← Chapters

အခန်း ၁၆၀၈

Vol. 108 Ch. 1608

အခန်း ၁၆၀၈

Vol. 108 Ch. 1608

အပိုင်း (၁၆၀၈)

ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ပထမရေတပ်ဦးစီးချုပ် ပေါ်ပေါက်လာပြီးသည်နောက် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ကျင့်ကြံသူဆယ်ယောက်တို့သည် လွင့်စင်သွားခဲ့ကြသည်။

ပြီးသည့်နောက် ၎င်းသည် ကောင်းကင်ယံထက်တွင် ယုံကြည်ချက်ရှိရှိ ထိုင်လျက်ရှိနေသည်။ ထိုသူသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်အဆင့်ကို ထုတ်ဖော်ပြသခဲ့သည်သာမက အလွန်ဟိတ်ဟန်ကြီးသည့် ဟန်အမူအရာကိုလည်း ထုတ်ဖော် ပြသလျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် ရင်နာနာနှင့် ကြည့်နေမိ၏။ ဤကဲ့သို့ ကိစ္စရပ်မျိုးသည် သူပြုလုပ်လေ့ ပြုလုပ်ထရှိသည့် ကိစ္စရပ်မျိုးပင်ဖြစ်သည်။ သို့ပေမဲ့ ယနေ့မှာတော့ သူသည် မှေးမှိန်လျက် ရှိနေတော့၏။ တတ်လည်း မတတ်နိုင်ချေ။ တစ်ဖက်လူသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်နေတော့၏။ သူ့အနေနှင့် တစ်ဖက်လူနှင့် ရင်ဆိုင်ချင်သည်ဆိုပါက တစ်ချက်ထိုး သတ်ဖြတ်မှုကို ထုတ်ဖော်အသုံးပြုနိုင်မှ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ တစ်ချက်ထိုးသတ်ဖြတ်မှု၏ နည်းဥပဒေသသည် သူ၏ရှေ့တွင် တစ်စုံတစ်ယောက်သည် လာရောက်ကာ မောက်မာနေမှ ဖြစ်ပေလိမ့်မည်။ ကံဆိုးစွာဖြင့် ဤကဲ့သို့သော အရာမျိုးသည် လက်ရှိအချိန်တွင် မရှိခဲ့ချေ။

ပထမဦးဆုံးအနေဖြင့် ဤလူသည် အားကောင်းလွန်းလှ၏။ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းပင်လျှင် ထိုသူ၏ရှေ့တွင် ပြောပလောက်စရာလူများ မဟုတ်ကြတော့ချေ။ ထို့ကြောင့် အားအားယားယားနှင့် ကျွင်းချောင်ရှောင်းအရှေ့သို့ လာရောက်ကာ မောက်မာနေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တစ်ချက်ထိုး သတ်ဖြတ်မှုကို အလုံးစုံအသုံးပြု၍ မရနိုင်တော့ချေ။

“ကျုပ်က အချိန်တွေ ဖြုန်းရတာကို မကြိုက်ဘူး”

စစ်သူကြီးသည် ဝိုင်ခွက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် ပြောလိုက်သည်။ သူ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိချေ။ “အားလုံးကို စဉ်းစားဆုံးဖြတ်ဖို့ ဆယ့်ငါးမိနစ် အချိန်ပေးမယ်”

“ဟမ့်”

လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ ဘိုးဘေးအကြီးအကဲကြီးသည် အေးစက်စက်နှင့် ပြောလိုက်၏။ “ကျုပ်တို့ကို ကျေးကျွန်အဖြစ် လုပ်စေချင်နေတာလား။ အိမ်မက်ထဲမှာပဲ ရမယ်”

အားလုံးသည် ဒေါသထွက်နေကြ၏။ ထို့အပြင် ကျူးကျော်သူများဆီ၌ ကျေးကျွန်အဖြစ် နေထိုင်ရန် မည်သူမှ စိတ်ဆန္ဒ မရှိကြချေ။ အရင်ဦးဆုံးအနေဖြင့် စွမ်းအားမြင့်ကျင့်ကြံသူများသည် သေဆုံးသည်အထိ တိုက်ခိုက်မည် ဟူသော ဆုံးဖြတ်ချက်ကို ချမှတ်ပြီးသားဖြစ်သည်။

“ခင်ဗျားတို့က ကျေးကျွန်မဖြစ်ချင်ဘူး”

သက်လတ်ပိုင်းလူသည် ဝိုင်ကို တစ်ငုံ ငုံလိုက်၏။ သူ၏ မျက်လုံးများသည် အေးစက်လျက် ရှိ၏။ “ဒါဆိုရင် သေချင်နေတာလား”

................

ကျွင်းချောင်ရှောင်းသည် အောက်ဆီမှ လှမ်းမျှော်ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ဤလူသည် သူမြင်ဖူးသမျှ လူများထဲတွင် ကျိုးကြောင်းမဆီလျော်လွန်းပြီး မောက်မာလွန်းသည့် လူတစ်ယောက်ပင် ဖြစ်၏။

“ဒါက သာမန်ပဲလေ။ လက်ခံသူရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်အရဆိုရင် အောက်နယ်မြေမှာ ဘာအော်ရာမှ ထုတ်ဖော်မထားရင်တောင်မှ အပြုအမူ၊ စကားလုံးတွေ အားလုံးက ကြောက်မက်ဖွယ်ရာကောင်းတဲ့ အခြေအနေ မျိုးကို ရောက်နေမှာပဲ”

“ဘာကြောင့်လဲ”

“ဘာကြောင့်လဲဆိုတော့ မင်းရဲ့အဆင့်နဲ့ စိတ်အနေအထားကြောင့်ပေါ့။ အစစ်အမှန် ကျွမ်းကျင်သူတွေက အချိန်နဲ့ နိယာမတွေကို နားလည်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝတွေရဲ့ သန့်စင်ခြင်းကို ခံထားရတယ်လေ။ ဒါကြောင့် အလိုလို အားကောင်းတဲ့ သန္ဓေအရှိန်အဝါမျိုး ထွက်ပေါ်နေတတ်တယ်။ အထူးသဖြင့် အားနည်းတဲ့လူတွေနဲ့ ရင်ဆိုင် နေရတဲ့အချိန်မှာပေါ့”

“............”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့ကို အသုံးမကျတဲ့လူလို့ သွယ်ဝိုက်ပြီး ပြောနေတာလား”

“အင်း... အဲလိုပုံစံမျိုး နားလည်ထားရင်လည်း ရပါတယ်”

“တော်စမ်း”

၎င်းတို့နှစ်ယောက် ရန်ဖြစ်နေဆဲမှာပဲ လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ ဘိုးဘေးအကြီးအကဲကြီး သည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြောလိုက်၏။ “ကျုပ်က ဂုဏ်သိက္ခာမဲ့စွာ အသက်ရှင်နေရတာထက်စာရင် သေဆုံး သွားတာ ပိုကြိုက်တယ်”

သူ၏ စကားလုံးများသည် အထက်နယ်မြေရှိ သိုင်းကျင့်ကြံသူများ တွေးတောနေသည့် အရာလည်း ဖြစ်တော့၏။ သက်လတ်ပိုင်းအရွယ်လူ၏ အားအင်အဆင့်သည် ခန့်မှန်း၍ မရအောင် အားကောင်းသည်ဆိုလျှင်တောင်မှ သူတို့သည် တိုက်ခိုက်ပြီး သေဆုံးသွားရန် ပြင်ဆင်လိုက်ကြသည်။

“ကောင်းပြီ”

စစ်သူကြီးသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့က အစစ်အမှန် စွမ်းအင်ဆိုတာကို မမြင်သေးဘူးနဲ့တူတယ်။ ဒါကြောင့် ဘယ်အရာက ကြောက်ဖို့ကောင်းတယ်ဆိုတာကို နားမလည်ကြဘူးကိုး”

ရွှီး

သူသည် လက်ကို ဖြန့်ကားလိုက်၏။ ပြီးနောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ ကျေးကျွန်တွေ အခုထွက်ခဲ့ကြတော့”

ဆွစ် ဆွစ် ဆွစ်

တပ်သင်္ဘောကြီး ဆယ့်ငါးခုတို့၏ တံခါးများသည် ပွင့်သွားခဲ့တော့၏။ ပြီးနောက် သောင်းနှင့်ချီသော အလင်းတန်း များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကြသည်။ ၎င်းတို့သည် သေသေချာချာ လေ့ကျင့်ပေးထားသည့် လူများ ကဲ့သို့ပင် စစ်သူကြီး၏အနောက်တွင် တန်းစီရပ်လျက်ရှိ၏။

အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် ပုံပန်းသွင်ပြင် အမျိုးမျိုးနှင့် မွန်းစတား သတ္တဝါများ ပေါ်ပေါက်လာခဲ့ကြသည်။ ထိုအကောင်များသည် နတ်ဆိုး ဘိုးဘေးကြီး၏ ခန္ဓာကိုယ်နှင့် ဆင်တူလွန်းလှ၏။ စုစုပေါင်း နံပါတ်တစ်မှသည် နံပါတ်ပေါင်း ကိုးထောင်ငါးရာ နှစ်ဆယ့်ခြောက်အထိ တည်ရှိလို့နေသည်။

“သွားပြီပဲ”

မာဆာတိုကီတာနိုနှင့် တခြားသောသူများ၏ မျက်လုံးထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။ စုစုပေါင်း ကျေးကျွန် တစ်သောင်းနီးပါးခန့် ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် အစစ်အမှန်ရှာဖွေခြင်းအဆင့်ထက် မည်သို့မှ အားမနည်းလှချေ။ သူတို့သာ တိုက်ခိုက်မည် ဆိုပါက ကျိန်းသေပေါက် ဖျက်ဆီးခြင်းကို ခံရမှာ သေချာ၏။

“ဟား ဟား ဟား ဟား”

နတ်ဆိုးဘိုးဘေးကြီးသည် အားရပါးရ ရယ်မောလိုက်တော့၏။ လအနည်းငယ်ကြာ အဓိက တပ်သင်္ဘောပေါ်တွင် နေထိုင်ခဲ့ပြီးသည့်နောက် သူသည် ဤစစ်သူကြီး ထိန်းချုပ်ထားတဲ့သည့် မွန်းစတား များအကြောင်းကို အနည်းငယ် နားလည်နေခဲ့တော့၏။ အထက်နယ်မြေသည် ထိုသူတို့၏ တိုက်ခိုက်နိုင်ရန် အားအင်လုံးဝမရှိကြောင်းကို သူက ကောင်းကောင်းသိသည်။

ပူးပေါင်းဆောင်ရွက်ခြင်းကို မပြုလုပ်ဘူးလား။ ထို့အတူ ကျေးကျွန်လည်း မပြုလုပ်ဘူးလား။ ထိုသို့ဆိုလျှင် အားလုံးသောသူများသည် သေဆုံးရမှာ သေချာ၏။ နတ်ဆိုးဘိုးဘေးကြီးသည် အထက်နယ်မြေတစ်ခုလုံး ပြိုလဲသွားမည့်အကြောင်းအရာနှင့် ပတ်သက်၍ စိတ်ကူးယဉ်တွေးတောထားပြီးသား ဖြစ်တော့၏။ လူများသည် သေဆုံးလျက် ရှိနေကြ၏။ ဤအရာသည် သူ၏မူလအစီအစဉ် မဟုတ်ဘူး ဆိုလျှင်တောင်မှ အထက်နယ်မြေတစ်ခုလုံး ပျက်ဆီးသွားလျှင် ကျေနပ်မိ၏။ သူသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းနှင့် အထက်နယ်မြေကို အလွန်ပင် မုန်းတီး၏။ ထို့ကြောင့် ထိုသူတို့အားလုံး ဖျက်ဆီးခံရမည်ကို ပိုမိုကာ မြင်တွေ့ချင်နေမိ၏။ ၎င်းသည် စိတ်ဝေဒနာရှင် တစ်ယောက်ကဲ့သို့ပင် ဖြစ်လို့နေခဲ့၏။

.......

ပြိုင်စံရှားဂိုဏ်း

များပြားလှသည့် မွန်းစတားများ ပေါ်ပေါက်လာပြီး ၎င်းတို့၏ အားအင်အဆင့်များ ပေါက်ကွဲထွက်လာသည်ကို မြင်ရပြီးသည့်နောက် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် အထက်နယ်မြေတစ်ခုလုံးရှိ သိုင်းကျင့်ကြံသူ များသည် အော်ရာသီးသန့်ဖြင့် ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။

ကျွင်းချောင်ရှောင်း၏ အမူအရာသည်လည်း လေးနက်သွားခဲ့တော့၏။

“မင်းထွက်မလာသေးဘူးလား”

“ထွက်လာလို့မရဘူး”

“အရေးအကြောင်းအချိန်မှာ မင်းဒီလိုလုပ်တာလား”

“ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းငါ့ကို အပြစ်မတင်ပါနဲ့” စနစ်သည် တကယ်ပဲ အကူအညီမဲ့လို့နေ၏။ ထို့အပြင် သူ၏ စွမ်းအင်သည် ကောင်းကင်နှင့် မြေကြီး၏ နိယာမကိုပင် သက်ရောက်စေခဲ့၏။ ထို့ကြောင့် ပိုမိုလေးနက်သည့် အကျိုးဆက်များ ဖြစ်ပွားလာနိုင်သည်။ သို့ပေမဲ့ လက်ခံသူသည် သူ့အား အချိန်ရှိသရွေ့ ထုတ်ကာ အသုံးပြုချင်စိတ် ပေါက်နေ၏။ စည်းဓားမော့ကြီး ကဲ့သို့ပင်။

“တပည့်”

ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။ “မြန်မြန်... တပည့်တွေကို ခေါ်ပြီးတော့ ထွက်ပြေးတော့”

သူ့အနေနှင့် ဤပြဿနာသည် ပိုမိုကာ လေးနက်လာသည်ဖြစ်ကြောင်းကို နားလည်မိ၏။ ထို့ကြောင့် အထက် နယ်မြေရှိ ထိပ်တန်းစွမ်းအားရှင်များ တိုက်ခိုက်နေသည်ကို အခွင့်အရေးယူ၍ အလားအလာရှိသော ဂျူနီယာများ အနေဖြင့် ဖြစ်နိုင်သမျှ ထွက်ပြေးသွားစေချင်မိ၏။

“ထွက်ပြေးရမယ် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ “ဘယ်ကို ပြေးရမှာလဲ”

“ကျောက်ရုပ်ထုမျိုးနွယ်ကလန်ကို ထွက်ပြေးလို့ရတယ်လေ” စနစ်က အကြံပြုလိုက်၏။

“အထက်နယ်မြေတစ်ခုလုံး တစ်ခုလုံး ဖျက်ဆီးခံလိုက်ရမယ်ဆိုရင် အထက်နယ်မြေထဲမှာ ရှင်သန်နေတဲ့ ကမ္ဘာငယ် လေးတစ်ခုက တည်ငြိမ်အေးဆေးစွာ ကျန်နေမယ်လို့ ထင်နေတာလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“နည်းနည်းလေး တောင့်ခံထားလိုက်။ ဒါမှမဟုတ် အလှည့်အပြောင်းတွေကို ဖြစ်စေနိုင်ဖို့ စနစ်ရဲ့စတိုးထဲကို ဝင်လိုက်လေ”

“ချီးတဲ့မှ... ဒီလိုအချိန်အခါမျိုးမှာတောင်မှ မင်းက အောင်မြင်တဲ့အရောင်းသမားတစ်ယောက် လုပ်ချင်သေးတာ လား”

“ငါက ဖြစ်နိုင်ဖွယ်ရာ လမ်းတစ်ခုပဲရှိလို့ ညွှန်ပြပေးနေတာလေ”

“............”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ တကယ်တမ်း အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ပထမစစ်ဦးစီးချုပ်နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရန်အတွက် အထက်နယ်မြေသည် အားနည်းလွန်းလျက် ရှိနေ၏။ ၎င်းသည် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ချင်သည်ဆိုပါက ပိုမို ကြီးမားသည့် ဆာဗာခိုးမှုကို ပြုလုပ်ရမှာ ဖြစ်၏။

“ခင်ဗျားတို့က လုံလောက်အောင် ကြောက်ဖို့မကောင်းဘူးလို့ ထင်နေသေးတာကိုး”

စစ်သူကြီးသည် လက်ကို မြှောက်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ အမြင်ကျယ်သွားအောင် ဒီနေ့ ပြသမယ်”

ဖြောက်

သူသည် လက်ဖျောက်တစ်ချက်တီးလိုက်တော့၏။ လောကကြီးတွင် ရှိနေသော လူတစ်ဝက်လောက်သည် သေဆုံး သွားခဲ့ခြင်းတော့ မရှိပေ။ သို့ပေမဲ့ ရွက်သင်္ဘောကြီးများဆီမှ သေးငယ်သော အလင်းတန်းများ ထွက်ပေါ်လာခဲ့ တော့သည်။ အထက်နယ်မြေတစ်ခုလုံးတွင် တိမ်မဲများသည် တလိပ်လိပ်နှင့် ဖြစ်တည်လာလျက် ရှိနေတော့၏။

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင် ဖြစ်သွား၏။ သူကြည့်နေတုန်းမှာပဲ စနစ်သည် ရုတ်တရက် သုံးသပ်ချက်ကို ထုတ်ဖော်လိုက်၏။ “စုစုပေါင်း ဒရုန်းပေါင်း သန်းနှစ်ရာလောက်ရှိတယ်”

“သန်းနှစ်ရာ ဟုတ်လား”

“သွားပြီပဲ”

မူလအားဖြင့် သူ၏တပည့်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားစေချင်ခဲ့သည့် ကြီးမြတ်သူတုံးကု သည် ပိုမိုကာ စိတ်ဓာတ်ကျသွားခဲ့၏။ အစစ်အမှန် ရှာဖွေခြင်းအဆင့် ကျေးကျွန်ပေါင်းတစ်သောင်းကျော်နှင့် ရေတွက်လို့မရအောင် များပြားသော မွန်းစတားဒရုန်းများသည် ကောင်းကင်၏ တဝက်လောက်ကို ပြည့်နှက်လျက် ရှိနေတော့၏။ သူတို့သည် ထွက်ပြေးစရာနေရာ ရှိသည်ဆိုလျှင်တောင်မှ ထွက်ပြေးလွတ်မြောက်သွားဖို့ မဖြစ်နိုင် တော့ချေ။

“တပည့်....” ကြီးမြတ်သူတုံးကုသည် စကားပြောဆိုရာမှ ရုတ်တရက် ရပ်တန့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် စွန်းဝူခုန်းဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိပြီး ၎င်း၏အရှေ့သို့ ရောက်ရှိလျက်ရှိသည်။ ၎င်း၏ အကြည့်များသည် လေးနက်တည်ကြည်နေတော့၏။ “ဆရာနှင့်တပည့်က ဒီနေ့မှာ ဘေးချင်းယှဉ်လျက် တိုက်ခိုက်ကြမယ်”

“မင်း”

ကြီးမြတ်သူတုံးကုသည် ဦးခေါင်းကို ခါယမ်းလိုက်သည်။ ပြီးနောက် ပြောလိုက်တော့သည်။ “ကောင်းပြီ။ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ကြတာပေါ့”

ဝှစ် ဝှစ်

ပြိုင်စံရှားဂိုဏ်းထဲမှ ဆန်းကြယ်လွန်းလှသော အော်ရာတစ်ခုထွက်ပေါ်လာခဲ့တော့သည်။ ဝန်ကြီးသုံးပါး၊ မူးမတ် ကိုးပါးတို့ ဦးဆောင်ထားသော ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှ လက်ရွေးစင်အဖွဲ့သားများသည် ထွက်ပေါ်လာ ခဲ့၏။ ထို့အပြင့် လုံဟောင်ထျန်း ဦးဆောင်သော နဂါးကလန်မှ လက်ရွေးစင်အဖွဲ့များ၊ ရေခဲဖီးနစ်ကလန်မှ လက်ရွေးစင်အဖွဲ့များ၊ နတ်ဘုရားခရီးနှင်သူကလန်မှ လက်ရွေးစင်အဖွဲ့များနှင့် တခြားသော ကလန်အသီးသီးမှ လက်ရွေးစင် ကျင့်ကြံသူများသည် ထွက်ပေါ်လာခဲ့ကြ၏။

သူတို့ မည်ကဲ့သို့ ရောက်ရှိလာခဲ့ကြသနည်း။ အထူးတည်နေရာရွေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုခဲ့ခြင်းသာဖြစ်လေသည်။ ဤအတောအတွင်း အစီအရင်ခန်းမသည် ကလန်အသီးသီး၏ ဘိုးဘေး တည်နေရာများ အပြင်ဘက်တွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များကို ဖန်တီးတည်ဆောက်ခဲ့၏။ ပြိုင်စံရှားဂိုဏ်းဆီသို့ လာရောက်ရန် ပေးဆပ်ရသည့်တန်ကြေးသည် ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးသာလျှင် ကုန်ကျသည်။

ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် ကြောင်အသွားခဲ့ကြ၏။ အလွန်အားကောင်းလှသော နတ်ဆိုး စစ်တပ်ကြီးတစ်သန်းကျော်တို့သည် အစောကြီးကလည်း လုံလောက်အောင် အံ့အားသင့်စရာ ကောင်းနေပြီဖြစ်၏။ သို့ပေမဲ့ များပြားလှသော ကလန်အသီးသီးတို့သည် ပြိုင်စံရှားဂိုဏ်းဆီမှ ထွက်ပေါ်လာခဲ့ကြ၏။ အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ၎င်းတို့အားလုံးသည် ကျွင်းချောင်ရှောင်း၏ အနောက်ဘက်တွင် ရပ်တန့်လျက်ရှိ၏။ ကြည့်ရသည်မှာ သူ၏ဦးဆောင်မှုနောက်သို့ လိုက်ပါနေပုံပင်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်၏။ “စိုးရိမ်မနေကြနဲ့။ အခက်အခဲတွေ တွေ့နေပြီ ဆိုမှတော့ ပြုံးပြုံးကြီး ရင်ဆိုင်လိုက်ကြတာပေါ့။ ကြောက်ရွံ့မှုကို အကောင်းဆုံး ဖယ်ရှားနိုင်မယ့် နည်းလမ်းက မျက်နှာချင်းဆိုင် ရင်ဆိုင်ပစ်လိုက်တာပဲ။ သွားကြစို့”

“..............”

များပြားလှသော ကလန်အသီးသီးမှ ကျွမ်းကျင်သူများသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုလိုက်မိကြ သည်။

“ငါ့သား”

ရုတ်တရက် အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “ပြောသွားတာကောင်းတယ်။ ကြောက်ရွံ့မှုကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးသော နည်းလမ်းက ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်တာပဲ”

ဝှစ်

ကုန်းစွန်းရော့လီသည် ပျံသန်းလာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ အရှေ့ဘက်တွင် မတ်မတ်ရပ်လျက် ရှိ၏။ နှင်းဆီဧကရီသည်လည်း သူမ၏အတူ လိုက်ပါလာခဲ့၏။ သူမသည် အချိန်အတော်ကြာ အပြင်ဘက်တွင် လှည့်လည်ကာ သွားလာနေသည်ဆိုသော်လည်း အသွင်အပြင်မှာတော့ ပြောင်းလဲမသွားခဲ့ချေ။ သို့ပေမဲ့ သူမ၏ အော်ရာများမှာတော့ ပိုမိုကာ အားကောင်းလာခဲ့သည်။

“ခင်ဗျား ဒီကို ပါလာတာလား”

“ပါလာတယ်လေ”

“ဘာလို့ ပါလာရတာလဲ”

“ပါချင်လို့ ပါလာတာပေါ့”

“................”

အားလုံးသောသူတို့၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့ကြ၏။ လင်မယားနှစ်ယောက် စကားပြောဆိုနေခြင်းသည် အဘယ်ကြောင့် ဤကဲ့သို့ ကြောင်တောင်တောင်နိုင်သည့်စကားများဖြစ်နေရသနည်း။

.............

အမြင်ဆုံးသော တည်နေရာမှာတော့ ရွက်သင်္ဘောကြီးဆယ့်ငါးစင်းတို့သည် မတ်မတ်ရပ်လျက် ရှိနေ၏။ ထို့အပြင် ကောင်းကင်ယံတစ်ဝက်လောက်ကို ဖုံးလွှမ်းလျက် ရှိနေသည်။ ဒရုန်းပေါင်း သန်းနှစ်ရာလောက်က တည်ရှိနေပြီး စစ်သူကြီးသည် အားလုံး၏အရှေ့ တည်နေရာတွင် ထိုင်လျက် ရှိနေ၏။ သူ၏ အနောက်ဘက်တွင်တော့ အစစ်အမှန် ရှာဖွေခြင်းအဆင့် ကျင့်ကြံသူ သောင်းနှင့်ချီကာ တည်ရှိနေ၏။

အထက်နယ်မြေဘက်ခြမ်းမှာတော့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း၊ များပြားလှသော ကျင့်ကြံသူများ သည် စုဝေးလျက် ရှိနေ၏။ လွတ်လပ်သော ကျင့်ကြံသူများလည်း တည်ရှိလို့နေခဲ့ပြီး ကျွင်းချောင်ရှောင်း ဦးဆောင်သည့် များပြားလှသော ထိပ်တန်းမွန်းစတားကလန်အသီးသီးမှ ကျင့်ကြံသူများလည်း တည်ရှိနေ၏။ ထိုကဲ့သို့သော ပမာဏသည် ကြောက်မက်ဖွယ်ကောင်းလှသည့် လူစာရင်းပင် ဖြစ်သည်။

သက်လတ်ပိုင်းလူသည် ဦးခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ “ခေါင်းမာမာနဲ့ ခုခံဖို့ ကြံစည်နေတာကိုး။ ကောင်းပြီ.. ခင်ဗျားတို့အနေနဲ့ ကျေးကျွန်မလုပ်ချင်ဘူးဆိုရင် သွားပြီးသေလိုက်ကြတော့”

ထိုအချိန်မှာတော့ သူ၏ မျက်လုံးထဲတွင် အားကောင်းလွန်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများ ဖြစ်တည်လာခဲ့၏။ သူက ပြောလိုက်သည်။ “ဒီဂြိုဟ်ကြီးမှာရှိတဲ့ သက်ရှိသတ္တဝါတွေ အားလုံးကို ဖျက်ဆီးလိုက်တော့”

“ကောင်းပါပြီ”

“ကောင်းပါပြီ”

မွန်းစတားအားလုံးသည် ထအော်လိုက်ကြ၏။ ကြမ်းတမ်းလွန်းလှသော အော်ရာလှိုင်းများသည် ဖြစ်တည်လာခဲ့ တော့သည်။

ဆွစ် ဆွစ် ဆွစ်

တစ်ချိန်တည်းမှာပဲ ကောင်းကင်ယံတွင် စုဝေးလျက်ရှိနေသည့် ဒရုန်းများအားလုံးသည် စတင်ကာ လှုပ်ရှားလာခဲ့ တော့၏။ ၎င်းတို့သည် အထက်နယ်မြေတစ်ခုလုံးကို မြေလှန်ပစ်ရန် စတင်ကာ ကြိုးစားနေ၏။

သို့ပေမဲ့ ဤကဲ့သို့သော အရေးအကြောင်းအခြေအနေမျိုးတွင် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွှေးများနှင့် အဘိုးအိုတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ဖြည်းညှင်းစွာ ပျံသန်းလာခဲ့သည်။ သူ၏ အသွင် အပြင်သည် အလွန်ပင် သာမန်ကျလွန်းလှ၏။ ထို့အပြင် ကြောက်ရွံ့တတ်သည့် အမူအရာမျိုး တစ်ချက်ကလေးမှ မရှိချေ။

၎င်းပေါ်လာသည်နှင့်တပြိုင်နက် အားလုံးသော သိုင်းကျင့်ကြံသူများ၏ အမူအရာသည် လေးနက်တည်ကြည်သွားခဲ့၏။

“အမ်”

သက်လတ်ပိုင်းအရွယ်လူသည် သူ၏မေးစေ့ကို ပွတ်သပ်ကာဖြင့် စိတ်ဝင်တစား မေးလိုက်၏။ “ခင်ဗျားက အထက်နယ်မြေရဲ့ တိုက်ခိုက်ရေးအားအင်တစ်သောင်းအထက်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်လား”

“မဟုတ်ဘူး”

ထိုသူသည် လေထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် ပြုံးကာ ပြောလိုက်သည်။ “ကျုပ်က ကျင့်ကြံခြင်းလောကထဲမှာ အသက်ရှင်နေထိုင်နေတဲ့ ပုံပြောသူတစ်ယောက်ပါပဲ”

“ပုံပြောသူ... ပုံပြောသူဟုတ်လား” ကျွင်းချောင်ရှောင်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားမိ၏။

All Chapters