← Chapters

ဆာလောင်မွတ်သိမ်ခြင်း ဈေးကွက်အနုပညာ

Vol. 2 Ch. 18

ဆာလောင်မွတ်သိမ်ခြင်း ဈေးကွက်အနုပညာ

Vol. 2 Ch. 18

ဟယ်ကျားကျင်းက ခေါင်းညိတ်လိုက်ကာ အခြွေအရံတစ်ယောက်အား လင်ဗန်းကို ချက်ချင်း ယူလာစေခဲ့သည်။

စုစုပေါင်း ဝမ် ၂၁၆၀ ပါ ကြေးဒင်္ဂါးတစ်ထုပ်နှင့် ငွေချောင်း၂ချောင်းတို့ဖြစ်သည်။

“ဝမ် ၂၁၆၀က ငန်းကင်အတွက်ပါ။ ဒီအပိုငွေနှစ်ချောင်းကတော့ ကျုပ်ရဲ့ ကျေးဇူးသိတတ်မှုကို ပြတဲ့ အထိမ်းအမှတ်ပါ။ ကျေးဇူးပြုပြီး နည်းတယ်လို့ မထင်လိုက်ပါနဲ့။ အမျိုးသမီးလီ”ဟု ဟယ်ကျားကျင်းက ပြောခဲ့သည်။

လီယောင်သည် ငန်းအတွက် ကျသင့်ငွေများကို တိုက်ရိုက်ယူခဲ့ပြီး ကျန်သည့်ငွေနှစ်ချောင်းကို တချက်ပင် လှည့်မကြည့်ခဲ့ချေ။

“မလိုအပ်ပါဘူး။”

“ဒါက…” ဟယ်ကျားကျင်းသည် နားမလည်ခဲ့ချေ။ “ကျုပ်မှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ ဒါက ကျုပ်ရဲ့ ရိုးသားမှု သင်္ကေတတစ်ခုပါ။”

“ဒီနေ့ မန်နေဂျာဖန်ကို အလကားကူညီပေးမယ်လို့ ကျွန်မ အခုနတည်းက ပြောထားပြီးသားပါ။”ဟု လီယောင်က ပြောခဲ့သည်။ “အခုတစ်ခေါက်က အလကားဆိုပေမဲ့ နောင်အခါမှာ အကြံဉာဏ်ပေးစေချင်တယ်ဆိုရင်တော့ အခကြေးငွေ ယူပါမယ်။”

လီယောင်သည် လှည့်ပြီး စားသောက်ဆိုင်ထဲက ထွက်သွားသည်ကို သူတို့ ကြည့်နေရင်း လက်ဆောင်ပေးရာတွင် မအောင်မြင်ခဲ့သည့် ငွေချောင်းများနှင့်အတူ တစ်ယောက်မျှ ဘာပြောရမည်မှန်း မသိခဲ့ကြချေ။

လောဘအရိပ်အယောင် နည်းနည်းမျှပင် မပါပဲ ငွေနှစ်ချောင်းကို စွန့်ကြဲခဲ့သည် အမျိုးသမီးလီသည် မည်သို့သော လူစားမျိုး ဖြစ်လိမ့်မည်နည်း။

“အမျိုးသမီးလီ၊ ခဏလောက် စောင့်ပါဦးခင်ဗျာ” မန်နေဂျာဖန်သည် သူမနောက်သို့ ကမန်းကတန်း လိုက်လာခဲ့သည်။

“တခုခု ရှိသေးလို့လား”

“မရှိပါဘူး။ ကျွန်တော် မနက်ဖြန်အတွက် နောက်ထပ် ငန်းကင်းနည်းနည်း ပိုမှာချင်လို့ပါ။”ဟု မန်နေဂျာဖန်က ပြောခဲ့သည်။

“မရပါဘူး။ ကျွန်မတို့ တစ်နေ့ကို သုံးကောင်ပဲ သဘောတူထားတာလေ။ ဒါကြောင့် ၃ကောင်ပဲ ရမယ်။”

“အာ..၊ ဘာဖြစ်လို့လဲ။” မန်နေဂျာဖန်သည် အံဩသွားခဲ့သည်။ ဘာဖြစ်လို့ပါလိမ့်။

ဤသည်မှာ လူတွေ၏ စိတ်ခံစားချက်ကို ပစ်မှတ်ထားသည့် ဆာလောင်မှု စျေးကွက်ရှာဖွေရေးပင် ဖြစ်သည်။ အမှန်တော့ လီယောင်သည် တခြားသူများကို အကြောင်းပြချက် အလွယ်တကူ မပြောနိုင်ပေ။ သူမ၏ အကြံဉာဏ်များကို ရောင်းချခြင်းဖြင့် ငွေအနည်းငယ် ရှာချင်သေးသည်လေ။

“ယူမှာလား မယူဘူးလား။ မယူဘူးဆိုရင် တခြားသူတွေကို ရောင်းလိုက်မယ်။” လီယောင်သည် နောက်ထပ် ရှင်းပြရန် အလွန်ပင် ပျင်းလွန်းနေသည့်အတွက် တိုက်ရိုက်ပင် မေးခဲ့သည်။

“ယူမှာပါ။ ကျွန်တော် ယူချင်ပါတယ်။” မန်နေဂျာဖန်သည် သက်ပြင်းတချက်ချကာ”သုံးကောင်နော်။ ကျေးဇူးပြုပြီး မနက်ဖြန် မနက်အစောလေး ပို့ပေးပါဦး အမျိုးသမီးလီ။”

………………………………………………………

“အမေ” ဟု တာ့ကျွမ်းက ခေါ်ခဲ့သည်။

“မင်းမေးချင်တာ ငါဘာလို့ ငွေ ၂ချောင်းကို မယူခဲ့တာလဲ မဟုတ်လား။”

“အင်း။”

“မင်းမှတ်ထား။ ကိုယ်ရှာထားတာမှမဟုတ်ရင် မယူနဲ့။ နောက်ဆုံး တပြား တချပ်ဆိုရင်တောင် မင်းပိုင်တာက မင်းပိုင်တာပဲ။ မင်း မပိုင်တာ မဟုတ်ရင် ရွှေတွေ ငွေတွေ တောင်လောက်ကြီးဖြစ်နေပါစေ မင်းယူလို့မရဘူး။” ဟု လီယောင်က ပြောခဲ့သည်။

“ကျွန်တော် နားလည်ပါပြီ။”

သူ့တွင် မေးစရာများ ထပ်ရှိနေသေးသည့် ပုံကို မြင်သောအခါ လီယောင်က ထပ်မေးခဲ့သည်။

“မင်း သူတို့တွေ ထမင်းတစ်နပ်ကို ဒင်္ဂါးတစ်ရာလောက်နဲ့ ရောင်းနေတာမြင်တော့ မင်းလည်း စားသောက်ဆိုင် တစ်ဆိုင်လောက် ဖွင့်ချင်တယ်လို့ တွေးပြီး အားကျနေတာလား။”

“ဒါက….” တာ့ကျွမ်းသည် အနည်းငယ် အံအားသင့်သွားခဲ့သည်။ သူ့အမေက သူတွေးနေသမျှကို သိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“တွေးရုံပဲ တွေးကြည့်တာပါ။ ကျွန်တော့်မှာ အဲ့လောက် အရည်အချင်းမရှိပါဘူး။ ပြီးတော့ ငွေလည်း မရှိဘူးလေ။”

“မင်းကိုယ်မင်း လျော့မတွက်နဲ့။ မင်းမှာ အရည်အချင်းရှိတယ်။ ပြီးတော့ ပိုက်ဆံကလည်း ပြဿနာမရှိဘူး။ ဒါပေမဲ့ စားသောက်ဆိုင်လည်း ဖွင့်စရာမလိုအပ်ပါဘူး”ဟု လီယောင်က ပြောခဲ့သည်။

“ဘာဖြစ်လို့လဲ။”

“မင်း နောက်ကျရင် နားလည်လာပါလိမ့်မယ်။”

လီယောင်တွင် တာ့ကျွမ်း၏ အနာဂါတ်လမ်းကြောင်းအတွက်လည်း အစီအစဉ်များ ရှိနေခဲ့သည်။

………………………………………………………………….

သူမ အသားပြုတ်ဆိုင်သို့ ရောက်သောအခါ စန်းအာသည် သန့်ရှင်းရေးတောင် လုပ်ပြီးနေခဲ့ပြီ ဖြစ်သည်။

ငန်းများ ရောင်းချခဲ့သည့် လူအိုကြီးကျန်းကလည်း ရောက်နေခဲ့ပြီး ကြီးမားသည် အဖြူရောင် ငန်း၃ကောင်ကို ကိုင်ကာ သူမကို အကြာကြီး စောင့်နေခဲ့သည်။ ရွာရှိ ငန်းအားလုံးကို သူမ သေချာပေါက် သူမအကုန် ဝယ်လိမ့်မယ်ဟု ကြားသိရသောအခါ လူအိုကြီးကျန်းသည် သူမတို့အား ကျေးဇူးအများကြီးတင်နေကာ အလွန်လည်း စိတ်လှုပ်ရှားနေခဲ့သည်။

ရွာသို့ အလျင်အမြန်ပြန်ပြီး ရွာသူရွာသားများကို သတင်းကောင်း ပြောပြရန်လည်း အလွန် စိတ်အားထက်သန်နေခဲ့သည်။

လူအိုကြီးကျန်းထွက်သွားပြီးနောက် စန်းအာသည် စတင်၍ သတင်းပေးခဲ့သည်။ “ဘာလို့လဲ မသိဘူး။ ဒီနေ့ စီးပွားရေးက ထူးထူးခြားခြား တော်တော်ကောင်းနေတယ်။ ပုံမှန်ထက်ကို နာရီဝက်လောက် စောကုန်သွားတယ်။”

စီးပွားရေး ကောင်းမွန်ခြင်းသည် သဘာ၀ပင်ဖြစ်သည်။

ဒီနေ့တွင် သူတို့သည် ဒီလောက် ကြော်ငြာအကြီးကြီးများကို လုပ်ခဲ့ကြသည်လေ။ ငန်းကင်ကို မြည်းစမ်းခဲ့ပြီး စားသောက်ဆိုင်တွင် စားသောက်ရန် ပိုက်ဆံမရှိကြသူများသည် သူတို့၏ စားချင်သောက်ချင်စိတ်များကို ဖြည့်ဆည်းရန် လာခဲ့ကြပေလိမ့်မည်။

“တက္ကသိုလ်က အကြီးအကဲအတွက် နေ့လည်စာ ပို့ပြီးသွားပြီလား”ဟု လီယောင်က မေးခဲ့သည်။

“ပို့ပြီးသွားပါပြီ။”ဟု စန်းအာက ပြောခဲ့သည်။ “အမေပြောတဲ့အတိုင်း သူ့ကို ဘဲကင်နှစ်ပိုင်းပါ ထည့်ပေးလိုက်တယ်။”

ပို့ထားခဲ့ပြီးပြီဆိုပါက ကောင်းပါသည်။ လီယောင်သည် ဆံပင်ဖြူအဘိုးအိုကြီးက မည်သူပင်ဖြစ်ပါစေ ဂရုမစိုက်ပေ။ သို့သော် စီးပွားရေးလုပ်သည့်အခါတွင် တစ်ဦးတစ်ယောက်က ရိုးသားရန် လိုအပ်ပါသည်။

“အိမ်ပြန်ကြစို့။”

သူမတို့ စျေးပေါက်၀သို့ ရောက်သောအခါ အနောက်မှ တစုံတစ်ယောက်က အော်ခေါ်ခဲ့သည်။

“အမျိုးသမီးလီ၊ ခဏလောက် စောင့်ပါဦး။”

ခံ့ညားသော ပုံသဏ္ဌန်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အစေခံနှစ်ယောက်နှင့်အတူ အလျင်အမြန်ပင် လိုက်မီလာခဲ့သည်။

“အမျိုးသမီးလီ၊ ကျွန်တော်က ကျန်းစားသောက်ဆိုင်ပိုင်ရှင်ပါ။ ငန်းကင်ဝယ်ဖို့ ဆွေးနွေးချင်လို့ပါ ခင်ဗျာ။”ဟု လူလတ်ပိုင်းအမျိုးသားက ပြောခဲ့သည်။

အလာကောင်းပေမဲ့ အခါနှောင်းခဲ့လေပြီ။

“ကျွန်မ ဟယ်စားသောက်ဆိုင်နဲ့ စာချုပ် ချုပ်လိုက်ပါပြီ။ ငန်းနှပ်တွေက သူတို့ကိုပဲ ရောင်းမှာပါ။”

လီယောင်နှင့် အဖွဲထွက်သားသည်ကို ကြည့်နေရင်း ကျန်းကွမ်ရှန်က ဒေါသအရမ်းထွက်ခဲ့ပြီး သူရပ်နေသည့် နေရာကို ခြေထောက်နှင့် ဆောင့်နင်းခဲ့သည်။

“မြန်မြန်ပြန်ပြီ ရှုလို့ ခေါ်တဲ့ မိမစစ်ဖမစစ်ကို ကြိုးနဲ့တုတ်ကြစမ်း။”

“ငါ့ကို အမျိုးသမီးလီ အရင် လာမေးတာ သေချာတယ်။ ဒါကို သူက အတင်း မောင်းထုတ်ပစ်တာ။”

“မျက်ကန်းနေတဲ့ လူနုံတစ်သိုက်၊ ငါ သူ့ကို အရှင်လတ်လတ် အရေခွံခွာပြမယ်။”

…………………………………

ဟဲဝမ်ရွာမှ ငန်းနှပ်သည် နာမည်ကြီးလာခဲ့သည်။ ဟယ်စားသောက်ဆိုင်၏ စီးပွားရေးသည် အစပေါင်းများစွာ တိုးတက်လာရုံသာမက စွပ်ပြုတ်လုပ်ငန်းကလည်း နောက်မှလိုက်ကာ လူကြိုက်များလာခဲ့သည်။

နေ့တိုင်း သူတို့ တတ်နိုင်သမျှ ဝက်သားများကို ဝယ်ခဲ့ကြသော်လည်း ရောင်းရန်အတွက် လုံလောက်ပြီဟု မခံစားရသေးပေ။

တာ့ကျွမ်းနှင့် သူ့ညီများသည် အင်အားများ ပြည့်နေခဲ့ကြသည်။ သူတို့သည် ဘဲငန်းများ နှပ်ရသည်။ သူတို့သည် ကြက်ထက်စောထကာ ခွေးထက်နောက်ကျမှ အိပ်ရသည်။ ဤကဲ့သို့ ရေရှည်ဆက်လက်လုပ်ကိုင်နေခြင်းသည် သေချာပေါက် အဆင်ပြေမည် မဟုတ်ပေ။ သူတို့၏ ကျန်းမာရေးများလည်း ပျက်စီးလာပေလိမ့်မည်။

ထို့ကြောင့် လီယောင်သည် လီကျန်းကို နောက်တစ်ခါ ထပ်ရှာခဲ့သည်။

“ရွာကနေ အလုပ်သမားအတွက် ခေါ်မှာလား”

လီကျန်းသည် နေ့တဝက်လောက် ပဟေဠိဖြစ်နေခဲ့သည်။ ဘာအတွက်များ ဤသို့ကောင်းမွန်သည့် ကိစ္စရပ်များကို လုပ်ရန် သူတို့၏မိသားစုက မရခဲ့ပဲ ထို့အစား ဒုက္ခခံကာ ကျော်ဖြတ်သွားခဲ့သည်ကို တွေးနေခဲ့သည်။

သူတို့သာ မိသားစု မဟုတ်ခဲ့လျှင် အလုပ်တွင် ပို၍ ဝီရိယရှိပေလိမ့်မည်လား။

“ကျွန်မမှာ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိပါတယ်”ဟု လီယောင်က ပြောခဲ့သည်။ “အဓိကက ဝက်တွေနဲ့ ဘဲတွေကို နေ့လည်ခင်းမှာ သန့်ရှင်းဖို့ပါပဲ။ လူတစ်ယောက်ကို တနေ့ကို ဆယ်ဝမ်နှုန်းနဲ့ ပေးမယ်။ သူတို့အလုပ်ပြီးတာနဲ့ သူတို့ကို ပေးမှာပါ။”ဟု လီယောင်က ပြောခဲ့သည်။

နေ့တဝက်ကို ဆယ်ဝမ်ရပြီး အလုပ်လည်း လုံး၀ မပင်ပန်းချေ။ ဤကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို ဘယ်မှာများ ရှာတွေ့နိုင်မည်လဲ။

သူ့မိသားစုသာ အသားစွတ်ပြုတ်ဆိုင် မဖွင့်ထားပါက လီကျန်းသည် သူ့ချွေးမကို သွားခိုင်းလိမ့်မည် ဖြစ်သည်။

“ကောင်းပါပြီ။ ငါ အခုပဲ စကားဖြန့်လိုက်တော့မယ်။”

လီကျန်းသည် သူ့ခြံဝင်းထဲရှိ သစ်ပင်ကြီးပေါ်သို့ တက်ကာ ကျယ်လောင်စွာဖြင့် သတင်း ကြေညာခဲ့သည်။

ယခင်က “လေလံဆွဲခြင်း” ဖြစ်ရပ်ပြီးနောက် လီယောင်အပေါ် ရွာသူရွာသားများ၏ ထင်မြင်ချက်များသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူတို့သည် လုပ်လက်စ အလုပ်များအားလုံးကို ပစ်ချကာ အစုလိုက် ပြေးသွားခဲ့သည်။

တတိယယောင်းမ ရှန်းရှီက အမြန်ဆုံး ပြေးခဲ့သည်။

ယခင်တခေါက်က သူမသည် စွပ်ပြုတ်ဆိုင်အတွက် လေလံမအောင်ခဲ့ချေ။ ဒီတစ်ခေါက်တွင်မူ မည်သို့ပင်ဖြစ်စေ ထိုအတွက် သူမ တိုက်ပွဲဝင်သွားမည် ဖြစ်သည်။

သူမသည် ဆန္ဒစောစွာဖြင့် လီယောင်ထံသို့ တည့်တည့်သွားကာ “ယောင်းမ၊ ဒီတခု ကျုပ်ယူပါရစေ။ စိတ်မပူပါနဲ့။ ကျုပ်ကောင်းကောင်းလုပ်မှာပါ။”

လီယောင်သည် လီကျန်းအား အလုပ်သမားအသစ် စုဆောင်းရာတွင် အကူအညီတောင်းခံခြင်းသည် အနောက်တံခါးမှ ဖြတ်၍ လူများ အလုပ်ရသွားခြင်းကို ရှောင်ကျဉ်ရန်ဖြစ်သည်။ ထို့ကြောင့် သူမက ပြောခဲ့သည်။

“ဘယ်သူ့ကို ငှားမလဲဆိုတာ လီကျန်းက ဆုံးဖြတ်ပါလိမ့်မယ်။”

“တော့်မိသားစု ကိစ္စအတွက် ဘယ်လိုလုပ် သူအပေါ် မူတည်နေတာလဲ။ ကျုပ်တို့က တမိသားစုတည်းလေ….”

“ဒါဆို ရှင် စာရင်းသွားသွင်းလိုက်လေ။”

လီယောင်သည် သူမကို လုံး၀ပင် မျက်နှာသာမပေးသည်ကို မြင်ရသောအခါ ရှန်းရှီသည် ဒေါသထွက်သွားခဲ့သည်။ သို့သော် စာရင်းပေးသွင်းရန် နောက်ကျလျှင် သူမ၏ အခွင့်အရေးများ ပျက်သွားမည်ကို ကြောက်သဖြင့် သူမသည် အလျင်အမြန်ပင် လီကျန်းကို သွားရှာခဲ့သည်။

နောက်ဆုံးတွင် လူအယောက် ၇၀ကျော် စာရင်းသွင်းခဲ့သည်။

တချို့လူများသည် ယခင်တခေါက်ကဲ့သို့ပင် ဆန္ဒအလျောက် လုပ်ခလစာကို လျော့ချင်နေခဲ့ကြသည်။ အလုပ်လုပ်ရန်အတွက် တရက်လျှင် ငါးဝမ်သာ ပေးရန် ထက်သန်စွာဖြင့် ကမ်းလှမ်းခဲ့ကြသည်။

လီကျန်းသည် ရွာသူရွာသားများကို ကောင်းကောင်းသိနေခဲ့ပြီး တည်တည်ငြိမ်ငြိမ် လုပ်ကိုင်နိုင်သော ရိုးသားသည့် အသက်သုံးဆယ်ကျော် အမျိုးသမီးနှစ်ဦးကို လျင်မြန်စွာ ရွေးချယ်ခဲ့သည်။

ရှန်းရှီခဲ့သို့ လေကျယ်သူများကို တိုက်ရိုက်ပင် ဖယ်ထုတ်ခဲ့သည်။ သူမသည် ခြေထောက်ကို ဆောင့်ကာ ဒေါသအလွန်ထွက်ခဲ့ပြီး သူမ၏ ယောက္ခမကို အတင်းပြောရန် သွားခဲ့သည်။

“လီကျန်း၊ ကျုပ်တို့က လစာလျော့ဖို့ ပြောထားပြီးသားလေ။ ဘာလို့ သူတို့ကို ရွေးတာတုန်း။”

“ဟုတ်တယ်၊ ဘာလို့ စျေးပိုသက်သာတဲ့ အလုပ်သမားကို မသုံးတာလဲ။ ပိုက်ဆံ မကုန်ဘူးလား။”

“ကျုပ်ပြောတာ နားထောင်ကြ”ဟု လီကျန်းက ပြောခဲ့သည်။ “လီယောင်က နောက်ထပ်လူတွေ ထပ်လိုဦးမှာလို့ ပြောထားတယ်။ အခုအရွေးမခံရတဲ့သူတွေ ခဏစောင့်နေကြ။”

“ခင်ဗျား နောက်တခါ ကျုပ်ကို ရွေးရမယ်နော်။”

…………………………………………………………………………………

လူစုခွဲပြီးနောက် အရွေးခံထားရသော လျို့ယောင်းမနှင့် ဟူ‌ယောင်းမတို့သည် လီယောင်၏ အိမ်သို့ ရောက်လာခဲ့ကြသည်။

ရိုးသားသည့် အမျိုးသမီးနှစ်ဦးသည် လီယောင်ကို ယခင်ကတည်းက ရန်မစရဲခဲ့ကြပေ။ ယခုအခါ သူမ၏ မိသားစုအတွက် အလုပ်လုပ်ရသောအခါ အနည်းငယ် စိုးရိမ်နေခဲ့ကြသည်။ အကယ်၍ သူမတို့ မတော်တဆ သူမအား ဒေါသထွက်စေခဲ့ပါက သူမတို့ အလွန်အမင်း အကြိမ်းအမောင်း ခံရမည်လား သို့မဟုတ် သူမတို့၏ လစာတွေများ အနုတ်ခံရမလားကို ဘယ်သူမှ မသိနိုင်ပေ။

ထို့ကြောင့် သူမတို့ နှစ်ဦးသည် ဝက်များနှင့် ငန်းများကို သန့်ရှင်းသပ်ရပ်သည်အထိ အညစ်ကြေးကင်းစင်အောင် ဆေးကြောခဲ့ကြသည်။ လီယောင်သည် စစ်ဆေးပြီးနောက် ဘာပြဿနာမှ မရှိသောအခါ သူမတို့အား ချက်ချင်းပင် ငွေပေးချေခဲ့သည်။

“မနက်ဖြန် နေ့လည်ကျရင် ပြန်လာခဲ့ပါ။”

အိမ်အပြန်လမ်းတွင် နှစ်ယောက်စလုံး တအံတဩဖြစ်ကာ မူးဝေနေခဲ့သည်။

တခြားသူအတွက် အလုပ်လုပ်သည့်အခါ မည်သို့ပင် ဂရုတစ်စိုက် လုပ်ခဲ့သည်ဖြစ်စေ၊ ပိုင်ရှင်များက မည်သို့ပင် ခပ်ပေါ့ပေါ့ဖြစ်ကာ လွယ်ကူနေပါစေ၊ ပုံမှန်အားဖြင့် အမှားသေးများကို လုပ်မိကာ ပြစ်ချက်အနည်းငယ်ကို တွေ့ရစမြဲဖြစ်ကာ လစာလျော့ခံရလေ့ရှိသည်။ သို့သော် ကြမ်းတမ်းရိုင်းစိုင်းသည့် လီယောင်သည် အမှန်တကယ်ပင် အလွန် မျှတခဲ့သည်။

ဤသည်မှာ သူတို့သိသည့် လီယောင် မဟုတ်သည်မှာ သေချာပေသည်။

နောက်ထပ် အလုပ်လုပ်သည့် လူနှစ်ယောက်ရှိခြင်းသည် လီယောင်အတွက် ပိုမိုလွယ်ကူသွားစေခဲ့သည်။ သူမသည် တညလုံး နေရန် မလိုအပ်တော့ပေ။ ပို၍ပင် သက်တောင့်သက်သာ ရှိနေခဲ့လေသည်။

နောက်ထပ် သုံးရက် ချောချောမွေ့မွေ့ ဖြတ်သန်းသွားခဲ့သည်။

အသားပြုတ်ဆိုင်မှ တရက်လျှင် အမြတ်ငွေ ဝမ် ၂၆၀၀ ရရှိခဲ့သည်။ ဘဲငန်းနှပ်သည် တနေ့လျှင် ဝမ် ၁၂၀၀ အမြတ်ရခဲ့သည်။ နေ့စဥ် အသုံးစရိတ်များကို နုတ်ယူခဲ့ပြီးနောက် မိသားစုသည် တနေ့လျှင် အသားတင်ဝင်ငွေ ၃၅၀၀ ရရှိခဲ့သည်။

ရက်အနည်းငယ် ကြာသောအခါ လီယောင်သည် ငွေ ၁၅ချောင်း စုမိခဲ့ပြီး ထိုခေတ်က သာမာန်သူများထက် သာလွန်သည်။

သို့သော် သူမသည် ဇိမ်ရှိသော အိမ်အကြီးကြီးတစ်လုံးကို ဆောက်ချင်နေခဲ့သည်။ ဤမျှ ငွေအနည်းငယ်လေးဖြင့် အိမ်၏အခြေခံ အုတ်မြစ်အတွက်ပင် မလုံလောက်ချေ။

သူမသည် ငန်းနှပ်လုပ်ငန်းကို ချဲ့ထွင်ရန် ပြင်ဆင်နေစဉ်အတွက်မှာပင် လူအိုကြီးကျန်းဘက်တွင် ပြဿနာများ ပေါ်ပေါက်ခဲ့သည်။

All Chapters