အခန်း ၁၆၁၁
Vol. 108 Ch. 1611
အပိုင်း (၁၆၁၁)
ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ရေတပ်ဦးစီးများ တစ်ခြားစကြဝဠာအသီးသီးတွင်ရှိနေသော ဂြိုဟ်များအသီးသီးသို့ လှည့်လည်ရှာဖွေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အခြားဂြိုဟ်များတွင်ရှိနေသော စွမ်းအင် အရင်းအမြစ်များကို ရယူရန်ပင်ဖြစ်၏။
တတိယနှင့်စတုတ္ထရေတပ်ဦးစီးတို့သည် ကျယ်ပြောလှသည့် စကြဝဠာစနစ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် တစ်ယောက်သည် အထက်နယ်မြေကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြားတစ်ယောက်မှာမူ တောင်ပင်လယ်နယ်မြေကို ရှာဖွေတွေ့ရှိခဲ့၏။ အဆုံးသတ်မှာတော့ တစ်ခုသည် ဖျက်ဆီးခံလိုက်ပြီး အခြားတစ်ခုမှာလည်း ဖျက်ဆီးခြင်းကို ခံလိုက်ရပြန်သည်။ သူတို့ကျဆုံးခဲ့သည်ဆိုသော်လည်း မသေဆုံးခင်တွင် နယ်မြေနှစ်ခု၏ တည်နေရာအား ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ ပြန်လည်ကာ ပေးပို့နိုင်ခဲ့၏။ ထိုမှသာလျှင် တစ်ဖက်လူများသည် သူတို့အတွက် လက်စားချေနိုင်မှာ ဖြစ်သည်။
ပထမဦးစီးချုပ်သည် အထက်နယ်မြေသို့ ရောက်ရှိလာကာ ဖျက်ဆီးရန်ကြိုးစားခဲ့၏။ ပြီးသည့်နောက် သူ၏ ရည်ရွယ်ချက်သည် တောင်ပင်လယ်လောကဆီသို့ သွားရောက်ရန်ပင်ဖြစ်၏။
လက်ရှိအခြေအနေမှာတော့ ရုတ်တရက် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့သည့် သက်လတ်ပိုင်းလူသည် ရွက်သင်္ဘောများကို ဖျက်ဆီးခဲ့သည် ဟု ဆိုနေလေ၏။ ထို့ကြောင့် ဤလူသည် သူ၏လူများကို သတ်ဖြတ်ခဲ့သည့် လူသတ်သမားပင် ဖြစ်မည်ဟု တပ်ချုပ်က သုံးသပ်ခဲ့၏။
“ဒါ အမှန်ပဲလေ။ သူတို့ကို ဖျက်ဆီးသတ်ဖြတ်ခဲ့တဲ့လူက ကျုပ်ပဲ။”
လုပ်ခဲ့ပြီးပြီဆိုမှတော့ သူသည် ဝန်ခံရပေလိမ့်မည်။ ဤအရာသည် ယောကျ်ားတစ်ယောက်၏ အစစ်အမှန် စိတ်နေ စိတ်ထားပင်ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့သည့် သိုင်းကျင့်ကြံသူများ အားလုံးသည် အမှန်ပင် ရဲရဲတောက်သတ္တိနှင့် ပြည့်နှက်လျက်ရှိ၏။
ထိုသူများသည် ကုမောင်နှံနှင့် တောင်ပင်လယ်နယ်မြေ၏ နယ်မြေအရှင်တို့ ဖြစ်ကြောင်း အထူးမိတ်ဆက်ပေးစရာ မလိုတော့ချေ။
သူ့အမေ၏ ရင်ခွင် ထဲတွင် လဲလျက်ရှိနေသည့် ကုကျောင်းရှစ်မှာတော့ ရင်းနှီးလှသည့် ပတ်ဝန်းကျင်ကြီးကို ကြည့်ရှုရင်း ရောထွေးလှသည့် ခံစားချက်များ ဖြစ်ပေါ်လျက်ရှိ၏။ ပြန်လည်ဝင်စားပြီးသည့်နောက် သူသည် အထက်နယ်မြေမှ ထွက်ခွာသွားခဲ့ရ၏။ သို့ပေမဲ့ ၂ နှစ်ထပ်ကာ ကြာမြင့်ပြီးသည့်နောက် ထူးခြားသည့် လမ်းကြောင်းမှတဆင့် ဤတည်နေရာသို့ ပြန်လည်ကာ ရောက်ရှိလာခဲ့၏။ “အိမ်။ ဒါ ငါ့ရဲ့ အိမ်ပဲ။”
ကုကျောင်းရှစ်၏ မျက်လုံးများသည် မျက်ရည်စများနှင့် ဝိုင်းလာခဲ့တော့၏။ ရေတွက်၍မရအောင် များပြားလှသည့် ပြန်လည်ရှင်သန်ခြင်းမျိုးကို ကြုံတွေ့ရပြီးနောက် သူ၏ စိတ်အခြေအနေသည် အရမ်းပဲ အားကောင်းလွန်းလှ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မမြင်ရသည့်အားလှိုင်းတစ်ခုသည် သူ့အား ငိုချင်စိတ်ပင် ပေါက်မိနေ၏။
“ကုန်းဝ”
သူ၏ အမေက နှစ်သိမ့်လိုက်၏။ “ဘာဖြစ်လို့လဲ။”
ကုကျောင်းရှစ်သည် အမှန်ကို မပြောခဲ့ချေ။ ကောင်းကင်ယံတွင်ရှိနေသည့် စစ်သင်္ဘောများကို လက်ညှိုးထိုးပြကာဖြင့် မျက်ရည်အဝိုင်းသားနှင့် ပြောလိုက်မိသည်။ “ဒီအရာကြီးတွေက ကြောက်ဖို့ကောင်းတယ်။”
မူလအားဖြင့် ကြင်နာတတ်သော သူရဲ့အမေသည် ရုတ်တရက် အေးစက်သွားခဲ့၏။ “အဖေကြီး ရှင့်ရဲ့ သားက ငိုနေပြီ။ ဘာလုပ်သင့်တယ်လို့ထင်လဲ။”
“နားလည်ပါပြီ။”
ကုထျန်းရှင်းသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ လေထုထဲတွင် ပုဆိန်ကြီးတစ်လက်က ပေါ်ပေါက်လာသည်။
တပ်ချုပ်သည် သွားဖြီးကာဖြင့် ပြောလိုက်၏။ “ခင်ဗျားက ကြယ်တာရာစိတ်ဝိညာဉ်လောကက ရေတပ်ဦးစီးတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒီတော့ ခင်ဗျားရဲ့ အသက်နဲ့ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်။”
ပြောရမည်ဆိုလျှင် တတိယနှင့်စတုတ္ထရေတပ်ဦးစီးတို့သည် သူ၏ နောက်လိုက်များပင်ဖြစ်၏။ ကျယ်ပြောလှသည့် စကြဝဠာထဲတွင် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့သည်ဆိုခြင်းမှာ အမှန်ပင် သူ့အတွက် ကြီးမားလှသည့် ဆုံးရှုံးမှုဖြစ်၏။ လက်ရှိသတ်ဖြတ်သူ ပေါ်ပေါက်လာသည်ဆိုမှတော့ အသက်ရှင်ရန်အခွင့်အလမ်းကို သူကျိန်းသေပေါက် ပေးလိမ့်မည် မဟုတ်ပေ။
“ဘာ”
ကုထျန်းရှင်းက ပြောလိုက်သည်။ “ခင်ဗျားက သူတို့နဲ့ အတူတူပဲပေါ့။”
ကျွင်းချောင်ရှောင်းသည် မည်သူမှ မမြင်ရသည့်လူတစ်ယောက်ကဲ့သို့ပင် သိုသိုသိပ်သိပ်နှင့် နေထိုင်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ဖက်သောသူများနှင့် အဆင့်တူတွင် မရှိချေ။ တိတိကျကျပြောရမည်ဆိုလျှင် အပြင်လောကမှ လူများ ဝင်ရောက်လာခဲ့ခြင်းသည် သူ၏ စွမ်းဆောင်ရည်ထက် ပိုမိုများပြားလှသည့် အခြေအနေတွင် တည်ရှိနေ၏။ နတ်ဆိုးစစ်သည်နှင့် စက်ရုပ်များသာ မရှိသည်ဆိုပါက သူသည် ဤတိုက်ပွဲအတွင်းတွင် နေရာတစ်ခုပင် ရလိမ့်မည် မဟုတ်ချေ။
“ဟမ်”
သူ့အမေ၏ လက်ထဲတွင် ရှိနေသော ကုကျောင်းရှစ်သည် ကျွင်းချောင်ရှောင်းကို မြင်လိုက်သည့်အချိန်မှာတော့ အံ့အားသင့်သွား၏။ “ငါသူ့ကို နည်းနည်းရင်းနှီးနေသလိုပဲ။”
အထက်နယ်မြေတွင် ရေတွက်၍ မရအောင် များပြားသော သိုင်းကျင့်ကြံသူများ တည်ရှိနေ၏။ များပြားလှသော လူပင်လယ်ကြီးထဲတွင် ဤလူနှင့် သူသည် အမှန်ပင် ရင်းနှီးသည့်ခံစားချက်များကို ရရှိနေ၏။ ကံကောင်းစွာဖြင့် ကျွင်းချောင်ရှောင်း မည်သူဖြစ်ကြောင်း ကုကျောင်းရှစ်က မသိခဲ့ချေ။
ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်းသည် ကုကျောင်းရှစ်ကို တွေ့သော်လည်း အလွန်ချစ်ဖို့ကောင်းသည်ဆိုသည်က လွဲ၍ တခြား ထူးထူးခြားခြား တွေးတောမနေခဲ့ချေ။ သူ၏ ညီငယ်လေး ပြန်လည် ဝင်စားသည့် လူတစ်ယောက်ဖြစ်ကြောင်း တွေးဖို့ဆိုလျှင် ပို၍ ဝေးသေး၏။
“ဒါ ဘယ်သူတွေလဲ။”
ပုံပြောသူသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိသည်။ “အရမ်းအားကောင်းတယ်။”
ဟယ်ဝူတီသည် မျက်မှောင်ကုတ်ကာ တွေးလိုက်မိ၏။ “အဆင့်မြင့်ဂြိုဟ်တစ်ခုခုက လာတာများလား”
ဟူး ဟူး
ထိုအချိန်မှာပဲ တပ်ချုပ်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို စုစည်းနေ၏။ ပြီးသည့်နောက် ကြီးမား လှသည့် လက်ဝါးကြီးတစ်ခုကို ဖန်တီးကာဖြင့် ကုထျန်းရှင်းအား ဖိနှိပ်ရိုက်နှက်လိုက်တော့၏။
“ကြယ်စိတ်ဝိညာဉ်ကောင်းကင်ဖိနှိပ်ခြင်း”
“ကြယ်စိတ်ဝိညာဉ်ကောင်းကင်ဖိနှိပ်ခြင်း ဟုတ်လား။”
လူကြီးမင်းကုသည် နားလည်သွားမိ၏။ “ဒီတော့ မင်းတို့က ကြယ်တာရာစိတ်ဝိညာဉ်လောက ကကိုး။”
ကြီးမားလွန်းလှသော လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာသည့်အချိန်မှာ ကုထျန်းရှင်း သည် ထိုအရာကြီးကို သတိမပြုမိသလိုပင် မတ်မတ်ရပ်လျက် ရှိ၏။ သူသည် ထူးမခြားနားသလို ပြောလိုက်၏။
“တခြားဂြိုဟ်တွေဆီ သွားပြီးလုယက်တတ်တဲ့ လောက ကကိုး။ ဒီလူတွေက ဖျက်ဆီးခံရဖို့ သင့်တယ်။”
“ဖေဖေ”
ကုကျောင်းရှစ်က အော်ဟစ်လိုက်၏။ “ကြောက်ဖို့ကောင်းတယ်။”
ဤကောင်လေးသည် အမှန်ပင် သရုပ်ဆောင်နေခြင်းဖြစ်၏။ သူသည် ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်နှင့် သုတ်သင်ရှင်းလင်းပစ်စေချင်မိသည်။
သေချာပေသည်။ သူ့သား၏ အော်သံကို ကြားလိုက်ရသည့်အချိန်မှာတော့ ကုထျန်းရှင်း သည် ဒေါသတရားများကို မည်သို့မှ မဖိနှိပ်နိုင်တော့ချေ။ ထို့ကြောင့် သူ၏ ပုဆိန်ကြီးကို ကိုင်မြှောက်ကာဖြင့် ခုတ်ပိုင်းလိုက်တော့၏။
ဝှစ်
ပုဆိန်အလင်းတန်းကြီးသည် ကောင်းကင်နှင့်မြေကြီး၏ လေဟာနယ်တည်နေရာကြီးတစ်ခုလုံးကိုပင် ထိုးခွဲသွားခဲ့၏။ ချက်ချင်းပဲ ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည့် ကြီးမားသည့် လက်ဝါးရိုက်ချက်ကြီးသည် ထက်ပိုင်းပျက်ထွက်သွား ခဲ့၏။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် မျက်လုံးအပြူးသား ဖြစ်သွား၏။ ပုံပြောသူနှင့် တပ်ချုပ်တို့ စောနက တိုက်ခိုက်သည့် အချိန်တွင် ကြီးမားလှသည့် တိုက်ပွဲဆိုတာ မည်သည့်အရာဖြစ်ကြောင်း သူကောင်းကောင်း နားလည်နေပြီဖြစ်၏။ သို့ပေမဲ့ ယခု ရိုးသားသည့်ပုံပန်းသွင်ပြင်နှင့် သက်လတ်ပိုင်းလူ၏ ပုဆိန်ခုတ်ပိုင်းချက်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် အရာအားလုံးသည် သေးကွေးသည့်အရာများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝှစ်
ပုဆိန်ကြီးသည် တိုက်ရိုက်ဆိုသလိုပဲ လက်ဝါးရိုက်ချက်ကြီးကို ခွဲထွက်ကာဖြင့် ရွက်သင်္ဘောကြီး တစ်စင်းကို တိုက်ရိုက် ထိမှန်လေသည်။
ဘုန်း
ကောင်းကင်ယံတွင် မီးတောက်များ ဖြစ်တည်လာ၏။
“ဟမ်”
အထက်နယ်မြေမှ လူများအားလုံးသည် ဆွံ့အသွားခဲ့ကြ၏။ အခြေအနေသည် ကြောက်မက်ဖွယ်ရာကောင်းလွန်း လှချေ၏။
တပ်ချုပ်သည် မယုံနိုင်ဟန်ဖြင့် ခေါင်းကိုလှည့်ကာ ကြည့်ရှုလိုက်၏။ သူ၏ ဒုတိယမြောက်ရွက်သင်္ဘောကြီး သည် ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ သူ၏ နှလုံးသားတစ်ခုလုံးသည် ကြီးမားလှသည့် တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။
“တပ်ချုပ်”
ထိုအချိန်မှာပဲ သူ၏ နောက်လိုက်ဆီမှ သတိပေးပို့မှုသည် နားထဲသို့ ဝင်ရောက်လာခဲ့၏။ “နောက်ဆုံးအချက်အလက် တိုင်းတာမှုအရဆိုရင် အခုမှ ပေါ်လာတဲ့ ယောကျ်ားနဲ့ မိန်းမတို့ရဲ့ တိုက်ခိုက်နိုင်မှုအားအင်အဆင့်က ၁၀၀၀၀ ထက်ပိုတယ်။”
“၁၀၀၀၀ ထက်ပိုတယ် ဟုတ်လား။”
ဤအရာသည် အနည်းငယ်တော့ ယေဘုယျဆန်လွန်းလှ၏။ အဘယ့်ကြောင့်ဆိုသော် ၂၀၀၀၀ ၊ ၃၀၀၀၀ ဆိုသည်မှာ လည်း ၁၀၀၀၀ ထက်ပိုသော အရာပင်ဖြစ်၏။
ဝှစ်
ရုတ်တရက် ပုဆိန်တစ်လက်သည် အနီးအနားတွင် ထပ်မံကာ ပေါ်ပေါက်လာ၏။ ထိုပုဆိန်သည် အလွန်အားကောင်း လှသည့်စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် နောက်ထပ် ရွက်သင်္ဘောကြီးတစ်စင်းကို ပိုင်းဖြတ်သွားခဲ့ပြန်သည်။
ဘုန်း ဟူသော အသံနှင့်အတူ ရွက်သင်္ဘော၏ အပိုင်းအစများသည် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။ ပုဆိန်တစ်လက် ရွက်သင်္ဘောတစ်စင်း ဖျက်ဆီးနေခြင်းပင်ဖြစ်၏။ ကြောက်မက်ဖွယ်ရာကောင်းလှချေ၏။
ပုံပြောသူ အပါအဝင် အထက်နယ်မြေတွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် လက်ရှိအခြေအနေတွင်တော့ အံ့အားသင့် တုန်လှုပ်လျက်ရှိသည်။ ကုကျောင်းရှစ်သည် အနည်းငယ်မောက်မာလာမိ၏။ လက်ရှိအခြေအနေမှာတော့ သူသည် ယခင်ဘဝ က မည်သူဖြစ်ကြောင်းကို အထက်နယ်မြေတစ်ခုလုံးကို ကြားရှိအောင်လို့ အော်ဟစ်ချင်စိတ်ပင် ပေါက်နေ၏။ သူ့တွင် ကြောက်မက်ဖွယ်ရာကောင်းလှပြီး အံ့အားသင့်စရာ အဖေတစ်ယောက် တည်ရှိနေသည် မဟုတ်ပါလား။
“ခင်ဗျား” တပ်ချုပ်၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။
ဘုန်း ဘုန်း ဘုန်း
ဒါဇင်နှင့်ချီသော ပုဆိန်အလင်းတန်းများသည် သူ့အား ဖြတ်သန်းပြီးသည့်နောက် အနောက်ဘက်တွင်ရှိနေသော ရွက်သင်္ဘောများကို တစ်စင်းပြီးတစ်စင်း ဖျက်ဆီးနေသည်။
ဘန်း ဘန်း ဘန်း ဘန်း …....။
အမျိုးအစားဘာမှန်းမသိနိုင်သည့် ဖိအားများ၏ သက်ရောက်မှုမှာတော့ ဒရုန်းများသည် ချက်ချင်းပဲ လေထုထဲတွင် ပေါက်ကွဲကုန်၏။ ကောင်းကင်ယံတစ်ခုလုံးတွင် မီးပန်းများ ဖောက်လိုက်သလို အလင်းများ နှင့် ပြည့်နှက်ကုန်တော့သည်။
ဖောင်း ဖောင်း ဖောင်း
ခဏလောက်ကြာပြီးသည့်နောက် ကုထျန်းရှင်းသည် သူ၏ ပုဆိန်ကြီးကို ပြန်လည်ကာ သိမ်းဆည်းကာ ပြောလိုက်၏။
“ခင်ဗျားရဲ့ အသက်ကို အခုချမ်းသာပေးလိုက်မယ်။ ပြန်ပြီးတော့ ကြယ်တာရာစိတ်ဝိညာဉ်လောကက နယ်မြေသခင် ကို ပြောလိုက်။ ကျုပ် ကုထျန်းရှင်းက တောင်ပင်လယ်လောက ကပဲ။ တကယ်လို့ ထပ်ပြီးတော့ ကျူးကျော်လာရဲတယ် ဆိုရင် ကျုပ်ကိုယ်တိုင် လာပြီးတော့ သူ့ကို သင်ခန်းစာတစ်ခုနှစ်ခုလောက် ပေးမယ်လို့။”
တပ်ချုပ်၏ နှလုံးသားထဲတွင်ရှိနေသော ကြောက်လန့်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ တစ်ဖက်လူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ နယ်မြေသခင်၏ အကြောင်းကိုပင် ထုတ်ဖော်ပြောဆိုလျက်ရှိနေသည်။ ဖြစ်နိုင် သည်မှာ အဘိုးကြီးနှင့် တူညီသည့်အဆင့်တွင် တည်ရှိနေလေသည်လား။ ထိုသို့ဆိုလျှင် သူ့အနေနှင့် ရန်ပြု၍ ရနိုင်သည့် လူမျိုးမဟုတ်ချေ။ အထက်နယ်မြေကို ရောက်ရှိလာခဲ့ပြီးနောက် အစမှ အဆုံးထိ သူသည် အလွန်တရာ တည်ငြိမ်ခဲ့၏။ သို့ပေမဲ့ ကုကျောင်းရှစ်၏ အဖေနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ ဟိတ်ဟန် မျိုးကို မထုတ်ဖော်နိုင်ခဲ့တော့ချေ။ ကြောက်လန့်တတ်သည့် သတ္တဝါလေးကဲ့သို့ပင် တဆတ်ဆတ် နှင့် တုန်ယင်နေ၏။
“သွားစမ်း။”
ကုထျန်းရှင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ ဤစစ်သူကြီးအား သူသည် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ ထိုသို့သာ သတ်ဖြတ်လိုက်သည်ဆိုပါက တစ်ဖက်လူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ သတင်း ပြန်လည်ပေးပို့နိုင်လိမ့်မည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် တစ်ဖက်လူများသည် တစ်ခြားသောဂြိုဟ်များဆီသို့ လိုက်လံကာ လုယူသည့်အလုပ်ကို ပြုလုပ်နေဥ◌ီးမှာဖြစ်၏။
“သွားကြ။ သွားကြမယ်။”
တပ်ချုပ်သည် အလောတကြီးဖြင့် အော်ဟစ်လိုက်သည်။
ဝှစ် ဝှစ်
ချက်ချင်းပဲ ကျေးကျွန်ပေါင်း တစ်သောင်းတို့သည် ကျန်ရှိနေသည့် ရွက်သင်္ဘောများဆီသို့ ပြန်လိုက်ကြ၏။ အားလုံးသော သူတို့သည် အမြီးပင်မမြင်နိုင်လောက်အောင် အထက်နယ်မြေဆီမှ ပျံသန်းကာ ထွက်ခွာသွားတော့၏။
“ချီးတဲ့မှ”
ရွက်သင်္ဘော၏ ပြတင်းပေါက်မှ ကြည့်ရှုလျက်ရှိနေသည့် နတ်ဆိုးဘုရင်သည် တဖြည်းဖြည်းဝေးကွာသွားခဲ့ပြီဖြစ်သော လောကကြီးကို ကြည့်ရှုရင်း စိတ်ထဲမှာ အော်ဟစ်လျက်ရှိသည်။ “ကျုပ် ပြန်လာမယ်။”
……….
“ကျုပ်တို့ လုံခြုံပြီ။ ကျုပ်တို့ လုံခြုံပြီ။”
ကျူးကျော်သူများသည် ကြီးကြီးမားမား ရှုံးနိမ့်ကာ ထွက်ပြေးသွားခဲ့သည်ကို မြင်ရသည့် အချိန်မှာတော့ အထက် နယ်မြေ အဓိကမြို့အသီးသီးတွင် ရှိသော သိုင်းကျင့်ကြံသူများသည် အော်ဟစ် အားပေးလိုက်ကြ၏။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီလိုအတွေ့အကြုံမျိုးက တကယ့်ကို အံ့အားသင့်စရာ ကောင်းတာပဲ။”
စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က အရှည်ကြီး ကျန်သေးတယ်လေ။ နောက်ဆို ဒီလိုတိုက်ပွဲမျိုးမှာ ပါဝင်နိုင်မှာ သေချာပါတယ်။”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာပြောလိုက်၏။ “ငါ ဒီအဆင့် စွမ်းအားမြင့်ကျင့်ကြံသူနဲ့ ယှဉ်ပြိုင်နိုင်တဲ့အဆင့်ရောက်အောင် ကြိုးကြိုးစားစားနဲ့ ကျင့်ကြံရမယ်။”
ပုံပြောသူသည် အမှန်ပင် ရင်နာလျက်ရှိ၏။ အထက်နယ်မြေတွင် နှစ်ပေါင်းများစွာကြာအောင် သိုသိုသိပ်သိပ်ဖြင့် နေထိုင်ခဲ့၏။ လောကကြီးကို ကယ်တင်ရန် အခွင့်အရေးရရှိဖို့ဆိုသည်မှာ လွယ်ကူလှသည်မဟုတ်ချေ။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သာမန်ပုံစံကျပြီး ရိုးသားလှသည့် သက်လတ်ပိုင်းလူတစ်ယောက်သည် သူ၏ ရှေ့တွင် ပေါ်ပေါက်လာကာဖြင့် အထက်နယ်မြေကို ကယ်တင်သွားခဲ့သည်။
“အင်း ဆိုးတာပဲ။”
အနာဂတ်မှာတော့ သူသည် ရိုးသားစွာဖြင့် ပုံပြင်များကို ပြောချင်းသာ ပြုလုပ်ရပေလိမ့်မည်။ အလုပ်မဖြစ်ပါက စာရေးသည့်အလုပ်ကို ပြောင်းရပေမည်။