သူမက ရတနာလား
Vol. 125 Ch. 1748
ရှောင်ရော့ပိုင်သည် ရှီမာယူယူ၏ နားမလည်နိုင်သောအကြည့်များကို မြင်ရသည် “မင်းတကယ်ပဲ မသိဘူးလား”
“ရော့ပိုင် သူမက ရှီအာမဟုတ်ဘူး အဲဒါကြောင့် ဦးလေးဟွေ့ရဲ့ အဆင့်အတန်းကိုမသိတာ ပုံမှန်ပဲ” ကုန်းဇီယွမ် ထုတ်ပြောလိုက်သည်။
“ဘာ မင်းက မုရုန်ရှီမဟုတ်ဘူးလား” ရှောင်ရော့ပိုင်သည် ရှီမာယူယူကို တအံ့တဩကြည့်လေသည် “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ငါ ဦးလေးဟွေ့ကို မေးပြီးပြီ ရှီအာက…” မုရုန်ရှီအကြောင်းပြောလျှင် ကုန်းဇီယွမ်သည် ဝမ်းနည်းလာသည်။
“အရင်တစ်ခေါက်က…” ရှောင်ရော့ပိုင်၏ မျက်နှာမှာလည်း မကောင်းလှ ပေ။
သူမနှင့် မုရုန်ရှီတို့၏ ဆက်ဆံရေးမှာ မကောင်းလှသော်လည်း သူမသည် ခင်စရာကောင်းသောလူပင်ဖြစ်သည်။ ရုတ်တရင် ထိုလူမရှိတော့ဟု ကြားလိုက် ရချိန်တွင် စကားမပြောနိုင်ဖြစ်သွားရသည်။
“ဟုတ်တယ်” ကုန်းဇီယွမ် ခေါင်းညိတ်လိုက်သည်။
ရှောင်ရော့ပိုင်သည် ရှီမာယူယူကို ကြည့်လိုက်သည် “မင်းက ဘာလို့ ရှီအာ လိုဟန်ဆောင်နေတာလဲ”
“ငါ ဟန်ဆောင်ချင်လို့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါ့ရဲ့ အဖေက အဲလိုမျိုးလုပ်ခိုင်းတာပဲ”
“ဒါဆိုရင် မင်းကဘာလဲ ရှီအာသေသွားပြီးတော့ ဘာလို့ရုတ်တရက် ပေါ် လာတာလဲ”
“ငါလား ငါ့နာမည်က ရှီမာယူယူ… သူမ လုပ်ကြံသူတွေ အလိုက်ခံရတဲ့ နေ့က ငါလည်း ဂူလန်တောင်ကိုရောက်လာခဲ့တယ်… မျက်မြင်သက်သေ တစ်ယောက်အနေနဲ့ ငါလည်းသတ်ခံလိုက်ရတာပဲ… ပြီးတော့ ငါလည်း သူမနဲ့ အတူ ကမ်းပါးကကျခဲ့တယ် ပြီးတာနဲ့ ဒီအဖေက ငါ့ကိုကယ်သွားတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ငါ နိုးလာတော့ သူတို့က ငါ့ကို အတင်း သူမလို ဆက်ဆံတယ် ငါလည်းမတတ်နိုင်ခဲ့ဘူး”
သူမ ပြောသည်မှာ တစ်ဝက်အမှန် တစ်ဝက်အမှားဖြစ်သည်။ တကယ့် အဖြစ်အပျက်ပုံစံပေါက်သည်။
“မင်း ပြောတာအမှန်ပဲလား” ရှောင်ရော့ပိုင်သည် ထိုတိုက်ဆိုင်မှုကို မယုံနိုင်သေးပေ။
“ယုံချင်ယုံ မယုံချင်လည်းနေပါ” ရှီမာယူယူ ပခုံးတွန့်ပြီး များများစားစား ရှင်းပြရန် စိတ်ကူးမရှိပေ။ “မင်း ကုန်းဇီယွမ်ကိုမေးလို့ရတယ် သူ ငါ့ကိုမြင်တုန်း က မုရုန်ရှီမဟုတ်ဘူးလားလို့တောင် ပြောခဲ့သေးတယ်”
ရှောင်ရော့ပိုင်သည် ကုန်းဇီယွမ်ကို အတည်ပြုခိုင်းရန် ကြည့်ရာ သူ ခေါင်းညိတ်လေသည်။
“ဟုတ်ပြီ ငါ့အဖေရဲ့ အဆင့်အတန်းကိုမပြောရသေးဘူးနော်” ရှီမာယူယူ တိုက်တွန်းလိုက်သည်။
“ငါတို့ နယ်မြေအကြောင်းကို ဘယ်လောက်သိလဲ” ရှောင်ရော့ပိုင် မေး လိုက်သည်။
ရှီမာယူယူ ခေါင်းခါလိုက်သည်။ သူမ ပထမဆုံးအကြိမ် တစ္ဆေလောကသို့ ရောက်ချိန်မှာပင် ကိစ္စများစွာဖြစ်ခဲ့သည်။ သူမသည် တစ္ဆေမျိုးနွယ်မှ မဟုတ် ကြောင်း ပေါ်မသွားစေရန် သူမသည် ဤနေရာမှ အခြေအနေကို မစုံစမ်းရဲပေ။
“မင်း ဘာသိလဲ” ရှောင်ရော့ပိုင် မေးလိုက်သည်။
“ငါကတောင်တွေမှာပဲ နေခဲ့တာ ဒါ ငါ ပထမဆုံးအကြိမ်ထွက်လာတာပဲ အဲဒါကြောင့် ငါ ဘာမှမသိဘူး” ရှီမာယူယူ ပြောလိုက်သည်။
“….” အခုမှပင် ကုန်းဇီယွမ်သည် သူမကို သနားစဖွယ်ကြည့်လေသည်။
“ဒါဆိုရင် ဒီကအခြေအနေကို အကြမ်းဖျင်း မိတ်ဆက်ပေးရမှာပေါ့” ရှောင်ရော့ပိုင် ပြောလိုက်သည် “တစ္ဆေလောကကို တစ္ဆေနယ်မြေ၊ ဝိညာဉ် နယ်မြေနဲ့ အသူရာငရဲဆိုပြီး ပိုင်းခြားထားတယ် အဲဒါကိုသိတယ်မလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမ ထိုအကြောင်းကိုသိသည်… သို့သော် သိပ်မကြာသေးခင်ကဖြစ်သည်။
“တစ္ဆေနယ်မြေရဲ့ အုပ်ချုပ်သူက ဘယ်သူလဲသိလား”
“တစ္ဆေဘုရင်လား”
“ဟုတ်တယ် တစ္ဆေဘုရင်ပဲ ဒါပေမဲ့ တစ္ဆေနယ်မြေက တကယ်ကျယ် တယ်ဆိုတာ သိလား တစ္ဆေဘုရင်က အကုန်လုံးကို လိုက်ဂရုမစိုက်နိုင်ဘူး အဲဒါကြောင့် နယ်မြေကို တိုင်းပြည်ကြီးသုံးခုအဖြစ် ပိုင်းခြားထားတယ် အဲဒီ တိုင်းပြည်က မင်းသမီးတွေက တော်ဝင်မိသားစုဝင်တွေပဲ သူတို့က တစ္ဆေဘုရင် ကို ပုံမှန်သတင်းပို့ရတယ် မင်းသားလက်အောက်မှာ နယ်စားတွေလည်းရှိတယ် နယ်စားတွေက မင်းသားတွေနဲ့ပတ်သက်တဲ့လူတွေပဲ မင်းသားတွေ ဒါမှမဟုတ် သူတို့ရဲ့အားကောင်းတဲ့ အပေါင်းအဖော်တွေနဲ့ ဆွေမျိုးတွေပဲ နယ်စားအောက် မှာတော့ မရေတွက်နိုင်တဲ့မြို့တွေရှိတယ်” ကုန်းဇီယွမ် ရှင်းပြလေသည်။
ရှီမာယူယူသည် ထိုအဆင့်များကို ရှင်းလင်းသွားသည်။
“ဒါဆိုရင် ငါ့အဖေရဲ့အဆင့်အတန်းကဘာလဲ” သူမသည် မုရုန်ဟွေ့၏ အဆင့်အတန်းမှာ မရိုးရှင်းနိုင်ဟု ခံစားရသည်။ မဟုတ်လျှင် သူတို့ အရင်က ပြောမည်မဟုတ်ပေ။
“နယ်စားပဲ သူကနယ်စားလေ” ရှောင်ရော့ပိုင် ပြန်ဖြေလေသည်။
“ငါ့အဖေက နယ်စားဖြစ်နေတာလား” ရှီမာယူယူ အံ့ဩသွားသည် “ဒါဆိုရင် ဒီကိုလာပြီး ဘယ်လိုဖြစ်လို့မြို့ဝန်လုပ်နေတာလဲ”
“အရင်ကတော့ မဟုတ်ဘူး အခုမှလုပ်တာပဲ” ကုန်းဇီယွမ် ပြောလိုက် သည် “မဟုတ်ရင် ရှီအာက ယောက်ျားတွေကို ဘာလို့ဖမ်းထားတယ်လို့ မင်း ထင်လဲ၊ မြို့ဝန်က အဲလောက်လူအများကြီးကို ဘယ်လိုကိုင်တွယ်နိုင်မှာလဲ”
ရှီမာယူယူ မှင်တက်သွားသည်။ စဉ်းစားကြည့်ရာ သူသည်မြို့ဝန်တစ် ယောက်သာဆိုလျှင် ထိုမျှများပြားသော လူရှိမည်မဟုတ်ပေ။ ပြီးနောက် ထို ဓားပြများသည် ဤမြို့ဝန်လေးလောက်ကို ရန်မစရဲကြပေ။
“အဲတော့ ဘာဖြစ်လဲ” ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ကြည့်လိုက် သည် “ငါ့ကို ဘာလို့ဒါတွေပြောပြနေတာလဲ ဒီကိုလာတာနဲ့ ပတ်သက်နေလို့ လား”
“ပတ်သက်နေတာမဟုတ်ဘူး ထပ်တူကျနေတာ”
“ထပ်တူကျတယ်ဟုတ်လား”
“ဟုတ်တယ် ဒဏ္ဍာရီတွေအရဆိုရင် ဂူလန်တောင်မှာ ရတနာတစ်ပါးရှိ တယ် ပြီးတော့ အဲဒါကိုရတဲ့လူက တစ္ဆေလောကရဲ့ အနာဂတ်ကို သက်ရောက်မှု ရှိလိမ့်မယ်… သူကပဲ နယ်မြေသုံးခုကို ပေါင်းစည်းပေးလိမ့်မယ်လို့လည်း ဟောကိန်းထွက်ထားတယ် အဲဒါကြောင့် လူတိုင်းက အဲဒီရတနာကိုလိုချင်နေ ကြတာ” ကုန်းဇီယွမ် ပြောလိုက်သည်။
“ဒီလောက်နှစ်တွေအကြာကြီး မင်းသားတွေနဲ့ နယ်စားတွေက ရတနာရှာ ဖို့ ဂူလန်တောင်ကို လူတွေအများကြီးလွှတ်ပြီးပြီ ဒါပေမဲ့ ဘယ်သူမှမအောင်မြင် ခဲ့ဘူး”
“အဲတော့ ငါ့အဖေက ရတနာရှာဖို့လာတာပေါ့ မင်းတို့လည်းအတူတူပဲ” ရှီမာယူယူ သိသွားရာ သူတို့နှစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ သူမ ဆက် ပြောလိုက်သည် “ဒါဆို မင်းတို့က ပြိုင်ပွဲအတွက်ကြောင့်မဟုတ်ဘဲ ရတနာ ကြောင့် ဒီကိုလာတာပေါ့ အဲလိုဆိုရင် ဘာလို့ငါ့ကိုပြောတာလဲ လူသိနည်းလေ ကောင်းလေပဲ မဟုတ်ဘူးလား”
“ဒါက မင်းကို ယုံကြည်မှု ရောင်းလိုက်တာပဲ” ရှောင်ရော့ပိုင် ပြန်ဖြေ သည် “မင်း ငါတို့ဆီက မသိရင်တောင် သူများဆီကသိမှာပဲ လူတွေနဲ့တွေ့လာ ရင် အဲဒါကိုဖုံးကွယ်လို့မရဘူး”
ရှီမာယူယူသည် မေးစေ့ကိုပွတ်ကာ တီးတိုးပြောလိုက်သည် “ငါ့အဖေ ရော မင်းတို့မျိုးနွယ်ရော ဒီနေရာကို လှန်လှောပြီးကြပြီထင်တယ် ဟုတ်တယ် မလား အဲဒါကြောင့် တခြားလူတွေ ဒီကိုလာတာ မြင်ရတာတောင် တည်ငြိမ်နေ ကြတာ မဟုတ်ရင် သူတို့က ဒီနေရာကို လျှို့ဝှက်သတိထားကြည့်နေတာပဲ ရတနာပေါ်လာတာနဲ့ သွေးမုန်တိုင်းက ချက်ချင်းဖြစ်မှာပဲ”
“ရှီအာ မင်းက ဉာဏ်ကောင်းတယ်လို့ သူများတွေပြောတယ်မလား” ကုန်းဇီယွမ် မေးလိုက်သည်။
သူတို့သည် သူမကို သတင်းတချို့ကိုသာ ပြောလိုက်သော်လည်း ဤနေရာမှ အခြေအနေကို ခန့်မှန်းနိုင်သည်။
“ဟုတ်တယ် ငါ့ကိုသိတဲ့လူတွေက ဉာဏ်ကောင်းတယ်လို့ ပြောကြတယ်” ရှီမာယူယူသည် ဘဝင်မြင့်စွာ ပြောလိုက်သည်။
“…”
“ဒါပေမဲ့ ငါ နားမလည်သေးတာ တစ်ခုရှိတယ် အဲဒါက အစောကြီး ကတည်းကဖြစ်နေခဲ့တာပဲ လူတွေက ဘာလို့အခုတလောမှ လာကြတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“တချို့လူတွေက ဒီမှာထူးဆန်းတာတွေဖြစ်နေတယ်ဆိုတာကို အခုမှ ကြားပြီး ရတနာပေါ်တာဖြစ်မယ်လို့ တွေးလိုက်ကြလို့ပဲ၊ တကယ်တော့ မျိုးနွယ် က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လူလွှတ်ပြီး စုံစမ်းခိုင်းပြီးပြီ ဘာမှရှာမတွေ့ဘူး တောင် တစ်ခုလုံးက အရင်လိုပဲ” ရှောင်ရော့ပိုင် ပြောလိုက်သည်။
“ဘယ်တုန်းက ဒီလိုဖြစ်တာလဲ”
“ရှီအာ မတော်တဆဖြစ်ပြီးတော့ နှစ်ရက်မြောက်နေ့ပဲ” ကုန်းဇီယွမ်သည် အတန်ကြသည်အထိ စဉ်းစားနေသည် “တချို့လူတွေက ရှီအာကို လိုက်နေကြ တော့ ဂိုဏ်းတွေနဲ့ မြို့ဝန်အိမ်တော်က တစ္ဆေသိုင်းသုံးတဲ့လူတွေ လိုက်တယ် ထင်လို့ ဘာမှမလှုပ်ရှားတာပဲ”
ရှီမာယူယူ ရင်များဒိန်းခနဲဖြစ်သွားသည်။ ရှီအာရဲ့ မတော်တဆမှုပြီးတဲ့ နှစ်ရက်မြောက်နေ့လား။ အဲဒါက သူမ တစ္ဆေလောကကို လာပြီး ဂူလန်တောင် မှာပေါ်လာတဲ့နေ့မလား။ ရတနာက သူမကိုပြောချင်တာလား။
သူမသည် သူမမျက်နှာကိုထိပြီး ကိုယ့်ကိုယ်ကိုယ် အဲလောက် အထင်မကြီးရန် ပြောနေရသည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအားများ ပေါများ လှသည်။ ဤနေရာတွင် အမှန်တကယ်ပင် ရတနာရှိနိုင်သည်။
“တကယ်သာ အဲလိုဆိုရင် အချိန်တန်ရင် ငါတို့တိုက်ခိုက်ရမှာပဲ အခုတော့ ချိန်းထားတဲ့ နေရာကို မြန်မြန်သွားရအောင် မဟုတ်ရင် ချောင်ချန်းအန်း အဲဒီ ကလေးက ထပ်ပြီးစိန်ခေါ်နေဦးမယ်”
***