← Chapters

အခန်း ၁၆၁၀

Vol. 108 Ch. 1610

အခန်း ၁၆၁၀

Vol. 108 Ch. 1610

အပိုင်း (၁၆၁၀)

ပေါ်ပေါက်လာသည့်အချိန်မှ တိုက်ခိုက်ခံခဲ့ရသည့်အချိန်အထိ တွက်ကြည့်ရမည်ဆိုလျှင် ပုံပြောသူသည် အားလုံးသော သူများအား ခန့်မှန်း၍ မရအောင် နက်ရှိုင်းပြီး အားကောင်းလွန်းလှသော သိုင်းကျင့်ကြံသူတစ်ယောက်ဟူသည့် အရှိန်အဝါမျိုးကို ပေးစွမ်းခဲ့၏။

သို့ပေမဲ့ အဆုံးသတ်မှာတော့ တိုက်ခိုက်ချက်တစ်ခုတည်းနှင့်တင် မြေပေါ်သို့ လဲကျလျက်ရှိနေ၏။ ဤပြောင်းလဲမှုသည် အလွန်မြန်ဆန်လွန်းသောကြောင့် ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသောသိုင်းကျင့်ကြံသူများအားလုံးသည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်နေသည်။

“အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ဟုတ်လား။”

ကုန်းစွန်းရော့လီ၏ အမူအရာသည် ပိုမိုကာ လေးနက်သွားခဲ့၏။ မဟုတ်သေးပေ။ ထိုသူ့ကို ကြည့်ရှုရသည်မှာ ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလွန်းလှ၏။ အဘယ့်ကြောင့် ထိုသူ၏ အော်ရာများသည် သူမလောက် အားမကောင်းရတော့ သနည်း။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက စိတ်ဓာတ်ကျသွားမိ၏။ “ဒီလူက ထူးခြားလှတဲ့ စွမ်းရည်တွေ သင်ယူလာခဲ့တယ်ဆိုတာ နှာခေါင်းထဲကို ကြက်သွန်မြိတ် ၂ ခုထည့်ပြီးတော့ ဆင်ကြီးမိုမို ဟန်ဆောင်တာမျိုးလား။ ဒီလိုကိစ္စမျိုးတော့ ငါလည်းလုပ်နိုင်တာပဲ။”

ကုန်းရှန့်သည် ဆေးဟောခန်းဌာနချုပ်ဆီသို့ သွားရသည့်အချိန်တွင် ဂုဏ်သိက္ခာအမှတ် ၅၀၀ ကို အသုံးပြုပြီးသည့် နောက် ဟန်ထုတ်ခြင်းဝတ်စုံကို ဝယ်ယူခဲ့ရ၏။ ဟန်ထုတ်မှုအတိုင်းအတာကို ပြောရမည်ဆိုလျှင် သူသည် အားလုံး သောသူများထက် မည်သို့မှ အားမနည်းလှချေ။ သို့ပေမဲ့ ထိုအရာကို ထုတ်ဖော်ကာ အသုံးပြုလိုက်မည်ဆိုလျှင်လည်း တစ်ခါတည်း သိရှိသွားကြမှာသေချာ၏။ တကယ့် အစစ်အမှန်တိုက်ပွဲများသည် ကြောက်မက်ဖွယ်ရာကောင်းလှသည် ဆိုခြင်းကို သူမျက်ဝါးထင်ထင် မြင်နေရပြီမဟုတ်ပါလား။

ပုံပြောသူအနေနှင့် အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်တွင် ရှိနေခြင်းကပင် အလွန်တရာ ကောင်းလှပြီဖြစ်သည်။ အထက်နယ်မြေသည် အန္တရာယ်ကို ကျရောက်နေခဲ့၏။ သို့ပေမဲ့ ဤအဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် အလှည့်အပြောင်းကြီးကို မဖန်တီးနိုင်ခဲ့ချေ။ ကယ်တင်ရှင်ဖြစ်ဖို့ဆိုလျှင် ဝေလာဝေးပင်။

“ချီးတဲ့မှ”

ပထမရေတပ်ချုပ်၏ မျက်လုံးထဲတွင် ဒေါသတရားများ ပိုမိုကာ ထွန်းတောက်လာခဲ့၏။ ပုံပြောသူပေါ်လာသည့်အချိန်တွင် အလွန်အားကောင်းလှသည့် ပြိုင်ဖက်တစ်ယောက်နှင့် ရင်ဆိုင်တွေ့ရတော့မည်ဟု သူက ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူ့အား လာရောက်ကာ ကစားလို့နေခဲ့၏။

“သေစမ်း”

ဝှစ် ဝှစ်

တပ်ချုပ်သည် သူ၏ လက်ကို ဒေါသတကြီး မြှောက်လိုက်၏။ ပတ်ဝန်းကျင်တွင် ရှိနေသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည် စုစည်းလာခဲ့ပြီးသည့်နောက် အလင်းလုံးများကဲ့သို့ အသွင်ပြောင်းကာဖြင့် ပုံပြောသူအား တဘုန်းဘုန်းနှင့် ထိုးနှက်တော့သည်။ ဒေါသတရားများ ပါဝင်လျက်ရှိနေသည့် စွမ်းအင်များသည် ပိုမိုကာ ကြောက်မက် ဖွယ်ရာကောင်းလှသည်။

…….

ကျွင်းချောင်ရှောင်းနှင့် တခြားသောကျင့်ကြံသူများအားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိ၏။ ပုံပြောသူသည် အစစ်အမှန် ရှာဖွေခြင်းထိပ်ဆုံးအဆင့်တွင်ရှိသည်ဆိုလျှင်တောင်မှ လက်ရှိထိုးနှက်ချက်ဖြင့် ဆိုပါက သေဆုံးနေနှင့်ပြီ ဖြစ်သည်။

သို့ပေမဲ့ တပ်ချုပ်သည် တိုက်ခိုက်ရာကို ရပ်တန့်လိုက်သည့်အချိန်မှာတော့ ဖုန်များသည် တဖြည်းဖြည်းနှင့် ပြန်လည်ကာ ငြိမ်သက်လာ၏။ ပုံပြောသူသည် တွင်းနက်ထဲတွင် လဲလျောင်းလျက်ရှိနေသေးပြီး မျက်လုံးများ ချာချာ လည်ကာ ပါးစပ်မှ အမြှုပ်များထွက်လျက်ရှိနေတုန်းပင်။

“ဒါက”

ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများသည် ဆွံ့အသွားခဲ့ကြ၏။

တပ်ချုပ်သည် မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုကာ ပြောလိုက်သည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ။”

လက်ရှိ ရှိနေကြသော ထိပ်တန်းစွမ်းအားမြင့်ကျင့်ကြံသူများသည် ပုံပြောသူ၏ အစစ်အမှန်အားအင်အဆင့်ကို အခြေခံ အားဖြင့် ဆုံးဖြတ်ပြီးပြီဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် သိုင်းကျင့်ကြံသူတစ်ယောက်၏ ဆက်တိုက်ထိုးနှက်တိုက်ခိုက်မှုအောက်တွင် ဘာမှမဖြစ်သလို တည်ရှိလို့နေနိုင်သေး၏။ ဤလူသည် အရိုက်အနှက် ခံရာတွင် ကောင်းမွန်လှသည့် သန္ဓေပါရမီ တည်ရှိနေသည်လား။

ဘုန်း

ဘုန်း

တပ်ချုပ်သည် ဆက်တိုက်ဆိုသလိုပဲ စွမ်းအင်များကို စုစည်းကာဖြင့် တိုက်ခိုက်နေ၏။ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များသည် တဝုန်းဝုန်းနှင့် လှိုင်းထလျက်ရှိနေပြီး အဝေးတည်နေရာဆီသို့ပင် လှိုင်းများ သက်ရောက် ကုန်၏။

ခဏလောက်ကြာပြီးသည့်နောက် ပုံပြောသူသည် တွင်းနက်ထဲတွင် လဲလျောင်းလျက်ရှိနေတုန်းပင်။ သူ့ကြည့်ရ သည်မှာ အနည်းငယ် ပုံပျက်ပန်းပျက် ဖြစ်နေသည်ဆိုသော်လည်း အကောင်းမွန်ဆုံးသော အခြေအနေကို ထိန်းသိမ်း ထားနိုင်စွမ်းရှိ၏။ သူသည် သတ်လို့မရနိုင်သော စုပ်ခွက်ငါးတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။

“မဖြစ်နိုင်ဘူး။”

စစ်သူကြီးသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “မဖြစ်နိုင်ဘူး။”

ဤရောင်းရင်း၏ အားအင်အဆင့်သည် သူနှင့် အလုံးစုံကွာခြားလျက်ရှိနေသည်ကို သိရှိပြီးဖြစ်၏။ သို့ပေမဲ့ ထိုသူ့အား သတ်ဖြတ်ဖို့ဆိုသည်မှာ အလွန်တရာ လွယ်ကူလှပေ၏။ သို့ပေမဲ့ အဘယ့်ကြောင့် ဤမျှကြာအောင် ထိုးနှက်ရိုက်နှက် ပြီးသည့်နောက် တစ်ဖက်လူသည် ငြိမ်ငြိမ်သက်သက်ဖြင့် ကောင်းကောင်းမွန်မွန် တည်ရှိနေရသနည်း။

“အင်း”

ထိုအချိန်မှာပဲ ပုံပြောသူသည် တွင်းနက်ထဲမှ ဖြည်းဖြည်းချင်း ရုတ်တရက် ထလာ၏။ သူသည် ပထမဦးဆုံး အင်္ကျီပေါ်တွင် တင်ရှိလျက်ရှိနေသည့် ဖုန်များကို အသာပုတ်ကာဖြင့် ခါလိုက်၏။ ပြီးနောက် မြေပေါ်တွင် ဒူးထောက် ထိုင်ချလိုက်ပြီးသည့်နောက် သေးငယ်လှသည့် စားပွဲလေးတစ်လုံးကို ဆင့်ခေါ်လိုက်၏။ တူသေးလေး အား စားပွဲပေါ်သို့ အသာတင်လိုက်၏။

ဘုတ်

ပြီးသည့်နောက် ငှက်မွေးယပ်တောင်ကို ဖြည်းဖြည်းချင်း ခတ်လို့နေခဲ့၏။ အချိန်အတော်ကြာ ပြင်ဆင်ခဲ့ပြီးသည့်နောက် ပုံပြောသူသည် အလွန်လေးနက်လှသည့်လေသံဖြင့် စတင်ကာ ပြောဆိုလိုက်သည်။

“ပြောရမယ်ဆိုရင် ဟိုးရှေးရှေးတုန်းကပေါ့။ အထက်နယ်မြေက ဖွင့်လှစ်ပြီးတဲ့အချိန်မှာ ကောင်းကင်နှင့်မြေကြီးရဲ့ ဓာတ်သဘာဝတွေက အားနည်းနေတယ်။ ပထမဦးဆုံး သက်ရှိလူသားတွေစတင်ပြီး မွေးဖွားလာတဲ့အချိန် ……….”

“……….” ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသောသူများသည် ဆွံ့အလျက်ရှိနေ၏။

“အစ်ကိုကြီး … ဒီလိုအရေးအကြောင်းအခြေအနေမျိုးမှာ ဘယ်လိုဖြစ်ပြီး ပုံပြောနေရတာလဲ။”

“နားလည်ပြီ။”

တပ်ချုပ်သည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်၏။ ထို့ကြောင့် နှာခေါင်းကို ရှုံ့ကာပြောလိုက်၏။ “တကယ်လို့ ကျုပ်အထင်မမှားဘူးဆိုရင် ခင်ဗျားက အချိန်ဆွဲနေတာပဲ။”

ပုံပြောသူ၏ မျက်လုံးများသည် အနည်းငယ်လှုပ်ခါသွားခဲ့၏။ ယေဘုယျအားဖြင့် သူ၏ အတွေးသည် မှန်ကန်သည့် ပုံပင်။

“ဒါပေမဲ့”

တပ်ချုပ်သည် ထူးမခြားနားသလို ပြောလိုက်သည်။ “ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်ချက်တွေကို ကြံ့ကြံ့ခံနိုင်ပြီး မတ်တပ်ထရပ်နိုင်သေးတယ်ဆိုတော့ ခင်ဗျားရဲ့ အဆင့်က အားမနည်းလောက်ဘူး။ ဖြစ်နိုင်တာက ဒါ ခင်ဗျားရဲ့ မူရင်းခန္ဓာကိုယ် မဖြစ်နိုင်ဘူး။”

“မူရင်းခန္ဓာကိုယ်မဟုတ်ဘူး ဟုတ်လား။”

ကျွင်းချောင်ရှောင်းက ကြောင်အသွားမိ၏။

“အင်း”

ပုံပြောသူသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ခင်ဗျားသိသွားပြီလား။”

သူသည် အမှန်ပဲ ဝန်ခံလိုက်မိ၏။

“ဒါက ကျုပ်ရဲ့ ကိုယ်ပွားတစ်ခုပဲလေ။ ကျုပ်ရဲ့ကိုယ်ပွားကိုကျုပ်က မွေးရပ်မြေမှာ ထားခဲ့တဲ့ သဘောပဲ။ ပြီးတော့ ကျုပ် က အထက် နယ်မြေကနေ ထွက်ခွာသွားခဲ့တယ်။”

“ချီးတဲ့မှ”

ဤအရာသည် နည်းနည်းကြမ်းတမ်းလို့နေခဲ့၏။ ကျွင်းချောင်ရှောင်းနှင့် တခြားသော သိုင်းကျင့်ကြံသူများသည် ဆွံ့အ သွားခဲ့ကြ၏။

ဤရောင်းရင်းသည် ဟန်ထုတ်ကာ ကြွားဝါတတ်သည့် လူလိမ်တစ်ယောက်ဖြစ်သည်ဟု သူတို့အားလုံးက တွေးတောထားချေ၏။ သို့ပေမဲ့ အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြန်သည်။

တပ်ချုပ်က ပြောလိုက်၏။ “ကိုယ်ပွားတောင်မှ ဒီလိုကျင့်ကြံခြင်းအဆင့်ကို ရှိတယ်ဆိုတော့ ကျုပ်အရမ်းကို စိတ်ဝင်စားမိတယ်။ ခင်ဗျားရဲ့ မူရင်း ခန္ဓာကိုယ်က ဘယ်လောက်အားကောင်းလဲ။”

“ခင်ဗျားမကြာခင် သိသွားလိမ့်မယ်။” ပုံပြောသူက ပြောလိုက်သည်။

တပ်ချုပ်သည် ဝင့်ကြွားစွာဖြင့် လက်ပိုက်ကာ ပြောလိုက်၏။ “ကျုပ်ကို စိတ်မပျက်စေနဲ့။”

ပုံပြောသူသည် အချိန်ဆွဲနေသည်ဖြစ်ကြောင်းကို သူအစောကြီးကတည်းက ခန့်မှန်းမိပြီးပြီဖြစ်၏။ ဖြစ်နိုင်သည်မှာ သူ၏ မူရင်းခန္ဓာကိုယ်သည် မကြာခင်ရောက်ရှိလာပေလိမ့်မည်။ ထိုသို့ဆိုမှတော့ လောလောဆယ် အထက်နယ်မြေကို အသက်ရှင်သန်ခွင့် ပေးထားရပေလိမ့်မည်။ လက်စားချေရန်အလို့ငှာ သူသည် တိုက်ခိုက်နိုင်မှုစွမ်းရည် ၁၀၀၀ ကျော် ရှိသော သိုင်းကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ချင်စိတ်ရှိနေမိသည်။

“စိတ်မပူနဲ့။”

ပုံပြောသူက ပြောလိုက်၏။ “ခင်ဗျားစိတ်ကျေနပ်ရမယ်လို့ အာမခံတယ်။”

……….

တပ်ချုပ်သည် တစ်ဖက်လူ၏ မူရင်းခန္ဓာကိုယ်ရောက်ရှိလာမည်ကို ကူညီကာ စောင့်စားလျက်ရှိနေ၏။ သူ၏ ပတ်ဝန်းကျင်မှာတော့ ကျေးကျွန်များသည် အသီးသီးတည်ရှိနေပြီး ကောင်းကင်ယံအထက်တွင် ရှိနေသော ဒရုန်းများ သည်ကလည်း မတိုက်ခိုက်ခဲ့ချေ။

ပုံပြောသူ၏ အချိန်ဆွဲခြင်းနည်းစနစ်သည် အလွန်အောင်မြင်ခဲ့သည်ဟု ပြောဆိုရ ပေမည်။ သို့ပေမဲ့ သူသည် စိတ်ထဲမှာကြိတ်ကာ ပူပန်လျက်ရှိနေသည်။ ငါ့ရဲ့ မူရင်းခန္ဓာကိုယ်က အထက်နယ်မြေကို လာဖို့ အချိန်အနည်းငယ်ယူရလိမ့်မယ်။ ဒီရောင်းရင်းက မစောင့်နိုင်တော့ဘဲ ဒီမှာရှိတဲ့ သတ္တဝါတွေအကုန်လုံးကို သတ်ဖြတ်သွားရင်တော့ ပြဿနာပဲ။

“အင်း”

သူသည် အမှန်ပင် ဂရုစိုက်မှုကင်းလွတ်ခဲ့၏. ရောက်ရှိလာခဲ့သည့် ကျူးကျော်သူများသည် အလွန်အားကောင်းလိမ့်မည်ဟု သိရှိသည်ဆိုပါက အစောကြီးကတည်းက ဤတည်နေရာသို့ လှမ်းလာမည်မှာ သေချာသည်။

စစ်သူကြီးသည် ပုံပြောသူ၏ မူရင်းခန္ဓာကိုယ်ကို စောင့်မျှော်လျက်ရှိ၏။ ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသော သိုင်းကျင့်ကြံသူများအားလုံးသည်လည်း စောင့်မျှော်လျက်ရှိ၏။ ၎င်းတို့အနေနှင့် ဘေးဒုက္ခအန္တရာယ်ကြီးထဲမှ လွတ်မြောက်နိုင်ရန် မျှော်လင့်လျက်ရှိနေသေး၏။

ဒွီ

နာရီအနည်းငယ်လောက်ကြာပြီးသည့်နောက် တည်နေရာကြီးသည် ရုတ်တရက် တုန်ခါလာခဲ့၏။ ပြီးနောက် ထက်ရှလှ သည့် ဓားတစ်စင်းနှင့်ပိုင်းဖြတ်ခံလိုက်ရသလို ထင်ရှားလှသည့် ဓားရာကြီးသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာသည်။

ဝှစ် ဝှစ် ဝှစ်

တည်နေရာအက်ကွဲကြောင်းဆီမှ ထူးဆန်းလွန်းလှသော လေလှိုင်းများ ဖြစ်တည်လာခဲ့ပြီး အထက်နယ်မြေတစ်ခုလုံး ကို ဖုံးလွှမ်းသွားခဲ့၏။

“မူရင်းခန္ဓာကိုယ် ရောက်ရှိလာတော့မှာလား။”

တပ်ချုပ်သည် ခေါင်းလှည့်ကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက် နေခဲ့၏။ လက်ရှိ ထွက်ပေါ်နေသည့် အော်ရာများ ကို အာရုံခံလိုက်သည်ဆိုသည်နှင့် သာမန်ထက်ပိုသည်ဖြစ်ကြောင်းကို သူက အလိုလိုသိရှိနေသည်။

ကျွင်းချောင်ရှောင်းနှင့် များပြားလှသော သိုင်းကျင့်ကြံသူများသည်လည်း ထိုကွဲအက်လျက်ရှိနေသည့် တည်နေရာကြီး ကို မော့ကြည့်နေ၏။ ၎င်းတို့၏ အမူအရာအားလုံးသည် လေးနက်နေ၏။

“ဘာတွေဖြစ်နေတာလဲ။”

ပုံပြောသူသည် ကြောင်အသွားခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူ၏ မူရင်းခန္ဓာကိုယ်ရောက်ရှိလာမည်ဟု သိုင်းကျင့်ကြံသူအားလုံးက ထင်မှတ်လို့နေခဲ့၏။ အချက်အလက်အားဖြင့် သူ၏ မူရင်းခန္ဓာကိုယ်သည် အထက်နယ်မြေ ဆီသို့ ရောက်ရှိရန် ရက်အနည်းငယ် ကြာမြင့်ဥ◌ီးမည်ဖြစ်ကြောင်းကို သူသာလျှင် သိရှိသည်။ ထို့အပြင် ရောက်ရှိလာ မည်ဆိုလျှင်တောင်မှ ဤကဲ့သို့ တည်နေရာကို ပိုင်းဖြတ်နိုင်စွမ်းမရှိချေ။

ခလွပ် ခလွပ်

တည်နေရာကြီးသည် ဆက်တိုက်ဆိုသလိုပဲ ကွဲအက်လာခဲ့၏။ ရှည်လျားလွန်းလှသော ဓားရာကြီးသည် လေဟာနယ် ထဲတွင် ထင်းထင်းကြီး ပေါ်ပေါက်နေ၏။

ဝှစ် ဝှစ်

ရုတ်တရက် အလင်းတန်း ၃ ခုသည် ထိုအက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာပြီးနောက် အထက်နယ်မြေ၏ ကောင်းကင်ယံအထက်တွင် ရပ်တန့်လိုက်သည်။

အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်မှာတော့ ရိုးသားသည့် ပုံပန်းသွင်ပြင်နှင့် သက်လတ်ပိုင်း အရွယ်လူတစ်ယောက်၊ လက်ထဲတွင် ခလေးကို ချီထားသည့် အမျိုးသမီးတစ်ယောက်၊ မိချောင်းခေါင်း လူသားခန္ဓာကိုယ်နှင့် မွန်းစတားတစ်ကောင်တို့ ပေါ်ပေါက်လာခဲ့၏။

အားလုံးသောသူများသည် ကြောင်အသွားခဲ့၏။ ပုံပြောသူ၏ မူရင်းခန္ဓာကိုယ်သည် တစ်ယောက်ထက် ပိုမိုနေသည်လား။ ထို့အပြင် ယောကျ်ား၊ မိန်းမနှင့် လူသားမဟုတ် မိချောင်းမဟုတ်သူတစ်ယောက်လည်း ဖြစ်လို့နေသေး၏။

“ခမည်းခမက်”

မိချောင်းခေါင်းနှင့်လူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “အချိန်နဲ့တည်နေရာလမ်းကြောင်းရဲ့အဆုံးက ဂြိုဟ်တစ်ခုနဲ့ ချိတ်ဆက်နေလိမ့်မယ်လို့ ကျုပ်မထင်ခဲ့မိဘူး။”

“အင်း”

သက်လတ်ပိုင်းလူက ပြောလိုက်သည်။ “ဒါက နည်းနည်းမယုံကြည်နိုင်စရာပဲ။”

“ဟမ်”

ထိုအချိန်မှာတော့ ကောင်းကင်ယံအထက်တွင် များပြားလွန်းလှသော ဒရုန်းများ၊ သံမဏိနှင့် ဖန်တီး ပြုလုပ်ထားသည့် တပ်သင်္ဘောများ စုဝေးလျက်ရှိနေသည်ကို သူက သတိပြုလိုက်မိ၏။ သူ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။

“ဒါတွေကို နည်းနည်းရင်းနှီးနေသလိုပဲ။”

ဘေးတစ်ဖက်တွင်ရှိနေသော အမျိုးသမီးသည် တီးတိုးပြောလိုက်၏။ “ကျွန်မတို့ရဲ့သား မွေးဖွားလာပြီး မကြာခင်က တောင်ပင်လယ်နယ်မြေမှာလည်း ဒီလိုတူညီတဲ့ ရွက်သင်္ဘောကြီးတွေ ပေါ်ပေါက်လာခဲ့သေးတယ်လေ။ ဒါတွေကို ယောကျ်ားက ပုဆိန်နဲ့ ဖျက်ဆီးခဲ့တာမဟုတ်လား။”

ဘုတ်

သက်လတ်ပိုင်းလူသည် သူ၏ နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်သည်။ “အခုငါမှတ်မိပြီ။”

“တောင်ပင်လယ်နယ်မြေဟုတ်လား။”

တပ်ချုပ်၏ အမူအရာသည် ချက်ချင်းပဲ အေးစက်သွားခဲ့၏။ “ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ စတုတ္ထရေတပ်ဦးစီး ကို ဖျက်ဆီးခဲ့တဲ့လူက ခင်ဗျားလား။”

All Chapters