နတ်ဆိုးဘိုးဘေးကြီးနှင့် ကျိန်းသေပေါက် ရင်ဆိုင်ရပေမည်။ ထပ်မံကာ ထွန်းတောက်လာပြီး ပြိုင်စံရှားဂိုဏ်းကို အန္တရာယ်ဖြစ်စေမည့် အခြေအနေကို ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ ရီရှင်းချန်သည် လျှောက်ဝင်လာခဲ့၏။ "အဲ ခန္ဓာကိုယ်"
ဂိုဏ်းဆီသို့ ပြန်ရောက်ပြီး သုံးရက်ကြာပြီးသည့်နောက် သူသည် နေ့ရောညပါ တွေးတောခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် လုံးဝမပြောချေ။ ထို့ကြောင့် သူသည် အရှက်မရှိလာရောက်ကာ မေးမြန်းရတော့သည်။
"အဲခန္ဓာနဲ့ ပေါင်းစပ်နိုင်မယ်လို့ မင်းယုံကြည်ချက်ရှိလား။ "
"ရှိပါတယ်"
"ဒါဆို ယူလိုက်လေ"
ကျွင်းချောင်ရှောင်းသည် ပြည့်စုံလှသည့် ခန္ဓာကိုယ်ကို ထုတ်ယူလိုက်၏။
ရီရှင်းချန်သည် သူ၏သို့လှောင်လက်စွပ်ထဲသို့ ထည့်ကာဖြင့် အချိန်နှင့်တည်နေရာ လျို့ဝှက်နယ်မြေထဲသို့ နောက်ပြန်မကြည့်ပဲ ဝင်သွားတော့သည်။
ဟူး ....။
သက်ပြင်းချပြီးနောက် သူသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားသည် ။ သာမန်အခြေအနေအရဆိုလျှင် ခန္ဓာကိုယ်အသစ်ကို ရာနှုန်းပြည့် ရရှိမည်ဟု ယုံကြည်ချက် မရှိချေ။ ကျဆုံးခဲ့ပါက ကြီးမားသည့် တန်ပြန်မှုကို ခံစားရမှာ ဖြစ်၏။ သို့ပေမဲ့ ရီရှင်းချန်သည် လက်ရှိအခြေအနေမှာတော့ အလွန်ပင် ယုံကြည့်ချက် ပြည့်ဝနေ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ဝိညာဥ်ကြံ့ခိုင်ခြင်း နတ်အတတ်ကို လေ့ကျင့်ထားသောကြောင့်ပင်။
ရွှီ .....။
ရီရှင်းချန်သည် မြေပေါ်သို့ ခြေချိတ်ကာ ထိုင်လိုက်ပြီးနောက် သူ၏စိတ်ဝိညာဥ်အာရုံနှင့် ချီများကို ဖုံးကွယ်လိုက်တော့၏။ ရီရှင်းချန်သည် မျက်လုံးကို စုံမှိတ်ထားပြီး သူ၏ဝိညာဥ်သည် စတင်ကာ လှုပ်ရှားလာခဲ့၏။ ဝိညာဥ်သည် အပြင်ဖက်သို့ ထွက်ပေါ်လာပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့၏။
သူထွက်သွားပြီးနောက် မူလခန္ဓာကိုယ်ထဲတွင် ကျန်လျက်ရှိသော အခြားဝိညာဥ်သည် လွတ်လပ်သွားခဲ့၏။ သူ၏ကိုယ်ပိုင်အတွေးနှင့် ထိန်းချုပ်လို့ရခဲ့၏။ သူ၏ခန္ဓာကိုယ်နှင့် သွေးများသည် သူ၏ပိုင်ဆိုင်မှုပင် ဖြစ်တည်လာခဲ့သည်။
မည်သူနည်း။ ဖေးအားညိုပင် ဖြစ်တော့၏။ မူလအားဖြင့် သစ်ခုတ်သမားလေးတစ်ယောက်သည် ညအင်ပါယာ၏ ဝိညာဥ်ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။ လက်ရှိအချိန်မှာတော့ သူသည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် ကံဆိုးလွန်းခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကံကောင်းနေပြီ ဖြစ်၏။
သစ်ခုတ်ရန် ထွက်သွားခဲ့သည့် အချိန်တွင် သူ၏ခန္ဓာကိုယ်အား အခြားသော တစ်စုံတစ်ယောက်က သိမ်းပိုက်လိုက်ခြင်းမှာ ဝမ်းနည်းစရာပင် ဖြစ်၏။ ဤကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး သိမ်းယူခံခဲ့ရသည်မှာ ဆယ်နှစ်ကျော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ကံကောင်းစွာဖြင့် ရီရှင်းချန် ထွက်ခွာသွားသည့် အချိန်တွင် သူ၏ခန္ဓာကိုယ်သည် အဆင့်ငါး အမြူတေပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိခဲ့၏။ အလုံးစုံ ပြန်လည်ရရှိပြီးနောက် သူသည် သာမန်လူတစ်ယောက် မဟုတ်တော့ချေ။ ထို့ပြင် သူ၏ကောင်မလေးကလည်း ပြိုင်စံရှားဂိုဏ်းတွင် ရှိလို့နေခဲ့၏။ သူမသည်လည်း သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ ဖြစ်သောကြောင့် ရှည်လျားလှသည့် အသက်ကို ပိုင်ဆိုင်နေပြီ ဖြစ်၏။ ထိုအရာသည် လျော်ကြေးဟုပင် သတ်မှတ်နိုင်၏။
အချိန်နှင့်တည်နေရာ လျို့ဝှက်နယ်မြေ
ရီရှင်းချန်သည် သူ၏ခန္ဓာကိုယ်အသစ်ဖြင့် ပေါင်းစပ်လျက်ရှိသည်။
ပြိုင်စံရှားဂိုဏ်းမှာတော့ တပည့်များသည် ထုံးစံအတိုင်းလေ့ကျင့်နေကြ၏။ လဝက်အတွင်းမှာပဲ အစီအရင်ခန်းမဆောင်တွင် ရှိနေသော လူများသည် အထက်နယ်မြေအသီးသီးတွင် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ကို စတင်ကာ ပြင်ဆင်တော့၏။
"ဂိုဏ်းချုပ်"
ကျန်းတယ်ကျွင်းက သတင်းပေးပို့လိုက်သည်။ "တည်နေရာရွေ့ပြောင်းခြင်း အစီအရင်တွေ တစ်ရာကျော်လောက် တည်ဆောက်ပြီးပါပြီ"
"..."
ကျွင်းချောင်ရှောင်းသည် ရင်ဘတ်ကို ဆုပ်ကိုင်လိုက်၏။ ရင်ထဲတွင် နာကျင်လျက် ရှိနေ၏။ "ဒါတွေကိုသာ လူသိရှင်ကြား ဖွင့်လိုက်ရင် လက်ခံသူအနေနဲ့ အစစ်အမှန် စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာလောက်တော့ ပြန်ရနိုင်တယ်"
"ချီးတဲ့မှ သန်းတစ်ရာတည်းလား"
"ဂိုဏ်းချုပ်"
ရှန်ကွမ်းရှင်းရောင်သည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ "ကြယ်တာရာစိတ်ဝိညာဥ် လောကရဲ့ အလင်းစက်က တစ်ဖြည်းဖြည်းနဲ့ ပိုပြီးတော့ အရှိန်မြန်လာတယ်။"
ကျွင်းချောင်ရှောင်းသည် ပြည့်စုံလုနီးပါးဖြစ်နေသော လွန်းပျံယဥ် ဆီသို့ ချက်ချင်းပဲ ရောက်လာခဲ့၏။ မြေပုံပေါ်ရှ် အလင်းစက်များသည် ပိုမိုကာ မြန်လာသည်ကို အတည်ပြုပြီးနောက် မျက်မှောင်ကုတ်လိုက်မိ ၏။ "ပိုပြီးတော့ မြန်လာတာပဲ"
စနစ်က ပြောလိုက်သည်။ "တွက်ချက်မှုအရဆိုလျှင် အထက်နယ်မြေ ကို အနည်းဆုံး နှစ်ဝက်အတွင်း ရောက်လာလိမ့်မယ်။ "
"နှစ်ဝက် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် အတွေးနက်နေမိ၏။ ပြီးနောက် ပြောလိုက်၏။ "ငါ့ကိုငါ တိုးတက်အောင် လုပ်ရမယ်။ ဒါမှ ကပ်ဘေးကြီး ရောက်လာရင် ငါကိုယ့်ငါ ကာကွယ်နိုင်မှာ"
.............
တစ်ရက်တည်းမှာပဲ သူသည် ဂိုဏ်း၏ အကြီးအကဲများကို ခေါ်ပြီး သေသေချာချာ ညွှန်ကြားချက် ပေးတော့၏။ ပထမဆုံး ဖန်းရီကျိကို ခေါ်ကာဖြင့် ချပ်ဝတ်များအတွက် သေချာ အချိန်ပေးရန် အမိန့်ပေးခဲ့သည်။
ပြီးသည့်နောက် ကျန်းတယ်ကျွင်းကို ခေါ်ကာဖြင့် စက်ရုပ်များကို လေ့လာရန် အမိန့်ပေးခဲ့၏။
ရွှဲ့ရမ်ကွေ့ကို ခေါ်ကာဖြင့် ကျောက်ရုပ်ထုမျိုးနွယ်မှ ကလန်သားများအား စစ်သည်ကဲ့သို့ လေ့ကျင့်ပေးရန် စေခိုင်းလိုက်သည်။ပြီးသည့်နောက် သူသည် အဝယ်တော်ခန်းမဆောင်ကို ခေါ်ကာ ကျောက်ရိုင်းများနှင့် ဆေးပင်များကို အမြောက်အများဝယ်ယူရန် စေခိုင်းခဲ့တော့သည်။
ပြိုင်စံရှားဂိုဏ်းသည် ချက်ချင်းပဲ သက်ဝင်လှုပ်ရှားသွားခဲ့၏။ ဟောခန်းအသီးသီးတွင် ရှိနေသော အဖွဲ့ဝင်များသည် ချက်ချင်းပဲ လုပ်စရာရှိရာကို လုပ်ဆောင်ကြတော့၏။
ကျွင်းချောင်ရှောင်းသည်လည်း အလကားမနေချေ။ အမိန့်ပေးပြီးနောက် သူသည် ပြိုင်စံရှားဂိုဏ်းမှ တစ်ယောက်တည်း ထွက်ခွာပြီး ထူးခြားလိုဏ်ဂူဆီသို့ ဦးတည်ခဲ့သည်။ သူ၏ဆရာကို မြင်သည့်အချိန်မှာတော့ ချက်ချင်းပဲ "မြန်မြန် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းကို လာဖို့ ပြောပေးပါအုံး။ အရေးကြီးတဲ့ ကိစ္စဆွေးနွေးစရာရှိတယ်"
ဖွီး ....။
ကြီးမြတ်သူတုံးကု သည် ပါးစပ်ထဲတွင် ရှိနေသော ရေနွေးများပင် ပြန်ထွက်လာခဲ့၏။ အင်မော်တယ်အဆင့်ဂိုဏ်းဆယ်ဂိုဏ်းအား သူ၏ဂိုဏ်းသို့ လာရောက်ကာ ဆွေးနွေးစေချင်သည်လား။ အတွေးသည် အမှန်ပင် ကလေးဆန်လွန်းလှသည်။
"ဆရာ”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “အထက်နယ်မြေရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေတဲ့ ကိစ္စလေ။ နှောင့်နှေးနေလို့ မရဘူး။"
"ကြယ်တာရာ စိတ်ဝိညာဥ် လောကရဲ့ လူတွေ လာတော့မှာလား"
"အများဆုံး နှစ်ဝက်ပဲ "
"......."
ကြီးမြတ်သူတုံးကု ၏ အမူအရာသည် လေးနက်သွားခဲ့၏။ ပြင်ပမှ ရန်သူများ ရောက်ရှိလာခြင်းသည် လောကကြီးတစ်ခုလုံးနှင့် သတ်ဆိုင်နေသည့် အရာပင် ဖြစ်၏။
ထို့ကြောင့် သူသည် သေသေချာချာ သုံးသပ်ပြီးနောက် သူသည် မာဆာတိုကီတာနိုကို ခေါ်၍ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီသို့ သွားတော့သည်။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းဆီသို့ သွားရမည့် အကြောင်းကို ကြားရသည့်အချိန်မှာတော့ ၎င်းတို့ကို ထွက်ခွာသွားရန်ပင် စေခိုင်းခဲ့၏။ နှင်ထုတ်မတတ်ပင်။
သူတို့သည် အင်မော်တယ်အဆင့်ဂိုဏ်းကြီးများ ဖြစ်၏။ အဘယ့်ကြောင့် ရွှမ်အဆင့်ဂိုဏ်းလေး၏ ဆွေးနွေးပွဲကို တတ်ရမည်နည်း။
ဟင်း ....။
ကြီးမြတ်သူတုံးကုသည် လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ ထွက်ခွာလာနောက် လက်ကို ခါယမ်းကာ ပြောလိုက်၏။ "ဂုဏ်သိက္ခာတရားဆိုတာက အထက်နယ်မြေရဲ့ လုံခြုံရေးထက် ပိုပြီးတော့ အရေးကြီးနေတာလား"
မာဆာတိုကီတာနိုက ပြောလိုက်၏။ "ခင်ဗျားရဲ့ တပည့်က အထက်နယ်မြေမှာ ကြီးမားတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်တာ မဟုတ်ဘူးလေ။ ဘယ်လိုလုပ်ပြီးတော့ ပြိုင်စံရှားဂိုဏ်းအထိ ခေါပြီးတော့ ဆွေးနွေးဖို့ စဥ်းစားထားရတာလဲ"
သူ၏ဆရာ၏ ခရီးစဥ်သည် ဘာအကျိုးအမြတ်မှ မရခဲ့သည်ကို ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်ခဲ့ချေ။ အချက်အလက်အားဖြင့် သူတွင် နဂိုကတည်းက သေးငယ်လှသော အစီအရင်များကို စီစဥ်ထားခဲ့ပြီး ဖြစ်၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးးဆယ်ဂိုဏ်းသာ သူတို့၏ စွမ်းအားမြင့် ကျင့်ကြံသူတွေကို စေလွှတ်ပြီး ဆွေးနွေးမည် ဆိုလျှင် အခြားသော အင်အားစုများသည် မည်ကဲ့သို့ ထင်မှတ်ကြမည်နည်း။ သို့ပေမဲ့ ကံမကောင်းစွာဖြင့် ၎င်းတို့သည် လိုက်ပါ မပူးပေါင်းခဲ့ကြချေ။
"တပည့်"
ကြီးမြတ်သူတုံကုသည် ထမင်းကြော်တစ်ပန်းကန်ကို စားရင်းဖြင့် သူ၏ပါးစပ်ကို လက်သုတ်ပဝါဖြင့် သုတ်ကာပြောလိုက်၏။ " ကြယ်တာရာ စိတ်ဝိညာဥ် လောက ရောက်ရှိလာတာက အင်မော်တယ်အဆင် ဂိုဏ်းကြီးဆယ်ဂိုဏ်းရဲ့ ကိစ္စပဲလေ။ဒီတော့ စိတ်ပူမနေနဲ့ "
"သူတို့ဆီမှာ တိုက်ခိုက်နိုင်စွမ်း မရှိဘူး"
"ဒါဆိုရင် မင်းမှာရော ရှိလို့လား" ကြီးမြတ်သူတုံးကုသည် ပြန်လည်ကာ မေးလိုက်၏။
"ရှိတာပေါ့"
ကျွင်းချောင်ရှောင်းသည် ရှင်းမပြချေ။ သူ၏ကျင့်ကြံခြင်းသည် မမြင့်မားလှသော်လည်း အဓိကမျိုးနွယ်ကြီး သုံးစုကို စုစည်းနိုင်သူ ဖြစ်၏။ ပြီးနောက် ပြောလိုက်၏။ "အခက်အခဲရောက်လာတဲ့ အချိန်မှာ ကြည့်လိုက်ရအောင်"
"ကောင်းပြီ"
ကြီးမြတ်သူတုံးကု က ပြောလိုက်၏။ "ငါ့ကို ဒုက္ခမပေးရင်တော့ ပိုကောင်းတာပေါ့"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့သည်။
"မင်းတို့ ဂျူနီယာတွေက အနာဂတ်မှ ပိုပြီးတော့ အားကောင်းအောင်လုပ်ဖို့ပဲ။ ရောက်လာမဲ့ ကပ်ဘေးကတော့ ....."
သူသည် ထရပ်ကာ လေးလေးနက်နက် ပြောလိုက်၏။ "ငါတို့လို အဘိုးကြီးတွေ ခုခံရမဲ့ ကိစ္စမျိုးပဲလေ။ ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ သူ၏ဆရာဆိုလိုသည့် အဓိပ္ပာယ်မှာ မိမိကိုယ်ကို အားကောင်းလာစေရန် ကြိုစားရန်ဖြစ်၏။ ကျန်သည့်ကိစ္စများကို သူတို့ဘာသာ သူတို့ပြုလုပ်ကြမှာ ဖြစ်၏။ ကြည်နူးစရာ ကောင်းလှချေ၏။
"တပည့်"
ကြီးမြတ်သူတုံးကု က ပြောလိုက်၏။ "ငါ့အတွက် ထမင်းကြော်ပန်းကန် တစ်သောင်းလောက် ပေးလိုက်အုံး"
ထိုနေ့မှာပဲ ကြီးမြတ်သူတုံးကုသည် မာဆာတိုကီတာနို နှင့် အတူ ထွက်ခွာသွားခဲ့သည်။
တဖြည်းဖြည်းထွက်ခွာသွားသည့် လူနှစ်ယောက်ကို ကြည့်ရှုရင်း သူသည် ပြောလိုက်၏။ "နှစ်ဝက်အတွင်းမှာ သူတို့ကို အံ့အားသင့်အောင် လုပ်ရမယ်"
အစီအရင်ဟောခန်းအတွင်းမှာတော့ စက်ရုပ်အပိုင်းအစများသည် ရှုပ်ပွလျက် ရှိသည်။
ဒင်
ပန်းပဲခန်းမဆောင်သည်လည်း ကျွဲရိုင်းစက်ရုပ်များကို ဖန်တီးလျက်ရှိနေ၏။
ကျောက်ရုပ်ထုမျိုးနွယ် ကလန်အပြင်ဖက်မှာတော့ ချပ်ဝတ်ဝတ်ဆင်ထားသည့် ရွှဲ့ရမ်ကွေ့သည့် မတ်တပ်ရပ်လျက် ရှိနေ၏။ သူသည် အဝေးတွင် လေ့ကျင့်နေသည့် ကျောက်ရုပ်ထုမျိုးနွယ်မှ ကလန်သားများကို ကြည့်ရှုစစ်ဆေးနေသည်။
"ဂိုဏ်းချုပ် ..... ဂျူနီယာညီလေးလီ ပြန်လာပါပြီ။ ဂျူနီယာညီလေးထျန်းနဲ့ ဂျူနီယာညီလေးလုံ ပြန်လာပါပြီ"
လအနည်းငယ်အတွင်းမှာပဲ လီဖေး၊ ထန်းချီနှင့် လုံကျစ်ရန်နှငိ့ အခြားသူတို့သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့ကြ၏။ တောင်၏ အမြင်ဆုံး တောင်ထွတ်ပေါ်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။ "ဘယ်တိုက်ပွဲကိုမှ ကြောက်စရာ မလိုဘူး"