အစားအသောက်ဖြင့်ချော့မော့ခြင်း
Vol. 125 Ch. 1749
သူတို့သုံးယောက်သည် ချိန်းဆိုထားသည့်နေရာဆီသို့ လျှောက်သွားရာ ရောက်တော့မည့်ဆဲဆဲတွင် ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ပြောလိုက် သည် “မုရုန်ရှီကိစ္စကို ငါ့အတွက် ဖုံးကွယ်ထားပေးပါ”
သူမသည် ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့၏ သရုပ်မှန်ကို အရင်က မသိ ခဲ့ပေ။ ထို့ကြောင့် သူမသည် မည်သည့်သတင်းများမရခဲ့ပေ။ ကုန်းဇီယွမ်တို့ သည် ဤမျှလောက် လူသိထင်ရှားနေလိမ့်မည်ဟု ထင်မထားပေ။ အခုချိန်တွင် ထိုလူအများစုသည် ထာဝရတောက်ပခြင်းမြို့တော်မှ နယ်ခံများဖြစ်ကြပြီး တခြားသူများနှင့် လျှို့ဝှက်ကြံစည်မှုများလည်း ရှိနိုင်သည်။ ထို့ကြောင့် ဤကိစ္စ ကိုလူသိနည်းလေ သိလေဖြစ်သည်။
“ဟုတ်ပြီ” ကုန်းဇီယွမ်သည် သူ၏ အရင်အပြုအမူများကြောင့် မျက်နှာမှာ နီရဲသွားသည်။
ရှောင်ရော့ပိုင်သည် ခေါင်းညိတ်လိုက်သည်။ ထိုကိစ္စသည် သူမအတွက် ပြဿနာမဟုတ်ပေ။
သူတို့ ရောက်သည့်အချိန်တွင် ချောင်ချန်းအန်းတို့သည် ချိန်းဆိုသည့် နေရာကိုရောက်နှင့်ပြီးကာ စခန်းချနေပြီဖြစ်သည်။ သူတို့လျှောက်သွားချိန်တွင် ထိုအဖွဲ့သည် မီးပုံကို ဝိုင်းထိုင်နေကြကာ အသားကင်နေကြသည်။ ချောင်ချန်းအန်းသည် သူတို့သုံးယောက်ကို မြင်သောအခါ လက်ကိုယမ်းကာ ပြောလေသည် “မင်းတို့တွေ တကယ်နောက်ကျတာပဲ ဘာမှမရခဲ့ဘူးလား”
“ဟုတ်ပြီ စကားကိုလျော့ပြောရအောင်” မုခိုင်အန်းသည် သူ့ကိုပုတ်ကာ ကုန်းဇီယွမ် ဝမ်းနည်းသွားမည်ကို စိုးနေသည်။
“ဟားဟား ကလေးအန်းလေး ဘယ်သူက အနိုင်ရသူလဲဆိုတာ ပေါ်မှာပါ” ကုန်းဇီယွမ်သည် ပြုံးပြီးလျှောက်လာရာ ချောင်ချန်းအန်း၏ လက်ထဲမှ အသားကင်ကိုယူပြီး ကိုက်စားလိုက်သည်။
“တကယ်လား ဒါဆို ငါတို့ပြိုင်ကြတော့မလား”
“လုပ်ကြတာပေါ့”
ရှီမာယူယူနှင့်် ရှောင်ရော့ပိုင်တို့သည် ကုန်းဇီယွမ်နှင့်အတူမသွားပေ။ သူတို့သည် ရလဒ်ကိုစိတ်မဝင်စားပေ။
“ဒီမှာ” မုခိုင်အန်းသည် လက်ထဲမှ အသားကင်ကို သူမနှင့် ရှောင်ရော့ပိုင် တို့ကို မျှပေးသည်။
ရှီမာယူယူ အံ့ဩသွားသည်။ မုခိုင်အန်းသည် အရင်က သူမအပေါ်တွင် ဖော်ရွေခြင်းမရှိပေ။ ထို့ကြောင့် ဤအချိန်တွင် သူမကို အသားကင်ပေးလာလိမ့် မည်ဟု ထင်မထားပေ။
“ကျေးဇူးပါ” သူမသည် သူ့ဆီမှ အသားကင်ယူလိုက်သည်။ သူမသည် ယနေ့တွင် ဘာမှမစားရသေးသဖြင့် အနည်းငယ် ဆာလောင်သလိုရှိသည်။
သို့သော် ထိုအသားကင်အရသာမှာ ပေါ့သည်။ ဆန့်ကျင်ဘက်ပင် ရှောင်ရော့ပိုင်သည် ဖြစ်နေကျလိုပင် အကြီးကြီးကိုက်ပြီး အသံမြည်အောင် ဝါး လိုက်သည်။
သူမ အနည်းငယ်သာ စားပြီး ချက်ချင်းပြန်ချလိုက်သည်ကို မြင်သောအခါ ရှောင်ရော့ပိုင်သည် သူမကိုကြည့်ပြီးမေးလိုက်သည် “ဘာဖြစ်လို့လဲ”
ရှီမာယူယူသည် သူမဗိုက်ကိုကိုင်ကြည့်ပြီးနောက် လက်ထဲမှ အရသာမရှိ သောအသားကင်ကိုကြည်လိုက်သည်။ ဘေးတွင် သားရဲအစိမ်းသားများရှိနေ သေးသည်ကို မြင်သောအခါ သူမဗိုက်ကို သနားစဖွယ်ဖြစ်အောင် မထားရန် ဆုံးဖြတ်လိုက်သည်။
သူမသည် လက်ထဲမှအသားကင်ကိုချပြီး ထကာ မရဏာသားရဲ အကောင် သေဆီသို့ သွားပြီးမေးလိုက်သည် “ဒါ ကျွန်မကိုပေးလို့ရမလား”
“အင်း” မုခိုင်အန်း ခေါင်းညိတ်လိုက်သည်။
ရှီမာယူယူသည် အသားတုံးကို လှီးဖြတ်လိုက်သည်။ တောင်ခြေတွင် ချောင်းငယ်ကိုမြင်သောအခါ သွားဆေးလိုက်ပြီးနောက် ပစ္စည်းကိရိယာမျိုးစုံကို ထုတ်လိုက်သည်။ ထို့နောက် သူမ သုံးနေကျဓားကိုထုတ်ကာ ပါးလွှာနေအောင် လှီးလိုက်ပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များ ထုတ်ပြီး နယ်နှပ်ကာ သံတံဆို့ နဲ့ထိုးလိုက်သည်။
ထို့နောက် သူမသည် အသားကင်အိုးကိုထုတ်ပြီး မီးမွှေးကာ အပူချိန် သင့်တင့်သည်နှင့် အသားများကိုထုတ်ကာ ကင်လေသည်။
ရင်းနှီးသော အနံ့ထွက်လာသောအခါ သူမ ပျော်ရွှင်သွားသလို ခံစားရ သည်။ ကံကောင်းစွာပင် သူမသည် ထိုပစ္စည်းများကို ရတနာတိုက်ထဲတွင် မထည့်မိသောကြောင့် သုံးရနေခြင်းဖြစ်သည်။ မဟုတ်လျှင် သူမ၏ ဗိုက်ကလေးမှာ သနားစဖွယ်ဖြစ်နေမည်။
အစတော့ အနားမှလူများသည် စကားစမြည်ပြောကာ ရယ်မောနေကြ သည်။ သို့သော် ရုတ်တရက် တိတ်သွားကြသည်။ သူမ ခေါင်းမော့ကြည့်လိုက် ရာ အားလုံးသည် သူမကို တအံ့တဩကြည့်နေသည်ကြသည်ကို မြင်လိုက်ရ သည်။
“ဘာလဲ”
“မုရုန်ရှီ မင်း ဘယ်တုန်းက အသားကင်တတ်သွားတာလဲ” ချောင်ချန်းအန်းသည် အသားကင်အနံ့ကို ခပ်ပြင်းပြင်းရှုရှိုက်လိုက်ကာ သွားရည်များ အဆက်မပြတ်ကျလာတော့သည်။ သူသည် မအောင့်နိုင်တော့ဘဲ ပြေးလာပြီး ရှေ့မှ အသားကင်များကို ဟန်မဆောင်နိုင်သော် လောဘမျက်လုံး များဖြင့် ကြည့်လေသည်။
“ရှီအာ ဒါဘယ်တော့ ရမှာလဲ မွှေးလိုက်တာ” ရှောင်ရော့ပိုင်သည်လည်း သူမ ဘေးသို့ရောက်လာကာ မေးလေသည်။
“နည်းနည်းလိုသေးတယ်” ရှီမာယူယူသည် ဟင်းခတ်အမွှေးအကြိုင် ထုတ်ပြီး စုတ်တံဖြင့် သုတ်လိုက်သည်။ အမွှေးရနံ့မှာ အလွန်ပင် စွဲမက်စရာပင် ဖြစ်သည်။
“ရှီအာ ငါ ပထမဆုံးရတာတွေ စားချင်တယ်” ကုန်းဇီယွမ် ပြောလိုက် သည်။
“ဟုတ်ပြီ”
ရှီမာယူယူသည် ပထမဆုံးအသုတ် အကင်များကို ပန်းကန်ထဲတွင် ထည့် လိုက်ပြီး သူမကိုယ်သူမအတွက် ထပ်ကင်လိုက်သည်။ သူမသည် သူတို့ကိုမျှဝေ ပေးလိုက်ပြီး စားရင်းနှင့် နောက်တစ်သုတ်ကို ကင်နေလိုက်သည်။
လေထဲမှ မွှေးပျံ့သောအနံ့များကြောင့် အရသာမှာ ဆိုးလိမ့်မည်မဟုတ် ပေ။ ထို့ကြောင့် ကုန်းဇီယွမ်၊ ရှောင်ရော့ပိုင်၊ ချောင်ချန်းအန်းနှင့် မုခိုင်အန်းတို့ သည် ပန်းကန်ထဲမှတံဆို့ကင်များကို ခွဲယူလိုက်သည်။ တခြားသူများအတွက် တော့ ဘာမှမကျန်တော့ပေ။ သူတို့ လုပ်နိုင်သည်မှာ ရှီမာယူယူ၏ လက်ထဲမှ ကင်နေသော တံဆို့ကင်များကိုသာ ကြည့်နေရုံသာဖြစ်သည်။
ထိုလူများ သူမကိုအရင်က မည်သို့ပြုမူဖူးသည်ကို ရှီမာယူယူ မှတ်မိပြီး တေးထားသည်မှာတော့ နှမြောဖွယ်ကောင်းသည်။ ထို့ကြောင့် ထိုအသားကင် သည် သူတို့အတွက် ဝေစုမပါပေ။
သူတို့ အပြစ်တင်ရမည်ဆိုလျှင် ချောင်ချန်းအန်းကဲ့သို့ သရုပ်မှန်မရှိခြင်း သို့မဟုတ် ကုန်းဇီယွမ်နှင့်ကဲ့သို့ ဆက်ဆံရေးမရှိသည်ကိုပင် အပြစ်တင်ရပေ မည်။
မုခိုင်အန်းသည် တစ်ကိုက်ကိုက်လိုက်ရာ သူ သူမကို ပေးသော အသားကင်ကို ဘာကြောင့် မစားရသည်ကို ချက်ချင်းပင် နားလည်သွားသည်။ ဒါက တကယ့်ကို မတူဘူးပဲ။
သို့သော် သူတို့မှာ ပို၍ အံ့အားသင့်ရသည်။ ဒီသခင်မလေးက ဘယ်တုန်း ကဒီလိုမျိုး အသားကင်တာတော်သွားတာလဲ။
ရှီမာယူယူသည် နောက်ဆုံးအသုတ် ကင်ပြီးနောက်တွင် ဆက်ချက်ချင် စိတ်မရှိတော့ပေ။ ကုန်းဇီယွမ်နှင့် ကျန်လေးယောက်သည် အများအပြားစား လိုက်ရသော်လည်း တချို့မှာမစားရသေးပေ။ တခြားသူများသည် နောက်ဆုံး အသုတ်မှပင် တစ်ယောက်ကိုနည်းနည်းစီ မြည်းစမ်းရသည်။ သူတို့သည် အသားကင်ကို မြည်းစမ်းလိုက်သည်နှင့် ကမ္ဘာပေါ်တွင် အရသာအရှိဆုံး အစားအစာကို စားရသကဲ့သို့ မှင်တက်သွားကြသည်။ သို့သော် ထိုအစားအစာ မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
ရှီမာယူယူသည် သူတို့အားလုံး သူမကိုကြည့်နေသည်ကို ကြည့်ပြီး နောက်ဆုံးတစ်ကိုက်စားကာ စတင်ရှင်းလင်းတော့သည်။ ယခုမှာ ဝိညာဉ်လေး မရှိသဖြင့် သူမဘာသာရှင်းပြီး ပြန်ထည့်ရမည်ဖြစ်သည်။
ယခုအချိန်တွင် သူမသည် မြို့ဝန်အိမ်တော်၏ သခင်မလေးဖြစ်နေကာ သူတို့ကို ကျွေးမွေးရန် တာဝန်မရှိပေ။ သူတို့လည်း ထိုအမှန်တရားကိုသိသဖြင့် သူမကို ငေးမောကာ ကြည့်နေရုံသာ တတ်နိုင်လေသည်။
သူမ စမ်းချောင်းမှပြန်လာသောအခါ လူတစ်စုသည် ထိုအမူအရာဖြစ်နေ တုန်းပင်ဖြစ်သည်။ သူမ လျစ်လျူရှုကာ တဲထုတ်ပြီး စတင်တည်ဆောက်တော့ သည်။
“ရှီအာ ငါကူညီပေးမယ်” အရသာပြည့်စုံသော အသားကင်စားပြီးနောက် ချောင်ချန်းအန်းသည် ချက်ချင်းပင် အကျင့်ပြောင်းကာ သူမကို ခေါ်လေသည်။
ကုန်းဇီယွမ် ရောက်လာပြီး သူ့ကို အထင်သေးစွာ ကြည့်လေသည် “အိုး ကလေးအန်း အခု မင်းက ရှီအာကို ဘယ်လိုမြှောက်ပင့်ရမလဲ သိနေပြီပေါ့ အင်း မင်းကိုပြောလိုက်မယ် နောက်ကျသွားပြီ”
“ကျွတ် ကျွတ် ငါ သူမကို ကူညီဖို့ဒီကိုလာတာ”
“မင်းကလား ဘယ်လိုလုပ်ရမလဲဆိုတာ မင်းသိလို့လား”
“ဘာလို့ မသိရမှာလဲ”
“မင်းကိုကြည့်ဦး ကြမ်းတမ်းပြီး လူရိုင်းကြီးလိုပဲ”
“မင်း…”
သူတို့နှစ်ယောက် ရန်ဖြစ်နေချိန်တွင် ရှီမာယူယူသည် တဲကိုကောက်ယူ ကာ သူမဘာသာ ဆောက်နေလိုက်သည်။
“ကူညီပေးမယ်” ရှောင်ရော့ပိုင် ပြောလိုက်သည်။
“ဟုတ်ပြီ”
တဲဆောက်ပြီးသောအခါ သူမသည် ရှောင်ရော့ပိုင်ကို ကျေးဇူးတင်စကား ပြောပြီးနောက် တဲထဲဝင်သွားကာ ထွက်မလာတော့ပေ။
ညတစ်ညလုံးနှင့် နောက်နေ့မနက်အထိ ကျင့်ကြံသည်။ ပြောစရာမလို သည်မှာ ရှောင်ရော့ပိုင်သည် သူတို့နှင့်အတူသွားမည်ဖြစ်သည်။ သို့သော် သူတို့ ထွက်သွားမည်အပြုတွင် မုခိုင်အန်းသည် ချောင်ချန်းအန်းကို ပစ်ထားပြီး သူတို့ အဖွဲ့သည် လူနည်းနေသဖြင့် သူ့ကိုပါ ခေါ်သွားပါဟု ပြောလာသည်။
“ကျွတ် ကျွတ် မင်းစိတ်ကတော့ ရှီအာရဲ့အရသာရှိတဲ့ အစားအသောက် တွေပဲပြည့်နေတာမလား” ကုန်းဇီယွမ်သည် အားမနာတမ်း စိုက်ကြည့်ပြော လိုက်သည်။
“ဘာမှရှက်စရာမှမရှိတာ” မုခိုင်အန်း မငြင်းဆန်ပေ။
ကုန်းဇီယွမ်သည် ရှီမာယူယူကို ကြည့်ပြီး သူမကို အကြံတောင်းသည်။ ရှီမာယူယူသည် ဂရုမစိုက်ပါဟူသည့်အနေနှင့် ပခုံးတွန့်လိုက်သည်။
ချောင်ချန်းအန်းသည် သူတို့ထိုသို့ပြုမူနေကြသည်ကို ကြည့်ပြီး အားကျ လာသည်။ သူတို့သော် သူသည် သူတို့နောက်လိုက်မရပေ။ မဟုတ်လျှင် ပြိုင်ပွဲ ဖြစ်မြောက်မည်မဟုတ်ပေ။
ကံကောင်းစွာပင် သူတို့သည် ညပိုင်းတွေ့ရမည်ဖြစ်သဖြင့် အနည်းငယ် တော့ ပျော်မွေ့နိုင်သည်။
ကုန်းဇီယွမ်နှင့် ရှီမာယူယူတို့သည် မရဏာသားရဲများကို ဆွဲဆောင်နိုင်ခဲ့ ပြီး ချောင်ချန်းအန်းသည် သူ့အဖွဲ့နှင့်အတူသွားကြသည်။ ရက်အနည်းငယ် ကြာပြီးသောအခါ သူတို့နှစ်ယောက်ရလဒ်မှာ ကွာခြားမှုမရှိပေ။ သူတို့သည် ဆေးပစ္စည်းများနှင့် မရဏာသားရဲများကို ကြိုးစားရှာဖွေကြသည်။
ရှောင်ရော့ပိုင်နှင့် တခြားသူများသည် အလယ်ပိုင်းဒေသသို့ ဦးတည်သွား ကြသည်။
သူတို့သည် တောင်ကြားတစ်ခုသို့အရောက်တွင် ရှီမာယူယူ ရုတ်တရက် ရပ်လိုက်ပြီး ဘေးပတ်ပတ်လည်ကို မသင်္ကာသလိုကြည့်လိုက်သည်။
“ရှီအာ ဘာဖြစ်လို့လဲ” သူမဘေးတွင်ရှိနေသော ကုန်းဇီယွမ်သည် သူမ ထူးခြားနေသည်ကို ချက်ချင်းပင် သတိထားမိသည်။
***