အခန်း ၁၆၀၄
Vol. 108 Ch. 1604
အပိုင်း(၁၆၀၄)
ပြိုင်စံရှားဂိုဏ်း …။
ဆန်းကြယ်လွန်းသော အဆင့်တက်သည့်အော်ရာများသည် တောင်ထွတ်အားလုံးဆီသို့ ပျံ့နှံ့သွားခဲ့၏။
“ဘယ်သူ အဆင့်တက်ပြန်ပြီလဲ။”
တပည့်များသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တောင်ထွတ်တစ်ခုပေါ် တွင် မတ်မတ်ရပ်လျက်ရှိနေသည့် ရီရှင်းချန်မှန်း သိရှိလိုက်ကြသည်။
“ချီးတဲ့မှ”
စုရှောင်မိုက အံ့အားသင့်သွား၏။ “သူ အဆင့်တက်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်မဟုတ်လား။ ဘယ်လိုလူပ် ထပ်ပြီးအဆင့်တတ်ရတာလဲ။”
လက်ရှိအခြေအနေမှာတော့ ရီရှင်းချန်သည် ဖေးအားညို၏ ခန္ဓာကိုယ်ဆီမှ ထွက်ခွာသွားပြီးသည့်နောက် မတူညီသည့် လူတစ်ယောက်အဖြစ်သို့ ထပ်မံကာ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်းကို တစ်ဂိုဏ်းလုံးက သိရှိ၏။ သို့ပေမဲ့ နတ်ဆိုး ဘိုးဘေးကြီး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသည့်နောက် သူသည် အမြုတေပြောင်းလဲခြင်းထိပ်ဆုံးအဆင့်တွင်သာ တည်ရှိခဲ့၏။ ယခု အဘယ့်ကြောင့် ၂ ရက်၊ ၃ ရက်အတွင်း ထပ်မံကာ အဆင့်ချိုးဖြတ်ရသနည်း။
“ဖြစ်နိုင်တာက”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ ရှေ့တွင် ထိုင်လျက်ရှိ၏။ သူက တွေးလိုက်မိ၏။ “သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်တွေက အလုံးစုံ မပေါင်းစပ်နိုင်သေးတာနဲ့တူတယ်။”
ဤအရာသည် အကြောင်းပြချက်တစ်ခုသာ ရှိ၏။ သို့ပေမဲ့ ရီရှင်းချန်အား အစစ်အမှန်ရှာဖွေခြင်းအဆင့်သို့ တိုးတက်နိုင် စေသည့် အကြောင်းအရာသည် ဖေးအားညိုနှင့် ဟွေ့အာတို့ နှစ်ယောက်ပေါင်းဖက်သွားခဲ့သောကြောင့် သူ၏ အပြစ် ကင်းစင်မှုကို အလုံးစုံရရှိသွားခဲ့သောကြောင့်ပင်။
စိတ်ပိုင်းဆိုင်ရာ ……။
စိတ်ပိုင်းဆိုင်ရာသည် အရာအားလုံးကို ကျော်ဖြတ်နိုင်စွမ်းရှိ၏။
ဝှစ်
အဆင့်တက်သည့် အော်ရာများသည် ၁နာရီခန့်ဖြစ်တည်ခဲ့ပြီးသည့်နောက် ပြန်လည်ငြိမ်သက်သွားခဲ့၏။ ရီရှင်းချန်သည် တောင်၏ ထိပ်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ့အား ခန့်မှန်း၍ မရနိုင်သည့် အော်ရာများက လွှမ်းခြုံနေခဲ့၏။ သူသည် အဆင့်ချိုးဖြတ်ခဲ့၏။ သူသည် အစစ်အမှန်ရှာဖွေခြင်းအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့၏။ သို့ပေမဲ့ စိတ်လှုပ်ရှားခြင်း တစ်ချက်ကလေးမှ မရှိခဲ့ချေ။
ပြန်လည်မွေးဖွားသည့်အတွေ့အကြုံ၊ ခန္ဓာကိုယ်ပြောင်းလဲရသည့်အတွေ့အကြုံများကို ခံယူပြီးသည့်နောက် ရီရှင်းချန် ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့၏။ တောင်၏ ထိပ်တည်နေရာတွင် မတ်မတ်ရပ်ပြီး ကောင်းကင်၊ မြေကြီးနှင့် တစ်သားတည်း ဖြစ်နေသလိုပင်။ သူ ညအင်ပါယာသည် ဟာသသဘောမျိုးဖြင့် ပြန်လည် မွေးဖွားလာသည့် လူတစ်ယောက်မဟုတ်ပေ။
“ဧကရီလင်းရောင်”
ရီရှင်းချန်သည် သူ၏ ဦးခေါင်းကို မော့ကာဖြင့် လေဟာနယ်ထဲသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ “ငါတို့ကြားမှာရှိတဲ့ ရန်ငြိုးက ဖြေရှင်းရတော့မယ်။”
ဤအမုန်းတရားသည် ဘယ်တော့မှ မေ့ပျောက်လိမ့်မည် မဟုတ်ချေ။ အချက်အလက်အားဖြင့် သူ့အား အချိန်တိုင်း ပိုမိုတိုးတက်စေရန် တွန်းအားပေးသည့်အရာသည်လည်း ထိုအရာပင်ဖြစ်နေတော့၏။ အတိတ် တုန်းကဆိုလျှင် လက်စားချေဖို့ဆိုသည်မှာ အလွန်အလှမ်းကွာဝေးလွန်း၏။ သို့ပေမဲ့ ရီရှင်းချန်သည် ယခု အစစ်အမှန်ရှာဖွေခြင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားသည်။ သို့ပေမဲ့ ဧကရီလင်းရောင်နှင့် တိုက်ခိုက်ရန် အခွင့်အရေး မရရှိသေး ချေ။
“မဆိုးဘူး” ကုန်းရှန့်က ပြုံးလိုက်၏။
ရောင်မုန့်ယဉ်ပြီးသည့်နောက် နောက်ထပ် ဒုတိယမြောက် အစစ်အမှန်ရှာဖွေခြင်းကျင့်ကြံသူတစ်ယောက် ဂိုဏ်း၌ တည်ရှိလာခဲ့၏။ ဤအရာသည် သူ့အား အမှန်ပင် စိတ်ကျေနပ်စေခဲ့၏။
“စုရှောင်မို၊ လီဖေး”
ရီရှင်းချန်က အော်ဟစ်လိုက်၏။ “ကျုပ်တို့ ဒီနေ့ မမူးမချင်း အိပ်ဆောင်ကို မပြန်ဘူး။”
“………”
စုရှောင်မိုနှင့် လီဖေးတို့သည် မြေပေါ်သို့ လဲကျသွားခဲ့သည်။ ညီငယ်လေး ငါတို့ မှားပါပြီကွာ။ ဟုတ်ပြီလား။
………
ရီရှင်းချန်တစ်ယောက် အစစ်အမှန်ရှာဖွေခြင်းအဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားခြင်းသည် ကျွင်းချောင်ရှောင်းအား အမှန်ပင် ပျော်ရွှင်စေခဲ့၏။ ထို့ကြောင့် ည၌ သူသည် စားပွဲသေးလေးကို ကျင်းပခဲ့၏။
“လာခဲ့”
ညအင်ပါယာသည် ထိုင်ခုံပေါ်သို့ ခြေတစ်ဖက်လှမ်းတင်ပြီးသည့်နောက် အရက်မူးအိပ်မက်ဝိုင်ကို လှမ်းယူလိုက်သည်။ “လေးစားမှုကို ပြသတဲ့အနေနဲ့ ကျုပ်အရင်သောက်လိုက်မယ်။”
ဂလု ဂလု
ပြီးနောက် သူသည် ဝိုင်ခွက်ကို အသာချလိုက်၏။
….
ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိနေသည့် စုရှောင်မိုနှင့်လီဖေးတို့သည် ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်ယင်သွားခဲ့၏။ အချိန်ကိုသာ နောက်ပြန်ဆုတ်လို့ရမည်ဆိုပါက သူတို့သည် ရီရှင်းချန်အား ဘယ်တော့မှ အရက်တိုက်လိမ့်မည် မဟုတ်ချေ။ ဆိုးရွားသည်မှာ ဤလောကတွင် နောင်တတရားဆိုသော ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဟူ၍ မရှိချေ။
ရီရှင်းချန်သည် ထိုနှစ်ယောက်ကို အမှန်ပင် မှတ်သားထားမိ၏။ ဂိုဏ်းထဲတွင် ရှိနေပြီး အရက်သောက်သည် ဆိုသည်နှင့် ထိုသူတို့အား သွားခေါ်သည့်အကျင့်ကို ပြုလုပ်ခဲ့၏။ သေသေချာချာ သုံးသပ်ပြီးသည့်နောက် စုရှောင်မိုနှင့်လီဖေးတို့သည် အကြိမ်ပေါင်းများစွာ စားပွဲအောက်တွင် မူးမောက်ခဲ့ရဖူး၏။ ယနေ့အချိန်မှာတော့ သူတို့ သည် ကျိန်းသေပေါက် ဒုတိယစီနီယာအစ်ကို၏ ပုခုံးပေါ်ထမ်းတင်ကာ အိပ်ဆောင်ဆီပြန်ပို့ခြင်းကို ခံရမှာ သေချာ သည်။
“အင်း”
သူတို့သည် အမှန်ပင် နောင်တရမိခဲ့၏။
ဘုတ်
စုရှောင်မိုနှင့်လီဖေးတို့သည် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ရန် ကြိုးစားလိုက်သည့်အချိန်မှာပဲ ခေါင်းမော့ကာ သောက်လျက်ရှိနေသည့် ရီရှင်းချန်သည် အရက်အမူးလွန်ကာဖြင့် ရုတ်တရက် လဲကျသွားခဲ့၏။
ထို့ကြောင့် သူတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ရှုလိုက်၏။ မျက်နှာပေါ်တွင် နဝေတိမ်တောင်အမူအရာများ ဖြစ်တည်လာခဲ့သည်။
“……..”
ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ “သူ အရက်သောက်နိုင်မှု နှုန်းကိုတော့ အမွေဆက်မခံခဲ့ပါလား။”
ဟုတ်ပေ၏။ ရီရှင်းချန်သည် ခန္ဓာကိုယ်ကူးပြောင်းပြီးသည့်နောက် အရာအားလုံးကို အမွေဆက်ခံခဲ့၏။ သို့ပေမဲ့ သူ၏ အရက်သောက်နိုင်မှုနှုန်းထားကတော့ ပါမလာခဲ့ချေ။
ဟားဟား ဟားဟားဟား
ဟားဟား ဟားဟားဟား
စုရှောင်မိုနှင့်လီဖေးတို့သည် ရယ်မောလိုက်၏။ တစ်ဖက်လူသည် တစ်ငုံသောက်လိုက်ရုံနှင့် တစ်ခါတည်း သတိလစ် သွားခဲ့၏။ သူတို့ ဘာကို ကြောက်လန့်ရမည်နည်း။
……….
ဖေးအားညို၏ ခန္ဓာကိုယ်မရှိသောကြောင့် ရီရှင်းချန်သည် အရက်သောက်နိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့် ပုခုံးပေါ် ထမ်းတင်ကာဖြင့် အိပ်ဆောင်ရှိရာသို့ ပြန်ပို့ခြင်းကို ခံလိုက်ရသည်။
“ချီးတဲ့မှ”
“ငါ ဘယ်လောက်တောင် သောက်လိုက်လို့ သတိလစ်သွားတာလဲ။ ဘာလို့ ဘာမှ မသိတော့တာလဲ။”
ညအင်ပါယာသည် ဤကဲ့သို့သော ခံစားချက်မျိုးကို မခံစားရသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်၏။ အိပ်ရာ နိုးလာသည့်အချိန်တွင် သူသည် မွေးမြူရေးခြံထဲတွင် ရောက်ရှိနေမလား။ သို့မဟုတ် စိတ်ဝိညာဉ်သားရဲတောင်ထွတ် ပေါ်တွင် ရောက်ရှိနေမည်လား ဆိုသည်ကိုပင် စိုးရိမ်သွားမိ၏။
“ဂျူနီယာညီလေးရီ။ ငါတို့ ညကျလို့ရှိရင် ထပ်သောက်ကြမလား။”
အခန်းထဲမှ လှမ်းလျှောက်ထွက်ထွက်ချင်းမှာပဲ သူသည် စုရှောင်မိုနှင့် တွေ့ခဲ့၏။ တစ်ဖက်လူသည် အမှန်ပင် ပြောင်စပ်စပ်နှင့် ပြုလုပ်လျက်ရှိနေ၏။ ရီရှင်းချန်၏ အရက်သောက်နိုင်မှုနှုန်းထားသည် သူတို့လောက် မကောင်းသည် ကို သိရှိပြီးသည့်နောက် သွားရောက်ကာ စနောက်နေခြင်းပင်ဖြစ်သည်။
“လာခဲ့ကြလေ”
ရီရှင်းချန်သည် သူ၏ အခြေအနေကို မသိလှချေ။ ထို့ကြောင့် စိန်ခေါ်မှုကို လက်ခံခဲ့တော့၏။ နောက်ဆုံးမှာတော့ တစ်ခွက်သောက်လိုက်ရုံနှင့် တစ်ခါတည်းမေ့မောက်ကာဖြင့် အခန်းထဲကို ခေါ်ဆောင်ခြင်းခံခဲ့ရပြန်၏။
“ဘာကြောင့်လဲ”
နောက်တစ်ရက်မှာတော့ သူသည် မျက်နှာပေါ်သို့ ခေါင်းအုံးကို တင်ကာဖြင့် အော်ဟစ်လျက်ရှိသည်။ “ဘာကြောင့်လဲ။”
အတိတ်တုန်းကဆို သူသည် ထိုမျှလောက်ကို မဆိုနှင့်။ ဝိုင်ဂျားပေါင်းများစွာ သောက်လျှင်တောင်မှ မတ်မတ်ရပ်နိုင် သေး၏။ သေသေချာချာ စဉ်းစားပြီးသည့်နောက် သူ၏ အရက်သောက်နိုင်မှုအားကို ပိုမိုတိုးတက်စေရန် ပြန်လည် လေ့ကျင့်ရတော့မည်ဖြစ်ကြောင်းကို နားလည်လိုက်၏။
ဤနေရာတွင် ပြဿနာတစ်ခု ဖြစ်လာ၏။ ဖေးအားညို သည်ကရော အရက်သောက်နိုင်သည်လား။ မှန်ပေ၏။ သူသည် စုရှောင်မိုနှင့် လီဖေးတို့ လဲပြိုသွားသည်အထိပင် သောက်နိုင်စွမ်းရှိနေ၏။ ၎င်းသည် ပိုမိုအားကောင်းသည့်ခန္ဓာကိုယ်၊ မြင့်မားခြင်းကျင့်ကြံခြင်းအဆင့်အပြင် အရက် သောက်နိုင်မှုနှုန်းထားကိုပါ အမွေရရှိခဲ့၏။ ကံကောင်းလှချေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်များသည် ကုန်လွန်သွားခဲ့၏။
မြေပုံပေါ်တွင်ရှိနေသော ဒရုန်း၏ အလင်းစက်များသည် ပိုမိုကာ များပြားလာခဲ့ပြီး နီးကပ်လာခဲ့၏။ အထက် နယ်မြေတွင် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီးသည့်နောက် ကောင်းကင်၏ တစ်ဝက်လောက်အား အမဲရောင် တိမ်များ သည် ဖုံးလွှမ်းလာခဲ့၏။ အခြေအနေသည် ပိုမိုကာ လေးနက်လာခဲ့သည်။
“ကပ်ဘေးကြီးက လာတော့မှာပဲ။”
ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် လှိုဏ်ဂူ၏ အပြင်ဘက်တွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းတို့၏ အမူအရာများသည် ပုံမှန်နှင့်မတူဘဲ လေးနက်လျက် ရှိနေတော့သည်။ ယခင်ဖြစ်ပေါ်ခဲ့ဖူးသည့် မကောင်းသည့် ခံစားချက်များနှင့်မတူဘဲ လက်ရှိအခြေအနေမှာတော့ ရန်သူလာရောက်တော့မည်ဖြစ်ကြောင်း သိရှိသောကြောင့် သူတို့သည် ပိုမိုကာ တည်ငြိမ်နေ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ဤအရာသည် ကောင်းချီးတစ်ခုသာ ဖြစ်မည်ဆိုလျှင် ကပ်ဘေးမဟုတ်ချေ။ ကပ်ဘေးဖြစ်မည်ဆိုပါကလည်း ရှောင်လွဲ၍ မရနိုင်ချေ။
ဟမ့်
လင်းဟောင်ရန်သည် အဓိက ဟောခန်း၏ အရှေ့တွင် မတ်မတ်ရပ်ကာဖြင့် အေးစက်စက်ပြောလိုက်၏။ “အထက်နယ်မြေကို လာပြီးတော့ ကျူးကျော်ရဲတယ်ပေါ့။ မင်းတို့တွေ ပြန်မသွားစေရဘူး။”
ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ပထမဦးစီးမှူးသည် ရုတ်တရက် ရောက်ရှိလာကာ တိုက်ခိုက်ဖို့ စီစဉ်ထား၏။ အထက်နယ်မြေတစ်ခုလုံးသည် ထိုအရာကို သိရှိနေပြီဖြစ်သောကြောင့် ခက်ခက်ခဲခဲနှင့် ရင်ဆိုင်ရမှာ သေချာသည်။ နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ပြီးသည့်နောက် သူတို့သည် အလုံးစုံသော ယုံကြည်မှုကို ရရှိနေ၏။
……
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် ခြံဝန်းထဲရှိ ငါးကန်အရှေ့တွင် ငါးထိုင်မျှားလျက်ရှိ၏။ ရံဖန်ရံခါ ဆိုသလို ခေါင်းမော့ကာဖြင့် ကောင်းကင်ပေါ်တွင် ရှိနေသော တိမ်အမဲရောင်များကို ကြည့်ရှုလိုက်၏။
“ရာသီဥတုက ထပ်ပြီးတော့ ပြောင်းလာပြန်ပြီပဲ။”
မြင်ကွင်းအား အစီအရင်ဟောခန်းဆီသို့ ပြန်လည်ကာ ကြည့်ရှုမည်ဆိုလျှင် တောက်ယွမ်နှင့် ကျန်းတယ်ကျွင်းတို့သည် ၎င်းတို့၏ ပြုလုပ်စရာကိစ္စရပ်များကို ပြင်းပြင်းထန်ထန် ကြိုးကြိုးစားစားနှင့် ပြုလုပ်လျက်ရှိ၏။ အရာအားလုံးပြီးသည့် နောက်မှာတော့ သားရဲစီးဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည် ကျွဲရိုင်းစက်ရုပ်ပေါင်း ၁၀၀၀ ကျော်ကို စီးနင်းကာဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့ကြ၏။ ဤရက်ပိုင်းအတွင်းတွင် စက်ရုပ်များ တည်ဆောက်မှုသည် လုံးဝကို မရပ်တန့်ခဲ့ချေ။ အရေအတွက်သည် တဖြည်းဖြည်း ပိုမိုကာ တိုးပွားလာခဲ့ပြီး ကျွဲရိုင်းစက်ရုပ်အရေအတွက်သည် ၂၀၀၀ နီးပါးခန့်ပင် ရှိလာ၏။
ဟုတ်ပေ၏။ နတ်ဆိုးမျိုးနွယ်ဆီမှ ဒုတိယမျိုးဆက် ချပ်ဝတ်များ၏ ထုတ်လုပ်မှုကလည်း အလွန်ပင် မြန်ဆန်လွန်းလှ ၏။ ထိုအရာများသည် ဂိုဏ်း၏ ဂိုဏ်းသားများ ရရှိရုံသာမက ကျောက်ရုပ်ထုမျိုးနွယ်မှ လူများပင် ဝတ်ဆင်၍ ရသည့် အခြေအနေဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ ပြိုင်စံရှားဂိုဏ်းသည် အစစ်အမှန်နှင့် တာအိုဂိုဏ်းများကဲ့သို့ အားမကောင်းလှချေ။ သို့ပေမဲ့ အခြေခံတိုက်ခိုက်နိုင်မှုစွမ်းအားကို သုံးသပ်ရမည်ဆိုလျှင် အင်မော်တယ်အဆင့် ဂိုဏ်းများနှင့် နှိုင်းယှဉ်၍ပင် ရနိုင်သည်။
အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် အဆင့်တိုးဆေးလုံးကို ဖော်စပ်ပြီးသည့်နောက် အမြုတေပြောင်းလဲ ခြင်းအဆင့် ကျင့်ကြံသူများသည် ဂိုဏ်းအတွင်းတွင် နေရာအနှံ့တည်ရှိနေ၏။ ထို့အပြင် ကျွဲရိုင်းစက်ရုပ်များ ထိုအရာများအားလုံးကို ပေါင်းစပ်လိုက်မည်ဆိုပါက ပြိုင်စံရှားဂိုဏ်း၏ တိုက်ခိုက်နိုင်မှုစွမ်းရည်သည် မည်မျှရှိမည်နည်း ဆိုသည်ကိုပင် တိုင်းတာရန် ခက်ခဲလှပေ၏။
……….
ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်
ဝှစ် ဝှစ်
အားကောင်းလှသော လေများသည် အထက်နယ်မြေတွင် တိုက်ခိုက်လျက်ရှိ၏။ တလိမ့်လိမ့်တက်လာသည့် တိမ်မဲ များသည် အချိန်အတော်ကြာ စုစည်းပြီးသည့်နောက် ကြီးမားလှသည့် လေဝဲကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာ၏။
ကျွင်းချောင်ရှောင်းသည် ထမင်းကြော်ပန်းကန်ကို အသာကိုင်ကာဖြင့် စားသောက်ခန်း၏တံခါးကို မှီကာ ပြောလိုက်သည်။ “ရောက်လာပြီပဲ”
“……”
စနစ်သည် ဆွံ့အသွားမိ၏။ “မင်း အခုထိ စားဖို့သောက်ဖို့ စိတ်ရှိသေးတယ်ပေါ့။”
လေဝဲကြီးပေါ်ပေါက်လာပြီးသည့်နောက် အထက်နယ်မြေကြီးတစ်ခုလုံးသည် အလုံးစုံ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သိုင်းကျင့်ကြံသူများအားလုံးသည် လေးနက်သွားခဲ့ကြ၏။ ကပ်ဘေးကြီးရောက်ရှိလာတော့မည်ဆိုသည်ကို သူတို့က ကောင်းကောင်းသိသည်။
ဝှစ်
အမဲရောင်တိမ်များနှင့် ဖန်တီးထားသည့် လေဝဲကြီးသည် ဆက်တိုက်ဆိုသလိုပဲ လည်ပတ်လျက်ရှိ၏။ ခဏလောက် ကြာပြီးသည့်နောက် သံမဏိတပ်သင်္ဘောကြီးသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် ကောင်းကင်ပေါ် တွင် အလုံးစုံလွင့်မျောလျက်ရှိနေပြီး ထိုနေရာဆီမှ ခြောက်ခြားဖွယ်ရာကောင်းလှသည့် ရယ်မောသံကြီး ထွက်ပေါ်လာ ၏။
“အထက်နယ်မြေမှာရှိတဲ့ သက်ရှိတွေ။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်း ၊ ပြိုင်စံရှားဂိုဏ်း၊ ဒီဘိုးဘေးကြီးက ပြန်လာပြီ။ မင်းတို့ အားလုံး အဆုံးသတ်တော့မယ်။”
ဟားဟား ဟားဟားဟား
“နတ်ဆိုးဘိုးဘေးကြီးလား”
ကျွင်းချောင်ရှောင်းသည် ပါးစပ်အဟောင်းသားဖြစ်သွား၏။ ပါးစပ်ထဲမှ ထမင်းများပင် ပြန်ထွက်လာခဲ့၏။
အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများသည်လည်း ဒေါသထွက်သွားခဲ့ကြသည်။ “ဒီကောင် တကယ့်ကို သူလျှိုပဲကိုး။”