အကောင်းစားရတနာရရှိခြင်း
Vol. 125 Ch. 1750
ရှီမာယူယူလှည့်ပတ်ကြည့်ပြီး ပြောလိုက်သည် “ဒီနေရာက ရင်းနှီးတယ် လို့ ဘာလို့ခံစားနေရတာလဲ”
ရှောင်ရော့ပိုင်နှင့် မူခိုင်အန်းတို့သည် ခြေရာခံနေရာမှ ရပ်ပြီး သူမကို ကြည့်လေသည်။
“ရင်းနှီးတယ်ဟုတ်လား ဒီကိုအရင်က ရောက်ဖူးလို့လား” ကုန်းဇီယွမ် မေးလိုက်သည်။
ရှီမာယူယူ ခေါင်းခါလိုက်သည် “မသိဘူး ငါ့မှာ ဘာမှတ်ဉာဏ်မှမရှိဘူး ဒါပေမဲ့ ရင်းနှီးတယ်လို့ ခံစားနေရတယ်”
“ဒီနေရာက မင်းအလိုက်ခံရတုန်းက ရောက်ခဲ့တဲ့နေရာလား” ရှောင်ရော့ပိုင် မေးလိုက်သည်။
“ဒီမှာတိုက်ခိုက်ထားတဲ့ ခြေရာလက်ရာမရှိဘူး သူမ လိုက်ဖမ်းခံရတဲ့ နေရာဖြစ်ပုံမရဘူး” မုခိုင်အန်းသည် ထိုထင်မြင်ချက်ကို ငြင်းဆန်လိုက်သည် “ဒီမှာ မင်းအရင်က တစ်ခုခုလုပ်ခဲ့တာ ဖြစ်မလား”
ရှီမာယူယူသည် ခေါင်းခါလိုက်သည်။ သူမ မြို့ဝန်အိမ်တော်တွင် နိုးလာ သည့်အချိန်မတိုင်ခင်မှာ ဝိုးတိုးဝါးတားပင်။ ဤနေရာသည် မည်သို့ထူးခြား သည်ကိုလည်း သူမ မသိပေ။ ဤနေရာရှိကျောက်တုံးများသည် သာမာန်မျှဖြစ် ကာ ဝိညာဉ်စွမ်းအားမှာလည်း သာမာန်သာဖြစ်သည်။ သူမ အာရုံစိုက်ရလောက် သည်အထိ ဆွဲဆောင်မှုရှိမနေပေ။
သူမ ရှေ့ဆက်လျှောက်ပြီး ထောင့်သို့ကွေ့လိုက်ရာ ရှေ့မှမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မှင်တက်သွားလေသည်။
“မန္တလာပန်းခင်းကြီးပါလား” ရှောင်ရော့ပိုင်သည် တအံ့တဩအော်လိုက် သည်။
ရှီမာယူယူသည် တောင်ကြားတွင် မန္တလာပန်းများကို မြင်ဖူးသည်။ နောက်ဆုံးတွင် ဤနေရာကို ရင်းနှီးသည်ဟု ဘာကြောင့်ခံစားရသည်ကို နားလည်သွားသည်။
သူမ၏ ဝေဝါးနေသော မှတ်ဉာဏ်ထဲတွင် သူမ မျက်လုံးဖွင့်လိုက်ချိန် ပထမဆုံးမြင်ရသည်မှာ ကြီးမားကျယ်ပြန့်သော မန္တလာပန်းခင်းကြီးဖြစ်သည်။
ထိုစဉ်က သူမသည် မူးဝေပြီး သတိကောင်းကောင်းမလည်သောကြောင့် ထိုအကြောင်းကို သိပ်မစဉ်းစားခဲ့ပေ။ အခုစဉ်းစားကြည့်ရာ သူမ၏ ဘိုးဘေး ကြီးသည် အကြောင်းမရှိဘဲ ဤနေရာသို့ပို့မည်မဟုတ်ပေ။ ထို့ကြောင့် ဤနေရာတွင် တစ်ခုခုတော့ရှိလိမ့်မည်။
သူမသည် ပန်းခင်းအလယ်ဆီသို့ လျှောက်လာပြီး မှတ်ဉာဏ်ထဲမှ နိုးထခဲ့သည့်နေရာသို့ ရောက်သည်နှင့် သူမ လဲလျောင်းခဲ့သည့် ခြေရာလက်ရာ ကို မြင်ရလေသည်။
“ရှီအာ တစ်ခုခုများမှတ်မိလို့လား”
“မဟုတ်ဘူး ဒီမှာတစ်ခုခုရှိမယ်လို့ထင်လို့ ငါ ဒီကိုလာဖူးတာ အိပ်မက်လို ပဲ” ရှီမာယူယူသည် မြေပေါ်တွင် အချိန်တစ်ခုကြာအောင် ရှာနေလိုက်သည်။ သို့သော် ပုံမှန်မဟုတ်သည်ကို ရှာမတွေ့ပေ။
ရုတ်တရက်ပင် သူမသည် မြေကြီးကို လက်ဖြင့်ထိပြီး ခံစားလိုက်ရာ ကျန် မြေကြီးများနှင့်မတူဘဲ နွေးထွေးနေလေသည်။
“ဟင်” သူမသည် ထိုမြေပေါ်မှ မန္တလာပန်းများအားလုံးကို နှုတ်ယူလိုက် သည်။ သူမ၏ အပြုအမူကိုမြင်သည်နှင့် တခြားသုံးယောက်လည်း ရောက်လာ ကြသည်။
“ဒီနေရာက ထူးခြားတာတစ်ခုခုရှိလို့လား”
“ဒီနေရာက အပူချိန်က မတူဘူး” ရှီမာယူယူ ပြောလိုက်သည်။
ကုန်းဇီယွမ် ဒူးထောက်ကာ ထိပြီး ပြောလိုက်သည် “မတူတာမရှိပါဘူး နည်းနည်းလေး နွေးရုံတင်ပဲလေ”
“မင်း မခံစားမိဘူးလား” ရှီမာယူယူ မြေကြီးကိုထိလိုက်သည် “ဒီမှာ ဖိအား ရှိနေတယ် အရမ်းနူးညံ့ပြီးနွေးထွေးတယ် ဒီအောက်မှာ တစ်ခုခုရှိနေတယ်”
“ရှိတာလား ငါတို့ ဘာမှမခံစားမိပါဘူး” မုခိုင်အန်းသည် မယုံပေ။
“အင်း ဒါဆိုလည်း ငါ တူးလိုက်လို့ ရတနာရရင် ငါ့ဆီကမယူရဘူး” ရှီမာယူယူသည် ပြောရင်းနှင့် တူရွင်းထုတ်ကာ မြေကြီးကိုစတင်တူးသည်။ သူမ သည် မြေကြီးကိုဝိုင်းပတ်ပြီး လူတစ်ယောက် အရပ်အမြင့်ခန့်အနက်ရောက် သွားသော်လည်း ဘာမှရှိမနေပေ။
“ရှီအာ ငါတူးပေးမယ်” ကုန်းဇီယွမ်သည် သူမ၏ အဝတ်များအားလုံး ပေကျံနေသည်ကို မြင်သည်နှင့် တွင်းအပေါ်မှပြောလေသည်။
“မလိုဘူး မင်းက အပူချိန်ကိုခံစားလို့မရတော့ ထိခိုက်နိုင်တယ်” ရှီမာယူယူ ငြင်းဆန်လိုက်သည်။
သူမ ဆက်တူးသည်နှင့် အလွှာတစ်ခုကိုတူးမိပြီး မြေဆီလွှာ၏ အပူချိန်ကို ခံစားမိလေသည်။ မီတာဝက်ခန့် တူးပြီးနောက်တွင် အောက်၌ ကျောက်တုံး ကဲ့သို့အရာကို တွေ့ရလေသည်။
သူမ တူးရွင်းပြားကိုချကာ လက်နှစ်ဖက်ဖြင့် စတင်တူးတော့သည်။ မကြာမီတွင် ဆင်စွယ်ရောင်ကျောက်တစ်တုံး ပေါ်လာသည်။
“အဲဒါဘာလဲ” အပေါ်မှ သုံးယောက်သည် သူမကို ဆက်တိုက်ကြည့်နေရာ ကျောက်ပေါ်လာသည်နှင့် ချက်ချင်းသိကြသည်။
“ငါလည်းမသိဘူး” ရှီမာယူယူ လက်ဆန့်ထုတ်ပြီး ထိတွေ့ကြည့်လိုက် သည်။ ကျောက်မှာနွေးပြီး အလွန်ပင် သက်တောင့်သက်သာရှိလှသည်။
သူမသည် ဘေးပတ်ပတ်လည်မှ မြေသားများကို ဂရုတစိုက်ဖယ်ထုတ် လိုက်သည်နှင့် လူတစ်ရပ်နီးပါးရှိသော ကျောက်ကြီးကိုတွေ့လေသည်။ ကျောက်တုံးမှာ စင်တီမီတာ ၅၀ ၆၀ အကျယ်ရှိပြီး စင်တီမီတာ ၃၀ ခန့်ထူထဲရာ သူမ အရင်ဘဝမှမြင်ဖူးသည့် တစ်ယောက်အိပ် အိပ်ရာများနှင့်ပင် ယှဉ်နိုင်၏။
သူမသည် ပတ်ပတ်လည်မှ မြေများအားလုံးကို ဖယ်သည်နှင့် ကုန်းဇီယွမ် သည် ဆင်းလာပြီး သူမကိုကူညီကာ ကျောက်ဖော်ပေးသည်။
“ဒါက ဘယ်လိုကျောက်မျိုးလဲ ယွမ်လေး မင်း သိလား” မုခိုင်အန်း မေး လိုက်သည်။
“အင်း… ငါ့မိသားစုရဲ့ ကျောက်သုံးသပ်တဲ့ပညာအရ အင်း… ဒီကျောက်က… ငါ အရင်က တစ်ခါမှမတွေ့ဖူးဘူး” ကုန်းဇီယွမ်သည် ကျောက် ကို ပတ်လိုက်သည်။ သို့သော် ထူးခြားချက်ကို မမြင်ရပေ။
“ဒီကျောက်က ရိုးရိုးကျောက်ဖြစ်မယ်မထင်ဘူး အဲဒီကျောက်မှာ တစ္ဆေ စွမ်းအင်ကိုမရှိဘူး” ရှောင်ရော့ပိုင် ပြောလိုက်သည်။
“ဒါပေမဲ့ ဒါကရတနာမဟုတ်ရင် ရှီအာက ဘာလို့တူးတာလဲ” ရှီမာယူယူ သည် အကျိုးအမြတ်မရှိသည့် အလုပ်ကိုလုပ်လိမ့်မည်မဟုတ်ဟု မုခိုင်အန်း ခံစားရသည်။ ဤအရာသာ အသုံမးဝင်လျှင် သူမသည် အချိန်ကုန်ခံပြီး တူးမည် မဟုတ်ပေ။
“ဒါက ဝိညာဉ်ကျောက်ပဲ” ရှီမာယူယူ တွင်းထဲမှတက်လာပြီးပြောလိုက် သည် “ဝိညာဉ်ကျောက်က တစ္ဆေမျိုးနွယ်အတွက် သက်ရောက်မှုမရှိဘူး ဒါပေမဲ့ ဝိညာဉ်ကျင့်ကြံသူတွေအတွက်တော့ ရတနာပဲ ပြီးတော့ ဒီဝိညာဉ်ကျောက်က ဒီလောက်ကြီးတာ ကမ္ဘာပေါ်မှာ ရှားတယ်လို့ ပြောလို့ရတယ်”
“ဒါကိုဘယ်လိုသိတာလဲ” မုခိုင်အန်း မေးလိုက်သည်။
“ငါ့ဝိညာဉ်က ထိခိုက်ထားတာမလား ဒီအချိန်အတွင်း ဒီအကြောင်းကို ငါ ရှာပြီးလေ့လာနေတာ” ရှီမာယူယူသည် ကျောက်ကို ညင်သာစွာပွတ်သပ်လိုက် ရာ သူမဆီသို့ ခံစား၍ကောင်းသော စွမ်းအင်စီးလာလေသည်။
“မင်း ဝိညာဉ်က ထိခိုက်ထားမှတော့ ဒါကိုမင်းပဲယူလိုက်လေ” ကုန်းဇီယွမ် ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အတွက် အသုံးမှမဝင်တာ”
ရှီမာယူယူသည် ရှောင်ရော့ပိုင်နှင့် မုခိုင်အန်းတို့ကို ကြည့်လိုက်သည်။
“ယွမ်လေးပြောတာ ဟုတ်တယ် ဒီပစ္စည်းက ငါတို့အတွက် အသုံးမဝင်ဘူး ပြီးတော့ ဒါကိုမင်းတွေ့တာဆိုတော့ မင်းယူလိုက်” မုခိုင်အန်း ပြောလိုက်သည်။
“အင်း ငါလည်း ဒါကိုလိုတယ် အဲတော့ မင်းတို့ကို အားမနာတော့ဘူးနော်” သူမသည် စိတ်ထဲမှပျော်ရွှင်မှုကို ချုပ်တည်းကာ ဝိညာဉ်ကျောက်တစ်ခုလုံးကို သိမ်းလိုက်သည်။
သူမသည် သူတို့ကို လိမ်ညာခြင်းမရှိပေ။ ထိုဝိညာဉ်ကျောက်သည် အမှန်တကယ်ပင် တစ္ဆေကျင့်ကြံသူများအတွက် အသုံးမဝင်သော်လည်း ဝိညာဉ် ကျင့်ကြံသူများအတွက်တော့ အသုံးဝင်သည်။ သေးငယ်သော အစိတ်အပိုင်း တစ်ခုဆိုလျှင်တောင် အားလုံးလုယူချင်ကြသည်။ ဤကဲ့သို့ အိပ်ရာ အရွယ်အစားရှိသည့် ကျောက်ဆိုလျှင်တော့ ပြောစရာပင်မလိုပေ။ ဝိညာဉ် ကျင့်ကြံသူများသာ ဤကျောက်ကိုရှာတွေ့ပါက သူတို့မျိုးနွယ်အတွက် ရတနာ တစ်ပါး သေချာပေါက်ဖြစ်လာမည်။
ထိုကျောက်ပေါ်ထိုင်လိုက်သည်နှင့် တစ်ဝက်မျှအားစိုက်လိုက်လျှင် တောင် ရလဒ်မှာ နှစ်ဆတိုးနိုင်သည်။ ထိုကျောက်ကို ကျင့်ကြံရာတွင် အသုံး မပြုဘဲ အိပ်ရုံတင်အိပ်လျှင်တောင် သာမာန်အချိန် ကျင့်ကြံလိုက်သည်နှင့် ယှဉ်နိုင်သည်။
ထို့ကြောင့် သူမအတွက်တော့ ရတနာတစ်ပါးပင်။
သူမ၏ ဘိုးဘေးကြီး ဤနေရာသို့ ပို့လိုက်သည်မှာ အကြောင်းအရင်းရှိ၍ ဖြစ်သည်။ သူမ ဝေဝါးနေ၍သာ ဤရတနာကို စောစီးစွာရှာမတွေ့ခြင်းဖြစ်၏။
သူမ ပျော်ရွှင်စွာဖြင့် ပြုံးနေသည်ကို ကြည့်ပြီး ကုန်းဇီယွမ်သည် ငေးမိနေ ရာ ရှောင်ရော့ပိုင်သည် ရှက်လာသဖြင့် သူ့ကို တွတ်လိုက်မှပင် သူ သတိပြန်ဝင် လာသည်။
“ဒီလိုရတနာရတာကို ဂုဏ်ပြုပါတယ် ပြောဦး ရှီအာ ဒီလိုမျိုး ကိစ္စကောင်း ဖြစ်နေတာ ငါတို့ ဂုဏ်ပြုသင့်တယ်မဟုတ်ဘူးလား” မုခိုင်အန်းသည် ကုန်းဇီယွမ် ရှက်သွားသည်ကိုမြင်သည်။ သို့သော် သူ၏ အာရုံမှာ တခြားအရာ သို့ရောက်နေသည်။
ရှီမာယူယူသည် ထိုလူသုံးယောက်ကို ကြည့်ရာ သူမ၏ အကြည့်မှာ ပို၍ နွေးထွေးလာသည်။ အမှန်တကယ်တော့ သူမ တစ်ယောက်တည်းလာပြီး ရတနာရှာ၍ရသည်။ သို့သော် သူတို့ကို စမ်းသပ်ချင်၍ တူးဖော်ရန် ရွေးချယ် လိုက်ခြင်းဖြစ်သည်။
ရက်အနည်းငယ် အတူကုန်ဆုံးပြီးနောက် သူတို့သုံးယောက်သည် မဆိုးလှသည်ကို ခံစားမိသည်။ သို့သော် အကျိုးအမြတ်ကြောင့် ပဋိပက္ခမဖြစ် သောကြောင့် သူမသည် သူတို့ကို တိုင်းတာ၍မရခဲ့ပေ။ အခုကြည့်ရသည်မှာ အနည်းဆုံးတော့ သူတို့သည် နက်နဲသော သူငယ်ချင်းသံယောဇဉ်ရှိပြီဟု မှတ်ယူရမည်။
“ဟုတ်ပြီ ဘယ်လိုပဲဖြစ်ဖြစ် ခဏနေဆို နေ့လည်ရောက်ပြီ မင်းတို့အတွက် စားကောင်းတာလုပ်ပေးမယ်” သူမ ပြုံးလိုက်သည်။
“အိုး ရေ့ ကောင်းလိုက်တာ ငါတို့ အသားကင်စားရမှာလား”
ရှီမာယူယူသည် စိတ်လှုပ်ရှားနေသော မုခိုင်အန်းကိုကြည့်ပြီး ပြောလိုက် သည် “နေ့လည်ခင်းကြီးကို ဘယ်သူကအသားကင်စားလို့လဲ”
နောက်ဆုံးတွင် သူမသည် အားလုံးအတွက် ဟင်းတချို့ကိုချက်ပြုတ်ပေး သည်။ ပါဝင်ပစ္စည်းများမှာ ဝိညာဉ်စေတီမှမဟုတ်ဘဲ တောင်များဆီမှ ယူထား သဖြင့် အရသာမှာ သိပ်မကောင်းလှပေ။
သို့သော် မုခိုင်အန်းတို့အတွက်တော့ အရသာရှိနေပြီဖြစ်သည်။
သူတို့သုံးယောက်သည် ခေါင်းမဖော်ဘဲ စားကြသည်။ ရှီမာယူယူသည် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မုခိုင်အန်းကိုပြန်ကြည့်လိုက်ပြီး မျက်မှောင် ကြုတ်မိလိုက်သည်။
(မန္တလာပန်း - မန္တလာဆိုသည်မှာ သက္ကတစာလုံးဖြစ်ပြီး “စက်ဝိုင်း” “အလယ်” ဟုအဓိပ္ပာယ်ရသည်။ ဟိန္ဒူနှင့်ဗုဒ္ဓဘာသာ ရိုးရာဓလေ့ထုံးတမ်းတွင် စိတ်စွမ်းအင်မြင့်လာဖို့ တရားအားထုတ်ရန်အတွက် သုံးသည့်အရာတစ်ခုဖြစ် သည်။)
***