← Chapters

အခန်း ၁၆၀၇

Vol. 108 Ch. 1607

အခန်း ၁၆၀၇

Vol. 108 Ch. 1607

အပိုင်း (၁၆၀၇)

ကောင်းကင်ကြီး ပြိုကျလာသည်ဆိုပါက အရပ်ရှည်သော လူများသည် အရင်ဦးဆုံး တောင့်ခံထားရမှာ သဘာဝ ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ကြယ်တာရာစိတ်ဝိညာဉ်လောကမှ ကျူးကျော်မှု မတိုင်ခင်တွင် ကျွင်းချောင်ရှောင်း သည် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။ သူသည် တိုက်ပွဲကို ဝင်ရောက်ရန် အစီအစဉ် မရှိချေ။

အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် နတ်ဆိုးဘိုးဘေးကြီးတို့ အားရပါးရ တိုက်ခိုက်ကြကို သူအစောကြီးကတည်းက ခန့်မှန်းမိပြီးသားဖြစ်၏။ ဤအဆင့် တိုက်ခိုက်ပွဲများတွင် ပါဝင်ရန် သူ့၌ အရည်အသွေး မရှိလှချေ။ ဝင်သွားမည်ဆိုပါကလည်း သေဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် သိုသိုဝှက်ဝှက်နှင့် နေထိုင်ရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းအနေဖြင့် အရှက်မရှိ ဤကဲ့သို့ နေထိုင်နေသည်ဟု ပြောဆို၍ မရချေ။ သူ၏ အားအင်အဆင့်သည် တကယ်ပဲ ဘာမှလုပ်၍ မရနိုင်သော အရာပင် ဖြစ်၏။ သို့ပေမဲ့ နတ်ဆိုးဘိုးဘေးကြီးသည် ကြီးမြတ်သူတုံးကုကို ဒဏ်ရာရရှိအောင် ပြုလုပ်လိုက်သည်ကို မြင်ရသည့် အချိန်မှာတော့ သူ၏ စိတ်အခြေအနေ တစ်ခုလုံးသည် ပြောင်းလဲ သွားခဲ့၏။

“ငါ့ဆရာကို နာကျင်အောင် လုပ်ရဲတယ်။ အဆုံးထိ တိုက်ခိုက်ပစ်မယ်”

ထို့ကြောင့်ပင်လျှင် မူလအားဖြင့် ဘေးတစ်ဖက်တွင် ရပ်ကာ ကြည့်ရှုရန် စီစဉ်ထားသည့် ကျွင်းချောင်ရှောင်းသည် တပည့်များအားလုံးကို အမိန့်ပေး လိုက်တော့၏။

ကျွဲရိုင်းစစ်သည်ပေါင်း နှစ်ထောင်ကျော်နှင့် နတ်ဆိုးစစ်သည် တစ်သန်းတို့သည် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့ တော့သည်။ ပြိုင်စံရှားဂိုဏ်းအနေဖြင့် ထိပ်တန်းအဆင့် တိုက်ခိုက်ပွဲများကို ဝင်ရောက်တိုက်ခိုက်ရန် အရည်အသွေး မရှိသော်လည်း ဤဒရုန်းများနှင့် တိုက်ခိုက်ရန်အတွက်ကတော့ လုံလောက်သည်ထက် ပိုလို့နေသည်။

ဆွစ် ဆွစ်

စက်ရုပ်များသည် တစ်ခုပြီးတစ်ခု ပျံထွက်သွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကြီးမြတ်သူတုံးကု၏ အမူအရာသည် ပျက်ယွင်းသွားခဲ့တော့၏။ တတိယအဆင့်ရှိသည့် ရေတပ်ဦးစီးချုပ် ကျူးကျော်လာသည့်အချိန်တွင် ဤကျွဲရိုင်းစက်ရုပ် များကို သူမြင်ဖူးခဲ့၏။ သို့ပေမဲ့ ဤမျှ များပြားလှသည့်အရာများ ရှိမည်ဟု သူမထင်မှတ်ခဲ့ဖူးချေ။

နှစ်ထောင် - စက်ရုပ်ပေါင်း နှစ်ထောင်။ ဤအရာသည် အလွန်များပြားလွန်း၏။ ပြိုင်စံရှားဂိုဏ်းဆီမှ ထိုမဲနက် နေသည့် စက်ရုပ်များ ထွက်ပေါ်လာသည်ကို ကြည့်ရှုရသည်မှာ အလွန်ပင် ကြည့်ရှုလို့ကောင်း၏။

ဤအရာသည် စက်ရုပ်များ ဖြစ်နေမည်ဆိုပါက အဆင်ပြေနေသေး၏။ ကြီးမြတ်သူတုံးကုကို ပိုမိုကာ အံ့အားသင့်စေသည်မှာ အနောက်ဘက်တွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် အရပ်အလွန်ရှည်လျားလှသည့် စစ်သည်ပေါင်း တစ်သန်း ပါဝင်နေကြခြင်းပင်။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် အမြူတေပြောင်းလဲခြင်း အဆင့်တွင် တည်ရှိလို့နေကြသည်။

အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ယောက်၏ မျက်လုံးထဲတွင် အမြူတေ ပြောင်းလဲခြင်းအဆင့်ဆိုသည်မှာ ဘာတစ်ခုမှ မဟုတ်ပေ။ သို့ပေမဲ့ ထိုကဲ့သို့ များပြားလှသော အမြူတေ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ စုဝေးနေသည်ကို မြင်ရသည့်အချိန်မှာတော့ တကယ်ပင် သူသည် အံ့ချီးနပမ်း ဖြစ်လို့နေခဲ့လေသည်။ သူတင်မကဘဲ မာဆာတိုကီတာနိုနှင့် တခြားသော စွမ်းအားမြင့်ကျင့်ကြံသူများ အားလုံး သည်လည်း ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ အံ့အားသင့်လျက် ရှိနေကြ၏။

ကျုးကျော်သူများသည် ကျူးကျော်လာခဲ့ပြီဖြစ်၏။ အဓိက ခုခံတိုက်ခိုက်ရသည့်လူများသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ဖြစ်ရပေလိ့မ့်မည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် အစောကြီးကတည်းက စစ်တပ်ကြီး တစ်ခုကို ဖန်တီးထားခဲ့၏။ ကျူးကျော်သူများ ရောက်ရှိလာသည့်အချိန်တွင် အလုံးအရင်း များများစားစားဖြင့် တိုက်ခိုက်ရန် ပြုမူနေကြတော့၏။

“အစီအရင်” စက်ရုပ်နံပါတ်တစ်ကို ထိန်းချုပ်နေသည့် ကျုံးရီက အမိန့်ပေးလိုက်၏။ ချက်ချင်း သူ၏ အနောက်ဘက် တွင် ရှိနေသော ကျွဲရိုင်းစက်ရုပ်များသည် ကြီးမားသည့် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ လေထဲတွင် အစီအရင်ကို ချမှတ် လိုက်ကြသည်။ “စတင်ကြမယ်”

ခလွပ် ခလွပ် ခလွပ်

ကျွဲရိုင်းစက်ရုပ်၏ အတွင်းဘက်တွင် ရှိနေသော ဝိညာဉ်တပည့်များသည် ကျွမ်းကျင်စွာဖြင့် အစီအရင်ကို အသက် ဝင်အောင် ပြုမူကြတော့သည်။ မူလအားဖြင့် နက်မှောင်လျက်ရှိနေသည့် ကျွဲရိုင်းစက်ရုပ်များသည် ရောင်စုံ အလင်းတန်းများနှင့် ပေါ်ပေါက်လာခဲ့တော့၏။

“ပထမအဖွဲ့… ဘယ်တောင်ပံ၊ ဒုတိယအဖွဲ့… ညာတောင်ပံ”

“ကောင်းပါပြီ”

ဝှစ် ဝှစ် ဝှစ်

ပထမနှင့် ဒုတိယ အသင်းအဖွဲ့တို့သည် ဒရုန်းများကဲ့သို့ပင် ပျံသန်းသွားခဲ့ပြီးသည့်နောက် အတောင်ပံများကို ဖြန့်ကာ လေထဲတွင်ရှိနေသော ဒရုန်းများကို ဖျက်ဆီးကြတော့သည်။ အဓိကဟောခန်း၏ အရှေ့တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ခြေထောက်နှစ်ဖက်ပေါ် လက်တင်ပြီးသည့်နောက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။ “ဒီနေ့ကစပြီး‌ ပြိုင်စံရှားဂိုဏ်းက အထက်နယ်မြေမှာ တောက်ပရလိမ့်မယ်။ ဒဏ္ဍာရီထဲမှာ မှတ်တမ်းရေးထိုးထား ရမယ့် ကိစ္စရပ်များကို ပြုလုပ်နေပြီ”

ဆွစ် ဆွစ်

ရွက်သင်္ဘောကြီးထဲမှ ပျံသန်းထွက်ခွာလာခဲ့သည့် ဒရုန်းများသည် အန္တရာယ်ကို တစ်ခါတည်း ကြိုတင်သိရှိခဲ့ကြ သည်။ ထို့ကြောင့် ၎င်းတို့သည် ကျွဲရိုင်းစက်ရုပ်များဆီသို့ တစ်ခါတည်း ဝင်ရောက်ကာဖြင့် တိုက်ခိုက်ကြတော့သည်။ အလွန်ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပြီးသည့်နောက် ဒရုန်းများသည် ပင်လယ်ထဲသို့ တစ်ခုပြီးတစ်ခု ပြုတ်ကျနေခဲ့ ကြသည်။

“တက်ကြ” ကျုံးရီက အော်ဟစ်လိုက်၏။

ဆွစ် ဆွစ် ဆွစ်

တစ်ချက်ကလေး အမိန့်ပေးမှုအောက်မှာတော့ ကျွဲရိုင်းစက်ရုပ်များသည် အရှေ့ဆီသို့ လှမ်းတက်လိုက်ကြသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

စက်ရုပ်များသည် တစ်ခုနှင့်တစ်ခု ပူးပေါင်းလျက် ရှိနေကြပြီး ကြမ်းတမ်းလွန်းလှသော တိုက်ခိုက်မှုကို ထုတ်ဖော်လျက် ရှိနေ၏။ အမြှောက်ပစ်သံများ လေထဲတွင် တဝှီးဝှီးနှင့် ဖြစ်တည်လျက် ရှိနေပြီး ပေါက်ကွဲမှုများ ကလည်း တဝုန်းဝုန်းနှင့်ပင်။ ခဏလောက် ကြာပြီးသည့်နောက် ဒရုန်းများသည် မိုးရွာသကဲ့သို့ပင် အောက်သို့ ပြုတ်ကျလာခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်နှစ်လုံးလုံး အစီအရင်ဟောခန်းသည် ကျွဲရိုင်းစက်ရုပ်များထဲတွင် အစီအရင်ပေါင်းများစွာကို ထည့်သွင်းနိုင်ခဲ့တော့၏။ ထို့ကြောင့် ၎င်းတို့၏ တိုက်ခိုက်နိုင်မှုစွမ်းရည်သည် တစ်နေ့ထက်တစ်နေ့ ပိုမိုကာ အားကောင်းလာခဲ့၏။ သို့ပေမဲ့ ကြယ်တာရာစိတ်ဝိညာဉ်လောကတွင် ရှိနေသည့် ဒရုန်းများသည် အရေအတွက်အရ ပြောင်းလဲသွား ခဲ့သည်ဆိုလျှင်တောင်မှ အရည်အသွေးသည် အရင်အတိုင်းပင်ဖြစ်၏။

ဆွစ် ဆွစ် ဆွစ်

စက်ရုပ်နံပါတ် ခြောက်ဆယ့်ခြောက်တွင် ထိန်းချုပ်လျက်ရှိနေသည့် ကျင်းဟီသည် တိုက်ခိုက်မှုကို အလွန် ကျွမ်းကျင်နေပြီဖြစ်၏။ သူမသည် ရွက်သင်္ဘောများဆီသို့ ဦးတည်ကာဖြင့် ဖန်းရီကျိ ဖန်တီးထားသည့် ဓားမော့ကြီး ကို အသုံးပြုကာ လိုက်လံခုတ်ပိုင်း၏။ ဒါဇင်နှင့်ချီသော ဒရုန်းများသည် ပြုတ်ကျကုန်၏။ ဤအရာသည် သူမ အနေနှင့် လွယ်လွယ်ကူကူနှင့် တိုက်ခိုက်နိုင်သောအရာဖြစ်သည်။

ဟုတ်ပေသည်။ ဘာမှန်းမသိသည့် ဒရုန်းများသည် အလွန်မြန်ဆန်သည့် နှုန်းထားဖြင့် သူမအား လာရောက်ကာ ဝိုင်းရံလေ၏။

ဒွီ..

“ကာကွယ်မှု ကျဆုံးသည်”

ဒွီ

“စွမ်းအင်ပြတ်တောက်မည်”

ဒရုန်းပေါင်းခုနှစ်ခုတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရသည့်အချိန်မှာတော့ ကျင်းဟီသည် သူ၏နားထဲတွင် သတိပေးသံများ ကြားလာရ၏။ သို့ပေမဲ့ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူမသည် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် အနီရောင်ခလုတ်ကို နှိပ်ချလိုက်တော့၏။

“ဖောက်ခွဲခြင်း အသက်ဝင်။ အချိန်ကာလ... တစ်ဆယ်၊ ကိုး၊ ရှစ်....”

အပြင်ဘက်လောကထဲမှာတော့ လေထုထဲတွင် ရပ်လျက်ရှိသည့် ကျွဲရိုင်းစက်ရုပ်နံပါတ် ခြောက်ဆယ့်ခြောက်သည် ခန္ဓာကိုယ်ဆီမှ အဖြူငွေ့များ ထွက်ပေါ်လာ၏။ ပြီးသည့်နောက် ဘုန်းဟူသည့်အသံနှင့်အတူ ပေါက်ကွဲသွားခဲ့တော့ သည်။

လောကတွင်ရှိနေသည့် လူများအားလုံး၏ အကြည့်အောက်မှာပဲ အားအင်ကုန်ခမ်းလျက်ရှိနေသည့် ကျွဲရိုင်း စက်ရုပ်ကြီးသည် ဖောက်ခွဲမှုပြုလုပ်ကာဖြင့် အနီးတဝိုက်တွင် ရှိနေသော ဒရုန်းများအားလုံးကို ဖျက်ဆီးခဲ့တော့၏။ သိုင်းကျင့်ကြံသူများအားလုံးသည် အံ့ချီးနပမ်း ဖြစ်လို့နေခဲ့၏။

ပြိုင်စံရှားဂိုဏ်း၏ လေ့ကျင့်ရေးကွင်းပြင်တွင် ကျွဲရိုင်းစက်ရုပ်ကြီးကို ထိန်းချုပ်လျက်ရှိနေသည့် ကျင်းဟီသည် အနောက်ဘက်သို့ ခြေနှစ်လှမ်းဆုတ်ခွာလိုက်၏။ သူမ၏ မျက်လုံးထဲတွင်တော့ ဝမ်းနည်းသည့်အမူအရာများ ဖြစ်လို့ နေခဲ့၏။ သူမသည် အရှက်ကင်းမဲ့စွာဖြင့် ဂိုဏ်းချုပ်ဆီမှ ဤစက်ရုပ်နံပါတ် ခြောက်ဆယ့်ခြောက်ကို တောင်းခံခဲ့သူ ဖြစ်၏။ သို့ပေမဲ့ ခဏလေးသာ ကိုင်တွယ်ရသေးသည်ဆိုသော်လည်း ဤကျွဲရိုင်းစက်ရုပ်ပေါ်တွင် သူမသည် အမှန် တကယ် ချစ်မြတ်နိုးလျက် ရှိနေ၏။ ယခု သူမကိုယ်တိုင် ဖောက်ခွဲခဲ့ရခြင်းသည် အမှန်ပင် နာကျင်ရလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းက နှစ်သိမ့်လိုက်၏။ “အဟောင်းသွားရင် အသစ်လာတာပဲ မဟုတ်လား”

.........

ဘုန်း ဘုန်း

ကောင်းကင်ယံထက်တွင်တော့ တိုက်ခိုက်မှုသည် ဆက်လက်ကာ ဖြစ်တည်နေ၏။ အချိန်အတော်ကြာပြီးသည့် နောက်မှာတော့ ကျွဲရိုင်းစက်ရုပ်များသည် ၎င်းတို့၏ နောက်ဆုံးတာဝန်ဖြစ်သော ဖောက်ခွဲမှုကို ဆက်လက်ကာ ပြုလုပ်ကြ၏။ ကျွဲရိုင်းစက်ရုပ်များသည် ပြိုင်ဘက်ကင်းမဟုတ်ချေ။ ထို့ကြောင့်ပင် ထိခိုက်မှုများ ဖြစ်တည်လာခဲ့ ကြ၏။ ကျွဲရိုင်းစက်ရုပ်ဆုံးရှုံးမှုများသည် အနည်းဆုံး ဒရုန်းပေါင်း ငါးထောင်ကို ဖျက်ဆီးပစ်နိုင်ခဲ့၏။ ရန်သူ ငါးထောင်ကို တိုက်ခိုက်ပြီး ကျွဲရိုင်းစက်ရုပ်များကို ဆုံးရှုံးရသည်ဟု ဆိုရမည်။

ဤရလဒ်သည် ကျွင်းချောင်ရှောင်းအနေဖြင့် လက်ခံနိုင်စွမ်းရှိသည်။ သို့ပေမဲ့ အစီအရင်ဟောခန်း၏ ရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေသည့် ထိုက်ရွှမ်အဘိုးအိုသည် သူ၏ရင်ဘတ်ကို ဖိကိုင်ထားမိ၏။ ဤစက်ရုပ်များအားလုံးကို သူဖန်တီးထားခြင်းဖြစ်၏။ ဤစက်ရုပ်များဆိုသည်မှာ သူ၏ကလေးများပင် ဖြစ်တော့သည်။ သူ၏ကလေးများကို ဆုံးရှုံးရခြင်းသည် နာကျင်ဖွယ်ရာ အဖြစ်အပျက်ပင်ဖြစ်၏။

“ခုနှစ်စင်ကြယ် အစီအရင်”

အထက်နယ်မြေ၏ အားအင်အဆင့်ကို စက်ရုပ်များကို ထုတ်ဖော်နေသည့်အချိန်မှာပဲ သားရဲစီးဟောခန်းမှ ဒုတိယဟောခန်းသခင်ဖြစ်သော တောက်ယွမ်သည် အော်ဟစ်လိုက်၏။ သန်းနှင့်ချီသော နတ်ဆိုးစစ်သည်များသည် အင်မော်တယ်တောင်၏အပြင်တွင် စုစည်းလျက် ရှိနေကြ၏။ ၎င်းတို့သည် နောက်ဆုံး မှာတော့ စတင်ကာ လှုပ်ရှားကြမည်ဖြစ်၏။ ပြောရမည်ဆိုလျှင် ကျွဲရိုင်းစစ်သည်များ နှစ်သောင်းကျော်တို့သည် ရှေ့ပြေးတိုက်ခိုက်သူများဖြစ်ပြီး ယခုရောက်ရှိလာသည့် နတ်ဆိုးစစ်သည် တစ်သန်းကျော်တို့သည် တပ်ကူများပင် ဖြစ်၏။

“သတ်ကြ။ သတ်ကြ”

ဝှစ် ဝှစ်

အမိန့်နှင့်အတူ နတ်ဆိုးစစ်သည်ပေါင်း တစ်သန်းကျော်တို့သည် လှုပ်ရှားသွားခဲ့ကြ၏။ ၎င်းတို့၏ အရှိန်အဟုန်သည် ကြီးမားလွန်းလှ၏။ ထို့အပြင် ဒုတိယမျိုးဆက်၏ တိုက်ခိုက်ရေးချပ်ဝတ်များကိုလည်း ဝတ်ဆင်ထားခဲ့ကြ၏။ အင်မော်တယ်တောင်၏ ကောင်းကင်ယံထက်တွင်တော့ အမဲရောင်တိမ်လိပ်များသည် တလိပ်လိပ်နှင့် ဖြစ်တည် လာခဲ့ပြီဖြစ်၏။

ဘုန်း ဘုန်း

ကောင်းကင်ယံထက်တွင်တော့ အင်မော်တယ်အဆင့် ကျွမ်းကျင်သူများနှင့် တိုက်ခိုက်လျက်ရှိနေသည့် နတ်ဆိုး ဘိုးဘေးကြီးသည် ကြီးမားလွန်းလှသော နတ်ဆိုးစွမ်းအင်များကို ထုတ်ဖော်လျက်ရှိ၏။ သူ၏စိတ်တစ်ခုလုံးသည် ရောင့်ရက်ခတ်လျက် ရှိ၏။ အလျင်အမြန်နှင့် လှမ်းကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ ....။

မကြည့်မိတာမှ သူ့အတွက် တော်ပေဦးမည်။

အင်မော်တယ်အဆင့်ဂိုဏ်းမှ ကျွမ်းကျင်သူများကတော့ ပျော်ရွှင်သွားမိသည်။ ဤလူကို ရင်ဆိုင်ရန် အချိန်ခဏလေး တောင် မရရှိတော့ဟု သူတို့က ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် လက်ရှိအခြေအနေမှာတော့ စိတ်အာရုံ ပြန့်လျက်ရှိ၏။ ထို့ကြောင့် တစ်ဖက်လူအား သွေးအန်ထွက်သည် အထိ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။

သို့ပေမဲ့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျွမ်းကျင်သူများသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခြင်းသာ ဖြစ်၏။ နတ်ဆိုးဘိုးဘေးကြီး သွေးအန်ထွက်ခဲ့သည်ဆိုခြင်းမှာ အတွင်းဒဏ်ရာ ရရှိခဲ့သောကြောင့် မဟုတ်ချေ။ သရဲစစ်သူကြီးရှစ်ဦးနှင့် သန်းချီသော နတ်ဆိုးစစ်သည်များကို တွေ့ခဲ့ရသောကြောင့် ပင်။

သရဲစစ်သူကြီးရှစ်ဦး ဆိုသည်မှာ သူ၏အမိန့်ပေးမှုအောက်တွင် တည်ရှိ၏။ ထို့အပြင် သန်းချီသော စစ်သည်များ သည်လည်း အတူတူပင်ဖြစ်သည်။ အဘယ်ကြောင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိနေရသနည်း။ ဖြစ်နိုင်သည်မှာ နတ်ဆိုးနယ်မြေကြီး ပျောက်ကွယ်သွားခဲ့ခြင်းသည် ဤကောင်လေးကြောင့်ပင်ဖြစ်ရမည်။

ဝေါ့

နတ်ဆိုးဘိုးဘေးကြီးသည် မည်သို့မှ မခံနိုင်တော့ဘဲ သွေးများပင် အန်ထွက်လာခဲ့တော့၏။

ဘုန်း ဘုန်း

အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများကို လွင့်စင်သွားအောင် တိုက်ခိုက်ပြီး သည့်နောက် သရဲစစ်သူကြီးရှစ်ဦးနှင့် နတ်ဆိုးစစ်သည်များကို ကြည့်ရှုကာ အော်လိုက်၏။ “မင်းတို့အားလုံး ငါ့ကို လာပြီး အညံ့ခံစမ်း”

နတ်ဆိုးနယ်မြေ၏ အရှင်သခင် ဖြစ်သည်နှင့်အညီ သူ၏နောက်လိုက်များကို ထိန်းချုပ်နိုင်ရန် ကိုယ်ပိုင်နည်းလမ်း များ တည်ရှိ၏။ သို့ပေမဲ့ နတ်ဆိုးဘိုးဘေးကြီး သတိမေ့နေခဲ့သည်မှာ သူ့၌ သန္ဓေနတ်ဆိုးခန္ဓာကိုယ် မရှိတော့သည့် အပြင် သူ၏ခန္ဓာကိုယ်သည်ကလည်း ပြောင်းလဲသွားခဲ့၏။ ထို့ကြောင့် အဆုံးသတ်ရလဒ်မှာ ဘယ်သူမှ သူ့ကို ဂရုမစိုက်ခဲ့ကြခြင်းပင်။

“ချီးတဲ့မှ” သူ၏နောက်လိုက်များသည် သူ့ကို မရှိသလို ဆက်ဆံနေခြင်းကို မြင်ရသည့်အချိန်မှာတော့ နတ်ဆိုး ဘိုးဘေးကြီးသည် ဒေါသတကြီးဖြင့် အံကိုကြိတ်လိုက်၏။ သူသည် ဒေါသတရားများကို ဖြေလျော့သည့် အနေဖြင့် သူ၏ဒေါသများအား အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ လူများဆီသို့ ပုံချလိုက်၏။ သူ၏ အားအင်အဆင့် သည် တစ်ဖက်လူများထက် ပိုမိုအားကောင်းလှ၏။

“၉၅၂၇”

အပေါ်မှ စစ်သူကြီး၏အသံသည် ထွက်ပေါ်လာခဲ့သည်။ “မင်းက ငါ့ကို စိတ်ပျက်စေခဲ့ပြီ”

ဝှစ်

ရုတ်တရက် ရွက်သင်္ဘောကြီးမှ အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးဘိုးဘေးကြီးနှင့် အင်မော်တယ် အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့၏ တိုက်ခိုက်မှု အလယ်ကြားတွင် ပေါ်ပေါက်လာခဲ့၏။ အဆင့်မြင့်ပေါက်ကွဲမှုများ ဖြစ်တည်လာခဲ့ပြီး တည်နေရာကြီးတစ်ခုလုံးသည် တွန့်လိမ်သွားခဲ့၏။

ဆွစ် ဆွစ် ဆွစ်

အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ဘိုးဘေးအကြီးအကဲကြီးများသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွား ပြီး အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ ၎င်းတို့သည် လေထုထဲတွင် မတ်မတ်ရပ်နိုင်ခဲ့သည်ဆိုသော်လည်း အလွန် ထိတ်လန့် အံ့အားသင့်နေတော့၏။ “နတ်ဘုရားအဆင့်လား”

ဝှစ်

တိုက်ခိုက်မှု တည်နေရာကို ကြည့်ရှုရမည်ဆိုလျှင် သပ်ရပ်လှသည့် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် သက်လတ်ပို်ငးအရွယ်လူတစ်ယောက်သည် ကြည့်ကောင်းလှစွာဖြင့် ရပ်တန့်နေ၏။ ၎င်းသည် လေထုထဲတွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ လက်ထဲတွင် ဝိုင်ထည့်ထားသော ခွက်ကို အသာလှုပ်ခတ်ကာဖြင့် ပြောလိုက်၏။ “ရွေးချယ်ခွင့်နှစ်ခုပေးမယ်။ တစ်ခုက ကျေးကျွန်ဖြစ်ဖို့၊ နောက်တစ်ခုကတော့ သေဆုံးဖို့ပဲ”

......

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ တစ်ဖက်လူသည် ရောက်ရှိလာခဲ့ပြီး အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ဘိုးဘေးအကြီးအကဲများကိုပင် အနိုင်ယူနိုင်ခဲ့၏။ ပြီးသည့်နောက် ကောင်းကင်ယံတွင် ဘုရင်တစ်ပါးကဲ့သို့ ထိုင်လျက်ရှိပြီး မောက်မာလွန်းလှသော စကားများကို ပြောဆိုလျက်ရှိ၏။ ဤလူ၏ ဟန်ထုတ်မှု သည် သူနှင့်နှိုင်းယှဉ်၍ရသည့်အဆင့်တွင် တည်ရှိနေလေသည်။

All Chapters