← Chapters

အခန်း ၁၆၀၃

Vol. 108 Ch. 1603

အခန်း ၁၆၀၃

Vol. 108 Ch. 1603

အပိုင်း (၁၆၀၃)

ဝေါင်း ဝေါင်း

နားကွဲလောက်စရာ အော်ဟစ်သံကြီးသည် တောနက်အတွင်းမှ ထွက်ပေါ်လာခဲ့၏။

ဆွစ်

ရုတ်တရက် နှစ်နှစ်သား သို့မဟုတ် သုံးနှစ်သားအရွယ်ရှိသော ကလေးတစ်ယောက်သည် ခြုံပုတ်ထဲမှ ခုန်ထွက်လာ ခဲ့၏။ သူသည် သူ၏ခန္ဓာကိုယ်ထက် ပိုမိုကြီးမားသော ဥကြီးတစ်ဥကို ကိုင်ထားသည်။

ဘုန်း

ကြီးမားလွန်းလှသည့် ဒိုင်နိုဆောကဲ့သို့သော သားရဲများသည် ကျောက်တုံးများ၊ သစ်ပင်များကို ချိုးဖြတ်ကာဖြင့် အနောက်မှ လိုက်ပါလာခဲ့၏။ ၎င်းတို့၏ မျက်လုံးများသည် ရူးသွပ်သွားသူများကဲ့သို့ပင် ဒေါသတရားများ ပြည့်နှက် နေခဲ့၏။ ဤဥသည် ၎င်းတို့၏ ကလေးပင်ဖြစ်သည်။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် ထိုအရာကို ခိုးယူသွားသည် ဖြစ်သောကြောင့် ဒေါသထွက်လျက်ရှိ၏။

“လာခဲ့”

ကလေးသည် ပြေးရင်းမှ အော်ဟစ်လျက်ရှိသည်။ “ကျုပ်ကို လိုက်ဖမ်းကြ”

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများသည်သာ ဤကလေးကို မြင်သည်ဆိုပါက အမှန်ပင် အံ့အားသင့်သွားပေလိမ့်မည်။ နှစ်နှစ်၊ သုံးနှစ်သားသာရှိသော ကလေးတစ်ယောက်သည် သိုင်းအင်ပါယာ တစ်ယောက်နှင့် နှိုင်းယှဉ်၍ရသည့် အားအင်အဆင့်ကို ပိုင်ဆိုင်လျက်ရှိနေ၏။ ထိုကလေးသည် ၎င်း၏ခြေပုတိုလေး များကို အသုံးပြု၍ အမြန်ဆန်ဆုံးနှုန်းဖြင့် ပြေးလွှားလျက်ရှိ၏။ ဖြစ်နိုင်သည်မှာ လူငယ်တစ်ယောက်ယောက်က ကလေးတစ်ယောက် အဖြစ် ဟန်ဆောင်ထားလေသည်လား။

မဟုတ်ပေ။ ဤအရာသည် အစစ်အမှန်ကလေးတစ်ယောက်ပင်ဖြစ်၏။

ဝေါင်း ဝေါင်း

ထိုအချိန်မှာတော့ ဘေးတစ်ဖက်ဆီမှ ကြီးမားလွန်းလှသော မျိုးနွယ်တူ မွန်းစတားသားရဲကြီးနှစ်ကောင်သည် သူ့အား တောင်ကြီးကဲ့သို့ အရှိန်အဝါမျိုးဖြင့် လမ်းကို ပိတ်ဆို့ထားခဲ့သည်။ ၎င်းတို့သည် သွေးကဲ့သို့ နီရဲလျက်ရှိနေ သည့် ပါးစပ်ကြီးကို ဟကာဖြင့် အော်ဟစ်လျက်ရှိနေသည်။ တည်နေရာတစ်ခုလုံးတွင် နံဟောင်သည့် အနံ့အသက် များဖြင့် ပြည့်နှက်သွား၏။ ကလေးသည် ပြေးလွှားနေရာမှ ရပ်တန့်လိုက်ပြီးသည့်နောက် ဦးခေါင်းကို ခါယမ်းလိုက် မိ၏။ “ဖမ်းမိသွားပြီကိုး”

ဤကောင်လေးသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ မျက်နှာကလေးသည် နီမြန်းမြန်းနှင့်ဖြစ်၏။ ပါးများသည် ဖောင်းပွပွနှင့် ဖြစ်သည်။ တခြားသော သူများသည်သာ ဤကလေးကို မြင်သည်ဆိုပါက ပါးလေးကို ဖျစ်ညှစ်ချင်စိတ်ပင် ပေါက်မိကြမှာ သေချာသည်။

ဝေါင်း

ကြီးမားလွန်းလှသော မွန်းစတားသားရဲနှစ်ကောင်သည် ရှေ့ဆီသို့ လှမ်းတက်လာသည်။ ၎င်းတို့၏ ပါးစပ်ထဲတွင် ပူလောင်လှသည့် မီးတောက်များ စုစည်းလာ၏။

“ဘာလဲ”

ကလေး၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ “မီးကို အသုံးပြုပြီးတော့ ဒီဥကို ကင်ပေးမလို့လား”

ဘန်း ဘန်း

မီးလုံးကြီးနှစ်လုံးအား ပစ်လွှတ်လိုက်၏။ ကောင်လေးသည် ကျွမ်းကျင်စွာဖြင့် ရှောင်ရှားလိုက်ပြီးသည့်နောက် လေထဲသို့ ခုန်ကာ တက်လိုက်၏။ ပြီးနောက် သူနှင့်အနီးကပ်ဆုံးတွင် ရှိနေသည့် မွန်းစတားသားရဲကြီး တစ်ကောင် အား လေထုထဲမှာပင် ဖြတ်ကာ ကန်ခဲ့လိုက်၏။ မမြင်ရသည့်လှိုင်းများသည် လေထုထဲတွင် ဖြစ်တည်လာခဲ့ပြီး သည့်နောက် မွန်းစတားသားရဲကြီး၏ ဦးခေါင်းကို တည့်တည့်ပင် ထိမှန်လေသည်။ တောင်ကဲ့သို့ ကြီးမားလွန်း လှသော မွန်းစတားသားရဲကြီးသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။

ဝေါင်း

တခြားသော မွန်းစတားသားရဲကြီးသည် ပါးစပ်ကြီးကို ဟကာဖြင့် မီးတောက်များကို ဆက်တိုက်မှုတ်ထုတ်လျက် ရှိသည်။ ပတ်ဝန်းကျင်တွင်ရှိနေသော သစ်ပင်များအားလုံးသည် ပြာကျကုန်၏။

ဆွစ် ......။

ကလေးသည် မီးတောက်များကြားထဲမှ ခုန်ထွက်ပြီးသည့်နောက် မြေပေါ်သို့ အသာဆင်းသက်လိုက်၏။ ပြီးနောက် ပြောင်စပ်စပ် ပြောလိုက်သည်။ “ဒီလို မီးအမျိုးအစားမျိုးနဲ့ ကျုပ်ကို နာကျင်စေမယ်လို့ ထင်နေတာလား။

ဘုန်း ဘုန်း ဘုန်း ....။

ထိုအချိန်မှာတော့ အနောက်မှ လိုက်ပါလာသည့် မွန်းစတားသားရဲများသည် မှီသွားကြပြီဖြစ်ပြီး သူ၏ရှေ့တွင် တောင်ကြီးကဲ့သို့ မတ်မတ်ရပ်နေကြတော့၏။ နေကိုပင် ကွယ်ကာသွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည် မဲမှောင်ကာ သွားခဲ့၏။

“..............”

ကလေး၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သူ၏အားအင်အဆင့်သည် အောက်နယ်မြေတွင်တော့ မဆိုးလှချေ။ မွန်းစတားသားရဲများနှင့် ရင်ဆိုင်ရာတွင်လည်း မဆိုးချေ။ သို့ပေမဲ့ အများကြီး ဝိုင်းပတ်ခံထားရသောကြောင့် အခြေအနေသည် ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့သည်။

“အင်း”

သူသည် ဥကြီးကို အသာချကာဖြင့် အပြစ်ကင်းစင်စွာ ပြောလိုက်၏။ “အခု ဒါတွေကို ပြန်ပေးလို့ ရပြီလား”

သူ၏ ကြောက်ရွံ့တတ်မှုသည် ချစ်စရာပင် ကောင်းလို့နေခဲ့၏။ သို့ပေမဲ့ မွန်းစတားသားရဲများသည် လွယ်လွယ်နှင့် အလျော့မပေးတတ်ချေ။ ကြီးမားလွန်းလှသည့် ခြေထောက်ကြီး များကို အသုံးပြုကာဖြင့် နင်းချေ သတ်ဖြတ်ရန် ပြင်ဆင်လိုက်ကြသည်။

“ကောင်းပြီ” ကလေး၏ မျက်လုံးထဲတွင် အေးစက်မှုများ ဖြစ်တည်လာခဲ့သည်။ ဤအရာသည် အရွယ်နှင့် မလိုက်လှချေ။

ဟူး

သူ၏ တည်နေရာရွှေ့ပြောင်းခြင်း အနိမ့်အဆင့် ကျင့်ကြံခြင်းသည် အလုံးစုံ ထွက်ပေါ်လာခဲ့၏။ သူသည် ဒန်ထျန် ထဲတွင်ရှိနေသော ချီများကို အသုံးပြုကာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ “ဖေဖေ... လာကယ်အုံး”

ဝှစ်

မျက်စိတမှိတ်အတွင်း အလင်းတန်းတစ်ခုသည် ရောက်ရှိလာ၏။ ထိုအလင်းတန်းသည် မွန်းစတားသားရဲများအား တစ်ကောင်ပြီး တစ်ကောင် မြေပေါ်သို့လဲကျအောင် သတ်ဖြတ်လိုက်တော့၏။

ရိုးအပုံပေါ်သော သက်လတ်ပိုင်း အရွယ် လူတစ်ယောက်သည် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် ကလေးကို ကောက်ချီကာဖြင့် ဆူငေါက်လိုက်သည်။ “ကောင်လေး... လျှောက်ပြီးဆော့ပြန်ပြီလား။ မင်းအမေသာ သိရင် ငါ့ကို ကျိန်းသေပေါက် အပြစ်ပေးတော့မှာပဲ”

“ဟဲ ဟဲ” ကောင်ကလေးသည် လျှာကိုထုတ်ကာ ပြောင်လိုက်၏။ သို့ပေမဲ့ သူ၏ စိတ်ထဲတွင်တော့ အလွန်အမင်း စိတ်ဓာတ်ကျလျက်ရှိသည်။ နေ့စဉ်နေ့တိုင်း ဒီအပြစ်ကင်းစင်တဲ့ ကလေးလေးတစ်ယောက်လို ဟန်ဆောင် နေရတာ တော်တော်ခက်ခဲတာပဲ။

မှန်ပေ၏။ ဤအရာသည် ကလေးခန္ဓာကိုယ်နှင့် လူကြီးတစ်ယောက်စိတ် ရှိနေသော ကုကျောင်းရှစ်ပင်ဖြစ်သည်။ သူသည် ပြန်လည်မွေးဖွားလာသည်မှာ နှစ်နှစ်ကျော်သာ ရှိသေး၏။ သို့ပေမဲ့ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တည်နေရာရွှေ့ပြောင်းခြင်းအနိမ့်အဆင့်သို့ ရောက်ရှိနေခဲ့၏။ ဤကဲ့သို့သော အမြန်နှုန်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။

“သား”

ကုထျန်းရှင်းသည် ပြောလိုက်၏။ “ခဏကြာပြီးလို့ရှိရင် မင်းကို သိုင်းသင်ပေးမယ်”

“ကောင်းပါပြီ” ကုကျောင်းရှစ်၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် ဤအဆင့်သို့ ရောက်ရှိလာခဲ့သည် မှာ မည်သည့်သိုင်းနည်းစနစ်ကိုမှ ကျင့်ကြံခဲ့၍ မဟုတ်ချေ။ ကုန်းရှန့်သာ ထိုအရာကို သိမည်ဆိုပါက အိမ်သာထဲ သွားရောက်ကာ ငိုယိုနေမှာ သေချာသည်။

ဝေါင်း ဝေါင်း

ထိုအချိန်မှာတော့ ကောင်းကင်ယံထက်တွင် အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ပျံသန်းနိုင်သော သားရဲများသည် အတောင်ပံများကို ဖြန့်ကာဖြင့် ပျံသန်းလာကြ၏။ ကောင်းကင်ယံတစ်ခုလုံးတွင် ရောင်စုံအလင်းတန်းများအဖြစ် ဖြစ်တည်လာခဲ့၏။

“အဖေ”

ကုကျောင်းရှစ်သည် မျက်လုံးပြူးသွားမိ၏။ “စစ်ပွဲတွေ ဖြစ်တော့မှာလား”

“မဟုတ်ပါဘူး” ကုထျန်းရှင်း၏ မျက်နှာပေါ်တွင် လေးနက်သည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ “သူတို့က” သူသည် ခဏလောက်ရပ်တန့်ကာ ပြောလိုက်သည်။ “မင်းရဲ့မွေးနေ့ပွဲကို လာဂုဏ်ပြုကြတာလေ”

“အမ်”

ထိုမှသာလျှင် ယနေ့မှာ သူ၏မွေးနေ့ဖြစ်ကြောင်း ကုကျောင်းရှစ် သတိရမိ၏။ ကုမောင်နှံ တံခါးပိတ် ကျင့်ကြံရာ တည်နေရာမှာတော့ ထူးဆန်းလွန်းလှသော မွန်းစတားသားရဲများသည် ပတ်ဝန်းကျင်အနှံ့တွင် စုစည်း ရောက်ရှိလာခဲ့ကြ၏။ အလွန်ပင် များပြားလွန်းလှ၏။

တောင်ပင်လယ်နယ်မြေ - နာမည်ကို ကြည့်ရှုလိုက်သည်နှင့် တောင်များ၊ ပင်လယ်များနှင့် ဖန်တီးထားသည့် နယ်မြေကြီးတစ်ခုဖြစ်ကြောင်း သိရှိနိုင်၏။ ဤတည်နေရာကို အုပ်စိုးကြသည့်သူများသည် မွန်းစတားသားရဲများပင် ဖြစ်၏။ နယ်မြေသခင်ပင်လျှင် ရှားပါးလွန်းလှသော မိချောင်းအမျိုးအစား သားရဲတစ်ကောင် ဖြစ်လို့နေသည် မဟုတ်ပါလား။ သူတို့ အဘယ်ကြောင့် စုဝေးနေရသနည်း။ မှန်ပေသည်။ ကုကုန်းဟွ၏ မွေးနေ့ကို လာရောက်ကာ ဂုဏ်ပြုကြခြင်းပင်။

အထက်နယ်မြေတွင် ပြင်းပြင်းထန်ထန် အလုပ်လုပ်နေသော ကျွင်းချောင်ရှောင်းသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းကို ဖိတ်ခေါ်ခဲ့သည်ဆိုလျှင်တောင်မှ တစ်ဖက်လူများက အလုပ်မလုပ်ကြချေ။ သို့ပေမဲ့ နှစ်နှစ် အရွယ်သာ ရှိနေသေးသည့် ကုကျောင်းရှစ်မှာတော့ ရှိရှိသမျှ နယ်မြေမှလူများအားလုံး လာရောက်ကာ ဂါရဝ ပြုနေ ကြ၏။ ထို့အပြင် ကုကျောင်းရှစ်သည် အသက်နှစ်နှစ်သာ ရှိနေသေး၏။ နှိုင်းယှဉ်ရမည်ဆိုလျှင် တကယ်ပင် ခြားနား လွန်းလှချေ၏။

“သမက်လေး”

အခန်းထဲသို့ ဝင်လာပြီးသည့်နောက် နယ်မြေသခင်မိချောင်းသည် စားပွဲပေါ်တွင် ကောင်းကင် ရတနာများကို တင်ကာ ပြောလိုက်၏။ “ယောက္ခမက မင်းကို လက်ဆောင်တွေ လာပေးတယ်”

“..............”

ကုကျောင်းရှစ်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွား၏။ ဤကောင်းကင်ဘုံ ရတနာများသည် အလွန်တန်ဖိုးကြီးသည့်အရာများဖြစ်ကြောင်း သိရှိပြီးဖြစ်၏။ သို့ပေမဲ့ ယောက္ခမဆိုသည့် စကား ထွက်ပေါ်လာ သည့်အချိန်မှာတော့ သူသည် မည်သို့ခံစားရမှန်း မသိတော့ချေ။

“ခမည်းခမက်”

ကုထျန်းရှင်းသည် ပစ္စည်းများကို အိတ်ထဲထည့်ကာဖြင့် ပြုံးကာ ပြောလိုက်သည်။ “ယဉ်ကျေးလွန်း နေပြီ”

“ဒါက ကျုပ်ရဲ့တာဝန်ပါ” နယ်မြေသခင်သည် ပြုံးလိုက်၏။ ထိုကဲ့သို့ ပြုံးလိုက်သည့်အချိန်တွင် သူ၏မျက်နှာသည် ပိုမိုကာ ရုပ်ဆိုးလာခဲ့တော့၏။ သူလက်ထပ်ရမည့် မိန်းကလေးသည် သူမ၏ အဖေနှင့်သာ တူညီသည်ဆိုပါက ကုကျောင်းရှစ်အတွက် မတွေးရဲစရာပင်။ ကုကျောင်းရှစ်အနေဖြင့် လက်ထပ်ပွဲမစခင်တွင် အိမ်မှထွက်ပြေးချင်သည့် စိတ်များ ပိုမိုကာ အားကောင်းလာခဲ့၏။

“ခမည်းခမက်”

ကုထျန်းရှင်းက ပြောလိုက်သည်။ “ဘယ်အချိန် သူတို့ကို တွေ့ပေးမှာလဲ”

“အခုပဲ လုပ်လိုက်ကြမယ်လေ”

နယ်မြေသခင်က ပြောလိုက်၏။ “ဒီနေ့ပဲ”

“အင်း... ကောင်းပါပြီ”

“အိပ်ချင်လိုက်တာ”

ကုကျောင်းရှစ်သည် သူ၏မျက်လုံးများကို ပွတ်သပ်ကာဖြင့် သူ့အမေရင်ခွင်ထဲတွင် လဲလျောင်း လိုက်သည်။ စိတ်ထဲမှာတော့ ကြိတ်ကာ ပြောလျက်ရှိသည်။ “အခုအချိန်မှာ ထွက်ပြေးဖို့ နောက်ကျလွန်းနေပြီနဲ့ တူတယ်”

ကျွီ

နယ်မြေသခင်သည် ခြံဝန်းထဲမှ အသာလျှောက်ထွက်လိုက်၏။ ကုထျန်းရှင်းသည် သူ့အား လိုက်ပါပို့ဆောင်ခဲ့သည်။ လက်သီးကိုဆုပ်ကာ တစ်စုံတစ်ခုပြောရန် ပြင်ဆင်လိုက်သည့်အချိန်မှာပဲ ကောင်းကင်ယံတွင် လှိုင်းများ ဖြစ်တည် လာသည်ကို မြင်လိုက်ရ၏။

“ဒါက...” နယ်မြေသခင်သည် တုန်လှုပ်သွားမိသည်။

ကုကျောင်းရှစ်၏ အမေသည်ကလည်း ကုကျောင်းရှစ်ကို လက်ထဲမှာ အသာပိုက်ကာဖြင့် လျှောက်ထွက်လာခဲ့၏။ ကောင်းကင်ယံပေါ်တွင် ဖြစ်တည်နေသည့် ပြောင်းလဲမှုကြီးကို ကြည့်ရှုကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “ယောက်ျား... ဒါဘယ်လိုစွမ်းအင်မျိုးလဲ။ တောင်ပင်လယ်နယ်မြေရဲ့ တည်နေရာအတွင်းပိုင်း ကိုတောင် လာပြီးတော့ သက်ရောက်နေတယ်”

“ယောက်ျားလည်း မသိဘူး” ကုထျန်းရှင်းသည် သူ၏စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်မိ၏။

ဝမ်

ထိုအရာနှင့် ထိတွေ့လိုက်သည့်အချိန်မှာတော့ မိုးကြိုးပစ်ခံလိုက်ရသလို သူက ခံစားလိုက်မိသည်။

ဘုတ် ဘုတ်

ကုထျန်းရှင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရ၏။ ပြီးနောက် တုန်လှုပ်စွာဖြင့် ပြောလိုက် သည်။ “ဒါ ဒါက ခန့်မှန်းလို့မရဘူးပဲ”

သူ့အမေ၏ လက်ထဲတွင် ရှိနေသော ကုကျောင်းရှစ်သည် မျက်လုံးအပြူးသားဖြင့် စူးစိုက်ကြည့်မိနေ၏။ ဤနှစ်နှစ် အတွင်း သူ၏အဖေသည် သူ၏နှလုံသားထဲတွင် ပြိုင်ဘက်ကင်း သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ ကောင်းကင်ယံတွင် ရှိနေသည့် အရာကြီးနှင့် ထိတွေ့ပြီးသည့်နောက် အနောက်ဘက်သို့ ဆုတ်ခွာခဲ့ရသည်။ မယုံကြည်နိုင်ဖွယ်ရာပင်။ ဖြစ်နိုင်သည်မှာ ဤလောကကြီးတွင် သူ၏အဖေထက် ပိုအားကောင်း သည့် လူတစ်ယောက် ရှိနေသည်လား။

ခလွပ် ခလွပ်

တည်နေရာကြီးသည် တွန့်လိမ်သွားပြီးသည့်နောက် မမြင်ရသည့်လက်ကြီးတစ်ဖက်နှင့် ဆွဲဖြဲလိုက်သလိုပင် လေထုထဲတွင် ကြီးမားလှသည့် လေဝဲကြီးတစ်ခု ဖြစ်တည်လာခဲ့တော့၏။

ကုမောင်နှံတို့၏ အမူအရာသည် ပိုမိုကာ လေးနက်လာတော့၏။ ဤအရာသည် မည်သည့်စွမ်းအားများဖြစ်သည်ကို သူတို့သေချာမသိချေ။ သို့ပေမဲ့ တောင်ပင်လယ်နယ်မြေ၏ တည်နေရာအတွင်းပိုင်းကိုပင် ဆုတ်ပြတ်အောင် ပြုလုပ်နိုင်သည်ဆိုခြင်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေချေသည်။

“ခမည်းခမက်”

နယ်မြေသခင်သည် မျက်မှောင်ကုတ်လိုက်မိ၏။ “ဒါက တောင်ပင်လယ်နယ်မြေနဲ့ တခြားဂြိုဟ် တစ်ခုခုကို ချိတ်ဆက်ထားတဲ့ အချိန်နဲ့တည်နေရာ လျှို့ဝှက်လမ်းကြောင်း ဖြစ်နေပြီ”

“သွားကြရအောင်”

ကုထျန်းရှင်းက ပြောလိုက်သည်။ “အထဲကိုဝင်ပြီး ကြည့်ကြည့်ရအောင်”

ဝှစ် ဝှစ်

ရုတ်တရက် ပေါ်ပေါက်လာသည့် လေဝဲကြီးသည် သူတို့အား အမှန်ပင် စိတ်ဝင်စားစေမိ၏။

“ကျွန်မလည်း လိုက်မယ်”

ကုကျောင်းရှစ်၏ အမေက ပြောလိုက်၏။ ရင်ခွင်ထဲတွင် လဲလျောင်းလျက်ရှိနေသည့် ကုကျောင်းရှစ် သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။ “ဒီလေဝဲကြီးပေါ်လာတာ အတော်ပဲ။ မဟုတ်ရင် ငါ ဟိုကောင်မလေးကို ကြည့်နေရအုံးမယ်”

ဝှစ်

သူတို့သုံးယောက်သည် လေဝဲကြီး၏ အရှေ့ဆီသို့ လျှောက်သွားလိုက်၏။ ကုကျောင်းရှစ်သည် တစ်ဖက်မှ တိုက်ခတ် လာသည့်လေများကို ခံစားပြီးသည့်နောက် ရင်းနှီးနေသလို ခံစားမိ၏။ သူသည် တုန်လှုပ်သွားမိ၏။ “ဒီအချိန်နဲ့ တည်နေရာလျှို့ဝှက်လမ်းကြောင်းရဲ့ တစ်ဖက်ခြမ်းက အထက်နယ်မြေများ ဖြစ်နေတာလား”

All Chapters