← Chapters

ဆရာက မင်းကိုတွေ့ချင်နေတယ်

Vol. 126 Ch. 1752

ဆရာက မင်းကိုတွေ့ချင်နေတယ်

Vol. 126 Ch. 1752

အကြီးအကဲဟွောင် ထိုသို့ပြောလိုက်သောအခါ မုခိုင်အန်း၏ စကားလုံးများမှာ ပိတ်ဆို့သွားသည်။

ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ဟုတ်တယ် အခုတော့ အကုန်လုံး လူစုခွဲလိုက်တာ ကောင်းမယ်”

“ဟုတ်ပြီ ခွဲသွားကြတာပေါ့” ရှောင်ရော့ပိုင်နှင့် တခြားသူများ ဘာမှ မပြောနိုင်ခင်မှာပင် အကြီးအကဲဟွောင်သည် မုခိုင်အန်းကို ပြောလိုက်သည် “သခင်မလေးရှောင် သခင်လေးကုန်းဇီ အတူလိုက်ချင်လား”

“ရှင်တို့ အရင်သွားနှင့်လိုက်ပါ” ရှောင်ရော့ပိုင်သည် ခပ်သဲ့သဲ့သာ ပြော လိုက်သည်။

“ဟုတ်ပြီ ကျုပ်တို့ အရင်နှုတ်ဆက်ပါတယ်” အကြီးအကဲဟွောင် ထိုသို့ ပြောပြီးနောက် မုခိုင်အန်းကိုဆွဲကာ အရှေ့သို့ပြေးလေသည်။

“ယူယူ မုမိသားစုက အမြဲတမ်းဒီလိုပဲ စိတ်ထဲထားဖို့မလိုဘူး” ကုန်းဇီယွမ် သည် သူမကို နှစ်သိမ့်လေသည်။

“ငါလည်း စိတ်ထဲမထားပါဘူး” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ငါက သာမာန်ကိစ္စတွေ လူတွေကို ဂရုမစိုက်ဘူး အဲလိုလိုက်ဂရုစိုက်နေရင်လည်း ဘယ်လောက် ပင်ပန်းလိုက်မလဲ”

သူသည် သူတို့နှင့် ပို၍ရင်းနှီးအောင် ကြိုးစားသင့်သည်ဟု စဉ်းစားခဲ့ သည်။ သို့သော် သူနှင့် သူငယ်ချင်းမဖြစ်ခင်မှာပင် ဤကဲ့သို့ ပစ်ထားသွားသဖြင့် ထိုမျှလောက် ဝမ်းမနည်းပေ။

“သူကတော့ နေရာရွေးသွားလိုက်ပြီ အနောက်မှာ အံ့ဖွယ်သားရဲရှိသေး တယ် အဲဒါကြောင့် ငါတို့တွေ တစ်လမ်းစီပဲရွေးလို့ရတော့မယ်” သူမ ဆက်ပြော လိုက်သည် “မင်းတို့နှစ်ယောက် ဟိုဘက်ကိုသွားလိုက် ငါကျန်တဲ့ကောင်တွေကို မျှားခေါ်သွားမယ်”

“ငါတို့ မင်းနဲ့အတူသွားမယ်” ကုန်းဇီယွမ် ပြောလိုက်သည်။

“မဖြစ်ဘူး” ရှီမာယူယူ ခေါင်းခါလိုက်သည် “အကြီးအကဲဟွောင်ပြော သလိုပဲ မုခိုင်အန်းမှာ သူ့ကိုမျှော်လင့်ထားတဲ့ မိသားစုရှိတယ် မင်းတို့ နှစ်ယောက်လည်းအတူတူပဲ ပြောရရင် ငါတို့က ရက်နည်းနည်းလောက်ပဲ ရှိခဲ တာ ငါနဲ့အတူရှိနေပေးဖို့မလိုပါဘူး”

“ဒါပေမဲ့ မင်းမှာဝိညာဉ်စွမ်းအားမှမရှိတာ အံ့ဖွယ်သားရဲအလိုက်ခံရရင် မင်း အန္တရာယ်ဖြစ်မှာပေါ့” ကုန်းဇီယွမ် ပြောလိုက်သည်။

“မင်း ငါ့နောက်လိုက်ရင် အတူတူဆွဲချသလိုဖြစ်လိမ့်မယ် ငါတို့ ဆွေးနွေး နေဖို့အချိန်မရှိဘူး မင်းတို့နှစ်ယောက် ဟိုဘက်ကိုသွားလိုက် ငါ တခြားတစ်ဖက် ကိုသွားလိုက်မယ်” ရှီမာယူယူ ပြောပြီးသည်နှင့် အမည်းလေးကိုပုတ်ကာ သူမ ပြောသည့် ဘက်သို့ပြေးထွက်သွားလိုက်သည်။

အံ့ဖွယ်သားရဲများသာ သူမကို ပစ်မှတ်ထားလိုက်လာပါက မီအာကို ထုတ်ရန် စဉ်းစားထားသည်။ သူတို့ သူမနောက်လိုက်လာလျှင် ပို၍ အဆင်မပြေ ဖြစ်နိုင်သည်။

သို့သော် သူမ မီတာရာဂဏန်းအနည်းငယ်မရောက်ခင်တွင် အနောက်မှ လှုပ်ရှားမှုရှိသဖြင့် ခေါင်းလှည့်ကြည့်ရာ ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ နှစ် ယောက်လုံးသည် သူမနောက်မှ လိုက်လာသည်ကို မြင်လိုက်ရသည်။

“မင်းတို့နှစ်ယောက်….”

“ငါတို့ မင်းနဲ့အတူလိုက်မယ်” ရှောင်ရော့ပိုင် ပြောလိုက်သည် “မင်းကြောင့်လားဆိုတာ အတည်ပြုလို့မရသေးဘူး ပြီးတော့ အဲလိုဆိုရင် မင်းကို နောက်မှထားခဲ့လိုက်မယ် အခုတော့ ပြေးရအောင်”

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်သည် သူမကိုကျော်သွားကာ ရှေ့သို့ ဆက်ပြေးလေသည်။

ရှီမာယူယူသည် အနောက်မှလူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူမ မတတ်သာစွာဖြင့် ခေါင်းခါလိုက်သည်။ သို့သော် သူမ စိတ်ခံစားချက် ကောင်းသွားသည်ကို နှုတ်ခမ်းထောင့် ကွေးညွှတ်တက်သွားခြင်းက ပြသနေ၏။

သို့သော် သူတို့ ပြေးသွားသည့်ဘက်မှာ လမ်းမရှိသည်ကို သူတို့ သတိ မထားမိကြပေ။ အတွင်းဒေသသို့ရောက်သွားသည်နှင့် ထွက်ရမည့်လမ်းမှာ သူတို့နှင့် ဝေးသထက်ဝေးသွားသည်။

သူတို့သုံးယောက်သည် ကမ်းပါးတစ်ခုသို့ ရောက်လာသည်။ ရှီမာယူယူ သည် တောင်ကမ်းပါးကိုကြည့်ပြီး ခါးသက်စွာ ပြုံးလိုက်သည် “ဒီကိုရောက်လာ ပြန်ပြီ”

သူတို့သုံးယောက်လုံးမှာ လေထဲတွင် ပျံနိုင်သည့် စွမ်းရည်မရှိကြကာ တောင်ကမ်းပါးအစွန်းသို့ ရောက်ချိန်တွင် နည်းလမ်းမရှိကြတော့ပေ။

“အရင်က ဒီကိုရောက်ဖူးလား”

“ဒီနေရာက မုရုန်ရှီနဲ့ ငါ အရင်ကကျသွားဖူးတဲ့ တောင်ကမ်းပါးပဲ” ရှီမာယူယူသည် ပြန်လှည့်လိုက်ကာ ပြန်သွားရန်စဉ်းစားလိုက်သည်။ သို့သော် ထိုအရာမှာ မဖြစ်နိုင်ပေ။

အံ့ဖွယ်သားရဲသုံးကောင်သည် အလယ်တွင်လာပိတ်ကာ ကာကွယ်သူများ လည်း ပျောက်နေကြသည်။ သူတို့ သေသလား ရှင်သလားကိုပင် မသိရပေ။

“အခု တကယ်ပြီးသွားပြီ မင်းတို့နှစ်ယောက် ငါနဲ့သေတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။

“သေမယ်ဆိုတာကို ငါတွေးဖူးပေမဲ့ ဒီလောက် အစောကြီးသေမယ်လို့ ထင်မထားဘူး” ရှောင်ရော့ပိုင်သည် သူမကိုယ်သူမ သနားသလိုပြောသည်။ သို့သော် နောင်တရသည့် လေသံမဟုတ်ပေ။

သူမသည် သူမ၏ဆုံးဖြတ်ချက်အတွက် မည်သောအခါမှ နောင်တမရပေ။ သူမ ဆုံးဖြတ်ထားသည့်လမ်းသည် ပြီးမြောက်ရန် ဒူးထောက်ရမည်ဆို လျှင်တောင် သူမ ပြီးဆုံးအောင်လျှောက်မည်။

“တောင်ကမ်းပါးက မြင့်တယ် မင်း အရင်က ဒီမှာအသက်ရှင်ခဲ့ပေမဲ့ ဒီတစ်ခေါက်လည်း အသက်ရှင်ဖို့အတွက် ပြဿနာမဖြစ်နိုင်ဘူးမလား” ကုန်းဇီယွမ်သည် မျှော်လင့်ချက်ပါသော လေသံဖြင့် မေးလေသည်။

“ငါလည်း အတိအကျမပြောနိုင်ဘူး” ရှီမာယူယူသည် အောက်ကမည်သို့ ရှိသည်… သူမ မည်သို့အသက်ရှင်ကျန်နေခဲ့သည်ကို မမှတ်မိပေ။ ထို့ကြောင့် သူမတွင် မည်သည့်ထင်မြင်ချက်မှ ရှိမနေပေ “ဒါပေမဲ့ သူတို့က ငါတို့ကို အရှင် ထားမှာမဟုတ်ဘူး”

သုံးယောက်လုံးသည် အံ့ဖွယ်သားရဲ သုံးကောင်ကို ကြည့်လိုက်သည်။ သူတို့ ကျသွားပြီး အသက်ရှင်လျှင်တောင် ထိုအကောင်များလိုက်၍ လာသတ် နိုင်သည်။

“အခုဘာလုပ်ကြမလဲ” ရှောင်ရော့ပိုင် မေးလိုက်သည်။

ထိုအံ့ဖွယ်သားရဲများမှာ အနည်းငယ်ထူးဆန်းသည်ကို ရှီမာယူယူ ခံစားမိ သည်။ အံ့ဖွယ်သားရြများသည် ရပ်နေကာ သူတို့ကို အလောတကြီးမသတ်ပေ။ သူမ ရှေ့တိုးပြီး မေးလိုက်သည် “မင်းတို့က ငါ့နောက်ကိုလိုက်တာလား”

“ဆရာက မင်းကိုတွေ့ချင်နေတယ်” ငှက်မည်းကြီး ပြောလေသည်။

“ဟင် မင်းတို့က ငါ့ကိုသတ်ဖို့လာတာမဟုတ်ဘူးလား” ရှီမာယူယူ အံ့အား သင့်သွားသည်။ သူတို့မှားများမှားနေသလား။

“ငါ မင်းတို့လို လူတွေကို တကယ်အော်ငေါက်လိုက်ချင်တယ် လူတွေက ဘယ်လိုများ စဉ်းစားနေကြတာလဲ ငါတို့က မင်းကိုသတ်ဖို့လာတာမဟုတ်ဘူး ဘာလို့အဲလောက်တွေ ပြေးနေတာလဲ” သစ်ကြုတ်အံ့ဖွယ်သားရဲသည် စိတ်မရှည်ဘဲ မြေကြီးကို ကြံ့ခိုင်စွာဖြင့် ရိုက်လိုက်သည်။

“….” သူတို့သုံးယောက်မှာ ရှက်ရွံ့သွားကြသည်။ အံ့ဖွယ်သားရဲတွေက သူတို့ကို သတ်ဖို့စိတ်ကူးမရှိဘူးပဲ။ ဒါဆိုရင် သူတို့က ဘာလို့ပြေးနေကြတာလဲ။

“မင်းတို့ ဆရာက ဘယ်သူလဲ ဘယ်သူက ငါ့ကိုတွေ့ချင်တာလဲ” ရှောင်ရှော့ပိုင် မေးလိုက်သည်။

“မင်း” သစ်ကြုတ်၏ လက်သည်းများသည် ရှီမာယူယူဆီသို့ ညွှန်ပြလာ သည်။

“မင်းတို့ဆရာက ငါ့ကိုဘာလို့တွေ့ချင်တာလဲ” ရှီမာယူယူ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဆရာက မင်းကိုတွေ့ချင်နေတာ ဘာလို့လဲဆိုတာကို ငါတို့က ဘယ်လို လုပ်သိမှာလဲ” တခြားသော အံ့ဖွယ်သားရဲမှာ အနည်းငယ်စိတ်မရှည်ပေ “ဟင်း.. ဒီလိုအရုပ်ကလေးကို တွေ့ချင်တာများ ငါတို့သုံးကောင်က လိုက်ဖိတ်နေရတယ်”

“ဆရာမှာလည်း သူ့ဘာသာသူ စိတ်ကူးရှိပါတယ်” ငှက်မည်းကြီးသည် အပြစ်တင်လေသည် “ဟုတ်ပြီ မိန်းကလေး ငါတို့နဲ့လိုက်ခဲ့ပါ”

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ခေါင်းညိတ်ပြီး လျှောက်သွားမည်အပြုတွင် သူမ၏ လက်မောင်းမှာ ကျန်နှစ်ယောက်၏ ဆွဲထားခြင်းကိုခံလိုက်ရသည်။

“ယူယူ သွားလို့မရဘူး သူတို့ဘာလုပ်ချင်တာလဲ မသိနိုင်ဘူး” ကုန်းဇီယွမ် သည် စိတ်မချစွာပြောလေသည်။

“ဟုတ်တယ် ဂရုစိုက်တာ ကောင်းမယ်” ရှောင်ရော့ပိုင် သဘောတူလေ သည်။

ရှီမာယူယူသည် သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးလိုက်သည် “စိတ်မပူပါ နဲ့ ဘာမှမဖြစ်ပါဘူး ပြီးတော့ ငါတို့က သူတို့သုံးကောင်ကို နိုင်မှာတဲ့လား”

သူမ ထိုသို့ပြောလိုက်သောအခါ ကျန်နှစ်ယောက်သည် ခေတ္တမျှ တွေဝေ သွားပြီး သူမလက်ကိုလွှတ်ကာ ပြောလိုက်သည် “ဒါဆိုလည်း အတူသွားကြ မယ်”

ရှီမာယူယူသည် အံ့ဖွယ်သားရဲသုံးကောင်ကို ကြည့်လိုက်သည်။ သူတို့ မငြင်းသည်ကို မြင်သောအခါ ခေါင်းညိတ်ပြီး ပြောလေသည် “ဟုတ်ပြီလေ”

နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမ ကမ္ဘာ့ထိပ်ဆုံးတွင် ရပ်တည်နိုင်ချိန် တွင် သူမ သူတို့ကိုမေးခဲ့သည်… အဲတုန်းက သူတို့ သူမနဲ့နေဖို့ ဘာလို့ရွေးခဲ့တာ လဲ။

ကုန်းဇီယွမ်သည် တည်ငြိမ်စွာပင် ပြောခဲ့သည် “ငါက မင်းကိုခေါ်ထုတ် လာတာလေ အဲတော့ မင်းကိုလုံလုံခြုံခြုံပဲ ပြန်ပို့ချင်တယ်” ထိုစကားများသည် အမှန်တကယ်ပင် သူ၏အတွေးဖြစ်သည်။ သို့သော် သူသည် ထပ်မပြောပေ။

ပြီးနောက် ရှောင်ရှော့ပိုင်သည် ပခုံးတွန့်ပြီး ပြောခဲ့သည် “အဲတုန်းက ငါ့ ဦးနှောက်က အလုပ်မလုပ်လို့ပဲနေမယ်”

ထိုစဉ်က ရှီမာယူယူသည် မဆိုးလှဟု သူမ ထင်မိသော်လည်း အသက်ကို ပေးရလောက်အောင် ထိတော့မဟုတ်ခဲ့ပေ။ အဲတုန်းက ဘာလို့ သူမနဲ့နေခဲ့မိ တာလဲ။ သူမသည် အမှန်တကယ်ပင် သူမ၏ဦးနှောက် ပုံမှန်းမဟုတ်သလို တစ်ခုခုက လှုံ့ဆော်နေသလို ခံစားရသည်။

သို့သော် သူမသည် ထိုဆုံးဖြတ်ချက်ချခဲ့မိသည်ကို ကျေးဇူးတင်မိတုန်း ပင်။ နောက်ပြန်ဆုတ်မိလျှင် သူတို့ကြားမှ ဆက်ဆံရေးမှာ ကောင်းလာမည် မဟုတ်ပေ။

သူတို့သုံးယောက်သည် အံ့ဖွယ်သားရဲများနောက်လိုက်သွားရာ အလယ်တွင်ရှိသော အမြင့်ဆုံးတောင်ရှေ့သို့ ရောက်လာသည်။ ငှက်မည်းကြီး သည် ရှီမာယူယူကို ပြောလေသည် “မင်း တစ်ယောက်ကိုပဲ ငါခေါ်သွားမယ်”

ပြောပြီးနောက်တွင် သူသည် ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ကို တောင်ခြေတွင် ထားခဲ့ပြီး သူမ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ တောင်ထိပ်သို့ ပျံသန်းသွားသည်။

ရှီမာယူယူသည် စိတ်ထဲတွင် မကောင်းသလိုခံစားရသည်။ သူမသည် သူတို့၏ ဆရာဖြစ်သူကို ဤသို့အပြုအမူဖြင့် ခေါ်သွားခံရသည်မှာ အရင်က တစ်ခါမှမခံစားဖူးသည့် အတွေ့အကြုံပင်ဖြစ်သည်။

***

All Chapters