← Chapters

အခန်း ၁၆၀၅

Vol. 108 Ch. 1605

အခန်း ၁၆၀၅

Vol. 108 Ch. 1605

အပိုင်း(၁၆၀၅)

အရှေ့ဘက်စကြဝဠာကြီးထဲတွင် ဖြစ်တည်ခဲ့သည့် ဤတည်နေရာအက်ကွဲကြောင်းများ၏ အကူအညီကြောင့် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ပထမစစ်ဦးစီးချုပ်သည် အထက်နယ်မြေဆီသို့ နှစ်ဝက်စောကာ ရောက်ရှိလာခဲ့ ၏။ ထိုအရာသည် မည်သူ၏ အပြစ်ဖြစ်သနည်း။ သံသယရှိစွာ မလိုစွာ ကျွင်းချောင်ရှောင်းပင်ဖြစ်သည်။ သူသည် စနစ်၏ စွမ်းအင်များကို ခွင့်ပြုချက်မရှိ အသုံးပြုခဲ့၏။ ထို့ကြောင့် တည်နေရာအက်ကွဲမှုများသည် လောကကြီးထဲတွင် ဖြစ်တည်ခဲ့၏။

ကုန်းရှန့်အနေဖြင့် ဝင်ရောက်ကာ ရှုပ်ထွေးခြင်းကို မပြုလုပ်လျှင်တောင်မှ တစ်ဖက်လူများသည် လာရောက်ကြမှာတော့ သေချာ၏။ အချိန်ကာလတစ်ခုသာ ကွာခြားသွားပေလိမ့်မည်။

“နတ်ဆိုးဘိုးဘေးကြီးလား။”

အဓိကရွက်သင်္ဘောဆီမှ ရယ်မောနေသည့်အသံကြီးကို ကြားရပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်လို့နေ၏။ တစ်ဖက်လူသည် ခန္ဓာကိုယ်ကို စွန့်လွှတ်ကာဖြင့် ဝိညာဉ်ပုံစံဖြင့် ထွက်ပြေးသွားခဲ့၏။ အဘယ့်ကြောင့် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ရွက်သင်္ဘောအပေါ်တွင် ပေါ်ပေါက်လာရသနည်း။ အထက် နယ်မြေဆီသို့ တကယ်ပဲ လာရောက်ကာ ခိုအောင်းလျက်ရှိနေသည့် သူလျှိုတစ်ယောက်ဖြစ်နေသည်လား။

“အဲလိုပဲနေမယ်။”

စနစ်က ပြောလိုက်၏။ “နတ်ဆိုးဘိုးဘေးကြီး ပြန်လည်ရှင်သန်လာပြီး မကြာခင်မှာပဲ တတိယရေတပ်ဦးစီးချုပ်က ရောက်ရှိလာတာလေ။ ဒါက တိုက်ဆိုင်မှု လုံးဝမဖြစ်နိုင်ဘူး။ ပြီးတော့ နတ်ဆိုးနယ်မြေထဲမှာရှိနေတဲ့ ဆေးဖော်မြူလာတွေ၊ ပန်းပဲဖော်မြူလာတွေ အကုန်လုံးက တကယ့်ကို ခြားနားလွန်းတယ်။ ဒီတော့ နတ်ဆိုးကလန်ဆိုတာက ဒီလောကကြီးနဲ့မသက်ဆိုင်တဲ့ ပြင်ပလောကက လူတွေပဲဖြစ်ရမယ်။ ပြီးတော့ နည်းပညာနဲ့ပတ်သက်ပြီး အရမ်းကို အဆင့်အတန်း မြင့်မားလိမ့်မယ် လေ။”

“ဒါကအမှန်ပဲ” ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်၏။

လိမ်ညာပြောဆိုခဲ့သည့် ကုန်းရှန့်ပင်လျှင် နတ်ဆိုးဘိုးဘေးကြီးမှာ သူလျှိုတစ်ယောက်ဖြစ်သည်ဟု ယုံကြည်မတတ် ဖြစ်လာခဲ့သည်။

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများ ထိုအရာကို ယုံကြည်ပြီး ဒေါသထွက်နေသည်မှာ အံ့အားသင့်စရာမဟုတ်တော့ချေ။ အရာအားလုံးကို ပေးဆပ်ခဲ့ရသည့် နတ်ဆိုးဘိုးဘေးကြီးသည် ကျွင်းချောင်ရှောင်း၏ လိမ်ညာသည့်ကိစ္စရပ်အား ပြည့်စုံသွားစေရန် ထပ်မံကာ ကူညီခဲ့ပြန်သေးသည်။ မည်မျှကောင်းမွန်လှသည့် လူတစ်ယောက်ဖြစ်သနည်း။

ဟုတ်ပေ၏။ သူ့အနေနှင့် အဓိကရွက်သင်္ဘောတွင် အော်ဟစ်လျက်ရှိနေသည်ဆိုသော်လည်း သူသည် သူလျှိုတစ်ယောက် ဖြစ်နေသည်ဟု သူ့ကိုယ်သူပင် မသိရှိချေ။ အားလုံး၏ ရှေ့မှာပဲ ခါးထောက်ကာဖြင့် နှာခေါင်းရှုံ့လိုက်၏။ “အထက်နယ်မြေတစ်ခုလုံးက တကယ့်ကို ပြောင်းပြန်ဖြစ်ပြီပဲ။”

ကျွင်းချောင်ရှောင်း၏ ရည်ရွယ်ချက်မရှိ ဖန်တီးပြုလုပ်မှုများသည် နတ်ဆိုးဘိုးဘေးကြီးအား အကြိမ်ပေါင်းများစွာ ထိ ခိုက်နာကျင်စေခဲ့၏။ ထိုအရာကို များပြားလှသော စာဖတ်သူများလည်း သိရှိပြီးဖြစ်ပေလိမ့်မည်။ နတ်ဆိုးဘိုးဘေးကြီး အား စာနာသနားစိတ်များပင် သက်ဝင်နေကြမှာ သေချာသည်။

ထို့အတူ နတ်ဆိုးဘိုးဘေးကြီးဆိုသည်မှာလည်း တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဗီလိန်တစ်ယောက် လည်း ဖြစ်တော့၏။ ဤတည်နေရာသို့ ရောက်ရှိနေသည့်ဆိုမှတော့ ကြီးမားသည့် ကိစ္စရပ်မျိုးကို ကျိန်းသေပေါက် ပြုလုပ်ရပေလိမ့်မည်။

ဝှစ် ဝှစ် ……။

တစ်ယောက်ပြီးတစ်ယောက် အထက်နယ်မြေတစ်ခုတွင် ဒါဇင်နှင့်ချီသည့် ရွက်သင်္ဘောများသည် လေဟာနယ်ထဲတွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် ကောင်းကင်ယံအထက်တွင် ကြီးမားလှသည့် တောင်ကြီး များ လွင့်မျောနေသည်နှင့်ပင် ဆင်တူ၏။ ဤမြင်ကွင်းသည် သိပ္ပံရုပ်ရှင်ကားများကဲ့သို့ပင်။

“ဟမ်”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “တကယ့်ကိုများတာပဲ။”

“အထက်နယ်မြေက သတ္တဝါတွေအားလုံး နားထောင်ကြ။”

ထိုအချိန်မှာပဲ အဓိကရွက်သင်္ဘောကြီးဆီမှ အသံတစ်ခုက ထွက်ပေါ်လာသည်။ “ကျုပ်က ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ ပထမရေတပ်ဦးစီးချုပ်ပဲ။ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က တစ်ခုပဲ ရှိတယ်။ ခင်ဗျားတို့အားလုံးကို သိမ်းပိုက်ဖို့ပဲ။”

ဤလေသံသည် ခံစားချက်အမူအရာ ကင်းမဲ့လို့နေ၏။

ဟမ့်

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်ဖြစ်သော လင်းဟောင်ရန်သည် ဂိုဏ်းထဲမှ ပျံသန်းလာပြီးသည့်နောက် လေထုထဲတွင် မတ်မတ်ရပ်ကာ အေးစက်စက် ပြောလိုက်သည်။ “တကယ့်ကို အရှက်မဲ့တဲ့ လူပဲ။”

ဆွစ် ဆွစ်

တစ်ခြားသောအင်မော်တယ်ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်နှင့် အထက်ပိုင်းအကြီးအကဲများအားလုံးသည်လည်း ပျံသန်း ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် လူအရေအတွက်အရ များပြားလှသည်ဆိုသော်လည်း မျက်နှာပေါ်တွင်တော့ အလုံးစုံယုံကြည်စိတ်ချသည့် အမူအရာများ မတည်ရှိကြချေ။

ဆွစ် ဆွစ်

ကြီးမြတ်သူတုံးကု၊ မာဆာတိုကီတာနိုတို့ ဦးဆောင်သော လွတ်လပ်သောကျင့်ကြံသူများသည်လည်း အခြားတစ်ဖက် တွင် ပျံသန်းကာ ရောက်ရှိလာခဲ့ကြ၏။ ရန်သူများသည် ကျူးကျော်လာခဲ့ပြီဖြစ်၏။ သူတို့အနေနှင့် ထွက်ပြေးနေ၍ မရချေ။

ရုတ်တရက် အထက်နယ်မြေ၏ များပြားလွန်းလှသော ထိပ်တန်းသိုင်းကျင့်ကြံသူများ ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းတို့ အားလုံး စုစည်းထုတ်ဖော်လျက်ရှိနေသည့် အော်ရာများမှာ တကယ်ပင် ကြောက်ခမန်းလိလိပင် ဖြစ်၏။

“ဆရာ” ကျွင်းချောင်ရှောင်းသည် လှမ်းကာ အော်ဟစ်လိုက်သည်။

“ခွေးလေး”

ကြီးမြတ်သူတုံးကုက အသံပို့လွှတ်လိုက်၏။ “မြန်မြန်။ ဂိုဏ်းရဲ့ အစီအရင်ကို အသက်သွင်းပြီးတော့ ဂိုဏ်းတစ်ခုလုံးကို ကာကွယ်ထား။”

“အထက်နယ်မြေရဲ့ ကျဆုံးခြင်း၊ မြင့်တက်ခြင်းဆိုတာကို အားလုံးဆီမှာ တာဝန်ရှိတယ်။”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ် ဆရာနဲ့အတူ တိုက်ခိုက်ပါမယ်။”

မည်သည့်တာဝန်မှမရှိချေ။ ထို့အတူ မည်သည့်အကြောင်းပြချက်မှလည်း မရှိပေ။ ကြီးမြတ်သူတုံးကုနှင့် တစ်ခြားသူ များ၏ ဟန်အမူအရာကို ကြည့်ရှုရင်း သူ့အား သက်ရောက်စေခဲ့သောကြောင့် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာခဲ့ ခြင်းပင်။

“တပည့်”

ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “အခြေအနေက မင်းဝင်ပြီးတော့ တိုက်ခိုက်လို့ရတဲ့ အခြေအနေမျိုးမဟုတ်ဘူး။ ဒီတော့ ဂိုဏ်းထဲမှာပဲ ငြိမ်ငြိမ် သက်သက်နေ ထွက်မလာနဲ့။”

“…….”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ။”

“အစီအရင်ကို ဖန်တီးကြတော့။”

ဒွီ ဒွီ

အင်မော်တယ်တောင်တစ်ခုလုံးသည် အလင်းတန်းများနှင့် ဖုံးလွှမ်းသွားခဲ့၏။ ဂိုဏ်း၏ ပထမနှင့် ဒုတိယ အကာအကွယ် အစီအရင်များသည် အသက်ဝင်သွားခဲ့၏။

ကြီးမြတ်သူတုံးကုသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ ပြီးနောက် အပေါ်တွင်ရှိနေသော ရွက်သင်္ဘောတစ်ဒါဇင်တို့ကို ကြည့်ရှုကာ ပြောလိုက်သည်။ “ရောင်းရင်းကြီး ….. ခင်ဗျားနဲ့ကျုပ်က တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာ သိရှိကြတယ်ဆိုပေမဲ့ သိုင်းပညာ ကို ယှဉ်ပြိုင်တယ်ဆိုတာမျိုးကတော့ ရှားပါးကြတယ်။ ဒီတော့ ဒီနေ့ကို အခွင့်အရေးယူပြီးတော့ ကျုပ်တို့ ပြိုင်ဆိုင် ကြရင် ကောင်းမလား။”

“ဘယ်လိုပြိုင်မလဲ။”

“များများသတ်နိုင်တဲ့လူအနိုင်ပေါ့။”

“ကောင်းပြီ”

ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် ခဏလောက် စကားပြောဆိုပြီးနောက် ရယ်မောလိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ စိတ်ဆုံးဖြတ်ချထားသည့် အမူအရာများ ပြည့်နှက်လာခဲ့၏။ ဤအရာသည် ကပ်ဘေးကြီးတစ်ခုဖြစ်၏။ တိုက်ပွဲအတွင်း သူတို့သည် သေဆုံးသွားရန်ပင် ပြင်ဆင်ထားပြီးဖြစ်၏။

ဆွစ် ဆွစ်

အထက်နယ်မြေမှ သိုင်းကျင့်ကြံသူများသည်လည်း အဆင်သင့် ဖြစ်လို့နေခဲ့ကြ၏။ ၎င်းတို့သည် ကျူးကျော်သူများကို ပစ်မှတ်ထားခဲ့ကြပြီး ၎င်းတို့၏ ကျင့်ကြံခြင်းများကို ထုတ်လွှင့်ထားကြ၏။ မမြင်ရသော အကာအကွယ်အတားအဆီး တစ်ခုသည် လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့၏။

ကျွင်းချောင်ရှောင်းပြောခဲ့သလိုပင်။ အထက်နယ်မြေတစ်ခုလုံး၏ မြင့်တက်ခြင်း ၊ နိမ့်ကျခြင်းသည် အားလုံးသော သူများတွင် တာဝန်ရှိနေ၏။ လက်ရှိအခြေအနေမှာတော့ လူပေါင်းများစွာတို့သည် မိမိ၏ ပုဂ္ဂလိက အမုန်းတရားများ တည်ရှိနေသည်ဆိုလျှင်တောင်မှ ကပ်ဘေးကြီးကို အတူတကွ စုစည်းကာဖြင့် ရင်ဆိုင်ရမှာဖြစ်၏။

ဝုန်း ဝုန်း

မွန်းစတားကလန်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများသည်လည်း ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် အစစ်အမှန် မွန်းစတားပုံစံများကို ပြောင်းလဲကာဖြင့် စစ်သင်္ဘောတစ်ဒါဇင်ကျော်တို့ကို မော့ကြည့်ကာ အော်ဟစ်နေကြ၏။

“ဟား ဟား ဟား အထက်နယ်မြေက သက်ရှိတွေအကုန်လုံး ထွက်လာကြပြီလား။ အခု မင်းတို့အားလုံးကို အတူတူ သုတ်သင်ရှင်းလင်းပစ်ဖို့ အချိန်ရောက်ပြီ။”

ခလွပ် ခလွပ် ခလွပ်

အဓိက ရွက်သင်္ဘောကြီး၏ အောက်ခြေတွင် တံခါးတစ်ချပ်သည် ပွင့်လှစ်သွားခဲ့၏။ ပြီးနောက် သားရဲနှင့်ဆင်တူသော နတ်ဆိုးဘိုးဘေးကြီးက ထွက်ပေါ်လာ၏။ သူသည် အစိမ်းရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာဖြင့် အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများ၏ အထက်တွင် မတ်မတ်ရပ်လိုက်၏။ လက်နှစ်ဖက်ကို ပိုက်ကာဖြင့် ဘုရင်တစ်ပါးပြန်လာသည့် ဟန်ပန်အမူအရာများနှင့် ဟန်ထုတ်လျက်ရှိနေသည်။

“………”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ “ရုပ်ဆိုးလိုက်တာ။”

“ကျွင်းချောင်ရှောင်း”

နတ်ဆိုးဘိုးဘေးကြီးသည် ခေါင်းကို အသာလှည့်လိုက်၏။ သူ၏ နဖူးစပ်ရှိ သွေးကြောကြီးများ သည် ဖောင်းကြွလျက်ရှိနေ၏။ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ငါ့ကို ဒီလိုမျိုး ဖြစ်စေခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်တယ်။”

ရုတ်တရက် သူသည် ဆိုးရွားလွန်းသည့် အပြုံးမျိုးကို ပြုံးကာ ပြောလိုက်၏။ “မင်းသာ မရှိဘူးဆိုရင် ငါ ဘယ်လိုလုပ် ဒီလိုပိုပြီးအားကောင်းတဲ့ ခန္ဓာကိုယ်ကို ရရှိနေမှာလဲ။ ငါက နှစ်ဝက်အတွင်းမှာ ဘယ်လိုလုပ်ပြီးတော့ ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းကို ပြန်လည်ပိုင်ဆိုင်နိုင်မှာလဲ။ ဒါတွေအားလုံးက မင်းအတွက်ပဲ။ မင်းကို ကျေးဇူးတင်ရမယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ငါပြိုင်စံရှားဂိုဏ်းကို ဖျက်ဆီးပြီး တပည့်တစ်ယောက်ချင်းစီတိုင်းကို ဆိုးဆိုးရွားရွား ဖြည်းဖြည်းချင်း နှိပ်စက်ပြီးသတ်မယ်။”

ဤအရာမှာ စံချိန်စံနှုန်းပြည့်မီလှသည့် ဗီလိန်တစ်ယောက်၏ အမူအကျင့်ပင် ဖြစ်၏။ ကုန်းရှန့်သည် ထိုသူ၏ ရှေ့မှာတော့ အားနည်း လျက်ရှိနေ၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်း၊ ကြီးမြတ်သူတုံးကုနှင့် တခြားသော စွမ်းအားမြင့် ကျင့်ကြံသူများ၏ အမူအရာများသည် ပြောင်းလဲသွားခဲ့၏။ နတ်ဆိုးဘိုးဘေးကြီး၏ ခန္ဓာကိုယ် မည်မျှ ရုပ်ဆိုးသည် ဆိုသည်ဖြစ်စေ၊ သူတို့ ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သူတို့ဂရုစိုက်မည်မှာ ဤလူသည် ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းကို ပြန်လည်ပိုင်ဆိုင်နေခြင်းပင်ဖြစ်၏။

“ပြဿနာပဲ။”

မာဆာတိုကီတာနို၏ အမူအရာသည် လေးနက်သွားခဲ့၏။ လွန်ခဲ့သည့်နှစ်ပေါင်း တစ်သိန်းတုန်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သူမကြုံတွေ့ခဲ့ရချေ။ သို့ပေမဲ့ နတ်ဆိုးဘိုးဘေးကြီးသည် ထိပ်ဆုံးအဆင့် အခြေအနေ၌ အလွန်ကောင်းမွန်သည့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်သည်ဖြစ်ကြောင်းကိုတော့ သူက ကောင်းကောင်း သိ၏။ ထိပ်ဆုံးအဆင့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်ဆိုပါက ကျူးကျော်လာသည့် ရွက်သင်္ဘောများကို မဆိုနှင့်။ သူတစ်ယောက်ကတည်းပင်လျှင် အထက်နယ်မြေတစ်ခုလုံးကို စိန်ခေါ်တိုက်ခိုက်နိုင်ပေလိမ့်မည်။

“ဟားဟား ဟားဟားဟား။ မင်းတို့တွေ သံသယရှိနေမှာပေါ့။ ငါ သက်သေပြမယ်။”

ဆွစ်

နတ်ဆိုးဘိုးဘေးကြီးသည် ပြောဆိုလိုက်၏။ ပြီးနောက် သူ၏ လက်ကို အသာမြှောက်ပြီးသည့်နောက် ဆန်းကြယ်လှ သောကျမ်းချီများသည် လေထုထဲတွင် စုစည်းလာခဲ့၏။ ပြီးနောက် အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ အင်မော်တယ် တောင်ဆီသို့ ကျဆင်းသွားခဲ့၏။

ခလွပ် ခလွပ်

ထူးခြားလွန်းလှသော စွမ်းအင်နှင့် နက်နဲလှသည့် လောကနိယာမများ ပါဝင်လျက်ရှိနေသည့် အလင်းတန်းသည် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို ထိုးခွင်းကာဖြင့် ကြီးမားလှသည့် ဓားကြီးတစ်ခုနှင့် ပစ်လွှတ်လိုက်သလို ထိုးဆင်းလာသည်။

ဘုန်း

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးသည် အင်မော်တယ်တောင်၏ အထက်တွင် ဖြစ်တည်လာခဲ့ပြီး မှိုပွင့်ပုံသဏ္ဍာန် တိမ်ကြီးများသည် ဖြစ်တည်လာ၏။

ခလွပ် ခလွပ် ခလွပ် ခလွပ်

ဂိုဏ်း၏အပြင်ဘက်တွင်ရှိနေသော အစီအရင်ပေါင်းစုံတို့သည် ထိုလက်ကျန်စွမ်းအင်များ၏ လွှမ်းမိုးမှုအောက်မှာတော့ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့တော့၏။ မည်သည့်အခါကမှ မရှိခဲ့သလိုပင်။

“………..”

ထိုက်ရွှမ်အဘိုးအို၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့၏။ လွန်ခဲ့သည့် ၂ နှစ်လုံးလုံး သူသည် ဂိုဏ်း၏ အစီအရင်ကို အားကောင်းတိုးတက်အောင် ပြုလုပ်ခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် တစ်ချက်ကလေးသာ တိုက်ခိုက်ခဲ့၏။ ဂိုဏ်း၏ အစီအရင်တစ်ခုလုံးသည် ပျက်စီးသွားခဲ့ပြီဖြစ်၏။ အလုံးစုံသော စွမ်းအင်များနှင့် ရင်ဆိုင်ရသည့်နေရာတွင် အကာအကွယ်၊ ခုခံခြင်းဆိုသည်မှာ အလကားပင်ဖြစ်တော့သည်။

ဝှစ် ဝှစ်

ကြမ်းတမ်းလှသော လေလှိုင်းများ ဖြစ်တည်လာပြီးသည့်နောက် လက်ကျန်စွမ်းအင်များသည် တဖြည်းဖြည်းချင်း ဖြစ်တည်လာခဲ့၏။ ပေါက်ကွဲမှု ဖြစ်တည်ရာ တည်နေရာမှာတော့ ကြီးမြတ်သူတုံးကုသည် လက်နှစ်ဖက်ကို စုစည်းကာ ဖြင့် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ အဖြူရောင်ဆံနွယ်များသည် ရှုပ်ပွနေ၏။ သူ၏ ပုံစံသည် ဆိုးရွားလွန်းလှပြီး အဆုံးသတ်မှာတော့ မည်သို့မှ မခံစားနိုင်တော့ဘဲ သွေးများပင် အန်ထွက်လာခဲ့၏။

အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသော သူ့အား နတ်ဆိုးဘိုးဘေးကြီးသည် အမှတ်တမဲ့ တစ်ချက်လှမ်း ရိုက်ရုံနှင့် သွေးအန်အောင် ပြုလုပ်နိုင်ခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။

“ဆရာ”

ကျွင်းချောင်ရှောင်း၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် လေးနက်သွားခဲ့သည်။

“ဟမ့်”

နတ်ဆိုးဘိုးဘေးကြီးက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဂျူနီယာလေး မင်းက မဆိုးပါဘူး။ ငါ့ရဲ့ အမှတ်တမဲ့ လှမ်းရိုက်တဲ့ တစ်ချက်ကိုတောင်မှ ခုခံနိုင်သေးတာပဲ။”

All Chapters