← Chapters

ကွေ့ကောက် ကျောက်တုံး

Vol. 29 Ch. 425

ကွေ့ကောက် ကျောက်တုံး

Vol. 29 Ch. 425

မကြာခင်မှာပဲရွံ့စရာသားရဲက ကွေးကောက်ကျောက်တုံးရဲ့ အနားကို ရောက်သွားခဲ့တယ်။သူက လွင့်မျောနေတဲ့ကျွန်းရဲ့ ဒေါင်လိုက်ပုံစံနံရံအနားမှာ ထိုင်ပြီး ရယ်မောနေခဲ့ပါတယ်။ယင်းနောက် အနည်းဆုံး ၂၀ မီတာလောက်ရှိတဲ့ အမြင့်ကို ခုန်တက်သွားခဲ့တယ်။သတ္တဝါရဲ့ လက်သည်းတွေက ကျောက်တုံးကိူတောင် ဖောက်ဝင်သွားပြီး..အပေါ်ကိုတက်ကာ..မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

ပျက်စီးနေတဲ့ ကောက်ကင်ချိန်းကြိုးရဲ့ အောက်ဘက်နားမှာတော့..လူသားပုံစံအရိပ်တစ်ခုက အရိပ်တွေထဲကနေ ပေါ်ထွက်လာခဲ့တယ်။

ကျွန်းကမြင့်တက်လာတာနဲ့အမျှ ချိန်းကြိုးက လှုပ်ယမ်းလာတာကို ဆန်နီ ခံစားနေခဲ့ရပါတယ်။ယင်းနောက် နက်မှောင်တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။

ဒီနေရာမှာတော့..လေဟာနယ်အပေါက်ကြီးနားကို မရောက်ခင်မှာ..ကွေ့ကောက်ကျောက်တုံးက နောက်ဆုံးကျန်ရှိတဲ့ တစ်ခုတည်းသော ကုန်းမြေပါ။ဒီကျွန်းမှာ ချိန်းကျွန်းစုတွေနဲ့ ဆက်သွယ်ထားတဲ သံကြိုး တစ်ခုတည်းရှိနေတာကြောင့် သေတ္တာသားရဲအနေနဲ့ ဘယ်ကိုမှ ပြေးစရာနေရာမရှိတော့ပါဘူး။

နာကျင်စွာရှုပ်မဲ့ရင်း..ဆန်နီက လအမြုတေကို ထုတ်ယူလိုက်ကာ..သူ့အိတ်ထဲက ကြိုးတစ်ချောင်းကိုဖြတ်ပြီး သူ့လည်ပင်းမှာ ချည်နှောင်လိုက်တယ်။ဒါက သူ့ရဲ့ ကျိုးနေတဲလက်အတွက်..လက်လုပ် လည်သိုင်းပတ်တီးပါပဲ။သူက နောက်ပိုင်းမှာ အရိုးတွေကို ပြန်လည်တည့်မတ်ပြီး ကျပ်စည်းထားဖို့ လိုအပ်တယ်ဆိုပေမယ့်..အခုတော့ ဒီလိုလုပ်ထားရုံပဲ တတ်နိုင်ပါတယ်။

သူ့ရဲ့လက်မောင်းကို ရင်ဘတ်နားမှာလုံခြုံအောင် ကပ်ထားလိုက်ပြီး..ဆန်နီက စက္ကန့်အနည်းငယ်ကြာအောင်..စောင့်ဆိုင်းနေပြီးမှ အနက်ရောင်တောင်ပံကို အသက်သွင်းကာ ..သုံးမြှောင့်ဆူးချွန်နဲ့ ကျောက်တုံးကျွန်းပေါ်ကို တက်ဖို့လုပ်လိုက်တယ်။

ပုစဥ်းဝတ်ရုံက သူ့ကို အထက်ကိုပျံတက်စေနိုင်ဖို့အတွက် အောက်ခံတစ်ခုခုလိုအပ်ပါတယ်။တကယ်လို့ အောက်ခံမရှိဘူးဆိုရင်..ဒီအရာက ရုတ်တရက် ပြုတ်ကျမယ့်အစား..ဖြည်းညှင်းစွာ ကျဆင်းလာအောင်ပဲ ကူညီပေးနိုင်မှာပါ။ဒီတော့ အပေါ်ကိုတက်ဖို့ဆိုရင် သူက ဆွဲတာပဲဖြစ်ဖြစ် ၊ တွန်းတာပဲဖြစ်ဖြစ် တစ်ခုခုလိုအပ်ပါတယ်။သုံးမြှောင့်ဆူးချွန်က ဒီအခြေအနေကို လွယ်ကူစေခဲ့တယ်။

အပေါ်ကနေ ဖိနိပ်လာနေခဲ့တဲ့အားကြောင့် ဆန်နီက ခါတိုင်းထက်ပိုပြီး အားစိုက်ထုတ်နေခဲ့ရတယ်။လေးလံတဲ့ ကူနယ်ကို အ​ကြိမ်များစွာအသုံးပြုပြီး နောက်မှာတော့..သူက နောက်ဆုံးမှာ အပေါ်မီတာအနည်းငယ်မြင့်တဲ့ ကွေ့ကောက်ကျောက်တုံးပေါ်ရောက်လာခဲ့တယ်။

ကွေ့ကောက်ကျောက်တုံးက..အတော်ရက်စက်ပြီး ဆိုးဝါးတဲ့ နေရာတစ်ခုပါ။

ကျွန်းက အတော်လေးကို သေးငယ်ပြီး သူ့ရဲ့မျက်နှာပြင်မှာလည်း..မညီညာတဲ့ အနက်ရောင်ကျောက်တုံးတွေရှိနေခဲ့တယ်။သို့ပေမယ့် ကျောက်တုံးတွေက အတော်လေးကို ထူးဆန်းပါတယ်။ဒီကျောက်တုံးတွေက တစ်ချိန်တုန်းက မခန့်မှန်းနိုင်လောက်တဲ့ အပူချိန်တစ်ခုရဲ့ လောင်ကျွမ်းခြင်းကို ခံခဲ့ရပြီး..ပြန်လည်ခဲသွားခဲ့ကာ ထူးဆန်းနဲ့ ပုံသဏ္ဍာန်တွေဖြစ်ပေါ်စေခဲ့ပါတယ်။

..ဟိိုဟိုဒီဒီမှာတော့..ကျောက်တုံးတွေထဲကနေ အနက်ရောင်အရိုးတွေ ထွက်ပေါ်နေပြီး အထဲမှာနစ်မြုပ်နေကြတဲ့ မရေမတွက်နိုင်တဲ့လူသားတွေ ၊သားရဲတွေရဲ့ ဒဏ္ဍာရီကို ဖော်ပြနေခဲ့ကြတယ်။သူတို့ရဲ့ မြင်ကွင်းက ကျောချမ်းဖွယ်ကောင်းပြီး စိတ်အနှောက်ယှက်ဖြစ်စေကာ..စစ်မှန်တဲ့ ငရဲတစ်ခုလို တွန့်လိမ်နေခဲ့ကြတယ်။

ဖိနိပ်မူရဲ့အောက်မှာပဲ ဆန်နီဟာ အနက်ရောင်ကျောက်တုံးရဲ့ အပေါ်ကို ဒယိမ်းဒယိုင် ရောက်လာခဲ့ပြီး..သူ့ကိုယ်သူ ရက်စက်တဲ့မြင်ကွင်းနဲ့ ထိန်းထားခဲ့ရတယ်။

သူရောက်ရှိလာခဲ့တဲ့ အသံတွေက မီတာအနည်းငယ်အကွာမှာရှိနေတဲ့ သေတ္တာသားရဲ အာရုံစိုက်နိင်လောက်တဲ့အထိ လုံလောက်အောင် ကျယ်လောင်နေခဲ့ပါတယ်။

သတ္တဝါက အေးခဲသွားပြီး သူ့ဘက်ကို လှည့်လာခဲ့တယ်။

...ချိန်းပိုင်းကောင်ရဲ့ အလောင်းတစ်ခုက..တစ်ဝက်ပိတ်နေတဲ့ သေတ္တာရဲ့အဖုံးမှာချိတ်ဆွဲနေခဲ့ပါတယ်။သားရဲလှည့်လာတဲ့အချိန်မှာ ကျရှုံးမူအဆင့် နတ်မိစ္ဆာရဲ့ အမြီးနဲ့ လက်သည်းတွေက..အရည်ကျိုထားတဲ့ ကျောက်တုံးပေါ်မှာ တရွတ်တိုက်ဖြစ်နေခဲ့တယ်။

သားရဲက ဆန်နီကို ခနလောက်စိုက်ကြည့်နေပြီးမှ ကျန်နေခဲ့တဲ့ ချိန်းပိုးကောင်ကို တစ်ကောင်လုံးမြိုချလိုက်ပါတယ်။သားရဲရဲ့ခေါင်းအဖြစ် အသုံးပြုနေတဲ့ သေတ္တာထက် ..နတ်မိစ္ဆာက ငါးဆလောက်ပိုကြီးမားပေမယ့်..ဒီအရာက တစ်နည်းအားဖြင့် အရိပ်အယောင်တောင် မမြင်ရပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။သတ္တဝါကြီးက သူ့ရဲ့သွားတွေမှာ ကျန်နေတဲ့သွေးတွေကို လျှာနဲ့ယပ်ရင်း..ရယ်မောလိုကိတယ်။

ဒီတစ်ကြိမ်တော့ ရယ်မောသံမှာ အမုန်းတရားတွေ ပေါ်ပေါက်နေခဲ့ပါတယ်။

ဆန်နီရဲ့နှုတ်ခမ်းမှာအေးစက်တဲ့ အပြုံးတစ်ခုပေါ်လာခဲ့တယ်..။

' ပြန်တွေ့ပြီပေါ့..ခွေးသား..'

***

သားရဲက မတ်တတ်ထရပ်လိုက်တဲ့ အချိန်မှာတော့ ဆန်နီရဲ့အထက် သုံးမိီတာလောက်တောင် မြင့်မားပါတယ်။ရက်စက်သောမြင်ကွင်းကလည်း အရောင်မှိန်တဲ့ ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့တယ်။ငွေရောင်ဓားက ဖြည်းဖြည်းချင်းတောက်ပလာပြီး တောက်ပတဲ့ နေရောင်ကို စုပ်ယူနေခဲ့ပါတယ်။

ကွေ့ကောက်ကျောက်တုံးက ဆက်လက်မြင့်တက်နေခဲ့ပြီး အောက်မှာရှိနေတဲ့ ကောင်းကင်ချိန်းကြိုးတွေက တစ်ခုနဲ့တစ်ခု တိုက်မိကာ အသံတွေမြည်နေခဲ့တယ်။

ဆန်နီရဲ့ မျက်နှာပေါ်က အပြုံးကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။

သူက သားရဲကို စိုက်ကြည့်နေရင်းနဲ့ အနည်းငယ် ကြောက်ရွံ့လာသလို ခံစားနေရတယ်။ဒီအရာက အရပ်ရှည် ၊ မြန်ဆန်ပြီး မယုံနိုင်လောက်အောင် သန်မာပါတယ်။အထူးသဖြင့် အခုက သူ့ရဲ့ အဆီအနှစ်တွေ လုံးဝ ကုန်ခမ်းနေတဲ့ အချိန်ပါ။သူ့ရဲ့ဓားနဲ့ ချိန်းပိုင်းကောင်တွေရဲ့ လက်သည်းတွေကြောင့် ဒီသတ္တဝါက အတော်လေး ဒဏ်ရာရထားတယ်ဆိုပေမယ့်..သူက ဖြတ်လတ် ၊ တက်ကြွ ပြီး သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေတုန်းပါပဲ။

သို့ပေမယ့် ဒီတိုက်ခိုက်မူက မြင်နေရသလို ကိုယ့်ကိုကို သတ်သေမူတစ်ခု မဟုတ်ပေ။ဒီသားရဲကို အနိုင်ယူဖို့အတွက် ဆန်နီယုံကြည်နေမိတဲ့ အကြောင်းပြချက် သုံးခုရှိပါတယ်။

ပထမတစ်ချက်ကတော့..သူ့လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ အရာကြောင့်ပါပဲ။ဒါက အရမ်းကိုလှပတဲ့ ကြက်သွေးရောင်ပန်းပွင်းပုံစံ အဆောင်တစ်ခုဖြစ်တဲ့ သွေးပန်းပွင့်ပါ။

သားရဲက ရက်စက်သောမြင်ကွင်း ကြောင့်ဖြစ်ပေါ်လာတဲ့ ပေါင်က ဒဏ်ရာကြောင့် သွေးတွေအလွန်အကျွံထွက်နေပြီး ၊ ကောင်းကင်ချိန်းကြိုးကို ဖြတ်သန်းစဥ်ကလည်း ချိန်းပိုးကောင်တွေကြောင့် ဒဏ်ရာတွေ အလွန်အကျွံထပ်ရခဲ့ပါတယ်။

သူ့ရဲ့ ဒဏ်ရာတွေကနေ အနက်ရောင်သွေးတွေ စီးကျလာလေလေ..အဆောင်က ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်နဲ့ ရက်စက်သောမြင်ကွင်းကို ပိုပြီးအားဖြည့်ပေးနိုင်လေပါပဲ။သူအသုံးပြုချင်တဲ့ တစ်ခြားမှတ်သားမူတွေကိုလည်း ဒီအတိုင်းပါ။

ဒုတိယအကြောင်းပြချက်ကတော့ အတော်လေးကို ရိုးရှင်းပြီး..သူတို့နှစ်ယောက်ကြားက အခြေခံကျတဲ့ ကွာခြားချက်ကြောင့်ပါ။သားရဲက ဆန်နီထက် ပိုသန်မာ ၊ ပိုမြန်ဆန်ပေမယ့် ကိုယ်ခံပညာကျွမ်းကျင်မူ နဲ့ အတွေးအမြင်တွေမှာ သူ့ကို မမှီပါဘူး။အင်အားကွာခြားမူက ဖိနိပ်ထားနိုင်လောက်အောင် မကြီးမားဘူးဆိုရင် နည်းစနစ်နဲ့ဗျူဟာတွေက..တိုက်ပွဲရဲ့ ရေစီးကြောင်းကို ပြောင်းလဲပေးနိုင်ပါတယ်။ထပ်ပြောရရင် ပိုကြီးမားပြီး ပိုသန်မာတဲ့ သားရဲတွေနဲ့ တိုက်ခိုက်ရတာက လက်ရှိအချိန်မှာ ဆန်နီရဲ့ ကျွမ်းကျင်မူ တစ်ခုလိုပါပဲ..။

သို့ပေမယ့် တတိယအကြောင်းပြချက်က အရေးအကြီးဆုံးဖြစ်ပြီး..သူ မျှော်လင့်ထားခဲ့ဆုံး အရာတစ်ခုပါ..။

ဟုတ်တယ်...သားရဲက ဆန်နီထက်ပိုပြီး သန်မာပါတယ်။သို့ပေမယ့်..ဒါက သူ့ထက် ပိုကြီးမားပြီး ပိုလေးလံနေခဲ့တယ်။ဒါက သူ့အနေနဲ့ ဖိနိပ်မူဒဏ်ကို ပိုပြီး ခံရတော့မယ်လို့ ဆိူလိုတာပါ။ဖိနိပ်မူကို ဆန်နီ ဘယ်လောက်ပဲ ခံရပါစေ..သားရဲက သူ့ထက် အဆပေါင်းများစွာပိုခံရပါလိမ့်မယ်။

ချိန်းကျိန်းစုပေါ်မှာတော့..သေးငယ်ပြီး ပေါ့ပါးတာက တစ်ခါတစ်လေမှာ ကြီးမားတဲ့ အားသာချက်တွေကို ရရှိစေပါတယ်။

ဖိနိပ်နေတဲ့အားက သူ့အပေါ်ပိုပိုပြီးကျရောက်လာတာကို ခံစားရင်း ဆန်နီက ဓားကို မြှောက်ကာ သားရဲကိုချိန်ရွယ်လိုက်တယ်။

'...ငါတို့နှစ်ယောက်ထဲက ဘယ်သူအရင်သေမလဲ ကြည့်ကြတာပေါ့..'

All Chapters