← Chapters

ကံမကောင်းတဲ့ ထွက်ပြေးသူ

Vol. 29 Ch. 424

ကံမကောင်းတဲ့ ထွက်ပြေးသူ

Vol. 29 Ch. 424

ဆန်နီ ကောင်းကင်ပေါ်ကနေ ဆင်းသက်ရင်း..သင်္ဘောပျက်ကျွန်းရဲ့ အောက်ဘက်ကအခြေအနေတွေကို..အရိပ်ရဲ့မျက်လုံးတွေကနေတဆင့် လေ့လာနေခဲ့တယ်။သူ့ရှေ့မှာရှိနေတဲ့ ချိန်းကြိုးပေါ်မှာ ကျရှုံးမူအဆင့် နတ်မိစ္ဆာအုပ်လိုက်ကြီး ရှိနေပေမယ့်..သူ့နောက်မှာရှိနေတဲ့ အမှောင်ထုထဲမှာ ဘာတွေရှိနေတာလဲ ဆိုတာကိုတော့ သိတောင်မသိချင်ခဲ့ပါဘူး။

ရှင်းရှင်းလင်းလင်း သိလာရတဲ့တစ်ခုကတော့..ဘာလို့ ချိန်းပိုးကောင်တွေ တစ်ကောင်ကမှ..ကောင်းကင်သံကြိုးကနေ တွဲလောင်းကျနေတဲ့ သံလူကြီးကို စားသုံးဖို့ မကြိုးစားကြတာလဲ..ဒါမှမဟုတ် တစ်စစီ ကိုက်ဖြတ်ဖို့မကြိုးစားကြတာလဲ ဆိုတာပါ။သေဆုံးနေတဲ့ သတ္တဝါကြီးက ကြွက်ထောင်ချောက်ထဲက ချိစ်လိုပဲဖြစ်ပြီး..ဒီ ရွံစရာသားရဲတွေကို အမှောင်ထုထဲက သတ္တဝါတွေက ထောင်ချောက်ဆင်ပြီး ဆွဲဆောင်ထားခဲ့တာပါ။

ချိန်းပိုးကောင်တွေ အများကြီးက ဒီ သံလူကြီးကို စားသုံးဖို့ ကြိုးစားခဲ့ကြပေမယ့် အဆုံးမှာ သူတို့ကပဲ အစာဖြစ်ခဲ့ရတယ် ဆိုတာကို ဆန်နီ သေချာသိပါတယ်။

လတ်တလောမှာတော့ သူက တူညီတဲ့ကံတရားကို ရှောင်ရှားနေခဲ့ရတယ်။

ကံကောင်းချင်တော့..အနက်ရောင်တောင်ပံက သူ့ကို သင်္ဘောပျက်ကျွန်းကနေ တစောင်းခေါ်ဆောင်သွားခဲ့ပြီး..ကြောက်စရာသက်ရှိတွေရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကနေ ဝေးကွာစေပါတယ်။သူက အောက်ဘက်မှာနေထိုင်တဲ့ သတ္တဝါတွေ သတိမထားမိလိုက်ခင်မှာပဲ.ချိန်းကြိုးပေါ်ကို ရောက်လာခဲ့တယ်။ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ ချိန်းရဲ့အောက်ဘက်နားမှာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါတယ်။

အချိန်တစ်ချို့လောက် စောင့်ဆိုင်းရင်း..ဆန်နီဟာဘသူ့ရှေ့မှာရှိနေတဲ့ကောင်းကင်ချိန်းကြိုးရဲ့ အရှည်ကို လေ့လာနေခဲ့တယ်။

' ..အရမ်းကြီးတော့ မဆိုးဘူး..'

ချိန်းကြိုးရဲ့ ကြီးမားတဲ့ အပိုင်းကြီးက အောက်ကိုနိမ့်ကျပြီး အောက်ဘက်ကောင်းကင်ထဲကို ဝင်ရောက်နေခဲ့ပါတယ်။သူက ဒီအပိုင်းတွေကို ဖြတ်သန်းတဲ့အချိန်ကျရင်..ချိန်းပိုးကောင်တွေက သူ့ကို သတိထားမိနိုင်မှာ မဟုတ်ပါဘူး။ချိန်းကြိုးရဲ့ နောက်ဆုံးအပိုင်းအနားကိုတော့..တကယ်လို့ ဆန်နီက ချိန်းပိုးကောင်တွေနဲ့ မတိုက်ခိုက်ချင်ဘူးဆိုရင် အရိပ်ခြေလှမ်းနဲ့ တစ်နေရာကနေ တစ်နေရာကို ခုန်ကူးပြီး သွားဖို့လိုအပ်ပါတယ်။

ပြသနာကတော့ သူ့မှာရှိနေတဲ့ အရိပ်အဆီအနှစ်တွေက နည်းပါးနေခဲ့ပါပြီ။ရှေးဟောင်း သေင်္ဘာပေါ်မှာ ခနလောက် လမ်းလျောက်နေခဲ့တာကလွဲပြီး ဆန်နီအတွက် အဆီအနှစ်တွေ ပြန်ဖြည့်ဖို့ အချိန်မရခဲ့ပါဘူး။တစ်ချိန်တည်းမှာပဲ သူက အပျက်အစီးနေရာတွေကို ရောက်လာဖို့ ၊ သေတ္တာသားရဲနဲ့တိုက်ခိုက်ဖို့ ၊ နောက်ကနေ လိုက်လာဖို့အတွက် အဆီအနှစ်တွေ အများကြီး အသုံးပြုခဲ့ရပါတယ်။အခြေအနေတွေအရတော့..သူက ကွေ့ကောက်ကျောက်တုံးဆီကို အဆီအနှစ်တွေ လုံးဝ မကျန်ပဲ ရောက်သွားတော့မယ့် ပုံပါပဲ။

သူ့လက်တစ်ဖက်ကပါ ကျိုးနေတဲ့ အချိန်မှာ သူက ဒီရွံ့စရာ သေတ္တာကောင်ကို ဘယ်လိုသွားသတ်ရမှာလဲ။

သူ ခနလောက် တွေဝေနေပြီးကာမှ ရှေ့ကို တိုးသွားခဲ့တယ်..။အောက်ဘက်ကောင်းကင်ကို ဝင်ရောက်နေတဲ့ အပိုင်းကို ရောက်တဲ့အချိန်မှာတော့ အမှောင်ထုထဲကနေ ခရီးဆက်ခဲ့ပါတယ်။ဆိုးဝါးတဲ့ ကံကြမ္မာကို ရှောင်ရှားဖို့အတွက် ဆန်နီက ချိန်းပိုးကောင်တွေ အနည်းငယ်လောက်သာ ရှိတဲ့ ချိန်းကြိုး အောက်ဘက်ပိုင်းကနေသာ..သွားလာနေခဲ့တယ်။

သို့ပေမယ် သူ ဖြတ်သန်းနေတဲ့အချိန်မှာ ချိန်းပိုးကောင် တော်တော်များများက..ဆွေးမြေ့နေတဲ့ ချိန်းကြိုးကို ကိုက်ဖြတ်နေကြတာကို တွေ့ခဲ့ရပါတယ်။မြင်ကွင်းကတော့ စိတ်အနှောက်ယှက်ဖြစ်ဖွယ်၊ စိတ်လှုပ်ရှားဖွယ် နဲ့ ထူးဆန်းစွာပဲ ဝမ်းနည်းဖွယ်ကောင်းနေခဲ့တယ်။

'အရာအားလုံးအဆုံးသတ်တော့မယ်..။အဲလို ထင်တာပဲ..'

ထာဝရတည်တံ့နေကြမယ်လို့ ထင်ရတဲ့ ဆန်းကျယ်တဲ့ကောင်းကင်ချိန်းကြိုး တွေတောင်မှပဲ..။

မကြာခငိမှာပဲ သူက သေတ္တာသားရဲကို အရိပ်တွေထဲကနေ လိုက်မီလာခဲ့ပါတယ်။သားရဲက မြန်နိုင်သမျှ အမြန်ဆုံးပြေးလွှားနေခဲ့ပြီး..သူ့ရဲ့ခြေထောက်အရှည်ကြီးတွေနဲ့ အဆစ်တစ်ခုကနေ တစ်ခုကို ခုန်ကူးနေခဲ့ကြတယ်။မကြာခနဆိုသလိုပဲ..သူက ချိန်းပိုးကောင်တစ်ချို့နဲ့ ခနတာတိုက်ခိုက်ရတာတွေ ရှိနေခဲ့ကာ..ချိန်းပိုးကောင်တွေကို ဒဏ်ရာရအောင် လုပ်တာပဲဖြစ်ဖြစ် ၊ သူကိုယ်တိုင်ဒဏ်ရာ တစ်ခု ၊နှစ်ခုနဲ့ထွက်ပြေးလွတ်မြောက်တာပဲဖြစ်ဖြစ် လုပ်နေခဲ့ရပါတယ်။အခုတော့ သူ့ရဲ့ တခီခီ ရယ်မောတဲ့အသံက သနားစရာကောင်းနေသလို ၊ အလားတူစွာပဲ ဒေါသထွက်စရာကောင်းနေခဲ့တယ်။

ဆန်နီကတော့..သူတိုက်ခိုက်တဲ့ပုံစံတွေကို လေ့လာနေပြီး သူ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို တွေးနေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ကွေ့ကောက်ကျောက်တုံးဆီရောက်ဖို့ နောက်ဆုံးအပိုင်းကို ဖြတ်သန်းတဲ့ အချိန်ကျရင် သူ သုံးစွဲမယ့် အရိပ်အဆီအနှစ် ပမာဏကို တွက်ချက်နေခဲ့ပါတယ်။သူ့ရဲ့ အဆီအနှစ်တွေကို တတ်နိုင်သမျှ ချွေတာဖို့ နည်းလမ်းကို စဥ်းစားနေခဲ့တယ်။

သို့ပေမယ့် သူ့ရဲ့တွက်ချက်မူတွေက..အလဟသ ဖြစ်သွားခဲ့ပါတယ်။

ဆန်နီ နဲ့ သေတ္တာသားရဲတို့က သေးငယ်တဲ့ကျွန်းဆီကို ရောက်ဖို့ တစ်ဝက်လောက်အလိုမှာပဲ..သူတိူ့ရဲ့နားထဲကို ကျယ်လောင်တဲ့အသံတွေမြည်လာခဲ့တယ်။

ဒါက ချိန်းကြိုး လှုပ်ရှားတဲ့အသံပါ။

ဆန်နီ ခနလောက်အေးခဲသွားခဲ့ပြီးမှ သူ့ရဲ့ ပန်းတိုင်ကို လှမ်းကြည့်လိုက်တယ်။

'အိုး...နိုး..'

ကွေ့ကောက်​ကျောက်တုန်းက မြင့်တက်တဲ့အခြေအနေမှာ ရှိနေခဲ့ပြီး အခုချိန်မှာ ကောင်းကင်ပေါ်ကို အလျင်အမြန်တက်နေခဲ့တယ်။

***

'ချီးတဲ့မှပဲ..'

ဆန်နီဟာ သူ ဒီနေ့ကံကောင်းတယ်လို့ ပြောခဲ့မိတာကို ပြန်တွေးမိလိုက်ကးပြီး အကူအညီမဲ့စွာပဲ ညဥ်းညူလိုက်တယ်။ဒါပေါ့..သူ့မှာ အသံအိမ်မရှိတာကြောင့် စိတ်ထဲကနေပဲ ညဥ်းညူရတာပါ။

ဒီ သောက်ကျိုးနဲ ကံတရားက ဘယ်ကရောက်လာတာလဲ..။

ကွေ့ကောက်ကျောက်တုံးက အပေါ်ကိုတက်ရောက်နေတယ်ဆိုတယ်ဆိုတာ..သူ့အတွက် အရာနှစ်ခုကို ဆိုလိုပါတယ်။

တစ်ခုကတော့ သူက အလျင်အမြန်လှုပ်ရှားပြီး..ဖိနိပ်မူ အရမ်းမဆိုးဝါးခင်မှာ သေတ္တာသားရဲကို အမြန်သတ်ရမှာပါ။သို့မဟုတ် ဒီ သားရဲကို ဖိအားအောက်မှာ ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာပါပဲ။

ဒုတိယအချက်ကတော့ ကောင်းကင်ချိန်းကြိုးရဲ့တည်နေရာက မြင့်တက်နေတာကြောင့် ဒီအရာက အောက်ဘက်ကောင်းကင်ထဲမှာ နစ်မြုပ်နေတဲ့ အပိုင်းကို ပိုပိုပြီး တိုတောင်းလာနေစေပါတယ်။

ဒါက သူ့အနေနဲ့ ချိန်းပိုးကောင်တွေ ရဲ့အာရုံစိုက်မူကို မခံရပဲ ကျွန်းဆီကို ရောက်ဖို့ဆိုရင် အဆီအနှစ်တွေပိုပြီး ကုန်ဆုံးပါတော့မယ်..။ပြီးတော့..သူ့မှာက အစကတည်းက အဆီအနှစ် သိပ်ပြီး ရှိတာ မဟူတ်ပါဘူး။

'ချီးပဲ..'

ချိန်းကြိုးရဲ့ တည်ရှိပုံက မြင့်တက်လာတာကြောင့် သေတ္တာသားရဲကလည်း သူ့ရဲ့ ခြေထောက်လေးချောင်းနဲ့ မြန်နိုင်သမျှ မြန်မြန်ပြေးနေခဲ့တယ်။ဆန်နီကတော့ သူ့နှလုံးသားထဲမှာ ဖြစ်ပေါ်နေတဲ့ ခါးသီးတဲ့ ခံစားချက် ကို ရင်ဆိုင်ရင်း နောက်ကနေ လိုက်နေခဲ့ပါတယ်။

'ငါ့ရဲ့ အလိုလိုသိစိတ်က မှားယွင်းနေတာလား..'

အခုချိန်မှာတော့ အခြေအနေတွေက သူ့အတွက်သိပ်အကောင်းပေ။

မကြာခင်မှာပဲ သူတို့နှစ်ယောက်စလုံးက အောက်ဘက်ကောင်းကင်ထဲ ဝင်ရောက်နေတဲ့ ချိန်းကြိုးအပိုင်းကနေ ထွက်လာကြပြီး နေရောင်ကို ပြန်မြင်လိုက်ကြရတယ်။သေတ္တာသားရဲကတော့ ဒီအရာကို သိပ်ပြီး ဂရုမစိုက်ပေမယ့် ဆန်နီအတွက်တော့ ဒါက မကောင်းတဲ့ နိမိတ်ပါပဲ။

အထက်ကောင်းကင်ပိုင်းကို ပြန်ရောက်လာခဲ့တာကြောင့် ကောင်းကင်ချိန်းကြိုးတွေရဲ့ အပေါ်မှာ အရိပ်လွှာတွေ ရှိမနေတော့ပေ။ဒီအရာက သူ ရှေ့ဆက်ပြီး ပုန်းအောင်းသွားလာလို့ မရတော့ဘူးလို့ ဆိုလိုတာပါ။အဲဒီအစား သားရဲတွေ နီးကပ်လာပြီဆိုရင် ဆန်နီက အရိပ်ခြေလှမ်းနဲ့ ရှောင်ရှားရမှာဖြစ်ပြီး..မဟုတ်ရင်လည်း သူ့ရဲအရိပ်ကို ရှေ့ကိုပို့ပြီး ကောင်းကင်ချိန်းကြိုးရဲ့ အလင်းရောင် ထွက်နေတဲ့ အပိုင်းတွေကို ကျော်သွားရမှာပါ။

'ချီးပဲ..'

ရွေးချယ်စရာ မရှိတော့ဘူးဆိုတာကို သိနေတာကြောင့် ဆန်နီဟာ ရှေ့ကပြေးနေတဲ့ သားရဲနောက်ကနေ ကျန်မနေခဲ့ဖို့ အဆီအနှစ်တွေကို လောင်ကျွမ်းစေလိုက်တယ်။

မကြာခင်မှာပဲ..သူ့ရဲ့ အဆီအနှစ်တွေက အန္တရာယ်များလောက်အောင် လျော့ကျလာခဲ့ပါတယ်။ဒါက ကွေ့ကောက်ကျောက်တုံးကို ရောက်လောက်အောင်တော့ လုံလောက်နေပါသေးတယ်။အဲလို ထင်ရတာပဲ။သို့ပေမယ့် အဲဲဒီကိုရောက်တဲ့အချိန်ဆိုရင်တော့ သူ့ရဲ့ အမြုတေ နှစ်ခုစလုံးက တိုက်ခိုက်ဖို့အတွက် ဘာမှ ကျန်တော့မှာမဟုတ်ပေ။

ဒါက သူအသုံးပြုနေကျဖြစ်တဲ့ အလျင်နှုန်း ၊ ခွန်အားနဲ့ ခုခံနိုင်စွမ်းတွေကို မသုံးနိုင်တော့ဘူးလို့ ဆိုလိုတာပါ။

[အနက်ရောင်မှန် ] လို စွမ်းရည်မျိုးကိုလည်း အသက်မသွင်းနိုင်တော့ပါဘူး။

အန္တရာယ်များတဲ့ အခြေအနေတွေကနေ လွတ်မြောက်နိုင်ဖို့အတွက် အရိပ်အခြေလှမ်းကိုလည်း လတ်တလော အသုံးပြုနိုင်တော့မှာမဟုတ်ပေ။

ပြီးတော့..ထပ်ပြောရရရင်..သူ့ရဲ့လက်တစ်ဖက်က ကျိုးနေပြီး လုံးဝ အသုံးမဝင်ဖြစ်နေခဲ့တာပါ။

တကယ်လို့ ဆန်နီရဲ့ အရိပ်အသွင်သဏ္ဍာန်မှာသာ ပါးစပ် ဒါမှမဟုတ် သွားတွေ ရှိနေမယ် ဆိုရင် သူက ခံစားချက် မကောင်းစွာနဲ့ အံကိုကြိတ်ထားမိလောက်မှာပါ။

'...ကိစ္စမရှိဘူး..။ငါ သေရမယ်ဆိုရင်တောင် အဲဒီ ဒင်္ဂါးတွေကို ရအောင်ယူပြမယ်..'

All Chapters