← Chapters

သူမအတွက် ရောက်လာခြင်း

Vol. 126 Ch. 1751

သူမအတွက် ရောက်လာခြင်း

Vol. 126 Ch. 1751

သူမ၏ အကြည့်မှာစူးရှလွန်းသဖြင့် စိတ်နှစ်ပြီး စားသောက်နေသော သူတို့သုံးယောက်သည် သူမ၏ ပုံမှန်မဟုတ်သည်ကို သတိထားမိကြလေသည်။

“ဘာဖြစ်လို့လဲ” ရှီမာယူယူ သူ့ကို ကြည့်နေသည်ကို သိသဖြင့် မုခိုင်အန်း မေးလိုက်သည်။

“ငါတို့ ပြဿနာတက်ပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ပြဿနာလား”

“မင်းတို့တွေ ဘာမှမဖြစ်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“ဘယ်လောက် ပြဿနာတက်မှ ‘ပြဿနာ’ လို့ပြောတာလဲ”

“အံ့ဖွယ်သားရဲ” ရှီမာယူယူ ပြောလိုက်သည် “အံ့ဖွယ်အဆင့်နားကပ်နေတဲ့ မရဏာသားရဲရှိနေတယ်”

ရှီမာယူယူ စိတ်ထဲမှသက်ပြင်းချမိသည်။ အရင်က သူမ၏ အားနှင့်ဆိုလျှင် ထိုမျှ သားရဲငယ်မျှကို ကြောက်ရန်မလိုပေ။ အခု အံ့ဖွယ်သားရဲနှင့်တွေ့ချိန်တွင် သူမသည် တခြားသူကိုသာ အားကိုးရတော့မည်။

မီအာသည် ကိုင်တွယ်နိုင်သည်။ သို့သော် သူမသည် သူမအတွက် ဝှက်ဖဲ တစ်ချပ်ကိုတော့ ချန်ထားစမြဲပင်ဖြစ်သည်။ အချိန်မတိုင်ခင် ဖော်ထုတ်လိုက်မှု သည် သူမကိုယ်သူမ လည်စဉ်းခံပေးသလိုပင်။ လက်သည်းကိုတော့ ဖွက်ထားရ မည်။ ထို့ကြောင့် သူမ အသက်အန္တရာယ်မတွေ့ခင် နောက်ဆံဒးအချိန်ထိတော့ စွန့်စားပြီး မီအာကို ထုတ်မည်မဟုတ်ပေ။

“အံ့ဖွယ်သားရဲလား ဒီမှာ ဘယ်လိုလုပ် အံ့ဖွယ်သားရဲရှိမှာလဲ ဂူလန်တောင်မှာ အံ့ဖွယ်သားရဲနည်းနည်းပဲရှိတာ အကုန်လုံးက အတွင်းပိုင်းမှာ နေကြတာပဲ၊ ငါတို့က အလယ်ပိုင်းအစွန်အဖျားမှာပဲရှိနေတာလေ ဘယ်လိုလုပ် အံ့ဖွယ်သားရဲက ဒီကိုလာမှာလဲ” မုခိုင်အန်းသည် ပြုံးပြီးနောက် ဘာမှမဖြစ်ပါ ဟု ပြောပြီးခေါင်းလှည့်သွားလေသည်။ သို့သော် သူ့တစ်ကိုယ်လုံးမှာ ကြက်သေ သေနေသည်ကို ကြည့်လိုက်သည်နှင့် သိသည်။

“သွားပြီ တကယ်ပဲ အံ့ဖွယ်သားရဲဟ”

ရှောင်ရော့ပိုင်နှင့် တခြားသူများ အံ့ဩသွားသော်လည်း ပျာယာခတ် မသွားပေ။

“အင်း ငါတို့ပြေးရမလား” ရှီမာယူယူ မေးလိုက်သည်။

“မဟုတ်ဘူး အံ့ဖွယ်သားရဲတစ်ကောင်ပဲ” ကုန်းဇီယွမ်သည် တိုးညင်းစွာ ပြောလိုက်သည်။

“ငါတို့တွေက မရဏာသူတော်စင်သခင်တွေပဲ အဲတော့ အံ့ဖွယ်သားရဲ တစ်ကောင်ကို မရှင်းနိုင်စရာတော့မရှိပါဘူး” မုခိုင်အန်း ပြောလိုက်သည်။

“အပြင်အင်အားကို သုံးလို့မရဘူးလို့ သဘောတူထားခဲ့တာမဟုတ်ဘူး လား”

“ငါတို့က ပြိုင်ပွဲပြိုင်တဲ့နေရာမှာပဲ ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာလေ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အခြေအနေမှာဆိုရင် ပြိုင်ပွဲမှာထည့်မတွက်ဘူး” ကုန်းဇီယွမ် ရှင်းပြလိုက်သည် “ငါတို့က ကစားဖို့လာပေမဲ့ ငါတို့အသက် ဘယ်လောက် အရေးကြီးသလဲဆိုတာတော့ သိပါတယ်”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူတို့အဲလိုပြောမှတော့ သူမ စိတ်ပူ မနေတော့ပါဘူး။

ရှီမာယူယူကဲ့သို့ ဝိညာဉ်စွမ်းအင်မရှိသူပင် အန္တရာယ်ကို သတိထားမိချိန် သော်လည်း သူတို့သုံးယောက်သည် သတိမထားမိကြပေ။ အစားအသောက် ရှေ့တွင်တော့ အရာအားလုံးမှာ သတိလျော့ပါးသွားကြသည်သားဖြစ်သည်။

အံ့ဖွယ်သားရဲ နီးကပ်လာချိန်… လူအိုကြီးတစ်ယောက်သည် အနည်းငယ် လှမ်းသောနေရာတွင်ပေါ်လာပြီး တိုက်ခိုက်ရာ ရှီမာယူယူသည် လှုပ်ရှားလိုက်ရ မည်လားဟု စဉ်းစားနေမိသည်။

“အဲဒါ ဘယ်ကသခင်လဲ”

“ငါ့မျိုးနွယ်က” ကုန်းဇီယွမ် ပြောလိုက်သည် “လုပ်လေ ဆက်စားရအောင်”

ရှီမာယူယူသည် ထိုနေရာမှ တိုက်ပွဲကိုကြည့်နေလိုက်သည်။ ကုန်းဇီမျိုးနွယ်မှ ကာကွယ်သူများသည် တိုက်ပွဲစွမ်းရည်မဆိုးလှပေ။ အံ့ဖွယ် သားရဲမှာ နိဂုံးချုပ်သွားလေသည်။ သူမ ဆက်စားရာ များများပင်မစားလိုက်ရ ထပ်မံသွားပြန်သည်။

“ရှိသေးတယ်…”

ဤတစ်ကြိမ်မှာ အလွန်မြန်ဆန်သည်။ အားလုံး မတုံ့ပြန်ခင်မှာပင် ငှက်မည်းကြီးတစ်ကောင်သည် အဝေးမှ ပျံလာကာ ထိုးသုတ်လေသည်။ နောက်ထပ် သက်လတ်ပိုင်းအရွယ်လူကြီး သူတို့ရှေ့တွင် ချက်ချင်းပေါ်လာကာ ဝင်ခုတ်လေသည်။

“ဘယ်လိုဖြစ်လို့ နှစ်ကောင်…”

ရှောင်ရော့ပိုင် စကားမဆုံးခင်မှာပင် ရှီမာယူယူသည် တခြားဦးတည် ဘက်သို့ကြည့်ပြီး ပြောလေသည် “နောက်တစ်ကောင်ရှိသေးတယ်”

အံ့ဖွယ်သားရဲ အနားမရောက်ခင်မှာပင် ထိုနေရာတွင် စောင့်ဆိုင်းနေ‌ သော ကိုယ်ရံတောများမှ တားလိုက်သည်။

“အရှေ့ဘက်က အံ့ဖွယ်သားရဲက အရမ်းအားကောင်းတယ် ငါ့ ကိုယ်ရံ တော်တွေ မခံနိုင်ဘူး” မုခိုင်အန်း ပြောလိုက်သည်။

“ငါတို့ ကူညီရမလား” ထိုအချိန်တွင် ကုန်းဇီယွမ်နှင့် တခြားသူများသည် ဆက်စားချင်စိတ်မရှိတော့ပေ။ အံ့ဖွယ်သားရဲတွေက ဘာလို့ ရုတ်တရက်ကြီး ပေါ်လာတာလဲ။

မုခိုင်အန်း၏ ကိုယ်ရံတော်များ၏ စွမ်းအားမှာ မရဏာသားရဲများထက် အနည်းငယ် အားနည်းရာ သားရဲ၏အတောင်ပံမှကျသွားလေသည်။

“အကြီးအကဲဟွောင်” မုခိုင်အန်းသည် သူ၏ကိုယ်ရံတော် ဒဏ်ရာရသွား သည်ကိုမြင်သောအခါ ပြေးသွားလေသည်။ သို့သော် ငှက်မည်းကြီးကြောင့် ထိခိုက်လုနီးပါးဖြစ်သွားသည်။ ကံကောင်းစွာပင် နောက်ဆုံးအချိန်တွင် ရှီမာယူယူ၏ ကာကွယ်သူပေါ်လာပြီး ငှက်မည်းကိုတိုက်ခိုက်လိုကု်သည်။

“အကြီးအကဲဟွောင် ဘယ်လိုနေလဲ” မုခိုင်အန်းသည် အကြီးအကဲဟွောင် ကိုထူပြီး ဆေးတိုက်လိုက်သည်။

“သခင်လေး ဒီသားရဲက အရမ်းအားကောင်းတယ် ကျုပ်တို့က သူ့ပြိုင်ဘက် မဟုတ်ဘူး မြန်မြန်သွားရအောင်” အကြီးအကဲဟွောင်သည် မုခိုင်အန်း၏ လက်ကိုဆွဲပြီး ပြောလေသည်။

မုခိုင်အန်းသည် ထိုနေရာမှ တိုက်ပွဲကိုပြန်ကြည့်လိုက်သည်။ မုရုန်ဘက် တွင် သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်နေသော်လည်း တခြားနှစ်ဖက်မှာ အားနည်း နေသည်။ သူတို့သည် ကြာကြာမခံနိုင်တော့သည့်ပုံပင်

“ယွမ်လေး ရော့ပိုင် ရှီအာ မြန်မြန်သွားရအောင်” သူသည် သူတို့ သုံးယောက်ကို အော်လိုက်သည်။

ရှောင်ရော့ပိုင်နှင့် တခြားသူများသည် လက်ရှိအခြေအနေကို နားလည်ကြ သည်။ ထွက်ပြေးလိုက်သည်မှာ အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။

“ဒါပေမဲ့ သူတို့က…” ရှောင်ရော့ပိုင်သည် သူမ၏ ကာကွယ်သူကို ပစ်ထား မသွားချင်ပေ။

“ရော့ပိုင် ငါတို့အခုမသွားရင် ငါတို့လည်း အဆုံးသတ်သွားလိမ့်မယ်” မုခိုင်အန်း အော်လိုက်သည်။

“သခင်မလေး မြန်မြန်သွားတော့ သခင်မလေးတို့သွားတာနဲ့ ကျုပ်တို့ လည်း အမြန်ထွက်ခဲ့မယ်” ရှောင်မိသားစု ကာကွယ်သူ‌ အော်လိုက်သည်။

“မင်းရဲ့ကိုယ်ရံတော်ပြောတာ ဟုတ်တယ် ငါတို့ဒီမှာရှိနေရင် သူတို့ အခွင့်အရေးရရင်တောင် ပြေးလို့မရဖြစ်နေမယ်” ကုန်းဇီယွမ် ပြောလိုက်သည် “သွားကြမယ်”

ထို့ကြောင့် လူငါးယောက်သည် လာရာလမ်းအတိုင်း ပျံတက်လိုက်ကြ သည်။ ရှီမာယူယူတွင် ဝိညာဉ်စွမ်းအင်မရှိသဖြင့် အမည်းလေးကို ခေါ်ထုတ်ပြီး သူ့ကျောပေါ်သို့တက်ကာ အမြန် ထွက်ပြေးရန်ပြောလိုက်သည်။

အမည်းလေးသည် အံ့ဖွယ်သားရဲသုံးကောင်ကို မြင်သောအခါ ပါးစပ်ဟ ပြီး နှစ်ကြိမ်မှ အူလေသည်။ သူ ဆော့ချင်နေသည်ဟု ရှီမာယူယူထင်လိုက် သဖြင့် သူ့ကျောကိုပုတ်ပြီး ပြောလိုက်သည် “မကစားနဲ့တော့ သွားမယ်”

အမည်းလေးသည် တွန့်ဆုတ်စွာဖြင့် ထွက်ပြေးလေသည်။

အစပိုင်းတွင် သူတို့ ထွက်လာသည်နှင့် ကာကွယ်သူများသည် ပြင်းထန် သော တိုက်ပွဲမှ ထွက်ပြေးမည်ဟု ကတိပေးထားသော်လည်း အံ့ဖွယ်သားရဲများ သည် ဆက်မတိုက်ဘဲ အခွင့်အရေးရသည်နှင့် သူတို့နောက်လိုက်လေသည်။

အံ့ဖွယ်သားရဲတွေရဲ့ ပစ်မှတ်က သူတို့သခင်လေးနဲ့ သခင်မလေးတို့လား။ သူတို့ကို လိုက်ခွင့်မပေးနိုင်ဘူး။

ထို့ကြောင့် ထိုမြင်ကွင်းမှာ လူတစ်စုမှာပျံပြေးကြပြီး အံ့ဖွယ်သားရဲတချို့ မှာ နောက်မှလိုက်သော မြင်ကွင်းအဖြစ်ပြောင်းသွားလေသည်။ အစပိုင်းက ထွက်ပြေးမည်လုပ်ထားသော ကာကွယ်သူများသည် သူတို့လမ်းကိုပိတ်လိုက် ကြသည်။

ရှီမာယူယူနှင့် တခြားသူများသည် အတော်အတန်ဝေးသည်အထိ ပြေးကြ သည်။ သို့သော် သားရဲများသည် လက်မလျော့ကြပေ။ သူတို့သည် လမ်းတွင် အကြိမ်ပေါင်းများစွာ လမ်းကြောင်းပြောင်းသော်လည်း သားရဲများသည် လိုက်မြဲလိုက်ဆဲပင်။

“သူတို့ရဲ့ ပစ်မှတ်က ဘယ်လိုလုပ် သခင်မလေးရှီအာဖြစ်နေတာလဲ” အကြီးအကဲဟွောင်သည် အတွေ့အကြုံများစွာရှိသည်။ အံ့ဖွယ်သားရဲများနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ပြီးနောက်တွင် ထိုအံ့ဖွယ်သားရဲများသည် ရှီမာယူယူကို ချောင်ပိတ်နေသည်ကို သူတွေ့လိုက်သည်။

သူ ထိုသို့ပြောလိုက်ချိန်တွင် အားလုံးသည် ရှီမာယူယူကို အတူကြည့်မိ လိုက်ကြသည်။

“အကြီးအကဲဟွောင် မှားများမှားနေသလား” ကုန်းဇီယွမ်သည် အလေးအနက်ပြောလိုက်သည်။

အဲလိုဆိုရင် ဒါတွေအကုန်လုံး ရှီမာယူယူကြောင့် ဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။

“အကြီးအကဲဟွောင် ယွမ်လေးပြောတာ ဟုတ်တယ် မှားများမှားနေ သလား” မုခိုင်အန်း မေးလိုက်သည်။

“သခင်လေး ကျုပ်မမှားဘူး” အကြီးအကဲဟွောင် ပြောလေသည် “ကျုပ် အကြိမ်ပေါင်းများစွာ ကြည့်ပြီးပြီ အဲဒီအံ့ဖွယ်သားရဲတွေရဲ့ အကြည့်တွေက သခင်မလေးရှီအာဆီမှာပဲရှိနေတာ ကျုပ်တို့အကုန်လုံးရှိနေရင် အားလုံးကို ဆွဲချ သွားလိမ့်မယ် လူခွဲပြီးပြေးကြမလား”

လေထုထဲတွင် စက္ကန့်အနည်းငယ် ရှက်ရွံ့မှုများ ဖြစ်ပေါ်သွားသည်။ ထို စက္ကန့်အနည်းငယ်အတွင်းတွင် သူတို့စိတ်ထဲ၌ မရေတွက်နိုင်သော ယောက်ရက်ခတ်မှုများဖြစ်ပေါ်နေသည်။

“အကြီးအကဲဟွောင်ပြောတာမှန်တယ် ငါတို့တွေအတူရှိနေရင် သားရဲ တွေ အလွယ်တကူတိုက်ခိုက်နိုင်မယ် လူစုခွဲလိုက်တာ ပိုလုံခြုံမယ်” ရှီမာယူယူ ပြုံးလိုက်သည်။

“မရဘူး” ကုန်းဇီယွမ်သည် ချက်ချင်းပင် ငြင်းဆန်လေသည် “မင်းက ငါတို့နဲ့ ထွက်လာတာ တစ်ခုခုဖြစ်ရင် မင်းအဖေကို ငါတို့ရှင်းပြလို့ရမှာမဟုတ် ဘူး”

“အကြီးအကဲဟွောင် အကုန်လုံးက…”

“သခင်လေး” အကြီးအကဲဟွောငသည် မုခိုင်အန်းကို စကားဖြတ်ပြော လိုက်သည် “မမေ့ပါနဲ့ သခင်လေးက မိသားစုရဲ့တာဝန်ရှိသူပါ ဒီမှာ မတော်တဆဖြစ်သွားရင် မိသားစုကို ဘယ်လိုစောင့်ရှောက်မလဲ ဒီနှစ်တွေမှာ ရှိခဲ့တဲ့ မျှော်လင့်ချက်တွေရော ဘယ်လိုလုပ်မလဲ”

***

All Chapters