← Chapters

ဘာမှမရှိတဲ့အရာကို နားထောင်ခြင်း

Vol. 29 Ch. 435

ဘာမှမရှိတဲ့အရာကို နားထောင်ခြင်း

Vol. 29 Ch. 435

ဆန်နီ တုန်လှုပ်သွားခဲ့တယ်။

သူကြားရတဲ့ အသံက ..သူ့ရဲ့ကိုယ်ပိုင်အသံမဟုတ်ပါဘူး။ဒီအသံက သာယာ တည်ငြိမ်နေပုံရပြီး..အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထု ကိုယ်တိုင်ကနေ ထွက်ပေါ်လာခဲ့ပုံရပါတယ်။

'..နောက်ဆုံးတော့ ငါတကယ် လွတ်သွားပြီလား..'

သူ ပထမဆုံးတွေးလိုက်မိတာက သူက နောက်တစ်ကြိမ်ရူးသွပ်သွားပြီး..ဘာမှမရှိတာတွေကို ကြားနေရပြီ ဆိုတာပါပဲ။

သူ့ရဲ့ ဒုတိယအတွေးကတော့..ပိုပြီး မသက်မသာဖြစ်စေပါတယ်။

'ချီးတဲ့မှပဲ..'

သူက အောက်ဘက်ကောင်းကင်ရဲ့ မစင်ကြယ်ခြင်းအဆင့် တိုက်တန်တစ်ကောင်ကို ခေါ်ထုတ်မိလိုက်တာလား..။

ဆန်နီ သူ့ရဲ့လက်တစ်ဖက်ကိုဆန့်တန်းပြီး ရက်စက်သောမြင်ကွင်းကို ထုတ်ယူဖို့အဆင်သင့်ဖြစ်နေပေမယ့် တွေဝေနေခဲ့တယ်။

တကယ်လို့ အသံရဲ့ပိုင်ရှင်က သူ အထင်မှားနေတာမဟုတ်ပဲ..လေဟာနယ်ထဲက သက်ရှိတစ်ကောင်ဆီကနေလာတာဆိုရင်..သူ့ကို သွားအနှောက်အယှက်ပေးတာက ဥာဏ်ကောင်းတဲ့အရာ ဖြစ်နိုင်ရဲ့လား..။ငွေရောင် ဓားသားကရော တစ်ခုခု လုပ်နိုင်စွမ်းတောငိ ရှိပါ့မလား..။

'စိတ်အေးအေးထား...စိတ်အေးအေးထား..။မင်းက အရာတစ်ခုလုံးကို ထင်ယောင်ထင်မှား ဖြစ်နေတာ ဖြစ်နိင်တာပဲ .'

သူ့အတွေးတွေကို ပြန်ဖြေလိုက်တဲ့အလား..လေဟာနယ်က ညှင်သာစွာ ရယ်မောလိုက်တယ်။

"အာ..ငါ တောင်းပန်ပါတယ်။ငါမင်းကို ကြောက်လန့်အောင် လုပ်လိုက်မိတဲ့ပုံပဲ.."

ဆနိနီ တံတွေးကိုမြိုချလိုက်တယ်။

ဒီအသံက လူငယ်လေးတစ်ယောက်ရဲ့ အသံပါ။သို့ပေမယ့် သူ ဘယ်လောက်ပဲ အမှောင်ထဲကိုကြည့်ပါစေ..ဘာကိုမှမမြင်ရသလို..အနီးနားမှာလည်း ဘာမှ မရှိပေ။

သူက ကိုင် နဲ့ပထမဆုံးတွေ့ခဲ့ဖူးတဲ့ အချိန်ကိုတောင် ပြန်သတိရမိတယ်..။ဒီတစ်ကြိမ်က..ဒီတစ်ကြိမ်ကတော့ ပိုပြီးကြောက်မက်ဖွယ် ကောင်းနေခဲ့တာပါ။

"ရ..ရပါတယ်။ငါက ဒီတိုင်း..နောက်ထပ်လူသားတစ်ယောက်ရဲ့ အသံကိုကြားရလိမ့်မယ်လို့ မထင်ထားခဲ့တာ..။မင်း..အာ..မင်းက လူသားတစ်ယောက်ပါနော်..ဟုတ်တယ်မလား.."

လေဟာနယ်က ခနကြာအောင် တိတ်ဆိတ်သွားပြီး နောက်မှာ ပုံမှန်အသံနဲ့ပြန်ဖြေလာခဲ့တယ်။

"လူသားတစ်ယောက်လား..။ငါလည်း လူသားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်..။အဲလိုထင်တာပဲ.."

ဒီအသံက ဘယ်နေရာကနေ လာနေတာလဲဆိုတာကိုတောငိ သေချာမသိနိင်ဘူးဆိုတာကို ဆန်နီ နားလည်လိုက်တယ်။ဒါက ဒီတိုင်း..အဲဒီမှာ တစ်နည်းနည်းနဲ့ ရှိနေတာပါ..။သူ့ ပတ်လည်က..နေရာအနှံ့မှာ..

သူ သတိထားလိုက်ပြီး သိချင်စွာမေးလိုက်တယ်။

"ဖြစ်ခဲ့ဖူးတာလား..။ဒါဆို မင်းက အခုဘာလဲ.."

အသံက အချိန်တစ်ချို့လောက် ပျောက်ကွယ်သွားပြီးကာမှ သက်ပြင်းချလိုက်တယ်။နောက်ဆုံးတော့ ဒါက ပြန်ဖြေလာခဲ့ပါတယ်။

"..ပျောက်ဆုံးသူ.."

ဆန်နီ မျက်တောက်ခတ်လိုက်တယ်။

'ဒါက ဘယ်လို ငရဲကို ဆိုလိုတာလဲ..'

"ပျောက်ဆုံးတာလား..။အောက်ဘက် ကောင်းကင်မှာလမ်းပျောက်နေတာလား.."

အမှောင်ထုက ဝမ်းနည်းစွာရယ်မောလိုက်တယ်။

"..မဟုတ်ဘူး..။အောက်ဘက် ကောင်းကင်မှာ မဟုတ်ဘူး.."

ဆန်နီ ကျောချမ်းသွားသလို ခံစားလိုက်ရတဲ့ အချိန်မှာပဲ ဒါက ဆက်ပြောလာခဲ့တယ်။

"ငါ စိတ်မကောင်းပါဘူး။ငါက တစ်စုံတစ်ယောက်နဲ့ စကားမပြောဖြစိတာ အတော် အတော်ကိုကြာနေပြီလေ..။ပျောက်ဆုံးတယ်လ်ို့ ပြောမယ့်အစား..ငါက ပျောက်ဆုံးသူတွေထဲက တစ်ယောက်လို့ ပြောရမှာ။အစစ်အမှန်ကမ္ဘာကြီးမှာရှိနေတဲ့ ငါ့ရဲ့ ခန္တာကိုယ်က ဖျက်ဆီးခံခဲ့ရတယိလေ။ဒါပေမဲ့ ငါ့ရဲ့ ဝိဥာဥ်ကတော့ အိပ်မက်ကမ္ဘာထဲမှာ ဆက်လက်တည်ရှိနေတုန်းပဲ။ဒီရှင်းပြချက်က ပိုပြီး ရှင်းလင်းမယ်လို့ မျှော်လင့်ပါတယ်.."

ပျောက်ဆုံးသူတွေထဲက တစ်ယောက်။

ဆန်နီ က အပြင်မှာကိုယ်တိုင်မတွေ့ဖူးပေမယ့် ဒီလူတွေကို သိထားပါတယ်။ဒါက ဝိဥာဥ်တွေကို ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ဟောလိုး တွေလိုပါပဲ။သူတို့တွေကလည်း ပျောက်ဆုံးသူ တွေပါ။အစစ်အမှန်ကမ္ဘာမှာ ထားခဲ့တဲ့ ခန္တာကိုယ်က တစ်နည်းနည်းနဲ့ သေဆုံးသွားပြီး..သူတို့ရဲ့ ဝိဥာဥ်တွေက အိပ်မက်ကမ္ဘာမှာ ကျန်ရစ်နေတဲ့လူတွေ။ခန္တာကိုယ်ပျောက်ကွယ်ပြီးသွားတာနဲ့ ဝိဥာဥ်တွေကပါ မကြာခင်ပျောက်ကွယ်သွားတတ်ကြတာကြောင့် ဒီလိုလူမျိုးတွေက အများကြီး မရှိပါဘူး။သို့ပေမယ့်..တစ်ချို့တော့ ရှိကြပါတယ်။

အသံပိုင်ရှငိက ပျောက်ဆုံးနေတဲ့ ဝိဥာဥ်ဖြစ်တယ်ဆိုတာကို သိတဲ့အချိန်မှာ ဆန်နီ နည်းနည်း စိတ်သက်သာရာရသွားခဲ့တယ်။ဒီ သူစိမ်းက သူ့ကို အမှန်အတိုင်းပြောနေတယ်ဆိုတာ ယုံကြည်ဖို့ အကြောင်းပြချက်တော့ မရှိပါဘူး။သူက အိပ်မက်ဆိုးသားရဲ ဖြစ်နေနိုင်ပါသေးတယ်။

ဒါမှမဟုတ် ပိုပြီးဆိုးဝါးတဲ့အရာ..။

သို့ပေမယ့် သူက ပျောက်ဆုံးသူဆိုရင်တောင် သူတိုဘယ်လိုလုပ် စကားပြောနေနိုင်ကြတာလဲဆိုတာကို မရှင်းပြနိုင်သေးပေ။ဆန်နီ သိသလောက်တော့ ပျောက်ဆုံးသူတွေက ..အိပ်မက်ကမ္ဘာထဲမှာရှိကြတဲ့ တစ်ခြား နိုးထသူ တွေလိုပါပဲ။သူတို့က ဒီတိုင်း အစစ်အမှန်ကမ္ဘာကြီးကိုပဲ မပြန်နိုင်ကြတော့တာပါ။

သူတို့တွေက လေဟာနယ်ထဲက ထွက်လာတဲ့အသံနဲ့ တစ်သားတည်းဖြစ်နေကြတဲ့ အရာတွေမဟုတ်ကြပါဘူး။

သူက ကိုယ်ကိုခနလောက်ရွေ့လျားလိုက်ပြီး..လိုအပ်ရင် ကိုယ့်ကိုကို ကာကွယ်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

"ကြားရတာ စိတ်မကောင်းပါဘူး။ဒါပေမဲ့ ငါက မင်းရဲ့အသံကိုကြားရပြီး..ဘာလို့ မမြင်ရတာလဲ.."

အသံက ခနလောက်တွေဝေသွားခဲ့ပြီးမှ ကျေနပ်တဲ့အမူအရာနဲ့ ပြန်ဖြေလိုက်တယ်။

"ဒါက မေးခွန်းကောင်းပဲ.."

ဆန်နီ ဒီအတွက်အဖြေကို စိတ်ရှည်ရှည်စောင့်ဆိုင်းနေခဲ့ပေမယ့် ဒီတိုင်းပဲ ရှိနေတဲ့ပုံပါပဲ။အနည်းငယ် အနှောက်ယှက်ဖြစ်သွာပဲ သူပြောလိုက်တယ်။

"ကောင်းပြီလေ..။မင်းက မရှင်းပြတော့ဘူးလား.."

အဲဲဒီအစား အသံက ရုတ်တရက် မေးလိုက်တယ်။

"မင်းက ဘာလို့အောက်ဘက်ကောင်းကင်ကို ဆင်းလာရတာလဲ..။ဒါက အရမ်းအန္တရာယ်များတဲ့ နေရာပဲ"

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးကာမှချောင်းဆိုးလိုက်တယ်။

"အာ..ဒါက..ကောငိးပြီလေ..။သ်ိတဲ့အတိုင်းပဲ..ငါက အောက်ဘက်ကောင်းကင်ကို ဆင်းသက်လာတာမဟုတ်ဘူး..။ပြုတ်ကျလာခဲ့တာ..။ငါက ဖိနိပ်မူကြောင့် ကျွန်းတစ်ခုမှာ ပိတ်မိနေပြီး..ဝမ်းနည်းစွာပဲ ကျွန်းရဲ့ ချိန်ကြိုးတွေက ပြတ်တောက်သွားခဲ့တယ်။ဒီတော့ ငါက ခုန်ချဖို့လိုအပ်ပြီး ..ဒီကို ရောက်နေတာပဲ.."

ယင်းနောက် သူ မျက်မှောင်ကျုတ်လိုက်တယ်။

"ခနလေး..အန္တရာယ်များတဲ့နေရာလား..။ဘာလို့ဒါက အန္တရာယ်များတာလဲ..။ငါ ဒီနေရာမှာ အန္တရာယ်များတာ ဘာမှမတွေ့ရပါလား.."

အသံက ခနလောက်တွေဝေသွားပြီး နောင်တရစွာ သက်ပြင်းချလိုက်တယ်။

"မင်းတွေ့လိမ့်မယ်..။မင်း ကြယ်တွေဆီကို ရောက်တဲ့အခါကျရင် မင်းတွေ့လိမ့်မယ်.."

ယင်းနောက် ဒါက ပျောက်ကွယ်သွားခဲ့တယ်။

ဆန်နီ အမှောင်ထုထဲကို စိုက်ကြည့်ပြီး အနည်းငယ်စိတ်အနှောက်ယှက်ဖြစ်နေခဲ့တယ်။

"ဘာကိုဆိုလိုတာလဲ..။ငါ ကြယ်တွေဆီကိုရောက်ရင် ဘာဖြစ်လာမှာလဲ.."

သို့ပေမယ့် အဖြေမရှိခဲ့ပေ။

ဆန်နီ ဘယ်လောက်ကြာအောင်ပဲ စောင့်နေပါစေ..အသံက သူ့ကို နောက်တစ်ကြိမ် ထပ်မပြောလာတော့ပါဘူး။လေဟာနယ်က ဘာမှမရှိမူနဲ့အတူတိတ်ဆိတ်နေခဲ့ပြီး..အရင်ကအတိုင်းရှိနေခဲ့တယ်။

အဆုံးမှာတော့..သူက နှာဖူးကို ပွတ်ကာ ကျိန်ဆဲလိုက်တယ်။

"ဒါက ဘယ်လိုငရဲ မျိုးလဲ.."

သူက အရာတစ်ခုလုံးကို ထင်ယောင်ထင်မှား ဖြစ်နေတာလား..။သူ့စိတ်တွေက အက်ကွဲလာတာလား..။

ဆန်နီက သာမန်ကျောက်တုံးကိုကြည့်ပြီး သူ့ကို စကားပြောပေးကာ..သူ့ရဲ့ဇာတ်လမ်းကို ပူးပေါင်းပေးဖို့ မျှော်လင့်ခဲ့ပါတယ်။ဝမ်းနည်းစွာပဲ မှတ်သားမူက လတ်တလောကြားခဲ့ရတဲ့ သူ့ရဲ့အသံကိုသာ ပြန်ပြောပေးနိုင်ခဲ့တယ်။

'ခနလေး..သူကြားခဲ့တဲ့ အသံတွေက..'

သူက အလျင်အမြန်ပဲ ကျောက်တုံးကို အမိန့်ပေးကာ လွန်ခဲ့တဲ့ မိနစ်အတွင်းမှာ သူကြားခဲ့ရတာတွေကို ပြန်ပြောဖို့ ညွှန်ကြားလိုက်တယ်။ယင်းနောက် အေးစက်တဲ့ ချွေးတွေက သူ့နှာဖူးကနေ ကျဆင်လာခဲ့ပါတယ်။သူရဲ့ အသံက ဘာမှမရှိတဲ့အရာနဲ့ စကားပြောနေတာကို သူ နားထောင်နေခဲ့ရတယ်။သူ့အသံကို ပြန်ပြောနေပေမယ့်..ထူးဆန်းတဲ့အသံ ရှိသင့်တဲ့အချိန်မှာတော့ ဘာမှမရှိပဲ တိတ်ဆိတ်နေခဲ့ပါတယ်။

သာမန်ကျောက်တုံးကို ပြန်သိမ်းလိုက်ပြီး ဆန်နီ ဆံပင်ကို ဖွကာ.ညဥ်းညူလိုက်တယ်။

"ရူးနေပြီ...ငါ လုံးဝရူးသွပ်သွားပြီ...ချီးတဲ့မှပဲ..။ဒါက လေးရက်ပဲ ရှိသေးတယ်..ငါက စိတ္တဇကောင် တစ်ယောက်လို ပြောင်းလဲနေပြီ.."

ရက်သတ္တပတ်တစ်ခုတောင် မပြီးဆုံးခင်မှာ သူက ရူးသွပ်နေခဲ့ပါပြီ။

"ဒါက အဆိုးဆုံးအားလပ်ရက် တစ်ခုပဲ.."

အတော်ကြာပြီးကာမှ သူ မျက်မှောင်ကျုတ်လိုက်တယ်။

ဒီဖြစ်ရပ်ကြီးတစ်ခုလုံး သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမူကြောင့် ဖြစ်လာတယ် ဆိုတာ သေချာသလောက်ရှိနေပေမယ့်..ဆန်နီက သိချင်စွာပဲ သေတ္တာရဲ့ အစွန်းကိုသွားကာ အောက်ကိုငုံ့ကြည့်လိုက်တယ်။အဝေးမှာတော့ တောက်ပတဲ့ကြယ်တွေကို မြင်နေခဲ့ရပါတယ်။

...သူကပဲ ထင်ယောင်ထင်မှားဖြစ်နေတာလား ဒါမှမဟုတ်..သူတို့ကပဲ..အနညိးငယ် နီးကပ်လာကြတာလား...။

All Chapters