← Chapters

အခန်း ၁၆၀၂

Vol. 108 Ch. 1602

အခန်း ၁၆၀၂

Vol. 108 Ch. 1602

အပိုင်း (၁၆၀၂)

အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ပြိုင်စံရှားဂိုဏ်းဆီသို့ လာရောက်ကာ ဆွေးနွေးခြင်းအမှုကို မပြုလုပ်ကြသော်လည်း သူတို့လုပ်စရာရှိသည့် အရာများကို‌တော့ ပြုလုပ်ရန် ပြင်ဆင်ကြတော့သည်။ ရောက်ရှိ လာမည့် ကပ်ဘေးကြီးကို ရင်ဆိုင်ရန်အတွက် မည်ကဲ့သို့ ပြုလုပ်ရမည်ဆိုသည်ကို သေသေချာချာ အစီအစဉ် ရေးဆွဲ နေကြ၏။ သို့ပေမဲ့ ယခင်တုန်းက ရောက်ရှိလာခဲ့သည့်် တပ်သင်္ဘောကြီးဆယ်စင်းကို ပြန်တွေးရမည် ဆိုလျှင် သူတို့သည် တစ်ခုထဲကို ဖျက်ဆီးဖို့အနေနှင့် အားတော်တော် စိုက်ခဲ့ရ၏။ ထို့ကြောင့် များပြားလှသည့် တပ်သင်္ဘောများ ရောက်ရှိလာမည်ဆိုပါက အခြေအနေသည် ခန့်မှန်း၍ မရနိုင်အောင် ပိုမိုကာ အားကောင်းနေမှာ သေချာ၏။

“ဘိုးဘေးအကြီးအကဲကြီး”

လင်းထျန်အင်မော်တယ်ဂိုဏ်း၏ လျှို့ဝှက် အခန်းထဲမှာတော့ လက်ရှိဂိုဏ်းချုပ် လင်းဟောင်ရန်သည် ကျောက်တံခါးကြီး၏ အပြင်ဘက်တွင် မတ်မတ်ရပ်ကာဖြင့် လေးလေးစားစား ပြောလိုက်၏။ “မကြာခင်မှာ အထက်နယ်မြေတစ်ခုလုံးက ကပ်ဘေးကြီး ကျရောက်တော့မယ်။ ကျေးဇူးပြုပြီး တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီး ကူညီပေးပါအုံး”

“စိတ်မပူနဲ့”

ရှေးကျလှသော အသံအိုကြီးတစ်ခုသည် အတွင်းထဲမှ ထွက်ပေါ်လာ၏။ “အထက်နယ်မြေကြီး ဒုက္ခရောက်မယ်ဆိုရင် ငါက ဘာမှမလုပ်ဘဲ ရပ်ကြည့်နေမှာ မဟုတ်ဘူး”

လင်းဟောင်ရန်သည် စိတ်သက်သာရသလို သက်ပြင်းချလိုက်မိ၏။ သူ၏ အထင်အရဆိုလျှင် ဘိုးဘေး အကြီးအကဲ ကြီးသာ ပေါ်လာမည်ဆိုပါက ပြဿနာသည် ဤမျှမကြီးမားတော့ချေ။ တခြားသော အင်မော်တယ်အဆင့်ဂိုဏ်း များမှ အထက်ပိုင်းအကြီးအကဲများသည်လည်း အလကားမနေကြချေ။ သူတို့သည် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ၎င်းတို့၏ ဂိုဏ်းထဲတွင် ရှိနေသော အဘိုးအိုများကို ဆက်သွယ်ကြ၏။ တကယ့်အရေးအကြောင်း အခြေအနေမျိုးတွင် လာရောက်ကာ တိုက်ခိုက်ပေးရန် မျှော်လင့်နေကြတော့သည်။

အထက်နယ်မြေတစ်ခုလုံးတွင် သူတို့သည် ခြေကုပ်ယူ ပြီးသည့်နောက် နယ်မြေဟောခန်းကိုပင် တည်ထောင်ထားနိုင်ခဲ့၏။ ထို့ကြောင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီးများ အနေနှင့် အခြေခံသည် ခိုင်မာလွန်းလှပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများကိုလည်း ပိုင်ဆိုင်နေကြ၏။

ဟုတ်ပေ၏။ ကုန်းရှန့်သည် ထိုအရာကို သေသေချာချာ နားလည်ပြီး ဖြစ်တော့၏။ ထို့ကြောင့်ပင်လျှင် ကြယ်တာရာ စိတ်ဝိညာဉ်လောကမှ လူများကျုးကျော်လာလျှင် သူသည် ဆရာကြီးတစ်ယောက်ကဲ့သို့ ဟန်ပန်မျိုးဖြင့် သွားရောက်ကာ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ သူပြုလုပ်ချင်သည်မှာ ဂိုဏ်းကို ကာကွယ်ရန် တစ်ခုတည်းသာ ရှိ၏။ လိုအပ်လာသည့် အချိန်မှပင် တချို့သောအရာများကို ပြုလုပ်ရန် စဉ်းစားထားမိသည်။ ဖြစ်နိုင်မည်ဆိုလျှင် လာရောက် ကျူးကျော်မည့်သူများဆီမှ အဆင့်မြင့်နည်းပညာများကို ရရှိမည်ဆိုလျှင် ကောင်းပေလိမ့်မည်။

အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေ

မြေပေါ်တွင် လဲလျောင်းလျက်ရှိနေသည့် အလောင်းတစ်ခုသည် မျက်လုံးပွင့်လာခဲ့၏။ အချိန်အတော်ကြာပြီးသည့် နောက်မှာတော့ ရီရှင်းချန်သည် နတ်ဆိုးဘိုးဘေးကြီး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်ခဲ့ပြီဖြစ်၏။

“ပြည့်စုံတယ်”

သူသည် ရုတ်တရက် မတ်တပ်ထရပ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဝိညာဉ် ကြံခိုင်ခြင်း နတ်အတတ်ကြောင့် ရီရှင်းချန်၏ဝိညာဉ်နှင့် ဤခန္ဓာကိုယ်သည် တစ်ရာရာခိုင်နှုန်း ပြည့်စုံသွားခဲ့၏။ သူ၏ မူလခန္ဓာကိုယ်အတိုင်းပင် ခံစားနေမိသည်။

ဖုန်း

ရုတ်တရက် သူ၏ နဖူးပေါ်တွင် တိုက်ခိုက်သူဟူသည့် စာတမ်းပေါ်လာသည်။ ဝိညာဉ်သည် ခန္ဓာကိုယ်ချင်း‌ ပြောင်းလဲသွားခဲသည်ဆိုသော်လည်း လင်းယွမ်ခန်းမဆောင်ထဲတွင်ရှိနေသည့် ထူးခြားသောစာလုံး သက်ရောက်မှုက ကျန်ရှိနေတုန်းပင်။

“မင်းအောင်မြင်သွားပြီလား” ကျွင်းချောင်ရှောင်းသည် လျှောက်ဝင်လာခဲ့၏။

“ဟုတ်ပါတယ်” ရီရှင်းချန်က ခေါင်းညိတ်လိုက်၏။ သူ၏မျက်လုံးထဲတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ ဂိုဏ်းချုပ်သာ ကူညီပေးသည်မဟုတ်ပါက ဤကဲ့သို့ ပြည့်စုံလှသည့် ခန္ဓာကိုယ်တစ်ခုကို အမွေ ဆက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

ဝှစ်

သူ၏အော်ရာများ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အမြူတေပြောင်းလဲခြင်းထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းအဆင့်သည် ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုးဘိုးဘေးကြီးသည် ပြန်လည်ရှင်သန်လာပြီးသည့်နောက် အချိန်အတော်ကြာ အားဖြည့်ခဲ့၏။ ထို့ကြောင့် အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့် အားအင်ကို ပိုင်ဆိုင်နေခဲ့ပြီဖြစ်သည်။ ယခု ထိုခန္ဓာကိုယ်ကို ရီရှင်းချန်က အပိုင်သိမ်းပြီးသည့်နောက် အားအင်အဆင့်၏ အကြွင်းအကျန်များကို လက်ခံရယူခဲ့သည်။

နတ်ဆိုးဘိုးဘေးကြီးသည်ပြိုင်စံရှားဂိုဏ်းကို စစ်သည်များပေးအပ်ခဲ့၏။ ထို့အပြင် နည်းစနစ်များလည်း ပေးအပ်ခဲ့၏။ ခန္ဓာကိုယ် တစ်ခုကိုလည်း ပေးအပ်ခဲ့သည်။ ယခု ကျင့်ကြံခြင်းအဆင့်ကိုလည်း ပြိုင်စံရှားဂိုဏ်းကို ပေးအပ်ခဲ့တော့သည်။ နတ်ဆိုးဘိုးဘေးကြီးသည်သာ ဘေးနားတွင် ရှိနေမည်ဆိုပါက ကျွင်းချောင်ရှောင်းသည် ချက်ချင်း လက်သီးကို ဆုပ်ကာဖြင့် ပြောမိပေလိမ့်မည်။ “ဘိုးဘေးကြီး… ကျေးဇူးအရမ်းတင်တယ်”

“ဂိုဏ်းချုပ်”

ရီရှင်းချန်က ပြောလိုက်သည်။ “ဒီတပည့်က လက်စားချေချင်စိတ် ရှိတယ်”

သူ၏ အသွင်အပြင် ပြောင်းလဲသွားခဲ့သည်ဆိုသော်လည်း အသံမှာတော့ မပြောင်းလဲသွားခဲ့ချေ။ ထက်ရှလှသည့် အကြည့်နှင့် မောက်မာ လှသည့် ဟန်ပန်အမူအရာများသည် တစ်စက်ကလေးမှ မပြောင်းလဲခဲ့ချေ။ သူပင် ဖြစ်လို့နေခဲ့သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကြယ်တာရာ စိတ်ဝိညာဉ်လောကက လာပြီးတော့ ကျုးကျော်တော့မယ်။ ဒီတော့ ဒီကိစ္စတွေပြီးတော့မှ ဟိုမိန်းမနဲ့ကိစ္စကို ဖြေရှင်းဖို့ဆိုတာ နောက်မကျသေးပါဘူး။ ပြီးတော့ တိုက်ခိုက်ဖို့ အတွက် ကတိစကားကလည်း ရှိပြီးသားပဲလေ။ အားလုံးရဲ့ရှေ့မှာ မင်းရဲ့အရင်က ရှိခဲ့တဲ့ ဂုဏ်သိက္ခာတရားကို ပြန်လည် ရယူဖို့ အချိန်ရောက်လာပါလိမ့်မယ်”

“နားလည်ပါပြီ” ရီရှင်းချန်သည် ဧကရီလင်းရောင်အား လက်စားချေမည့်အကြံကို ဖိနှိပ်ထားခဲ့၏။ သူ့အနေနှင့် လုပ်ချင်တိုင်း ပြုလုပ်တတ်သည့် ညအင်ပါယာတစ်ယောက်မဟုတ်တော့ချေ။ ပြိုင်စံရှားဂိုဏ်းအား သူ၏အစစ်အမှန် အိမ်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပြီဖြစ်၏။

“ခေါင်းတွေ၊ ခေါင်းတွေနာလိုက်တာ”

ဘေးတစ်ဖက်တွင် လဲလျောင်းလျက်ရှိနေသည့် ရုတ်တရက် ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် ထရပ်လာသည်။

“ဟမ့်” ဆယ်နှစ်ကျော် သူအသုံးပြုခဲ့သည့် ခန္ဓာကိုယ်ကို ကြည့်ရှုပြီးသည့်နောက် ရီရှင်းချန်သည် မောက်မာစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ နှလုံးသားထဲတွင် ဖြစ်တည်နေသည့် မိမိကိုယ်ကို အပြစ်တင်စိတ်များသည် အတော် လျော့ပါးသွားခဲ့၏။ ဒီနှစ်ပိုင်းအတွင်းတွင် ဟွေ့အာသည် သူ့အား လာရောက်ကာ မနှောက်ယှက်ခဲ့ပေ။ သို့ပေမဲ့ သူမသည် အမှောင်ထဲမှနေ၍ သူ့အား တစ်ချိန်လုံးစောင့်မျှော်ကြည့်ရှုလျက်ရှိကြောင်းကို ကောင်းကောင်းသိ၏။

ပထမတုန်းက သူသည် အလွန်ဒေါသထွက်နေသည် ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းကို အသိအမှတ်ပြုပြီးသည့် နောက် ဤကောင်မလေးအား သူ၏ဂိုဏ်းတူညီမလေးအဖြစ် သတ်မှတ်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် စိတ်ထဲတွင် အပြစ်ကြီးတစ်ခုကို ခံစားလာမိ၏။ သူသည် ဤကောင်မလေး၏ရည်းစား ခန္ဓာကိုယ်ကို ရယူခဲ့မိ၏။ ထို့အပြင် ချစ်သူနှစ်ယောက်၏ဘဝကို ကွေ့ကွင်းအောင်လည်း ပြုလုပ်ခဲ့မိသည်။ ညစဉ်ညတိုင်း တံခါးပိတ်ကျင့်ကြံနေသည့် အချိန်တွင် မိမိကိုယ်ကို အပြစ်တင်စိတ်များသည် သူ၏စိတ်ထဲ၌ ဖြစ်တည်လာ၏။ ထိုကဲ့သို့သော အပြစ်ခံစားရမှု သည် ပိုမိုကာ အားကောင်းလာခဲ့သည်။

သူ ဘာလုပ်ရမည်နည်း။ သူ့အနေနှင့် ဤခန္ဓာကိုယ်ဆီမှ ထွက်ခွာကာဖြင့် အားညိုကို ပြန်လည်ပေးအပ်ခြင်းသာ ရှိ၏။ ဝိညာဉ်ကြံ့ခိုင်ခြင်းနတ်အတတ်ပညာကို လေ့လာပြီးသည့်နောက်မှာတော့ သူသည် ခန္ဓာကိုယ်အသစ်ကို စတင်ကာ ရွေးချယ်လိုက်တော့၏။ ယနေ့မှာတော့ သူ၏ဆုတောင်းများမှာ အစစ်အမှန် ဖြစ်တည်လာခဲ့တော့သည်။

ဖေးအားညိုသည် အသားကျပြီးသည့်နောက်မှာတော့ သူ၏ရှေ့တွင်ရပ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းကို ကြည့်လိုက်၏။ ပြီးနောက် ချက်ချင်းပဲ ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။ “ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”

“အမ်”

ကုန်းရှန့်သည် ချက်ချင်းပဲ အံ့အားသင့်မိသွား၏။ “မင်း ငါ့ကို သိတယ်ဟုတ်လား”

“ဂိုဏ်းချုပ်ကို သိရုံတင်မကဘူး။ ဂိုဏ်းထဲမှာရှိနေတဲ့ စီနီယာနဲ့ ဂျူနီယာညီလေးတွေ အကုန်လုံးကို သိပါတယ်”

“..............”

ရီရှင်းချန်၏ မျက်နှာတစ်ခုလုံးသည် မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့တော့၏။ သူ ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်ထားစဉ်မှာပဲ ဤကောင်လေးသည် အသိစိတ်တည်ရှိလို့နေခဲ့၏။ ထို့ကြောင့် သူအတိတ်က ပြုလုပ်ခဲ့သည့် ရှက်ရွံ့စရာကိစ္စရပ်များအားလုံးကို သိရှိနေသည်လား။

“စိတ်တိုစရာပဲ။ နှုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ် လိုက်ရင်ကောင်းမလား”

စာဖတ်သူများ “???”

...............

ဖေးအားညိုသည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ခွင့် ရရှိသည်သာမက အမြူတေပြောင်းလဲခြင်းအဆင့်ငါး ကျင့်ကြံခြင်းအဆင့်ကိုလည်း ပိုင်ဆိုင်ခဲ့၏။ ထို့အပြင် အစိမ်းရောင်နွားထီးသွေးမျိုးဆက်ကိုလည်း နိုးထနိုင် ခဲ့၏။ ဆယ်နှစ်တာ ၎င်း၏ခန္ဓာကိုယ်ကို ဆုံးရှုံးရခြင်းအတွက် ကြီးမားလှသည့်လျော်ကြေးကို ရရှိခဲ့သည်ဟု ဆိုရပေမည်။

ဟုတ်ပေသည်။ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်ခဲ့သူမှာ ရီရှင်းချန်ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်တစ်ခုကို ထုတ်ယူကာဖြင့် ပြောလိုက်၏။ “ဖေးအားညို... ပြိုင်စံရှားဂိုဏ်းတပည့်”

ရီရှင်းချန်သည် စိတ်ထဲမှာ ကြိတ်ကာ ကြွေးကျော်လျက်ရှိ၏။ “ဒီနေ့ကစပြီး သူနဲ့ကျုပ်က လူနှစ်ယောက်ပဲ။ ဒီတော့ အားညိုလို့ ထပ်ပြီးတော့ မခေါ်နဲ့။ မဟုတ်ရင် ...”

“အားညို”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လာ... ဒုတိယမျိုးဆက်ချပ်ဝတ်ကို လာပြီးစမ်းဝတ်ကြည့်”

“ကောင်းပါပြီ ဂိုဏ်းချုပ်”

.............

တောင်ထွတ်ပေါ်မှာတော့ ဟွေ့အာသည် သူ၏ စီနီယာနှင့် ဂျူနီယာညီမလေးများနှင့်အတူ စကားပြောဆို ရယ်မောလျက် ရှိနေသည်။ သို့ပေမဲ့ သူတို့သည် လှမ်းလျှောက်လာရင်း လှေကားထစ်တစ်ခုဆီသို့ ရောက်ရှိလာသည့် အချိန်မှာတော့ ရုတ်တရက် ရပ်တန့်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ကြီးမားလှသည့် သစ်ပင်ကြီးရှေ့တွင် ဟန်ထုတ်လျက်ရှိနေသည့် ရီရှင်းချန်ကို မြင်လိုက်ရသောကြောင့်ပင်။

“ဟာ.. စီနီယာအစ်ကိုကြီးပဲ။ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ” အမျိုးသမီးတပည့်များသည် တီးတိုး ပြောဆိုလျက် ရှိ၏။ သူတို့သည် ရီရှင်းချန်ကို အမှန်ပင် ချီးမွမ်းမိကြ၏။ ထို့အပြင် ရီရှင်းချန်သည် အမှန်ပင် တော်လွန်းသည့်အပြင် ချောမောလွန်းသည် မဟုတ်ပါလား။

“သူလျှောက်လာပြီပဲ။ ဘာလုပ်ချင်တာလဲ”

“စီနီယာအစ်မ ဟွေ့အာကို ကြည့်နေတယ်လေ” အားလုံးပြောဆိုလျက် ရှိနေတုန်းမှာပဲ ရီရှင်းချန်သည် ဟွေ့အာ၏ ရှေ့ဆီသို့ ရောက်လာ၏။ ပြီးနောက် လက်ကို ဆန့်တန်းကာဖြင့် ငြင်သာသိမ်မွေ့စွာ ပြောလိုက်သည်။ “တူတူ ကြီးပြင်းချင်စိတ် ရှိသေးလား”

အမျိုးသမီးတပည့်များသည် ကြောင်အသွားခဲ့ကြ၏။ “ကောင်းကင်ဘုံ... စီနီယာအစ်မကို လာပြီးချစ်ရေးဆိုနေတာ လား”

အေးစက်ပြီး မောက်မာလွန်းလှသည်ဟု နာမည်ကြီးသော စီနီယာအစ်ကိုကြီးသည် အဘယ်ကြောင့် ဤကဲ့သို့သော စကားမျိုးကို ပြောဆိုနေရသနည်း။

“စီနီယာအစ်မ”

ရှရွှေယွင်သည် ဟွေ့အာ၏ အင်္ကျီစကို အသာဆွဲကာဖြင့် ပြောလိုက်သည်။ “မြန်မြန် အဖြေပေး လိုက်တော့လေ”

ဤနှစ်ယောက်ကြားတွင်ရှိနေသည့် ဇာတ်လမ်းကို သူမက သိရှိပြီးဖြစ်တော့သည်။ တစ်ဖက်လူ သည် ရုတ်တရက် လာရောက်ကာ ဝန်ခံခြင်းကို ပြုနေသည်ဆိုမှတော့ ကျိန်းသေပေါက် ချစ်သူများ ဖြစ်ကာဖြင့် လက်ထပ်သွားစေဖို့ မျှော်လင့်နေမိသည်။

ဟွေ့အာသည် ပြန်လည်မဖြေသေးပေ။ သို့ပေမဲ့ သူမ၏ မျက်လုံးထဲမှ မျက်ရည်များသည် အတိုင်းအဆမဲ့ ကျဆင်းလျက် ရှိနေ၏။ ပြင်ပလူတွေ အတွက်မှာတော့ ယခုပြောဆိုနေသူမှာတော့ ရီရှင်းချန်ဟု နားလည်နေပေ လိမ့်မည်။ သို့ပေမဲ့ သူမအတွက်မှာတော့ ဤအရာသည် ကျိန်းသေပေါက် အစ်ကိုအားညိုပင် ဖြစ်၏။

“အစ်ကိုအားညို ပြန်ရောက်လာပြီ။”

“မငိုနဲ့တော့”

ရီရှင်းချန်သည် သူ၏လက်ကို အသာမြှောက်ကာဖြင့် မျက်ရည်စ များကို သုတ်ပေးလိုက်သည်။ “ငါ့ရင်တွေနာတယ်”

“ချောလိုက်တာကွာ။ အစ်ကို ရီရှင်းချန်က တကယ့်ကို ယောက်ျားပီသတာပဲ”

အဝေးတစ်နေရာမှာ ကြည့်ရှုလျက်ရှိနေသည့် တပည့်များသည် မနာလိုစိတ်အပြည့်နှင့်ပင် ကြည့်ရှုလျက်ရှိနေ၏။

“အစ်ကိုအားညို”

ဟွေ့အာသည် ခံစားချက်များကို မည်သို့မှ မထိန်းချုပ်နိုင်တော့ချေ။ ထို့ကြောင့် တစ်ဖက်လူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာဖြင့် အားရပါးရ ငိုယိုတော့သည်။

ဖေးအားညိုသည် သူ၏ကောင်မလေးကို တင်းတင်းကျပ်ကျပ် ဖက်ကာဖြင့် တီးတိုးပြောလိုက်သည်။ “ဒီနှစ်ပိုင်း အတွင်းမှာ ငါမင်းကို အပြစ်တွေ လုပ်ခဲ့မိတယ်လေ။ ဒီတော့ တစ်ဘဝလုံး ငါမင်းကို ပေးဆပ်သွားပါမယ်”

“ကျွမ်းကျင်သူပဲ” အဝေးတစ်နေရာရှိ တောင်ထွတ်ပေါ်တွင် ရှိနေသော စုရှောင်မိုသည် ရုတ်တရက် လက်မထောင်ပြ လိုက်မိ၏။

အဘိုးကြီးဝေကလည်း ခေါင်းညိတ်လိုက်မိသည်။ “တကယ့်ကို ကျွမ်းကျင်တဲ့ လူတစ်ယောက်ပဲ”

ပြီးသည့်နောက် သူသည် တခြားသောတောင်ထွတ်ပေါ်တွင် ရှိနေသည့် ကျွင်းချောင်ရှောင်းနှင့် အစစ်အမှန် ရီရှင်းချန်ကို ကြည့်ရှုလိုက်မိ၏။ မျက်လုံးထဲတွင်တော့ အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ဤနှစ်ယောက်သည် သုံးစားမရချေ။

“ဟမ့်” ရီရှင်းချန်မှာတော့ ထိုမြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် အေးစက်စက် နှာခေါင်းရှုံ့လိုက်မိသည်။ သို့ပေမဲ့ သူ၏ စိတ်တစ်ခုလုံးသည် ကြည်လင်ရှင်းလင်းလျက်ရှိနေသည်။ အပြစ်များကို ပေးဆပ်ပြီး အကျဉ်းထောင်ထဲမှ ပြန်လည် လွတ်မြောက်လာသည့် ခံစားချက်မျိုးပင် ဖြစ်နေ၏။ ကောင်းကင်ကြီးသည် ပြာဝေလျက်ရှိနေပြီး စိတ်တစ်ခုလုံးသည်လည်း ကြည်လင်ရှင်းလင်းလျက် ရှိနေသည်။

All Chapters