← Chapters

အခန်း ၁၆၀၆

Vol. 108 Ch. 1606

အခန်း ၁၆၀၆

Vol. 108 Ch. 1606

အပိုင်း (၁၆၀၆)

နတ်ဆိုးဘိုးဘေးကြီး ထုတ်ဖော်လိုက်သည့် အလင်းတန်းများသည် အလွန်တရာ အားကောင်းလွန်းလှချေ၏။ ဖြန့်ကျက်လိုက်သည်နှင့်တပြိုင်နက် အင်မော်တယ်တောင်ကို လွှမ်းခြုံထားသော အစီအရင်များသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွား၏။

ကံကောင်းစွာဖြင့် ကြီးမြတ်သူတုံကုက တည်ရှိလို့နေ၏။ တစ်စုံတစ်ခုမှားယွင်းနေမှန်း သိရှိပြီးနောက် သူသည် တစ်ဖက်လူတိုက်ခိုက်ရာ လမ်းကြောင်းတွင် ရပ်ကာ တားဆီးခြင်းကို ပြုမူခဲ့သည်။

အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီး ကျွင်းချောင်ရှောင်းနှင့် ဂိုဏ်းတစ်ခုလုံးကို ကာကွယ်ပေးနိုင်ခဲ့သည် ဆိုသော်လည်း ရှောင်လွဲလို့မရသော ဒဏ်ရာရှိခဲ့တော့၏။ ကြီးမြတ်သူတုံးကုသည် ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ယောက်ဟု သတ်မှတ်နိုင်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ နတ်ဆိုးဘိုးဘေးကြီး၏ အမှတ်မထင် ထုတ်ဖော်လိုက်သော တိုက်ခိုက်ချက်တစ်ခုကိုတောင်မှ မခုခံနိုင်ခဲ့ချေ။ တစ်ဖက်လူသည် အလွန်အားကောင်း လှချေ၏။

အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူများသည်လည်း မျက်မှောင်ကုတ်လိုက်မိကြသည်။

ဤနတ်ဆိုးဘိုးဘေးကြီးသည် သူ၏မူလကျင့်ကြံခြင်းအဆင့်ကို ပြန်ရသွားကြောင်း သူတို့သေချာခဲ့၏။ နတ်ဘုရားတတိယအဆင့်သို့ အနည်းဆုံး ခြေတစ်လှမ်းမဟုတ်ရင်တောင် ခြေလှမ်းတစ်ဝက်လောက်တော့ လှမ်းတက်ပြီးသား ဖြစ်ပေလိမ့်မည်။

ဟား ဟား ဟား

နတ်ဆိုးဘိုးဘေးကြီးသည် ရယ်မောလိုက်၏။ "မြင်ကြပြီလား"

သူသည် ဤခန္ဓာကိုယ်နှင့် ပတ်သက်၍ သဘောမတွေ့ခဲ့ချေ။ သို့ပေမဲ့ လမ်းတစ်လျှောက် သူ၏ ကျင့်ကြံခြင်းသည် ပိုမိုကာ တိုးတက်လာသည်ကို သိရှိပြီးနောက် ဤ ရုပ်ဆိုးလှသော ခန္ဓာကိုယ်ကို လက်ခံနိုင်ရုံသာမက ပို၍ပင် ပျော်ရွှင်လာခဲ့သည်။ "အထက်နယ်မြေ … မင်းတို့အားလုံးကို နင်းချေပစ်မယ်"

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းက သူသည် ဤကဲ့သို့သော လူများ၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ နှစ်ပေါင်းတစ်သိန်းကြာပြီးနောက် ပြန်လည်မွေးဖွားလာ၏။ ဆိုးရွားလှသည့် အရာများကို တွေ့ကြုံပြီးသည့်နောက် သူ၏မူလကျင့်ကြံခြင်းကို ပြန်လည်ရရှိခဲ့သော နတ်ဆိုးဘိုးဘေးကြီးသည် ခေါင်းကို မော့ထား၏။

ဗီလိန်များသည် စကားပြောများလွန်းသောကြောင့် သေဆုံးသွားနိုင်သည်လား မဖြစ်နိုင်ပေ။ သူသည် ယနေ့၌ ထိုနိယာမကို ဖျောက်ဖျက်ပစ်ရလိမ့်မည်။

"စိတ်မပူကြနဲ့"

နတ်ဆိုးဘိုးဘေးကြီးသည် ဟန်ထုတ်ကာ ပြောဆိုလိုက်၏။ "ဒီဘိုးဘေးကြီးက မင်းတို့ကို ဖြည်းဖြည်းချင်း သတ်ပေးမယ်"

အလင်းတန်းများ ပစ်လွှတ်ပြီးနောက် သူသည် ကျွင်းချောင်ရှောင်းကို ကြည့်ပင်မကြည့်ခဲ့ချေ။ ဤကဲ့သို့သော အမှိုက်မျိုးအား သူ၏အားအင် သေးသေးလေးကိုထုတ်ကာဖြင့် သတ်ဖြတ်နိုင်စွမ်းရှိနေ၏။ ပထမဆုံး ပြုလုပ်ရမည့် အရာသည် အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်းနှင့် များပြားလှသော ကလန်အသီးသီးတို့ကို ဖျက်ဆီးပစ်ရန်ပင်။

သူ့တွင် များပြားလှငော ရန်ကြွေးများ တည်ရှိနေ၏။ ထို့ကြောင့် အစီအစဉ်အလိုက် သတ်ဖြတ်ပစ်ရပေးမည်။ ထို့ပြင် လက်စားချေခြင်း၏ အကောင်းဆုံး နည်းလမ်းသည် တစ်ဖက်လူအား ကြောက်ရွံ့အောင် ပြုလုပ်ခြင်းပင် ဖြစ်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ကြောက်ရွံ့မှုကို မခံစားရချေ။ ထိုအစား သူ၏နှလုံးသားထဲတွင် ဒေါသတရားများ နှင့် ပြည့်နှက်လာခဲ့သည်။

"စနစ် …..ထွက်ခဲ့တော့"

သူ၏ဆရာအား ဒဏ်ရာရအောင် ပြုလုပ်ခဲ့၏။ သူသည် တစ်ဖက်လူအား သတ်ဖြတ်ချင်မိသည်။ လောလောဆယ် ကုန်းရှန့်သည် အလွန်ပဲ ဒေါထွက်လျက်ရှိနေသည် ဆိုသော်လည်း စနစ်၏ စွမ်းရည်များကို အသုံးမပြုပါက မည်သို့မှ အနိုင်ရရှိမည်မဟုတ်ကြောင်းကို ကောင်းကောင်းသိ၏။ သူသည် ရှိရှိသမျှ ဝှက်ဖဲများကို ထုတ်ဖော်လျှင်တောင်မှ နတ်ဆိုးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ကို လှုပ်ခါသွားအောင် မပြုလုပ်နိုင်ချေ။ အားအင်အဆင့်၊ ထိုအရာသည် ကျွင်းချောင်ရှောင်း၏ အားနည်းချက်ပင် ဖြစ်နေခဲ့၏။

"အားနာပါတယ်"

စနစ်က ပြောလိုက်သည်။ "ငါမင်းကို ကူညီလို့မရဘူး"

သူ့အနေဖြင့် နဂါးလေးကိစ္စနှင့် ပတ်သက်ပြီး လက်ခံသူကို တစ်ကြိမ်ကူညီခဲ့ဖူး၏။ ထိုအရာသည် လောက၏နိယာမကို ဖောက်ဖျက်ပစ်ခြင်းပင်။

"ငါ့ကို ခြိမ်းချောက်မနေနဲ့"

စနစ်က ထပ်ပြောလိုက်၏။ "မင်းကို ထပ်ကူညီလို့ မရတော့ဘူး။ နဂါးလေး ကိစ္စ ဖြစ်ထားတာမကြာသေးဘူးလေ။"

"……..."

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ စနစ်၏ အကူအညီမပါဘဲ သူသည် ပြိုင်ဖက်ကင်း မဟုတ်နိုင်ချေ။

"၉၅၂၇"

ထိုအချိန်မှာပဲ အဓိကရွက် သင်္ဘောဆီမှ စိတ်မရှည်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ "မြန်မြန်လုပ်တော့"

ဟန်ထုတ်လျက်ရှိနေသည့် နတ်ဆိုးဘိုးဘေးကြီး၏ မျက်နှာပေါ်တွင် နာကျင်နေသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူသည် ငြင်းပိုင်ခွင့် မရှိခဲ့ချေ။ သူသည် လက်ရှိအချိန်၌ အလွန်အားကောင်းလို့နေခဲ့သည်။ သို့ပေမဲ့သူသည် အစေခံတစ်ယောက်သာ ဖြစ်၏။ တစ်ဖက်လူ၏ အမိန့်စကားကို နားထောင်ရမှာ ဖြစ်၏။

"အမှိုက်တွေ"

နတ်ဆိုးဘိုးဘေးကြီးသည် သူ၏လက်ကို အသာမြောက်ကာဖြင့် ဆန်းကြယ်လှသော အော်ရာများကို ထုတ်ဖော်လိုက်သည်။ ပြီးနောက် သူကအေးစက်စက်ဖြင့် ပြောလိုက်သည်။ "ငရဲပြည်က ကြိုဆိုပါတယ်"

ဒါဇင်နှင့်ချီသော ရွက်သင်္ဘောများ၏ အောက်တွင် အပေါက်များနှင့် ဖြစ်လာခဲ့၏။ ပြီးသည့်နောက် လွန်းပျံယာဉ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး၌ ပြည့်နှက်သွားသည်။ သို့ပေမဲ့ သူသည် ထိုအရာများကို အားကိုးခြင်းမပြုဘဲ မိမိဘာသာ အားလုံးကို သတ်ဖြတ်ပစ်ရမည်။

ဟူး …။

ဒရုန်းများသည် ပိုးဖလန်ကဲ့သို့ပင် ကောင်းကင်တွင် ပြည့်နှက်လျက် ရှိနေ၏။ များပြားလွန်းလှသော စွမ်းအားမြင့် ကျင့်ကြံသူများနှင့် လွတ်လပ်သော ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာဖြင့် ဒရုန်းများကို စူးစိုက်ကြည့်နေကြ၏။၎င်းတို့၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုခြင်း ဆန္ဒများနှင့် တစ်လက်လက် တောက်ပနေကြသည်။

နတ်ဆိုးဘိုးဘေးကြီးအား အမိန့်ပေးပြီးနောက် တစ်ဖက်လူသည် ရေတွက်၍မရေအာင် များပြားလှသော ဒရုန်းများကို စေလွှတ်ခဲ့၏။ ဒရုန်းများသည် များပြားလှသောကြောင့် ကောင်းကင်ယံ တစ်ခုလုံးတွင် ပြည့်နှက်လျက် ရှိနေ၏။

"တိုက်ကြ …. ဒါကို ဖျက်စီးကြတော့"

အထက်နယ်မြေမှ ကျင့်ကြံသူများသည် အလွန်ဒေါသထွက်နေကြ၏။ သူတို့သည် လက်နက်မျိုးစုံကို ထုတ်ဖော်ကာဖြင့် စွမ်းအင်လှိုင်းများနှင့်အတူ တိုက်ခိုက်ကြတော့သည်။ အဝေးမှ ကြည့်ရှုလျှင် ဤအင်အားစုနှစ်ခုသည် လက်ရေညီလျက် ရှိနေ၏။ မြင်ကွင်း တစ်ခုလုံးသည် ဂြိုလ်တိုက်ပွဲကြီးများကဲ့သို့ပင် ဖြစ်တည်နေလေသည်။

ဘုန်း ဘုန်း ဘုန်း

ခနကြာပြီးသည့် အချိန်တွင် မတူညီသည့် နယ်မြေနှစ်ခုကို ကိုယ်စားပြုသည့် တိုက်ခိုက်သူများသည် ကောင်းကင်ယံတွင် တိုက်ခိုက်နေကြပြီ ဖြစ်၏။

အလင်းတန်းများသည် တစ်ဝုန်းဝုန်းနှင့် တောက်ပနေ၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ လူများသည်လည်း အလကားမနေကြချေ။ နတ်ဆိုးဘိုးဘေးကြီးကို ပစ်မှတ်ထားကာဖြင့် ရှေ့ဆီသို့ တက်လိုက်ကြသည်။

ဝှစ်

ထိပ်တန်းစွမ်းအားရှင်ကို တိုက်ခိုက်သည့် အချိန်တွင် အော်ရာများသည် ပိုမိုကာ ကြမ်းတမ်းလာ၏။

"အမှိုက်တွေပဲ"

နတ်ဆိုးဘိုးဘေးကြီးသည် ရုတ်တရက် လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ထိုးလွှတ်လိုက်၏။ တည်နေရာကြီးတစ်ခုလုံးသည် ပြိုလဲသွားပြီးနောက် ကြီးမားလှသည့် လက်သီးတစ်ခု ဖြစ်တည်ကာ အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ကျွမ်းကျင်သူများကို တိုက်ရိုက်ပင် ထိမှန်၏။

သူသည် တိုက်ရိုက်ဆိုသလိုပဲ အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို လွင့်စင်သွားအောင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆွစ် ဆွစ်

များပြားလှသော ကျွမ်းကျင်သူများသည် အခွင့်အရေးကို အရယူကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူတို့သည် လက်နက်အစုံနှင့် သိုင်းနည်းစနစ်များကို အသုံးပြုကာ ရောင်စုံအလင်းတန်းများ ဖြစ်သည်အထိ တိုက်ခိုက်နေကြသည်။

ဘုန်း ဘုန်း ဘုန်း

တည်နေရာကြီးသည် ပေါက်ကွဲထွက်သွားပြီး အလင်းလုံးများသည်လည်း စုဝေးလျက်ရှိ၏။ နတ်ဆိုးဘိုးဘေးကြီး သည် အလင်းတန်းများထဲမှ ဖောက်ထွက်လာပြီး ရုတ်တရက် လက်၌ ကျန်းချီများကို စုစည်းကာ လေထုထဲသို့ ဝေ့ယမ်းလိုက်၏။ တည်နေရာသည် တွန့်လိမ်သွားပြီးနောက် ကြီးမားလှသည့် တုန်ခါမှုကြီး ဖြစ်တည်လာ၏။

"မဟုတ်တော့ဘူး ။ နောက်ကိုဆုတ်ကြ နောက်ကိုဆုတ်"

ဘုန် ဘုန်း ဘုန်း

လင်းထျန်အင်မော်တယ်ဂိုဏ်းနှင့် အခြားသော ဂိုဏ်းဆီမှ ကျွမ်းကျင်သူဆယ်ယောက်တို့သည် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြချေ။ ထို့ကြောင့် တိုက်ခိုက်ခြင်းခံလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ ပြုတ်ကြကုန်၏။ ပြီးနောက် တစ်ခါတည်း သေဆုံးသွားကြသည်။

"..."

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိလိုက်၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူများသည် အနည်းဆုံး အစစ်အမှန်ရှာဖွေခြင်း အထက်အဆင့်တွင် ရှိနေသူများ ဖြစ်၏။ သို့ပေမဲ့ လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ခံခဲ့ရ၏။ သူထင်မှတ်ထားသည့် အတိုင်းပင် တစ်ဖက်လူအား မရှင်းနိုင်ပါက ကြီးမားလှသည့် ပြဿနာကြီး ဖြစ်လာမှာ သေချာနေလေပြီ။

ဟား ဟား ဟား

နတ်ဆိုးဘိုးဘေးကြီးသည် အားရပါးရ ရယ်မောလိုက်၏။ "သတ်ဖြတ်ပွဲက စပြီ"

နှစ်ပေါင်းတစ်သိန်း တည်ရှိခဲ့သည့် ဒေါသတရား၊ နှစ်ပေါင်းတစ်သိန်း တည်ရှိခဲ့သည့်ရန်ကြွေး အားလုံးကို သူသည် ယနေ့တွင် ဖြေလျော့ပေးရတော့မည်။

"နတ်ဆိုးဘိုးဘေးကြီး"

ရုတ်တရက် အသံတစ်ခုသည် လင်းထျန် အင်မော်တယ်ဂိုဏ်းဆီမှ ထွက်ပေါ်လာခဲ့၏။ "ကျုပ်ခင်ဗျားနဲ့ တိုက်ခိုက်မယ်"

ဆွစ် ဆွစ်

ချက်ချင်းပဲ အင်မော်တယ်တစ်ပါးကဲ့သို့ ခန့်ညားလှသော အဘိုးအိုတစ်ယောက်သည် ရောက်ရှိလာခဲ့၏။ သူသည် မျက်စိတစ်မှိတ်အတွင် နတ်ဆိုးဘိုးဘေးကြီးနှင့် ပေတစ်ရာအကွာတွင် ရပ်တန့်နေ၏။ ကောင်းကင်နယ်မြေကြီး၏ ဓာတ်သဘာဝများသည် သူ့အား ဗဟိုပြုကာ စုဝေးလျက် ရှိနေသည်။

ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် တုန်ယင်သွား၏။ သူ့အနေဖြင့် ဤကဲ့သို့သော တိုက်ပွဲတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီချေ။

ဘုန်း ဘုန်း ……။

နတ်ဆိုးဘိုးဘေးကြီးသည် ကောင်းကင်ယံထက်၌ လက်ကိုဝေ့ယမ်းလိုက်၏။ တည်နေရာတုန်ခါမှုသည် ဖြစ်တည်လာခဲ့ပြီး လက်ဝါးရိုက်ချက်ကြီးများအား တစ်ခုပြီးတစ်ခု ဖြေရှင်းလျက် ရှိ၏။ သူသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ "ဒီလိုစွမ်းအားလေးနဲ့ ကျုပ်ကို လှုပ်ခါနိုင်မယ် ထင်နေတာလား"

"တကယ်လို့ ပူးပေါင်ပြီးတိုက်မယ်ဆိုရင်ကော …..”

အင်မော်တယ်အဆင့် ဂိုဏ်းကြီးများမှ အဘိုးကြီးကိုးယောက်တို့သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ထိပ်တန်းကျွမ်းကျင်သူများသည် နတ်ဆိုးဘိုးဘေးကြီးကို အနောက်ဖက်ပင်လယ်တွင် စုဝေးကာ တိုက်ခိုက်ခဲ့ကြ၏။ ထိုအရာသည် သမိုင်းတစ်ပတ် ပြန်လည်ခဲ့ပြီ ဖြစ်၏။

ဟား ဟား ဟား

နတ်တိုးဘိုးဘေးကြီးသည် အေးစက်စက်ရယ်မောပြီးနောက် ပြောလိုက်၏။ "မင်းတို့ရဲ့ အားအင်အဆင့်က ဟိုအဘိုးကြီးတွေအဖွဲ့ကို မီဖို့လိုသေးတာပဲ။ "

"သွားကြ"

လင်းထျန်အင်မော်တယ်ဂိုဏ်းက အဘိုးအိုသည် အော်ဟစ်လိုက်ကြသည်။

ဆွစ် ဆွစ်

အင်မော်တယ်အဆင့် ဂိုဏ်းဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူများသည် စွမ်းအင်များကို ထုတ်ဖော်လိုက်ကြ၏။ ၎င်းတို့၏ အားအင်အဆင့်သည် အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် တည်ရှိနေကြ၏။ ထို့ကြောင့် တိုက်ခိုက်မှု တစ်ခုလုံးသည် ကြောက်မခန်းလိလိပင် ဖြစ်နေ၏။

"သွားပြီပဲ"

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဤတစ်ကြိမ် အထက်နယ်မြေတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးသည် ကြယ်တာရာစိတ်ဝိညာဉ် လောကမှ တပ်ဦးစီးချုပ် ခေါ်ဆောင်လာသည့် အရာပင် ဖြစ်သည်။

အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် နတ်ဆိုးဘိုးဘေးကြီးနှင့် ဒရုန်းများကို ရှိရှိသမျှ ဝှက်ဖဲများကိုသုံးကာ ရင်ဆိုင်နေရ၏။ တစ်ဖက်မှ အဓိကအင်အားစုသာ ထွက်ပေါ်လာပါက သူတို့အနေဖြင့် မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။

ဘုန် ဘုန်း

ကောင်းကင်ယံထက်တွင် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် နတ်ဆိုးဘိုးဘေးကြီးတို့ တိုက်ခိုက်လျက် ရှိ၏။ ဤအဆင့်တိုက်ပွဲအတွက် ဖြစ်ပေါ်လာသော ပျက်စီးမှုကို အထူးတလှယ် ဖော်ပြနေစရာပင် မလိုချေ။ ကြောက်မခန်းလိလိပင် ဖြစ်ပေလိမ့်မည်။

အောက်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများမှာတော့ ဒရုန်းများကို ပစ်မှတ်ထားကာ တိုက်ခိုက်နေကြ၏။

"ဂိုဏ်းချုပ်"

ယုစီနန်က မေးလိုက်၏။ "ကျုပ်တို့ ဝင်ကြတော့မလား။ ကျုပ်တို့ ဒီတိုင်း ကြည့်နေကြမလား"

ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။ သူသည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်၏။ စီးကရက်ကို ပါးစပ်ထဲသို့ ပစ်ထည့်ပြီးနောက် ခေါင်းကိုငုံ့ကာ မီးညှိလိုက်သည်။ "တိုက်ခိုက်လိုက်တော့"

ဂိုဏ်း၏ အတွင်းဖက်တွင် ထပ်မံဖန်တီးထားခဲ့သော တည်နေရာအတားအဆီးသည် တစ်ခုပြီးတစ်ခု ကွယ်ပျောက်သွားတော့၏။ ကောင်းကင်ယံထက်တွင် ရပ်နေသော ကြီးမြတ်သူတုံးကုသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံလိုက်မိ၏။ အလောတကြီးဖြင့် အောက်ကိုငုံ့၍ ကြည့်လိုက်သည့် အချိန်မှာတော့ မျက်လုံးပင် ပြူးသွားမိ၏။ အဘယ့်ကြောင့်ဆိုသော် ကျွဲရိုင်းစက်ရုပ် နှစ်သောင်းကျော်တို့သည် တစ်ဖြည်းဖြည်းနှင့် ကောင်းကင်ယံသို့ တက်လာသောကြောင့်ပင်။

၎င်းတို့၏ နောက်ဖက်တွင်တော့ သန်းချီသော နတ်ဆိုးစစ်သည်များလည်း ပါဝင်နေ၏။ ယုစီနန်၊ တင်းရှင်းဝမ်နှင့် အခြားသော အထက်ပိုင်းအကြီးအကဲများအပြင် လီချင်းချင်း၊ လီချင်းယန်၊ စုရှောင်မိုနှင့် အခြားသော လက်ရွေးစင်တပည့်များသည်လည်း ပျံသန်းလာကြ၏။

"ဆရာ"

ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် ရှိနေသော စီးကရက်ကို ခြေဦးဖြင့် ထိုးကာ ချေမွလိုက်၏။ သူသည် စွန်းဝူခုန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြစ်၏။ သူသည် စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းက အထက်နယ်မြေကပဲလေ။ ဒီတော့ အတူတူ တိုက်ခိုက်ရတော့မှာပေါ့။ အသက်ကို ဂရုမစိုက်ပဲ ဝင်ရောက်တိုက်ခိုက်မိတဲ့အတွက် တပည့်ကို ခွင့်လွှတ်ပါ"

ဆွစ် ဆွစ်

စက်ရုပ်ပေါင်း နှစ်ထောင်၊ နတ်ဆိုးစစ်သည်ပေါင်း တစ်သန်းတို့သည် အင်မော်တယ်တောင်တန်းမှ ပျံထွက်လာခဲ့ကြ၏။

"ပြိုင်စံရှားဂိုဏ်း တိုက်ပွဲဝင်မယ်"

ကျယ်လောင်ပြီး သူရဲကောင်းဆန်လှသည့် အသံသည် အထက်နယ်မြေတစ်ခုလုံးကို ပဲ့တင်နေ၏။ ထိုအသံသည် လောကကြီးတစ်ခုလုံးကိုပင် တုန်ခါစေခဲ့သည်။

All Chapters