ရွှေကြောင့်ဖြစ်ပေါ်လာတဲ့ ပီတိ
Vol. 29 Ch. 421
ရွှေဒင်္ဂါးတွေ လှုပ်ရှားသွားတဲ့အချိန်မှာတော့..ကြောက်မက်ဖွယ်ရာ တြိဂံပုံစံ သွားတွေအများကြီး ပေါ်ထွက်လာခဲ့တယ်။ဆန်နီ နောက်ကို ရုတ်လိုက်ပေမယ့် ဒါက နောက်ကျသွားခဲ့ပါပြီ။လေးလံတဲ့ သေတ္တာအဖုံးက ရုတ်တရက် အသက်ဝင်လာခဲ့ပြီး..အရမ်းကို လျင်မြန်လွန်းတဲ့အရှိန်နဲ့ ပိတ်သွားခဲ့တယ်။နောက်ထပ်အစွယ်တွေကလည်း သူ့ရဲ့နောက်ဘက် အစွန်းကနေ ပေါ်ထွက်လာခဲ့ပါတယ်။
' ဘာလဲ...'
သားရဲရဲ့ သွားတွေက သူ့ရဲ့လက်ကိုထိုးဖောက်တော့မယ့် စက္ကန့်အပ်ိုင်းအခြားလေးမှာပဲ ဆန်နီ ရဲ့လက်တစ်ဖက်က ..ရှေ့ကိုတိုးဝင်သွားခဲ့တယ်။ရက်စက်သော မြင်ကွင်းရဲ့ ဓားသွားက..သေတ္တာအဖုံးနဲ့ ရုပ်သေးဆရာရဲ့ဝတ်ရုံကြားထဲကို တိုးဝင်သွားခဲ့ပါတယ်။ခနအကြာမှာတော့..သေတ္တာက ပိတ်သွားခဲ့ပြီး ဆန်နီ ကိုယ်တိုင်ကတော့ အော်ဟစ်လိုက်ရတယ်။
သူ့ရဲ့လျင်မြန်လှတဲ့ တုန့်ပြန်မူကြောင့်..သားရဲက သူ့ရဲ့လက်တစ်ခုလုံးကိုတော့ မကိုက်နိုင်ခဲ့ပါဘူး။သို့ပေမယ့် သူ့ရဲ့ သွားတွေက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းနေခဲ့တယ်။တကျွတ်ကျွတ် အသံတွေနဲ့အတူပဲ သူ့ရဲ့အရိုးတွေက ကျိုးကြေလာခဲ့ပါတယ်။ရုပ်သေးဆရာရဲ့ဝတ်ရုံတော်ရော..အရိပ်ရဲ့အားဖြည့်မူကရော ဒီအငမ်းမရဖြစ်နေတဲ့ သေတ္တာရဲ့ခွန်အားကို မယှဥ်နိုင်ခဲ့ပါဘူး။
ဆနီဟာ သူ့ကိုသူ သားရဲရဲ့ပါးစမ်းထဲမှာ ဖမ်းခံနေရတာကို တွေ့လိုက်ရတယ်။ရက်စက်သောမြင်ကွင်းက သူ့ရဲ့ကျိုးပဲ့နေတဲ့ လက်ရဲ့အပေါ်မှာကန့်လန့်ဖြတ်ရှိနေခဲ့ပြီး..သေတ္တာရဲ့အပေါ်အဖုံးမှာရှိတဲ့ ချွန်ထက်တဲ့ သွားတွေကနေ ကာကွယ်ပေးထားခဲ့ပါတယ်။အောက်ဘက်ကနေတော့..များပြားလှတဲ့ တြိဂံပုံစံအစွယ်တွေက သူ့ရဲ့အကာအကွယ်ထဲကို နစ်ဝင်နေခဲ့ကြတယ်။သူဒီကနေ လွတ်မြောက်နိုင်ဖို့အတွက် သိသာတဲ့ နည်းလမ်းဆိုတာ မရှိခဲ့ပါဘူး။
'ဒီ ငရဲလိုအရာကြီးက ဘာလဲ..'
ဒင်္ဂါးအများအပြားက သားရဲရဲ့ပါးစပ်ထဲကနေ အောက်ကိုပြုတ်ကျလာတဲ့အချိန်မှာတော့..သေတ္တာကြီးက ပိုမိုပြင်းထန်စွာ ဖိအားများလာခဲ့ပြီး..ဆန်နီကို သေမတတ်နာကျင်မူကို ဖြစ်ပေါ်စေခဲ့တယ်။
"ခေ..ခွေးသား..။ငါ့ကိုလွတ်လိုက်..ပုပ်ပွနေတဲ့ သစ်သားကောင်.."
ပြန်လွှတ်ပေးမယ့်အစား..သေတ္တာက အနားကိုတိုးလာခဲ့ပြီး ဆန်နီကို ဒူးထောက်လဲကျသွားအောင် တွန်းအားပေးလာခဲ့တယ်။စိုစွတ်ပြီး ကြမ်းတမ်းတဲ့အရာတစ်ခုခုက သူ့လက်ကိုလာထိလာခဲ့ပါတယ်။ဒီအရာကြီးက သေတ္တာထဲက ရွှေတွေကြားကနေ ထွက်လာတဲ့ လျာအရှည်ကြီးဖြစ်ပြီး..တံတွေးတွေက တစက်စက်ကျဆင်းနေခဲ့တယ်။
ယင်းနောက် လျာကြီးက သူ့ရဲ့လည်ပင်းဆီကို ဦးတည်လာခဲ့ပါတယ်။
ဆန်နီက ကြောက်စရာမြင်ကွင်းကို ဒေါသတကြီး စိုက်ကြည့်ရင်း..အော်ဟစ်လိုက်တယ်။
"ချီးလိုပဲ အခိုက်အတန့်.."
ဒုတိယအရိပ် သူ့ခန္တာကိုယ်ကို ရစ်ပတ်သွားပြီး သူ့ရဲ့ခွန်အားတွေမြင့်တက်လာတဲ့အချိန်မှာတော့ ဆန်နီက သူ့ရဲ့ ကျိုးနေတဲ့လက်ကို ပြန်ဆွဲထုတ်ဖို့ကြိုးစားလိုက်တယ်။သို့ပေမယ့်..ကိူက်ထားတဲ့အရာက အတော်လေးကို သန်မာနေခဲ့ပါတယ်။သူလုပ်နိုင်ခဲ့တာဆိုလို့ ကျိုးကြေနေတဲ့အရိုးတွေတစ်ခုနဲ့ တစ်ခု တိုက်မိပြီး ဖြစ်ပေါ်လာတဲ့ နာကျင်မူကြောင့် သတိလစ်သွားမတတ်ပါပဲ။
"အား..ခရက် "
ပုံမှန်မဟုတ်လောက်အောင် ရှည်လျားတဲ့ လျာကြီးကတော့ ဆန်နီ ရဲ့ လည်ပင်းနားကို ရောက်လုနီးပါးဖြစ်နေခဲ့ပါပြီ။သူအော်ဟစ်လိုက်ပြီး..ရက်စက်သောမြင်ကွင်းကို..လှံရှည်အဖြစ် ပြောင်းလဲလိုက်တယ်။တစ်ချိန်တည်းမှာပဲ..သူက [ အနက်ရောင် မှန် ] စွမ်းရည်ကို အသက်သွင်းလိုက်ပြီး..အရိပ်အဆီအနှစ်များထည့်သွင်းကာ..ငွေရောင်အသွားကို ဝိဥာဥ်ဖျက်ဆီးနိုင်တဲ့ စွမ်းအားတွေ တိုးမြင့်ပေးလိုက်ပါတယ်။
မှတ်သားမူက သတ္တဝါရဲ့ ပါးစပ်ထဲကိုတိုးဝင်သွားပြီး သူ့ရဲ့ အနောက်ဘက်မှာရှိတဲ့..လည်ချောင်းပဲဖြစ်ဖြစ် ၊ တစ်ခြားဟာပဲဖြစ်ဖြစ်..အဲ့နေရာကို တိုးဝင်သွားခဲ့ပါတယ်။လှံသွားရဲ့ထိပ်က..သစ်သားထဲကို တစ် သို့မဟုတ် နှစ် စင်တီမီတာလောက်သာ ဖောက်ဝင်သွားခဲ့ပေမယ့်..ဒီအရာက သေတ္တာကို အတော်လေးနာကျင်သွားစေတဲ့ပုံပါပဲ။ဒီအတွက်ကြောင့်ပဲ သူက အော်ဟစ်လိုက်ပြီး ဆန်နီရဲ့ ဒဏ်ရာရနေတဲ့လက်ကို လွတ်မြောက်သွားစေခဲ့တယ်။
ဆန်နီ ကြမ်းပြင်ပေါ်မှာကျရောက်သွားပြီး တစ်ဖက်ကို လှည့်ပတ်သွားခဲ့ပါတယ်။ယင်းနောက် ဒူးတစ်ဖက်ထောက်လိုက်တယ်။
'ဟုတ်ပြီ..'
သူ့ရဲ့ ပြန်လည်လွတ်မြောက်မူအတွက် အောင်ပွဲမခံနိုင်သေးခင်မှာပဲ..သေတ္တာကရုတ်တရက် လှုပ်ယမ်းလာခဲ့ပြီး လေပေါ်ကို မြောက်တက်လာခဲ့တယ်။အောက်ဘက်မှာပုန်းနေတဲ့ ပိန်လှီပြီး ရွံ့စရာကောင်းတဲ့ ခန္တာကိုယ်က ထွက်ပေါ်လာခဲ့ပါတယ်။ဒင်္ဂါးပြားတွေ အများကြီးက ကြမ်းခင်းပေါ်ကို ပြုတ်ကျသွားခဲ့တယ်။
သတ္တဝါကြီးက ကျွမ်းကျင်အဆင့် ခန္တာကိုယ်ပျော့ပြောင်းသူ ဖြစ်ပုံရပါတယ်။ဘာလို့လဲဆိုတော့ သူ့ရဲ့ခန္တာကိုယ် အပြည့်အစုံဆိုရင် အားလုံးပေါင်းက သုံးမီတာလောက်အထိ ရှိနေခဲ့တာပါ။ဒီသားရဲက ဒီအသွေးအသားတွေ အားလုံးကို သေတ္တာထဲမှာ ဘယ်လို ဖုံးကွယ်ထားလဲဆိုတာကို မသိခဲ့ပေ။သေတ္တာက လူတစ်ယောက် ဝင်ဆန့်နိုင်လောက်တဲ့အထိ ရှိတယ်ဆိုရင်တောင် ဒါကမလွယ်ကူပါဘူး။သူ့ရဲ့ ရှည်လျားတဲ့လက်ချောင်းတွေက ရွံ့စရာဆူညံသံတွေနဲ့အတူ ပြန့်ကားလာခဲ့တယ်။ဒါက ဆန်နီရဲ့အပေါ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အုပ်မိုးထားပြီး..ရှည်လျားတဲ့ လျာကြီးကနေ တံတွေးတွေ တစက်စက် ကျဆင်းနေခဲ့ပါတယ်။
'အိုး..ချီးတဲ့မှပဲ...'
သူတောင်မတုန့်ပြန်နိုင်သေးခင်မှာပဲ သူ့ရဲ့ ရှည်လျားတဲ့လက်တွေထဲက တစ်ချောင်းကို လှုပ်ရှားလိုက်ပြီး သူ့ရဲ့ ရင်ဘတ်ကို ရထားတစ်စင်းလို ပြင်းထန်အားပါတဲ့ ကန်ချက်နဲ့ ကန်လိုက်ပါတယ်။
ဆန်နီ ရဲ့ ခန္တာကိုယ်က နောက်ကိုလွင့်စင်သွားပြီး အကာအကွယ်ပြည့်နက်နေတဲ့ အခန်းတံခါးကို ထိမှန်ကာ အပြင်ဘက်လူသွားလမ်းအထိ လွင့်စင်သွားခဲ့တယ်။
သူ ညဥ်းညူဖို့ကြိုးစားလိုက်ပေမယ့်..ဆိုးဝါးတဲ့ ထိခိုက်မူကြောင့် သူ့အဆုတ်ထဲမှာရှိနေတဲ့ လေတွေ အကုန်လုံးမရှိတော့ပါဘူး။သူ့ရဲ့ ဦးခေါင်းက တစ်ခုတည်းအဖြစ် ရှိနေဆဲပဲ..။သူ့ရဲ့ ကျောရိုးကလည်း ကောင်းသေးတယ်ဆိုရုံလောက် ရှိနေဆဲပါ။သို့ပေမယ့် သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးကတော့ ဆင်အုပ်ကြီးတစ်ခုလုံးက တက်နင်းသွားခဲ့သလို နာကျင်နေခဲ့ရတယ်။
သူ့ရဲ့ ဝေဝါးနေတဲ့အခြေအနေမှာ ဆန်နီ အကူအညီမဲ့စွာပဲ စိတ်ရှုပ်ထွေးစွာတွေးလိုက်တယ်။
'...ဆင်...ဆင်တစ်ကောင်ဆိုတာက ဘယ်လို သောက်ကျိုးနဲ လဲ..'
သို့ပေမယ့် သူ့ရဲ့ ဒီအတွေးတွေအားလုံးက..သူ့ခေါင်းထဲကနေ ပျောက်ကွယ်သွားခဲ့တယ်။ဒါက..ရွံ့စရာသတ္တဝါကြီးက..ခြေထောက်လေးချောင်းပြည့်သွားခဲ့ပြီး..သေတ္တာရဲ့အဖုံးနဲ့ နောက်တစ်ကြိမ်ကိုက်ဖို့ပြင်ဆင်ကာ..ရှေ့ကိုတက်လာနေလို့ပါ။
သို့ပေမယ့် သားရဲရောက်လာတဲ့ အချိန်မှာတော့ ကိုက်စရာ ဘာမှ မရှိတော့ပါဘူး။ဆန်နီက အရိပ်ခြေလှမ်းကို အသုံးပြုလိုက်ပြီး ကော်ရစ်ဒါနဲ့ ဆယ်မီတာလောက် ဝေးတဲ့ အရိပ်ထဲကနေ ကျိုးနေတဲ့လက်တစ်ဖက်နဲ့အတူ ထွက်လာခဲ့တယ်။
'အိုး..ချီးပဲ..။ဒါက အတော်နာတယ်..'
သွားတွေနဲ့သေတ္တာကြီးက လေပေါ်မှာ တစ်ခနလောက်ပျံသန်းလိုက်ပြီး ဖြည်းညှင်းစွာပဲ သူ့ဘက်ကို မျက်နှာမူလိုက်တယ်။
ဆန်နီ သက်ပြင်းချလိုက်ပြီး..သူ့ကိုသူ ကြမ်းပြင်ပေါ်ကနေ ထကာ မတ်တတ်ရပ်ဖို့ကြိုးစားလိုက်ပါတယ်။
သူ့ရဲ့ ပထမအကြိမ်ကြိုးစားမူက ကျရှုံးသွားခဲ့တယ်။
သူအံကိုကြိတ်ထားပြီး..လတ်တလောခံစားနေရတဲ့ နာကျင်မူ ဝေဒနာတွေကို ဖုံးကွယ်ထားလိုက်တယ်။ဆန်နီ သားရဲကို ဒေါသတကြီးကြည့်ပြီး အော်ဟစ်လိုက်ပါတယ်။
"မင်း ဒီကိုလာခဲ့..ခွေးသား.."
ဒီလိုပြောပြီးတာနဲ့ သူက ရက်စက်သောမြင်ကွင်းရဲ့အကူအညီနဲ့ မတ်တတ်ရပ်ကာ လှံသွားကို သားရဲဆီကို ချိန်ထားခဲ့တယ်။
သေတ္တာက ဘေးဘက်ကို အနည်းငယ်စောင်းသွားခဲ့ပါတယ်။
'ဘယ်လိုလုပ်..ဘယ်လိုလုပ် ဒီခွေးသားက ပြုံးနေတဲ့ပုံစံပေါက်နေရတာလဲ..။ဘယ်လိုလုပ် သေတ္တာတစ်လုံးက..ပြုံးနိုင်တာလဲ...'
သို့ပေမယ့် သူ မှားစရာအကြောင်းမရှိပါဘူး။သားရဲက သူ့ကို လှောင်ပြောင်နေခဲ့တာပါ။အထူးဖြင့် သူ့ရဲ့အတွင်းပိုင်းတစ်နေရာကနေ..အမြင့်သံတစ်ခုနဲ့ တခီခီရယ်နေတဲ့အသံထွက်ပေါ်လာတဲ့အချိန် ပိုသိသာပါတယ်။
ဒီအသံက ဆန်နီ ရဲ့ ဂုဏ်သိက္ခာနဲ့ အသံကြားနေရတဲ့ နားကို အရမ်းကို စော်ကားရာကျနေခဲ့တယ်။ဒီအသံကို နားထောင်ရမယ့်အစား..သူ့လက်မောင်းတွေကို နောက်တစ်ကြိမ် အကျိုးခံလိုက်ရတာကတောင် ပိုကောင်းနိုင်ပါဦးမယ်။
'ရယ်ရတယ်ပေါ့..ဟုတ်လား..'
ဆန်နီ ပြုံးလိုက်ပြီး လှံကို အောက်ကို နိမ့်လိုက်တယ်။
ပြီးတာနဲ့ လှံသွားကို သူ့ရှေ့မှာရှိနေတဲ့ ကြမ်းပြင်ပေါ်က နွယ်ပင်တွေထဲကတစ်ခုကို ထိုးစိုက်လိုက်ပါတယ်။
သတ္တဝါကြီးရဲ့ တခီခီ ရယ်မောနေတဲ့ အသံက လုံးဝရပ်တန့်သွားခဲ့တယ်။
ဒါက အေးခဲသွားပြီး ဆန်နီကို လုံးဝ ကြောင်အတဲ့အမူအရာနဲ့ကြည့်နေခဲ့ပါတယ်။
..ယင်းနောက် သူက တုန်ရီသွားခဲ့တယ်။
'အခုတော့ သိပ်မရီရတော့ဘူးပေါ့..ဟင်..'
ခနအကြာမှာတော့ သင်္ဘောကြီးတစ်ခုလုံးကပါ တုန်ရီလာခဲ့ပါပြီ။