← Chapters

ရိုင်းပြသော နိုးထမူ

Vol. 29 Ch. 422

ရိုင်းပြသော နိုးထမူ

Vol. 29 Ch. 422

ရှေးဟောင်းသင်္ဘောရဲ့ ကုန်တင်ခန်းထဲမှာ ရှိနေတဲ့ အရာက ဘာကြီးပဲဖြစ်နေပါစေ..သူက သူ့ရဲ့ သွေးကြောတွေကို ထိခိုက်ခံရတာမျိုးကို မကြိုက်နှစ်သက်ပါဘူး။သူ့ရဲ့ဝိဥာဥ်ကို ထက်ရှတဲ့ ဓားသွားနဲ့ လှီးဖြတ်ခံရတာမျိုးကို ပြောမနေတော့ပေ။သင်္ဘောပျက်ကြီးတစ်ခုလုံး တုန်လှုပ်သွားတဲ့အချိန်မှာတော့..နွေးထွေးတဲ့လေပြင်းတစ်ချက်က ဆန်နီရဲ့နောက်ကျောဘက်ကို တိုက်ခတ်လာခဲ့ပြီး ဆံပင်တွေ လွင့်ပျံသွားခဲ့တယ်။လေထုက အရင်ကထက်တောင်ပိုပြီး စိူထိုင်းနေခဲ့ပါတယ်။

သေတ္တာသားရဲက အေးခဲသွားခဲ့ပြီး သူ့ကို ထိပ်လန့်တဲ့အမူအရာနဲ့စိုက်ကြည့်နေခဲ့တယ်။လေထဲမှာလှုပ်နေတဲ့ သူ့ရဲ့ သွားတောင်မှ ရပ်တန့်သွားခဲ့ပြီး..ရွှေဒင်္ဂါးတွေရဲ့အောက်ဘက်ကို ပြန်ဝင်သွားခဲ့ပါတယ်။

အခုတော့ ဆန်နီ ရယ်မောရမယ့်အချိန်ပါပဲ။သူ့မျက်လုံးတွေထဲမှာ..ရက်စက်တဲ့အလင်းရောင်တွေ ပေါ်လာခဲ့တယ်။ရက်စက်သောမြင်ကွင်း ကို ပြန်ရုတ်လိုက်ပြီး သူ ပြောလိုက်တယ်။

"သဘောထားကြီးပေးပါဦး..။ငါက အတော်နမော်နမဲ့နိုင်တာပဲ.."

သတ္တဝါကြီးက ခနလောက်တွေဝေနေပြီးကာမှ သူ့ကို မုန်းတီးနေတဲ့အကြည့်နဲ့ကြည့်ကာ..ရတနာခန်းတံခါးဘက်ကို ပြန်လှည့်သွားခဲ့တယ်။သို့ပေမယ့်..ဒါက ပြန်ရပ်လိုက်ပါတယ်။

'တကယ်ကြီးလား...'

အရမ်းဆိုးဝါးတဲ့ အန္တရာယ်ဖြစ်တဲ့ သင်္ဘောပျက်ကြီးရဲ့ နိုးထလာတဲ့သခင်နဲ့ မျက်နှာချင်းဆိုင်တွေ့ရတော့မှာတောင်..သားရဲက တွေဝေနေတုန်းပါပဲ။သားကောင်က သူ့ရဲ့ ရှေ့မှာတင် ရှိနေခဲ့တာပါ။

ဆန်နီရဲ့ ကံဆိုးမူကြောင့်ပဲ...သူနဲ့ ဒီသားရဲကြီးက တူညီတဲ့ အားနည်းချက် လက္ခဏာတွေကို ပိုင်ဆိုင်ထားခဲ့ကြတယ်။

ဒါကတော့ သူတို့နှစ်ယောက်စလုံး အရမ်းကို လောဘကြီးနေ့ကြတာပါ။

သူ မျက်တောင်မခတ်နိုင်ခင် အချိန်လေးမှာပဲ..သားရဲက ရုတ်တရက်လှည့်လာခဲ့ပြီး သူ့အပေါ်ကို ခုန်အုပ်လိုက်တယ်။ကြက်သီးထစရာ တခီခီ ရယ်သံက အတွင်းပိုင်းကနေ ထွက်ပေါ်လာနေခဲ့ပါတယ်။ဆန်နီလုပ်နိုင်တာအကုန်ကတော့...နောက်ထပ်အရိပ်အဆီအနှစ်ကို ကုန်ဆုံးစေပြီး အရိပ်ခြေလှမ်းကို ထပ်မံ အသုံးချလိုက်တာပါပဲ။သူက ရုတ်တရက် သတ္တဝါကြီး အစောက ရှိနေခဲ့တဲ့နေရာမှာ ပြန်ပေါ်လာခဲ့တယ်။

သူက ပျက်ဆီးနေတဲ့ တံခါးနားကိုရောက်သွားတဲ့ အချိန်မှာတော့..သားရဲက လူသွားလမ်းမှာရှိနေတဲ့ နံရံကို ဝင်တိုက်သွားခဲ့တယိ။သစ်သားနံရံက ကျိုးကြေသွားခဲ့ပြီး..အဲ့နေရာကိုဖုံးအုပ်ထားတဲ့ နွယ်ပင်တွေကြားထဲကိုရောက်သွားခဲ့ပါတယ်။သတ္တဝါကြီးက အသံတွေထွက်လာခဲ့ပြီး နွယ်ပင်တွေကြားထဲကနေ ရုန်းထွက်ဖို့ကြိုးစားလိုက်တယ်။

..သို့ပေမယ့် နွယ်ပင်တွေကတော့ ထွက်သွားခွင့် မပြုခဲ့ပါဘူး။

အမှန်တော့ ဆန်နီက ကော်ရစ်ဒါကြီး တစ်ခုလုံး လှုပ်ခတ်နေတာကို ထိပ်လန့်တကြားကြည့်နေခဲ့တာပါ။နီညိုရောင် မှော်ပင်တွေက တွန့်လိမ်လာခဲ့ကြပြီး ထူထဲတဲ့ နွယ်ပင်တွေကလည်း ပိတ်မိနေတဲ့ သားရဲဆီကို ဦးတည်လာခဲ့ကြတယ်။ချောမွေ့တဲ့နွယ်ပင်တွေရဲ့ မျက်နှာပြင်ပေါ်မှာ ဆူးချွန်တွေ ပေါ်လာခဲ့ပါတယ်။

သားရဲကြီးက နောက်တစ်ကြိမ် တခီခီ ရယ်မောလိုက်တယ်။ဒီတစ်ကြိမ်တော့ ထိပ်လန့်တကြား ရယ်မောလိုက်တာပါ။ဒီကနေ လွတ်မြောက်ဖို့အတွက် ခွန်အားကို နှစ်ဆတင်ကာ ကြိုးစားနေပြီး..သူ့ကို ရစ်ပတ်ထားတဲ့ နွယ်ပင်တွေကို ချွန်ထက်တဲ့သွားတွေနဲ့ ကိုက်ဖြတ်နေခဲ့တယ်။အနံ့ဆိုးဝါးလွန်းတဲ့အရည်တွေက သားရဲရဲ့ပါးစပ်ထဲကို ဝင်ရောက်သွားတဲ့အချိန်မှာ သူက တုန်လှုပ်သွားခဲ့တယ်။

'ခရက် ခရက် ခရက် '

ဆန်နီ နောက်ကို ပြန်လှည့်လိုက်ပြီး ရတနာခန်းထဲကို ဝင်သွားခဲ့တယ်။ဒီနေရာမှာတော့ နွယ်ပင်တွေ မှော်ပင်တွေ တစ်ခုမှ ရှိမနေခဲ့ပ်ဘူးပါဘူး။ဘာမှမရှိတော့တဲ့ သေတ္တာလွတ်နှစ်ခုရယ် ၊ ကြမ်းပြင်ပေါ်မှာ ပျံ့ကျဲနေတဲ့ ရွှေဒင်္ဂါးတွေရယ်သာ ရှိနေခဲ့တယ်။

ရှေ့ဆက်ပြီး ဘာလုပ်ရမလဲဆိုတာကို သူ တွေဝေနေတုန်းမှာပဲ..သူ့နောက်ဘက်က ကော်ရစ်ဒါမှာ တစ်ခုခုကို တိုက်မိပြီး ဆူညံတဲ့အသံတွေကို ကြားနေခဲ့ရတယ်။ခနအကြာမှာတော့ ရှည်လျားတဲ့ အရိပ်တစ်ခုက တံခါးပေါက်မှာ ပေါ်လာခဲ့ပါတယ်။

ဆန်နီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။သူ ရက်စင်သောမြင်ကွင်းကို ထုတ်ယူပြီး ကိုယ့်ကိုကိုဘခုခံဖို့ ပြင်ဆင်လိုက်ပါတယ်။

သို့ပေမယ့် သားရဲကတော့ သူ့ကို ထပ်ပြီး အာရုံစိုက်မနေတော့ပေ။သူက ဆန်နီရဲ့အပေါ်ကနေခုန်လိုက်ပြီး အခန်းရဲ့အလယ်ကို ကျရောက်သွားခဲ့တယ်..။ပြီးတာနဲ့ အနောက်ဘက်က ပျက်ဆီးနေတဲ့ နံရံဘက်ကို မြန်နိင်သမျှ အမြန်ထွက်ပြေးပါတော့တယ်။

တစ်စက္က့န်တောင်မရပ်နားပဲ သူက အပေါက်နေရာကို ရောက်သွားခဲ့ကာ..နိုးထလာတဲ့အပျက်အဆီးကနေ လွတ်မြောက်သွားခဲ့တယ်။ဆန်နီ ကတော့ ဒီကောင် ထွက်ပြေးသွားတာကို ကြည့်ပြီး မျက်တောင်ခတ်လိုက်တယ်။

'ဟင်..'

ယင်းနောက်..သူ့အကြည့်တွေက ကြမ်းပြင်ပေါ်က ရတနာတွေဆီကို ရောက်သွားခဲ့ပါတယ်။

ဒင်္ဂါးပြားတွေက ဒီမှာရှိနေတုန်းဖြစ်ပြီး နေရောက်အောက်မှာ တောက်ပနေဆဲပါပဲ။သားရဲထွက်ပြေးသွားတဲ့ အချိန်မှာ ဒီအရာက ပျောက်ကွယ်သွားတာ ပျက်ဆီးသွားတာမျိုးမရှိခဲ့ပေ။ဒင်္ဂါးပြားတွေကတော့ အစစ်တွေပါ။

' အစစ်တွေပဲ..'

ရှေးဟောင်းသင်္ဘောက လှုပ်ယမ်းပြီး တုန်ခါလာခဲ့တယ်။နွယ်ပင်တွေကတော့..ရတနာခန်းဆီကို ဦးတည်လာနေခဲ့ပါပြီ။ဆန်နီ အံကိုကြိတ်လိုက်ပြီး ကိုယ်ကို ကိုင်းကာ..ဒင်္ဂါးပြားတွေကို ဆုပ်ကိုင်ပြီး သူ့အိတ်ထဲကို အကုန်လိုက်ကောက်လိုက်တယ်။

'အစစ်တွေ..အကုန် အစစ်တွေ..'

သူက ဒင်္ဂါးတွေကို အိတ်ထဲအလျင်စလို ထည့်နေတာကြောင့်..အိတ်ထဲမှာရှိတဲ့ မှန်အပိုင်းအစကတောင် သူ့လက်ကို ထိခိုက်သွားခဲ့ပါသေးတယ်။

' အိုး..'

'တကယ်လို့ ဒီ ဒင်္ဂါးတွေသာ အစစ်တွေဆိုရင်..အဲဒီသောက်ကျိုးနဲ သေတ္တာထဲက ကျန်တဲ့ဟာတွေလည်း အစစ်တွေဖြစ်မှာပဲ..'

သေတ္တာကြီးက အတုအယောင်ဖြစ်တာကြောင့် ဒါက သူထင်ထားသလောက် မများနိုင်ပေမယ့်လည်း..သူမြင်နေရတဲ့ အပေါ်ဆုံးအလွှာကတင် အနည်းဆုံး ဒင်္ဂါးပေါင်း တစ်ထောင်လောက်ရှိပါတယ်။

ဆန်နီ နောက်ဆုံးရွှေဒင်္ဂါးကို ကောက်ယူပြီးနောက်မှာတော့ သူ့ရဲ့ အာရုံစိုက်မူက တစ်ခြားတစ်နေရာကိုဘရောက်သွားခဲ့တယ်။

သူက သားရဲသူ့အပေါ်ကနေ ခုန်သွားတုန်းက သူ ထည့်လွှတ်ပေးလိုက်တဲ့ အရိပ်ပေါ်မှာ အာရုံစ်ိုက်နေခဲ့တာပါ။အခုတော့ အရိပ်က ကျွန်းရဲ့အစွန်းကို ပြေးနေတဲ့ သားရဲ နောက်ကိုလိုက်နေခဲ့တယ်။သူ့ရဲ့လက်မောင်းတွေကတော့ လေပေါ်မှာ လှုပ်ယမ်းနေခဲ့ပါတယ်။

ဆန်နီက ဒီသားရဲကို သင်္ဘောသားအရုပ် တွေက တိုက်ခိုက်ကြမယ် ထင်ထားပေမယ့် ဒီအရာတွေကိုယ်တိုင်ကလည်း ထွက်ပြေးသွားကြတဲ့ ပုံပါပဲ။တစ်ချို့ကတော့ မြေကြီးတွေပေါ်လဲကျပြီး အပျက်အဆီးပုံတွေအဖြစ် ပြန်ဖြစ်သွားခဲ့ကြပါတယ်။

..မြေကြီးတွေက လှုပ်ရှားနေခဲ့ကြတယ်။

'ကောင်းပြီလေ..မင်းကဘာသိလို့လဲ..'

အရုပ်တွေကလည်း အပေါ်ကနေ သက်ရောက်တဲ့ ဖိနိပ်မူကို တစ်ခြားအိပ်မက်ဆိုး သားရဲတွေလို တစ်နည်းနည်းနဲ့ဘခံနိုင်ရည်ရှိမယ်လို့ သူက ထင်ထားခဲ့တာပါ။သို့ပေမယ့် အခုလိုစွမ်းရည်ကပဲ..အပျက်အစီးထဲမှာနေတဲ့ သတ္တဝါကြီးရန်ကနေ ရှောင်တိမ်းဖို့နည်းလမ်းတစ်ခု ဖြစ်ပုံရသလိုပါပဲ။

ဘာပဲဖြစ်ဖြစ် သူကတော့ သေတ္တာကောင်ကို လွတ်မပေးနိုင်ပေ။အထူးသဖြင့် ဒီကောင်ရဲ့အထဲမှာ အရိပ်အပိုင်းအစ တစ်ထောင်လောက် ရှိနေတဲ့အချိန်မှာပါ။

ဆန်နီ နောက်ဆုံးဒင်္ဂါးကိုယူပြီးတာနဲ့ အထုတ်ကိုပုခုံးပေါ်တင်လိုက်ပြီး..ရက်စက်သောမြင်ကွင်းကို ကိုင်ကာ မတ်တတ်ထရပ်လိုက်တယ်။သူ့မျက်နှာပေါ်မှာတော့ ဆုံးဖြတ်ချက်ပြတ်သားမူတွေ ပေါ်နေခဲ့ပါတယ်။

သားရဲက ကျွန်းရဲ့အစွန်းကိုရောက်ဖို့ လမ်းတစ်ဝက်လောက် ရောက်နေခဲ့ပါပြီ။

"မင်းဘယ်ကိုပြေးနေတာလဲ ခွေးသား.."

သူက အရိပ်တွေထဲကဝင်ပြီး အရိပ်အဆီအနှစ်အများကြီးကို အသုံးပြုကာ..သတ္တဝါရဲ့ရှေ့နားမှာရှိနေတဲ့ဘအရိပ်ထဲကနေ ပေါ်ထွက်လာခဲ့ပါတယ်။သူက အခုချိန်မှာ လက်တစ်ဖက်တည်း အသုံးပြုနိုင်တော့တာကြောင့် လက်နက်က ဓားပုံသဏ္ဍာန်ဖြစ်နေခဲ့တယ်။

သားရဲမတုန့်ပြန်နိုင်ခင်မှာပဲ ဓားက သူ့ရဲ့ပေါင်ကို ထိုးစိုက်သွားခဲ့ပါတယ်။ငွေရောင်ဓားက အရှေ့ကနေဆက်တိုက်ဝင်သွားပြီး အနက်ရောင်သွေးတွေများစွာနဲ့ နောက်ဘက်ကနေ ပြန်ထွက်လာခဲ့တယ်။

သေတ္တာသားရဲက အော်ဟစ်လိုက်က်ပြီး မြေကြီးပေါ်မှာ လဲကျသွားခဲ့ကာ..သူ့ဦးခေါင်းနဲ့တိုက်မိပြီး မှော်ပင်တွေကို လေထဲမှာပျံ့နှံ့သွားစေခဲ့တယ်။တိုက်မိသွားတဲ့ အင်အားက အရမ်းကိုပြင်းထန်လွန်းတာကြောင့် မြေကြီးတောင် တုန်ရီသွားခဲ့ပါတယ်။

ဒါမှမဟုတ် နောက်ထပ်အကြောင်းပြချက်ရှိနေသေးတာလား..။

ဆန်နီတောင်ဘာမှမလုပ်နိုင်သေးခင်မှာပဲ အညိုရောင်နွယ်ပင်တွေက မှောင်ပင်တွေအောက်ကနေထွက်ပေါ်လာခဲ့ပြီး သားရဲရဲ့ခန္တာကိုယ်ကို ရစ်ပတ်ထားလိုက်ကြတယ်။

သို့ပေမယ့် သူတို့ထဲက တစ်ခုက သူ့ရဲ့ခြေထောက်ကို လာရစ်ပတ် ခဲ့ကြပါတယ်။

All Chapters